ထာ၀ရ ပုံပေ

By akyinnamon

1.5M 183K 10.7K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More

Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

ကျေးဇူးတင်စကား (2020)

10.4K 1K 20
By akyinnamon

ကွန်ပျူတာရှေ့မှာ File ဖွင့်ပြီး ဘာရေးရမလဲဆိုပြီး ငိုင်နေတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ဇာတ်လမ်းအဆုံးထိ တင်ပြီးတိုင်း ကျေးဇူးတင်စကား မမွန် ရေးတတ်တယ်။ ပြောချင်တာလေးတွေပြောတယ်။ တင်တဲ့အချိန်တောက်လျှောက် A/N သိပ်မထည့်တတ်တဲ့သူမို့ ဒီနောက်ဆုံးကျေးဇူးတင်စကားတွေဟာ ရင်ဖွင့်ရာပါပဲ။

ဒီတစ်ခါတော့ ငိုင်နေတာ အကြာကြီး။ အချိန်ရယ်၊ ကာလရယ်၊ အဖြစ်အပျက်တွေရယ်ဟာ အရင်အချိန်တွေနဲ့ လုံးလုံးမတူတော့ဘူးရယ်။ ဘာပြောရမလဲ။ ဘယ်လိုအားပေးရမလဲ။ ငါကိုယ်တိုင်ရော ခွန်အားရှိသေးလို့လား။ တွေးမိတာတွေ အများကြီးပါပဲ။

ဒီအခြေအနေကို မလွဲမရှောင်သာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတယ်။ မစိုးရိမ်ပါနဲ့လို့ မပြောချင်ဘူး။ ကိုယ်လည်း စိုးရိမ်နေတာနော့်။ ဘာဆက်ဖြစ်မယ်။ ဘယ်လောက်ထိ အခြေအနေဆိုးမယ်။ ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်တော့ပြီးသွားမလဲ ဘယ်သူမှ မသိဘူး။ ဘယ်သူသေမယ်၊ ဘယ်သူရှင်မယ် မသိတဲ့အချိန်မျိုးမှာ မစိုးရိမ်နဲ့လို့ ပြောရမှာ စိတ်မသန့်ဘူးရယ်။

ဘာလုပ်ပါ။ ဘာမလုပ်ပါနဲ့လို့လည်း မတိုက်တွန်းချင်ဘူး။ နေရာတိုင်းမှာ၊ အချိန်တိုင်း ကြားရလွန်းလို့ ခေါင်းတွေပူပြီး လူကထူပူနေမှာပေါ့။ နောက်ပြီး အားလုံးဟာလည်း ကိုယ့်အသက်အတွက်၊ ကိုယ်ချစ်တဲ့သူတွေအတွက် အတတ်နိုင်ဆုံးအကျိုးရှိအောင် ကြိုးစားနေထိုင်ကြမှာပဲဆိုတာ မမွန် ယုံတယ်။

ဒါဆို မမွန် ဘာပြောရမလဲ။ အမြဲတမ်း ခံစားချက်ကို ဦးစားပေးတတ်သူမို့လို့ ခံစားရသလိုပဲ ပြောပါရစေ။ မမွန်ရဲ့ စာဖတ်သူအားလုံးကို မေတ္တာရင်း မေတ္တာမှန်နဲ့ ချစ်ခင်ပါတယ်။ တစ်ခုခုဖြစ်မှာ စိုးရိမ်မိပါတယ်။ အခက်အခဲတွေ၊ ပြဿနာတွေ ရင်ဆိုင်ရမှာတွေးပြီး စိတ်မကောင်းဘူး။ အားလုံး အားလုံးရဲ့ မိသားစု၀င်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေ ချစ်သူမုန်းသူ အားလုံး အားလုံးပါ။ ကျန်းမာစေချင်တယ်။ အခက်အခဲမှန်သမျှ ကျော်ဖြတ်နိုင်စေချင်တယ်။

ရှိတဲ့နေရာက၊ ရောက်တဲ့အခြေအနေအရ အကောင်းဆုံးကြိုးစားနေထိုင်သွားကြမယ်ဆိုတာ ယုံပါတယ်။ စိတ်ဓါတ်ကျတဲ့အချိန်တွေရှိမယ်။ မျက်ရည်ကျရတဲ့အချိန်တွေရှိမယ်။ စိတ်ကျဥ်းကြပ်လွန်းပြီး အော်ဟစ်ပေါက်ကွဲချင်တဲ့ အချိန်တွေရှိမယ်။ ဖြစ်နိုင်တာပေါ့။ လူမှန်ရင် အားနည်းချက်နဲ့ပဲနော့်။

ဒါပေမဲ့ လူတိုင်းမှာ အားသာချက်နဲ့ဆိုတာကို လုံး၀ဥဿုံယုံပါတယ်။

အခု စာဖတ်နေသူတိုင်းဟာ မမွန်အတွက် သူရဲကောင်းတွေချည်းပါပဲ။

ကိုယ့်အသက်အန္တရာယ်ရှိတယ်ဆိုတာ သိပေမယ့် ဆေးရုံဆေးခန်းတွေမှာ ကုသပေးနေသူရှိမယ်။ စိတ်ညစ်နေတဲ့ သူငယ်ချင်းကို Messenger ကနေ ရယ်စရာတွေပြောပြီး အားပေးစကားပြောနေသူ ရှိမယ်။ အနာဂတ်အတွက် တွေးပူနေတဲ့ အမေ့ကို၊ အဖေ့ကို သနားဂရုဏာသက်နေမယ့် သားသမီး ရှိမယ်။ ကူညီလုပ်ပေးနေသူ ရှိမယ်။ ကြက်သွန်တစ်လုံး ကူခွာပေးတာကို မမွန်က အရေးလုပ်ပြောတယ် မပြောပါနဲ့နော့်။ အပြုအမူကြောင့်မဟုတ်ဘူး။ အဲ့ဒီ့နောက်မှာရှိတဲ့ စိတ်ရင်းစေတနာ၊ မေတ္တာ။ ဒါက ကိုယ့်မိဘတွေအတွက် ခွန်အားအပြည့် ဖြစ်စေတာ။ ဒီလိုပဲ ကိုယ့်သားသမီးအတွက် ပူပန်တဲ့ကြားက ချက်ပြုတ်ပေးတဲ့ မိခင်တွေ၊ ဖခင်တွေ။ မဖြစ်မနေ အလုပ်သွားနေရသူတွေ။ ပူပန်စိုးရိမ်ရတာခြင်းတူပေမယ့် မိသားစုအတွက် အလုပ်ကို မဖြစ်မနေ သွားနေရသူတွေ။ သူတို့တွေရော သူရဲကောင်းမဟုတ်ဘူးလား။ အဘိုးအဘွား။ ညီအစ်ကို မောင်နှမ။ စိုးရိမ်ပူပန်မှုတွေကြားက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထားတဲ့ မေတ္တာ။ ကိုယ်တတ်နိုင်သလောက် ကိုယ် အကျိုးပြုနိုင်သလောက် လူတိုင်းလူတိုင်း ကြိုးစားနေကြတယ် မဟုတ်ဘူးလား။ အင်မတန် လှပတဲ့ အရာတွေကို အဆိုး၀ါးဆုံးအခြေအနေတွေမှာ မြင်နေရတတ်တယ်။

လူတစ်ယောက်ချင်းစီဟာ တန်ဖိုးရှိတယ်။ လုပ်ဆောင်ချက်တိုင်းဟာ အသေးအဖွဲပဲ ဖြစ်ပါစေ။ သိပ် အဖိုးတန်တယ်။ လူတိုင်းလူတိုင်းဟာ သူရဲကောင်းပါ။ ဒီရောဂါဟာ ကြောက်စရာကောင်းပါတယ်။ သို့သော်လည်း အခက်အခဲကြားမှာ မေတ္တာတရားဟာ ပိုပြီးတောက်ပြောင်လာဦးမှာ။ ထွန်းလင်းလာဦးမှာ။

ယုံကြည်ပါတယ်။

အားလုံးပဲ ကျန်းမာပျော်ရွှင်နိုင်ပါစေ။

ချစ်ခင်လေးစားလျက်

အကြင်နာမွန်

၃၁.၀၃.၂၀၂၀

Continue Reading

You'll Also Like

69K 3.5K 15
S-1ဖတ်ပြီးရင်တော့ ဆက်စပ်မိမှာပါ။ မဖတ်ဖူးသေးလည်း S-1နဲ့ ကွဲလွဲတဲ့ ဇတ်အိမ်တစ်ခုနဲ့ ရေးထားပါတယ်။ အချစ်တွေနဲ့ သာယာနေတဲ့ သူတို့ဘဝထဲကို တတိယလူ တွေ ဝင်လာတဲ့...
1M 185K 100
Title - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL
COTAW(2) By Blueberry

Historical Fiction

132K 24.3K 119
Book1က wallထဲမှာရှိပါတယ်နော်
135K 7.5K 45
" ငယ်ရယ် ကိုကိုလေ...ငယ့်ကိုသာ ဆုံးရှုံးရမှန်းသိရင် ကိုကိုရှေ့ဆက်မတိုးခဲ့ပါဘူး " # ကြယ်လင်းထက် " ကိုကို ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ဒီလို မဖြစ်နိုင...