မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)

By Natpankalay

150K 14.6K 1.1K

ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။ More

အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)(Z &U)
အပိုင္း-(၈)
အပိုင္း(၉) (Z&U)
အပိုင္း(၁၀)(Z&U)
အပိုင္း-(၁၁)
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း -၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း ၂၅
အပိုင်း ၂၇ final

အပိုင်း-၂၆

4.8K 531 26
By Natpankalay

အပိုင္း-၂၆

ပိန္းပိတ္ေအာင္ေမွာင္ေနသည့္ ေရွ႕မွာလမ္းတစ္ခုရွ္ိမည္မွန္းေတာ့သိသည္။သုိ႕ေသာ္ ဘာကိုမွမျမင္ရဘဲ Kongpob စမ္းတဝါး ဝါးျဖင့္ေလွ်ာက္လွမ္းလာ၏။ခဏႀကာေတာ့ မွိန္ျပျပအလင္းျဖင့္ ဝါးဝါးေလးျမင္ရသည့္တစ္စံုတစ္ရာေႀကာင့္ သူ ေျခလွမ္းေတြ အရဲစြန္႕လုိက္၏။

ကုိကို.. Arthit  က သူ႕ဆီလက္ကမ္းလ်က္ ႀကိဳလင့္ေန၏။

“ကုိကုိ ဒီကိုလာပါ. အဲ့မွာက ေမွာင္မည္းေနတယ္ေလ.။လာ--ကြ်န္ေတာ့္ဆီ.”

ကိုယ္တိုင္ကလည္းလွမ္းရင္း Arthit ကုိလည္းေခၚရင္းသြားေနေပမယ့္ Arthit က သူႏွင့္ျဖည္းျဖည္းခ်င္းအလွမ္းေဝးလာေတာ့ Kongpob ျပာယာခတ္သြားရကာ အျမန္ဆုံးေျပးသြားလုိက္သည္။

“ကုိကုိရာ- ဘယ္သြားမလို႕လဲဗ်ာ.”

Arthit က သူ႕ကိုျပံဳးကာသာႀကည့္လ်က္စကားတစ္ခြန္းမွမဆို။ျပီးေတာ့မွ သူ ဆုပ္ကိုင္လိုက္သည့္ လက္တစ္ဖက္ကုိရုန္းထြက္လာသည္။

“ငါ အေဝးႀကီးကိုထြက္သြားေတာ့မွာ. Kongpob. ငါ မင္းနဲ႕မေနႏိုင္ဘူး။ငါ့ကို ေသေလာက္ေစတဲ့စိတ္ဒဏ္ရာ ေပးတဲ့သူနဲ႕ ငါ ဘယ္လိုလုပ္ေနႏိုင္မွာလဲ။မင္း လည္းငါ့ကို လိုက္မရွာပါနဲ႕။”

“မ--မဟုတ္ေသးပါဘူး  ကိုကိုရာ။ ကြ်န္ေတာ္ အႏူးအညြတ္ေတာင္းပန္ပါတယ္။ကြ်န္ေတာ္ ကိုကိုေက်နပ္တဲ့အထိ ျပန္ေတာင္းပန္ပါ့မယ္။ ကြ်န္ေတာ္ ကိုကို႕ကို တကယ္ခ်စ္ျမတ္ႏုိးတာပါ။မသြားပါနဲ႕ ကုိကို--”

သူ အထိတ္တလန္႕ေတာင္းပန္ေနစဥ္မွာပင္ အေမွာင္ရိပ္ဆီက တစ္စံုတစ္ခုက Arthit ကုိေနာက္ကေန လွမ္းဆြဲလာသည္။ သူ ခ်က္ခ်င္းဖမ္းဆြဲလိုက္ေပမယ့္ မမီလုိက္သည့္ လက္ကေလးတစ္ဖက္က ေလထဲမွာ.။ယူႀကံဳးမရစြာျဖင့္ အေမွာင္ထုထဲကို ေျပးဝင္လိုက္မိေတာ့၏။

“ကုိကို !!”

“ဟင္ Kong -ဘာျဖစ္တာလဲ ဘာျဖစ္လုိ႕လဲ.”

ေမွ်ာ္လင့္ေနသည့္အသံရွင္ေႀကာင့္ မွိတ္ေနသည့္မ်က္လံုးအစံုကိုခ်က္ခ်င္းဖြင့္လိုက္သည္။ကုတင္စြန္းတြင္ ထိုင္ေနသည့္  Arthit ကုိျမင္ပါမွ ခ်က္ခ်င္းလူးလဲထလ်က္ ခါးကေနသိမ္းႀကံဳးေပြ႕ဖက္ပစ္လုိက္သည္။

သူ လန္႕လုိက္ရတာ. စိုးရိမ္လိုက္ရတာ။ သူက ပဲ ျဖဳတ္ခဲ့သည့္ ဒီလက္ကေလးတစ္ဖက္ကို မဆုပ္ကိုင္ခြင့္ရေတာ့မွာ သူ ေဖာ္မျပတတ္ေအာင္ေႀကာက္ေနခဲ့မိပါျပီဆုိလွ်င္ သူ ႕လက္ကိုဆြဲထားခ်င္ခဲ့သည့္ Arthit သည္ ဘယ္ေလာက္မ်ား ပင္ ေႀကာက္လန္႕ေနခဲ့မိပါမလဲ။သူလုိလူက Arthit လွည့္စားျပီးထားခဲ့မည္ဆုိလွ်င္ေတာင္ ေက်နပ္က်န္ခဲ့ေနရမည့္ဘဝမွာ ကုိယ့္အလွည့္က် ေႀကာက္တတ္လြန္းသည့္မေကာင္းသည့္ လူ အစစ္.။

“ဖယ္ပါဦး.။အဖ်ားက က်ေနပါျပီ။အိပ္မက္ဆိုးေတြမက္ေနတာလား။”

Arthit ခပ္သာသာရုန္းထြက္ေပမယ့္ မလႊတ္ေပးဘဲ အနည္းငယ္သာ ေျဖေလ်ာ့ေပးတာမုိ႕လက္တစ္ဖက္ျဖင့္ Kongpob နဖူးကို စမ္းသပ္လိုက္သည္။မေန႕က အျပင္က ျပန္လာျပီကတည္းက ဖ်ားရိပ္ရွိေနေသာ Kongpob က Arthit ႏွင့္အတူ ဒီအိမ္ေလးကို ေရာက္ပါမွ ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ ကိုယ္ပူျပီးဖ်ားလာခဲ့တာျဖစ္သည္။

“ကိုကို ထားသြားတယ္လုိ႕အိပ္မက္တယ္။”

အသံခပ္တုိးတုိးထြက္လာေတာ့ Arthit သက္ျပင္းဖြဖြေလးခ်မိသည္။နဂုိက စိတ္မာကာ ကလဲ့စားေခ်လုိစိတ္ေတြျဖင့္ ျပည့္ႏွက္ ကာ အျမဲ ေလွာင္ျပံဳးေတြႏွင့္ Kongpob ကခုေတာ့ ကေလးတစ္ေယာက္လို သူ႕ကိုတြယ္ဖက္ကာ  စိတ္အားငယ္ ေနသည့္ အျခမ္းကိုလွစ္ဟျပထားေလ၏။

“အရင္ကတည္းက မင္းကိုခ်စ္ခဲ့တဲ့စိတ္တစ္ခုကလြဲျပီး ငါ အားလံုးကို ေမ့ပစ္လိုက္ျပီ Kong ရဲ႕။ခံစားရတာပဲျဖစ္ျဖစ္. ဝမ္းနည္းရတာပဲျဖစ္ျဖစ္. ဘာကုိမွမမွတ္ထားေတာ့ဘူး။ငါ ဒီအိမ္မွာေရာက္တဲ့ခ်ိန္ကစျပီး စိတ္ကုိအမ်ားႀကီးျငိမ္ေအာင္ ထား ထား တယ္။ ငါ စိတ္က အကုန္လံုးအသစ္ျဖစ္ေအာင္ေနတယ္။ မင္းကို ခ်စ္တဲ့စိတ္ကေလးကလြဲျပီး..”

“ကုိကိုရာ--”

Kongpob က မခိ်တင္ကဲေရရြတ္ရင္းကိုယ္ကိုတုိးလို႕ဖက္သည္။ လူဂ်စ္ကေလး Kong က ဒီလိုပုံစံမ်ိဴးေလး ျမင္ရေတာ့ Arthit စိတ္ခ်မ္းသာစြာ ခပ္တုိးတုိးရယ္မိသည္။

“ခဏဖယ္ပါဦး ကိုကို မင္းမ်က္ႏွာကိုႀကည့္ခ်င္လို႕.”

သူ ေတာင္းဆုိသလိုေျပာလိုက္ေတာ့မွ Kongpob က လႊတ္ေပးလာသည္။အဖ်ားမရွိေတာ့ေပမယ့္ ခပ္ရဲရဲျဖစ္ေနေသးသည့္ ပါးျပင္တစ္ဖက္ကို Arthit လက္တစ္ဖက္ျဖင့္ ခပ္ဖြဖြထိေတြ႕လုိက္သည္။

“အဲ့ဒါေႀကာင့္ မင္းက ကြ်န္ေတာ္မွားတာပါ. ကြ်န္ေတာ္ ေတာင္းပန္ပါတယ္ ..အဲ့ဒါေတြ တစ္ခ်ိန္လံုး ေျပာမေနနဲ႕ Kongpob. ႀကားလား။”

“ဟုတ္..”

“လိမၼာတယ္။ဒီေန႕ကစ--ငါ့ကို ပိုခ်စ္--”

“ဟုတ္ကဲ့ ကိုကို။ကြ်န္ေတာ့္မွာ ကိုကုိကလြဲ ဘယ္သူမွ ခ်စ္စရာလည္းမရွိဘူး။ကိုိကုိ႕ကိုပဲ ဟိုးကတည္း က..”

Kongpob က Arthit မ်က္ႏွာကိုစိုက္ႀကည့္ကာ အေလးအနက္ဆုိလာေတာ့ Arthit က ျပံဳးျပလာသည္။ ဒီအျပံဳးေတြကုိ ျပန္ျမင္ ခြင့္ရတာ Kongpob ေလာက္ ကံေကာင္းတဲ့သူ ရွိႏိုင္မယ္မထင္။ကုိယ္ကလည္းခ်စ္ပါလ်က္ ကုိယ့္ကုိလည္းခ်စ္ေနသည့္ ခ်စ္သူ ကို ထိခိုက္နာက်င္ေအာင္လုပ္ခဲ့သည့္အတြက္ သူ ခံစားရသမွ် ေတြက နည္းေတာင္နည္းေနေသးသည္ဟု သူ မွတ္ယူသည္။ ခုကေနစ Kongpob ဘဝတြင္ Arthit သည္သာ အရာရာျဖစ္ေစရမည္။

“ဆန္ျပဳတ္ျပဳတ္ထားခဲ့တာ ရျပီထင္တယ္။ ငါ ယူလာခဲ့မယ္ေနာ္.”

“အတူတူသြားမယ္ ကိုကုိ။ကြ်န္ေတာ္ လမ္းေလွ်ာက္ႏိုင္ပါတယ္။ဒါေပမယ့္ လက္ကေလးေတာ့ တြဲထားမယ္ေနာ္.။ေခါင္းေတြမူးမွာစိုးလို႕.”

Kongpob ၏ ျပံဳးစစအေျပာေႀကာင့္ Arthit မ်က္ေမွာင္ေလးျဖည္းျဖည္းက်ံဴ႕ရင္း ႏွင့္မွ လက္ကမ္းေပးလိုက္သည္။ဒီေကာင္ေလး အရင္ကလုိ လူကို စကားေတြႏွင့္ျပန္စေနာက္လာသည္ကုိ သူ စိတ္ထဲကေန ေက်နပ္မိသည္။အျပစ္ရွိသည္ဆုိသည့္ စိတ္ႀကီးကို တစ္ခ်ိန္လံုးစြဲျပီး Kong တစ္ေယာက္မေပ်ာ္မရႊင္ျဖစ္မွာက သူ မလိုခ်င္ဆံုးအရာ။

ထမင္းစားခန္းထဲ ေရာက္ေတာ့ ဆန္ျပဳတ္ပူပူေႏြးေႏြးေလးတစ္ပန္းကန္ကုိ Arthit က Kongpob ေရွ႕ခ်လာေပးသည္။

“ျပီးရင္ ေဆးေသာက္ရမွာမို႕ ကုန္ေအာင္စားရမယ္.”

“ဟုတ္ကဲ့ ကုိကုိ.”

“Kongpob တုိ႕လိမၼာလိုက္တာ.”

“အဟြန္း--ဒါနဲ႕ ကြ်န္ေတာ္ တစ္ခုေလာက္ေလးပဲ အစေဖာ္မယ္ေလေနာ္ ကိုကို။ ကုိကုိ မရွိေတာ့ဘူးဆုိတာ သိသြားေတာ့ ကြ်န္ေတာ္ ဘယ္လိုျဖစ္ေနခဲ့သလဲ ကုိကို သိခဲ့လားဟင္.”

Arthit က ဆိုင္းငံ့ေနသည့္ Kongpob မ်က္လံုးေတြကို ႀကည့္ကာ ေခါင္းသာသာယမ္းျပသည္။Kongpob ေဝ့မတက္လာေအာင္ ထိန္းထားသည့္မ်က္ရည္စတုိ႕ျဖင့္ ႏွစ္ႏွစ္ကာကာျပံဳးမိပါသည္။ သူ ထင္ေနမိတာမွန္တာပဲ။ တကယ္လုိ႕ သူ ဘဝကို ဘယ္လိုရွင္သန္ေနသလဲ ဆုိတာကုိကုိသိခဲ့ပါလွ်င္ သူ႕ကိုဒီခ်ိန္ထိ မသိက်ိဴးကြ်ံျပဳခဲ့မယ္မထင္။ သူ ထင္တာထက္ကို Arthit က သူ႕အေပၚေမတၱာထားႏိုင္တာကို Kong ေကာင္းေကာင္းသိခဲ့ျပီးသားျဖစ္သည္။

“ငါ မေသခဲ့ေပမယ့္ ကုိႀကီး က ငါ ေသျပီလို႕ေျပာခဲ့တာေတာ့သိတယ္။ငါ ေအးေအးခ်မ္းခ်မး္ေနရေအာင္ ငါ သေဘာက်တဲ့ဒီေနရာေလးစီစဥ္ေပးျပီး ေနေစခဲ့တာ။ငါ ကိုယ္တိုင္ကလည္း ဘယ္သူနဲ႕မွ မေတြ႕ခ်င္.အဆက္အသြယ္မလုပ္ခ်င္ဘူး။ငါ မင္းနဲ႕ Mai လက္ထပ္မယ္ထင္ခဲ့ေတာ့ မင္းအေႀကာင္းလည္းမႀကားရဲခဲ့ဘူး။ငါ့ကုိမခ်စ္ခဲ့တဲ့သူက ေသခ်ာေပါက္ေပ်ာ္ရႊင္ေနမွာပါေလလို႕ ငါေတြးျပီး ငါ ေနႏိုင္ခဲ့ပါတယ္။ မင္း အေႀကာင္းဘာကိုမွမေမးမိေအာင္.မစံုစမ္းမိေအာင္ေနခဲ့တယ္။”

“ကြ်န္ေတာ္ ရံႈးခဲ့တယ္ ကိုကို။ ကုိကုိေျပာတဲ့ေမတၱာစစ္တမ္းမွာ ကြ်န္ေတာ္ ရႈံးခဲ့တယ္။ကြ်န္ေတာ္ နည္းနည္းေလးေတာင္ မေပ်ာ္ရႊင္ခဲ့ရဘူး။ဒါေပမယ့္ ကြ်န္ေတာ္ ဒါကို အမ်ားႀကီးေက်နပ္တယ္။အစကတည္းက ကုိကုိ႕ကုိ ကြ်န္ေတာ္ ခ်စ္ေနခဲ့တာမုိ႕. ”

Arthit သေဘာက်စြာျပံဳးေတာ့  Kongpob စိတ္ခ်မး္သာရသည္။ Arthit က Kongpob သူ႕ကိုခ်စ္ပါတယ္ဆုိသည့္စိတ္ျဖင့္ အဆံုးထိယံုႀကည္ေနခဲ့တာမွန္တာသိရေတာ့ စိတ္ခ်မ္းသာေနသြား ပံုရသည္။Kongpob တစ္ေယာက္ ဒီႏွစ္ ႏွစ္ အတြင္း ဘယ္လို ေနထိုင္ရွင္သန္သလဲဆုိတာ Chakrii သိေနျမင္ေနလ်က္သားႏွင့္ Arthit ကုိ တစ္စြန္းတစ္စေတာင္ ေပးမသိ ေျပာမျပခဲ့ တာကလည္း အကုိျဖစ္သူတစ္ေယာက္အေနျဖင့္ Kongpob ကုိခြင့္မလႊတ္ႏိုင္ျခင္းေႀကာင့္ဆုိတာ Kongpob နားလည္ပါသည္။

“စားေတာ့ေလ.။ဆန္ျပဳတ္ေတြျပန္ေအးသြားဦးမယ္.”

“အင္း ခဏေလး.. ကုိကုိ႕ကုိ ကြ်န္ေတာ္ နမ္းခ်င္လို႕.”

ေျပာလည္းေျပာျပီးခ်က္ခ်င္းပင္ Kongpob က ထို္င္ေနရာကထလ်က္ Arthit နားသြားကာ မ်က္ႏွာေလးကို လက္ခုပ္ႏွစ္ဖက္ျဖင့္ ပင့္ယူလိုက္သည္။ကုိကုိ႕မ်က္လံုးေလးေတြက ဟုိလႊဲသည္လႊဲျဖင့္ ရွက္ေနတာေလးက ျမတ္ႏိုးဖြယ္ရာျဖစ္သည္။အစကတည္းက စံအိမ္ေတာ္၏ MD တစ္ျဖစ္လဲ သခင္ေလးက ခပ္မာမာသ႑ာန္ျဖင့္ေပမယ့္ Kongpob ႏွင့္ဆို ရွက္ရိပ္ေတြသမ္းေနတတ္တာကို လည္း ခ်စ္ရသည္။

သူ အနည္းငယ္ငံု႕ကုိင္းလ်က္ ရမၼက္မပါသည့္ အနမ္းတစ္ခ်က္ကုိသာခပ္ႀကာႀကာဖိကပ္ထားလိုက္ျပီးမွ လႊတ္ေပးလိုက္၏။

“ေသခ်င္လို႕လား Kongpob.သြား--”

“ဘယ္သြားရမွာလဲ ကုိကုိ႕ရင္ခြင္ထဲလား.”

“Kongpob!!”

ခ်စ္ရသူက ခပ္ရွက္ရွက္ျဖင့္ ေအာ္ရင္း Kongpob ဆန္ျပဳတ္ပနး္ကန္ဆြဲယူလ်က္ ဆန္ျပဳတ္ေတြေသာက္ေန၏။ Arthit အနားမွာပင္ ရပ္ေနလ်က္သားကပင္ Kongpob သေဘာက်စြာ ျပံဳးေနမိသည္။

“ကြ်န္ေတာ္ အနမ္းေပးေတာ့ ကိုကိုရင္ခုန္ေနတာမလား.။တစ္ခါလည္းမဟုတ္ဘူးကုိကုိက ရွက္ေနတုန္းလား။”

“Kongpob မင္း ကို ဒီေန႕ငါအိမ္ျပန္လႊတ္လုိက္မွာေနာ္.”

“အုိေခ အုိေခ.. နားလည္ပါျပီခင္ဗ်. မစေတာ့ပါဘူး။ကြ်န္ေတာ့္ဆန္ျပဳတ္ေတြ ေအးေအးေဆးေဆးစားပါခင္ဗ်.”

“ဟမ္ ငါက ဘယ္လိုလုပ္.. Shit..”

Arthit ေသာက္ေနမိတာ ဆန္ျပဳတ္ပန္းကန္မွန္းသတိထားမိျပီး ေနရာကေန ထထြက္သြားသည္။ရွက္သြားသည့္ ကိုကို႕ကို သူ လႊတ္ထားေပးလိုက္သည္။ ဒီလိုေလးနမ္းရံုေလးျဖင့္ ရွက္တတ္သည့္ Arthit ကုိ သူ အခ်စ္ပုိရျပန္ပါျပီ။ျပီးေတာ့ မ်က္စိေရွ႕မွာ Arthit ကုိေသေသခ်ာခ်ာေလး ျမင္ခြင့္ထိခြင့္နမ္းခြင့္ရေတာ့ သူ ကံႀကမၼာကို အႀကိမ္ႀကိမ္ေက်းဇူးတင္မိသည္။

ကြ်န္ေတာ့္ေႀကာင့္ ကုိကုိ႕ႏွလံုးသားေလး ေနာက္တစ္ဖန္ ျပန္လည္ရင္ခုန္ပါေစ။

*********
#With Heart
Just A Dreamer.

(Next Part may be final)

( ကုိယ္ နည္းနည္းငယ္တုန္းက စာတစ္ပုဒ္ဖတ္ဖူးတယ္။ အဲ့ထဲမွာ မင္းသားက မင္းသမီးကို အႏိုင္က်င့္ဒုကၡေပးခ့ဲဖူးတယ္ေပါ့ကြာ။ ေနာက္ေတာ့မွ မင္းသားက ျပန္ခ်စ္သြားေတာ့ မင္းသမီးက လည္း ခ်စ္ရက္သားနဲ႕ လက္မခံဘူး။ ျပန္ျပီးခံစားေစတယ္။ငါ ခံစားခဲ့သလို သူလည္း ခံစားရမယ္ဆုိတာ ဖတ္ရေတာ့ အဲ့ကတည္းက စိတ္ထဲတစ္ခ်က္ေတြးမိသြားတယ္။ ဒီတိုင္း ေအးေအးခ်မ္းခ်မ္းေလး ျပန္လက္ခံေပးလိုက္တာမ်ိဴးလည္းမရွိႏိုင္ဘူးလားေပါ့.။ေသခ်ာေပါက္ရွိႏိုင္ပါတယ္။ကိုယ္တုိ႕မျမင္ရ မဆံုရေပမယ့္ ဒီထဲက Arthit လို ခ်စ္သူကို ခ်စ္ႏိုင္တဲ့လူေတြလည္း ေသခ်ာေပါက္ ရွိမယ္လို႕ယံုႀကည္ပါတယ္။

Kongpob ကုိျပန္ခံစားေစခ်င္ေသးတယ္ဆုိတဲ့ သူေတြအတြက္ စိတ္မေကာင္းပါဘူးရွင္။သေဘာမေတြ႕ျဖစ္သြားရင္လည္း ဒီက နတ္ပန္းကေလးရဲ႕ စာအေရးအသားမေက်လည္မႈေႀကာင့္လို႕ပဲ မွတ္ေပးပါလို႕။ ဒီဇာတ္စ ကတည္းက ခြင့္လႊတ္ေပးႏိုင္တဲ့ ခ်စ္ျခင္းတစ္ခုကေနျပီး ေမတၱာစစ္တမ္း ျဖစ္လာတာပါ။

အားလံုးပ်င္းေနႀကတဲ့အခ်ိ္န္မုိ႕ ေဆြးေႏြးခ်င္တာမ်ားရွိရင္လည္း ေျပာသြားပါလို႕)




UNICODE

အပိုင်း-၂၆

ပိန်းပိတ်အောင်မှောင်နေသည့် ရှေ့မှာလမ်းတစ်ခုရှ်ိမည်မှန်းတော့သိသည်။သို့သော် ဘာကိုမှမမြင်ရဘဲ Kongpob စမ်းတဝါး ဝါးဖြင့်လျှောက်လှမ်းလာ၏။ခဏကြာတော့ မှိန်ပြပြအလင်းဖြင့် ဝါးဝါးလေးမြင်ရသည့်တစ်စုံတစ်ရာကြောင့် သူ ခြေလှမ်းတွေ အရဲစွန့်လိုက်၏။

ကိုကို.. Arthit  က သူ့ဆီလက်ကမ်းလျက် ကြိုလင့်နေ၏။

“ကိုကို ဒီကိုလာပါ. အဲ့မှာက မှောင်မည်းနေတယ်လေ.။လာ--ကျွန်တော့်ဆီ.”

ကိုယ်တိုင်ကလည်းလှမ်းရင်း Arthit ကိုလည်းခေါ်ရင်းသွားနေပေမယ့် Arthit က သူနှင့်ဖြည်းဖြည်းချင်းအလှမ်းဝေးလာတော့ Kongpob ပြာယာခတ်သွားရကာ အမြန်ဆုံးပြေးသွားလိုက်သည်။

“ကိုကိုရာ- ဘယ်သွားမလို့လဲဗျာ.”

Arthit က သူ့ကိုပြုံးကာသာကြည့်လျက်စကားတစ်ခွန်းမှမဆို။ပြီးတော့မှ သူ ဆုပ်ကိုင်လိုက်သည့် လက်တစ်ဖက်ကိုရုန်းထွက်လာသည်။

“ငါ အဝေးကြီးကိုထွက်သွားတော့မှာ. Kongpob. ငါ မင်းနဲ့မနေနိုင်ဘူး။ငါ့ကို သေလောက်စေတဲ့စိတ်ဒဏ်ရာ ပေးတဲ့သူနဲ့ ငါ ဘယ်လိုလုပ်နေနိုင်မှာလဲ။မင်း လည်းငါ့ကို လိုက်မရှာပါနဲ့။”

“မ--မဟုတ်သေးပါဘူး  ကိုကိုရာ။ ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ကျွန်တော် ကိုကိုကျေနပ်တဲ့အထိ ပြန်တောင်းပန်ပါ့မယ်။ ကျွန်တော် ကိုကို့ကို တကယ်ချစ်မြတ်နိုးတာပါ။မသွားပါနဲ့ ကိုကို--”

သူ အထိတ်တလန့်တောင်းပန်နေစဉ်မှာပင် အမှောင်ရိပ်ဆီက တစ်စုံတစ်ခုက Arthit ကိုနောက်ကနေ လှမ်းဆွဲလာသည်။ သူ ချက်ချင်းဖမ်းဆွဲလိုက်ပေမယ့် မမီလိုက်သည့် လက်ကလေးတစ်ဖက်က လေထဲမှာ.။ယူကြုံးမရစွာဖြင့် အမှောင်ထုထဲကို ပြေးဝင်လိုက်မိတော့၏။

“ကိုကို !!”

“ဟင် Kong -ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ.”

မျှော်လင့်နေသည့်အသံရှင်ကြောင့် မှိတ်နေသည့်မျက်လုံးအစုံကိုချက်ချင်းဖွင့်လိုက်သည်။ကုတင်စွန်းတွင် ထိုင်နေသည့်  Arthit ကိုမြင်ပါမှ ချက်ချင်းလူးလဲထလျက် ခါးကနေသိမ်းကြုံးပွေ့ဖက်ပစ်လိုက်သည်။

သူ လန့်လိုက်ရတာ. စိုးရိမ်လိုက်ရတာ။ သူက ပဲ ဖြုတ်ခဲ့သည့် ဒီလက်ကလေးတစ်ဖက်ကို မဆုပ်ကိုင်ခွင့်ရတော့မှာ သူ ဖော်မပြတတ်အောင်ကြောက်နေခဲ့မိပါပြီဆိုလျှင် သူ ့လက်ကိုဆွဲထားချင်ခဲ့သည့် Arthit သည် ဘယ်လောက်များ ပင် ကြောက်လန့်နေခဲ့မိပါမလဲ။သူလိုလူက Arthit လှည့်စားပြီးထားခဲ့မည်ဆိုလျှင်တောင် ကျေနပ်ကျန်ခဲ့နေရမည့်ဘဝမှာ ကိုယ့်အလှည့်ကျ ကြောက်တတ်လွန်းသည့်မကောင်းသည့် လူ အစစ်.။

“ဖယ်ပါဦး.။အဖျားက ကျနေပါပြီ။အိပ်မက်ဆိုးတွေမက်နေတာလား။”

Arthit ခပ်သာသာရုန်းထွက်ပေမယ့် မလွှတ်ပေးဘဲ အနည်းငယ်သာ ဖြေလျော့ပေးတာမို့လက်တစ်ဖက်ဖြင့် Kongpob နဖူးကို စမ်းသပ်လိုက်သည်။မနေ့က အပြင်က ပြန်လာပြီကတည်းက ဖျားရိပ်ရှိနေသော Kongpob က Arthit နှင့်အတူ ဒီအိမ်လေးကို ရောက်ပါမှ ဟန်မဆောင်နိုင်လောက်အောင် ကိုယ်ပူပြီးဖျားလာခဲ့တာဖြစ်သည်။

“ကိုကို ထားသွားတယ်လို့အိပ်မက်တယ်။”

အသံခပ်တိုးတိုးထွက်လာတော့ Arthit သက်ပြင်းဖွဖွလေးချမိသည်။နဂိုက စိတ်မာကာ ကလဲ့စားချေလိုစိတ်တွေဖြင့် ပြည့်နှက် ကာ အမြဲ လှောင်ပြုံးတွေနှင့် Kongpob ကခုတော့ ကလေးတစ်ယောက်လို သူ့ကိုတွယ်ဖက်ကာ  စိတ်အားငယ် နေသည့် အခြမ်းကိုလှစ်ဟပြထားလေ၏။

“အရင်ကတည်းက မင်းကိုချစ်ခဲ့တဲ့စိတ်တစ်ခုကလွဲပြီး ငါ အားလုံးကို မေ့ပစ်လိုက်ပြီ Kong ရဲ့။ခံစားရတာပဲဖြစ်ဖြစ်. ဝမ်းနည်းရတာပဲဖြစ်ဖြစ်. ဘာကိုမှမမှတ်ထားတော့ဘူး။ငါ ဒီအိမ်မှာရောက်တဲ့ချိန်ကစပြီး စိတ်ကိုအများကြီးငြိမ်အောင် ထား ထား တယ်။ ငါ စိတ်က အကုန်လုံးအသစ်ဖြစ်အောင်နေတယ်။ မင်းကို ချစ်တဲ့စိတ်ကလေးကလွဲပြီး..”

“ကိုကိုရာ--”

Kongpob က မခိျတင်ကဲရေရွတ်ရင်းကိုယ်ကိုတိုးလို့ဖက်သည်။ လူဂျစ်ကလေး Kong က ဒီလိုပုံစံမျိူးလေး မြင်ရတော့ Arthit စိတ်ချမ်းသာစွာ ခပ်တိုးတိုးရယ်မိသည်။

“ခဏဖယ်ပါဦး ကိုကို မင်းမျက်နှာကိုကြည့်ချင်လို့.”

သူ တောင်းဆိုသလိုပြောလိုက်တော့မှ Kongpob က လွှတ်ပေးလာသည်။အဖျားမရှိတော့ပေမယ့် ခပ်ရဲရဲဖြစ်နေသေးသည့် ပါးပြင်တစ်ဖက်ကို Arthit လက်တစ်ဖက်ဖြင့် ခပ်ဖွဖွထိတွေ့လိုက်သည်။

“အဲ့ဒါကြောင့် မင်းက ကျွန်တော်မှားတာပါ. ကျွန်တော် တောင်းပန်ပါတယ် ..အဲ့ဒါတွေ တစ်ချိန်လုံး ပြောမနေနဲ့ Kongpob. ကြားလား။”

“ဟုတ်..”

“လိမ္မာတယ်။ဒီနေ့ကစ--ငါ့ကို ပိုချစ်--”

“ဟုတ်ကဲ့ ကိုကို။ကျွန်တော့်မှာ ကိုကိုကလွဲ ဘယ်သူမှ ချစ်စရာလည်းမရှိဘူး။ကိိုကို့ကိုပဲ ဟိုးကတည်း က..”

Kongpob က Arthit မျက်နှာကိုစိုက်ကြည့်ကာ အလေးအနက်ဆိုလာတော့ Arthit က ပြုံးပြလာသည်။ ဒီအပြုံးတွေကို ပြန်မြင် ခွင့်ရတာ Kongpob လောက် ကံကောင်းတဲ့သူ ရှိနိုင်မယ်မထင်။ကိုယ်ကလည်းချစ်ပါလျက် ကိုယ့်ကိုလည်းချစ်နေသည့် ချစ်သူ ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့သည့်အတွက် သူ ခံစားရသမျှ တွေက နည်းတောင်နည်းနေသေးသည်ဟု သူ မှတ်ယူသည်။ ခုကနေစ Kongpob ဘဝတွင် Arthit သည်သာ အရာရာဖြစ်စေရမည်။

“ဆန်ပြုတ်ပြုတ်ထားခဲ့တာ ရပြီထင်တယ်။ ငါ ယူလာခဲ့မယ်နော်.”

“အတူတူသွားမယ် ကိုကို။ကျွန်တော် လမ်းလျှောက်နိုင်ပါတယ်။ဒါပေမယ့် လက်ကလေးတော့ တွဲထားမယ်နော်.။ခေါင်းတွေမူးမှာစိုးလို့.”

Kongpob ၏ ပြုံးစစအပြောကြောင့် Arthit မျက်မှောင်လေးဖြည်းဖြည်းကျူံ့ရင်း နှင့်မှ လက်ကမ်းပေးလိုက်သည်။ဒီကောင်လေး အရင်ကလို လူကို စကားတွေနှင့်ပြန်စနောက်လာသည်ကို သူ စိတ်ထဲကနေ ကျေနပ်မိသည်။အပြစ်ရှိသည်ဆိုသည့် စိတ်ကြီးကို တစ်ချိန်လုံးစွဲပြီး Kong တစ်ယောက်မပျော်မရွှင်ဖြစ်မှာက သူ မလိုချင်ဆုံးအရာ။

ထမင်းစားခန်းထဲ ရောက်တော့ ဆန်ပြုတ်ပူပူနွေးနွေးလေးတစ်ပန်းကန်ကို Arthit က Kongpob ရှေ့ချလာပေးသည်။

“ပြီးရင် ဆေးသောက်ရမှာမို့ ကုန်အောင်စားရမယ်.”

“ဟုတ်ကဲ့ ကိုကို.”

“Kongpob တို့လိမ္မာလိုက်တာ.”

“အဟွန်း--ဒါနဲ့ ကျွန်တော် တစ်ခုလောက်လေးပဲ အစဖော်မယ်လေနော် ကိုကို။ ကိုကို မရှိတော့ဘူးဆိုတာ သိသွားတော့ ကျွန်တော် ဘယ်လိုဖြစ်နေခဲ့သလဲ ကိုကို သိခဲ့လားဟင်.”

Arthit က ဆိုင်းငံ့နေသည့် Kongpob မျက်လုံးတွေကို ကြည့်ကာ ခေါင်းသာသာယမ်းပြသည်။Kongpob ဝေ့မတက်လာအောင် ထိန်းထားသည့်မျက်ရည်စတို့ဖြင့် နှစ်နှစ်ကာကာပြုံးမိပါသည်။ သူ ထင်နေမိတာမှန်တာပဲ။ တကယ်လို့ သူ ဘဝကို ဘယ်လိုရှင်သန်နေသလဲ ဆိုတာကိုကိုသိခဲ့ပါလျှင် သူ့ကိုဒီချိန်ထိ မသိကျိူးကျွံပြုခဲ့မယ်မထင်။ သူ ထင်တာထက်ကို Arthit က သူ့အပေါ်မေတ္တာထားနိုင်တာကို Kong ကောင်းကောင်းသိခဲ့ပြီးသားဖြစ်သည်။

“ငါ မသေခဲ့ပေမယ့် ကိုကြီး က ငါ သေပြီလို့ပြောခဲ့တာတော့သိတယ်။ငါ အေးအေးချမ်းချမး်နေရအောင် ငါ သဘောကျတဲ့ဒီနေရာလေးစီစဉ်ပေးပြီး နေစေခဲ့တာ။ငါ ကိုယ်တိုင်ကလည်း ဘယ်သူနဲ့မှ မတွေ့ချင်.အဆက်အသွယ်မလုပ်ချင်ဘူး။ငါ မင်းနဲ့ Mai လက်ထပ်မယ်ထင်ခဲ့တော့ မင်းအကြောင်းလည်းမကြားရဲခဲ့ဘူး။ငါ့ကိုမချစ်ခဲ့တဲ့သူက သေချာပေါက်ပျော်ရွှင်နေမှာပါလေလို့ ငါတွေးပြီး ငါ နေနိုင်ခဲ့ပါတယ်။ မင်း အကြောင်းဘာကိုမှမမေးမိအောင်.မစုံစမ်းမိအောင်နေခဲ့တယ်။”

“ကျွန်တော် ရံှုးခဲ့တယ် ကိုကို။ ကိုကိုပြောတဲ့မေတ္တာစစ်တမ်းမှာ ကျွန်တော် ရှုံးခဲ့တယ်။ကျွန်တော် နည်းနည်းလေးတောင် မပျော်ရွှင်ခဲ့ရဘူး။ဒါပေမယ့် ကျွန်တော် ဒါကို အများကြီးကျေနပ်တယ်။အစကတည်းက ကိုကို့ကို ကျွန်တော် ချစ်နေခဲ့တာမို့. ”

Arthit သဘောကျစွာပြုံးတော့  Kongpob စိတ်ချမး်သာရသည်။ Arthit က Kongpob သူ့ကိုချစ်ပါတယ်ဆိုသည့်စိတ်ဖြင့် အဆုံးထိယုံကြည်နေခဲ့တာမှန်တာသိရတော့ စိတ်ချမ်းသာနေသွား ပုံရသည်။Kongpob တစ်ယောက် ဒီနှစ် နှစ် အတွင်း ဘယ်လို နေထိုင်ရှင်သန်သလဲဆိုတာ Chakrii သိနေမြင်နေလျက်သားနှင့် Arthit ကို တစ်စွန်းတစ်စတောင် ပေးမသိ ပြောမပြခဲ့ တာကလည်း အကိုဖြစ်သူတစ်ယောက်အနေဖြင့် Kongpob ကိုခွင့်မလွှတ်နိုင်ခြင်းကြောင့်ဆိုတာ Kongpob နားလည်ပါသည်။

“စားတော့လေ.။ဆန်ပြုတ်တွေပြန်အေးသွားဦးမယ်.”

“အင်း ခဏလေး.. ကိုကို့ကို ကျွန်တော် နမ်းချင်လို့.”

ပြောလည်းပြောပြီးချက်ချင်းပင် Kongpob က ထို်င်နေရာကထလျက် Arthit နားသွားကာ မျက်နှာလေးကို လက်ခုပ်နှစ်ဖက်ဖြင့် ပင့်ယူလိုက်သည်။ကိုကို့မျက်လုံးလေးတွေက ဟိုလွှဲသည်လွှဲဖြင့် ရှက်နေတာလေးက မြတ်နိုးဖွယ်ရာဖြစ်သည်။အစကတည်းက စံအိမ်တော်၏ MD တစ်ဖြစ်လဲ သခင်လေးက ခပ်မာမာသဏ္႑ာန်ဖြင့်ပေမယ့် Kongpob နှင့်ဆို ရှက်ရိပ်တွေသမ်းနေတတ်တာကို လည်း ချစ်ရသည်။

သူ အနည်းငယ်ငုံ့ကိုင်းလျက် ရမ္မက်မပါသည့် အနမ်းတစ်ချက်ကိုသာခပ်ကြာကြာဖိကပ်ထားလိုက်ပြီးမှ လွှတ်ပေးလိုက်၏။

“သေချင်လို့လား Kongpob.သွား--”

“ဘယ်သွားရမှာလဲ ကိုကို့ရင်ခွင်ထဲလား.”

“Kongpob!!”

ချစ်ရသူက ခပ်ရှက်ရှက်ဖြင့် အော်ရင်း Kongpob ဆန်ပြုတ်ပနး်ကန်ဆွဲယူလျက် ဆန်ပြုတ်တွေသောက်နေ၏။ Arthit အနားမှာပင် ရပ်နေလျက်သားကပင် Kongpob သဘောကျစွာ ပြုံးနေမိသည်။

“ကျွန်တော် အနမ်းပေးတော့ ကိုကိုရင်ခုန်နေတာမလား.။တစ်ခါလည်းမဟုတ်ဘူးကိုကိုက ရှက်နေတုန်းလား။”

“Kongpob မင်း ကို ဒီနေ့ငါအိမ်ပြန်လွှတ်လိုက်မှာနော်.”

“အိုခေ အိုခေ.. နားလည်ပါပြီခင်ဗျ. မစတော့ပါဘူး။ကျွန်တော့်ဆန်ပြုတ်တွေ အေးအေးဆေးဆေးစားပါခင်ဗျ.”

“ဟမ် ငါက ဘယ်လိုလုပ်.. Shit..”

Arthit သောက်နေမိတာ ဆန်ပြုတ်ပန်းကန်မှန်းသတိထားမိပြီး နေရာကနေ ထထွက်သွားသည်။ရှက်သွားသည့် ကိုကို့ကို သူ လွှတ်ထားပေးလိုက်သည်။ ဒီလိုလေးနမ်းရုံလေးဖြင့် ရှက်တတ်သည့် Arthit ကို သူ အချစ်ပိုရပြန်ပါပြီ။ပြီးတော့ မျက်စိရှေ့မှာ Arthit ကိုသေသေချာချာလေး မြင်ခွင့်ထိခွင့်နမ်းခွင့်ရတော့ သူ ကံကြမ္မာကို အကြိမ်ကြိမ်ကျေးဇူးတင်မိသည်။

ကျွန်တော့်ကြောင့် ကိုကို့နှလုံးသားလေး နောက်တစ်ဖန် ပြန်လည်ရင်ခုန်ပါစေ။

*********
#With Heart
Just A Dreamer.

(Next Part may be final)

( ကိုယ် နည်းနည်းငယ်တုန်းက စာတစ်ပုဒ်ဖတ်ဖူးတယ်။ အဲ့ထဲမှာ မင်းသားက မင်းသမီးကို အနိုင်ကျင့်ဒုက္ခပေးခ့ဲဖူးတယ်ပေါ့ကွာ။ နောက်တော့မှ မင်းသားက ပြန်ချစ်သွားတော့ မင်းသမီးက လည်း ချစ်ရက်သားနဲ့ လက်မခံဘူး။ ပြန်ပြီးခံစားစေတယ်။ငါ ခံစားခဲ့သလို သူလည်း ခံစားရမယ်ဆိုတာ ဖတ်ရတော့ အဲ့ကတည်းက စိတ်ထဲတစ်ချက်တွေးမိသွားတယ်။ ဒီတိုင်း အေးအေးချမ်းချမ်းလေး ပြန်လက်ခံပေးလိုက်တာမျိူးလည်းမရှိနိုင်ဘူးလားပေါ့.။သေချာပေါက်ရှိနိုင်ပါတယ်။ကိုယ်တို့မမြင်ရ မဆုံရပေမယ့် ဒီထဲက Arthit လို ချစ်သူကို ချစ်နိုင်တဲ့လူတွေလည်း သေချာပေါက် ရှိမယ်လို့ယုံကြည်ပါတယ်။

Kongpob ကိုပြန်ခံစားစေချင်သေးတယ်ဆိုတဲ့ သူတွေအတွက် စိတ်မကောင်းပါဘူးရှင်။သဘောမတွေ့ဖြစ်သွားရင်လည်း ဒီက နတ်ပန်းကလေးရဲ့ စာအရေးအသားမကျေလည်မှုကြောင့်လို့ပဲ မှတ်ပေးပါလို့။ ဒီဇာတ်စ ကတည်းက ခွင့်လွှတ်ပေးနိုင်တဲ့ ချစ်ခြင်းတစ်ခုကနေပြီး မေတ္တာစစ်တမ်း ဖြစ်လာတာပါ။

အားလုံးပျင်းနေကြတဲ့အချိန်မို့ ဆွေးနွေးချင်တာများရှိရင်လည်း ပြောသွားပါလို့)

Continue Reading

You'll Also Like

272K 18.9K 58
အတိတ္​ ​ေတြ အနာဂါတ္​​ေတြ​ေတာ့ ကိုယ္​မသိဘူး လက္​႐ွိဘဝမွာ​ေတာ့ မင္​းကို အခ်စ္​ဆံုးပဲ အတိတ်​ ​တွေ အနာဂါတ်​​တွေ​တော့ ကိုယ်​မသိဘူး လက်​ရှိဘဝမှာ​တော့ မင်းက...
116K 8.3K 37
"အမြဲပြုံးနေရမယ်၊ ဟုတ်တယ်၊ အမြဲပြုံးနေမှ လူချစ်လူခင် ပေါမှာ" အက်ဒရစ် "တစ်ခုပဲပြောချင်တယ...
58.8K 15.4K 54
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥