အပိုင်း(၉) (Z&U)

4K 507 23
                                    

အပိုင်း(၉)

မနက်အိပ်ရာက နိုးလာတော့ Arthitစိတ်တစ်ခုလုံးကြည်လင် လန်းဆန်းနေခဲ့သည်။ချစ်သူရည်းစားလေးတစ်ယောက်လောက် ရှိတာ အလိုလိုနေရင်း လန်းဆန်းနေတတ်မှန်း သူမသိခဲ့ရိုးအမှန်။ ကျောင်းတုန်းကတော့ နှစ်ယောက်လောက် ထားခဲ့ဖူးပါသည်။ သို့သော်  နှစ်ယောက်လုံးက Arthit ၏ကြွယ်ဝချမ်းသာမှုများကိုတပ်မက်နှစ်သက်ကြသူတွေချည်းသာ။ သူမ တို့စိတ်ရင်းမစစ် မှန်သည်ကိုတစ်နည်းနည်းဖြင့်ပြန်သိလိုက်ရတော့လည်း သူ ထွေထွေထူးထူးမခံစားခဲ့ရ။လမ်းခွဲပြတ်စဲခဲ့လိုက်တာပါပဲ.။

ခုတော့ Kongpob က တော့ မတူဘူးပေါ့.။အလိုလိုနေရင်း သူ့ကိုကြည့်သည့် မျက်ဝန်းတွေကိုကအစရင်ခုန်နေမိတာ။ Kong ၏အကြည့်တွေ မထိတထိအပြောတွေ သူ့ကို သဘောကျချစ်မြတ်နိုးသည့် ခံစားချက်တွေကို သူ နှစ်သက်သည်။ကျေနပ်သည်။ အိပ်ရာပေါ်ထိုင်ကာ ပြုံးလျက်အတွေးများနေတုန်း ဖုန်းက Message ဝင်သံကြောင့်ပြုံးလက်စ ပါးချိုင့်ကလေးပိုပြီး အသက်ဝင်သွား သည်။

# နိုးပြီလား ကိုကို။ မနေ့က ကိုကို့အနမ်းကို လွမ်းနေတဲ့ Kong က ဒီနေ့လည်းတွေ့ချင်ပါသတဲ့ဗျာ.။#

*Kong ဆိုတာ ဘယ်သူတုန်း*

#ကိုကိုကတော့နောက်ပြီ။မနေ့ကမှ အဖြေရထားတဲ့ ကိုကို့ရဲ့လတ်လတ်ဆတ်ဆတ်ရည်းစားလေး လေ.#

မဲ့တဲ့တဲ့ emoji လေးဖြင့်Message ကို ဖတ်ရင်း Arthit အသံထွက်ရယ်မိသည်။ ငါရေချိုးတော့မလို့ဒါပဲ ဟု စာပြန်ပို့ကာ  ဖုန်းကိုချထားလိုက်တော့သည်။သီချင်းလေး တအေးအေးဖြင့် Arthitရေချိုးနေသည်။ Bright ကိုလည်းမပြောပြရသေးပေမယ့် သကောင့်သားက အနှေးနဲ့အမြန် Arthit ကို အစ်ထုတ်မေးလာမှာ။ ကိုကြီးကိုတော့ဖြင့် နည်းနည်းတော့ ပြောပြထားချင်မိတာမို့ ညပိုင်းကျ ဖုန်းခေါ်ရန် တေးထားလိုက်သည်။

ရေချိုးသန့်စင်ပြီးလျက် ဝတ်စုံပြည့်ဖြင့် အိမ်အောက်ထပ်ဆင်းလာတော့ ထုံးစံအတိုင်း မယ်မယ်နှင့် ဦးလေး Chanchaiက မနက်စာ ဝိုင်းတွင် ရောက်နေလေပြီ။

“မင်္ဂလာပါ မယ်မယ်. မင်္ဂလာပါ ဦးလေး Chai”

“Arthit လေး မျက်နှာလေးကြည်နေရောပဲ.”

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now