Before I Let You Go

By VowelMino

730K 72.7K 8.7K

ခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about h... More

. 1 .
. 2 .
. 3 .
. 4 .
. 5 .
. 6 .
. 7 .
. 8 .
. 9 .
. 10 .
. 11 .
. 12 .
. 13 .
. 14 .
. 15 .
. 16 .
. 17 .
. 18 .
. 19 .
. 20 .
. 21 .
. 22 .
. 23 .
. 24 .
. 26 .
. 27.
. 28 .
. 29 .
. Final . (Z)
. Final . (U)
About BILYG/BILUG
Hello Again
Extra Z
Extra U

. 25 .

17.3K 2K 189
By VowelMino

( Zawgyi)

ဒီေန႔ရာသီဥတုက ဘယ္လိုရွိလဲ ေရွာင္က်န္႔မသိ..
အိမ္ကထြက္လာထဲက လႈပ္ရွားေနတဲ့စိတ္ကို တည္ၿငိမ္ေအာင္ဘယ္လိုလုပ္သင့္လဲဆိုတာကိုပဲ သူက အေတြးမ်ားေနခဲ့တာမို႔ ထင္တယ္..

" ေကာ.. တကယ္ျဖစ္တယ္ေနာ္ "

" အင္း.. ျဖစ္ပါတယ္ဆို "

က်န္းခ်န္ စိတ္မပူရေအာင္ ေျပာလိုက္ေပမယ့္ သူကိုယ္တိုင္လဲ မဝံ့မရဲျဖစ္ေနတာေတာ့အမွန္..

အရင္တပတ္က ေဆြးေႏြးခဲ့တဲ့ session မွာ ဟန္ေကာက ဒီတပတ္ကစၿပီး အျပင္ကေနရာေတြမွာ ေတြ႕ၾကည့္ၾကဖို႔ ေျပာခဲ့တာမို႔ သူ အခုစိတ္လႈပ္ရွားေနခဲ့တာ..
ဆိပ္ၿငိမ္ရပ္ကြက္ထဲက လူသိပ္မရွိတဲ့ ဒီေကာ္ဖီဆိုင္က ဟန္ေကာေရြးေပးထားတဲ့ေနရာျဖစ္သလို ဒီတပတ္အတြက္ပဲ ရည္ညႊန္းတဲ့ေနရာလဲျဖစ္ျပန္တယ္..

ကားေပၚက ဆင္းၿပီး ေျခလွမ္းဆယ္လွမ္းေလာက္ ေလၽွာက္ရံု.. ဆိုင္တံခါးဖြင့္ၿပီး ေထာင့္တေထာင့္မွာ ၿငိမ္ၿငိမ္ေလးထိုင္ေစာင့္ရံုလို႔ ကိုယ့္ကိုယ္ကို အားတင္းထားေပမယ့္ တေယာက္ထဲဆိုတဲ့ အေတြးမွာ ေရွာင္က်န္႔က မသိမသာ ေပ်ာ့ညံ့ခ်င္လာတယ္..
ဒါေပမယ့္ သူ႔ထက္စိုးရိမ္စိတ္မ်ားေနတဲ့ က်န္းခ်န္ရဲ႕ စိတ္မခ်သလိုအၾကည့္ေတြ အေျပာေတြေၾကာင့္ သူ ၿမိဳသိပ္ထားမိျပန္တယ္..

" ေကာ.. ၿပီးရင္ ဖုန္းဆက္လိုက္ေနာ္.. ကၽြန္ေတာ္ ဒီနားက တဆိုင္ဆိုင္မွာ ေစာင့္ေနမယ္.. ဒါေပမယ့္ ဟန္ေကာေရာက္တာျမင္မွ ကၽြန္ေတာ္သြားမွာပါ "

" အင္းပါ.. ဒါဆို ငါဆင္းေတာ့မယ္ေနာ္ "

အရင္ႀကိဳေရာက္ေနဖို႔ကလဲ သေဘာတူညီမႈထဲကတစ္ခုျဖစ္တာေၾကာင့္ ေရွာင္က်န္႔က မလြဲမေသြ လုပ္ရမွာပါပဲ..

လွမ္းေနတဲ့ေျခလွမ္းေတြကို ေရတြက္ရင္း ေရွာင္က်န္႔က အက်င့္ရေနသလို ေဘးဘီကို ေဝ့ၾကည့္ျဖစ္တယ္..
မွန္တံခါးကိုဖြင့္တဲ့အခါ လူအနည္းစုရဲ႕ အာရံုေတြက သူ႔ဆီေရာက္လာတာမို႔ မသိမသာ အသက္ေအာင့္ထားမိတယ္ထင္တယ္..

ေကာင္တာေနာက္က ေကာင္မေလးကို menu ထဲက ေတြ႕ရာ ေဖ်ာ္ရည္တခြက္လက္ညိဳးထိုးျပလိုက္ေပမယ့္ စိတ္က သက္ေတာင့္သက္သာရွိမေနခဲ့ေသး..

" Take away လား ထိုင္ေသာက္မွာလား ရွင့္ "

" Size ကေရာ ဘာယူမလဲအကို .."

" Topping ဘာအုပ္ဦးမလဲရွင့္ "

က်န္းလီက်ဲတို႔ သြားမွာေနက်ကို ျမင္ဖူးထားတာမို႔ ကိစၥရိုးရိုးေလးလို႔ ထင္ခဲ့ေပမယ့္ ဘာလို႔ ဒီေလာက္ခက္ခဲရတာလဲ..
က်န္းခ်န္အျပင္မွာ ရွိေသးလားဆိုတဲ့အေတြးနဲ႔အတူ ခ်က္ခ်င္းလွည့္ေျပးခ်င္စိတ္ကို သူ ထိန္းခ်ဳပ္ထားရတဲ့အခါ လက္ဖဝါးေတြထဲ ေခၽြးေစးေတြက ေစးကပ္ကပ္..

" ဟို.. ရတယ္.. အဆင္ေျပသလို လုပ္ပါ "

ဇေဝဇဝါၾကည့္လာတဲ့ ေကာင္မေလးအၾကည့္ေတြကို မ်က္ႏွာလႊဲရင္း ပိုက္ဆံရွင္းဖို႔ကိုပဲ ေလာေနမိေသးတာ..
မဟုတ္ရင္ ေရွာင္က်န္႔က အၾကည့္ေတြကို တလြဲဘာသာျပန္တတ္လြန္းလို႔..

ေထာင့္စြန္းဝိုင္းမွာ ေနရာယူၿပီးတာ ေသခ်ာမွ ေရွာင္က်န္႔က သက္ျပင္းဖြဖြခ်မိျပန္တယ္..
မွန္ခ်ပ္ေတြရဲ႕ တဖက္ျခမ္းကိုၾကည့္မိေတာ့ က်န္းခ်န္ကားကို ျမင္ေနရတုန္း..
သူျပံဳးမိတယ္ ထင္တယ္..
ငါတေယာက္ထဲ မဟုတ္ဘူးဆိုတဲ့ အေတြးနဲ႔ တေယာက္ထဲထိုင္ေနရတဲ့အျဖစ္က အူေၾကာင္ေၾကာင္ႏိုင္ေပမယ့္ သူ ခုနကထက္ေတာ့ စိတ္ေအးလာတာအမွန္..

ခဏၾကာေတာ့ သူ႔ေရွ႕ ဟန္ေကာေရာက္လာတယ္..
အဆင္ေျပလားဆိုတဲ့ အေမးက သူ႔အတြက္ေတာ့ သမာရိုးက်ေမးခြန္းမဟုတ္တာေၾကာင့္ ျဖစ္ခဲ့တဲ့ စိတ္ခံစားမႈ ေသးေသးေလးေတြတိုင္းကို ေရွာင္က်န္႔က ဖြင့္ဟရတယ္..

အေသြးအသားထဲက တုန္လႈပ္မႈ တခ်ိဳ႕တေလကေတာ့ စကားလံုးနဲ႔ ေဖာ္ျပလို႔ႏိုင္တာမ်ိဳးမဟုတ္ျပန္ဘူး..
ဒါကို သူပဲ နားလည္တယ္..

ဒီေန႔ေတာ့ ဟန္ေကာက သူ႔ေရာဂါရဲ႕ အေၾကာင္းရင္းကိုမေမးဘဲ လကၡဏာေတြအေၾကာင္း ေခါင္းစဥ္ေျပာင္းတယ္...
ဒီေမးခြန္းကို ေရွာင္က်န္႔က ေျဖဖို႔ အခ်ိန္ေတာ္ေတာ္ ယူလိုက္ရတာအမွန္ပဲ...
ျပန္ျမင္ေယာင္ ျပန္ေတြးၾကည့္ရတာနဲ႔တင္ သူ အလိုလို ေမာဟိုက္ေနခဲ့တာ..

" တေယာက္ေယာက္နဲ႔ထိမိၿပီးရင္ ထိမိတဲ့ေနရာေတြက တဆစ္ဆစ္နဲ႔ ပူလာတယ္ မီးနဲ႔အၿမိဳက္ခံေနရသလိုမ်ိဳး.. ၿပီးေတာ့ နာတယ္ အေရျပားေတြက စပ္တယ္... "

" အင္း.. "

" တခါတေလဆို အန္ခ်င္တယ္.. တေယာက္ေယာက္နဲ႔ မေတာ္တဆပဲျဖစ္ျဖစ္ ကၽြန္ေတာ္သေဘာမက်တဲ့ အေျခအေနမ်ိဳးမွာ ထိခဲ့မိရင္ ျပန္ေတြးမိတိုင္း ပ်ိဳ႕တက္လာတာမ်ိဳး.. ရင္ဘတ္ထဲက စူးေအာင့္တတ္တာမ်ိဳးေတြလဲ ျဖစ္တယ္.. "

" အင္း... ၿပီးေတာ့ရွိေသးလား "

" ၿပီးေတာ့.. ငိုခ်င္လာတယ္.. တခါတေလ အသက္ရႉက်ပ္တယ္.. အင္း.. အဆိုးဆံုးက ေတာ့ ေမ့လဲသြားတာ "

အဆံုးသတ္မွာ တိုးေဖ်ာ့သြားတဲ့ အသံနဲ႔အတူ ေရွာင္က်န္႔က ေခါင္းငံု႔ခ်တယ္..
ႀကိဳသိထားေပမယ့္ တကယ္တမ္းက် နာက်င္မႈအလံုးစံုကို ရွင္းရွင္းဘြင္းဘြင္းႀကီး ခ်ျပေနရတာမ်ိဳးကို သူအသားမက်ေသးဘူး..
လံုးတီးေနေနရသလိုမ်ိဳးခံစားေနရတာမို႔... သူ အခု ရွက္ေနတယ္..

" က်န္းလီတို႔နဲ႔ဆိုရင္ေရာ.. "

" အင္း.. ကၽြန္ေတာ့ဘက္က စတဲ့ထိေတြ႕မႈေတြဆို အဆင္ေျပပါတယ္ .. ၿပီးေတာ့ က်ဲတို႔ကလဲ ကၽြန္ေတာ့္ကို သတိလက္လြတ္ မထိမကိုင္ဘူး "

ရုတ္တရတ္ ရိေပၚကို သတိရမိေတာ့ သူ အလိုလိုျပံဳးမိသြားေသး..
ပူေလာင္ေပမယ့္ နာက်င္ေပမယ့္ ရိေပၚဆိုတဲ့ အသိကိုသြင္းၿပီး ေရွာင္က်န္႔ ႀကိဳးစားသည္းခံမိတဲ့အျဖစ္က မ်က္ႏွာလိုက္တာမ်ားျဖစ္ေနမလား မသိ..

" ဟန္ေကာ.. "

" ေဟ.. "

" ေကာ ေကာင္မေလးစိတ္ေကာက္ရင္ ဘယ္လိုေခ်ာ့လဲ "

" ဟမ္.. "

ေၾကာင္ၾကည့္ေနရင္း ေတာ္ေတာ္ၾကာမွ ေရွာင္က်န္႔က ရွက္ရေကာင္းမွန္းသိတယ္..
ငါ့မွာ ေကာင္မေလးမရွိဘူးဆိုတဲ့ အေျဖၾကားေတာ့ ေရွာင္က်န္႔က ေမးခြန္းကိုေျပာင္းတယ္..

" ဒါဆို ေကာ စိတ္ေကာက္တယ္ပဲထားဗ်ာ.. ဟို.. ဘယ္လိုအေခ်ာ့ခံခ်င္လဲ "

" ဟမ္.. "

" ဟို..ကၽြန္ေတာ္က .. "

ခပ္ျပံဳးျပံဳးၾကည့္လာတဲ့ ဟန္ေကာအၾကည့္ေတြၾကား ေရွာင္က်န္႔က လမ္းေပ်ာက္တယ္.. ဘာဆက္ေျပာရမွန္းမသိေတာ့တဲ့အခါ လည္ပင္းပြတ္လိုက္ ေခါင္းငံု႔လိုက္နဲ႔ ..

" ညီက်န္႔ ေကာကို ေျပာစရာေတြရွိဦးမယ္ထင္တယ္ေနာ္ "

" အာ..ေကာကလဲ.. "

" .... "

" ဟို.. က်န္းခ်န္ပါ.. က်န္းခ်န္ စိတ္ေကာက္ေနလို႔.. "

ေရွာင္က်န္႔က မသိခ်င္ေယာင္ေဆာင္ၿပီး အေအးကို ေမာ့ေသာက္တယ္..
လည္ပင္းေတြေျခာက္လာသလိုပဲ..
လိမ္ၿပီးရင္ မေပၚေအာင္ ဘယ္လိုေနရမွန္း သူ မကၽြမ္းတာမို႔ မသိခ်င္ေယာင္ေဆာင္ရင္းပဲ ဒီအေျခအေနကေန ေရွာင္ထြက္ဖို႔ႀကိဳးစားမိေတာ့ ဟန္ေကာက နားလည္သလိုျပံဳးလာတယ္..

တခါတေလဆို ဟန္ေကာက က်န္းလီက်ဲနဲ႔ တူလြန္းတာ အမွန္ပဲ..

.

.

.

< ရိေပၚ.. ေကာအိမ္ျပန္ေရာက္ၿပီ >

< အင္း >

< ရိေပၚ.. Rank 1 ခ်ိတ္တယ္ဆို >

< မသိဘူး >

< မင္းကလဲ.. >

< ဘာလဲ >

< ေဆာရီး.. >

< ဘာကိုေဆာရီးလဲ မလိုဘူး >

< ရိေပၚ စိတ္မၾကည္ရင္ ေနာက္မွေျပာရေအာင္.. ေကာအိပ္ေတာ့မယ္ >

< အိပ္ဗ်ာ.. အိပ္အိပ္ >

ေလးရက္ရွိၿပီ..
ဒီစာေတြပို႔ထားၾကတာ ေလးရက္ရွိၿပီ..
အဲဒီေန႔ၿပီးထဲက ရိေပၚက သူ႔ကို မဆက္သြယ္ေတာ့တာ..
က်ိရန္ကိုေမးေတာ့လဲ ဘယ္ခရီးစဥ္မွမရွိတဲ့ ရိေပၚက သူ႔ဆီတမင္မေရာက္လာတာမို႔ ေရွာင္က်န္႔ကို စိတ္ေကာက္ေနမွန္း သိသာေနခဲ့ၿပီ မဟုတ္လား..

ျဖစ္စဥ္က အဲဒီေန႔က ရိေပၚရဲ႕ ၿပိဳင္ပြဲကို ေရွာင္က်န္႔ သြားဖို႔ျငင္းလိုက္မိရာကစတယ္..
Seasonal Racing Events ေတြထဲ ဒီႏွစ္အတြက္ ရိေပၚ ပထမဆံုးၿပိဳင္တဲ့ပြဲမို႔ သူ႔ကိုရွိေစခ်င္ပါတယ္ဆိုၿပီး စကားေတြနဲ႔အမ်ိဳးမ်ိဳး လတ္မွတ္ေတြအလကားေပးတာ အပါအဝင္ နည္းေပါင္းစံုနဲ႔ သူ႔ကိုလာၾကည့္ဖို႔ ပူဆာခဲ့တာ..

ဒါေပမယ့္ TV မွာျမင္ေနက် ပရိသတ္အေရအတြက္ကို ၾကည့္ၿပီး ေရွာင္က်န္႔က ေဝခြဲမရျဖစ္ခဲ့ရာကေန ေနာက္ဆံုး မသြားျဖစ္တဲ့ အေျခအေနကိုေရာက္တယ္..
အျပင္မွာေဆြးေႏြးၾကည့္ဖို႔ေျပာလာတဲ့ ဟန္ေကာကို သူလက္ခံလိုက္တဲ့ အဓိကအခ်က္က အဲဒီ ကိစၥေၾကာင့္ဆိုရင္လဲ မမွား..

ေနာက္တခါ ရိေပၚ ထပ္ေခၚခဲ့ရင္ သူက သတၱိရွိရွိနဲ႔ သြားၾကည့္ခ်င္မိတဲ့စိတ္ေတြပါပဲ..

စိတ္ေကာက္ေနတဲ့ ေကာင္ေလးကို ေခ်ာ့ခ်င္ပါတယ္..
အေတြ႕အၾကံဳဆိုလို႔လဲ ႏွင္းေတြနစ္ေနတဲ့ နယ္ၿမိဳ႕ေလးဆီ လိုက္သြားဖူးတဲ့ တေခါက္ပဲရွိခဲ့တာမို႔ ...

အင္း..သူ ရိေပၚကို လြမ္းတယ္.. ။

.

.

.

ဘယ္ဘက္ေစာင္းလိုက္ ညာဘက္ေစာင္းလိုက္
ေခါင္းေလးေမာ့လိုက္ ခပ္ေထ့ေထ့ျပံဳးလိုက္နဲ႔ ကင္မရာေရွ႕မွာ ဟန္လုပ္ေနတဲ့ ရိေပၚကို ဒီတခါ ေငးရသူက ေရွာင္က်န္႔..

" က်န္႔ေကာ.. နားေနခန္းဆီျပန္သြားမလား "

" မသြားေတာ့ပါဘူး.. ဒါနဲ႔ ကၽြန္ေတာ္ ဒီနားကၾကည့္လို႔ျဖစ္ရဲ႕လား "

ျဖစ္တယ္ဆိုတဲ့အေျဖနဲ႔အတူ က်ိရန္ကေတာ့ ခြင့္ေတာင္းရင္း ဟိုဘက္ျခမ္းကို ထြက္သြားေလရဲ႕.
လူရွင္းတဲ့ေနရာေပမယ့္ ရိေပၚကို ျမင္ႏိုင္တဲ့ေထာင့္ေလးမွာ ေရွာင္က်န္႔ကရပ္ရင္း ေငးေနမိတာ..

ဘာလာလုပ္တာလဲဆိုရင္ေတာ့ စိတ္ေကာက္ေနတဲ့ကေလးကို လာေခ်ာ့ရတာ..
က်ိရန္ကို အကူအညီေတာင္းၿပီး ဘယ္မွာရွိေနလဲသိရသလို က်န္းခ်န္ကလဲ စိတ္မခ်လို႔ လိုက္ပို႔ေပးရွာတယ္..

ဟန္ေကာနဲ႔ ႏွစ္ေခါက္ေလာက္ အျပင္မွာ ေဆြးေႏြးဖူးေပမယ့္ တေယာက္ထဲမလႊတ္ႏိုင္ေသးဘူးဆိုတဲ့ က်န္းခ်န္အေျပာကို သူလဲ မျငင္းႏိုင္ေသးတာအမွန္ပဲ..။

ၾကည့္ေနရင္ ရိေပၚ အလွည့္ၿပီးသြားတဲ့အခါ ေရွာင္က်န္႔ကပါ လႈပ္လႈပ္ရွားရွားျဖစ္ရတယ္..
ကင္မရာေရွ႕မွာ တလွည့္ဝင္လာတဲ့သူကို ေရွာင္က်န္႔က တခ်က္လွမ္းၾကည့္ရင္း ထြက္လာတဲ့ ရိေပၚကိုပဲ အာရံုစိုက္လိုက္တယ္ ..

ေဝ့ဝဲလာတဲ့ မ်က္ဝန္းတစံုက သူ႔ဘက္ေရာက္လာတဲ့အခါ ရိေပၚက အံ့ဩသြားသလိုမ်ိဳး ေရွာင္က်န္႔ကိုယ္တိုင္ကလဲ သတိအေနအထား ေျပာင္းမိေလရဲ႕..
ေခါင္းထဲ အေတြးတစ ဝင္လာတယ္..
ရိေပၚက သူ႔ကို မသိခ်င္ေယာင္ေဆာင္သြားရင္ သူဘာလုပ္ရမလဲ သိမွာမဟုတ္ဘူး..

ဒါေပမယ့္ ရိေပၚက သူ႔ဆီတန္းတန္းမတ္မတ္ ေလၽွာက္လာခဲ့ပါတယ္..
အသံတိတ္ေျဖေလ်ာ့လိုက္ရတဲ့ သက္ျပင္းနဲ႔အတူ ေရွာင္က်န္႔က ျပံဳးျပမိတဲ့အခါ အဲဒီေကာင္ေလးကေတာ့ မ်က္ေမွာင္ေတြၾကံဳ႕လို႔..

" ဘယ္ကို လာတာလဲ.. "

" ရိေပၚဆီလာတာ.. "

" ဘယ္သူနဲ႔လဲ "

" ေကာ တေယာက္ထဲ.. က်န္းခ်န္က လိုက္ပို႔ေပးၿပီး ျပန္သြားၿပီ "

" ဘာလာလုပ္တာလဲ "

" ကေလးကို လာေခ်ာ့တာ "

တခြန္းေမးမွ တခြန္းေျဖတဲ့ ေရွာင္က်န္႔က ဘုရားစူး သူ႔ကို လာေခ်ာ့တာပါတဲ့..
မေက်လည္ေသးတဲစိတ္က အျပစ္ပဲျမင္ခ်င္ေပမယ့္ ဒီလူကို ဘယ္ေလာက္ထိ လြမ္းေနလဲဆိုတာ သူကိုယ္တိုင္ပဲသိတာ..

" ဒါဆို ေခ်ာ့ "

" ဟင္.. ဒီမွာ ေခ်ာ့ရမွာလား "

အဲဒီလူရဲ႕ မေရမရာစကားကို ရိေပၚက မရိုးမသားေတြးတယ္..
ဘာလုပ္မွာမို႔လို႔ ဒီမွာ မေခ်ာ့ႏိုင္တာလဲဆိုတာထိ ေတြးမိတဲ့အခါ အလိုက္မသိတဲ့ရင္ဘတ္က ဒိတ္ခနဲ..

" ေခ်ာ့တာပဲ.. ေနရာေရြးရဦးမွာလား "

" အင္း.. ရိေပၚနားတဲ့အခန္းသြားမယ္ေလ "

ေနရင္းထိုင္ရင္းနဲ႔ကို သူ ရင္ေတြၾကပ္လာသလိုပဲ..
ေရွ႕ကဦးေဆာင္ေလၽွာက္ေတာ့ အဲဒီလူကေနာက္ကလိုက္လာေလရဲ႕..
အခန္းထဲေရာက္ရင္ သူ လိုခ်င္တာမရမခ်င္းေကာက္ဖို႔ ရိေပၚစိတ္ထဲမွာ ေတးမွတ္ထားလိုက္တယ္..
ကံေကာင္းေထာက္မလို႔ တေယာက္မွ ရွိမေနပါေစနဲ႔လို႔လဲ အသည္းအသန္ ဆုေတာင္းရေသးတာ..

မျပည့္တဲ့ဆုေတာင္းေတြထဲ ဒီတခါကေတာ့ ဝမ္ရိေပၚ ရင္အခံရဆံုး ျဖစ္မွာ ေသခ်ာတယ္..

က်ိရန္ေကာ အပါအဝင္ သူ႔ Team ကလူအကုန္လံုးက ရိေပၚထက္ႀကိဳေရာက္ေနတဲ့ အျဖစ္မွာ ရိေပၚက စူပုတ္ခ်င္လာတယ္..
ေထာင့္ကဆိုဖာဆီ ပစ္ထိုင္မိေတာ့ ေရွာင္က်န္႔က သူ႔ေဘးမွာကပ္လ်က္..

ခဏေနေတာ့ ရိေပၚလို႔ ေခၚသံနဲ႔အတူ သူေရွ႕ကို စေတာ္ဘယ္ရီမစ္ရွိတ္ဘူးေလးက ေရာက္လာတယ္..

" အဟမ္း..ေကာကိုယ္တိုင္ ဝယ္လာတာ.. ေသာက္ေနာ္ "

လက္စသတ္ေတာ့ ဒါကိုတိုက္ခ်င္လို႔ ဒီမွာေခ်ာ့မယ္လို႔ေျပာတဲ့ ေရွာင္က်န္႔စကားကို ရိေပၚက ဘုမသိဘမသိရင္ခုန္ခဲ့တာ ျဖစ္ေနတာေပါ့...
တခန္းလံုးပတ္ၾကည့္မိေတာ့လဲ ကုိယ္စီေရာင္စံုအေအးဘူးေတြနဲ႔..

" ကၽြန္ေတာ့္ကို လာေခ်ာ့တာလား.. သူတို႔ကိုလာေခ်ာ့တာလား "

" ရိေပၚကလဲ.. တေယာက္ထဲအတြက္ ဝယ္လာရင္ မေကာင္းဘူးေလ "

" မသိဘူး.. လုပ္ခ်င္တာလုပ္ "

ကိုယ္တိုင္ကေတာ့ လုပ္ခ်င္တာ မလုပ္ရတဲ့အခါ ေနရင္းထိုင္ရင္းကို စိတ္ေတြကတိုေနမိတဲ့ အျဖစ္ကဆိုးတယ္..
မ်က္ႏွာတည္ေနတဲ့ရိေပၚကို သတိထားမိသလို က်ိရန္ေကာက အကုန္လံုးကိုေခၚထုတ္သြားတာေတာင္ ရိေပၚက ေရွာင္က်န္႔ဘက္လွည့္မလာေတာ့ ..

" ရိေပၚ.. "

" ... "

" စိတ္မဆိုးပါနဲ႔.. ေကာ ေနာက္တခါ တကယ္ လိုက္ၾကည့္မယ္ေလ..ေနာ္ "

" ... "

" မင္းကလဲ.. ေကာ မေခ်ာ့တတ္မွန္း သိရဲ႕သားနဲ႔.. "

" .... "

" ကေလးေလး.. ဒီဘက္လွည့္ပါဦး "

တုတ္တုတ္မွ မလႈပ္တဲ့ ရိေပၚေၾကာင့္ ေရွာင္က်န္႔စိတ္ညစ္ခ်င္လာတယ္..
အမွန္အတိုင္း ေျပာရရင္ ဒါမိုင္ကုန္ပဲ..
တသက္လံုး ဘယ္သူ႔ကိုမွ မေခ်ာ့ဖူးခဲ့တဲ့ အျဖစ္မွာ ဒီထက္လဲ မေခ်ာ့တတ္ေတာ့ဘူး..

" ထပ္ရိုက္ရဦးမွာမလား.. ေကာေစာင့္ေနလို႔ရလား "

" .... "

" ဟူး.. "

ဟန္မေဆာင္ႏိုင္ဘဲ သက္ျပင္းခ်တဲ့အခါ ရိေပၚေခါင္းေလးက ဆတ္ခနဲလႈပ္လာတယ္..
ဒါေပမယ့္ ဘာမွဆက္မေျပာျဖစ္ဘဲ ၿငိမ္ေနမိတဲ့အတိုင္း သူတို႔ေတာ္ေတာ္ၾကာေအာင္ ထိုင္ေနခဲ့တာ တံခါးေခါက္သံမၾကားရခင္အထိ..

" ရိေပၚ.. ျပန္ရိုက္ေတာ့မယ္.. ခဏေနထြက္လာေတာ့ "

တံခါးတဖက္ျခမ္းက က်ိရန္အသံၾကားမွ ရိေပၚကဆတ္ခနဲထၿပီး ေလၽွာက္သြားတယ္..
ေရွာင္က်န္႔ကေတာ့ ေတြေဝလာတဲ့စိတ္နဲ႔ ေခါင္းငံုံ႔ထိုင္ၿပီး က်န္ခဲ့မိတယ္..
ေစာင့္ေနရမလား မေသခ်ာတဲ့အျပင္ ရႈတင္ထိေနာက္တေခါက္ လိုက္မၾကည့္ခ်င္တဲ့ စိတ္က သူ ခုနက ေတြ႕လိုက္ရတဲ့ လ်န္းလ်န္းေၾကာင့္ဆိုရင္လဲ မမွား..

သူ ေရြးလာခဲ့မိတဲ့ ဒီရက္က ျပႆဒါးထင္ပါရဲ႕ ..

" ေရွာင္က်န္႔.. "

ရုတ္တရတ္ မ်က္စိေအာက္ဝင္လာတဲ့ ဖိနပ္အျဖဴေလးကို ေငးေနမိတာ စကၠန္႔ပိုင္းေတာင္မၾကာလိုက္..
ေရွာင္က်န္႔ကိုယ္က ခ်က္ခ်င္းႀကီး ေလးေလးနင့္နင့္ကို တက္ဖိခံလိုက္ရသလိုမ်ိဳး ..

" ရိေပၚ.. အ "

သူ႔ေပါင္ေပၚ ခြထိုင္လာရင္း မ်က္ႏွာတခုလံုးကို ဆြဲေမာ့ၿပီး အနမ္းခံေနရတဲ့အျဖစ္က ခုနကအေျခအေနနဲ႔ လံုးလံုးလ်ားလ်ား ဆန္႔က်င္ဘက္...

ေနပါဦး..
ရိေပၚက အျပင္ထြက္သြားတာမဟုတ္ဘူးလား..

" ရိေပၚ.. လႊတ္..လႊတ္ဦး.. "

" ေခ်ာ့မယ္ဆို.. "

" အင္း.. အင္းေလ "

" အဲဒါဆို ၿငိမ္ၿငိမ္ေန "

ေျပာၿပီးတာနဲ႔ ရိေပၚက တရွံုံ႔ရွံု႔နဲ႔ဆက္နမ္းတယ္..
အတင္းကာေရာ နမ္းေနတာမ်ိဳးမဟုတ္ေပမယ့္ ရိေပၚက သူ႔ေပၚတက္ထိုင္ေနတယ္ ဆိုတဲ့ အေျခအေနမွာ ေရွာင္က်န္႔က ရင္တုန္ရျပန္တယ္..

" ေစာင့္ေနေနာ္.. ရႈတင္က တစ္နာရီေလာက္ပဲၾကာေတာ့မွာ "

" အင္း.. အင္း "

ခုမွ မ်က္လံုးခ်င္းဆံုလို႔ မ်က္ႏွာေလးကို အျပည့္အဝျမင္ရတဲ့အခါ ေရွာင္က်န္႔က အလိုလိုျပံဳးမိတယ္ထင္တယ္..
မ်က္လံုးေထာင့္နားမွာ အညိဳေရာင္လက္လက္ေတြ ျခယ္ထားတဲ့အျပင္ ႏႈတ္ခမ္းေလးကရဲတြတ္
ေနျပန္တာ...
သူ႔ကေလးေလးက ခ်စ္စရာေလး..

ပါးတဖက္ကို ခပ္ဖြဖြပြတ္မိေတာ့ ရိေပၚက သူ႔လက္ဖဝါးေပၚကို ေခါင္ေလးေစာင္းေပးလာတယ္..
သူကိုယ္တိုင္ကေတာ့ ေရွာင္က်န္႔ ႏႈတ္ခမ္းေတြကို လက္ညိဳးနဲ႔တို႔တို႔ၿပီး ေဆာ့ေနျပန္ေသးတာ..

" ေကာ.. "

" အင္း "

" ျပန္လာရင္ ထပ္နမ္းမွာေနာ္.. စိတ္ေကာက္တာက သိပ္မေျပေသးဘူး "

ေရွာင္က်န္႔က ရယ္ရင္း တစ္ခုခုေျပာဖို႔ၾကံတဲ့အခါ ရိေပၚက ငံု႔နမ္းလာျပန္တယ္..
အရမ္းလြမ္းလို႔ ေသေတာ့မယ္ ဆိုတဲ့ခပ္တိုးတိုး အသံကို ၾကားလိုက္မိတဲ့အခါမွာေတာ့ ေရွာင္က်န္႔က မ်က္ဝန္းေတြမွိတ္ထားလိုက္မိတယ္ထင္ပါတယ္.. ။

ျပန္လာမယ္ဆိုတာ သိေနတာမို႔ ထြက္သြားတဲ့ေျခလွမ္းေတြကို ေဝးကြာျခင္း အႏုတ္ တစ္စကၠန္႔ လို႔ ေရတြက္ျဖစ္တယ္..
စေတာ္ဘယ္ရီ ခြက္ေလးကိုေတာ့ ရိေပၚက သယ္သြားခဲ့တယ္..

.

.

" အေပၚမွာ fan ေတြေရာက္ေနလို႔ ငါ ကားကို parking ကပဲ ေစာင့္ေနခိုင္းလိုက္တယ္ေနာ္ "

က်ိရန္ေကာက အသိေပးရင္း အေရွ႕ကေနေလၽွာက္တဲ့အခါ ရိေပၚက ေရွာင္က်န္႔နဲ႔ တန္းတူယွဥ္လ်က္..

သူ႔က်န္႔ေကာဘက္ပဲ လွည့္ၾကည့္မိေနတဲ့အခါ လမ္းတူတူေလၽွာက္ေနရတာ တကယ္ေတာ့ သိပ္အဆင္မေျပလွဘူး..

ရိေပၚက ဆံုးျဖတ္ခ်က္ခ်တယ္..
ကားေပၚျမန္ျမန္ေရာက္ ျမန္ျမန္ျပန္စိတ္ေကာက္မွ ျဖစ္မယ္..

လက္ကို လွမ္းဆြဲေတာ့ ေရွာင္က်န္႔က လူျမင္မွာစိုးလို႔ဆိုၿပီး ျငင္းလာတယ္..
တခါတေလ အဲဒီလူက သူ႔ထက္စိတ္ပူတတ္တာ သူကသိၿပီးသားမို႔ ရိေပၚက အထြန္႔မတက္မိေတာ့..

" က်စ္.. ရိေပၚ.. လာဦး "

" ဘာလို႔လဲ "

" သတင္းေထာက္ေတြေရာက္ေနတယ္ ထင္တယ္ "

က်ိရန္ေကာေဘးကို သြားရပ္ၾကည့္မိေတာ့ တကယ္ပဲ သူ႔ကားနားမွာ ဟိုနားတစ္စု ဒီနားတစ္စု...

တကယ္ေတာ့ မေန႔ကလႊင့္တဲ့ ဇာတ္လမ္းမွာ သူနဲ႔လ်န္းလ်န္းရဲ႕ နမ္းတဲ့အခန္းကို လႊင့္သြားတဲ့အျပင္ ရိုက္ကြင္းေနာက္က အထင္လြဲခ်င္စရာ ဗီဒီယိုတခ်ိဳ႕က လိုင္းေပၚပ်ံ႕လာခဲ့ျပန္တာမို႔ ဂယက္ရိုက္ေနမွန္းသိေပမယ့္ ဒီေလာက္ထိေတာ့ မထင္ထားတာအမွန္..

" ဒီေန႔ေၾကာ္ျငာရိုက္တာ မင္းတို႔ႏွစ္ေယာက္ တူတူမွန္းသိလို႔ တမင္လာၾကတာ ေနမွာ.. "

" အင္း.. "

" ရိေပၚ.. ဘာျဖစ္လို႔လဲ "

ရိေပၚပံုစံက အလိုမက်သလိုျဖစ္ေနတာမို႔ ေရွာင္က်န္႔က ေမးမိေပမယ့္ ဘာမွမဟုတ္ဘူးဆိုၿပီး ေခါင္းခါျပလာတယ္..
တခုခုမွန္း သိသာေနတဲ့အျဖစ္မွာ သူ႔ကိုဖံုးကြယ္ထားၿပီး ေဘးလူလို ဆက္ဆံခံလိုက္ရတဲ့အေနအထားေၾကာင့္ ေရွာင္က်န္႔က သူ႔ကိုယ္သူ ရွက္လာသလိုလို..

" ေဆာရီး .. "

" ဘာကို ေဆာရီးလဲ..သြားမယ္ လာ "

လက္ကိုဆြဲၿပီး ရိေပၚကေခၚေတာ့ သူမျငင္းျဖစ္ေတာ့..
တံခါးနားေရာက္လာေတာ့ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ ေရွာင္က်န္႔က ေယာင္ျပီးေနာက္ဆုတ္မိတယ္..
ဆယ္ေယာက္ထက္မနည္းတဲ့ လူေတြက တံခါးဝနားမွာစုျပံဳေနတာကို ၾကည့္ၿပီး သူ လန္႔လာတယ္..

အကုန္လံုးရဲ႕ အာရံုက ရိေပၚဆီမွာျဖစ္တာမို႔ သူ႔ရဲ႕ ေခၽြးေစးေတြျပန္လာတဲ့လက္ကို ဆြဲရုန္းရေသးတာ ..

" ရိေပၚ.. ေကာမလိုက္ေတာ့ဘူး.. "

" ဟင္.. ခဏေလးပါ ေကာရဲ႕.. ကားက နီးနီးေလးတင္ရပ္ထားတာ "

" ဟင့္အင္း.. "

" ကၽြန္ေတာ္ရွိတယ္ေလ ေနာ္.. ေလးငါးလွမ္းဆိုေရာက္ၿပီေလ "

" ဟင့္အင္း.. ငါ.. "

ေျပာရင္းဆိုရင္း တေရြ႕ေရြ႕ပါလာတာနဲ႔အမ် နီးလာတဲ့ လူအုပ္ကိုၾကည့္ရင္း ေရွာင္က်န္႔က အသက္ရႉေတြျမန္ျမန္လာတယ္...
ကိုယ့္စိတ္ရဲ႕ ခံႏိုင္ရည္ကို ကိုယ္ပဲသိတာမို႔ ရိေပၚစကားေတြလဲ ေခါင္းထဲမဝင္ေတာ့..

" ျပန္လာေခၚေလေနာ္.. ေကာေစာင့္ေနမယ္ "

" ေကာကလဲကြာ.. ဒါဆို အေပၚကပဲထြက္ေတာ့မယ္"

" ရိေပၚ.. ျမန္ျမန္.. ခဏေနရင္ လ်န္းလ်န္းလဲ ဒီကထြက္လာေတာ့မွာ .. "

ဝင္ေျပာတဲ့က်ိရန္စကားမွာ လ်န္းလ်န္းဆိုတာပါလာေတာ့ ရိေပၚက သူ႔ကို အားနာသလို ငဲ့ၾကည့္လာေလရဲ႕ ..
ယံုၾကည္ေပးပါဆိုလို႔ ယံုေပးထားၿပီပဲ..
ရိေပၚက သူ႔ကိုေၾကာက္မေနေတာ့ရင္ေကာင္းမယ္..
မဟုတ္ရင္ သူက ေရာင့္တက္မိမွာ..

" သြားေတာ့.. ေကာ ရတယ္ "

ေျပာရင္း ေထာင့္ခ်ိဳးကခံုမွာ ထိုင္ခ်ပစ္တဲ့အခါ ရိေပၚက စိတ္မခ်သလိုမ်ိဳး သက္ျပင္းေတြခ်ေလရဲ႕..

ရိေပၚက မသိလို႔ေနမွာ..
တေျဖးေျဖးေဝးသြားတဲ့ ေကာင္ေလးကို မ်က္စိတဆံုးထိလိုက္ေငးရတာလဲ ခ်စ္ျခင္းတမ်ိဳးပဲဆိုတာကိုေပါ့.. ။

ေနာက္ထပ္ေရာက္လာမယ့္သူကို မ်က္ႏွာခ်င္းမဆိုင္ခ်င္တဲ့အခါ ေရွာင္က်န္႔က အေပၚကိုျပန္တက္ခဲ့တယ္..
မ်က္ႏွာစာဝင္ေပါက္ကို လွမ္းၾကည့္တဲ့အခါ ခပ္ငယ္ငယ္ေကာင္မေလးေတြက ဟိုတစု ဒီတစုမို႔ လူရွင္းတဲ့ ေဘးေပါက္ကေနထြက္ရင္း ေလွကားနားမွာ ထိုင္ရတယ္...

ညေန မေရာက္ေသးေပမယ့္ ေကာင္းကင္က ညိဳမွိုင္းေနတာမို႔ ေလေတြက စိမ့္ၿပီးေအးေနတယ္..
ရာသီဥတုက ေဆးလိပ္ေသာက္ခ်င္စိတ္ကို တြန္းပို႔ေနတာမို႔ အိတ္ထဲလက္ႏွိုက္မိေပမယ့္ တဒီးဒီးတုန္ေနတဲ့ ဖုန္းဆီ လက္ကအရင္ေရာက္သြားေလရဲ႕..

" ေကာ.. ဘယ္မွာလဲ "

တဖက္ျခမ္းကေန ခပ္ဆတ္ဆတ္ထြက္လာတဲ့ ရိေပၚအသံကို ျပန္ေျဖရင္း ေရွာင္က်န္႔က တဖက္ကလဲ ေဆးလိပ္မီးညႇိရေသးတာ..

" အခုလာေခၚမယ္.. ဖုန္းမခ်နဲ႔ "

ရိေပၚက ေနာက္ပိုင္း ပိုင္စိုးပိုင္နင္း သိပ္လုပ္ခ်င္လာတယ္..
တိတိက်က်ေျပာရရင္ေတာ့ က်ဲမရွိေတာ့တဲ့ေနာက္ပိုင္းကစတယ္..
က်န္းခ်န္အိမ္မွာ အိပ္တဲ့ညတိုင္း မအိပ္မခ်င္းဖုန္းဆက္ၿပီး အခုဘာလုပ္ေနလဲ ဆိုတာကို စကၠန္႔မလပ္ေမးေနရာကေန ဒီအက်င့္ စရသြားတယ္ထင္တာပဲ..

အဲဒီလိုနဲ႔ စကားမေျပာျဖစ္ဘဲ ရိေပၚရဲ႕ အသက္ရႈသံခပ္မၽွင္းမၽွင္းကို နားေထာင္လိုက္ ေဆးလိပ္ဖြာလိုက္နဲ႔ အခ်ိန္ေတြက ရြရြေလး ကုန္ဆံုးလာတာ တလိပ္ကုန္လို႔ မီးေသသြားတဲ့အထိ..

" ကၽြန္ေတာ္တို႔ ေရာက္ေနၿပီ.. ေကာ ဒီမွာ "

" .... "

" လမ္းဒီဘက္ျခမ္းမွာ.. ေကာရဲ႕ဘယ္ဘက္.. ေတြ႕လား "

" အင္း "

ရိေပၚေျပာတဲ့အတိုင္းမ်က္စိကစားမိတဲ့အခါ ခုနကထြက္သြားခဲ့တဲ့ ဗင္န္ကားအနက္က ခပ္လွမ္းလွမ္းမွာ ရပ္လို႔..

" ေကာ.. လမ္းကူးလာလိုက္ေနာ္.. ရလား "

" .... အင္း... ရိေပၚ "

" ဗ်ာ.. "

" ဖုန္းမခ်နဲ႔ေနာ္ "

" အင္းေကာ.. ျမန္ျမန္လာေနာ္ "

ျမန္ျမန္ဆိုတဲ့အတိုင္း ခ်က္ခ်င္းထရပ္မိေပမယ့္ လွမ္းရမယ့္ အကြာအေဝးကို ၾကည့္ၿပီး လူက အသက္ဝဝအရင္ရႉရတယ္...
ေလွကားေပၚက ဆင္းၿပီးပလက္ေဖာင္းေပၚေရာက္တဲ့အထိ တစ္ႏွစ္သံုးေလး ရြတ္ရင္းေလၽွာက္တဲ့အခါ အဆင္ေျပေနတုန္း..

" ေကာ.. မ်ဥ္းၾကားက ကူးေနာ္ "

" အင္း.. "

ရိေပၚေျပာတဲ့ မ်ဥ္းၾကားက ခပ္လွမ္းလွမ္းမွာ..
ေျခလွမ္းမွန္မွန္ေလၽွာက္ဖို႔ႀကိဳးစားရင္း..
ဖုန္းထဲက ရိေပၚ အသက္ရႉသံကိုပဲ အာရံုစိုက္ရင္း.. ေဘးကျဖတ္သြားတဲ့ သူေတြကို ဥေပကၡာျပဳဖို႔ႀကိဳးစားရတယ္..

ေရွာင္က်န္႔ရဲ႕ ဆိုက္ကုိေတြထဲ လူေတြက သူ႔ကိုပဲ အာရံုစိုက္ၾကည့္ေနတယ္လို႔ အလိုလိုထင္ေနတဲ့အခ်က္က အခုထိ ဒုကၡေပးေနတုန္း..

မ်ဥ္ၾကားထိပ္မွာ ရပ္မိတဲ့အခါ ကားေတြက မရပ္မတန္႔ သြားေနတာကို ျမင္တယ္...
ပတ္ဝန္းက်င္ကို ေဝ့ဝဲၾကည့္ရင္း သူ႔နားလူေတြေရာက္မလာပါေစနဲ႔ လို႔ဆုေတာင္းေနရတဲ့အျဖစ္က မြန္းက်ပ္က်ပ္..
သူ႔လိုမ်ိဳး ရပ္ေစာင့္တဲ့သူေတြ တိုးလာမလားဆိုတဲ့စိတ္နဲ႔လဲ သူ႔ အာေခါင္ေတြေျခာက္လာတယ္..

၈၈
.. ၈၇
.... ၈၆
စကၠန္႔ ၉၀ က ၾကာလြန္းတာလား..
လူေတြကပဲ ျမန္လြန္းတာလား..
သူ မသိေတာ့..

" ေကာ.. ေနာက္ျပန္ဆုတ္ !! ေရွာင္က်န္႔ !! "

ထိတ္ခနဲအသိက ရိေပၚရဲ႕ ေဆာင့္ေအာ္သံနဲ႔အတူ ျပန္ကပ္တယ္..
ကမန္းကတန္းေနာက္ဆုတ္မိလိုက္တဲ့အခါ လူေတြကို မထိေအာင္ေရွာင္ရင္း လမ္းမေပၚေျခခ်မိသြားတဲ့ သူ႔အျဖစ္သူ နားလည္လိုက္တယ္..
ဝီးခနဲျဖတ္သြားတဲ့ကားနဲ႔အတူ မလွမ္မကမ္းက လူေတြရဲ႕အၾကည့္ေတြ သူဆီေရာက္လာတဲ့အခါ ေနာက္ကိုဆုတ္လို႔ အသက္ေအာင့္ထားမိတယ္..

ျဖစ္ႏိုင္ရင္ သူ ေနာက္လွည့္ေျပးခ်င္ေနၿပီ..
ဒါေပမယ့္ ရိေပၚက သူ႔ကို ေစာင့္ေနတာမို႔..

" ေကာ! .. က်န္႔ေကာ.. ရလား.. "

" အင္း.. အင္း.. "

" မီးစိမ္းမွ ကူးရမွာ..ေကာရဲ႕. "

ဒါကို သူ မသိစရာလား..

မသိစိတ္ေတြက ပိုေၾကာက္ဖို႔ေကာင္းတယ္ဆိုတာ ရိေပၚကပဲ မသိတာ ေနမွာပါ..။

" ေကာ.. "

ကားေပၚတက္တက္ခ်င္းမွာပဲ ေရွာင္က်န္႔က ေနာက္ဆံုးခံုထိ တန္းေရာက္သြားရျခင္းက ေဆာင့္ဆြဲခံလိုက္ရလို႔ဆိုတာ အမွန္ပဲ..

သူ႔ကို ေထာင့္ဘက္ထိုးထည့္ရင္း ပိတ္ထိုင္တဲ့ရိေပၚက ေနရာက်က်ခ်င္း တကိုယ္လံုးကို စုန္ဆန္ၾကည့္ေသးတ..

" ေကာ... အဆင္ေျပရဲ႕လား "

" အင္း.. "

ေခါင္းညိတ္ရင္းျပံဳးျပလာတဲ့ သူ႔က်န္႔ေကာမ်က္ႏွာက ခပ္ႏြမ္းႏြမ္းျဖစ္ေနတဲ့ အျပင္ နဖူးမွာေခၽြးေစးေတြနဲ႔ ..
တဒိတ္ဒိတ္အခုန္ျမန္ေနတဲ့ ရင္ဘတ္ကို ဖက္ထားတဲ့လက္ကတဆင့္ သူခံစားေနရျပန္တာမို႔..

" က်န္႔ေကာ.. ေဆးဘူးေရာ "

" က်န္ခဲ့တယ္.. "

" ေကာ..ရလား.. ျဖစ္ရဲ႕လား "

" အင္း.. မင္းရွိတာပဲ "

လွိုက္ခနဲျဖစ္လာတဲ့ စိတ္ေၾကာင့္ ဘာမွမတုန္႔ျပန္ႏိုင္ခင္ က်န္႔ေကာက သူ႔ပုခံုးေပၚ မ်က္ႏွာအပ္ရင္း လူကိုပါတိုးဖက္လာတယ္..
ျဖစ္ေတာင့္ျဖစ္ခဲ လုပ္ရပ္မို႔ ရိေပၚက ကိုယ္ေလးေတာင့္သြားရင္း သူ႔က်န္႔ေကာ မွီရအဆင္ေျပေအာင္ အေနအထားေသခ်ာျပင္မိေသးတာ...

" ေကာ ခဏအိပ္လို႔ရလား "

" အင္း.. အိပ္ေနာ္.. အိပ္.. ကၽြတ္စ္ ကၽြတ္စ္ "

ကေလးသိပ္သလို ေခ်ာ့မိတဲ့အခါ ရင္ခြင္ထဲက သူ႔က်န္႔ေကာက တလႈပ္လႈပ္နဲ႔ထရယ္တယ္..
မခ်င့္မရဲနဲ႔ ဖ်စ္ညႇစ္မိတာေတာင္ ရယ္တာက မရပ္သြားတာမို႔ ရိေပၚက ရွက္ရမ္းရမ္းခ်င္လာတယ္..

" မရယ္နဲ႔.. အိပ္ေလဗ်ာ "

" ကေလးက လူႀကီးလုပ္ေနတာကို "

" မအိပ္ရင္ စိတ္ေကာက္ထားတဲ့အေႂကြး ဆက္ၿပီးယူမွာေနာ္ "

" အာ.. အိပ္ၿပီ အိပ္ၿပီ "

" ၿပီးေရာ.. အိပ္ေတာ့.. ကၽြတ္စ္ ကၽြတ္စ္ "

" .... "

ရယ္ျမဴးရိပ္ေတြနဲ႔ စကားသံေၾကာင့္ ရိေပၚ တမင္လုပ္ေနမွန္း သိေပမယ့္ ေရွာင္က်န္႔က မထိန္းႏိုင္ပဲ ႀကိတ္ရယ္မိတုန္း...

" ရယ္ျပန္ၿပီ ေကာရာ.. ဖင္ပုတ္ၿပီး သိပ္ရမွာလားေျပာ "

" ရိေပၚ !! "

" အဲဒါဆို.. အိပ္ေတာ့.. ကၽြတ္စ္ ကၽြတ္စ္ ကၽြတ္စ္ "

ဂ်စ္ႏိုင္လြန္းတဲ့ဟာေလးကို စိတ္ေပါက္ေပါက္နဲ႔ မွီထားတဲ့ ပုခံုးနဲ႔ လည္ပင္းေတြကိုကိုက္မိတဲ့အခါ အသံေတြက ခ်က္ခ်င္းတိတ္သြားျပန္တယ္..
ဘာလို႔လဲဆိုၿပီး ေမာ့ၾကည့္မိတဲ့အခါ ခပ္စူးစူးမ်က္ဝန္းေတြနဲ႔ဆံုေလရဲ႕ ..

" ေကာ.. ထပ္ကိုက္.. "

" ဟမ္.. "

" လုပ္ေပးလို႔ .. ဟိုေကာင္ ေဟာက္ရႊမ္းကို ျပန္ႂကြားမလို႔ "

က်ိရန္ကို လွမ္းခိုးၾကည့္ၿပီး ေလသံခပ္တိုးတိုးေလးနဲ႔ ငံု႔ၿပီး အတင္းေျပာလာတဲ့ မ်က္ႏွာေလးက ကေလးေပါက္စလိုမ်ိဳး..

" ကၽြန္ေတာ္ကေတာ့ ၾကယ္သီးႏွစ္လံုးမကဘူး.. ေကာကိုဆို အကုန္ျဖဳတ္ေပးမွာမို႔ ... လုပ္ေပးေနာ္ "

" .... "

" မလုပ္တတ္ရင္ အစမ္းျပမယ္..လာ "

" ဝမ္ရိေပၚ.. ဖယ္စမ္း !! "

ဘယ္နားမွ ကေလး မေနဘူး..
ဝမ္ရိေပၚက အနၲရာယ္ေကာင္ေလး..။

.

.

.

လက္သည္းေတြကိုက္ရင္း ေျခေထာက္ကို တလႈပ္လႈပ္ လုပ္ေနတဲ့ က်န္းခ်န္ရဲ႕ပံုစံက စိတ္လႈပ္ရွားေနတယ္ဆိုတာကို ျပတယ္..

မၾကာခင္ ေဆြးေႏြးခန္းထဲက ထြက္လာမယ့္ က်န္႔ေကာရဲ႕အေျခအေနကို ႀကိဳေတာ့ေတြးထားေပမယ့္ က်ဲမရွိတဲ့အခ်ိန္မို႔ မကိုင္တြယ္ႏိုင္မွာကိုလဲ သူ ေၾကာက္ရျပန္တယ္..

ဟန္ေကာရွိတယ္ဆိုေပမယ့္လဲ က်န္႔ေကာ နဲ႔က ထိေတြ႕ေလာက္တဲ့ထိ ရင္းႏွီးမႈမဟုတ္..၊

အေတြးေပါက္လာေလေလ က်န္႔ေကာကို ဆြဲထိုးခ်င္လာေလေလပဲ..
အကင္းအရွင္း ေပ်ာက္ႏိုင္တဲ့ ေရာဂါမဟုတ္မွန္း သိသိႀကီးနဲ႔ ဘယ္အေျခအေနထိေရွာင္က်န္႔က လိုခ်င္ေနမွန္းကို စဥ္းစားမရ..

ဒီတိုင္းဆက္ေနသြားလဲ ၿငိဳျငင္မယ့္သူ မရွိတဲ့ အေရးမွာ ေရွာင္က်န္႔က ေခါင္းမာလြန္းေနတာ မဟုတ္ဘူးလား..
ဒါေတြကို သူေျပာျပတဲ့အခါ တေခါက္ေတာ့လုပ္ၾကည့္မယ္ဆိုတဲ့ အေျပာေၾကာင့္ risk မ်ားလြန္းတဲ့ ဒီကုသမႈကို သူ လက္ခံလိုက္ရၿပီး ကိုယ္တိုင္လိုက္ေစာင့္ေနရတဲ့ အျဖစ္ကိုေရာက္တယ္..

တံခါးဖြင့္သံကိုၾကားေတာ့ သူ အလိုိလိုထရပ္မိတယ္..
ေခါင္းညိတ္ျပလာတဲ့ ဟန္ေကာကို ေက်ာ္ၿပီး အခန္းထဲဝင္ေတာ့ ျဖဴေဖ်ာ့ေနတဲ့ ေရွာင္က်န္႔က ခံုေပၚမွာထိုင္လို႔ အရူးလိုျပံဳးျပေနေသးတာ..

" အိမ္ျပန္ရေအာင္ "

ပံုမွန္ဆို အကူအညီေတာင္းဖို႔ေတာင္ ေခါင္းမာလြန္းတဲ့သူက အခုေတာ့ သူ႔လက္ကိုဆန္႔ေပးေတာ့မွ အားယူၿပီးထလာတယ္..
ထြက္လာခါနီး ဟန္ေကာကိုၾကည့္ရင္း ဖုန္းဆက္မယ္ဆိုတာ အသိေပးရတယ္..

ကားေပၚမွေတာက္ေလၽွာက္အိပ္ၿပီး ပါလာတဲ့ က်န္႔ေကာကို သူ႔အိမ္ကိုပဲ ေခၚသြားဖို႔ က်န္းခ်န္က ဆံုးျဖတ္ေတာ့ ဘာမွျပန္မေျပာ...
အိမ္ေရာက္တာနဲ႔ ထိုးအိပ္ဖို႔ ျပင္တဲ့က်န္႔ေကာကို ဟန္ေကာေပးလိုက္တဲ့ ေဆးေတြတိုက္ၿပီးမွ အိပ္ခိုင္းေတာ့လဲ စကားနားေထာင္တာပါပဲ..

ညနက္ေတာ့ ဟန္ေကာကို ဖုန္းဆက္ရင္း အေျခအေနကိုေမးမိေတာ့ ထံုးစံအတိုင္း ..
ေစာင့္ၾကည့္ရင္း ဒီကုထံုးကို ဆက္လုပ္မလုပ္ တိုင္ပင္ဖို႔ေျပာလာတာမို႔ က်ဲကိုလဲ တစ္ခါထဲ လွမ္းအသိေပးရျပန္တယ္..

သူတို႔ေမာင္ႏွမႏွစ္ေယာက္ရဲ႕ ဟိုဟိုဒီဒီေျပာၾကတဲ့ စကားေတြက က်န္႔ေကာနဲ႔ပဲစၿပီး က်န္႔ေကာနဲ႔ပဲဆံုးတာ ေတြးၾကည့္ရင္ေတာ့ ရယ္ခ်င္စရာေကာင္းတယ္
စိတ္ပူတတ္လြန္းတဲ့ က်ဲကို အိပ္ေနတဲ့ က်န္႔ေကာပံု ကိုရိုက္ပို႔ၿပီး သူ ဂရုစိုက္ထားပါေၾကာင္း သက္ေသကျပရေသးျပန္တာ..

ဒီအက်င့္ေတြအားလံုး ဘယ္ကစလဲဆို ဟိုးနယ္ၿမိဳ႕ေလးမွာတုန္းက က်န္းလီက်ဲလိုမ်ိဳး သူ႔ကို အားခ်န္လို႔ လိုက္ေခၚတတ္တဲ့ ေရွာင္က်န္႔ဆီက စတယ္လို႔ သူေျဖရမွာပါပဲ... ။

.

.

.

" ေကာ.. ကၽြန္ေတာ္ရံုးသြားေတာ့မယ္.. စားပြဲေပၚမွာ မနက္စာျပင္ထားတယ္.. မေအးခင္စား.. .. ေဆးပါတခါထဲေသာက္ေနာ္ "

" အင္း.. တံခါးပိတ္ခဲ့ေပး "

လူက အင္းလိုက္ရေပမယ့္ တကယ္တမ္းက် သူ မ်က္လံုးေတြမဖြင့္ႏိုင္ေသး...
မေန႔က ကုထံုးအရွိန္နဲ႔ ပင္ပန္းၿပီး အိပ္ေပ်ာ္မယ္ထင္ခဲ့ေပမယ့္ လန္႔လန္႔ႏိုးတာ သံုးေလးေခါက္မက..

က်န္းခ်န္ထြက္သြားတာသိေပမယ့္ သူ မထႏိုင္ေသးဘဲ ျပန္အိပ္ေပ်ာ္သြားခဲ့ျပန္တယ္..
မျဖစ္မေနထရျခင္းအေၾကာင္းကေတာ့ ခဏအၾကာမွာပဲ အဆက္မျပတ္ျမည္လာတဲ့ တံခါးဘဲလ္သံေၾကာင့္ျဖစ္ျပန္တယ္..

" ရိေပၚ.. "

သူ႔ကိုေက်ာ္ၿပီး ဝင္သြားတဲ့ရိေပၚက ဆိုဖာမွာထိုင္လို႔ လက္ပိုက္ရင္း စိုက္ၾကည့္လာတယ္..
ၾကည္သာေနတဲ့ အေျခအေနမ်ိဳးမဟုတ္မွန္းသိေပမယ့္ ေလာေလာဆယ္ေတာ့ သူအေျဖမထုတ္ႏိုင္ေသးတာမို႔ ဥေပကၡာျပဳရတယ္..
မဟုတ္လဲ ရိေပၚက ကိစၥေသးေသးေလးေတြနဲ႔ ေကာက္ေနက် မဟုတ္လား..

" ခဏေလး.. ေကာ မ်က္ႏွာသစ္ဦးမယ္.."

ေနာက္က တေကာက္ေကာက္လိုက္လာတဲ့ေကာင္ေလးက အိပ္ခန္းထဲထိေပမယ့္ ေရွာင္က်န္႔က ျငင္းဖို႔ရာ အားမရွိျပန္ဘူး..
ထမင္းစားပြဲမွာ ထိုင္ရင္း က်န္းခ်န္လုပ္ေပးခဲ့တဲ့ ထမင္းေၾကာ္ကို ပန္းကန္ေနာက္တခ်ပ္ထဲခြဲထည့္ရင္း ေဆးေတြကို ရိေပၚမျမင္ေအာင္ သိမ္းရေသးရဲ႕..

" ေျပာ.. "

" ဟင္.. ဘာကိုလဲ ကေလး "

" ညကတညလံုး စာလဲမလာ ဖုန္းလဲ မကိုင္တဲ့အေၾကာင္းရင္း... "

" အင္း... ေကာ ဖုန္းအားကုန္သြားလို႔ "

" ဒါပဲလား.. "

" အင္းေလ.. "

လက္ထဲကဇြန္းကို ေဆာင့္ခ်လို႔ ရိေပၚက မေက်နပ္ေၾကာင္းျပတယ္..
သူ႔ကိုလွည့္ၾကည့္မလာဘဲ မ်က္ေမွာင္တခ်က္ၾကံဳ႕ၿပီး ထမင္းဆက္စားေနတဲ့ ေရွာင္က်န္႔က အရင္ကလိုမဟုတ္ေတာ့ဘူးလို႔ ရိေပၚကေတြးတယ္..
ဆက္ရစ္လို႔မရေအာင္ စကားကို တံုးတိျဖတ္ခ်သြားပံုက တညလံုး ထိုင္မရ ထမရနဲ႔ ရင္ထဲပူေနခဲ့တဲ့ ဝမ္ရိေပၚကို ေလွာင္လိုက္သလိုမ်ိဳး..

ၿပီးေတာ့ ဖုန္းပိတ္ထားတာဟုတ္မဟုတ္ဆိုတာ ေဝခြဲမရေလာက္တဲ့ထိ ဝမ္ရိေပၚက တံုးမေနဘူးဆိုတာ ေရွာင္က်န္႔ ႀကိဳေတြးထားသင့္တယ္ မဟုတ္ဘူးလား..

" မစားဘူးလား.. "

" အိပ္လဲေပ်ာ္ စားလဲဝင္ႏိုင္တဲ့သူပဲစား.. "

" မင္း ဘာျဖစ္ေနတာလဲ.. ငါမစားေတာ့ရင္ ရၿပီမလား ေျပာ "

ေဒါသစိတ္က ဆစ္ခနဲေလာင္တယ္..
သူ႔အမွားကေန ကိုယ့္အမွားျဖစ္ေအာင္ တမင္တကာရြဲ႕လုပ္ေနတဲ့ ေရွာင္က်န္႔ကို ဆြဲေဆာင့္ၿပီး လုပ္ပစ္ခ်င္ေနၿပီ..

အသံတိတ္ စစ္ပြဲေတြ မစခ်င္ဘူး..
ဇြန္းကို ပစ္ခ် ေရဘူးတဘူး ယူၿပီး ဧည့္ခန္းမွာ ငုတ္တုတ္သြားထိုင္ေနတဲ့ ေရွာင္က်န္႔နားလဲ မသြားခ်င္ဘူး..
အဲဒီလူက သူ႔ရင္ထဲက ပူေလာင္မႈေတြကို မျမင္ဘူးလား..

တိတ္ဆိတ္ျခင္းကို ၿဖိဳခြဲတဲ့အသံက ေရွာင္က်န္႔အိပ္ခဲ့တဲ့ အခန္းကလာတယ္..
အထင္မွားစရာမရွိပါဘူး..
ဖုန္းလာေနတာမွန္း အသိသာႀကီး..

ဝင္သြားတာၾကာလို႔ ျပန္မထြက္လာတဲ့အခါ ရိေပၚက သံသယဝင္ခ်င္လာတယ္...
ဘယ္သူ႔ဖုန္းမို႔လို႔ အျပင္ထြက္မလာရတာလဲ ဆိုတဲ့အေတြးက ထပ္ႏွိပ္စက္လာတယ္..

အခန္းဆီ လွမ္းမိတဲ့ေျခလွမ္းေတြက ျပန္ထြက္လာတဲ့ ေရွာင္က်န္႔နဲ႔ လမ္းတဝက္မွာဆံုတဲ့ အခါ လက္ထဲက ဖုန္းကို ရိေပၚၾကည့္မိတာ တစိုက္မတ္မတ္..

" ျပ.. "

" ဘာကိုလဲ... ရိေပၚ ! "

ဆြဲလုဖို႔ျပင္တဲ့အခါ ေရွာင္က်န္႔က ေနာက္ကိုယို႔လို႔ ေရွာင္ထြက္တယ္..
အလိုမက်စိတ္ကတိုးလာတဲ့အခါ ရိေပၚက ဇြတ္တရြတ္ႏိုင္ေနတာကိုလဲ မရပ္ႏိုင္ေတာ့..

" ေရွာင္က်န္ ! ျပစမ္းပါ "

" ရိေပၚ.. မင္း ဘာျဖစ္ေနတာလဲ "

" ခင္ဗ်ား မဟုတ္တာမလုပ္ထားရင္ေပးေလ "

" ငါ့ကိုအရမ္းမလုပ္နဲ႔.. ငါမႀကိဳက္ဘူး.. ဝမ္ရိေပၚ !! "

" ေတာက္ ! "

ေနာက္ဆုတ္မိတာ ရုတ္တရတ္ႀကီးမို႔လို႔ လန္႔သြားရံုေလး..
ဟန္ေကာနဲ႔ ေဆြးေႏြးေနတာ မသိေစခ်င္တာမွန္ေပမယ့္ ခါးခါးသီးသီး ျငင္းဖို႔လဲ သူ မေတြးထားတာအမွန္..
ဒါေပမယ့္ ဒီေကာင္ေလးက လြန္လြန္းတယ္..
အလိုလိုက္လြန္းလို႔ သူ႔ကို မယံုမၾကည္နဲ႔ ေစာ္ကားေနရဲတာ မဟုတ္ဘူးလား...

အားမရွိတဲ့ကိုယ္က ရိေပၚ ေဒါသတႀကီး ဆြဲလြဲသမၽွ ၿငိမ္ခံေနဖို႔ မဟုတ္ေပမယ့္ ရုန္းေနမိတာက ခ်က္ခ်င္းျဖစ္လာတဲ့ ကိုယ့္ခံယူခ်က္နဲ႔ကိုယ္..
သူ စိတ္ေရာလူေရာ အပင္ပန္းခံေနရတာ ဘယ္သူ႔ အတြက္မို႔လဲ..
မေရမရာတဲ့ အေၾကာင္းတစ္ခုနဲ႔ ရိေပၚက သူ႔ကို မယံုမၾကည္ျဖစ္ရေလာက္ေအာင္ ေရွာင္က်န္႔က ပစ္စလတ္ခတ္ ဘယ္ႏွခါမ်ား ေနခဲ့ဖူးလို႔လဲ..

မြန္းက်ပ္တယ္..
ပဋိပကၡေတြမွာ ေကာင္းတဲ့ရလဒ္ ဘယ္ေတာ့မွမရွိဘူး ..

" ေျပာ.. ခင္ဗ်ားေျပာ.. ဘယ္သူဆက္တာလဲ "

" ငါေျပာရင္ မင္းကယံုမွာလား "

" ယံုမယ္.. ယံုေပးမယ္ ေျပာ "

နံရံမွာ ကပ္ေနတဲ့ကိုယ္က ရိေပၚ ဆြဲဖိထားတဲ့ အက်ိဳးဆက္..
မလြဲတဲ့ အၾကည့္ေတြၾကား ဒီေကာင္ေလး ေျပာင္းလဲေနၿပီ ဆိုတဲ့ အေတြးဝင္လာတဲ့အခါ ရင္ဘတ္က ဆစ္ခနဲ..

" ငါ့မိတ္ေဆြ.. "

" ကၽြန္ေတာ့္ကိုျပ "

မလိုအပ္ဘဲနဲ႔ သံသယေတြမ်ားလြန္းေနတဲ့ ေကာင္ေလးကိုၾကည့္ရင္း ေရွာင္က်န္႔ ပင္ပန္းလာတယ္..

အရမ္းခ်စ္လြန္းရင္ အျပစ္ေတြျမင္တတ္လာတယ္ လို႔ သူေျပာဖူးပါတယ္..
အခု ရိေပၚ မ်က္ဝန္းေတြထဲမွာ သူ႔အတြက္ အခ်စ္ေတြမရွိဘူး..
အျပစ္ေတြခ်ည္း သက္သက္..

" မင္း.. ငါ့ကို မယံုပါဘူး "

" .... "

" ဒီလိုအေျခအေနမွာ ငါ ဘာမွမရွင္းျပခ်င္ဘူး "

" မဟုတ္တာ လုပ္ထားမွသာ ရွင္းျပဖို႔လိုတာ "

" ေအး.. မင္းထင္ခ်င္သလိုထင္ေတာ့ "

ေရွာင္က်န္႔က စိတ္ပ်က္လက္ပ်က္နဲ႔ ပုခံုးေပၚကလက္ေတြကို ဖယ္ခ်ၿပီး ထြက္သြားတယ္..
ေျခဆယ္လွမ္းေတာင္ မျပည့္တဲ့ေနရာမွာ အဲဒီလူ သြားထိုင္ေနတာေပမယ့္ ရိေပၚက ေက်ာခိုင္းထြက္သြားတယ္..

တံခါးပိတ္သံၾကားတဲ့အခါ ေရွာင္က်န္႔က တစ္ ႏွစ္ သံုး ေလး စေရတယ္..
ေထာင္ဂဏန္းေက်ာ္တဲ့ အထိ တံခါးဖြင့္သံမၾကားရေတာ့တဲ့ အျဖစ္မွာ သူ ျပံဳးမိတယ္ထင္တယ္ ..

အဲဒီေန႔က ေရွာင္က်န္႔ ေဆးေသာက္ဖို႔ ေမ့ခဲ့တယ္..

မဆက္ခ်င္ဘူးဆိုတာထက္ မျပတ္ခ်င္တာပါ..
ရိေပၚက သူ႔ကို အစြန္းထိ တြန္းမပို႔ရင္ေကာင္းမွာပဲ... ။

~~~~~~~~~~~

A/N

Haphephobia ( အထိအေတြ႕ေတြ ေၾကာက္တဲ့ စိတ္ေရာဂါ ) က လံုးဝေပ်ာက္ကင္းတယ္ဆိုတာမ်ိဳး မရွိပါဘူး...

ေရာဂါအဆင့္ေပၚလိုက္ၿပီး ကုထံုးေတြကလဲ အမ်ိဳးမ်ိဳးရွိပါတယ္..

မ်ားေသာအားျဖင့္ စိတ္လႈပ္ရွားတဲ့အခါ ေဆးေတြနဲ႔ပဲ ထိန္းၾကပါတယ္တဲ့..
ေရာဂါစျဖစ္ေစတဲ့ မူလအေၾကာင္းရင္းကို ျပန္ေဆြးေႏြးၾကတဲ့ treatment ေတြလဲရွိသလို Exposure therapy လို႔ေခၚတဲ့ ကိုယ္ေၾကာက္တဲ့ အေနအထားကို အျပင္ေလာကမွာ ေျဖးေျဖးခ်င္း ရင္ဆိုင္ရတဲ့ ကုထံုးေတြလဲရွိပါတယ္...
အဲဒီကုထံုးက ကၽြမ္းက်င္တဲ့ ဆရာဝန္နဲ႔လံုျခံဳတဲ့ ပတ္ဝန္းက်င္ ျဖစ္ဖို႔လိုပါတယ္..
( က်န္႔ေကာကို ဟန္ေကာက အျပင္မွာခ်ိန္းတယ္ ဆိုတာကိုေတာ့ ဒီအခ်က္က ယူပါတယ္ )

ေနာက္တခုကေတာ့ ေၾကာက္ရတဲ့ အရာေတြကို Imigination လုပ္ၿပီး ျပန္ေခၚၿပီး ရင္ဆိုင္ရတာပါ..
ဥပမာ ေျပာရရင္ လူေတြက လာထိေတာ့မယ္ဆိုတဲ့ အျဖစ္ကို စိတ္ခ်ရေအာင္ အဆင့္ဆင့္ပံုေဖာ္ရင္း လူနာကို အေတြးထဲမွာ ပံုေဖာ္ခိုင္းတာပါ ( ေသေတာ့မေသခ်ာပါဘူး.. အိပ္ေမြ႕ခ်တာမ်ိဳး ျဖစ္မယ္ထင္ပါတယ္ )
ဒီကုထံုးက Risk မ်ားသလို အေျခအေနေပၚမူတည္ၿပီး ေကာင္းက်ိဳးေတြလဲရႏိုင္ပါတယ္တဲ့..
(က်န္းခ်န္ ေစာင့္ေနခဲ့တဲ့အခ်ိန္မွာ က်န္႔ေကာက ဒီကုထံုးကို သံုးခဲ့တာပါ)

အခ်က္ေတြ အားလံုးကို google ကေန ref ယူပါတယ္..
လိုအပ္တာလဲ ရွိႏိုင္ပါတယ္ေနာ္..
မွားခဲ့ရင္လဲ ျပန္ျပင္ေပးေစခ်င္ပါတယ္ေနာ္..

#အိမ္မွာေနၾကပါေနာ္

( Unicode )

ဒီနေ့ရာသီဥတုက ဘယ်လိုရှိလဲ ရှောင်ကျန့်မသိ..
အိမ်ကထွက်လာထဲက လှုပ်ရှားနေတဲ့စိတ်ကို တည်ငြိမ်အောင်ဘယ်လိုလုပ်သင့်လဲဆိုတာကိုပဲ သူက အတွေးများနေခဲ့တာမို့ ထင်တယ်..

" ကော.. တကယ်ဖြစ်တယ်နော် "

" အင်း.. ဖြစ်ပါတယ်ဆို "

ကျန်းချန် စိတ်မပူရအောင် ပြောလိုက်ပေမယ့် သူကိုယ်တိုင်လဲ မဝံ့မရဲဖြစ်နေတာတော့အမှန်..

အရင်တပတ်က ဆွေးနွေးခဲ့တဲ့ session မွာ ဟန်ကောက ဒီတပတ်ကစပြီး အပြင်ကနေရာတွေမှာ တွေ့ကြည့်ကြဖို့ ပြောခဲ့တာမို့ သူ အခုစိတ်လှုပ်ရှားနေခဲ့တာ..
ဆိပ်ငြိမ်ရပ်ကွက်ထဲက လူသိပ္မရွိတဲ့ ဒီကော်ဖီဆိုင်က ဟန်ကောရွေးပေးထားတဲ့နေရာဖြစ်သလို ဒီတပတ်အတွက်ပဲ ရည်ညွှန်းတဲ့နေရာလဲဖြစ်ပြန်တယ်..

ကားပေါ်က ဆင်းပြီး ခြေလှမ်းဆယ်လှမ်းလောက် လျှောက်ရုံ.. ဆိုင်တံခါးဖွင့်ပြီး ထောင့်တထောင့်မှာ ငြိမ်ငြိမ်လေးထိုင်စောင့်ရုံလို့ ကိုယ့်ကိုယ်ကို အားတင်းထားပေမယ့် တယောက်ထဲဆိုတဲ့ အတွေးမှာ ရှောင်ကျန့်က မသိမသာ ပျော့ညံ့ချင်လာတယ်..
ဒါပေမယ့် သူ့ထက်စိုးရိမ်စိတ်များနေတဲ့ ကျန်းချန်ရဲ့ စိတ်မချသလိုအကြည့်တွေ အပြောတွေကြောင့် သူ မြိုသိပ်ထားမိပြန်တယ်..

" ကော.. ပြီးရင် ဖုန်းဆက်လိုက်နော်.. ကျွန်တော် ဒီနားက တဆိုင်ဆိုင်မှာ စောင့်နေမယ်.. ဒါပေမယ့် ဟန်ကောရောက်တာမြင်မှ ကျွန်တော်သွားမှာပါ "

" အင်းပါ.. ဒါဆို ငါဆင်းတော့မယ်နော် "

အရင်ကြိုရောက်နေဖို့ကလဲ သဘောတူညီမှုထဲကတစ်ခုဖြစ်တာကြောင့် ရှောင်ကျန့်က မလွဲမသွေ လုပ်ရမှာပါပဲ..

လှမ်းနေတဲ့ခြေလှမ်းတွေကို ရေတွက်ရင်း ရှောင်ကျန့်က အကျင့်ရနေသလို ဘေးဘီကို ဝေ့ကြည့်ဖြစ်တယ်..
မှန်တံခါးကိုဖွင့်တဲ့အခါ လူအနည်းစုရဲ့ အာရုံတွေက သူ့ဆီရောက်လာတာမို့ မသိမသာ အသက်အောင့်ထားမိတယ်ထင်တယ်..

ကောင်တာနောက်က ကောင်မလေးကို menu ထဲက တွေ့ရာ ဖျော်ရည်တခွက်လက်ညိုးထိုးပြလိုက်ပေမယ့် စိတ်က သက်တောင့်သက်သာရှိမနေခဲ့သေး..

" Take away လား ထိုင်သောက်မှာလား ရှင့် "

" Size ကေရာ ဘာယူမလဲအကို .."

" Topping ဘာအုပ်ဦးမလဲရှင့် "

ကျန်းလီကျဲတို့ သွားမှာနေကျကို မြင်ဖူးထားတာမို့ ကိစ္စရိုးရိုးလေးလို့ ထင်ခဲ့ပေမယ့် ဘာလို့ ဒီလောက်ခက်ခဲရတာလဲ..
ကျန်းချန်အပြင်မှာ ရှိသေးလားဆိုတဲ့အတွေးနဲ့အတူ ချက်ချင်းလှည့်ပြေးချင်စိတ်ကို သူ ထိန်းချုပ်ထားရတဲ့အခါ လက်ဖဝါးတွေထဲချွေးစေးတွေက စေးကပ်ကပ်..

" ဟို.. ရတယ်.. အဆင်ပြေသလို လုပ်ပါ "

ဇဝေဇဝါကြည့်လာတဲ့ ကောင်မလေးအကြည့်တွေကို မျက်နှာလွှဲရင်း ပိုက်ဆံရှင်းဖို့ကိုပဲ လောနေမိသေးတာ..
မဟုတ်ရင် ရှောင်ကျန့်က အကြည့်တွေကို တလွဲဘာသာပြန်တတ်လွန်းလို့..

ထောင့်စွန်းဝိုင်းမှာ နေရာယူပြီးတာ သေချာမှ ရှောင်ကျန့်က သက်ပြင်းဖွဖွချမိပြန်တယ်..
မှန်ချပ်တွေရဲ့ တဖက်ခြမ်းကိုကြည့်မိတော့ ကျန်းချန်ကားကို မြင်နေရတုန်း..
သူပြုံးမိတယ် ထင်တယ်..
ငါတယောက်ထဲ မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ တယောက်ထဲထိုင်နေရတဲ့အဖြစ်က အူကြောင်ကြောင်နိုင်ပေမယ့် သူ ခုနကထက်တော့ စိတ်အေးလာတာအမှန်..

ခဏကြာတော့ သူ့ရှေ့ ဟန်ကောရောက်လာတယ်..
အဆင်ပြေလားဆိုတဲ့ အမေးက သူ့အတွက်တော့ သမာရိုးကျမေးခွန်းမဟုတ်တာကြောင့် ဖြစ်ခဲ့တဲ့ စိတ်ခံစားမှု သေးသေးလေးတွေတိုင်းကို ရှောင်ကျန့်က ဖွင့်ဟရတယ်..

အသွေးအသားထဲက တုန်လှုပ်မှု တချို့တလေကတော့ စကားလုံးနဲ့ ဖော်ပြလို့နိုင်တာမျိုးမဟုတ်ဘူး..
ဒါကို သူပဲ နားလည်တယ်..

ဒီနေ့တော့ ဟန်ကောက သူ့ရောဂါရဲ့ အကြောင်းရင်းကိုမမေးဘဲ လက္ခဏာတွေအကြောင်း ခေါင်းစဉ်ပြောင်းတယ်...
ဒီမေးခွန်းကို ရှောင်ကျန့်က ဖြေဖို့ အချိန်တော်တော် ယူလိုက်ရတာအမှန်ပဲ...
ပြန်မြင်ယောင် ပြန်တွေးကြည့်ရတာနဲ့တင် သူ အလိုလို မောဟိုက်နေခဲ့တာ..

" တယောက်ယောက်နဲ့ထိမိပြီးရင် ထိမိတဲ့နေရာတွေက တဆစ်ဆစ်နဲ့ ပူတယ် မီးနဲ့အမြိုက်ခံနေရသလိုမျိုး.. ပြီးတော့ နာတယ် အရေပြားတွေက စပ်တယ်... "

" အင်း.. "

" တခါတေလဆို အန်ချင်တယ်.. တယောက်ယောက်နဲ့ မတော်တဆပဲဖြစ်ဖြစ် ကျွန်တော်သဘောမကျတဲ့ အခြေအနေမျိုးမှာ ထိခဲ့မိရင် ပြန်တွေးမိတိုင်း ပျို့တက်လာတာမျိုး.. ရင်ဘတ်ထဲက စူးအောင့်တတ်တာမျိုးတွေလဲ ဖြစ်တယ်.. "

" အင်း... ပြီးတော့ရှိသေးလား "

" ပြီးတော့.. ငိုချင်လာတယ်.. တခါတလေ အသက်ရှူကျပ်တယ်.. အင်း.. အဆိုးဆုံးက တော့ မေ့လဲသွားတာ "

အဆုံးသတ်မှာ တိုးဖျော့သွားတဲ့ အသံနဲ့အတူ ရှောင်ကျန့်က ခေါင်းငုံ့ချမိတယ်..
ကြိုသိထားပေမယ့် တကယ်တမ်းကျ နာကျင်မှုအလုံးစုံကို ရှင်းရှင်းဘွင်းဘွင်းကြီး ချပြနေရတာမျိုးကို သူအသားမကျသေးဘူး..
လုံးတီးနေနေရသလိုမျိုးခံစားနေရတာမို့... အခု သူ ရှက်နေတယ်..

" ကျန်းလီတို့နဲ့ဆိုရင်ရော.. "

" အင်း.. ကျွန်တော့ဘက်က စတဲ့ထိတွေ့မှုတွေဆို အဆင်ပြေပါတယ် .. ပြီးတော့ ကျဲတို့ကလဲ ကျွန်တော့်ကို သတိလက်လွတ် မထိမကိုင်ဘူး "

ရုတ်တရတ် ရိပေါ်ကို သတိရမိတော့ သူ အလိုလိုပြုံးမိသွားသေး..
ပူလောင်ပေမယ့် နာကျင်ပေမယ့် ရိပေါ်ဆိုတဲ့ အသိကိုသွင်းပြီး ရှောင်ကျန့် ကြိုးစားသည်းခံမိတဲ့အဖြစ်က မျက်နှာလိုက်တာများဖြစ်နေမလား မသိ..

" ဟန်ကော.. "

" ဟေ.. "

" ကော ကောင်မလေးစိတ်ကောက်ရင် ဘယ်လိုချော့လဲ "

" ဟမ်.. "

ကြောင်ကြည့်နေရင်း တော်တော်ကြာမှ ရှောင်ကျန့်က ရှက်ရကောင်းမှန်းသိတယ်..
ငါ့မှာ ကောင်မလေးမရှိဘူးဆိုတဲ့ အဖြေကြားတော့ ရှောင်ကျန့်က မေးခွန်းကိုပြောင်းတယ်..

" ဒါဆို ကော စိတ်ကောက်တယ်ပဲထားဗျာ.. ဟို.. ဘယ်လိုအချော့ခံချင်လဲ "

" ဟမ်.. "

" ဟို..ကျွန်တော်က .. "

ခပ်ပြုံးပြုံးကြည့်လာတဲ့ ဟန်ကောအကြည့်တွေကြား ရှောင်ကျန့်က လမ်းပျောက်တယ်.. ဘာဆက်ပြောရမှန်းမသိတော့တဲ့အခါ လည်ပင်းပွတ်လိုက် ခေါင်းငုံ့လိုက်နဲ့ ..

" ညီကျန့် ကောကို ပြောစရာတွေရှိဦးမယ်ထင်တယ်နော် "

" အာ..ကောကလဲ.. "

" .... "

" ဟို.. ကျန်းချန်ပါ.. ကျန်းချန် စိတ်ကောက်နေလို့.. "

ရှောင်ကျန့်က မသိချင်ယောင်ဆောင်ပြီး အ​အေးကို မော့သောက်တယ်..
လည်ပင်းတွေခြောက်လာသလိုပဲ..
လိမ်ပြီးရင် မပေါ်အောင် ဘယ်လိုနေရမှန်း သူ မကျွမ်းတာမို့ မသိချင်ယောင်ဆောင်ရင်းပဲ ဒီအခြေအနေကနေ ရှောင်ထွက်ဖို့ကြိုးစားမိတော့ ဟန်ကောက နားလည်သလိုပြုံးလာတယ်..

တခါတလေဆို ဟန်ကောက ကျန်းလီကျဲနဲ့ တူလွန်းတာ အမှန်ပဲ..

.

.

.

< ရိပေါ်.. ကောအိမ်ပြန်ရောက်ပြီ >

< အင်း >

< ရိပေါ်.. Rank 1 ချိတ်တယ်ဆို >

< မသိဘူး >

< မင်းကလဲ.. >

< ဘာလဲ >

< ဆောရီး.. >

< ဘာကိုဆောရီးလဲ မလိုဘူး >

< ရိပေါ် စိတ်မကြည်ရင် နောက်မှပြောရအောင်.. ကောအိပ်တော့မယ် >

< အိပ်ဗျာ.. အိပ်အိပ် >

လေးရက်ရှိပြီ..
ဒီစာတွေပို့ထားကြတာ လေးရက်ရှိပြီ..
အဲဒီနေ့ပြီးထဲက ရိပေါ်က သူ့ကို မဆက်သွယ်တော့တာ..
ကျိရန်ကိုမေးတော့လဲ ဘယ်ခရီးစဉ်မှမရှိတဲ့ ရိပေါ်က သူ့ဆီတမင်မရောက်လာတာမို့ ရှောင်ကျန့်ကို စိတ်ကောက်နေမှန်း သိသာနေခဲ့ပြီ မဟုတ်လား..

ဖြစ်စဉ်က အဲဒီနေ့က ရိပေါ်ရဲ့ ပြိုင်ပွဲကို ရှောင်ကျန့် သွားဖို့ငြင်းလိုက်မိရာကစတယ်..
Seasonal Racing Events တွေထဲ ဒီနှစ်အတွက် ရိပေါ် ပထမဆုံးပြိုင်တဲ့ပွဲမို့ သူ့ကိုရှိစေချင်ပါတယ်ဆိုပြီး စကားတွေနဲ့အမျိုးမျိုး လတ်မှတ်တွေအလကားပေးတာ အပါအဝင် နည်းပေါင်းစုံနဲ့ သူ့ကိုလာကြည့်ဖို့ ပူဆာခဲ့တာ..

ဒါပေမယ့် TV မှာမြင်နေကျ ပရိသတ်အရေအတွက်ကို ကြည့်ပြီး ရှောင်ကျန့်က ဝေခွဲမရဖြစ်ခဲ့ရာကနေ နောက်ဆုံး မသွားဖြစ်တဲ့ အခြေအနေကိုရောက်တယ်..
အပြင်မှာဆွေးနွေးကြည့်ဖို့ပြောလာတဲ့ ဟန်ကောကို သူလက်ခံလိုက်တဲ့ အဓိကအချက်က အဲဒီ ကိစ္စကြောင့်ဆိုရင်လဲ မမှား..

နောက်တခါ ရိပေါ် ထပ်ခေါ်ခဲ့ရင် သူက သတ္တိရှိရှိနဲ့ သွားကြည့်ချင်မိတဲ့စိတ်တွေပါပဲ..

စိတ်ကောက်နေတဲ့ ကောင်လေးကို ချော့ချင်ပါတယ်..
အတွေ့အကြုံဆိုလို့လဲ နှင်းတွေနစ်နေတဲ့ နယ်မြို့လေးဆီ လိုက်သွားဖူးတဲ့ တခေါက်ပဲရှိခဲ့တာမို့ ...

အင်း..သူ ရိပေါ်ကို လွမ်းတယ်.. ။

.

.

.

ဘယ်ဘက်စောင်းလိုက် ညာဘက်စောင်းလိုက် ခေါင်းလေးမော့လိုက် ခပ်ထေ့ထေ့ပြုံးလိုက်နဲ့ ကင်မရာရှေ့မှာ ဟန်လုပ်နေတဲ့ ရိပေါ်ကို ဒီတစ်ခါ ငေးရသူက ရှောင်ကျန့်..

" ကျန့်ကော.. နားနေခန်းဆီပြန်သွားမလား "

" မသွားတော့ပါဘူး.. ဒါနဲ့ ကျွန်တော် ဒီနားကကြည့်လို့ဖြစ်ရဲ့လား "

ဖြစ်တယ်ဆိုတဲ့အဖြေနဲ့အတူ ကျိရန်ကတော့ ခွင့်တောင်းရင်း ဟိုဘက်ခြမ်းကို ထွက်သွားလေရဲ့.
လူရှင်းတဲ့နေရာပေမယ့် ရိပေါ်ကို မြင်နိုင်တဲ့ထောင့်လေးမှာ ရှောင်ကျန့်ကရပ်ရင်း ငေးနေမိတာ..

ဘာလာလုပ်တာလဲဆိုရင်တော့ စိတ်ကောက်နေတဲ့ကလေးကို လာချော့ရတာ..
ကျိရန်ကို အကူအညီတောင်းပြီး ဘယ်မှာရှိနေလဲသိရသလို ကျန်းချန်ကလဲ စိတ်မချလို့ လိုက်ပို့ပေးရှာတယ်..

ဟန်ကောနဲ့ နှစ်ခေါက်လောက် အပြင်မှာ ဆွေးနွေးဖူးပေမယ့် တယောက်ထဲမလွှတ်နိုင်သေးဘူးဆိုတဲ့ ကျန်းချန်အပြောကို သူလဲ မငြင်းနိုင်သေးတာအမှန်ပဲ..။

ကြည့်နေရင် ရိပေါ် အလှည့်ပြီးသွားတဲ့အခါ ရှောင်ကျန့်ကပါ လှုပ်လှုပ်ရှားရှားဖြစ်ရတယ်..
ကင်မရာရှေ့မှာ တလှည့်ဝင်လာတဲ့သူကို ရှောင်ကျန့်က တချက်လှမ်းကြည့်ရင်း ထွက်လာတဲ့ ရိပေါ်ကိုပဲ အာရုံစိုက်လိုက်တယ် ..

ဝေ့ဝဲလာတဲ့ မျက်ဝန်းတစုံက သူ့ဘက်ရောက်လာတဲ့အခါ ရိပေါ်က အံ့ဩသွားသလိုမျိုး ရှောင်ကျန့်ကိုယ်တိုင်ကလဲ သတိအနေအထား ပြောင်းမိလေရဲ့..
ခေါင်းထဲ အတွေးတစ်စ ဝင်လာတယ်..
ရိပေါ်က သူ့ကို မသိချင်ယောင်ဆောင်သွားရင် သူဘာလုပ်ရမလဲ သိမှာမဟုတ်ဘူး..

ဒါပေမယ့် ရိပေါ်က သူ့ဆီတန်းတန်းမတ်မတ် လျှောက်လာခဲ့ပါတယ်..
အသံတိတ်ဖြေလျော့လိုက်ရတဲ့ သက်ပြင်းနဲ့အတူ ရှောင်ကျန့်က ပြုံးပြမိတဲ့အခါ အဲဒီကောင်လေးကတော့ မျက်မှောင်တွေကြုံ့လို့..

" ဘယ်ကိုလာတာလဲ.. "

" ရိပေါ်ဆီလာတာ.. "

"ဘယ်သူနဲ့လဲ "

" ကော တယောက်ထဲ.. ကျန်းချန်က လိုက်ပို့ပေးပြီး ပြန်သွားပြီ "

" ဘာလာလုပ်တာလဲ "

" ကလေးကို လာချော့တာ "

တခွန်းမေးမှ တခွန်းဖြေတဲ့ ရှောင်ကျန့်က ဘုရားစူး သူ့ကို လာချော့တာပါတဲ့..
မကျေလည်သေးတဲစိတ်က အပြစ်ပဲမြင်ချင်ပေမယ့် ဒီလူကို ဘယ်လောက်ထိ လွမ်းနေလဲဆိုတာ သူကိုယ်တိုင်ပဲသိတာ..

" ဒါဆို ချော့ "

" ဟင်.. ဒီမှာ ချော့ရမှာလား "

အဲဒီလူရဲ့ မေရမရာစကားကို ရိပေါ်က မရိုးမသားတွေးတယ်..
ဘာလုပ်မှာမို့လို့ ဒီမှာ မချော့နိုင်တာလဲဆိုတာထိ တွေးမိတဲ့အခါ အလိုက်မသိတဲ့ရင်ဘတ်က ဒိတ်ခနဲ..

" ချော့တာပဲ.. နေရာရွေးရဦးမှာလား "

" အင်း.. ရိပေါ်နားတဲ့အခန်းသွားမယ်လေ "

နေရင်းထိုင်ရင်းနဲ့ကို သူ ရင်တွေကြပ်လာသလိုပဲ..
ရှေ့ကဦးဆောင်လျှောက်တော့ အဲဒီလူကနောက်ကလိုက်လာလေရဲ့..
အခန်းထဲရောက်ရင် သူ လိုချင်တာမရမချင်းကောက်ဖို့ ရိပေါ်စိတ်ထဲမှာ တေးမှတ်ထားလိုက်တယ်..
ကံကောင်းထောက်မလို့ တယောက်မှ ရှိမနေပါစေနဲ့လို့လဲ အသည်းအသန် ဆုတောင်းရသေးတာ..

မပြည့်တဲ့ဆုတောင်းတွေထဲ ဒီတခါကတော့ ဝမ်ရိပေါ် ရင်အခံရဆုံး ဖြစ်မှာ သေချာတယ်..

ကျိရန်ကော အပါအဝင် သူ့ Team ကလူအကုန်လုံးက ရိပေါ်ထက်ကြိုရောက်နေတဲ့ အဖြစ်မှာ ရိပေါ်က စူပုတ်ချင်လာတယ်..
ထောင့်ကဆိုဖာဆီ ပစ်ထိုင်မိတော့ ရှောင်ကျန့်က သူ့ဘေးမှာကပ်လျက်..

ခဏနေတော့ ရိပေါ်လို့ ခေါ်သံနဲ့အတူ သူရှေ့ကို စတော်ဘယ်ရီမစ်ရှိတ်ဘူးလေး ရောက်လာတယ်..

"အဟမ်း..ကောကိုယ်တိုင် ဝယ်လာတာ.. သောက်နော် "

လက်စသတ်တော့ ဒါကိုတိုက်ချင်လို့ ဒီမှာချော့မယ်လို့ပြောတဲ့ ရှောင်ကျန့်စကားကို ရိပေါ်က ဘုမသိဘမသိရင်ခုန်ခဲ့တာ ဖြစ်နေတာပေါ့...
တခန်းလုံးပတ်ကြည့်မိတော့လဲ ကိုယ်စီရောင်စုံအအေးဘူးတွေနဲ့..

" ကျွန်တော့်ကို လာချော့တာလား.. သူတို့ကိုလာချော့တာလား "

" ရိပေါ်ကလဲ.. တယောက်ထဲအတွက် ဝယ်လာရင် မကောင်းဘူးလေ "

" မသိဘူး.. လုပ်ချင်တာလုပ် "

ကိုယ်တိုင်ကတော့ လုပ်ချင်တာ မလုပ်ရတဲ့အခါ နေရင်းထိုင်ရင်းကို စိတ်တွေကတိုနေမိတဲ့ အဖြစ်ကဆိုးတယ်..
မျက်နှာတည်နေတဲ့ရိပေါ်ကို သတိထားမိသလို ကျိရန်ကောက အကုန်လုံးကိုခေါ်ထုတ်သွားတာတောင် ရိပေါ်က ရှောင်ကျန့်ဘက်လှည့်မလာတော့ ..

" ရိပေါ်.. "

" ... "

" စိတ်မဆိုးပါနဲ့.. ကော နောက်တခါ တကယ် လိုက်ကြည့်မယ်လေ..နော် "

" ... "

" မင်းကလဲ.. ကော မချော့တတ်မှန်း သိရဲ့သားနဲ့.. "

" .... "

" ကလေးလေး.. ဒီဘက်လှည့်ပါဦး "

တုတ်တုတ်မှ မလှုပ်တဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်စိတ်ညစ်ချင်လာတယ်..
အမှန်အတိုင်း ပြောရရင် ဒါမိုင်ကုန်ပဲ..
တသက်လုံး ဘယ်သူ့ကိုမှ မချော့ခဲ့ဖူးတဲ့ အဖြစ်မှာ ဒီထက်လဲ မချော့တတ်တော့ဘူး..

" ထပ်ရိုက်ရဦးမှာမလား.. ကောစောင့်နေလို့ရလား "

" .... "

" ဟူး.. "

ဟန်မဆောင်နိုင်ဘဲ သက်ပြင်းချတဲ့အခါ ရိပေါ်ခေါင်းလေးက ဆတ်ခနဲလှုပ်လာတယ်..
ဒါပေမယ့် ဘာမှဆက်မပြောဖြစ်ဘဲ ငြိမ်နေမိတဲ့အတိုင်း သူတို့တော်တော်ကြာအောင် ထိုင်နေခဲ့တာ တံခါးခေါက်သံမကြားရခင်အထိ..

" ရိပေါ်.. ပြန်ရိုက်တော့မယ်.. ခဏနေထွက်လာတော့ "

တံခါးတဖက်ခြမ်းက ကျိရန်အသံကြားမှ ရိပေါ်ကဆတ်ခနဲထပြီး လျှောက်သွားတယ်..

ရှောင်ကျန့်ကတော့ တွေဝေလာတဲ့စိတ်နဲ့ ခေါင်းငုံံ့ထိုင်ရင်း ကျန်ခဲ့မိတယ်..
စောင့်နေရမလား မသေချာတဲ့အပြင် ရှုတင်ထိနောက်တခေါက် လိုက်မကြည့်ချင်တဲ့ စိတ်က သူ ခုနက တွေ့လိုက်ရတဲ့ လျန်းလျန်းကြောင့်ဆိုရင်လဲ မမှား..

သူ ရွေးလာခဲ့မိတဲ့ ဒီရက်က ပြဿဒါးထင်ပါရဲ့ ..

" ရှောင်ကျန့်.. "

ရုတ်တရတ် မျက်စိအောက်ဝင်လာတဲ့ ဖိနပ်အဖြူလေးကို ငေးနေမိတာ စက္ကန့်ပိုင်းတောင်မကြာလိုက်..
ရှောင်ကျန့်ကိုယ်က ချက်ချင်းကြီး လေးလေးနင့်နင့်ကို တက်ဖိခံလိုက်ရသလိုမျိုး ..

" ရိပေါ်.. အ "

သူ့ပေါင်ပေါ် ခွထိုင်လာရင်း မျက်နှာတခုလုံးကို ဆွဲမော့ပြီး အနမ်းခံနေရတဲ့အဖြစ်က ခုနကအခြေအနေနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ဘက်...

နေပါဦး..
ရိပေါ်က အပြင်ထွက်သွားတာမဟုတ်ဘူးလား..

" ရိပေါ်.. လွှတ်..လွှတ်ဦး.. "

" ချော့မယ်ဆို.. "

" အင်း.. အင်းလေ "

" အဲဒါဆို ငြိမ်ငြိမ်နေ "

ပြောပြီးတာနဲ့ ရိပေါ်က တရှုံံ့ရှုံ့နဲ့ဆက်နမ်းတယ်..
အတင်းကာရော နမ်းနေတာမျိုးမဟုတ်ပေမယ့် ရိပေါ်က သူ့ပေါ်တက်ထိုင်နေတယ် ဆိုတဲ့ အခြေအနေမှာ ရှောင်ကျန့်က ရင်တုန်ရပြန်တယ်..

" စောင့်နေနော်.. ရှုတင်က တစ်နာရီလောက်ပဲကြာတော့မှာ "

" အင်း.. အင်း "

ခုမှ မျက်လုံးချင်းဆုံလို့ မျက်နှာလေးကို အပြည့်အဝမြင်ရတဲ့အခါ ရှောင်ကျန့်က အလိုလိုပြုံးမိတယ်ထင်တယ်..
မျက်လုံးထောင့်နားမှာ အညိုရောင်လက်လက်တွေ ခြယ်ထားတဲ့အပြင် နှုတ်ခမ်းလေးကရဲတွတ်
နေပြန်တာ...
သူ့ကလေးလေးက ချစ်စရာလေး..

ပါးတဖက်ကို ခပ်ဖွဖွပွတ်မိတော့ ရိပေါ်က သူ့လက်ဖဝါးပေါ်ကို ခေါင်လေးစောင်းပေးလာတယ်..
သူကိုယ်တိုင်ကတော့ ရှောင်ကျန့် နှုတ်ခမ်းတွေကို လက်ညိုးနဲ့တို့တို့ပြီး ဆော့နေပြန်သေးတာ..

" ကော.. "

" အင်း "

" ပြန်လာရင် ထပ်နမ်းမှာနော်.. စိတ်ကောက်တာက သိပ်မပြေသေးဘူး "

ရှောင်ကျန့်က ရယ်ရင်း တစ်ခုခုပြောဖို့ကြံတဲ့အခါ ရိပေါ်က ငုံ့နမ်းလာပြန်တယ်..
အရမ်းလွမ်းလို့ သေတော့မယ် ဆိုတဲ့ခပ်တိုးတိုး အသံကို ကြားလိုက်မိတဲ့အခါမှာတော့ ရှောင်ကျန့်က မျက်ဝန်းတွေမှိတ်ထားလိုက်မိတယ်ထင်ပါတယ်.. ။

ပြန်လာမယ်ဆိုတာ သိနေတာမို့ ထွက်သွားတဲ့ခြေလှမ်းတွေကို ဝေးကွာခြင်းအနုတ် တစ်စက္ကန့် လို့ ရေတွက်ဖြစ်တယ်..
စတော်ဘယ်ရီ ခွက်လေးကိုတော့ ရိပေါ်က သယ်သွားခဲ့လေရဲ့ ..

.

.

.

" အပေါ်မှာ fan တွေရောက်နေလို့ ငါ ကားကို parking ကပဲ စောင့်နေခိုင်းလိုက်တယ်နော် "

ကျိရန်ကောက အသိပေးရင်း အရှေ့ကနေလျှောက်တဲ့အခါ ရိပေါ်က ရှောင်ကျန့်နဲ့ တန်းတူယှဉ်လျက်..

သူ့ကျန့်ကောဘက်ပဲ လှည့်ကြည့်မိနေတဲ့အခါ လမ်းတူတူလျှောက်နေရတာ တကယ်တော့ သိပ်အဆင်မပြေလှဘူး..

ရိပေါ်က ဆုံးဖြတ်ချက်ချတယ်..
ကားပေါ်မြန်မြန်ရောက် မြန်မြန်ပြန်စိတ်ကောက်မှ ဖြစ်မယ်..

လက်ကို လှမ်းဆွဲတော့ ရှောင်ကျန့်က လူမြင်မှာစိုးလို့ဆိုပြီး ငြင်းလာတယ်..
တခါတေလ အဲဒီလူက သူ့ထက်စိတ်ပူတတ်တာ သူကသိပြီးသားမို့ ရိပေါ်က အထွန့်မတက်မိတော့..

" ကျစ်.. ရိပေါ်.. လာဦး "

" ဘာလို့လဲ "

" သတင်းထောက်တွေရောက်နေတယ် ထင်တယ် "

ကျိရန်ကောဘေးကို သွားရပ်ကြည့်မိတော့ တကယ်ပဲ သူ့ကားနားမှာ ဟိုနားတစ်စု ဒီနားတစ်စု...

တကယ်တော့ မနေ့ကလွှင့်တဲ့ ဇာတ်လမ်းမှာ သူနဲ့လျန်းလျန်းရဲ့ နမ်းတဲ့အခန်းကို လွှင့်သွားတဲ့အပြင် ရိုက်ကွင်းနောက်က အထင်လွဲချင်စရာ ဗီဒီယိုတချို့က လိုင်းပေါ်ပျံ့လာခဲ့ပြန်တာမို့ ဂယက်ရိုက်နေမှန်းသိပေမယ့် ဒီလောက်ထိတော့ မထင်ထားတာအမှန်..

" ဒီနေ့ကြော်ငြာရိုက်တာ မင်းတို့နှစ်ယောက် တူတူမှန်းသိလို့ တမင်လာကြတာ နေမှာ.. "

" အင်း.. "

" ရိပေါ်.. ဘာဖြစ်လို့လဲ "

ရိပေါ်ပုံစံက အလိုမကျသလိုဖြစ်နေတာမို့ ရှောင်ကျန့်က မေးမိပေမယ့် ဘာမှမဟုတ်ဘူးဆိုပြီး ခေါင်းခါပြလာတယ်..
တခုခုမှန်း သိသာနေတဲ့အဖြစ်မှာ သူ့ကိုဖုံးကွယ်ထားပြီး ဘေးလူလို ဆက်ဆံခံလိုက်ရတဲ့အနေအထားကြောင့် ရှောင်ကျန့်က သူ့ကိုယ်သူ ရှက်လာသလိုလို..

" ဆောရီး .. "

" ဘာကို ဆောရီးလဲ..သွားမယ် လာ "

လက်ကိုဆွဲပြီး ရိပေါ်ကခေါ်တော့ သူမငြင်းဖြစ်တော့..
တံခါးနားရောက်လာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရှောင်ကျန့်က ယောင်ပြီးနောက်ဆုတ်မိတယ်..
ဆယ်ယောက်ထက်မနည်းတဲ့ လူတွေက တံခါးဝနားမှာစုပြုံနေတာကို ကြည့်ပြီး သူ လန့်လာတယ်..

အကုန်လုံးရဲ့ အာရုံက ရိပေါ်ဆီမှာဖြစ်တာမို့ သူ့ရဲ့ ချွေးစေးတွေပြန်လာတဲ့လက်ကို ဆွဲရုန်းရသေးတာ ..

" ရိပေါ်.. ကောမလိုက်တော့ဘူး.. "

" ဟင်.. ခဏလေးပါ ကောရဲ့.. ကားက နီးနီးလေးတင်ရပ်ထားတာ "

" ဟင့်အင်း.. "

" ကျွန်တော်ရှိတယ်လေ နော်.. လေးငါးလှမ်းဆိုရောက်ပြီလေ "

" ဟင့်အင်း.. ငါ.. "

ပြောရင်းဆိုရင်း တရွေ့ရွေ့ပါလာတာနဲ့အမျ နီးလာတဲ့ လူအုပ်ကိုကြည့်ရင်း ရှောင်ကျန့်က အသက်ရှူတွေမြန်မြန်လာတယ်...
ကိုယ့်စိတ်ရဲ့ ခံနိုင်ရည်ကို ကိုယ်ပဲသိတာမို့ ရိပေါ်စကားတွေလဲ ခေါင်းထဲမဝင်တော့..

" ပြန်လာခေါ်လေနော်.. ကောစောင့်နေမယ် "

" ကောကလဲကွာ.. ဒါဆို အပေါ်ကပဲထွက်တော့မယ်"

" ရိပေါ်.. မြန်မြန်.. ခဏနေရင် လျန်းလျန်းလဲ ဒီကထွက်လာတော့မှာ .. "

ဝင်ပြောတဲ့ကျိရန်စကားမှာ လျန်းလျန်းဆိုတာပါလာတော့ ရိပေါ်က သူ့ကို အားနာသလို ငဲ့ကြည့်လာလေရဲ့ ..
ယုံကြည်ပေးပါဆိုလို့ ယုံပေးထားပြီပဲ..
ရိပေါ်က သူ့ကိုကြောက်မနေတော့ရင်ကောင်းမယ်..
မဟုတ်ရင် သူက ရောင့်တက်မိမှာ..

" သွားတော့.. ကော ကရတယ် "

ပြောရင်း ထောင့်ချိုးကခုံမှာ ထိုင်ချပစ်တဲ့အခါ ရိပေါ်က စိတ်မချသလိုမျိုး သက်ပြင်းတွေချလေရဲ့..

ရိပေါ်က မသိလို့နေမှာ..
တဖြေးဖြေးဝေးသွားတဲ့ ကောင်လေးကို မျက်စိတဆုံးထိလိုက်ငေးရတာလဲ ချစ်ခြင်းတမျိုးပဲဆိုတာကိုပေါ့.. ။

နောက်ထပ်ရောက်လာမယ့်သူကို မျက်နှာချင်းမဆိုင်ချင်တဲ့အခါ ရှောင်ကျန့်က အပေါ်ကိုပြန်တက်ခဲ့တယ်..
မျက်နှာစာဝင်ပေါက်ကို လှမ်းကြည့်တဲ့အခါ ခပ်ငယ်ငယ်ကောင်မလေးတွေက ဟိုတစု ဒီတစုမို့ လူရှင်းတဲ့ ဘေးပေါက်ကနေထွက်ရင်း လှေကားနားမှာ ထိုင်ရတယ်...

ညနေ မရောက်သေးပေမယ့် ကောင်းကင်က ညိုမှိုင်းနေတာမို့ လေတွေက စိမ့်ပြီးအေးနေတယ်..
ရာသီဥတုက ဆေးလိပ်သောက်ချင်စိတ်ကို တွန်းပို့နေတာမို့ အိတ်ထဲလက်နှိုက်မိပေမယ့် တဒီးဒီးတုန်နေတဲ့ ဖုန်းဆီ လက်ကအရင်ရောက်သွားလေရဲ့..

" ကော.. ဘယ်မှာလဲ "

တဖက်ခြမ်းကနေ ခပ်ဆတ်ဆတ်ထွက်လာတဲ့ ရိပေါ်အသံကို ပြန်ဖြေရင်း ရှောင်ကျန့်က တဖက်ကလဲ ဆေးလိပ်မီးညှိရသေးတာ..

" အခုလာခေါ်မယ်.. ဖုန်းမချနဲ့ "

ရိပေါ်က နောက်ပိုင်း ပိုင်စိုးပိုင်နင်း သိပ်လုပ်ချင်လာတယ်..
တိတိကျကျပြောရရင်တော့ ကျဲမရှိတော့တဲ့နောက်ပိုင်းကစတယ်..
ကျန်းချန်အိမ်မှာ အိပ်တဲ့ညတိုင်း မအိပ်မချင်းဖုန်းဆက်ပြီး အခုဘာလုပ်နေလဲ ဆိုတာကို စက္ကန့်မလပ်မေးနေရာကနေ ဒီအကျင့် စရသွားတယ်ထင်တာပဲ..

အဲဒီလိုနဲ့ စကားမပြောဖြစ်ဘဲ ရိပေါ်ရဲ့ အသက်ရှုသံခပ်မျှင်းမျှင်းကို နားထောင်လိုက် ဆေးလိပ်ဖွာလိုက်နဲ့ အချိန်တွေက ရွရွလေး ကုန်ဆုံးလာတာ တလိပ်ကုန်လို့ မီးသေသွားတဲ့အထိ..

" ကျွန်တော်တို့ ရောက်နေပြီ.. ကော ဒီမှာ "

" .... "

" လမ်းဒီဘက်ခြမ်းမှာ.. ကောရဲ့ဘယ်ဘက်.. တွေ့လား "

" အင်း "

ရိပေါ်ပြောတဲ့အတိုင်းမျက်စိကစားမိတဲ့အခါ ခုနကထွက်သွားခဲ့တဲ့ ဗင်န်ကားအနက်က ခပ်လှမ်းလှမ်းမှာ ရပ်လို့..

" ကော.. လမ်းကူးလာလိုက်နော်.. ရလား "

" .... အင်း... ရိပေါ် "

" ဗျာ.. "

" ဖုန်းမချနဲ့နော် "

" အင်းကော.. မြန်မြန်လာနော် "

မြန်မြန်ဆိုတဲ့အတိုင်း ချက်ချင်းထရပ်မိပေမယ့် လှမ်းရမယ့် အကွာအဝေးကို ကြည့်ပြီး လူက အသက်ဝဝအရင်ရှူရတယ်...
လှေကားပေါ်က ဆင်းပြီးပလက်ဖောင်းပေါ်ရောက်တဲ့အထိ တစ်နှစ်သုံးလေး ရွတ်ရင်းလျှောက်တဲ့အခါ အဆင်ပြေနေတုန်း..

" ကော.. မျဉ်းကြားက ကူးနော် "

" အင်း.. "

ရိပေါ်ပြောတဲ့ မျဉ်းကြားက ခပ်လှမ်းလှမ်းမှာ..
ခြေလှမ်းမှန်မှန်လျှောက်ဖို့ကြိုးစားရင်း..
ဖုန်းထဲက ရိပေါ် အသက်ရှူသံကိုပဲ အာရုံစိုက်ရင်း..
ဘေးကဖြတ်သွားတဲ့ သူတွေကို ဥပေက္ခာပြုဖို့ကြိုးစားရတယ်..

ရှောင်ကျန့်ရဲ့ ဆိုက်ကိုတွေထဲ လူတွေက သူ့ကိုပဲ အာရုံစိုက်ကြည့်နေတယ်လို့ အလိုလိုထင်နေတဲ့အချက်က အခုထိ ဒုက္ခပေးနေတုန်း..

မျဉ်ကြားထိပ်မှာ ရပ်မိတဲ့အခါ ကားတွေက မရပ်မတန့် သွားနေတာကို မြင်တယ်...
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း သူ့နားလူတွေရောက်မလာပါစေနဲ့ လို့ဆုတောင်းနေရတဲ့အဖြစ်က မွန်းကျပ်ကျပ်..
သူ့လိုမျိုး ရပ်စောင့်တဲ့သူတွေ တိုးလာမလားဆိုတဲ့စိတ်နဲ့လဲ သူ့ အာခေါင်တွေခြောက်လာတယ်..

၈၈
.. ၈၇
.... ၈၆
စက္ကန့် ၉၀ က ကြာလွန်းတာလား..
လူတွေကပဲ မြန်လွန်းတာလား..
သူ မသိတော့..

" ကော.. နောက်ပြန်ဆုတ် !! ရှောင်ကျန့် !! "

ထိတ်ခနဲ​အသိက ရိပေါ်ရဲ့ ဆောင့်အော်သံနဲ့အတူ ပြန်ကပ်တယ်..
ကမန်းကတန်းနောက်ဆုတ်မိလိုက်တဲ့အခါ လူတွေကို မထိအောင်ရှောင်ရင်း လမ်းမပေါ်ခြေချမိသွားတဲ့ သူ့အဖြစ်သူ နားလည်လိုက်တယ်..
ဝီးခနဲဖြတ်သွားတဲ့ကားနဲ့အတူ မလှမ်မကမ်းက လူတွေရဲ့အကြည့်တွေ သူဆီရောက်လာတဲ့အခါ နောက်ကိုဆုတ်လို့ အသက်အောင့်ထားမိတယ်..

ဖြစ်နိုင်ရင် သူ နောက်လှည့်ပြေးချင်နေပြီ..
ဒါပေမယ့် ရိပေါ်က သူ့ကို စောင့်နေတာမို့..

" ကော! .. ကျန့်ကော.. ရလား.. "

" အင်း.. အင်း.. "

" မီးစိမ်းမှ ကူးရမှာ..ကောရဲ့. "

ဒါကို သူ မသိစရာလား..

မသိစိတ်တွေက ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ ရိပေါ်ကပဲ မသိတာ နေမှာပါ..။

" ကော.. "

ကားပေါ်တက်တက်ချင်းမှာပဲ ရှောင်ကျန့်က နောက်ဆုံးခုံထိ တန်းရောက်သွားရခြင်းက ဆောင့်ဆွဲခံလိုက်ရလို့ဆိုတာ အမှန်ပဲ..

သူ့ကို ထောင့်ဘက်ထိုးထည့်ရင်း ပိတ်ထိုင်တဲ့ရိပေါ်က နေရာကျကျချင်း တကိုယ်လုံးကို စုန်ဆန်ကြည့်သေးတာ..

" ကော... အဆင်ပြေရဲ့လား "

" အင်း.. "

ခေါင်းညိတ်ရင်းပြုံးပြလာတဲ့ သူ့ကျန့်ကောမျက်နှာက ခပ်နွမ်းနွမ်းဖြစ်နေတဲ့ အပြင် နဖူးမှာချွေးစေးတွေနဲ့ ..
တဒိတ်ဒိတ်အခုန်မြန်နေတဲ့ ရင်ဘတ်ကို ဖက်ထားတဲ့လက်ကတဆင့် သူခံစားနေရပြန်တာမို့..

" ကျန့်ကော.. ဆေးဘူးရော "

" ကျန်ခဲ့တယ်.. "

" ကော..ရလား.. ဖြစ်ရဲ့လား "

" အင်း.. မင်းရှိတာပဲ "

လှိုက်ခနဲဖြစ်လာတဲ့ စိတ်ကြောင့် ဘာမှမတုန့်ပြန်နိုင်ခင် ကျန့်ကောက သူ့ပုခုံးပေါ် မျက်နှာအပ်ရင်း လူကိုပါတိုးဖက်လာတယ်..
ဖြစ်တောင့်ဖြစ်ခဲ လုပ်ရပ်မို့ ရိပေါ်က ကိုယ်လေးတောင့်သွားရင်း သူ့ကျန့်ကော မှီရအဆင်ပြေအောင် အနေအထားသေချာပြင်မိသေးတာ...

" ကော ခဏအိပ်လို့ရလား "

" အင်း.. အိပ်နော်.. အိပ်.. ကျွတ်စ် ကျွတ်စ် "

ကလေးသိပ်သလို ချော့မိတဲ့အခါ ရင်ခွင်ထဲက သူ့ကျန့်ကောက တလှုပ်လှုပ်နဲ့ထရယ်တယ်..
မချင့်မရဲနဲ့ ဖျစ်ညှစ်မိတာတောင် ရယ်တာက မရပ်သွားတာမို့ ရိပေါ်က ရှက်ရမ်းရမ်းချင်လာတယ်..

" မရယ်နဲ့.. အိပ်လေဗျာ "

" ကလေးက လူကြီးလုပ်နေတာကို "

" မအိပ်ရင် စိတ်ကောက်ထားတဲ့အကြွေး ဆက်ပြီးယူမှာနော် "

" အာ.. အိပ်ပြီ အိပ်ပြီ "

" ပြီးရော.. အိပ်တော့.. ကျွတ်စ် ကျွတ်စ် "

" .... "

ရယ်မြူးရိပ်တွေနဲ့ စကားသံကြောင့် ရိပေါ် တမင်လုပ်နေမှန်း သိပေမယ့် ရှောင်ကျန့်က မထိန်းနိုင်ပဲ ကြိတ်ရယ်မိတုန်း...

" ရယ်ပြန်ပြီ ကောရာ.. ဖင်ပုတ်ပြီး သိပ်ရမှာလားပြော "

" ရိပေါ် !! "

" အဲဒါဆို.. အိပ်တော့.. ကျွတ်စ် ကျွတ်စ် ကျွတ်စ် "

ဂျစ်နိုင်လွန်းတဲ့ဟာလေးကို စိတ်ပေါက်ပေါက်နဲ့ မှီ​ထားတဲ့ ပုခုံးနဲ့ လည်ပင်းတွေကိုကိုက်မိတဲ့အခါ အသံတွေက ချက်ချင်းတိတ်သွားပြန်တယ်..
ဘာလို့လဲဆိုပြီး မော့ကြည့်မိတဲ့အခါ ခပ်စူးစူးမျက်ဝန်းတွေနဲ့ဆုံလေရဲ့ ..

" ကော.. ထပ်ကိုက်.. "

" ဟမ်.. "

" လုပ်ပေးလို့ .. ဟိုကောင် ဟောက်ရွှမ်းကို ပြန်ကြွားမလို့ "

ကျိရန်ကို လှမ်းခိုးကြည့်ပြီး လေသံခပ်တိုးတိုးလေးနဲ့ ငုံ့ပြီး အတင်းပြောလာတဲ့ မျက်နှာလေးက ကလေးပေါက်စလိုမျိုး..

" ကျွန်တော်ကတော့ ကြယ်သီးနှစ်လုံးမကဘူး.. ကောကိုဆို အကုန်ဖြုတ်ပေးမှာမို့ ... လုပ်ပေးနော် "

" .... "

" မလုပ်တတ်ရင် အစမ်းပြမယ်..လာ "

" ဝမ်ရိပေါ်.. ဖယ်စမ်း !! "

ဘယ်နားမှ ကလေးမနေဘူး..
ဝမ်ရိပေါ်က အန္တရာယ်ကောင်လေး..။

.

.

.

လက်သည်းတွေကိုက်ရင်း ခြေထောက်ကို တလှုပ်လှုပ် လုပ်နေတဲ့ ကျန်းချန်ရဲ့ပုံစံက စိတ်လှုပ်ရှားနေတယ်ဆိုတာကို ပြနေတယ်..

မကြာခင် ဆွေးနွေးခန်းထဲက ထွက်လာမယ့် ကျန့်ကောရဲ့အခြေအနေကို ကြိုတော့တွေးထားပေမယ့် ကျဲမရှိတဲ့အချိန်မို့ မကိုင်တွယ်နိုင်မှာကိုလဲ သူ ကြောက်ရသေးတယ်..

ဟန်ကောရှိတယ်ဆိုပေမယ့်လဲ ကျန့်ကော နဲ့က ထိတွေ့လောက်တဲ့ထိ ရင်းနှီးမှုမဟုတ်..၊

အတွေးပေါက်လာလေလေ ကျန့်ကောကို ဆွဲထိုးချင်လာလေလေပဲ..
အကင်းအရှင်း ပျောက်နိုင်တဲ့ ရောဂါမဟုတ်မှန်း သိသိကြီးနဲ့ ဘယ်အခြေအနေထိရှောင်ကျန့်က လိုချင်နေမှန်းကို စဉ်းစားမရ..

ဒီတိုင်းဆက်နေသွားလဲ ငြိုငြင်မယ့်သူ မရှိတဲ့ အရေးမှာ ရှောင်ကျန့်က ခေါင်းမာလွန်းနေတာ မဟုတ်ဘူးလား..
ဒါတွေကို သူပြောပြတဲ့အခါ တခေါက်တော့လုပ်ကြည့်မယ်ဆိုတဲ့ အပြောကြောင့် risk များလွန်းတဲ့ ဒီကုသမှုကို သူ လက်ခံလိုက်ရပြီး ကိုယ်တိုင်လိုက်စောင့်နေရတဲ့ အဖြစ်ကိုရောက်တယ်..

တံခါးဖွင့်သံကိုကြားတော့ သူ အလိိုလိုထရပ်မိတယ်..
ခေါင်းညိတ်ပြလာတဲ့ ဟန်ကောကို ကျော်ပြီး အခန်းထဲဝင်တော့ ဖြူဖျော့နေတဲ့ ရှောင်ကျန့်က ခုံပေါ်မှာထိုင်လို့ အရူးလိုပြုံးပြနေသေးတာ..

" အိမ်ပြန်ရအောင် "

ပုံမှန်ဆို အကူအညီတောင်းဖို့တောင် ခေါင်းမာလွန်းတဲ့သူက အခုတော့ သူ့လက်ကိုဆန့်ပေးတော့မှ အားယူပြီးထလာတယ်..
ထွက်လာခါနီး ဟန်ကောကိုကြည့်ရင်း ဖုန်းဆက်မယ်ဆိုတာ အသိပေးရတယ်..

ကားပေါ်မှတောက်လျှောက်အိပ်ပြီး ပါလာတဲ့ ကျန့်ကောကို သူ့အိမ်ကိုပဲ ခေါ်သွားဖို့ ကျန်းချန်က ဆုံးဖြတ်တော့ ဘာမှပြန်မပြော...
အိမ်ရောက်တာနဲ့ ထိုးအိပ်ဖို့ ပြင်တဲ့ကျန့်ကောကို ဟန်ကောပေးလိုက်တဲ့ ဆေးတွေတိုက်ပြီးမှ အိပ်ခိုင်းတော့လဲ နားထောင်တာပါပဲ ..

ညနက်တော့ ဟန်ကောကို ဖုန်းဆက်ရင်း အခြေအနေကိုမေးတော့ ထုံးစံအတိုင်း...
စောင့်ကြည့်ရင်း ဒီကုထုံးကို ဆက်လုပ်မလုပ် တိုင်ပင်ဖို့ပြောလာတာမို့ ကျဲကိုလဲ တစ်ခါထဲ လှမ်းအသိပေးရပြန်တယ်..

သူတို့မောင်နှမနှစ်ယောက်ရဲ့ ဟိုဟိုဒီဒီပြောကြတဲ့ စကားတွေက ကျန့်ကောနဲ့ပဲစပြီး ကျန့်ကောနဲ့ပဲဆုံးတာ တွေးကြည့်ရင်တော့ ရယ်ချင်စရာကောင်းတယ်..
စိတ်ပူတတ်လွန်းတဲ့ကျဲကို အိပ်နေတဲ့ ကျန့်ကောပုံ ကိုရိုက်ပို့ပြီး သူ ဂရုစိုက်ထားပါကြောင်း သက်သေကပြရသေးပြန်တာ..

ဒီအကျင့်တွေအားလုံး ဘယ်ကစလဲဆို ဟိုးနယ်မြို့လေးမှာတုန်းက ကျန်းလီကျဲလိုမျိုး သူ့ကို အားချန်လို့ လိုက်ခေါ်တတ်တဲ့ ရှောင်ကျန့်ဆီက စတယ်လို့ သူဖြေရမှာပါပဲ... ။

.

.

.

" ကော.. ကျွန်တော်ရုံးသွားတော့မယ်.. စားပွဲပေါ်မှာ မနက်စာပြင်ထားတယ်.. မအေးခင်စား.. ဆေးပါတခါထဲသောက်နော် "

" အင်း.. တံခါးပိတ်ခဲ့ပေး "

လူက အင်းလိုက်ရပေမယ့် တကယ်တမ်းကျ သူ မျက်လုံးတွေမဖွင့်နိုင်သေး...
မနေ့က ကုထုံးအရှိန်နဲ့ ပင်ပန်းပြီး အိပ်ပျော်မယ်ထင်ခဲ့ပေမယ့် လန့်လန့်နိုးတာ သုံးလေးခေါက်မက..

ကျန်းချန်ထွက်သွားတာသိပေမယ့် သူ မထနိုင်သေးဘဲ ပြန်အိပ်ပျော်သွားခဲ့ပြန်တယ်..
မဖြစ်မနေထရခြင်းအကြောင်းကတော့ ခဏအကြာမှာပဲ အဆက်မပြတ်မြည်လာတဲ့ တံခါးဘဲလ်သံကြောင့်ဖြစ်ပြန်တယ်..

" ရိပေါ်.. "

သူ့ကိုကျော်ပြီး ဝင်သွားတဲ့ရိပေါ်က ဆိုဖာမှာထိုင်လို့ လက်ပိုက်ရင်း စိုက်ကြည့်လာတယ်..
ကြည်သာနေတဲ့ အခြေအနေမျိုးမဟုတ်မှန်းသိပေမယ့် လောလောဆယ်တော့ သူအဖြေမထုတ်နိုင်သေးတာမို့ ဥပေက္ခာပြုရတယ်..
မဟုတ်လဲ ရိပေါ်က ကိစ္စသေးသေးလေးတွေနဲ့ ကောက်နေကျ မဟုတ်လား...

" ခဏလေး.. ကော မျက်နှာသစ်ဦးမယ်.."

နောက်က တကောက်ကောက်လိုက်လာတဲ့ကောင်လေးက အိပ်ခန်းထဲထိပေမယ့် ရှောင်ကျန့်က ငြင်းဖို့ရာ အားမရှိပြန်ဘူး..
ထမင်းစားပွဲမှာ ထိုင်ရင်း ကျန်းချန်လုပ်ပေးခဲ့တဲ့ ထမင်းကြော်ကို ပန်းကန်နောက်တချပ်ထဲခွဲထည့်ရင်း ဆေးတွေကို ရိပေါ်မမြင်အောင် သိမ်းရသေးရဲ့..

" ပြော.. "

" ဟင်.. ဘာကိုလဲ ကလေး "

" ညကတညလုံး စာလဲမလာ ဖုန်းလဲ မကိုင်တဲ့အကြောင်းရင်း... "

" အင်း... ကော ဖုန်းအားကုန်သွားလို့ "

" ဒါပဲလား.. "

" အင်းလေ.. "

လက်ထဲကဇွန်းကို ဆောင့်ချလို့ ရိပေါ်က မကျေနပ်ကြောင်းပြတယ်..
သူ့ကိုလှည့်ကြည့်မလာဘဲ မျက်မှောင်တချက်ကြုံ့ပြီး ထမင်းဆက်စားနေတဲ့ ရှောင်ကျန့်က အရင်ကလိုမဟုတ်တော့ဘူးလို့ ရိပေါ်ကတွေးတယ်..
ဆက်ရစ်လို့မရအောင် စကားကို တုံးတိဖြတ်ချသွားပုံက တညလုံး ထိုင်မရ ထမရနဲ့ ရင်ထဲပူနေခဲ့တဲ့ ဝမ်ရိပေါ်ကို လှောင်လိုက်သလိုမျိုး..

ပြီးတော့ ဖုန်းပိတ်ထားတာဟုတ်မဟုတ်ဆိုတာ ဝေခွဲမရလောက်တဲ့ထိ ဝမ်ရိပေါ်က တုံးမနေဘူးဆိုတာ ရှောင်ကျန့် ကြိုတွေးထားသင့်တယ် မဟုတ်ဘူးလား..

" မစားဘူးလား.. "

" အိပ်လဲပျော် စားလဲဝင်နိုင်တဲ့သူပဲစား.. "

" မင်း ဘာဖြစ်နေတာလဲ.. ငါမစားတော့ရင် ရပြီမလား ပြော "

ဒေါသစိတ်က ဆစ်ခနဲလောင်တယ်..
သူ့အမှားကနေ ကိုယ့်အမှားဖြစ်အောင် တမင်တကာရွဲ့လုပ်နေတဲ့ ရှောင်ကျန့်ကို ဆွဲဆောင့်ပြီး လုပ်ပစ်ချင်နေပြီ..

အသံတိတ် စစ်ပွဲတွေ မစချင်ဘူး..
ဇွန်းကို ပစ်ချ ရေဘူးတဘူး ယူပြီး ဧည့်ခန်းမှာ ငုတ်တုတ်သွားထိုင်နေတဲ့ ရှောင်ကျန့်နားလဲ မသွားချင်ဘူး..
အဲဒီလူက သူ့ရင်ထဲက ပူလောင်မှုတွေကို မမြင်တဲ့အတိုင်း..

တိတ်ဆိတ်ခြင်းကို ဖြိုခွဲတဲ့အသံက ရှောင်ကျန့်အိပ်ခဲ့တဲ့ အခန်းဆီကလာတယ်..
အထင်မှားစရာမရှိပါဘူး..
ဖုန်းလာနေတာမှန်း အသိသာကြီး..

ဝင်သွားတာကြာလို့ ပြန်မထွက်လာတဲ့အခါ ရိပေါ်က သံသယဝင်ချင်လာတယ်...
ဘယ်သူ့ဖုန်းမို့လို့ အပြင်ထွက်မလာရတာလဲ ဆိုတဲ့အတွေးက ထပ်နှိပ်စက်​လာလေရဲ့..

အခန်းဆီ လှမ်းမိတဲ့ခြေလှမ်းတွေက ပြန်ထွက်လာတဲ့ ရှောင်ကျန့်နဲ့ လမ်းတဝက်မှာဆုံတဲ့ အခါ လက်ထဲက ဖုန်းကို ရိပေါ်ကြည့်မိတာ တစိုက်မတ်မတ်..

" ပြ.. "

" ဘာကိုလဲ... ရိပေါ် ! "

ဆွဲလုဖို့ပြင်တဲ့အခါ ရှောင်ကျန့်က နောက်ကိုယို့လို့ ရှောင်ထွက်တယ်..
အလိုမကျစိတ်ကတိုးလာတဲ့အခါ ရိပေါ်က ဇွတ်တရွတ်နိုင်နေတာကိုလဲ မရပ်နိုင်တော့..

" ရှောင်ကျန် ! ပြစမ်းပါ "

" ရိပေါ်.. မင်း ဘာဖြစ်နေတာလဲ "

" ခင်ဗျား မဟုတ်တာမလုပ်ထားရင်ပေးလေ "

" ငါ့ကိုအရမ်းမလုပ်နဲ့.. ငါမကြိုက်ဘူး.. ဝမ်ရိပေါ် !! "

" တောက် ! "

နောက်ဆုတ်မိတာ ရုတ်တရတ်ကြီးမို့လို့ လန့်သွားရုံလေး..
ဟန်ကောနဲ့ ဆွေးနွေးနေတာ မသိစေချင်တာမှန်ပေမယ့် ခါးခါးသီးသီး ငြင်းဖို့လဲ သူ မတွေးထားတာအမှန်..
ဒါပေမယ့် ဒီကောင်လေးက လွန်လွန်းတယ်..
အလိုလိုက်လွန်းလို့ သူ့ကို မယုံမကြည်နဲ့ စော်ကားနေရဲတာ မဟုတ်ဘူးလား...

အားမရှိတဲ့ကိုယ်က ရိပေါ် ဒေါသတကြီး ဆွဲလွဲသမျှ ငြိမ်ခံနေဖို့ မဟုတ်ပေမယ့် ရုန်းနေမိတာက ချက်ချင်းဖြစ်လာတဲ့ ကိုယ့်ခံယူချက်နဲ့ကိုယ်..
သူ စိတ်ရောလူရော အပင်ပန်းခံနေရတာ ဘယ်သူ့ အတွက်မို့လဲ..
မ​ရေမရာတဲ့ အကြောင်းတစ်ခုနဲ့ ရိပေါ်က သူ့ကို မယုံမကြည်ဖြစ်ရလောက်အောင် ရှောင်ကျန့်က ပစ်စလတ်ခတ် ဘယ်နှခါများ နေခဲ့ဖူးလို့လဲ..

မွန်းကျပ်တယ်..
ပဋိပက္ခတွေမှာ ကောင်းတဲ့ရလဒ် ဘယ်တော့မှမရှိဘူး ..

" ပြော.. ခင်ဗျားပြော.. ဘယ်သူဆက်တာလဲ "

" ငါပြောရင် မင်းကယုံမှာလား "

" ယုံမယ်.. ယုံပေးမယ် ပြော "

နံရံမွာ ကပ်နေတဲ့ကိုယ်က ရိပေါ် ဆွဲဖိထားတဲ့ အကျိုးဆက်..
မလွှဲတဲ့ အကြည့်တွေကြား ဒီကောင်လေး ပြောင်းလဲနေပြီ ဆိုတဲ့ အတွေးဝင်လာတဲ့အခါ ရင်ဘတ်က ဆစ်ခနဲ..

" ငါ့မိတ်ဆွေ.. "

" ကျွန်တော့်ကိုပြ "

မလိုအပ်ဘဲနဲ့ သံသယတွေများလွန်းနေတဲ့ ကောင်လေးကိုကြည့်ရင်း ရှောင်ကျန့် ပင်ပန်းလာတယ်..

အရမ်းချစ်လွန်းရင် အပြစ်တွေမြင်တတ်လာတယ် လို့ သူပြောဖူးပါတယ်..
အခု ရိပေါ် မျက်ဝန်းတွေထဲမှာ သူ့အတွက် အချစ်တွေမရှိဘူး..
အပြစ်တွေချည်း သက်သက်..

" မင်း.. ငါ့ကို မယုံပါဘူး "

" .... "

" ဒီလိုအခြေအနေမှာ ငါ ဘာမှမရှင်းပြချင်ဘူး "

" မဟုတ်တာ လုပ်ထားမှသာ ရှင်းပြဖို့လိုတာ "

" အေး.. မင်းထင်ချင်သလိုထင်တော့ "

ရှောင်ကျန့်က စိတ်ပျက်လက်ပျက်နဲ့ ပုခုံးပေါ်ကလက်တွေကို ဖယ်ချပြီး ထွက်သွားတယ်..
ခြေဆယ်လှမ်းတောင် မပြည့်တဲ့နေရာမှာ အဲဒီလူ သွားထိုင်နေတာပေမယ့် ရိပေါ်က ကျောခိုင်းထွက်သွားတယ်..

တံခါးပိတ်သံကြားတဲ့အခါ ရှောင်ကျန့်က တစ် နှစ် သုံး လေး စရေတယ်..
ထောင်ဂဏန်းကျော်တဲ့ အထိ တံခါးဖွင့်သံမကြားရတော့တဲ့ အဖြစ်မှာ သူ ပြုံးမိတယ်ထင်တယ် ..

အဲဒီနေ့က ရှောင်ကျန့် ဆေးသောက်ဖို့ မေ့ခဲ့တယ်..

မဆက်ချင်ဘူးဆိုတာထက် ပြတ်ကို မပြတ်ချင်တာပါ..
ရိပေါ်က သူ့ကို အစွန်းထိ တွန်းမပို့ရင်ကောင်းမှာပဲ... ။

~~~~~~~~~~~

A/N

Haphephobia ( အထိအတွေ့တွေ ကြောက်တဲ့ စိတ်ရောဂါ ) က လုံးဝပျောက်ကင်းတယ်ဆိုတာမျိုး မရှိပါဘူး...

ရောဂါအဆင့်ပေါ်လိုက်ပြီး ကုထုံးတွေကလဲ အမျိုးမျိုးရှိပါတယ်..

များသောအားဖြင့် စိတ်လှုပ်ရှားတဲ့အခါ ဆေးတွေနဲ့ပဲ ထိန်းကြပါတယ်တဲ့..
ရောဂါစဖြစ်စေတဲ့ မူလအကြောင်းရင်းကို ပြန်ဆွေးနွေးကြတဲ့ treatment တွေလဲရှိသလို Exposure therapy လို့ခေါ်တဲ့ ကိုယ်ကြောက်တဲ့ အေနအထားကို အပြင်လောကမှာ ဖြေးဖြေးချင်း ရင်ဆိုင်ရတဲ့ ကုထုံးတွေလဲရှိပါတယ်...
အဲဒီကုထုံးက ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့လုံခြုံတဲ့ ပတ်ဝန်းကျင် ဖြစ်ဖို့လိုပါတယ်..
( ကျန့်ကောကို ဟန်ကောက အပြင်မှာချိန်းတယ် ဆိုတာကိုတော့ ဒီအချက်က ယူပါတယ် )

နောက်တခုကတော့ ကြောက်ရတဲ့ အရာတွေကို Imigination လုပ်ပြီး ပြန်ခေါ်ပြီး ရင်ဆိုင်ရတာပါ..
ဥပမာ ပြောရရင် လူတွေက လာထိတော့မယ်ဆိုတဲ့ အဖြစ်ကို စိတ်ချရအောင် အဆင့်ဆင့်ပုံဖော်ရင်း လူနာကိုလဲ အတွေးထဲဲမှာ ပုံဖော်ခိုင်းတာပါ ( သေတော့မသေချာပါဘူး.. အိပ်မွေ့ချတာမျိုး ဖြစ်မယ်ထင်ပါတယ် )
ဒီကုထုံးက Risk များသလို အခြေအနေပေါ်မူတည်ပြီး ကောင်းကျိုးတွေလဲရနိုင်ပါတယ်တဲ့..
(ကျန်းချန် စောင့်နေခဲ့တဲ့အချိန်မှာ ကျန့်ကောက ဒီကုထုံးကို သုံးခဲ့တာပါ)

အချက်တွေ အားလုံးကို google ကေန ref ယူပါတယ်..
လိုအပ်တာလဲ ရှိနိုင်ပါတယ်..
မှားခဲ့ရင်လဲ ပြန်ပြင်ပေးစေချင်ပါတယ်နော်..

#အိမ်မှာပဲနေကြပါရှင်

Continue Reading

You'll Also Like

8.6K 575 13
သိမ်းဆည်းထား‌သော Fan Art Photoများ
129K 14.4K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
201K 3.4K 24
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"