မမ

By KawTaNaw

238K 9.9K 175

Own Character Completed Normal Comedy Zawgyi + unicode More

part 1
Part 2
Part 3
Part 4
Part 5
Part 6
Part7
Part 9
Part 10
Part 11
Part 12
Part 13
Part14
Part 15
Part 16
Part 17
Part 18
Part 19
Part 20 ဇာတ်သိမ်း
ကြော်ငြာ

Part8

8.7K 486 5
By KawTaNaw

"မ သေဘာက်ေနတဲ့သူရွိလား"








"အင်း"







"မင်းရော"


"အွန်း သူလဲ မိုက်တာပဲ"



"ဟင့်အင်း မရှိဘူး"

"ကောင်းတာပေါ့"




"ဩော် "





၁ ၂ ၃


"ဟင့်အင်း ရုပ်စိုးတယ်''


........


"ဟင်?''













"အမကတော့ဗိုလ်လုပ်မယ်''

"အမနှင်းကရော''



အေးအေးဆေးဆေးနေနေသည်











ဆုတောင်းမပြည့်ပါ

"အင်းး''

ပန်းရီကဆက်မေးသည်
"ဘယ်ကလည်း?''

"အဲ့တာက.......''

ဆက်ရန်.

Unicode

"မ သဘောကျနေတဲ့သူရှိလား"

ရှင်း ခြေလှမ်းတို့ ရပ်တန့်သွားသည်။

"ရပ်မနေနဲ့လေဗျာ အောက်ကအုတ်တွေကပူတယ် လာ မြန်မြန်လျောက်ရမယ်"

နက်ရှိုင်း ရှင်းရဲ့ လက်ကောက်ဝတ်လေးကို ဖွဖွလေးကိုင်ပြီး အရိပ်ရှိတာသို့ မြန်မြန်လျောက်လာလိုက်သည်။

နှစ်ဦးသားရင်မှာ အတိုင်းမသိခုန်နေသည်။

ညောင်ပင်မှာ သက်တမ်းကြာနေပြီဖြစ်၍ အမြစ်တွေကကြီးတာကြောင့် ညောင်မြစ်ပေါ် ထိုင်လိုက်လျှင် အဆင်ပြေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်လျှက်.....

"အပင်အောက်ရောက်တော့ လဲ အေးသွားတာပဲနော်"

"အင်း"

"မ ကျွန်တော်မေးတာဖြေအုံးလေ မသဘောကျ တဲ့သူရှိလားလို့"

"ဘယ်လို သဘောကျတဲ့သူကိုပြောတာလဲ"

"ဒီတိုင်း Celebrityတွေ စာရေးဆရာတွေ နောက် မ ကြည့်ရတာ စာဖတ်ဝါသနာပါပုံပဲ စာရေးဆရာရော ဘယ်သူတွေကို သဘောကျလဲ"

(သူက အဲ့သဘောနဲ့ မေးတာကို ငါက လျောက်ထင်နေတယ်)

"အဆိုတော်ဆို Taylor swiftကိုသဘောကျတယ် မင်းသားဆို Lee JungSuk မင်းသမီးဆို Lee Sung kyung kpopမှာဆို Blackpink စာရေးဆရာဆို တက္ကသိုလ်ဘုန်းနိုင် ကဗျာဆရာဆို ခွန်းညိုသွေး "

"သဘောကျတဲ့သူတွေကလဲ များလိုက်တာ"

"မင်းရော"

"ကျွန်တော်ကလား Dua lipa သူ့ကိုတော်တော်သဘောကျတယ် သူအသံက စွဲဆောင်မှု အရမ်းရှိတယ်လို့ထင်တယ်"

"အွန်း သူလဲ မိုက်တာပဲ"

"သဘောကျတဲ့ ကောင်လေးရောရှိလား"

(ရှင်းရင်တွေ တဒိတ်ဒိတ်ခုန်လာသည်)

"ဟင့်အင်း မရှိဘူး"

"ကောင်းတာပေါ့"

(ဘာအဓိပ္ပါယ်လဲ နက်ရှိုင်းရယ် လူကို အထင်မှားအောင်ကွာ)

"မင်းရော သဘောကျတဲ့သူရှိမှာပေါ့"

"အွန်းရှိတယ် ကျွန်တော့ထပ်အသက်ကြီးတယ် "

"ေဩာ် "

(မိရှင်းရယ် သူက စကားပြောချင်လို့ လျောက်မေးနေတာကို နင်က လျောက်ထင်နေတာ...)

"ဓာတ်ပုံရိုက်ရအောင် ပျင်းတယ်"

"မင်းက ဝါသနာပါလို့လား အမရုပ်ဆိုးလို့ထင်တယ် ဓာတ်ပုံရိုက်တာ သိပ်မကြိုက်ဘူး "

"ဘာလို့လဲ ချစ်ဖို့ကောင်းပါတယ် လာပါ ဓာတ်ပုံရိုက်ရအောင်လို့"

၁ ၂ ၃

ဒီမှာကြည့် မက ချစ်စရာလေးပါ
ရှင်းမြင်မိတာတော့ တီရှပ်နက်လေးနဲ့ကောင်ချောလေးနဲ့ တီရှပ်အဖြူကိုဘိုသီဘက်ယား ဝတ်ထားတဲ့ရုပ်စိုးမလေး

"ဟင့်အင်း ရုပ်စိုးတယ်''

"မဆိုးပါဘူး ချစ်ဖို့ကောင်းပါတယ် ပြင်ပြင်ဆင်ဆင်နေလိုက်ရင်ပိုတောင်ချစ်ဖို့ကောင်းလာမှာ ''

........

"မနေတာပဲကောင်းပါတယ် အဲ့တာမှ စိတ်မချမဖြစ်ရမှာ''

"ဟင်?''

"ဪ မပြင်မဆင်ဆိုတော့ မိဘတွေစိတ်မချမဖြစ်ရတော့ဘူးပေါ့
ဟိုမှာ အမပန်းတို့ ပြန်ဆင်းလာပြီ''

ရှင်းလှမ်းကြည့်လိုက်တော့ စုလင်းတို့ ပြုံ ရှင်းတို့ဘက်လျှောက်လာနေပြီဖြစ်သည်။

"ရှင်းတို့စကားတွေကောင်းနေတယ်ထင်တယ် ငါတို့လာနေတာတောင် မမြင်ဘူး''

လှမ်းစလိုက်သူက ပန်းရီ

"ဟျောင့် မင်းလိုက်လာရမှာ ဘုရားအပေါ်ဆုံးထိက မြင့်တယ် ငါတောင်ဒူးတုန်နေတာ အမနှင်းကတော့ မကြောက်ဘူး သူက ရရင် အပေါ်ဆုံးထိ တတ်မယ့်ပုံပဲ''

"လာလာ ဗိုက်ဆာတယ်မုန့်စားကြမယ်''

စုလင်းကပြောပြောနဲ့ ရှင်းတို့ဝယ်လာတဲ့မုန့်တွေ ဝေပေးလိုက်သည်

"အကိုရှင်းတို့က ကျောင်းပြီးတော့မှာပေါ့နော် အားကျလိုက်တာ''

"အားမကျပါနဲ့ ကလေးရယ် ဒါပြီးရင် အမတို့က ကျောင်းသားဘဝကုန်တော့မှာ အလုပ်ခွင်ထဲဝင်ရတော့မှာ''

ရှင်းစကားပြောနေသည်ကို နက်ရှိုင်းမမှိတ်မသုန် ကြည့်နေသည်။တစ်ခုခုကိုမကျေနပ်သလိုလို

Newyear ကဖြစ်ပျက်ခဲ့တာကြောင့် ကျော်ရှိန်းကို စကားပြောရာမှာ ရှင်းတော်တော်သတိရနေရသည် မောင်လေးလို့ပဲခေါ်ရမလို ညီလေးလို့ပဲ ခေါ်မရမလိုလိုနဲ့ တော်တော် အကျပ်ရိုက်သည်

"အမပန်းတို့ အမစုလင်းတို့ကရော ကျောင်းပြီးရင် ဘာလုပ်ကြမလဲ''

"အမကတော့ဗိုလ်လုပ်မယ်''
ပန်းရီကတော့ ပြတ်ပြတ်သားသား

"အမနှင်းကရော''

"အမက ပြင်ဦးလွင်မှာပဲ အလုပ်လုပ်ဖြစ်မလား ရန်ကုန်မှာပဲ အလုပ်လုပ်ဖြစ်မလား မသေချာသေးဘူး''

စကားဝိုင်းလေးဟာ တဖြည်းဖြည်းအသက်ဝင်လာသည်

ကျော်ရှိန်းက စကားသွက်သည် အကုန်လုံးကို တစ်ယောက်တည်း ဒိုင်ခံ မေးနိုင်ပြောနိုင်သည် နက်ရှိုင်းကတော့ သူ့ကိုမေးသည်မှလွဲ၍ ကျန်တာဝင်မပြော
အေးအေးဆေးဆေးနေနေသည်

သူတို့နှစ်ယောက်သည် သူငယ်ချင်းဟုပြော၍သာယုံရသည် ပုံစံချင်းကလုံးဝမတူ
ကျော်ရှိုန်းပုံစံက ပျော်ပျော်နေတတ်ပြီးလူတကာကို ခင်မင်တတ်သည့်ပုံစံ
နက်ရှိုင်းက အေးတိအေးစက်နဲ့ ခပ်ချေချေစတိုင်

ကျော်ရှိုန်းက အသားလတ်သည်ထက် ညိုသည်ဘက်သွားပြီး ညိုချောဖြစ်သည်
အရပ်မောင်းတူတူလောက်ပင်ဖြစ်သော်လည်း ကျော်ရှိန်းက ခန့်၍ နက်ရှိုင်းက ချောမောသောရုပ်ရည်မျိုး....

ရှင်း သူတို့နှစ်ယောက်ကို လေ့လာအကဲခပ်နေစဥ်

စုလင်းမေးလိုက်သည့် စကားကြောင့်
သောက်နေသည့် ရေတောင်သီးချင်သလိုဖြစ်သွားသည်

"နက်ရှိုင်းကိုတော့သဘောကျတဲ့ကောင်မလေးတွေများမှာပဲနော် နက်ရှိုင်းကရော ဘယ်လိုကောင်မလေးမျိုးသဘောကျလဲ''

အကုန်လုံးက စုလင်းရဲ့မေးခွန်းကို နက်ရှိုင်း ဘယ်လိုတုန့်ပြန်မည်ကို သိချင်ကြသည်

နက်ရှိုင်းက ရှင်းဘက် တစ်ချက်စိုက်ကြည့်ပြီး

"ပေါ့ပါးပြီးပွင့်လင်းတဲ့ မိန်းကလေးမျိုးသဘောကျတယ်''

"အခုရော သဘောကျနေတဲ့သူရှိနေပြီလား''
ပန်းရီရဲ့ မေးခွန်းကြောင့် ရှင်းရင်တွေတုန်လာသည်

(ဘုရား ဘုရား မရှိပါစေနဲ့)

ဆုတောင်းမပြည့်ပါ

"အင်းး''

ပန်းရီကဆက်မေးသည်
"ဘယ်ကလည်း?''

"အဲ့တာက.......''

ဆက်ရန်.



Continue Reading

You'll Also Like

156K 5.7K 25
လူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝ...
160K 7.6K 62
သူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ်...
136K 5.3K 18
သိချင်ဖတ်ကြည့် 😝😝 နောက်တာပါလို့...😁 လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေးပဲ ရေးထားတာပါ...romantic ဆန်ဆန်လေးတွေလဲ ပါပါတယ်လို့...ဖတ်ကြည့်ပြီး အားပေးကြပါဦးေ...
642K 27.1K 50
ကျွန်မပျော့ညံ့တာမဟုတ်ဘူးမောင် မောင်မို့လို့ အလျှော့ပေးထားရုံပါ