ထာ၀ရ ပုံပေ

By akyinnamon

1.5M 184K 10.7K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More

Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

Part 24 (AD 79) (Unicode)

16.4K 2.3K 141
By akyinnamon

ဧပြီလ

အေဒီ ၇၉ ခုနှစ်

ပုံပေမြို့

ရောမအင်ပါယာ

ပုံပေမြို့ရှိ ရေချိုးဆောင်ကြီး၏ လေ့ကျင့်ရေးကွက်လပ်ထောင့်တွင် လူငယ်နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဖမ်းချုပ်နိုင်ရန် ကြိုးစားနေကြသည်။ သူတို့နှစ်ယောက်ဘေးတွင် အသက်ကြီးဟန်တူသော ၀ါရင့်အားကစားသမားတစ်ယောက်သည် လုပ်ဆောင်ရမည့် ကစားကွက်များကို ညွှန်ကြားပေးနေသည်။

ဆီဖြင့်သုတ်ထားသော လူငယ်နှစ်ယောက်၏ ကိုယ်ခန္ဓာသည် နေရောင်အောက်တွင် ပြောင်လက်နေသည်။ တစ်ယောက်နှင့်တစ်ယောက် စူးစိုက်ကြည့်ရင်း သွားဖြူများပေါ်အောင် ရယ်နေကြသည်။ သူတို့သည် နပမ်းသတ်လေ့ကျင့်ခန်းများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။ အော်ဟစ်အားပေးသံများကြားမှာ လူငယ်နှစ်ယောက်၏ ကိုယ်ခန္ဓာနှစ်ခုပူးကပ်သွားသည်။ ဆီများသုတ်လိမ်းထားသောကြောင့် တစ်ယောက်နှင့် တစ်ယောက် မြဲအောင်ကိုင်ဖို့မလွယ်။ ချောခနဲလွတ်ထွက်သွားကာ လူချင်းပြန်ကွဲသွားသည်။

ခပ်လှမ်းလှမ်း အခြားထောင့်တစ်နေရာတွင်တော့ လုလိယက်စ်၊ ဒါမီဒယ်နှင့် ဒါမီဒယ်၏ သားငယ်ဖြစ်သူတို့ တြိဂံပုံစံ လိုင်းဆွဲထားသော မြေပြင်ထက်ရှိ ထောင့်နေရာတစ်ခုစီတွင် ရပ်နေကြသည်။ ဒါမီဒယ်၏ သားငယ်သည် ဖခင်နှင့်တထေရာတည်းတူအောင် ရုပ်ထွင်းထားသလား ထင်ရအောင် ဖအေတူ ကလေးငယ်လေးဖြစ်သည်။ လည်ပင်းတွင် ရောမနိုင်ငံသားကလေးငယ်တိုင်း ဆွဲထားတတ်သော အဆောင်လက်ဖွဲ့ဆွဲကြိုးလေးကိုဆွဲထားသည်။

"ငါတို့သားအဖကို နိုင်အောင် ကစားစမ်း သူငယ်ချင်း။"

လုလိယက်စ်သည် စိတ်လိုလက်ရပြုံးလိုက်ရင်း ခါးကိုမသိမသာကိုင်းကာ ဒါမီဒယ်နှင့် ကလေးငယ်တို့လက်ထဲမှ သဲသွပ်ထားသည့် သားရေဘောလုံးငယ်များကို မျက်ခြေမပြတ် လှမ်းကြည့်နေသည်။ အချက်ပေးသံနှင့်အတူ ဒါမီဒယ်နှင့် ကလေးငယ်တို့သည် လက်ထဲမှ ဘောလုံးငယ်များဖြင့် လုလိယက်စ်ရှိရာ လှမ်းပစ်ကြသည်။ လုလိယက်စ်သည် ဘောလုံးကို ဖမ်းခွင့်မရှိ။ လက်ဖြင့်ပုတ်ထုတ်ရုံသာ။ လွင့်ကျသော ဘောလုံးငယ်များကို ဖဲလ်လစ်သည် ပြန်ကောက်ရင်း ဒါမီဒယ်တို့ကို ပြန်ကမ်းပေးရသည်။

သားငယ်ဖြစ်သူနှင့် နှစ်ယောက်ပြိုင်တူ ပစ်တာတောင် အချိန်အတန်ကြာသည်အထိ တစ်လုံးမှ မလွတ်ဘဲ ပုတ်ထုတ်နိုင်သော လုလိယက်စ်ကို ဒါမီဒယ် မကျေနပ်နိုင်တော့။ သူ့တစ်ကိုယ်လုံး ချွေးတွေရွှဲနေပြီဖြစ်သည်။

"မင်း ခြေထောက်က ဒဏ်ရာ မပျောက်သေးလို့ ငါ အလျှော့ပေးလိုက်တာ လုလိယက်စ်။"

"လွန်ခဲ့တဲ့ လေးလလောက်က ရခဲ့တဲ့ ဒဏ်ရာကို မင်းဆွဲမထည့်နဲ့လေကွာ။ ရှုံးရင် ရှုံးတယ်ပေါ့။"

ဒါမီဒယ်၏ တဟားဟားရယ်သံကြောင့် ရေချိုးဆောင်ထဲ လှမ်းဝင်လာသော အမျိုးသမီးနှစ်ယောက် လှည့်ကြည့်လာသည်။ ဝင်ပေါက်မှ အစေခံကို ဝင်ကြေးထုတ်ပေးကာ သူတို့ရှေ့မှ ခပ်ဖြည်းဖြည်း ဖြတ်လျှောက်သွားကြသည်။ အမှန်တော့ ဒါမီဒယ်သည် ရောမအမျိုးသမီးများ သဘောကျစရာ ကိုယ်ခန္ဓာပိုင်ရှင်ဖြစ်သည်။ နေလောင်ထားသည့် ညိုမောင်းသောအသားအရေကို ပိုင်ဆိုင်ကာ ပေါင်လုံး ကြွက်သားများ တောင့်တင်းပြီး ကျောပြင်ကျယ်ကာ ကျောရိုးရှည်သည်။

ဆေးဆိုးကာ ကော့်ပျံနေအောင် အထူးပြင်ဆင်ထားသော မျက်တောင်များကို တဖျတ်ဖျတ်ခတ်ရင်း နှုတ်ခမ်းစူစူလေးနှင့် သိမ်မွေ့စွာ လမ်းလျှောက်သွားသော ချစ်စရာမိန်းမပျိုသည် မလှမ်းမကမ်းရှိ ရေကူးကန်သို့ ဦးတည်လျှောက်နေရာမှ ဒါမီဒယ်ကို နောက်တစ်ကြိမ် လှမ်းကြည့်သည်။ မသိမသာပြုံးပြသည်။

"သားအလှည့်။ သားအလှည့်။"

ဒါမီဒယ်၏ သားငယ်မှာ ခုန်ဆွဆွဖြင့် အော်နေသည်။ လုလိယက်စ်သည် ကလေးငယ်အလိုကျ နေရာပြောင်းပေးသည်။ ဖဲလ်လစ်ကမ်းပေးလာသော သဲဘောလုံးကို မယူ။

"ငှက်မွှေးသွပ်ထားတဲ့ ဘောလုံးနဲ့လဲလိုက်လေ ဖဲလ်လစ်။ ကလေး လက်နာသွားမှာပေါ့။"

ဖဲလ်လစ် နောက်ပြန်ဆုတ်ရင်း ဘောလုံးငယ်များကို ပြန်လဲလိုက်သည်။ လေသွပ်ဘောလုံးများလည်း ရှိပေမယ့် လုလိယက်စ်ပြောသလို ငှက်တောင်မွှေးသွပ်ထားသော ဘောလုံးကိုသာ ပြန်ယူလာခဲ့သည်။

ဒါမီဒယ်နှင့် လုလိယက်စ်သည် ကလေးငယ်ကို ညှာတာကာ ခပ်ဖြည်းဖြည်းသာ ပစ်ပေးကြသည်။ ဘောလုံးတစ်လုံးပုတ်ထုတ်နိုင်တိုင်း ဒါမီဒယ်၏သားလေးသည် ဝမ်းသာအားရခုန်ပေါက်ရယ်မောနေသည်။ အတန်ကြာအောင် ကစားပြီးတာတောင် ရပ်တန့်ချင်ပုံမရ။ ကလေးထိန်းကြီးမှ မုန့်ကျွေးမည်ဆိုကာ အတင်းဝင်ခေါ်သွားမှရသည်။ ပေါင်မုန့်ကိုနွားနို့စိမ်ကာ ဖိုထဲထည့်ပြီး မခြောက်သေးခင် ပျားရည်စမ်းကာ ငရုတ်ကောင်းဖြူးထားသည့် အချိုမုန့်သည် ဒါမီဒယ်၏ သားငယ်အကြိုက်ဖြစ်သည်။

ကလေးငယ်နှင့် အထိန်းတော်တို့ ထွက်ခွာသွားတော့မှ မြေကွက်လပ်ကြီး ပတ်လည်ရှိ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော တန်းလျားခုံတန်းရှည်တွင် လုလိယက်စ်နှင့်ဒါမီဒယ် ယှဉ်တွဲ ထိုင်ဖြစ်ကြသည်။

"အား... ပူလိုက်တာ။ နွေဦးမို့လို့ပဲကွာ။ နွေရာသီဆိုရင်တော့ ဘယ်လိုနေမလဲ မသိဘူး။"

ချွေးရွှဲနေသော ဒါမီဒယ်သည် နေမင်းကိုမော့ကြည့်ကာ ညည်းညူနေသည်။ နေ့လယ်စောင်းအချိန် ဖြစ်သောကြောင့် ရေချိုးဆောင်ကြီးသို့ လာရောက်ကြသူများ မနည်းပါ။ အဖိုးတန်အဝတ်အစားများနှင့် လူချမ်းသာတစ်ယောက်သည် အခြွေအရံတစ်သိုက် နောက်မှာခြံရံကာ သူတို့ရှေ့မှ ဖြတ်လျှောက်သွားသည်။ ပုံပေမြို့၏ ဘဏ်ပိုင်ရှင် သူဌေးကြီးပင်။

လည်ပင်းကိုမမြင်ရ။ ခေါင်းနှင့်ကိုယ် ဆက်နေသည်လား ထင်ရသည်။ ရွှဲနေအောင် ပူနေသော ဗိုက်နှင့် တုတ်ခိုင်သော ကိုယ်ခန္ဓာသည် ချမ်းသာကြွယ်ဝစွာ ဇိမ်ရှိသောဘဝကို သရုပ်ဖော်နေသည်။ လုလိယက်စ်နှင့် ဒါမီဒယ်ကို ဦးညွှတ်နှုတ်ဆက်သွားပေမယ့် အမြင်မကြည်သလို မျက်နှာပျက်နေသည်။ လုလိယက်စ်ကို လူချမ်းသာများထဲမှ ချစ်ခင်သူနည်းလှသည်ဖြစ်၍ အထူးအဆန်းတော့မဟုတ်။

"အရှင်.."

ဖဲလ်လစ်၏ခေါ်သံ။ သဲမှုန်များကို ဗန်းတစ်ခုထဲတွင် ထည့်ထားပြီး အဝတ်စတစ်ခုကို ဆုပ်ကိုင်ထားသည်။ ထိုအရာများသည် လုလိယက်စ်၏ ကိုယ်ခန္ဓာမှ ဆီနှင့်ချွေးများကို ဖယ်ရှားရန်အတွက်ဖြစ်သည်။ လုလိယက်စ်သည် သက်ပြင်းကို မသိမသာချလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ ခါးပတ်ကိုချွတ်ကာ ချွေးရွှဲနေသော ဝတ်စုံကို ကိုယ်ပေါ်မှ ဖယ်လိုက်သည်။ အတွင်းခံဘောင်းဘီတဖြစ်လည်း ချည်သားခါးစည်းနှင့် ဖြစ်သောကြောင့် ထူးဆန်းသည့်ကိစ္စတော့မဟုတ်။

ရင်အုပ်ကျယ်ကာ ကြွက်သားအပြည့်နှင့် ကြံ့ခိုင်သော ကိုယ်ခန္ဓာတည်ဆောက်မှုသည် သဘာဝတရား၏ လက်ဆောင်မွန်များလားဟု ထင်မှတ်မှားရလောက်သည်။ စစ်သားတစ်ယောက်ဖြစ်ခဲ့သောကြောင့် ဒဏ်ရာအမာရွတ်များနှင့် ပြည့်နေသည်။ ဖြူဖွေးသောအသားရောင်ပေါ်တွင် အနီစင်းများ ထွင်းထားသည်လား မှတ်ထင်ရသည်။ ရွှေရောင်ဆံပင်လိပ်များနှင့် ပြာလွင်သော မျက်လုံးများသည် တည်ကြည်စွာ ချောမောသော လုလိယက်စ်မျက်နှာတွင် အထင်ရှားဆုံးဖြစ်သည်။

ဖဲလ်လစ်သည် လုလိယက်စ်၏ ကိုယ်ခန္ဓာပေါ်သို့ သဲမှုန်များကို ဖြူးကျဲချလိုက်သည်။ လက်မောင်းများ၊ ကျောများပါ ဖုန်မှုန့်များလူးထားသလို သဲရောင်သန်းသွားသည်။ ထို့နောက်တွင်တော့ တံစဉ်ပုံစံ သတ္တုပြားလေးဖြင့် သဲမှုန်များကို ခပ်ဖြည်းဖြည်း ခြစ်ချသည်။ ချွေးနှင့်အညစ်အကြေးများ သန့်စင်ရန်အတွက် ဖြစ်သည်။ ဒါမီဒယ်ကိုလည်း အစေခံတစ်ယောက်က ပုံစံတူ ပြုလုပ်ပေးနေသည်။ သိမ်မွေ့သလို သွက်လက်သော ဖဲလ်လစ်၏ လှုပ်ရှားမှုများသည် ဟာကွက်မရှိ။ ဒါပေမဲ့ လုလိယက်စ် မျက်မှောင်ကြုတ်ထားသည်။

အချိန်ကြာလာသည်နှင့် ဘေးနားတွင် မျက်နှာပြောင်စပ်စပ်နှင့် သူ့ကိုကြည့်လိုက်၊ ပြုံးလိုက်လုပ်နေသော သူငယ်ချင်းဖြစ်သူ ဒါမီဒယ်ကို လုလိယက်စ် သတိထားမိသည်။ လုလိယက်စ်၏ အလိုမကျမှုသည် စိတ်ရှုပ်မှုဖြစ်လာသည်။

"မင်း ဘာဖြစ်နေတာလဲ ဒါမီဒယ်။"

"မင်း အသက်မရှူတာကို ရယ်ချင်နေတာ။"

ဒါမီဒယ်က ရယ်သံနှင့်ဖြေသည်။ ထို့နောက် လုလိယက်စ်နောက်ကျောမှာရှိနေသာ ဖဲလ်လစ်ကို မျက်စိလှန်ကြည့်ရင်း ထပ်ရယ်သည်။ ဒါမီဒယ် ဘာကိုဆိုလိုချင်သည်ကို နားလည်သော လုလိယက်စ် မျက်နှာရဲသွားသည်။

"တော်ပြီ ဖဲလ်လစ်။ မင်းလည်းတော်တော့။"

"ဟ..ငါမှ မပြီးသေးတာ။"

"ပြီးပြီလို့ပဲ သဘောထားလိုက်။"

လုလိယက်စ် ထပ်မပြောတော့။ ဒါမီဒယ်၏ လက်မောင်းကိုဆွဲကာ ကျယ်ဝန်းသော ရေချိုးဆောင်ခန်းမကြီးထဲသို့ ဝင်လာခဲ့သည်။ အဝတ်လဲခန်းတွင် သူတို့နှစ်ယောက်၏ အဝတ်အစားများကို အစေခံများက ကူညီသိမ်းဆည်းပေးကာ ဗီရိုများနှင့်ဆင်ဆင်တူအောင် နံရံတွင် ပြတင်းပေါက်ငယ်များသဖွယ် အပေါက်ငယ်များထည့်သွင်း ဆောက်လုပ်ထားသည့်နေရာတွင်ထည့်ကာ တံခါးပိတ်သိမ်းဆည်းပေးကြသည်။

ထို့နောက်တွင်တော့ နှစ်ယောက်သား အနွေးခန်းသို့ဝင်ရောက်ကြသည်။ ထိုနေရာသည် ရေများကို နွေးရုံသာ အနွေးပေးထားသောနေရာဖြစ်သည်။ အခန်းသည်လည်း ရေနွေးငွေ့များကြောင့် နွေးထွေးနေသည့်အပြင် ကြမ်းပြင်အောက်၊ နံရံများကြားမှ အပူလေများလည်ပတ်နိုင်စေရန် စနစ်တကျ တည်ဆောက်ထားသော အပူပေးစနစ်ကြောင့် နွေးထွေးနေသည်။ ပူလည်းမပူ၊ အေးလည်းမအေးသော အခန်းအနေအထားကြောင့် ကျောက်ဖြင့်ပြုလုပ်ထားသည့် တန်းလျားထိုင်ခုံများတွင် အေးအေးလူလူထိုင်ကာ စကားပြောဆွေးနွေးနေသူများနှင့် ပြည့်နေသည်။

"မင်း သူ့ကို သဘောကျနေတယ်မဟုတ်လား။"

ဒါမီဒယ်၏အကြည့်သည် သူတို့နှစ်ယောက်နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော ဖဲလ်လစ်ထံမှာ ဖြစ်သည်။ အခြားအစေခံတစ်ယောက်နှင့် စကားပြောနေသော ဖဲလ်လစ်ကို တစ်ချက်လှမ်းကြည့်ပြီး လုလိယက်စ် အသံတိတ်နေသည်။

"ဘယ်လိုလဲ။ အပျော်မယ်တွေထက်တော်လား။"

ဒီမေးခွန်းမှာတော့ လုလိယက်စ် မျက်မှောင်ကြုတ်သွားသည်။ သဘောမကျဟန်က အထင်းသား။

"မသိဘူး။"

ဒါမီဒယ်သည် ဘေးချင်းယှဉ်ထိုင်နေရာမှ တစ်ကိုယ်လုံးလှည့်ကာ လုလိယက်စ်မျက်နှာကို မြင်အောင် လှည့်ကြည့်သည်။ ပါးစပ်ကြီးဟပြီး အံ့သြနေသည်မှာ မြင်မကောင်း။

"မင်း..မင်း..ဒီကောင်လေးကို တစ်ခါမှ ခေါ်မအိပ်သေးဘူးလား။"

သခင်များအတွက် အစေခံများကို လိုသလိုအသုံးချတတ်သည်မှာ ထူးဆန်းသည့် အခြင်းအရာ လုံးလုံး မဟုတ်။ အမျိုးသားအချင်းချင်းဆိုသည်မှာ အားလုံးလက်ခံထားသည့် သဘောတရားဖြစ်သောကြောင့် သာမာန်ကိစ္စတစ်ခုပင်။ ရောမနိုင်ငံသားအချင်းချင်းသာ မဖြစ်ဖို့လိုသည်။ အစေခံများ၊ လူတန်းစားနိမ့်သည်ဟု သတ်မှတ်ထားသူများဆိုလျှင် ရောမနိုင်ငံသားများက မိမိစိတ်ကြိုက် ပြုမူနိုင်သည်။ တစ်ခုပဲ။ သာယာမှုကို ဒီလိုလူမျိုးတွေကို မပေးရ။ သူတို့ထံမှ သာယာမှုကိုတော့ လွတ်လပ်စွာ ရယူနိုင်သည်။ လုလိယက်စ်သည် အစေခံတစ်ယောက်ဖြစ်သည့် ဖဲလ်လစ်ဆိုသည့်ကောင်လေးကို စိတ်ဝင်စားသည့် ပုံစံရှိပါလျက် မသိမ်းပိုက်သေးဆိုသည့် သဘောတရားကသာ ပိုပြီး အံ့သြဖို့ကောင်းနေသည်။

"တကယ်လား လုလိယက်စ်။ မင်း သူ့ကို တစ်ခါမှ.."

"ဟာကွာ...မင်းမှာ တခြားပြောစရာမရှိဘူးလား။"

လုလိယက်စ်က စိတ်ပျက်သည့်ဟန်နှင့် ညည်းညူရင်း ထိုင်နေရာမှထကာ အပူခန်းအတွင်းသို့ ဝင်လာခဲ့သည်။ ထိုနေရာတွင်တော့ မြူများဆိုင်းနေသလို ရေခိုးရေငွေ့များဖြင့် တစ်ခန်းလုံးပြည့်နေသည်။ အလေ့အကျင့်မရှိသူများအတွက်တော့ အသက်ရှူလို့ပင် မဝနိုင်။ သို့ပေမယ့် နေ့စဉ်နေ့တိုင်းနီးပါး ရောက်လာနေကြဖြစ်သော လုလိယက်စ်တို့အတွက်တော့ အခက်အခဲမရှိ။

ရေပူကန်ငယ်ထဲရှိ လှေကားထစ်များတွင် အေးအေးလူလူထိုင်ဖြစ်ကြသည်။ ခါးအထက်ထိရောက်သော ရေကန်ထဲရှိရေပူများမှ ရေနွေးငွေ့များသည် ကိုယ်ခန္ဓာအထက်ပိုင်းကိုသာမက မျက်နှာကိုပါ အပူငွေ့ဟပ်နေစေသည်။ လက်နှစ်ဘက်ကို ကန်ဘောင်ပေါ် နောက်ပစ်တင်ထားပြီး ခေါင်းမော့ကာ စိတ်အေးလက်အေး ထိုင်နေသည့် လုလိယက်စ်၏ ဟန်ပန်သည် သက်သောင့်သက်သာ ရှိလှသည်။ ပင်ပန်းခေါင်းရှုပ်ခဲ့သမျှကို မေ့လျှော့ထားချင်ဟန်။ ဒါမီဒယ်သည် သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး မပြုံးဘဲ မနေနိုင်။ မကြာသေးခင်က စ ခဲ့သောစကားကိုလည်း ရပ်လိုဟန်မရှိ။

"မင်းနားမှာ တစ်ချိန်လုံး ဒီကောင်ရှိနေတာလေကွာ။ အခြံအရံတွေနဲ့ လမ်း မသွားချင်ဘူးဆိုတဲ့ မင်းက အခုတော့ ဘယ်သွားသွား ဒီကောင်နဲ့ချည်းပဲ။ ငါ မအံ့သြဘဲနေမလားကွ။"

လုလိယက်စ် နှုတ်ခမ်းကိုကိုက်ပြီး နောက်ထပ်အပြုံးတွေကို ဖိနှိပ်လိုက်ရသည်။ ဒါမီဒယ် ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ဆောင်းတွင်းကာလ အနားယူစံအိမ်ကြီးမှ ပြန်ရောက်လာကတည်းက ဖဲလ်လစ်သည် သူ့နားမှာ အမြဲရှိနေတတ်သည်။ အလုပ်ကိစ္စများတွင် အတွင်းရေးမှူးတစ်ယောက်လို အားကိုးရသည်။ ရောက်ကာစ အချိန်ကလို အေးစက်စက် ကောင်လေးမဟုတ်တော့။ လုလိယက်စ်အပေါ်တွင် နွေးနွေးထွေးထွေး ဆက်ဆံလာသလို လိုအပ်သည်များကို ပါးစပ်မှ ဖွင့်ပြောစရာမလိုအောင် အလိုက်တသိ လုပ်ကိုင်ပေးတတ်သည့် အားကိုးရသူတစ်ယောက် ဖြစ်နေသည်။

ဖဲလ်လစ်ကို လုလိယက်စ် စိတ်ကူးနှင့်ရော အတွေးနှင့်ပါ သိမ်းပိုက်ချင်ခဲ့သည်မှာ အကြိမ်ပေါင်းများစွာ။ နေ့တိုင်းလိုလိုဟု ပြော၍ပင် ရလိမ့်မည်။ သူ့ရင်ထဲမှ မီးစငယ်သည် မီးတောက်အသွင် ဟုန်းဟုန်းတောက်နေသည်မှာ ကြာခဲ့ပြီ။ ဒါပေမဲ့ လုလိယက်စ် စိုးရိမ်သည်။ သူ့ဆန္ဒကြောင့် ဖဲလ်လစ် စိတ်ပျက်သွားမှာ၊ စိတ်ညစ်သွားမှာကို စိုးရိမ်သလို အလိုမတူဘဲ သိမ်းပိုက်လိုက်သလို ဖြစ်သွားမှာကို သူ အကြောက်ဆုံးဖြစ်နေသည်။

သူ့အတွက် ဖဲလ်လစ်သည် တန်ဖိုးအရှိဆုံး ကျောက်မျက်ရတနာတစ်ခု။ ပိုင်ဆိုင်ခွင့်ဆိုသည်ထက် အနားမှာရှိခွင့်ရသည်နှင့်သာ ရောင့်ရဲကျေနပ်ချင်သည်။ ဒါပေမဲ့ ရင်ထဲက ဆန္ဒတွေကို ချိုးနှိမ်ဖို့ဆိုတာ အချိန်ကြာလာတာနှင့်အမျှ ခက်သည်ထက် ပိုပြီး ခက်ခဲလာတာကို သူ အသိဆုံးဖြစ်သည်။

"ဟိုမှာ ငါ့ ကျေးဇူးရှင်ကြီး။ သွားနှုတ်ဆက်လိုက်ဦးမယ်။"

ဒါမီဒယ်သည် အခန်းထောင့်တန်းလျားတွင် ထိုင်နေသော ခပ်ဝဝလူကြီးတစ်ယောက်ကို မေးငေါ့ပြရင်း ပြောသည်။ မြို့အုပ်ချုပ်ရေးပိုင်းမှ အရာရှိတစ်ယောက်ဖြစ်သည်။ နောက်လာမည့် ရွေးကောက်ပွဲတွင် ဒါမီဒယ်ကို မြို့တော်ဝန်အဖြစ် အရွေးခံရန် အားပေးနေသူတစ်ယောက်။ လုလိယက်စ်ကတော့ လိုက်မသွားတော့။ ခပ်နွေးနွေးရေကန်ငွေ့ထဲမှာ နှစ်ခြိုက်သဘောကျစွာ ဆက်နေဖြစ်သည်။ ရေကန်ဘောင်ကို ခေါင်းမှီတင်ရင်း လှပစွာပုံဖော်ထားသော မျက်နှာကြက်ကို ငေးကြည့်နေဖြစ်သည်။

"အရှင်.."

ဖဲလ်လစ်၏ မျက်နှာမှာ ရေနွေးငွေ့ရိုက်သောကြောင့်လားမသိ။ ခပ်ရဲရဲဖြစ်နေသည်။ လက်ထဲမှ သံလွင်ဆီပုလင်းငယ်ကိုတွေ့ရချိန် လုလိယက်စ် ငြင်းဆန်ဖို့ စဉ်းစားမိသေးသည်။ ဒါပေမဲ့ ဖဲလ်လစ်က သူ ခွင့်မပြုချင်သည်ကို သတိထားမိဟန်မတူ။ သူ့ကျောဘက်တွင် ဒူးထောက်ထိုင်ရင်း သံလွင်ဆီကို သူ့လက်ဖဝါးပေါ် အနည်းငယ်မှောက်ချလိုက်ပြီးမှ လုလိယက်စ်၏ ကျောပြင်ပေါ်သို့ ဖိသုတ်ပေးသည်။

ဒီသံလွင်ဆီသည် ကိုယ်ခန္ဓာသန့်စင်ရန် ရောမလူမျိုးအားလုံး အသုံးပြုကြသည်။ တစ်ခါတစ်ရံ ရွှံ့နှင့်ရောကာ အသုံးပြုကြသည်။ မထူးဆန်းသော ကိစ္စတစ်ခုဖြစ်ပေမယ့် လုလိယက်စ်၏ အာရုံသည် ခပ်ကြမ်းကြမ်း လက်ဖဝါးပြင်ထက်မှ ဖယ်လို့မရ။ ဖဲလ်လစ်၏ လက်များသည် ကျောပြင်မှတစ်ဆင့် ပခုံးမှကျော်ကာ လက်မောင်းပေါ် ဆက်သွားသည်။ လုလိယက်စ် အသက်မရှူရဲလောက်အောင် ပူလောင်လာသည်။ ဘာတွေဖြစ်နေသည်ကို သူ နားလည်သည်။

"တော်ပြီ ဖဲလ်လစ်။"

မသိမသာ ရုန်းထွက်ရင်း တားလိုက်ရသည်။ အောက်နှုတ်ခမ်းသားများကို ဖိကိုက်ထားသည့် သူ့ရဲ့ ပူလောင်မှုကို သူသာလျှင် နားလည်သည်။

"ခင်ဗျာ.."

"မင်း သွားတော့။ အဘကို လွှတ်လိုက်။"

သူ့အသံကို တည်ငြိမ်နေအောင် လုလိယက်စ် သတိထားပြောလိုက်ရသည်။ မျက်နှာပျက်သွားသော ဖဲလ်လစ်ကတော့ နားလည်ဟန်မတူ။ ဟုတ်ကဲ့ဟူသော အသံတိုးတိုးနောက်မှာ ဖဲလ်လစ် သူ့နားမှ ထွက်ခွာသွားသည်။ သိပ်မကြာခင်မှာပဲ အဘိုးအို အဲလ်ဇီယိုသည် သူ့နားရောက်လာသည်။

"အရှင်ရာ..ကျုပ်လိုအဘိုးကြီးကို ခိုင်းတုန်းပဲလား။"

သွားတော်တော်များများ မရှိတော့သော အဘိုးအို၏ အပြုံးသည် ရယ်စရာကောင်းသလို၊ ချစ်စရာကောင်းသည်။ ခါးကုန်းကုန်းနှင့် ဖြစ်နေပေမယ့် အသွားအလာတွင်တော့ ရှေးကလို သွက်လက်တုန်းပင် ဖြစ်သည်။ ဆံပင်ဖြူများကို ဆေးဆိုးဖို့မမေ့။ အသက်ကြီးပေမယ့် မိမိအသက်အရွယ်ကို မေ့ထားချင်သူများထဲတွင် အဘိုးအို အဲလ်ဇီယိုသည် ထိပ်ဆုံးမှ ဖြစ်လိမ့်မည်။ လုလိယက်စ်၏ နီရဲနေသော နားရွက်ဖျားနှင့် ဘေးနားမှာချထားသော သံလွင်ဆီကို တွေ့လိုက်ရသည်နှင့် အဘိုးအိုမှာ အရာရာကို နားလည်ပြီးဖြစ်သည်။ ဒါပေမဲ့ ဘာမှမသိသလို လေသံနှင့် ထပ်မေးသည်။

"ဟိုကောင်လေးကို စိတ်တိုင်းမကျလို့လား အရှင်ရ။"

"အဘရာ.."

လုလိယက်စ်ထံမှ ထိုစကားသံမှလွဲလျှင် တခြားဘာမှ ထပ်မထွက်လာ။ အဘိုးအိုမှာ ပြုံးချင်ပေမယ့် မပြုံးရက်။ ရယ်ချင်ပေမယ့် လုလိယက်စ်ကို သနားမိသည်။ တကယ်ဆို သခင်တစ်ယောက်သည် ကျွန်တစ်ယောက်ကို အလုံးစုံ ပိုင်ဆိုင်သည်ပဲဖြစ်သည်။ ဘာမှစောင့်ထိန်းနေစရာမလို။ အခုတော့ လုလိယက်စ်သည် ဖဲလ်လစ်ကို အခွင့်အရေးပေးလွန်းနေသည်။

"ကျုပ် ဆက်လုပ်ပေးရမလားအရှင်။"

လုလိယက်စ် ခေါင်းညိတ်ရုံ အဖြေပေးသည်။ အဘိုးအိုသည် သံလွင်ဆီများကို လုလိယက်စ်၏ ပခုံးတစ်လျှောက် ခပ်များများလောင်းထည့်လိုက်သည်။ အဘိုးအို၏ ခွန်အားမရှိသော လက်ချောင်းများတွင်တော့ လုလိယက်စ်သည် စိတ်အေးလက်အေး ငြိမ်သက်နေသည်။

"အရှင်.."

"......"

"အလုပ်တွေပဲ ဖိလုပ်နေရတာ မပင်ပန်းဘူးလား။ အပျိုမယ်တွေ ခေါ်ပေးရမလား။"

"မလိုပါဘူး အဘရာ။"

တကယ်တော့ အဘိုးအို စကားခေါ်လိုက်ခြင်းဖြစ်သည်။ လုလိယက်စ်သည် သန်စွမ်းကျန်းမာသော လူငယ်တစ်ယောက်။ ရှက်စရာလည်းမဟုတ် တားမြစ်ထားသည့်အရာဟုလည်း မသတ်မှတ်ထားသည့် လူသားတစ်ယောက်၏ လိုအပ်ချက်အတွက် မိန်းမချောလေးများကို အရှင်လုလိယက်စ်ထံ အဘိုးအို ပို့ပေးခဲ့ဖူးသည်။ ဒါပေမဲ့ အခုအချိန်မှာ လုလိယက်စ်လိုအပ်နေသည်မှာ မိန်းမပျိုတွေမဟုတ်သလို မိန်းမလှလေးတွေ မဟုတ်။

"ပုံပေမှာလည်း မိန်းမလှတွေ ရှားလာလိုက်တာ အရှင်ရာ။ အချောအလှတွေအားလုံး ရောမမြို့ကိုပဲ မြို့ထင်နေကြပြီလားမသိဘူး။"

မသိမသာ စကားဆက်တော့ လုလိယက်စ်က ကြားသည့်ဟန်ပင်မရှိ။ ရေချိုးဆောင်အပေါက်ဝတွင် မတ်တတ်ရပ်နေသော ဖဲလ်လစ်ကိုသာ ခပ်ငေးငေးကြည့်နေသည်။

"အရှင် လက်ခံမယ်ဆိုရင် ကျုပ် ဒီည ဖဲလ်လစ်ကို အရှင့်ဆီ လာခိုင်းလိုက်မယ်။"

အဘိုးအို၏ စကားအဆုံးမှာ လုလိယက်စ်၏ ကျောပြင်မှာ ခပ်မတ်မတ်ဖြစ်သွားသည်။ ခေါင်းမသိမသာငုံ့သွားသည်။ စကားသံများ တိတ်ဆိတ်နေသည်။ အဘိုးအို အတင်းမတိုက်တွန်းဖြစ်။ လုလိယက်စ်အကြောင်းကို သူအသိဆုံးဖြစ်သည်။ အချိန်အတော်ကြာအောင် အသံတိတ်နေပြီးမှ ထပ်မေးဖြစ်သည်။

"အရှင် အလိုမရှိလို့လား။"

"မဟုတ်ပါဘူး။ လွှတ်လိုက်လေ။ ကျွန်တော် စောင့်နေမယ်။"

ပထမစကားလုံး နှစ်ခုကို ဘာမှအရေးမကြီးသလို ဟန်ဆောင်ထားသော လေသံဖြင့် လုလိယက်စ်ပြောသော်လည်း နောက်ဆုံး စောင့်နေမယ်ဆိုသော စကားသံတွင်တော့ နက်နဲသော ခံစားချက်များ ထင်ဟပ်သွားစေတာ သတိမထားမိဘူးလားမသိ။ အဘိုးအိုမှာ နားလည်စွာ ပြုံးရုံ ပြုံးဖြစ်သည်။

Continue Reading

You'll Also Like

1.1M 60.3K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
220K 35.7K 58
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
294K 26.3K 49
စစ်နတ်ဘုရားဟံသာဝတီအိမ်ရှေ့မင်းက အင်းဝနန်းတွင်းမာသူလျှိုလုပ်ရင်း အင်းဝမင်းသား‌ငယ်လေးကိုကာကွယ်ချင်လာတဲ့အခါ နောင်တော်တစ်ပါးရဲ့သစ္စာဖောက်မှုကြောင့် အင်းဝ...
80.3K 7.1K 61
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...