ထာ၀ရ ပုံပေ

By akyinnamon

1.5M 183K 10.7K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More

Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

Part 22 (Unicode)

15.7K 2.3K 281
By akyinnamon

ပုံပေမြို့ရှိ လုလိယက်စ်၏အစေခံကျွန်များသည် မိမိတို့၏အလုပ်များကို တိတ်တဆိတ် လုပ်ကိုင်နေကြသည်။ ယခင်အချိန်များကလို အချင်းချင်း စကားပြောခြင်း၊ ရယ်မောခြင်းမရှိ။ အားလုံးသည် မြို့ပြင်တွင် အမဲလိုက်ရာမှ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော အရှင်လုလိယက်စ်အတွက် စိုးရိမ်နေကြသည်။

ပုံပေမြို့သို့ ပြန်ရောက်နေပြီဖြစ်သော်လည်း လုလိယက်စ်သည် ဒဏ်ရာကြောင့် အခန်းထဲမှ မထွက်နိုင်သေး။ အမြဲတမ်းအလုပ်နှင့် လက်မပြတ်လုပ်တတ်ပြီး ဖျားနာခြင်းမရှိခဲ့ဖူးသည့် မိမိတို့အရှင်အတွက် အစေခံများအားလုံး စိုးရိမ်ပူပန်နေကြသည်။ ဒီကြားထဲတွင် လုလိယက်စ်၏ ညီဖြစ်သူ အားရီးယူးစ်သည် ရောမမြို့သို့ ပြန်သွားခဲ့ပြီဖြစ်သည်။ အစ်ကိုဖြစ်သူကို နှုတ်ဆက်သွားခြင်းမရှိ။ ညီအစ်ကိုနှစ်ယောက် အကြီးအကျယ် စိတ်ဆိုးဒေါသဖြစ်ခဲ့သည် ဟူသော သတင်းစကားကိုသာ အစေခံများကြားတွင် တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ကြားနေရသည်။

"အဘ.."

အစေခံလူငယ်တစ်ယောက်သည် ဧည့်ခန်းဆောင်ထဲသို့ ခပ်သွက်သွက် ဝင်လာကာ အဘိုးအိုအဲလ်ဇီယိုကို လှမ်းခေါ်နေသည်။

"ဘာတုန်း"

"သခင်မလေး ဒီဒီရာ ရောက်နေတယ် အဘ။"

"ဟေ.. ဟုတ်လား.."

အဘိုးအို အဲလ်ဇီယိုသည် ပြင်ဆင်ချိန်ပင် မရလိုက်။ ဒီဒီရာနှင့် သူမ၏အထိန်းတော် အစေခံအမျိုးသမီးကြီးတို့သည် ဧည့်ခန်းဆောင်အတွင်းသို့ လှမ်းဝင်လာပြီဖြစ်သည်။ အဘိုးအိုမှာ တပြေးတပိုင်းသွားကာ ခရီးဦးကြိုပြုလိုက်သည်။

အရိုးထဲထိ စိမ့်နေအောင် ချမ်းအေးသော ဆောင်းတွင်းသို့ရောက်နေပြီဖြစ်သောကြောင့် ဒီဒီရာလေးသည် သိုးမွှေးခြုံထည်ကို ခြုံထားသည်။ အအေးဒဏ်ကြောင့် ပါးမို့မို့လေးနှစ်ဖက်မှာ ရဲနေသည်။ မျက်လုံးနက်များက တောက်ပမှုမရှိ။ အပြာရောင်ဖန်ပုလင်းငယ်လေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။

"အရှင်ရော... အဘ"

"အခန်းထဲမှာ အနားယူနေပါတယ် သခင်မလေး။"

"သွားတွေ့လို့ ရမလား။"

"ဟုတ်ကဲ့။ ရပါတယ် သခင်မလေး။"

အဘိုးအိုမှာ ခေါင်းညွှတ် ခြေတစ်လှမ်းဆုတ်ပြီးမှ နောက်လှည့်ကာ လုလိယက်စ်၏ အခန်းရှိရာသို့ အမျိုးသမီးနှစ်ယောက်ကို ဦးဆောင်ခေါ်လာခဲ့သည်။ အိပ်ခန်းရှေ့ရှိ ဥယျာဉ်ကြီးမှ သစ်ပင်များပင် ဆောင်းတွင်းအအေးဒဏ်အောက်မှာ အရိုးပြိုင်းပြိုင်းဖြစ်နေပြီဖြစ်သည်။ ဆောင်းတွင်းပွင့်တတ်သော ပန်းတစ်ချို့မှလွဲလျှင် စိမ်းလန်းစိုပြေမှုမရှိတော့။ ဆောင်းတွင်းဆိုလျှင် ခပ်စိတ်စိတ်ရွာတတ်သောမိုးကြောင့် ပြည့်မောက်နေသော ရေကန်ငယ်နှင့် ရေပန်းများမှ ရေကျသံများသည် လွမ်းစရာကောင်းနေသည်။

"ခဏလေးစောင့်ပါဦး သခင်မလေး။"

အဘိုးအိုသည် ဒီဒီရာကို အခန်းအပြင်ဘက်နားတွင် ထားခဲ့ကာ အခန်းတွင်းသို့ လှမ်းဝင်လာခဲ့သည်။ လုလိယက်စ်သည် ခုတင်ပေါ်တွင် လဲလျောင်းနေပေမယ့် အိပ်ပျော်နေသည် မဟုတ်။ အခန်းထဲမှာ ပိတ်နေရတာကို ငြီးငွေ့နေဟန် စိတ်ရှုပ်နေသည်။ ဒီဒီရာအပြင်တွင် စောင့်နေကြောင်း အသိပေးတော့ အလွယ်တကူပင် ဝင်လာဖို့ ခွင့်ပြုခဲ့သည်။

"ဒီနေ့မနက် နတ်ဘုရားကျောင်းသွားခဲ့တယ်။ အရှင့်အတွက် ဆုတောင်းပေးခဲ့တယ်။"

အခန်းထဲရောက်သည်နှင့် ဒီဒီရာ၏ အသံချိုချိုလေးသည် ဆည်းလည်းသံလေးများလို ထွက်ပေါ်လာသည်။ လုလိယက်စ်က ကျေးဇူးတင်ကြောင်း ပြောနေသော်လည်း အသက်မပါ။

"အားရီးယူးစ် ပြန်သွားပြီလား။"

"အင်း.."

"စာရေးသေးလား။"

"ဟင့်အင်း..ကိုယ့်ကို စိတ်ဆိုးနေတယ်။"

"ဆိုးမှာပေါ့။ အရှင် လုပ်တာက ဟုတ်မှမဟုတ်တာ။ ကျွန်တစ်ယောက်အတွက် ကိုယ့်ညီအရင်းကို ဒီလောက်အထိ လုပ်စရာလို လို့လား။"

ဒီဒီရာလေး၏ ခပ်စွာစွာ စကားသံ။ လုလိယက်စ်သည် အတန်ကြာအောင် တိတ်ဆိတ်နေသည်။ ထို့နောက်မှ ခေါင်းတစ်ချက်ညိတ်သည်။

"အင်း..ကိုယ် လွန်သွားတယ်။"

"သူက အရှင့်ကို အရမ်းလေးစားပြီး အားကိုးတာ။ အခုဆို သူ ဘယ်လောက်တောင် စိတ်ထိခိုက်နေမလဲ။"

"ကိုယ် နေကောင်းတာနဲ့ စာရေးပြီး တောင်းပန်လိုက်ပါ့မယ်။"

လုလိယက်စ်သည် ထိုမျှသာပြောသည်။ စိတ်မကောင်းဟန် မျက်နှာပျက်နေသည်။ လုလိယက်စ်သည် အားရီးယူးစ်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ဖို့မပြောနှင့်။ တစ်သက်လုံး လေသံမာမာနှင့်ပင် စကားမပြောခဲ့ဖူးပေ။ မိဘများပင် လက်ဖျားနှင့်မထိခဲ့ဘဲ တစ်သက်လုံးအလိုလိုက် အချစ်ခံရသည့် အားရီးယူးစ်သည် သူ့အပြုအမူကြောင့် ဘယ်လောက်တောင် နာကြည်းသွားမည်ကို စဉ်းစားမိတိုင်း စိတ်မကောင်းနိုင်။

"ဒီမှာ..ဒါ ဘုရားကျောင်းကရေစင်။ သောက်လိုက်နော်။ နေကောင်းသွားလိမ့်မယ်။"

ဒီဒီရာလေးသည် သူမလက်ထဲမှ ပုလင်းပြာလေးကို လုလိယက်စ်ရှေ့ ထိုးပေးလိုက်သည်။ သူမသည် အခြားရောမအမျိုးသမီးများလို ဘာသာရေးကိုင်းရှိုင်းသူလေးဖြစ်သည်။ နတ်ဘုရားများကို ကြောက်ရွံ့ယုံကြည်သူ ဖြစ်သောကြောင့် နတ်ရေစင်သည် လုလိယက်စ်ကို ချက်ချင်းနေကောင်းသွားစေမည်ဟု ယုံကြည်နေသည်။

"ဒါမီဒယ်ရော.."

"သူ မရှိဘူး။ အလုပ်သွားတယ်။"

"မနက်ဖြန်လောက်ဆိုရင်တော့ အိပ်ရာထဲက ထွက်လို့ရမှဖြစ်မယ်။ ကိုယ့်အခန်းထဲမှာ ကိုယ်ပြန်ပြီး ထောင်ချခံထားရသလိုပဲ။"

လုလိယက်စ်က စိတ်ပျက်လက်ပျက်ညည်းညူတော့ ဒီဒီရာမှာ ပြုံးနေသည်။

"ဒါဆို မြန်မြန်သောက်လေ။ နေကောင်းသွားလိမ့်မယ်။"

"ဟုတ်ပါပြီဗျာ။"

လုလိယက်စ်သည် အယုံအကြည်မရှိပေမယ့် ဒီဒီရာစိတ်ချမ်းသာစေရန် ပုလင်းငယ်ကို သူမရှေ့မှာပင် ဖွင့်သောက်လိုက်သည်။

"အဘ.."

"...."

"အဘ.."

အဘိုးအိုမှာ လုလိယက်စ်၏ခေါ်သံကို ချက်ချင်းမကြား။ တွေငေးနေရာမှ ရုတ်တရက် လှုပ်နှိုးခံရသူတစ်ယောက်လို အယောင်ယောင်အမှားမှား ဖြစ်နေသည်။

"အရှင် ဘာအလိုရှိလို့လဲ။"

"ဖဲလ်လစ် ဘယ်လိုနေလဲ။"

အဘိုးအိုမျက်နှာ ပျက်သွားခဲ့သည်။ ဒီနာမည်ကို အရှင့်နှုတ်ဖျားမှာ ခေါ်ဝေါ်သည်ကို သူ မကြားချင်တော့လောက်အောင် စိတ်နာနေသည်။ ဖဲလ်လစ်သည် စုန်းကဝေတစ်ယောက်လားဟုပင် အဘိုးအို တွေးမိသည်။ ဒီကောင်လေးကြောင့် လုလိယက်စ်နှင့် အားရီးယူးစ်တို့ မခေါ်မပြောအခြေအနေထိ ရောက်နေရသည်။

လုလိယက်စ်သည် ညီဖြစ်သူအပေါ် အင်မတန် ချစ်ခင်ကြင်နာတတ်ရုံသာမက အမြဲအလိုလိုက်ကာ တကယ့်ကလေးငယ်တစ်ယောက်သဖွယ် ဆက်ဆံခဲ့သည်။ ထို့အပြင် စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်သူတစ်ယောက်။ ဘယ်လောက်ပင် စိတ်ဆိုးဒေါသဖြစ်စေကာမူ အပြုအမူများကို အမြဲထိန်းချုပ်နိုင်ခဲ့သည်။ အချစ်ရဆုံး အမျိုးသမီးတစ်ယောက် အိမ်ထောင်ကျသွားပြီဆိုသော စာကို လက်ခံရချိန်တုန်းကတောင် ဒီပုံစံမျိုး ကိုယ်လွတ်၊စိတ်လွတ်မဖြစ်ခဲ့။

အခုတော့..

ဖဲလ်လစ်အတွက်ဆိုလျှင် လုလိယက်စ်သည် ဘာကိုမှ ဆင်ခြင်နိုင်စွမ်း မရှိတော့ဟန်။

"သူ တော်တော် စိုးရိမ်ရလား။"

အဘိုးအို၏ မျက်နှာပျက်ယွင်းမှုကို လုလိယက်စ်ကတော့ အခြားအဓိပ္ပါယ်ကို ကောက်လိုက်သည်လားမသိ။ ခုတင်ပေါ်မှ ထထိုင်ရန် ကြိုးစားလိုက်သည်။

"အို... အရှင် မထနဲ့လေ။"

ဒီဒီရာလေးက ပျာပျာသလဲတားရင်း ပါးစပ်တွေ ၀ိုင်းသွားသည်။

"ဖဲလ်လစ် ဘာဖြစ်လို့လဲ။ ဘယ်လိုနေသေးလဲ။"

"မစိုးရိမ်ရပါဘူး အရှင်။ ခေါင်းကဒဏ်ရာကြောင့် ဒီကောင်လေး အိပ်ရာက မထနိုင်တာလောက်ပါပဲ။ သိပ်မကြာပါဘူး။ ပျောက်သွားမှာပါ။"

မိမိဒဏ်ရာကိုပင် ဂရုမစိုက်နိုင်ဘဲ ထထိုင်ရန် ကြိုးစားနေသော လုလိယက်စ်ကိုကြည့်ရင်း အဘိုးအို စိတ်မကောင်းနိုင်။ ယူကျုံးမရလောက်အောင် ဝမ်းနည်းလာသည်။ လုလိယက်စ်ကို ဒီလိုပုံမျိုး မမြင်ချင်ပါ။ မြင်လည်းမမြင်ရက်။

အန်နီရာ သခင်မလေးနှင့် လုလိယက်စ်တို့ ချစ်ခင်နှစ်သက်ချိန်က အဘိုးအို ပျော်ရွှင်ကြည်နူးခဲ့ရသည်။ အန်နီရာသည် လုလိယက်စ်နှင့် အဆင့်အတန်းတူ အထက်တန်းလွှာ ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်။ အန်နီရာကို ချစ်ခင်နှစ်သက်ခဲ့သည့်အတွက် လုလိယက်စ်မှာ ထိခိုက်စရာမရှိ။

ဖဲလ်လစ်ကတော့ လူ့အသိုင်းအဝိုင်းမှာ အဆင့်အနိမ့်ဆုံးဟု ခေါ်ဆိုနိုင်သည့် အစေခံတစ်ယောက်။ လုလိယက်စ်၏ ခံစားချက်များသည် ဒီလိုလူသားတစ်ယောက်အတွက် မဖြစ်သင့်။ ထိုက်တန်မှုမရှိ။ ဒီအတိုင်းရှေ့ဆက်မည်ဆိုလျှင် ဖဲလ်လစ်ကြောင့် လုလိယက်စ် ထိခိုက်လိမ့်မည်ဆိုတာ မြေကြီးလက်ခတ်မလွဲ သေချာနေသည်။ ဘယ်လိုပဲ အဆုံးသတ်သတ် လုလိယက်စ်ဘက်က အနာချည်းဖြစ်လိမ့်မည်။

ဒါကို အဘိုးအို ခွင့်မပြုနိုင်။

"ကျွန်တော် သွားကြည့်မယ် အဘ။"

"ခင်ဗျာ.."

"ကျွန်တော် သူ့ဆီ သွားမယ်။"

"ညနေမှ သွားပါလား အရှင်။ အခု သခင်မလေးက အရှင့်ကို သတင်းမေးလာနေတာဆိုတော့။"

လုလိယက်စ်သည် အခန်းတွင်းမှာ ဒီဒီရာလေး ရှိနေသေးသည်ကို သတိရသွားဟန် စိတ်ကိုလျှော့လိုက်ကာ ဒီဒီရာလေးနှင့် စကားဆက်ပြောနေသည်။

အဘိုးအိုသည် လုလိယက်စ် ကိုင်ထားသော ပုလင်းလွတ်လေးကို စိုက်ကြည့်ရင်း တစ်စုံတစ်ရာကို တွေးမိသွားသည်။ ထိုအတွေးသည် တစ္ဆေတစ်ကောင်လို သူ့ကို တစ်ဖန်ပြန်လှန် ခြောက်လှန့်နေသည်။ ဒါပေမဲ့ အဘိုးအို ဆုံးဖြတ်ပြီးဖြစ်သည်။ နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့။

ဖဲလ်လစ်...

ဒီကောင်လေးကို သူ သုတ်သင်ပစ်ရမည်။

ဒီကိစ္စကို ဖဲလ်လစ်ရောက်လာချိန်ကတည်းက သူ လုပ်ခဲ့သင့်သည်။ ကိုယ့်သားအရွယ်လေးဆိုပြီး အသနားပိုကာ မလုပ်ရက်နိုင်ဘဲ တွေဝေနေခဲ့၍ ယခုအခြေအနေတွေထိ ဆိုးဝါးစွာ ဖြစ်လာခဲ့ပြီပဲဖြစ်သည်။ အခုတော့ ဒီဒီရာယူလာခဲ့သော နတ်ရေစင် ပုလင်းငယ်သည် အဘိုးအိုကို အကြံပေးနေသလိုပင်။

အနံ့အရသာ ပြောင်းလဲမှုမရှိစေဘဲ အစာနှင့်ရောကျွေးနိုင်သော အဆိပ်ရည်တစ်မျိုး အဘိုးအိုတွင် ရှိသည်။ အစေခံဘဝတွင် ကြောက်မက်ဖွယ်တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရပါလျှင် နောက်ဆုံးထွက်လမ်းအဖြစ် အသုံးပြုရန် ရည်ရွယ်သိမ်းဆည်းထားခဲ့သည်မှာ ကြာခဲ့ပြီ။ လုလိယက်စ်အနားတွင် ငြိမ်းချမ်းအေးဆေးစွာ နေထိုင်ခဲ့ရသော သူ့အတွက် ထိုအဆိပ်ရည်သည် မလိုအပ်ခဲ့။

ဖဲလ်လစ် သေမှဖြစ်မည်။ အရင်က ဘယ်သူ့ဆီမှာလုပ်ခဲ့တာပဲဖြစ်ဖြစ်၊ အခု ဘယ်သူ့အတွက် လုပ်နေတာပဲဖြစ်ဖြစ် ဒီကောင်လေးကို သူ သတ်မှဖြစ်မည်။

အရှင်လုလိယက်စ်အတွက်..

ဖဲလ်လစ်သည် ဆက်ပြီး အသက်ရှင်မနေသင့်။

လုလိယက်စ်နှင့် ဒီဒီရာကို ခေါင်းညွှတ်နှုတ်ဆက်ရင်း အဘိုးအို အခန်းထဲမှ ထွက်လာခဲ့သည်။ အဘိုးအို၏ ခြေလှမ်းတွေသွက်နေပေမယ့် လက်ဖျားတွေ အေးစက်နေသည်။

သတ်ရမည်။

ဖဲလ်လစ်ကို သေအောင် သတ်မှဖြစ်မည်။

ဒီစကားနှစ်ခွန်းသည်သာ သူ့ခေါင်းထဲတွင် ကျောက်တုံးနှင့် သွင်းထုနေသလို တဒုန်းဒုန်းမြည်ဟည်း နေသည်။ ဒီ့အတွက် အကျိုးဆက်သည် ဖြစ်ချင်ရာဖြစ်ပါစေ။ သူ မကြောက်။ ဖဲလ်လစ်ကို သတ်လိုက်သည့်အတွက် သူ့ကို အရှင်လုလိယက်စ် နှိပ်စက်ပါစေ။ ရောင်းစားပါစေ။ ဒါမှမဟုတ် ရက်ရက်စက်စက် သတ်ဖြတ်ပါစေ။ နောင်တရမည်မဟုတ်။

"တော်..ဘာဖြစ်နေတာလဲ။"

ထမင်းချက် စီရမ်နာ၏ အမေးကို အဘိုးအို မဖြေ။ မီးဖိုဆောင်မှာ နေ့လယ်စာပြင်ဆင်နေသော နော်ရာ့ဆီမှ ဂျုံစေ့ပြုတ်ရည်ကို လှမ်းတောင်းလိုက်သည်။ မသိမသာတုန်ချင်နေသော လက်များဖြင့် ပန်းကန်လုံးကိုယူကာ မီးဖိုခန်းမှ ချက်ချင်းပြန်ထွက်ခဲ့သည်။ မျက်လုံးထဲမှာ ဝဲချင်နေသော မျက်ရည်များသည် ပူနွေးသော အငွေ့များကြောင့်ဖြစ်သည်ဟု အဘိုးအို ယုံကြည်နိုင်ရန် ကြိုးစားနေရသည်။ ဘယ်သူမှ မမြင်နိုင်သည့်နေရာတွင် ဂျုံပြုတ်ရည်ထဲသို့ အဆိပ်ရည်ပုလင်းကို မှောက်ထည့်လိုက်သည်။ စိမ်းငွေ့ရောင်သဲ့သဲ့ထင်နေသော ဟင်းရည်ပန်းကန်ကို ဇွန်းဖြင့်နာနာမွှေရင်း မျက်စိထောင့်မှ မျက်ရည်စကို သုတ်ဖြစ်သည်။

မစဥး်စားနဲ့။

ဘာမှမစဉ်းစားနဲ့။

အရှင်လုလိယက်စ်အတွက် ဒီကောင်လေး သေမှဖြစ်မယ်။

ဖဲလ်လစ်ရှိရာအခန်းသို့ ဦးတည်လျှောက်နေသည့် အဘိုးအို၏ ခြေလှမ်းတွေ မူမမှန်ချင်။

ဒီအိမ်ကြီးတွင် အစေခံများအတွက် သီးသန့်အခန်းများရှိသည်။ ရိုးရှင်းသော အခန်းပြင်ဆင်မှုများနှင့် ကျဉ်းကျပ်သော အခန်းငယ်များဖြစ်သည်။ ဖဲလ်လစ်ရှိနေရာ အခန်းကျဉ်းသည် အဆောက်အဦး၏ ထောင့်ဆုံးနေရာမှာဖြစ်သည်။ အလင်းရောင် ကောင်းစွာမဝင်သောကြောင့် မှောင်မဲနေသည်။ လိုအပ်သော အပူချိန်ကောင်းကောင်းမရှိသောကြောင့် စိုထိုင်းကာ အောင့်သက်သက်အနံ့တစ်ချို့နှင့် နှစ်သက်ဖွယ်ရာမရှိ။

ဟောင်းနွမ်းဆွေးနေသော သစ်များနှင့် ပြုလုပ်ထားသည့် တန်ဖိုးမရှိသည့် ခုတင်ထက်တွင် ကောက်ရိုးသွပ်ထားသော အိပ်ရာခင်းပေါ်တွင် ဖဲလ်လစ်လှဲလျောင်းနေသည်။ အသုံးပြုခဲ့သူများခဲ့သည့်အပြင် ကြာမြင့်လှပြီဖြစ်သောကြောင့် ဂျီးကွက်နှင့် အောက်သိုးသိုးအနံ့တစ်မျိုး ရနေသည်။

ဖဲလ်လစ်သည် အဘိုးအို ခြေသံကြောင့် မျက်စိဖွင့်ကြည့်သည်။

"မင်း ဘယ်လိုနေသေးလဲ။"

"အရှင်ရော..ဘယ်လိုနေသေးလဲ အဘ။"

အဘိုးအို တံတွေးကို မြိုချလိုက်သည်။ သူ့ရှေ့မှ လူငယ်လေးနှင့် မျက်လုံးချင်း မဆုံမိအောင် အကြည့်လွှဲထားဖြစ်သည်။ ဒဏ်ရာရတာခြင်းအတူတူ အရှင်လုလိယက်စ်နှင့် ဖဲလ်လစ်၏ အခြေအနေသည် ကွာခြားလွန်းနေသည်။ ထို့အပြင် ဖဲလ်လစ်သည် ငယ်သေးသည်။ အသက်နှစ်ဆယ်ပင် မပြည့်သေး။ တစ်သက်လုံး ကျွန်တစ်ယောက်အဖြစ် ပျော်ရွှင်မှုဆိုတာကို ဘာဆိုဘာမှ သိခဲ့ပုံမရသည့်ကောင်လေး။ အခုလည်း ညှင်းသိုးသိုး၊ ညစ်ပတ်နံစော်နေသော အခန်းငယ်ထဲတွင် သေသွားရတော့မည်။

အဘိုးအို စိတ်မကောင်းတာတော့ အမှန်။ ပန်းကန်လုံးကို ဆုပ်ကိုင်ထားသော လက်များ မသိမသာတုန်လာသည်။ ခုတင်ဘေးမှ ထိုင်ခုံတွင် မသက်မသာ ဝင်ထိုင်လိုက်ချိန် ဟင်းရည်တစ်ချို့ လွင့်စင်သွားကာ အိပ်ရာခင်းပေါ်ပေသွားသည်။ ဖဲလ်လစ် ဘာမှမပြော။ ဟင်းရည်ပေသွားသော အိပ်ရာခင်းကို စိုက်ကြည့်နေရင်း မျက်နှာပျက်သွားသည်။

"အခု သခင်မလေး ဒီဒီရာနဲ့ စကားပြောနေတယ်။"

"ဟုတ်လား။ ကျွန်တော့်အတွက်လား အဘ။"

ဝမ်းနည်းသံရောနေသည်။ ခေါင်းကိုငုံ့ပြီး လက်သီးများဆုပ်ထားသည်။ အဘိုးအိုလက်ထဲမှ ပန်းကန်ကို လှမ်းယူရန် လက်ကမ်းရင်းမေးသည်။

အဘိုးအို ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။ ရင်ထဲမှာ ဆို့နစ်နေသည်။ ဒီကောင်လေးကို သူ မသေစေချင်။ မသတ်ချင်။ ဒါပေမဲ့ သူ့မှာရွေးစရာမရှိ။ ရှေ့ဆက်ဖြစ်လာမည့် မမြင်ရနိုင်သေးသည့် ကြောက်စရာဖြစ်ရပ်များမှ အရှင်လုလိယက်စ်ကို ကယ်တင်ဖို့ရန် ဖဲလ်လစ် သေမှဖြစ်မည်။

ပန်းကန်လုံးကို လက်ကမ်းယူရန် လက်လှမ်းနေသည့် ဖဲလ်လစ်၏လက်ဖျံမှာလည်း အမာရွတ်တွေနှင့်။ ဒဏ်ရာအမာရွတ်ဆိုသည်များကို ကျွန်တိုင်းလိုလိုမှာ တွေ့ရတတ်သောကြောင့် မထူးဆန်းဟုဆိုပေမယ့် အဘိုးအိုရင်နာရပြန်သည်။ သူ့ငယ်စဉ်ဘဝတွင် အနည်းဆုံးလွတ်လပ်မှုဆိုတာ ဘာလဲဆိုတာ သိခဲ့ရသေးသည်။ မိသားစုနှင့်နေခဲ့ရသေးသည်။ ကျွန်ဘဝရောက်ပြီးသည့်နောက်မှာလည်း အရှင်လုလိယက်စ်လို သနားကြင်နာတတ်သည့် အရှင်တစ်ယောက်ထံတွင် မကြောင့်မကြ နေခဲ့ရသည်။

ဖဲလ်လစ်ကရော..

သူ မသိသည့် ဖဲလ်လစ်၏ နောက်ကြောင်းများသည် ပျော်စရာအတိ ဖြစ်ခဲ့ဟန်တော့မရှိ။ အမြဲတမ်း ခံစားချက်မရှိသလိုနေတတ်သည့် ဒီကောင်လေးသည် ပြုံးဖူးခဲ့၊ ရယ်ဖူးခဲ့သလားဆိုတာတောင် သူ မသိ။ သူ ပြောလျှင် မထုံတက်သေး ပြန်မပြော၊ နားမထောင်သလို လုပ်နေတတ်ပေမယ့် ဘာခိုင်းခိုင်း လှည့်ကြည့်စရာမလိုအောင် စေတနာထား ဆောင်ရွက်ပေးတတ်သည့် အကြောင်းတွေကို သတိရမိပြန်တော့ အဘိုးအို ခေါင်းမဖော်နိုင်။

ဒဏ်ရာကြောင့် ဖဲလ်လစ်၏ ခေါင်းတစ်ခုလုံး ပတ်တီးများ စည်းထားရသည်။ သွေးစွန်းနေသော ပတ်တီးသည် မြင်ရက်စရာမရှိ။ အားရီးယူးစ်၏ လက်သီးဒဏ်ကြောင့် ညိုမည်းပြာနှမ်းနေသည့် မျက်လုံးထောင့်ကို အကြည့်ရောက်တော့ စိတ်မကောင်းစွာ သက်ပြင်းချဖြစ်သည်။ လုလိယက်စ်၏ ဒေါသကို သူ နားလည်သည်။ ထိုစဉ်က အားရီးယူးစ်သည် ဖဲလ်လစ်ကို သေသေရှင်ရှင် ဂရုမစိုက်ဘဲ အကြောင်းမဲ့ ရိုက်နှက်နေခဲ့ခြင်းဖြစ်သည်။ ထိုရိုက်နှက်ခြင်းတွင် အကြောင်းပြချက်မရှိ။

ဖဲလ်လစ်တွင် ဘာအပြစ်မှ မရှိခဲ့။

"အဘ.."

ဖဲလ်လစ်၏ ခေါ်သံကို ကြားရသည်။ ခံရအခက်ဆုံးက သူ့ကို ယခုလို အဘဟု ခေါ်သည့် အချိန်များတွင်ဖြစ်သည်။ ဒီကောင်လေးခေါ်သံသည် အရှင်လုလိယက်စ်ခေါ်သံနှင့် ထထေရာတည်း။ ဖဲလ်လစ်ကိုပါ သူ့သားငယ်တစ်ယောက်လို အဘိုးအို မှတ်ယူနေမိသည်လားမသိ။

ဖဲလ်လစ်သည် အဘိုးအိုလက်ထဲမှ ပန်းကန်လုံးကို လှမ်းယူသည်။ အဘိုးအို ချက်ချင်း မလွှတ်ပေးမိ။ နောက်ပြန်ဆွဲထားသလို တွန့်ဆုတ်နေသည်။

"ကျွန်တော့်အတွက်ဆို အဘ။"

ခပ်တိုးတိုးစကားသံ။ အိပ်မက်မှ နိုးထလာသူတစ်ယောက်လို လက်ထဲမှပန်းကန်ကို အဘိုးအို လွှတ်ပေးလိုက်မိသည်။ ဖဲလ်လစ်ခေါင်းငုံ့ရင်း ပန်းကန်ကို အတန်ကြာအောင် စိုက်ကြည့်နေသည်။ မျက်စိကိုတင်းတင်းမှိတ်ရင်း ငြိမ်သက်နေပြီးမှ သက်ပြင်းချကာ မျက်လုံးပြန်ဖွင့်လိုက်သည်။ ထို့နောက် လက်ထဲမှ ပန်းကန်ကို နှုတ်ခမ်းနားတေ့ရင်း မော့သောက်ရန် ပြင်လိုက်သည်။

ထိုအချိန်မှာ အဘိုးအို၏ လက်တစ်ဖက်က အလိုအလျောက် လှုပ်ရှားသွားသည်။ ပန်းကန်မှာ ကြမ်းပြင်ပေါ်လွင့်စင်သွားသည်။ ဂျုံစေ့ပြုတ်ရည်များသည် ကြမ်းပြင်မှာရော၊ နံရံများတွင်ပါ လွင့်စင်ပေကျံကုန်သည်။

အဘိုးအို မရက်စက်နိုင်ခဲ့။

သူ့ရှေ့မှ ကောင်လေးကို သူ့လက်နှင့် မသတ်နိုင်ရက်။

"ဘာလို့ တားလိုက်တာလဲ အဘ။ အဘ ကျွန်တော့်ကို သေစေချင်တာ မဟုတ်ဘူးလား။"

စကားသံကြောင့် အဘိုးအို အံ့သြစွာ ဖဲလ်လစ်ကို လှမ်းကြည့်ဖြစ်သည်။ သူ အဆိပ်ခပ်ထားခဲ့သည်ကို ဖဲလ်လစ် သိနေသည်လား။ အဘိုးအို တုန်လှုပ်သွားသည်။ ဒါပေမဲ့ ဖဲလ်လစ်၏မျက်နှာတွင် ရန်လိုဟန်လုံးလုံးမရှိ။ ဝမ်းနည်းစိတ်မကောင်းဖြစ်နေသလို နာကျင်ရိပ်များသာရှိသည်။

"ကျွန်တော် ဆေးပင်တွေအကြောင်း နားလည်တယ်။"

ရင်တွင်းမှအပူများကို ပေါက်ကွဲမထွက်အောင် တံတွေးဖြင့် မြိုချလိုက်ရသည်။ ဖဲလ်လစ်ကို သူ နားမလည်။ အဆိပ်ခပ်ထားမှန်း သိရဲ့သားနှင့် အသေခံဖို့ ဆုံးဖြတ်ခဲ့သည်တဲ့လား။ သူသာ မတားခဲ့လျှင် တကယ်ပင် အသေခံသွားမည်တဲ့လား။ သူ့အသက်ကို ရန်ရှာချင်နေမှန်း သိရဲ့သားနဲ့ ဖဲလ်လစ် မျက်နှာတစ်ချက်မပျက်ခဲ့။ ဒီကောင်လေးကို ဘယ်လိုနားလည်ရမှာလဲမသိတော့။

"အဘက ကျွန်တော့်ကို အသက်မရှင်စေချင်ဘူးဆိုရင် ကျွန်တော် သေပေးမယ် အဘ။ ဒါပေမဲ့ အဘရာ.. ကျွန်တော် အခု မသေချင်သေးဘူး။"

စကားသံများသည် အက်ကွဲနေသည်။ မျက်ရည်ကျချင်နေသည်ကို အတင်းထိန်းချုပ်ထားဟန်ရှိသည်။ ဒါပေမဲ့ မျက်တောင်နက်များသည် ရစ်ဝိုင်းနေသော မျက်ရည်စများနှင့် စိုနေသည်။

"ကျွန်တော် တောင်းပန်ပါတယ် အဘရာ။ ကျွန်..ကျွန်တော် အရှင့်နားမှာ ဆက်နေပါရစေဦး။"

ဖဲလ်လစ်က မျက်ရည်များကို ထိန်းထားနိုင်ပေမယ့် အဘိုးအိုကတော့ ထိန်းချုပ်နိုင်စွမ်းမရှိသလို မျက်ရည်တွေ ကျလာသည်။ မကြာသေးခင်ကမှ သေစေချင်နေသည့် ဖဲလ်လစ်ကို စိုက်ကြည့်ရင်း အဘိုးအို သက်ပြင်းချလိုက်သည်။ ပိန်လှီကာ သွေးကြောများမြင်နေရသော အဘိုးအို၏ လက်တစ်ဖက်သည် ဖဲလ်လစ်၏ခေါင်းကို ပွတ်သပ်လိုက်သည်။

"အေးပါကွာ။ အေးပါ။"

အဘိုးအို၏စကားသည် ရှေ့နောက်မညီသလို ဘာအဓိပ္ပါယ်ကို ဆိုလိုချင်သည်ကို သူကိုယ်တိုင်ပင်မသိ။

Continue Reading

You'll Also Like

1M 185K 100
Title - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL
COTAW(2) By Blueberry

Historical Fiction

135K 24.8K 120
Book1က wallထဲမှာရှိပါတယ်နော်
135K 7.5K 45
" ငယ်ရယ် ကိုကိုလေ...ငယ့်ကိုသာ ဆုံးရှုံးရမှန်းသိရင် ကိုကိုရှေ့ဆက်မတိုးခဲ့ပါဘူး " # ကြယ်လင်းထက် " ကိုကို ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ဒီလို မဖြစ်နိုင...
3.9M 294K 43
#May - 25 - 2020 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းတစ်ခု...