HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

368K 24.3K 899

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II

3.9K 301 5
By Futawa

အခန်း (၃၂) -ဇာတ်လမ်းဟောင်းလေး PartII

Unicode

[အတ္တဆိုတာအချစ်ဆိုတဲ့အရာနဲ့လုံးဝဆန့်ကျင်ဘက် ]


အစိမ်းရောင်အဆောက်အဦးအတွင်းရှိခုံတန်းလျားလေးတစ်ခုပေါ်တွင်လှပသိမ်မွေ့လှသော ကောင်မလေးတစ်ယောက်က သူမ၏ဖုန်းကိုစိတ်ဝင်တစားကြည့်နေလျက်နှုတ်ခမ်းထောင့်စွန်းတွေကိုကျေနပ်မှုအပြည့်နဲ့တွန့်ကွေးလိုက်သည်။

ရံဖန်ရံခါလမ်းမဘက်ကိုလှည့်လှည့်ကြည့်လုပ်တတ်ကာ တစ်စုံတစ်ဦးကိုစောင့်နေဟန်တူသည်။ ထို့နောက် မကြာခင်တွင် ခန့်ညားချောမောလှသောမျက်နှာလေးထက်မှာတင်းမာခက်ထန်လွန်းတဲ့အမူအရာတစ်ခုကိုချိတ်ဆွဲထားပါတဲ့ပုံရိပ်လေးတစ်ရိပ်ကသူမရှိရာဆီသို့ဒုန်းဆိိုင်းဦးတည်လာခဲ့သည်။

ထိုကောင်လေးရဲ့တင်းတင်းဆုပ်ထားတဲ့လက်တစ်ဖက်ဆီကနေသွေးစက်တွေကတစက်စက်ကျဆင်းနေခဲ့သလို မျက်ဝန်းတစ်စုံတို့ကလည်းထိုသွေးစက်တွေနဲ့ခြယ်သထားတဲ့အလား သွေးနီရောင်သမ်းနေ၏။ သူ့ရဲ့ထိုမျက်ဝန်းတွေထဲမှာရောင်ပြန်ဟပ်နေတဲ့ မိန်းမလှလေး၏ပုံရိပ်လေးဟာ တစ်စစီဆုတ်ဖြဲခံရတော့မည့်နှယ်အန္တရာယ်အငွေ့အသက်တို့နဲ့ပြည့်လျှမ်းနေပေသည်။

သူမလေးက ထိုလူသားလေးကိုမြင်တာနဲ့မျက်ဝန်းတွေကတောက်ပသွားကာနူးညံ့လှပတဲ့အပြုံးလေးတစ်ပွင့်နဲ့အတူ ချိုသာကြည်လင်လှတဲ့အသံလေးဖြင့်မေးလာခဲ့သည်။

"မောင် ရောက်လာပြီလား"

ဖြူစင်သော်ရဲ့တုံ့ပြန်မှုက သူထင်ထားတာထက်တည်ငြိမ်လွန်းနေတာကြောင့်မင်းခန့်ထည်ရဲ့ဒေါသမီးတောက်တို့ကနှလုံးအိမ်ကိုပြာကျလုမတတ်ဟုန်းခနဲထတောက်လာကာ သူ့ရဲ့သွေးစွန်းနေတဲ့လက်တစ်ဖက်နဲ့လက်ညှိုးငေါက်ငေါက်ထိုးကာ မုန်းတီးစွာဖြင့်ခပ်ဆတ်ဆတ်မေးလိုက်တော့သည်။

"မင်းမှာကိုယ်ချင်းစာတတ်တဲ့နှလုံးသားမရှိဘူးလား ဖြူစင်သော်!"

မင်းခန့်ထည်ရဲ့လက်ကဒဏ်ရာကိုမြင်တော့ဖြူစင်သော်ရဲ့မျက်နှာလေးကဖြူဖျော့သွားကာအပြုံးတွေလည်းပျောက်ကွယ်သွားသည်။

" မောင့်လက်ကဘာဖြစ်လာတာလဲ" ဆို၍ သူမလေးက ပူပန်သောကရောက်စွာမေးလိုက်ပြီး ထိုလူသားရဲ့လက်ကိုထိကိုင်ဖို့ကြိုးစားလိုက်တဲ့အခါ မင်းခန့်ထည်ကနောက်သို့ဆုတ်လိုက်၍ ဟားတိုက်လှောင်ရယ်လာခဲ့ပေသည်။

"နှလုံးသားရှိချင်ယောင်မဆောင်စမ်းပါနဲ့။အဲ့လိုပုံစံကမင်းလိုမိန်းမမျိုးနဲ့မလိုက်ဖက်ဘူး"

သူမသိပ်ချစ်ရတဲ့ယောကျာ်းတစ်ယောက်ကစိမ်းကားတဲ့လေသံနဲ့အတူနာကျင်စရာကောင်းတဲ့စကားလုံးတွေကို သူမရဲ့အက်ကွဲနေစပြုနေတဲ့နှလုံးသားတည့်တည့်ဆီဦးတည်ထိုးနှက်လာတဲ့အခါ ဖြူစင်သော်ဟာ သူမအားစက်ဆုပ်စွာကြည့်နေတဲ့ထိုလူသား၏မျက်လုံးတွေထဲတည့်တည့်စိုက်ကြည့်လာခဲ့သည်။

သူမ၏ဘယ်ဘက်ရင်ဘက်ဆီလက်ညှိုးထိုးပြလာရင်းခေါင်းမော့ကာ ခပ်ဖွဖွရယ်လျက် တုံ့ပြန်ပြောဆိုလာပေသည်။
ထိုရယ်သံလေးတွေထဲမှာ ရှတသောအသွားနက်နက်ဓားသွားလေးတွေကိုသိုဝှက်လို့ထားလျက်။

"နှလုံးသားလားသိပ်ရှိတာပေါ့။မောင့်ကိုချစ်ဖို့လေ"

"ချစ်ဖို့ဟုတ်လား။
တကယ်တော့မင်းငါ့ကိုမချစ်ပါဘူးကွာ။
မင်းကိုယ်မင်း ငါ့ကိုချစ်တယ်ဆိုပြီးအယုံသွင်းထားတာပဲနေမှာ ...."

"မောင်!.......ဘာလို့ဒီလိုပြောရတာလဲ!"

ရက်စက်စွာဆိုလာတဲ့ထိုလူသားရဲ့စကားတွေကဟက်တက်ကွဲနေရတဲ့သူမရဲ့ဒဏ်ရာတွေပေါ်ဆားနဲ့သိပ်ထည့််လိုက်သကဲ့သို့တဆစ်ဆစ်နာကျင်ကိုက်ခဲသွားစေကာ သူမလေးရဲ့မျက်ဝန်းတွေက အဆိပ်စူးတို့နဲ့ပြည့်နှက်လာရပြီးဟန်ဆောင်မြိုသိပ်ထားတဲ့ ဒေါသတို့ကလည်းပေါက်ကွဲထွက်လာရသည်။

မင်းခန့်ထည်ကလည်းသူမရဲ့ထိုသို့သောပုံစံအမှန်ကိုလိုချင်တာကြောင့်နှလုံးသားမဲ့စွာဆက်ပြီးထိုးနှက်လာခဲ့သည်။

"မင်းငါ့ကိုတကယ်ချစ်ရင်ငါချစ်တဲ့လူတွေကိုမင်းထိခိုက်အောင်လုပ်မှာမဟုတ်ဘူး။" ဟုအတက်အကျမမှန်တဲ့အသက်ရှူသံတို့နဲ့ဆိုလိုက်ရင်း Videoဖွင့်ထားတဲ့ဖုန်းကိုသူမရှေ့မှာမြှောက်ပြလိုက်တော့သည်။

"အဲ့တာမင်းပြောတဲ့အချစ်ဆိုတာလား!!!"

မင်းခန့်ထည်ကလည်ပင်းကြောတွေထောင်ထလာတဲ့အထိအော်ဟစ်သောင်းကျန်းလာပြီးနောက် ထိုဖုန်းကိုသူမရှေ့မှာတင်အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်ပေါက်ခွဲပစ်လိုက်ပေသည်။ ဖုန်းလေးက မာကြောတဲ့ကွန်ကရစ်သားနဲ့ထိတွေ့သွားတဲ့အခါခွမ်းခနဲကွဲသွားပြီး ကွဲကြေသွားတဲ့အစိတ်အပိုင်းတို့ကသူမခြေထောက်နားထိလွင့်စင်ထွက်လာခဲ့ရသည်။

မင်းခန့်ထည်ရဲ့ဒေါသက နျူးကလီယားဗုံးတစ်ခုလိုပဲအန္တရာယ်ကြီးတယ်ဆို၍ယောကျာ်းလေးတွေရဲ့ပါးစပ်ဖျားမှာနာမည်ကြီးနေတဲ့ ထိုလူသားဟာသူမအပေါ်ငြင်ငြင်သာသာဆက်ဆံပြောဆိုတတ်တာကြောင့် ထိုလူသားရဲ့သည်းခံနိုင်မှုအတိုင်းအတာအပေါ်သူမလျှော့တွက်မိခဲ့သည်။

သို့သော်သူမဝန်ခံလိုက်လို့လည်းကွဲကြေပြီးသားဖန်ခွက်တစ်ခွက်က မူလပုံစံအတိုင်းပြန်ပြောင်းသွားမှာမဟုတ်တာကြောင့် မုသားတို့ကိုဆုပ်ကိုင်ရင်း အမှန်တရားကိုကျောခိုင်းလျက် ရှေ့ဆက်လျှောက်ဖို့ကိုသာ သူမရွေးချယ်ခဲ့သည်။

ဖြူစင်သော်ကအပြစ်ကင်းတဲ့မျက်ဝန်းတစ်စုံနဲ့ပြန်ကြည့််လာရင်းမင်းခန့်ထည်ရဲ့စွပ်စွဲချက်တို့ကိုမှားယွင်းတဲ့အရာတစ်ခုအဖြစ်ဟန်ဆောင်ကောင်းစွာငြင်းဆိုလာခဲ့သည်။

"အဲ့ videoကိစ္စက ဖြူလုပ်တာမဟုတ်ဘူး"

ထိုငြင်းဆိုတဲ့စကားတွေက သူခန့်မှန်းထားပြီးသားစကားတွေဖြစ်တာကြောင့် မင်းခန့်ထည်သိပ်မအံ့သြမိ။

"မညာချင်စမ်းပါနဲ့။
မင်းလိမ်ညာလည်းမင်းနဲ့ငါ့ကြားကဒီကိစ္စတွေက နဲနဲလေးမှပြောင်းလဲသွားမှာမဟုတ်ဘူး"

"လမ်းခွဲချင်တိုင်းလမ်းခွဲလို့ရတဲ့အထဲမှာ ဖြူဆိုတဲ့ကျမမပါဘူးမောင်"

"အဲ့တာအချစ်မဟုတ်ဘူးနော် အဲ့တာမင်းရဲ့အတ္တ!!!
အတ္တဆိုတာအချစ်ဆိုတဲ့အရာနဲ့
လုံးဝဆန့််ကျင်ဘက်!
အဲ့အတ္တတွေရောယှက်နေတဲ့ မင်းနှုတ်ဖျားကနေထွက်လာတဲ့ အချစ်ဆိုတဲ့စကားလုံးတွေကိုကြားတိုင်း ငါ့အသည်းကသိပ်ခါးတယ်"

"အတ္တဆိုတာကအချစ်နဲ့ဆန့်ကျင်ဘက်ဟုတ်လား။မောင့်အပေါ်ထားတဲ့အဲ့ဒီအတ္တတွေကလဲအချစ်ကြောင့်ပဲမွေးဖွားလာခဲ့ရတာ။"

ဒေါသမီးတောက်တို့ဆူပွက်နေတဲ့ မင်းခန့်ထည်ဟာ သူမနှုတ်ကထွက်လာတဲ့စကားလုံးတွေကိုထပ်ပြီးနားထောင်နေနိုင်စွမ်းမရှိတော့ပေ။
သူ့ရဲ့အသွေးအသားတွေက သူမနဲ့ပက်သတ်တဲ့အရာမှန်သမျှကိုခါးခါးသီးသီးငြင်းဆန်နေပြီး ထိုမိန်းကလေးကို သူအလွန်တရာမုန်းတီးတယ်ဆိုတာကိုသာ သူ့နှလုံးသားထဲမှာထပ်ခါတလဲလဲရေရွတ်နေခဲ့မိသည်။

"ဝန်ခံလိုက်!"

အကယ်၍ သူမသာဝန်ခံခဲ့မယ်ဆို သူခွင့်လွှတ်ပေးဖို့ရာစဥ်းစားမိပေလိမ့်မည်။
သို့သော် အတ္တကြီးတဲ့သူမက သူမအမှားကိုဝန်မခံလာခဲ့တဲ့အပြင်သူတစ်ပါးကိုသာအပြစ်ဖို့ပြောဆိုလာခဲ့တာကြောင့် မင်းခန့်ထည်ဟာဖြူစင်သော်ဆိုတဲ့သူမအပေါ်လုံးဝစိတ်ကုန်သွားကာလက်လျှော့လိုက်တော့ပေ၏။

"ဒါနဲ့ ဖြူ ဝန်ခံပေးလိုက်တိုင်း မောင့်သူငယ်ချင်းရဲ့သတင်းက လူတိုင်းရဲ့ပါးစပ်ဖျားကနေပျောက်ကွယ်သွားလိမ့်မယ်လို့မောင်ထင်လား?"

"မင်း!"

"ဟုတ်တယ်မှတ်လား? မပျောက်ပျက်သွားနိုင်ဘူးလေ။
အဲ့တာ Videoတင်လိုက်တဲ့လူကြောင့်မဟုတ်ဘူး မောင်ရဲ့။
တကယ်တော့မကောင်းကြောင်းဆိုတောမီးလိုပျံ့လွယ်တဲ့ လူသားတွေရဲ့အောက်တန်းကျပျက်စီးနေတဲ့စိတ်ဓာတ်တွေကြောင့်ပဲ"

သူမရဲ့ထိုစကားတွေအဆုံး သူ့ရဲ့တစ်ကိုယ်လုံးရှိသွေးကြောတွေကပေါက်ထွက်တော့မတတ်တဒုန်းဒုန်းနဲ့အရှိန်ပြင်းပြင်းခုန်လာခဲ့သည်။

ဒေါသအမိုက်တို့ကလည်း သူ၏အသိဥာဏ်ကိုဆင်ခြင်ထုံတရားကင်းမဲ့တော့မတတ်ဖုံးလွှမ်းလာခဲ့တဲ့အခါ သူမအား သူဘာလုပ်မိမလဲဆိုတာမသိနိုင်တာကြောင့် သူ့ရဲ့မျက်လုံးတွေကိုတဆုံးမှိတ်ချလိုက်သည်။ပြီးနောက်အသက်ပြင်းပြင်းရှူလျက်အေးစက်မာကြောမှုနဲ့အတူမုန်းတီးနာကျည်းလွန်းစွာနောက်ဆုံးစကားကိုဆိုလိုက်တော့ပေ၏။

"မင်းငါ့ရှေ့ကနေကော ငါ့ဘဝထဲကနေပါ အပြီးအပိုင်ထွက်သွားလိုက်ပါတော့....
ငါမင်းကိုထပ်မမြင်ချင်ဘူး"

"ကျမတကယ်တမ်းထွက်သွားရင်လဲ မောင်ပဲနောင်တတွေတပွေ့တပိုက်ကြီးနဲ့ကျန်ခဲ့ရလိမ့်မယ်ဆိုတာ မောင်ဘယ်တော့မှမမေ့ပါနဲ့ ... "

ဖြူစင်သော်က သူ့မျက်နှာကိုတည့်တည့်ကြည့်၍ ထိုစကားတစ်ခွန်းကိုသေသေချာချာဆိုခဲ့ကာ သူ့ရှေ့ကနေကျောခိုင်းထွက်ခွာသွားတော့သည်။

ဖြူစင်သော်ထွက်သွားတဲ့အခါ မင်းခန့်ထည်ကထိုနေရာရှိခုံတန်းလေးပေါ်မှာဝင်ထိုင်လိုက်ပြီး သူ့လက်ဖျံပေါ်ကကွဲသွားတဲ့ဒဏ်ရာကိုစိတ်လွတ်စွာငေးကြည့်နေခဲ့သည်။အချိန်အနည်းငယ်ကြာနေပြီဆိုတော့ဒဏ်ရာဆီကနေစီးကျနေတဲ့ သွေးတွေကလက်ဖမိုးထက်မှာခြောက်ကပ်နေခဲ့ပြီဖြစ်ကာနာကျင်မှုတစ်စွန်းတစ်စမျှမခံစားခဲ့ရပေ။
နာကျင်တဲ့ဒဏ်ရာတွေကများလွန်းတာကြောင့်ထင်သည် ထိုဒဏ်ရာရဲ့နာကျင်မှုလေးကသေးငယ်သွားရကာထုံထိုင်းသွားခဲ့ခြင်းပင်။

သူ့ရဲ့လက်နှစ်ဖက်နဲ့ခေါင်းကိုအုပ်ကိုင်လိုက်ရင်း သူ့မျက်နှာကို သေးငယ်လွန်းတဲ့ကမ္ဘာလေးထဲမှာဖွက်ထားလိုက်တော့ပေသည်။ဘယ်လောက်ပဲနှလုံးသားမရှိဘူးဆိုပြီး သူ့ကိုယ်သူ လိမ်ညာထားပါစေ တကယ်တမ်းကျ သူလည်းလူသားတစ်ယောက်ပါပေ။
ဆုံးရှုံးရမှာကိုကြောက်တတ်သလို ပတ်ဝန်းကျင်ရဲ့ဖယ်ကျဥ်မှုတွေကိုလည်း သူစိုးကြောက်တတ်ပါသည်။

သူလိုလူတောင်ဒီအကြောက်တရားတွေအောက်မှာဒူးထောက်အရှုံးပေးနေရမှတော့စိတ်ဓာတ်နူးညံ့လွန်းတဲ့ သူ့ရဲ့သူငယ်ချင်းလေးကကော ဘယ်လောက်တောင်ကြောက်ရွံ့နေခဲ့လိမ့်မလဲ ?

'ဒါငါ့အပြစ်တွေ .... ငါ့ကြောင့်မာန်ဒီလိုဖြစ်ရတာ .. ငါ့ကြောင့် .... ငါကအပြစ်သားတစ်ကောင်ပဲ'

ထိုနေ့၌ အသိစိတ်လွတ်နေတဲ့မင်းခန့်ထည်ကမာန့်အပေါ်လှောင်ပြောင်ဟားတိုက်ခဲ့တဲ့ကျောင်းသားတချို့နဲ့ရန်ပွဲ၂ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး သူရိုက်လိုက်တဲ့ကျောင်းသား၂ယောက်ဟာအရေးပေါ်တင်လိုက်ရတာကြောင့်ရုံးခန်းအခေါ်ခံလိုက်ရလေသည်။

မင်းခန့်ထည်ဟာရန်ပွဲတွေမနွှဲခဲ့ဖူးတာတော့မဟုတ်ပေမယ့်ဒီတစ်ခေါက်ရန်ပွဲမှာတော့လက်ဆပြင်းသွားကာ ပါချုပ်ပါ ဝင်ဖြေရှင်းပေးရတဲ့အထိပြဿနာကကြီးသွားခဲ့ကြောင်း ကြားကြားချင်းပင် မင်းစက်နဲ့ဌာနမှူးတို့က
ပါချုပ်ရုံးခန်းဆီသို့ဖုတ်ပူမီးတိုက်လိုက်လာခဲ့ရသည်။

မင်းစက်တို့ရုံးခန်းကိုရောက်တော့စားပွဲရှည်တစ်ဖက်တွင် မျက်နှာ၌ကွဲသွားတဲ့ဒဏ်ရာ၂ချက်နဲ့ ဘာမထီဟန်ဖြင့်ထိုင်နေသောမင်းခန့်ထည်ကိုတွေ့လိုက်ရသည်။
သူက တစ်ဖက်စားပွဲမှာရှိတဲ့ ဖူးရောင်ကိုင်းနေသောဒဏ်ရာတွေဗလပွနဲ့ရုပ်တောင်မပေါ်တော့တဲ့ တစ်ဖက်မေဂျာမှကျောင်းသားတွေဘက်သို့ မိုက်ကြည့်,ကြည့်နေပေ၏။

ပါချုပ်နဲ့နှစ်ဦးနှစ်ဖက်ရှိဌာနမှူးတို့ကပြေပြေလည်လည်ညှိနှိုင်းဖြေရှင်းကြပြီးနောက် ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီးကျောင်းသားတွေကိုပြန်လွှတ်လိုက်ကြသည်။

ရုံးခန်းရှေ့ကိုပြန်ထွက်လာတော့ မင်းစက်ကမင်းခန့်ထည်အားစိုးရိမ်စွာကြည့်နေရင်း သူ့မျက်နှာလေးမှာရှုံ့တွနေကာငိုချတော့မည့်ဟန်။လူမိုက်ကြီးမင်းခန့်ထည်ရဲ့မျက်နှာကတော့ ဒေါသမပြေသေးသည့်ပုံပင်ခက်ထန်တင်းမာနေကာ အရှေ့ဘက်ကနေထွက်သွားတဲ့တခြားမေဂျာကအကောင်တွေကို အေးစက်စက်လေသံနဲ့အထက်စီးဆန်စွာလှမ်းတားလိုက်သည်။

"နေဦး ! "

သူ့အသံကြားတော့ရှေ့ကလူတွေကရပ်သွားပြီးတင်းမာနေတဲ့အမူအရာတွေနဲ့ရန်လိုမှုအပြည့်ပြန်လှည့်ကြည့်လာကြတဲ့အခါ မင်းခန့်ထည်ဘေးမှာရပ်နေတဲ့မင်းစက်ခမျာအသက်တောင်မရှူရဲတော့ပေ။

ထို့နောက် မင်းခန့်ထည်က ထိုလူအုပ်ရှေ့သို့ဂရုမစိုက်စွာလျှောက်သွားလိုက်ရင်း သားရိုင်းတစ်ကောင်၏သွေးဆာနေတဲ့မျက်ဝန်းတစ်စုံနဲ့ဝှေ့ကြည့်လိုက်ကာသတိပေးခြိမ်းခြောက်လာခဲ့သည်။

"မင်းတို့ထဲကတစ်ယောက်ယောက်ရဲ့ပါးစပ်ဖျားကဖြစ်ဖြစ် မာန်အကြောင်းထပ်ထွက်လာလို့ကတော့ နောက်တစ်ခါကျ ပါချုပ်ရုံးခန်းနဲ့တင်ပြီးမှာမဟုတ်ဘူးဆိုတာမင်းတို့ရဲ့ခွေးစားသွားတဲ့ဦးနှောက်တွေထဲမှာမှတ်ထားလိုက် ! "

နောက်တစ်နေ့မနက်အရောက်တွင်တော့ ထိုရန်ပွဲအကြောင်းဟိုးလေးတကျော်ပျံ့နှံ့သွားခဲ့တဲ့အချိန်ကစ ဘယ်သူကမှအရဲစွန့်ပြီးမာန်အကြောင်းနှုတ်မဟရဲကြတော့ပေ။
မင်းခန့်ထည်ကိုသွားမစသင့်တဲ့လူစာရင်းထဲမှာ ထိပ်ဆုံးအနေနဲ့သတ်မှတ်လိုက်ကြပြီး တော်တော်များများလည်းရှိန်သွားကြလေသည်။

ပြီးတော့ဖြူစင်သော်ဆိုတဲ့ကျောင်းရဲ့အလှပဂေးလေးကလည်းထိုအဖြစ်အပျက်တွေနဲ့တစ်ဆက်တည်းပင် ရက်တော်တော်ကြာတဲ့အထိ ကျောင်းကနေပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ကာ မင်းခန့်ထည်ဆိုတဲ့ရေခဲတုံးကြီးကတော့ ထိုကိစ္စတွေအပေါ်အရေးတယူဂရုစိုက်ခြင်းမရှိစွာ သွေးအေးအေးနဲ့ ဆက်နေ,နေခဲ့လေသည်။

"ငါနင်နဲ့စကားပြောစရာရှိတယ် မင်းခန့်ထည်"

Canteenမှာ ထိုင်နေတဲ့မင်းခန့်ထည်နဲ့မင်းစက်တို့နှစ်ယောက်ရှေ့သို့မေသဒ္ဒါဆိုတဲ့ကောင်မလေးကဗြုန်းခနဲရောက်ချလာခဲ့ပြီးအထူးတဆန်းစကားစပြောလာတာကြောင့် မင်းစက်ကစိတ်ရှုပ်သည့်ဟန်ဖြင့်ပြန်ကြည့်လိုက်ရင်း ခနဲ့လိုက်သည်။

"မင်းတို့သူငယ်ချင်းတွေ ငါ့သူငယ်ချင်းကိုဒုက္ခပေးလို့မဝသေးဘူးလား"

မင်းစက်စကားကြားတော့မေသဒ္ဒါကမျက်စောင်းထိုး၍စိုက်ကြည့်လာရင်း နှုတ်ခမ်းတွေကိုမဲ့လိုက်လျက်အမိန့်ပေးတဲ့လေသံနဲ့ဆိုလာသည်။

"နင်ရှောင်ပေး"

"ဘာကိစ္စရှောင်ပေးရမှာလဲ။ငါ့သူငယ်ချင်းကိုပြောတာက ငါ့ကိုပြောတာနဲ့အတူတူပဲ။
ပြောကြည့််လိုက်လေ မင်းတို့ဘာတွေဒုက္ခလာပေးဦးမလဲဆိုတာငါလဲနားထောင်ကြည့်မှဖြစ်မယ်...."

"ငါပြောမယ့်ကိစ္စကနင်နဲ့မဆိုင်ဘူး"

"ငါနဲ့မဆိုင်တာမရှိဘူး!"

"နင် ! "

"တော်ကြတော့"

မင်းစက်နဲ့မေသဒ္ဒါတို့ကပြောရင်းပြောရင်း
ထသတ်ကြတော့မည့်နှယ်စကားအချေအတင်ဖြစ်လာတဲ့အခါမင်းခန့်ထည်ကစုတ်သပ်လျက်ဖြတ်ပြောလာခဲ့သည်။

ထို့နောက်သူ့လွယ်အိတ်ထဲကနေစာရွက်တချို့ကိုဆွဲထုတ်လိုက်ကာမင်းစက်ကိုကမ်းပေးလိုက်လေသည်။

"ဆရာက Lectureစာရွက်တွေကိုမိတ္တူကူးပြီးရင် ဒီနေ့လည်အမှီပြန်အပ်လို့ပြောထားတယ်မှတ်လား။
အဲ့တာမင်းအရင်မိတ္တူဆောင်ကိုသွားပြီးမိတ္တူဆွဲထားနှင့်...
ငါပြီးရင်လိုက်လာခဲ့မယ် ! "

ထိုစာရွက်တွေကိုအကြောင်းပြပြီးသူ့ကိုတမင်သက်သက်ပထုတ်ချင်နေတာကိုသိနေတဲ့
မင်းစက်က မင်းခန့်ထည်ရဲ့လက်ကိုပြန်ပုတ်ထုတ်လိုက်ကာမခံမရပ်နိုင်ဖြစ်စွာ ရန်တွေ့လာခဲ့သည်။

"မင်းခန့်! မင်းကပါ ငါ့ကိုဖယ်ထုတ်ချင်တာလား"

"မဟုတ်ပါဘူးကွာ။ ကူညီစမ်းပါ"

မင်းခန့်ထည်ထိုသို့ချော့ပြောလိုက်မှပဲ မင်းစက်က မေသဒ္ဒါဘက်လှည့်ကာနှာတစ်ချက်မှုတ်လိုက်၍ ထိုနေရာမှဆောင့်ကြီးအောင့်ကြီးနဲ့ထထွက်သွားတော့လေသည်။
မင်းစက်ထွက်သွားသည်နှင့်တပြိုင်နက်မေသဒ္ဒါက ထိုဝိုင်း၌ဝင်ထိုင်လာပြီးစကားဆက်သည်။

"ဖြူစင် မနေ့ကသူ့ကိုယ်သူ suicideလုပ်တယ်တဲ့။"

မေသဒ္ဒါစကားကြားတော့မင်းခန့်ထည်ကမျက်လုံးပင့်ကြည့်လာရုံမှအပ ဘာတုံ့ပြန်မှုမှမပေးခဲ့ပေ။

"နင်မသိဘူးလား??"

"အဲ့တော့ သူမဘာဖြစ်သွားသေးလဲ"

မင်းခန့်ထည်ကသွေးအေးစွာတုံ့ပြန်လာတာကြောင့်မေသဒ္ဒါကလက်ခုပ်၂ချက်တီးလျက်စောင်းချိတ်လာခဲ့သည်။

"ဝေါင်း....မင်းခန့်ထည် နင်ကတကယ်ကိုနှလုံးသားမရှိတာပါလား။
suicide လုပ်တဲ့အကြောင်းသိတာတောင် နင်ဒီလိုမျိုးတုံ့ပြန်နိုင်တယ်နော် ။နင် ငါ့သူငယ်ချင်းအပေါ်ဘယ်လိုစိတ်ထားခဲ့လဲနင်အသိဆုံး။ဒီလိုတွေဖြစ်ရတာ  နင့််အမှားလဲပါတယ်"

သူ့အားပြောလာခဲ့သမျှစကားလုံးတွေတိုင်းကို မင်းခန့်ထည်ကမှင်သေသေမျက်နှာထားနဲ့ငြိမ်၍သာနားထောင်နေပြီး စကားတစ်ခွန်းမျှဝင်မပြောလာခဲ့သလို စိတ်ဝင်စားတဲ့အရိပ်အယောင်ဆိုတာလုံးဝဗလာနတ္ထိဖြစ်နေတာကြောင့် သူမလေးကတဖြည်းဖြည်းနဲ့စိတ်မရှည်ဖြစ်လာခဲ့ရသည်။

"နင်အခု ဒီလိုမျိုးထိုင်ပြီး ရေခဲတုံးကြီးလုပ်နေရမယ့်အချိန်လား။
အခုပဲဖြစ်ဖြစ် ဖြူစင်ဆီနင်အရောက်သွားသင့်တာမဟုတ်ဘူးလား။"

"ငါ့ကြောင့် သူဒီလိုဖြစ်တာဆို သူမကငါ့ကိုတွေ့ချင်မယ်တဲ့လား ? "

မင်းခန့်ထည်ကထိုသို့ချက်ကျလက်ချပြန်ပြောလိုက်တဲ့အခါမေသဒ္ဒါရဲ့မျက်နှာလေးကအဖြူရောင်လေးကနေအနီရောင်သို့ပြောင်းလာခဲ့ရသည်။

"နင်လမ်းခွဲလိုက်လို့ ဖြူစင်က suicideလုပ်သွားတာလေ အန်တီစန္ဒာမှာ သားသမီးဆိုလို့ဖြူစင်တစ်ယောက်ပဲရှိတာ အန်တီ့ခမျာသနားပါတယ်။နေ့နေ့ညညငိုနေရှာတာ။အဲ့တာတောင် နင့်ကိုယ်နင်အပြစ်ရှိတယ်လို့မခံစားရသေးဘူးလား"

သူမရဲ့စကားသံတို့ကတစ်စထက်တစ်စမြင့်တက်ကျယ်လောင်လာတာကြောင့်ထိုဆိုင်ထဲရှိ တချို့ဝိုင်းကလူတွေကသူတို့ဘက်ဆီသို့စပ်စုတဲ့အကြည့်တွေနဲ့လှမ်းကြည့်လာကြတဲ့အခါမင်းခန့်ထည်က စားပွဲခုံကိုအသံမြည်အောင်တစ်ချက်ရိုက်ချလိုက်ပေသည်။ထိုအခါမေသဒ္ဒါကအသံတိတ်သွားပြီး သူမရဲ့ကိုယ်လေးကသိမ့်ခနဲတုန်သွားရ၏။

မင်းခန့်ထည်ကရေခဲစိုင်မျက်ဝန်းတွေနဲ့ဆိုင်ထဲသို့တစ်ချက်ဝှေ့ကြည့်လိုက်ပြီးနောက် သူ၏အကြည့်တွေကိုမေသဒ္ဒါဘက်ရွှေ့လိုက်ကာမျက်မှောင်ကြုတ်လျက် အေးတိအေးစက်မေးလာခဲ့သည်။

"မင်းကငါ့ကိုအခုဘာလုပ်စေချင်နေတာလဲ "

မေသဒ္ဒါကအသံခပ်တိုးတိုးဖြင့်ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် သူမစိတ်ကိုငြိမ်ငြိမ်ထား၍မျက်နှာလေးကိုတင်းလျက်ပြန်ဖြေလာ၏။

"ငါ့သူငယ်ချင်းကိုသွားတွေ့ပြီးအရင်လိုပြန်ကောင်းအောင်လုပ်ပေး ။"

"ငါသူမကိုသွားတွေ့မှာပါ အဲ့အတွက်တော့မင်းစိတ်ပူနေစရာမလိုဘူး။ ငါ့အပြစ်လို့မင်းပြောတယ်နော်။အေး... အဲ့အပြစ်အတွက်ငါကောင်းကောင်းပြန်ဆပ်မှာပါ။
အခုတော့ ငါ့မျက်စိရှေ့ကနေထွက်သွားတော့"

မင်းခန့်ထည်ကနှလုံးသားကင်းမဲ့ကာဒေါသကြီးသလောက် အချေကြီးသည်။သူစိတ်ရှုပ်လာပြီဆိုလျှင်ဘယ်သူ့ကိုမှအားနာမနေဘဲစကားကိုတုတ်ထိုးအိုးပေါက်ပြောတတ်တဲ့အကျင့်ကိုမသိတဲ့လူဆိုတာမရှိသလောက်ရှားလေသည်။မေသဒ္ဒါလည်းထိုလူတွေထဲကတစ်ယောက်ဖြစ်ကာ သူမပြောချင်တဲ့စကားတွေအကုန်ပြောပြီးသည်နှင့်အချိန်ဆွဲမနေတော့ပဲချက်ချင်းထွက်သွားတော့လေသည်။

မေသဒ္ဒါထွက်သွားပြီးနောက် သူ့ရဲ့စိတ်ထဲကိုဖြူစင်သော် suicideလုပ်တဲ့အကြောင်းသာတစ်ချိန်လုံးဝင်ရောက်လာခဲ့တာကြောင့် သူတစ်ဖန်စိတ်မတင်မကျဖြစ်လာကာငိုင်ကျသွားရပြန်လေ၏။

'မာန်လည်းငါ့ကြောင့်ပျောက်ကွယ်သွားတယ် အခုတစ်ခါလည်းဖြူစင်သော်ကငါ့ကြောင့်ထိခိုက်သွားပြန်တယ် ...
ကံကြမ္မာကငါ့ကိုအပြစ်သားတစ်ယောက်လိုပဲနေသွားစေချင်တာလား?'

ထိုသို့တွေးရင်းသူတစ်ချက်ရယ်ချမိလိုက်သည်။ထိုရယ်သံတွေကခြောက်ကပ်နေပြီးခံစားချက်မဲ့နေကာ သနားစရာကောင်းလွန်းနေ၏။

အချိန်တစ်ပတ်ကျော်ကြာကျောင်းပိတ်ရက်၂ရက်ရောက်တော့မှ ဖြူစင်သော်ဆေးကုသမှုခံယူနေတဲ့ဆေးရုံဆီသို့သူထွက်လာခဲ့လိုက်သည်။သန်လျင်ကနေ မြို့ထဲသို့၂နာရီကျော်ကြာကားစီးခဲ့ရကာ လမ်းတစ်လျှောက်လုံး စိတ်တို့ကလေးလံထိုင်းမှိုင်းနေပြီး သူ၏နှလုံးသားမြစ်ပြင်ကျယ်မှာကျောက်စရစ်ခဲတို့ဖြင့်ပြည့်ကြပ်ညပ်နေခဲ့ရသည်။

သူမမျက်နှာကိုသူဘယ်လိုကြည့်ရမှာလဲ?

သူမကိုဘယ်လောက်ထိနာကျင်စရာကောင်းတဲ့စကားတွေပြောခဲ့လဲဆိုတာ သူအသိဆုံးပေ။

ထပ်မတွေ့ဖို့ဆုံးဖြတ်ထားတဲ့သူမနဲ့တွေ့ဆုံဖို့အတွက် သူ့စိတ်ထဲမှာအတော်အတန်ဝန်လေးနေရ၏။

သူအတွေးတွေများနေရင်းနဲ့နောက်ဆုံးတော့ဆေးရုံသို့ရောက်ရှိလာခဲ့ရသည်။
ဆေးရုံထဲကိုဝင်လိုက်စဥ် သူ၏ခြေလှမ်းများကအရင်ကထက်နှေးကွေးတုံ့ဆိုင်းလို့နေကာသူ၏နှလုံးသားမှာလည်းအသက်ရှူရခက်အောင်မွန်းကြပ်ဆို့နင်လာရသည်။သွေးကြောတွေထဲမှာစီးဆင်းနေတဲ့သွေးရည်ကြည်တို့ကအတက်အကျမမှန်တာကြောင့်သူ၏လက်ဖျားထက်မှာချွေးစေးလေးတွေကအေးစက်စွာဝေ့သီလာရသည်။

မင်းခန့်ထည် Receptionကသူနာပြုဆရာမလေးအား ဖြူစင်သော်ရှိနေတဲ့အခန်းနံပါတ်အားမေးလိုက်ပြီးနောက် ၃လွှာရှိစင်္ကြံလမ်းလေးအတိုင်းသူလျှောက်လာလိုက်သည်။
စင်္ကြံလမ်းအဆုံးရှိထိုင်ခုံလေးတွင်အမျိုးသမီးတစ်ဦးထိုင်နေတာကိုတွေ့လိုက်ရတဲ့အခါ မင်းခန့်ထည်က ထိုအမျိုးသမီးဆီသို့လျှောက်သွားလိုက်ပြီး ယဥ်ကျေးစွာမေးလိုက်တော့သည်။

"အန်တီ အခန်း405 ကဘယ်နားမှာလဲ သိလားခမျ"

သူ့အသံကြားတော့ထိုအမျိုးသမီးကသူ့အားမော့ကြည့်လာခဲ့သည်။ထိုအမျိုးသမီးရဲ့မျက်ဝန်းလေးများကနီရဲနေပြီးငိုထားတဲ့ပုံစံပေါက်နေတာကြောင့် သူမေးလိုက်မိသည်ကိုအားနာသွားရကာ အားတုံ့အားနာဖြစ်စွာပြုံးပြလိုက်သည်။

ထို့နောက်တခြားလူတစ်ယောက်ကိုပဲမေးဖို့ထွက်သွားမည်အပြု ထိုအမျိုးသမီးဆီကနေမေးသံတစ်သံကိုကြားလိုက်ရလေသည်။

"သားကအန်တီ့သမီးရဲ့သူငယ်ချင်းလား"

သူမှင်သက်စွာလှည့်ကြည့်လိုက်တော့ထိုအမျိုးသမီးကသူမ၏အငိုမျက်လုံးများအားလျှပ်တစ်ပြက်အပြုံးဖြင့်ဖုံးကာထားလိုက်ပြီဖြစ်သည်။

"အန်တီ့သမီးက ဖြူစင်သော်လား"

"အင်းဟုတ်တယ်လေ။
သားက လူနာသတင်းလာမေးတာမှတ်လား"

"ဟုတ်...ဟုတ်ပါတယ် အန်တီ"

တဒင်္ဂအတွင်းသူ၏လည်ချောင်း၌တစ်စုံတစ်ခုကကန့်လန့်ခံနေသလိုခံစားလိုက်ရပြီး အသံတို့ကခြောက်ကပ်ထစ်အလာခဲ့သည်။

'ဒီအန်တီက မေသဒ္ဒါပြောတဲ့အန်တီစန္ဒာပေါ့'

"လာခဲ့လေ အန်တီနဲ့လိုက်ခဲ့ "

အမျိုးသမီးကထိုင်နေရာကနေထရပ်လိုက်ကာရှေ့သို့လျှောက်သွားနေရင်းကနေနောက်သို့ငဲ့ကြည့်ရင်းဆိုလာခဲ့လေသော် မင်းခန့်ထည်ကလည်းခေါင်းလေးငြိမ့်ပြကာလက်ခံလိုက်ပြီး သူမနောက်ကနေလိုက်သွားခဲ့လေသည်။

စင်္ကြံလမ်း၂လမ်းကိုကျော်ပြီးနောက်အခန်းတစ်ခုရှေ့တွင်အမျိုးသမီးကရပ်လိုက်ကာအခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး သူ့အားအပြုံးလေးနဲ့ဆိုလာခဲ့သည်။

"ဝင်လာခဲ့လေ သား"

"ဟုတ်ကဲ့"

မျက်စိရှေ့ရှိထိုအခန်းက သူနဲ့ခြေလှမ်း၃လှမ်းအကွာမျှသာရှိသော်လည်းမိုင်၁၀၀ကျော်လောက်ဝေးနေသလိုပင်။

သူအခန်းထဲကိုစိတ်တင်းတင်းထား၍ဝင်လိုက်တော့ ခုတင်ပေါ်တွင်ဖြူဖပ်ဖြူလျော်နဲ့သတိမေ့မြောနေသောဖြူစင်သော်ကိုတွေ့လိုက်ရသည်။

သူမကိုအောက်စီဂျင်ပေးထားရကာ သတိပြန်မလည်လာသေးတာတစ်ပတ်ရှိပြီဖြစ်ကြောင်းသိလိုက်ရလေသော် သူ့ရဲ့ခြေထောက်တွေကအနည်းငယ်နိမ့်ကျသွားခဲ့ရလေသည်။

"သားသူငယ်ချင်းကနဂိုကတည်း စိတ်ရောဂါအခံရှိလို့ဒီလောက်အထိဖြစ်သွားရတာလေ။ဒီကလေးကသိပ်ပြီးထိရှလွယ်တဲ့ဟာ ..."

"ဖြူက စိတ်ရောဂါအခံရှိတာလား ? "

"အင်း အန်တီကိုယ်တိုင်စိတ်ကျန်းမာရေးဆေးရုံကနေသွားပြန်ခေါ်လာခဲ့တာ..."

ထိုစကားကမင်းခန့်ထည်ကိုပါးစပ်အဟောင်းသားဖြစ်တဲ့အထိဆွံ့အသွားစေခဲ့သည်။

"ဒါဆို ဘာလို့ ဖြူက ... "

"ဘာလို့အန်တီ့သမီးကအရူးတွေရှိရမယ့််နေရာမှာရှိမနေဘဲ သားတို့နဲ့အတူတူထားထားတဲ့အကြောင်းပြချက်ကိုမေးချင်တာလား ? "

"မဟုတ် .. "

သူခေါင်းခါပြကာငြင်းဆန်မယ်ကြံရုံရှိသေးဒေါ်စန္ဒာသော်က ဖျော့တော့စွာပြုံးလိုက်၍သူမသမီးနားသို့သွားကာ ဖြူစင်သော်ရဲ့ဆံပင်လေးတွေကို ငြင်သာဖွရွစွာသပ်ပေးနေရင်း ဝမ်းနည်းနာကျင်နေရတဲ့ခံစားချက်တို့နဲ့အတူတိမ်ဝင်တိုးဖျစွာဆက်ပြောလာခဲ့သည်။

"အန်တီ့သမီးလေးက အရူးတစ်ယောက်မဟုတ်ပါဘူးကွယ်။သူ့စိတ်ထဲမှာထင်ယောင်ထင်မှားဖြစ်နေရတဲ့အတွေးတွေပဲရှိနေခဲ့တာပါ... အဲ့တာကပဲရောဂါတစ်ခုလိုဖြစ်နေခဲ့တာပေါ့ ... "

တစ်ဦးတည်းသောသမီးလေးအပေါ်ထားရှိတဲ့မိခင်တစ်ယောက်ရဲ့ခမ်းနားတဲ့မျှော်လင့်ချက်ရောင်ခြည်လေးတွေဟာဆိုရင် အနန္တနက်ရှိုင်းစွာသောသမုဒယသောကပင်လယ်ထဲမှာ စုန်းစုန်းနစ်မြုပ်နေခဲ့ရကြောင်း သူမရဲ့မျက်ဝန်းတွေထဲမှာဝဲတက်လာရတဲ့မျက်ရည်စလေးတွေကအဆုံးမဲ့သက်သေထူနေခဲ့သည်။

မိခင်တစ်ယောက်ရဲ့ထိုမျက်ရည်စက်တွေနဲ့ရောပါနေတဲ့နာကျင်မှုတွေကိုထင်ရှားပြတ်သားစွာမြင်နေရတဲ့ ကမ္ဘာပေါ်ရှိဘယ်လူသားကများ နှလုံးသားမရှိစွာတောင့်ခံထားနိုင်ပါအံ့။

ဒေါ်စန္ဒာသော်ရဲ့ထိုနာကျင်မှုတွေကသူ့ရဲ့အသွေးအသားတွေဆီသို့တိုင်အောင်ကူးစက်လာစေခဲ့ကာ သူ၏နှာခေါင်းရိုးတစ်လျှောက်မှာတမဟုတ်ချင်းတင်းကြပ်လာခဲ့ရသည်။

"ကျနော် စောစောလာမကြည့်ဖြစ်လို့တောင်းပန်ပါတယ်။တကယ်လို့ဆေးရုံစောင့်ဖို့လူလိုရင်လဲကျနော့်ကိုပြောပါ။
ကျနော် အတတ်နိုင်ဆုံးကူညီပေးပါ့မယ် အန်တီ"

ထိုအခါ သူမကကြည်လင်စွာပြုံးပြလာခဲ့ပြီးကျေးဇူးတင်စကားကိုခပ်ဖွဖွရေရွတ်လာခဲ့သည်။

"အခုလို လာကြည့်ပေးတာပဲကျေးဇူးတင်ပါတယ်သားရယ်။
ဒါနဲ့ သားကအန်တီ့သမီးမေဂျာကပဲလား"

"မဟုတ်ဘူးဗျ။ ကျနော်က MCကပါ"

MCကဆိုတဲ့စကားကိုကြားတာနဲ့ ဒေါ်စန္ဒာသော်ရဲ့မျက်ဝန်းတို့ကအရောင်လက်သွားပြီးမျက်ဝန်းအနားသတ်တို့ကကျယ်ဟလာကာ မင်းခန့်ထည်အား ပင့်ရှိုက်သံတို့နဲ့အလောတကြီးမေးလာခဲ့သည်။

"ဒါဆို သားတို့မေဂျာက မင်းခန့်ထည်ဆိုတဲ့ကောင်လေးကိုသိလား"

ဂလု!

ထိုမေးခွန်းကိုကြားတော့မင်းခန့်ထည်ကတံတွေးတစ်ချက်မြိုချလိုက်ကာ သူ့ရဲ့ခါးရိုးတို့ကချက်ချင်းဖြောင့်မတ်သွားရသည်။လည်ပင်းကပေါက်ထွက်တော့မတတ်ကြမ်းရှခြောက်ကပ်လာပြီးနောက် နှဖူးပြင်ထက်မှာပါချွေးစက်တို့ကခိုသီလာကာ သူထိုမေးခွန်းကိုပြန်ဖြေဖို့အတွက်ခြေတုံချတုံဖြစ်နေမိ၏။

တကယ်လို့ သူမုသားသုံးပြီးရှောင်ပြေးလိုက်မယ်ဆိုရင် ခနတာတော့စိတ်သက်သာရလိမ့်ပေမယ့် အမြဲတမ်းတော့ ဒီအပြစ်တွေကိုသူရှောင်ပြေးနေနိုင်မှာမဟုတ်ပေ။

သူက အပြစ်မဲ့တဲ့မိခင်တစ်ယောက်အပေါ်သောကအပူမီးတွေထွန်းညှိပေးခဲ့မိတဲ့အပြစ်သားတစ်ယောက်ဖြစ်နေတာကြောင့် သူဘယ်လိုစိတ်နဲ့များလိမ်လည်ရက်ပါ့မလဲ ?

အမှန်တရားဆိုတာခါးသီးပေမယ့်လိမ်ညာလှည့်ဖြားခြင်းထက်စာရင်တော့ သူ၏လိပ်ပြာကိုပိုလုံစေပေသည် .....

မင်းခန့်ထည်က အေးစက်နေတဲ့သူ့ရဲ့လက်တွေကိုအရှေ့၌ယှက်ကိုင်ထားလျက် သူ၏နှုတ်ခမ်းထောင့်စွန်းတို့ကိုတည်ငြိမ်စွာတွန့်ချိုးလိုက်ရင်း ဒေါ်စန္ဒာသော်ရဲ့မျက်ဝန်းတွေဆီသို့ မုသားကင်းတဲ့အကြည့်တို့နဲ့လေးနက်စွာရှုကြည့်လိုက်ကာဆိုသည်။

"မင်းခန့်ထည်ဆိုတာက တကယ်တော့ ကျနော်ပါအန်တီ"

သူ့ရဲ့ထိုစကားသံတို့ကို ကြားလိုက်ရပြီးသကာလအမျိုးသမီးရဲ့မျက်နှာထက်ရှိအပြုံးတို့ဟာဆိုရင် ပိန်းကြာရွက်ပေါ်တင်မကျန်နိုင်တဲ့မိုးပေါက်လေးတွေပမာ အကုန်အစင်ပျောက်ကွယ်သွားတော့ပေသည်။

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading. 💗

••••••••••••••••••••••••••••••••••••••••••••••••••

အခန္း (၃၂) -ဇာတ္လမ္းေဟာင္းေလး PartII

Zawgyi

[အတၱဆိုတာအခ်စ္ဆိုတဲ့အရာနဲ႔လုံးဝဆန္႔က်င္ဘက္ ]

အစိမ္းေရာင္အေဆာက္အဦးအတြင္း႐ွိခုံတန္းလ်ားေလးတစ္ခုေပၚတြင္လွပသိမ္ေမြ႕လွေသာ ေကာင္မေလးတစ္ေယာက္က သူမ၏ဖုန္းကိုစိတ္ဝင္တစားၾကည့္ေနလ်က္ႏႈတ္ခမ္းေထာင့္စြန္းေတြကိုေက်နပ္မႈအျပည့္နဲ႔တြန္႔ေကြးလိုက္သည္။

ရံဖန္ရံခါလမ္းမဘက္ကိုလွည့္လွည့္ၾကည့္လုပ္တတ္ကာ တစ္စုံတစ္ဦးကိုေစာင့္ေနဟန္တူသည္။ ထို႔ေနာက္ မၾကာခင္တြင္ ခန္႔ညားေခ်ာေမာလွေသာမ်က္ႏွာေလးထက္မွာတင္းမာခက္ထန္လြန္းတဲ့အမူအရာတစ္ခုကိုခ်ိတ္ဆြဲထားပါတဲ့ပုံရိပ္ေလးတစ္ရိပ္ကသူမ႐ွိရာဆီသို႔ဒုန္းဆိိဳင္းဦးတည္လာခဲ့သည္။

ထိုေကာင္ေလးရဲ႕တင္းတင္းဆုပ္ထားတဲ့လက္တစ္ဖက္ဆီကေနေသြးစက္ေတြကတစက္စက္က်ဆင္းေနခဲ့သလို မ်က္ဝန္းတစ္စုံတို႔ကလည္းထိုေသြးစက္ေတြနဲ႔ျခယ္သထားတဲ့အလား ေသြးနီေရာင္သမ္းေန၏။ သူ႕ရဲ႕ထိုမ်က္ဝန္းေတြထဲမွာေရာင္ျပန္ဟပ္ေနတဲ့ မိန္းမလွေလး၏ပုံရိပ္ေလးဟာ တစ္စစီဆုတ္ၿဖဲခံရေတာ့မည့္ႏွယ္အႏၲရာယ္အေငြ႕အသက္တို႔နဲ႔ျပည့္လွ်မ္းေနေပသည္။

သူမေလးက ထိုလူသားေလးကိုျမင္တာနဲ႔မ်က္ဝန္းေတြကေတာက္ပသြားကာႏူးညံ့လွပတဲ့အျပဳံးေလးတစ္ပြင့္နဲ႔အတူ ခ်ိဳသာၾကည္လင္လွတဲ့အသံေလးျဖင့္ေမးလာခဲ့သည္။

"ေမာင္ ေရာက္လာၿပီလား"

ျဖဴစင္ေသာ္ရဲ႕တုံ႔ျပန္မႈက သူထင္ထားတာထက္တည္ၿငိမ္လြန္းေနတာေၾကာင့္မင္းခန္႔ထည္ရဲ႕ေဒါသမီးေတာက္တို႔ကႏွလုံးအိမ္ကိုျပာက်လုမတတ္ဟုန္းခနဲထေတာက္လာကာ သူ႕ရဲ႕ေသြးစြန္းေနတဲ့လက္တစ္ဖက္နဲ႔လက္ညိႇဳးေငါက္ေငါက္ထိုးကာ မုန္းတီးစြာျဖင့္ခပ္ဆတ္ဆတ္ေမးလိုက္ေတာ့သည္။

"မင္းမွာကိုယ္ခ်င္းစာတတ္တဲ့ႏွလုံးသားမ႐ွိဘူးလား ျဖဴစင္ေသာ္!"

မင္းခန္႔ထည္ရဲ႕လက္ကဒဏ္ရာကိုျမင္ေတာ့ျဖဴစင္ေသာ္ရဲ႕မ်က္ႏွာေလးကျဖဴေဖ်ာ့သြားကာအျပဳံးေတြလည္းေပ်ာက္ကြယ္သြားသည္။

" ေမာင့္လက္ကဘာျဖစ္လာတာလဲ" ဆို၍ သူမေလးက ပူပန္ေသာကေရာက္စြာေမးလိုက္ၿပီး ထိုလူသားရဲ႕လက္ကိုထိကိုင္ဖို႔ႀကိဳးစားလိုက္တဲ့အခါ မင္းခန္႔ထည္ကေနာက္သို႔ဆုတ္လိုက္၍ ဟားတိုက္ေလွာင္ရယ္လာခဲ့ေပသည္။

"ႏွလုံးသား႐ွိခ်င္ေယာင္မေဆာင္စမ္းပါနဲ႔။အဲ့လိုပုံစံကမင္းလိုမိန္းမမ်ိဳးနဲ႔မလိုက္ဖက္ဘူး"

သူမသိပ္ခ်စ္ရတဲ့ေယာက်ာ္းတစ္ေယာက္ကစိမ္းကားတဲ့ေလသံနဲ႔အတူနာက်င္စရာေကာင္းတဲ့စကားလုံးေတြကို သူမရဲ႕အက္ကြဲေနစျပဳေနတဲ့ႏွလုံးသားတည့္တည့္ဆီဦးတည္ထိုးႏွက္လာတဲ့အခါ ျဖဴစင္ေသာ္ဟာ သူမအားစက္ဆုပ္စြာၾကည့္ေနတဲ့ထိုလူသား၏မ်က္လုံးေတြထဲတည့္တည့္စိုက္ၾကည့္လာခဲ့သည္။

သူမ၏ဘယ္ဘက္ရင္ဘက္ဆီလက္ညိႇဳးထိုးျပလာရင္းေခါင္းေမာ့ကာ ခပ္ဖြဖြရယ္လ်က္ တုံ႔ျပန္ေျပာဆိုလာေပသည္။
ထိုရယ္သံေလးေတြထဲမွာ ႐ွတေသာအသြားနက္နက္ဓားသြားေလးေတြကိုသိုဝွက္လို႔ထားလ်က္။

"ႏွလုံးသားလားသိပ္႐ွိတာေပါ့။ေမာင့္ကိုခ်စ္ဖို႔ေလ"

"ခ်စ္ဖို႔ဟုတ္လား။
တကယ္ေတာ့မင္းငါ့ကိုမခ်စ္ပါဘူးကြာ။
မင္းကိုယ္မင္း ငါ့ကိုခ်စ္တယ္ဆိုၿပီးအယုံသြင္းထားတာပဲေနမွာ ...."

"ေမာင္!.......ဘာလို႔ဒီလိုေျပာရတာလဲ!"

ရက္စက္စြာဆိုလာတဲ့ထိုလူသားရဲ႕စကားေတြကဟက္တက္ကြဲေနရတဲ့သူမရဲ႕ဒဏ္ရာေတြေပၚဆားနဲ႔သိပ္ထည္္႕လိုက္သကဲ့သို႔တဆစ္ဆစ္နာက်င္ကိုက္ခဲသြားေစကာ သူမေလးရဲ႕မ်က္ဝန္းေတြက အဆိပ္စူးတို႔နဲ႔ျပည့္ႏွက္လာရၿပီးဟန္ေဆာင္ၿမိဳသိပ္ထားတဲ့ ေဒါသတို႔ကလည္းေပါက္ကြဲထြက္လာရသည္။

မင္းခန္႔ထည္ကလည္းသူမရဲ႕ထိုသို႔ေသာပုံစံအမွန္ကိုလိုခ်င္တာေၾကာင့္ႏွလုံးသားမဲ့စြာဆက္ၿပီးထိုးႏွက္လာခဲ့သည္။

"မင္းငါ့ကိုတကယ္ခ်စ္ရင္ငါခ်စ္တဲ့လူေတြကိုမင္းထိခိုက္ေအာင္လုပ္မွာမဟုတ္ဘူး။" ဟုအတက္အက်မမွန္တဲ့အသက္႐ွဴသံတို႔နဲ႔ဆိုလိုက္ရင္း Videoဖြင့္ထားတဲ့ဖုန္းကိုသူမေ႐ွ႕မွာေျမႇာက္ျပလိုက္ေတာ့သည္။

"အဲ့တာမင္းေျပာတဲ့အခ်စ္ဆိုတာလား!!!"

မင္းခန္႔ထည္ကလည္ပင္းေၾကာေတြေထာင္ထလာတဲ့အထိေအာ္ဟစ္ေသာင္းက်န္းလာၿပီးေနာက္ ထိုဖုန္းကိုသူမေ႐ွ႕မွာတင္အစိတ္စိတ္အႁမႊာႁမႊာျဖစ္ေအာင္ေပါက္ခြဲပစ္လိုက္ေပသည္။ ဖုန္းေလးက မာေၾကာတဲ့ကြန္ကရစ္သားနဲ႔ထိေတြ႕သြားတဲ့အခါခြမ္းခနဲကြဲသြားၿပီး ကြဲေၾကသြားတဲ့အစိတ္အပိုင္းတို႔ကသူမေျခေထာက္နားထိလြင့္စင္ထြက္လာခဲ့ရသည္။

မင္းခန္႔ထည္ရဲ႕ေဒါသက ႏ်ဴးကလီယားဗုံးတစ္ခုလိုပဲအႏၲရာယ္ႀကီးတယ္ဆို၍ေယာက်ာ္းေလးေတြရဲ႕ပါးစပ္ဖ်ားမွာနာမည္ႀကီးေနတဲ့ ထိုလူသားဟာသူမအေပၚျငင္ျငင္သာသာဆက္ဆံေျပာဆိုတတ္တာေၾကာင့္ ထိုလူသားရဲ႕သည္းခံႏိုင္မႈအတိုင္းအတာအေပၚသူမေလွ်ာ့တြက္မိခဲ့သည္။

သို႔ေသာ္သူမဝန္ခံလိုက္လို႔လည္းကြဲေၾကၿပီးသားဖန္ခြက္တစ္ခြက္က မူလပုံစံအတိုင္းျပန္ေျပာင္းသြားမွာမဟုတ္တာေၾကာင့္ မုသားတို႔ကိုဆုပ္ကိုင္ရင္း အမွန္တရားကိုေက်ာခိုင္းလ်က္ ေ႐ွ႕ဆက္ေလွ်ာက္ဖို႔ကိုသာ သူမေ႐ြးခ်ယ္ခဲ့သည္။

ျဖဴစင္ေသာ္ကအျပစ္ကင္းတဲ့မ်က္ဝန္းတစ္စုံနဲ႔ျပန္ၾကည္္႕လာရင္းမင္းခန္႔ထည္ရဲ႕စြပ္စြဲခ်က္တို႔ကိုမွားယြင္းတဲ့အရာတစ္ခုအျဖစ္ဟန္ေဆာင္ေကာင္းစြာျငင္းဆိုလာခဲ့သည္။

"အဲ့ videoကိစၥက ျဖဴလုပ္တာမဟုတ္ဘူး"

ထိုျငင္းဆိုတဲ့စကားေတြက သူခန္႔မွန္းထားၿပီးသားစကားေတြျဖစ္တာေၾကာင့္ မင္းခန္႔ထည္သိပ္မအံ့ၾသမိ။

"မညာခ်င္စမ္းပါနဲ႔။
မင္းလိမ္ညာလည္းမင္းနဲ႔ငါ့ၾကားကဒီကိစၥေတြက နဲနဲေလးမွေျပာင္းလဲသြားမွာမဟုတ္ဘူး"

"လမ္းခြဲခ်င္တိုင္းလမ္းခြဲလို႔ရတဲ့အထဲမွာ ျဖဴဆိုတဲ့က်မမပါဘူးေမာင္"

"အဲ့တာအခ်စ္မဟုတ္ဘူးေနာ္ အဲ့တာမင္းရဲ႕အတၱ!!!
အတၱဆိုတာအခ်စ္ဆိုတဲ့အရာနဲ႔
လုံးဝဆန္္႕က်င္ဘက္!
အဲ့အတၱေတြေရာယွက္ေနတဲ့ မင္းႏႈတ္ဖ်ားကေနထြက္လာတဲ့ အခ်စ္ဆိုတဲ့စကားလုံးေတြကိုၾကားတိုင္း ငါ့အသည္းကသိပ္ခါးတယ္"

"အတၱဆိုတာကအခ်စ္နဲ႔ဆန္႔က်င္ဘက္ဟုတ္လား။ေမာင့္အေပၚထားတဲ့အဲ့ဒီအတၱေတြကလဲအခ်စ္ေၾကာင့္ပဲေမြးဖြားလာခဲ့ရတာ။"

ေဒါသမီးေတာက္တို႔ဆူပြက္ေနတဲ့ မင္းခန္႔ထည္ဟာ သူမႏႈတ္ကထြက္လာတဲ့စကားလုံးေတြကိုထပ္ၿပီးနားေထာင္ေနႏိုင္စြမ္းမ႐ွိေတာ့ေပ။
သူ႕ရဲ႕အေသြးအသားေတြက သူမနဲ႔ပက္သတ္တဲ့အရာမွန္သမွ်ကိုခါးခါးသီးသီးျငင္းဆန္ေနၿပီး ထိုမိန္းကေလးကို သူအလြန္တရာမုန္းတီးတယ္ဆိုတာကိုသာ သူ႕ႏွလုံးသားထဲမွာထပ္ခါတလဲလဲေရ႐ြတ္ေနခဲ့မိသည္။

"ဝန္ခံလိုက္!"

အကယ္၍ သူမသာဝန္ခံခဲ့မယ္ဆို သူခြင့္လႊတ္ေပးဖို႔ရာစဥ္းစားမိေပလိမ့္မည္။
သို႔ေသာ္ အတၱႀကီးတဲ့သူမက သူမအမွားကိုဝန္မခံလာခဲ့တဲ့အျပင္သူတစ္ပါးကိုသာအျပစ္ဖို႔ေျပာဆိုလာခဲ့တာေၾကာင့္ မင္းခန္႔ထည္ဟာျဖဴစင္ေသာ္ဆိုတဲ့သူမအေပၚလုံးဝစိတ္ကုန္သြားကာလက္ေလွ်ာ့လိုက္ေတာ့ေပ၏။

"ဒါနဲ႔ ျဖဴ ဝန္ခံေပးလိုက္တိုင္း ေမာင့္သူငယ္ခ်င္းရဲ႕သတင္းက လူတိုင္းရဲ႕ပါးစပ္ဖ်ားကေနေပ်ာက္ကြယ္သြားလိမ့္မယ္လို႔ေမာင္ထင္လား?"

"မင္း!"

"ဟုတ္တယ္မွတ္လား? မေပ်ာက္ပ်က္သြားႏိုင္ဘူးေလ။
အဲ့တာ Videoတင္လိုက္တဲ့လူေၾကာင့္မဟုတ္ဘူး ေမာင္ရဲ႕။
တကယ္ေတာ့မေကာင္းေၾကာင္းဆိုေတာမီးလိုပ်ံ႕လြယ္တဲ့ လူသားေတြရဲ႕ေအာက္တန္းက်ပ်က္စီးေနတဲ့စိတ္ဓာတ္ေတြေၾကာင့္ပဲ"

သူမရဲ႕ထိုစကားေတြအဆုံး သူ႕ရဲ႕တစ္ကိုယ္လုံး႐ွိေသြးေၾကာေတြကေပါက္ထြက္ေတာ့မတတ္တဒုန္းဒုန္းနဲ႔အ႐ွိန္ျပင္းျပင္းခုန္လာခဲ့သည္။

ေဒါသအမိုက္တို႔ကလည္း သူ၏အသိဥာဏ္ကိုဆင္ျခင္ထုံတရားကင္းမဲ့ေတာ့မတတ္ဖုံးလႊမ္းလာခဲ့တဲ့အခါ သူမအား သူဘာလုပ္မိမလဲဆိုတာမသိႏိုင္တာေၾကာင့္ သူ႕ရဲ႕မ်က္လုံးေတြကိုတဆုံးမွိတ္ခ်လိုက္သည္။ၿပီးေနာက္အသက္ျပင္းျပင္း႐ွဴလ်က္ေအးစက္မာေၾကာမႈနဲ႔အတူမုန္းတီးနာက်ည္းလြန္းစြာေနာက္ဆုံးစကားကိုဆိုလိုက္ေတာ့ေပ၏။

"မင္းငါ့ေ႐ွ႕ကေနေကာ ငါ့ဘဝထဲကေနပါ အၿပီးအပိုင္ထြက္သြားလိုက္ပါေတာ့....
ငါမင္းကိုထပ္မျမင္ခ်င္ဘူး"

"က်မတကယ္တမ္းထြက္သြားရင္လဲ ေမာင္ပဲေနာင္တေတြတေပြ႕တပိုက္ႀကီးနဲ႔က်န္ခဲ့ရလိမ့္မယ္ဆိုတာ ေမာင္ဘယ္ေတာ့မွမေမ့ပါနဲ႔ ... "

ျဖဴစင္ေသာ္က သူ႕မ်က္ႏွာကိုတည့္တည့္ၾကည့္၍ ထိုစကားတစ္ခြန္းကိုေသေသခ်ာခ်ာဆိုခဲ့ကာ သူ႕ေ႐ွ႕ကေနေက်ာခိုင္းထြက္ခြာသြားေတာ့သည္။

ျဖဴစင္ေသာ္ထြက္သြားတဲ့အခါ မင္းခန္႔ထည္ကထိုေနရာ႐ွိခုံတန္းေလးေပၚမွာဝင္ထိုင္လိုက္ၿပီး သူ႕လက္ဖ်ံေပၚကကြဲသြားတဲ့ဒဏ္ရာကိုစိတ္လြတ္စြာေငးၾကည့္ေနခဲ့သည္။အခ်ိန္အနည္းငယ္ၾကာေနၿပီဆိုေတာ့ဒဏ္ရာဆီကေနစီးက်ေနတဲ့ ေသြးေတြကလက္ဖမိုးထက္မွာေျခာက္ကပ္ေနခဲ့ၿပီျဖစ္ကာနာက်င္မႈတစ္စြန္းတစ္စမွ်မခံစားခဲ့ရေပ။
နာက်င္တဲ့ဒဏ္ရာေတြကမ်ားလြန္းတာေၾကာင့္ထင္သည္ ထိုဒဏ္ရာရဲ႕နာက်င္မႈေလးကေသးငယ္သြားရကာထုံထိုင္းသြားခဲ့ျခင္းပင္။

သူ႕ရဲ႕လက္ႏွစ္ဖက္နဲ႔ေခါင္းကိုအုပ္ကိုင္လိုက္ရင္း သူ႕မ်က္ႏွာကို ေသးငယ္လြန္းတဲ့ကမ႓ာေလးထဲမွာဖြက္ထားလိုက္ေတာ့ေပသည္။ဘယ္ေလာက္ပဲႏွလုံးသားမ႐ွိဘူးဆိုၿပီး သူ႕ကိုယ္သူ လိမ္ညာထားပါေစ တကယ္တမ္းက် သူလည္းလူသားတစ္ေယာက္ပါေပ။
ဆုံး႐ႈံးရမွာကိုေၾကာက္တတ္သလို ပတ္ဝန္းက်င္ရဲ႕ဖယ္က်ဥ္မႈေတြကိုလည္း သူစိုးေၾကာက္တတ္ပါသည္။

သူလိုလူေတာင္ဒီအေၾကာက္တရားေတြေအာက္မွာဒူးေထာက္အ႐ႈံးေပးေနရမွေတာ့စိတ္ဓာတ္ႏူးညံ့လြန္းတဲ့ သူ႕ရဲ႕သူငယ္ခ်င္းေလးကေကာ ဘယ္ေလာက္ေတာင္ေၾကာက္႐ြံ႕ေနခဲ့လိမ့္မလဲ ?

'ဒါငါ့အျပစ္ေတြ .... ငါ့ေၾကာင့္မာန္ဒီလိုျဖစ္ရတာ .. ငါ့ေၾကာင့္ .... ငါကအျပစ္သားတစ္ေကာင္ပဲ'

ထိုေန႔၌ အသိစိတ္လြတ္ေနတဲ့မင္းခန္႔ထည္ကမာန္႔အေပၚေလွာင္ေျပာင္ဟားတိုက္ခဲ့တဲ့ေက်ာင္းသားတခ်ိဳ႕နဲ႔ရန္ပြဲ၂ပြဲဆက္တိုက္ျဖစ္ပြားခဲ့ၿပီး သူ႐ိုက္လိုက္တဲ့ေက်ာင္းသား၂ေယာက္ဟာအေရးေပၚတင္လိုက္ရတာေၾကာင့္႐ုံးခန္းအေခၚခံလိုက္ရေလသည္။

မင္းခန္႔ထည္ဟာရန္ပြဲေတြမႏႊဲခဲ့ဖူးတာေတာ့မဟုတ္ေပမယ့္ဒီတစ္ေခါက္ရန္ပြဲမွာေတာ့လက္ဆျပင္းသြားကာ ပါခ်ဳပ္ပါ ဝင္ေျဖ႐ွင္းေပးရတဲ့အထိျပႆနာကႀကီးသြားခဲ့ေၾကာင္း ၾကားၾကားခ်င္းပင္ မင္းစက္နဲ႔ဌာနမႉးတို႔က
ပါခ်ဳပ္႐ုံးခန္းဆီသို႔ဖုတ္ပူမီးတိုက္လိုက္လာခဲ့ရသည္။

မင္းစက္တို႔႐ုံးခန္းကိုေရာက္ေတာ့စားပြဲ႐ွည္တစ္ဖက္တြင္ မ်က္ႏွာ၌ကြဲသြားတဲ့ဒဏ္ရာ၂ခ်က္နဲ႔ ဘာမထီဟန္ျဖင့္ထိုင္ေနေသာမင္းခန္႔ထည္ကိုေတြ႕လိုက္ရသည္။
သူက တစ္ဖက္စားပြဲမွာ႐ွိတဲ့ ဖူးေရာင္ကိုင္းေနေသာဒဏ္ရာေတြဗလပြနဲ႔႐ုပ္ေတာင္မေပၚေတာ့တဲ့ တစ္ဖက္ေမဂ်ာမွေက်ာင္းသားေတြဘက္သို႔ မိုက္ၾကည့္,ၾကည့္ေနေပ၏။

ပါခ်ဳပ္နဲ႔ႏွစ္ဦးႏွစ္ဖက္႐ွိဌာနမႉးတို႔ကေျပေျပလည္လည္ညႇိႏိႈင္းေျဖ႐ွင္းၾကၿပီးေနာက္ ခံဝန္လက္မွတ္ေရးထိုးခိုင္းၿပီးေက်ာင္းသားေတြကိုျပန္လႊတ္လိုက္ၾကသည္။

႐ုံးခန္းေ႐ွ႕ကိုျပန္ထြက္လာေတာ့ မင္းစက္ကမင္းခန္႔ထည္အားစိုးရိမ္စြာၾကည့္ေနရင္း သူ႕မ်က္ႏွာေလးမွာ႐ႈံ႕တြေနကာငိုခ်ေတာ့မည့္ဟန္။လူမိုက္ႀကီးမင္းခန္႔ထည္ရဲ႕မ်က္ႏွာကေတာ့ ေဒါသမေျပေသးသည့္ပုံပင္ခက္ထန္တင္းမာေနကာ အေ႐ွ႕ဘက္ကေနထြက္သြားတဲ့တျခားေမဂ်ာကအေကာင္ေတြကို ေအးစက္စက္ေလသံနဲ႔အထက္စီးဆန္စြာလွမ္းတားလိုက္သည္။

"ေနဦး ! "

သူ႕အသံၾကားေတာ့ေ႐ွ႕ကလူေတြကရပ္သြားၿပီးတင္းမာေနတဲ့အမူအရာေတြနဲ႔ရန္လိုမႈအျပည့္ျပန္လွည့္ၾကည့္လာၾကတဲ့အခါ မင္းခန္႔ထည္ေဘးမွာရပ္ေနတဲ့မင္းစက္ခမ်ာအသက္ေတာင္မ႐ွဴရဲေတာ့ေပ။

ထို႔ေနာက္ မင္းခန္႔ထည္က ထိုလူအုပ္ေ႐ွ႕သို႔ဂ႐ုမစိုက္စြာေလွ်ာက္သြားလိုက္ရင္း သား႐ိုင္းတစ္ေကာင္၏ေသြးဆာေနတဲ့မ်က္ဝန္းတစ္စုံနဲ႔ေဝွ႔ၾကည့္လိုက္ကာသတိေပးၿခိမ္းေျခာက္လာခဲ့သည္။

"မင္းတို႔ထဲကတစ္ေယာက္ေယာက္ရဲ႕ပါးစပ္ဖ်ားကျဖစ္ျဖစ္ မာန္အေၾကာင္းထပ္ထြက္လာလို႔ကေတာ့ ေနာက္တစ္ခါက် ပါခ်ဳပ္႐ုံးခန္းနဲ႔တင္ၿပီးမွာမဟုတ္ဘူးဆိုတာမင္းတို႔ရဲ႕ေခြးစားသြားတဲ့ဦးေႏွာက္ေတြထဲမွာမွတ္ထားလိုက္ ! "

ေနာက္တစ္ေန႔မနက္အေရာက္တြင္ေတာ့ ထိုရန္ပြဲအေၾကာင္းဟိုးေလးတေက်ာ္ပ်ံ႕ႏွံ႔သြားခဲ့တဲ့အခ်ိန္ကစ ဘယ္သူကမွအရဲစြန္႔ၿပီးမာန္အေၾကာင္းႏႈတ္မဟရဲၾကေတာ့ေပ။
မင္းခန္႔ထည္ကိုသြားမစသင့္တဲ့လူစာရင္းထဲမွာ ထိပ္ဆုံးအေနနဲ႔သတ္မွတ္လိုက္ၾကၿပီး ေတာ္ေတာ္မ်ားမ်ားလည္း႐ွိန္သြားၾကေလသည္။

ၿပီးေတာ့ျဖဴစင္ေသာ္ဆိုတဲ့ေက်ာင္းရဲ႕အလွပေဂးေလးကလည္းထိုအျဖစ္အပ်က္ေတြနဲ႔တစ္ဆက္တည္းပင္ ရက္ေတာ္ေတာ္ၾကာတဲ့အထိ ေက်ာင္းကေနေပ်ာက္ခ်င္းမလွေပ်ာက္ဆုံးသြားခဲ့ကာ မင္းခန္႔ထည္ဆိုတဲ့ေရခဲတုံးႀကီးကေတာ့ ထိုကိစၥေတြအေပၚအေရးတယူဂ႐ုစိုက္ျခင္းမ႐ွိစြာ ေသြးေအးေအးနဲ႔ ဆက္ေန,ေနခဲ့ေလသည္။

"ငါနင္နဲ႔စကားေျပာစရာ႐ွိတယ္ မင္းခန္႔ထည္"

Canteenမွာ ထိုင္ေနတဲ့မင္းခန္႔ထည္နဲ႔မင္းစက္တို႔ႏွစ္ေယာက္ေ႐ွ႕သို႔ေမသဒၵါဆိုတဲ့ေကာင္မေလးကျဗဳန္းခနဲေရာက္ခ်လာခဲ့ၿပီးအထူးတဆန္းစကားစေျပာလာတာေၾကာင့္ မင္းစက္ကစိတ္႐ႈပ္သည့္ဟန္ျဖင့္ျပန္ၾကည့္လိုက္ရင္း ခနဲ႔လိုက္သည္။

"မင္းတို႔သူငယ္ခ်င္းေတြ ငါ့သူငယ္ခ်င္းကိုဒုကၡေပးလို႔မဝေသးဘူးလား"

မင္းစက္စကားၾကားေတာ့ေမသဒၵါကမ်က္ေစာင္းထိုး၍စိုက္ၾကည့္လာရင္း ႏႈတ္ခမ္းေတြကိုမဲ့လိုက္လ်က္အမိန္႔ေပးတဲ့ေလသံနဲ႔ဆိုလာသည္။

"နင္ေ႐ွာင္ေပး"

"ဘာကိစၥေ႐ွာင္ေပးရမွာလဲ။ငါ့သူငယ္ခ်င္းကိုေျပာတာက ငါ့ကိုေျပာတာနဲ႔အတူတူပဲ။
ေျပာၾကည္္႕လိုက္ေလ မင္းတို႔ဘာေတြဒုကၡလာေပးဦးမလဲဆိုတာငါလဲနားေထာင္ၾကည့္မွျဖစ္မယ္...."

"ငါေျပာမယ့္ကိစၥကနင္နဲ႔မဆိုင္ဘူး"

"ငါနဲ႔မဆိုင္တာမ႐ွိဘူး!"

"နင္ ! "

"ေတာ္ၾကေတာ့"

မင္းစက္နဲ႔ေမသဒၵါတို႔ကေျပာရင္းေျပာရင္း
ထသတ္ၾကေတာ့မည့္ႏွယ္စကားအေခ်အတင္ျဖစ္လာတဲ့အခါမင္းခန္႔ထည္ကစုတ္သပ္လ်က္ျဖတ္ေျပာလာခဲ့သည္။

ထို႔ေနာက္သူ႕လြယ္အိတ္ထဲကေနစာ႐ြက္တခ်ိဳ႕ကိုဆြဲထုတ္လိုက္ကာမင္းစက္ကိုကမ္းေပးလိုက္ေလသည္။

"ဆရာက Lectureစာ႐ြက္ေတြကိုမိတၱဴကူးၿပီးရင္ ဒီေန႔လည္အမွီျပန္အပ္လို႔ေျပာထားတယ္မွတ္လား။
အဲ့တာမင္းအရင္မိတၱဴေဆာင္ကိုသြားၿပီးမိတၱဴဆြဲထားႏွင့္...
ငါၿပီးရင္လိုက္လာခဲ့မယ္ ! "

ထိုစာ႐ြက္ေတြကိုအေၾကာင္းျပၿပီးသူ႕ကိုတမင္သက္သက္ပထုတ္ခ်င္ေနတာကိုသိေနတဲ့
မင္းစက္က မင္းခန္႔ထည္ရဲ႕လက္ကိုျပန္ပုတ္ထုတ္လိုက္ကာမခံမရပ္ႏိုင္ျဖစ္စြာ ရန္ေတြ႕လာခဲ့သည္။

"မင္းခန္႔! မင္းကပါ ငါ့ကိုဖယ္ထုတ္ခ်င္တာလား"

"မဟုတ္ပါဘူးကြာ။ ကူညီစမ္းပါ"

မင္းခန္႔ထည္ထိုသို႔ေခ်ာ့ေျပာလိုက္မွပဲ မင္းစက္က ေမသဒၵါဘက္လွည့္ကာႏွာတစ္ခ်က္မႈတ္လိုက္၍ ထိုေနရာမွေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ထထြက္သြားေတာ့ေလသည္။
မင္းစက္ထြက္သြားသည္ႏွင့္တၿပိဳင္နက္ေမသဒၵါက ထိုဝိုင္း၌ဝင္ထိုင္လာၿပီးစကားဆက္သည္။

"ျဖဴစင္ မေန႔ကသူ႕ကိုယ္သူ suicideလုပ္တယ္တဲ့။"

ေမသဒၵါစကားၾကားေတာ့မင္းခန္႔ထည္ကမ်က္လုံးပင့္ၾကည့္လာ႐ုံမွအပ ဘာတုံ႔ျပန္မႈမွမေပးခဲ့ေပ။

"နင္မသိဘူးလား??"

"အဲ့ေတာ့ သူမဘာျဖစ္သြားေသးလဲ"

မင္းခန္႔ထည္ကေသြးေအးစြာတုံ႔ျပန္လာတာေၾကာင့္ေမသဒၵါကလက္ခုပ္၂ခ်က္တီးလ်က္ေစာင္းခ်ိတ္လာခဲ့သည္။

"ေဝါင္း....မင္းခန္႔ထည္ နင္ကတကယ္ကိုႏွလုံးသားမ႐ွိတာပါလား။
suicide လုပ္တဲ့အေၾကာင္းသိတာေတာင္ နင္ဒီလိုမ်ိဳးတုံ႔ျပန္ႏိုင္တယ္ေနာ္ ။နင္ ငါ့သူငယ္ခ်င္းအေပၚဘယ္လိုစိတ္ထားခဲ့လဲနင္အသိဆုံး။ဒီလိုေတြျဖစ္ရတာ  နင္္႕အမွားလဲပါတယ္"

သူ႕အားေျပာလာခဲ့သမွ်စကားလုံးေတြတိုင္းကို မင္းခန္႔ထည္ကမွင္ေသေသမ်က္ႏွာထားနဲ႔ၿငိမ္၍သာနားေထာင္ေနၿပီး စကားတစ္ခြန္းမွ်ဝင္မေျပာလာခဲ့သလို စိတ္ဝင္စားတဲ့အရိပ္အေယာင္ဆိုတာလုံးဝဗလာနတၳိျဖစ္ေနတာေၾကာင့္ သူမေလးကတျဖည္းျဖည္းနဲ႔စိတ္မ႐ွည္ျဖစ္လာခဲ့ရသည္။

"နင္အခု ဒီလိုမ်ိဳးထိုင္ၿပီး ေရခဲတုံးႀကီးလုပ္ေနရမယ့္အခ်ိန္လား။
အခုပဲျဖစ္ျဖစ္ ျဖဴစင္ဆီနင္အေရာက္သြားသင့္တာမဟုတ္ဘူးလား။"

"ငါ့ေၾကာင့္ သူဒီလိုျဖစ္တာဆို သူမကငါ့ကိုေတြ႕ခ်င္မယ္တဲ့လား ? "

မင္းခန္႔ထည္ကထိုသို႔ခ်က္က်လက္ခ်ျပန္ေျပာလိုက္တဲ့အခါေမသဒၵါရဲ႕မ်က္ႏွာေလးကအျဖဴေရာင္ေလးကေနအနီေရာင္သို႔ေျပာင္းလာခဲ့ရသည္။

"နင္လမ္းခြဲလိုက္လို႔ ျဖဴစင္က suicideလုပ္သြားတာေလ အန္တီစႏၵာမွာ သားသမီးဆိုလို႔ျဖဴစင္တစ္ေယာက္ပဲ႐ွိတာ အန္တီ့ခမ်ာသနားပါတယ္။ေန႔ေန႔ညညငိုေန႐ွာတာ။အဲ့တာေတာင္ နင့္ကိုယ္နင္အျပစ္႐ွိတယ္လို႔မခံစားရေသးဘူးလား"

သူမရဲ႕စကားသံတို႔ကတစ္စထက္တစ္စျမင့္တက္က်ယ္ေလာင္လာတာေၾကာင့္ထိုဆိုင္ထဲ႐ွိ တခ်ိဳ႕ဝိုင္းကလူေတြကသူတို႔ဘက္ဆီသို႔စပ္စုတဲ့အၾကည့္ေတြနဲ႔လွမ္းၾကည့္လာၾကတဲ့အခါမင္းခန္႔ထည္က စားပြဲခုံကိုအသံျမည္ေအာင္တစ္ခ်က္႐ိုက္ခ်လိုက္ေပသည္။ထိုအခါေမသဒၵါကအသံတိတ္သြားၿပီး သူမရဲ႕ကိုယ္ေလးကသိမ့္ခနဲတုန္သြားရ၏။

မင္းခန္႔ထည္ကေရခဲစိုင္မ်က္ဝန္းေတြနဲ႔ဆိုင္ထဲသို႔တစ္ခ်က္ေဝွ႔ၾကည့္လိုက္ၿပီးေနာက္ သူ၏အၾကည့္ေတြကိုေမသဒၵါဘက္ေ႐ႊ႕လိုက္ကာမ်က္ေမွာင္ၾကဳတ္လ်က္ ေအးတိေအးစက္ေမးလာခဲ့သည္။

"မင္းကငါ့ကိုအခုဘာလုပ္ေစခ်င္ေနတာလဲ "

ေမသဒၵါကအသံခပ္တိုးတိုးျဖင့္ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီးေနာက္ သူမစိတ္ကိုၿငိမ္ၿငိမ္ထား၍မ်က္ႏွာေလးကိုတင္းလ်က္ျပန္ေျဖလာ၏။

"ငါ့သူငယ္ခ်င္းကိုသြားေတြ႕ၿပီးအရင္လိုျပန္ေကာင္းေအာင္လုပ္ေပး ။"

"ငါသူမကိုသြားေတြ႕မွာပါ အဲ့အတြက္ေတာ့မင္းစိတ္ပူေနစရာမလိုဘူး။ ငါ့အျပစ္လို႔မင္းေျပာတယ္ေနာ္။ေအး... အဲ့အျပစ္အတြက္ငါေကာင္းေကာင္းျပန္ဆပ္မွာပါ။
အခုေတာ့ ငါ့မ်က္စိေ႐ွ႕ကေနထြက္သြားေတာ့"

မင္းခန္႔ထည္ကႏွလုံးသားကင္းမဲ့ကာေဒါသႀကီးသေလာက္ အေခ်ႀကီးသည္။သူစိတ္႐ႈပ္လာၿပီဆိုလွ်င္ဘယ္သူ႕ကိုမွအားနာမေနဘဲစကားကိုတုတ္ထိုးအိုးေပါက္ေျပာတတ္တဲ့အက်င့္ကိုမသိတဲ့လူဆိုတာမ႐ွိသေလာက္႐ွားေလသည္။ေမသဒၵါလည္းထိုလူေတြထဲကတစ္ေယာက္ျဖစ္ကာ သူမေျပာခ်င္တဲ့စကားေတြအကုန္ေျပာၿပီးသည္ႏွင့္အခ်ိန္ဆြဲမေနေတာ့ပဲခ်က္ခ်င္းထြက္သြားေတာ့ေလသည္။

ေမသဒၵါထြက္သြားၿပီးေနာက္ သူ႕ရဲ႕စိတ္ထဲကိုျဖဴစင္ေသာ္ suicideလုပ္တဲ့အေၾကာင္းသာတစ္ခ်ိန္လုံးဝင္ေရာက္လာခဲ့တာေၾကာင့္ သူတစ္ဖန္စိတ္မတင္မက်ျဖစ္လာကာငိုင္က်သြားရျပန္ေလ၏။

'မာန္လည္းငါ့ေၾကာင့္ေပ်ာက္ကြယ္သြားတယ္ အခုတစ္ခါလည္းျဖဴစင္ေသာ္ကငါ့ေၾကာင့္ထိခိုက္သြားျပန္တယ္ ...
ကံၾကမၼာကငါ့ကိုအျပစ္သားတစ္ေယာက္လိုပဲေနသြားေစခ်င္တာလား?'

ထိုသို႔ေတြးရင္းသူတစ္ခ်က္ရယ္ခ်မိလိုက္သည္။ထိုရယ္သံေတြကေျခာက္ကပ္ေနၿပီးခံစားခ်က္မဲ့ေနကာ သနားစရာေကာင္းလြန္းေန၏။

အခ်ိန္တစ္ပတ္ေက်ာ္ၾကာေက်ာင္းပိတ္ရက္၂ရက္ေရာက္ေတာ့မွ ျဖဴစင္ေသာ္ေဆးကုသမႈခံယူေနတဲ့ေဆး႐ုံဆီသို႔သူထြက္လာခဲ့လိုက္သည္။သန္လ်င္ကေန ၿမိဳ႕ထဲသို႔၂နာရီေက်ာ္ၾကာကားစီးခဲ့ရကာ လမ္းတစ္ေလွ်ာက္လုံး စိတ္တို႔ကေလးလံထိုင္းမိႈင္းေနၿပီး သူ၏ႏွလုံးသားျမစ္ျပင္က်ယ္မွာေက်ာက္စရစ္ခဲတို႔ျဖင့္ျပည့္ၾကပ္ညပ္ေနခဲ့ရသည္။

သူမမ်က္ႏွာကိုသူဘယ္လိုၾကည့္ရမွာလဲ?

သူမကိုဘယ္ေလာက္ထိနာက်င္စရာေကာင္းတဲ့စကားေတြေျပာခဲ့လဲဆိုတာ သူအသိဆုံးေပ။

ထပ္မေတြ႕ဖို႔ဆုံးျဖတ္ထားတဲ့သူမနဲ႔ေတြ႕ဆုံဖို႔အတြက္ သူ႕စိတ္ထဲမွာအေတာ္အတန္ဝန္ေလးေနရ၏။

သူအေတြးေတြမ်ားေနရင္းနဲ႔ေနာက္ဆုံးေတာ့ေဆး႐ုံသို႔ေရာက္႐ွိလာခဲ့ရသည္။
ေဆး႐ုံထဲကိုဝင္လိုက္စဥ္ သူ၏ေျခလွမ္းမ်ားကအရင္ကထက္ေႏွးေကြးတုံ႔ဆိုင္းလို႔ေနကာသူ၏ႏွလုံးသားမွာလည္းအသက္႐ွဴရခက္ေအာင္မြန္းၾကပ္ဆို႔နင္လာရသည္။ေသြးေၾကာေတြထဲမွာစီးဆင္းေနတဲ့ေသြးရည္ၾကည္တို႔ကအတက္အက်မမွန္တာေၾကာင့္သူ၏လက္ဖ်ားထက္မွာေခြၽးေစးေလးေတြကေအးစက္စြာေဝ့သီလာရသည္။

မင္းခန္႔ထည္ Receptionကသူနာျပဳဆရာမေလးအား ျဖဴစင္ေသာ္႐ွိေနတဲ့အခန္းနံပါတ္အားေမးလိုက္ၿပီးေနာက္ ၃လႊာ႐ွိစႀကႍလမ္းေလးအတိုင္းသူေလွ်ာက္လာလိုက္သည္။
စႀကႍလမ္းအဆုံး႐ွိထိုင္ခုံေလးတြင္အမ်ိဳးသမီးတစ္ဦးထိုင္ေနတာကိုေတြ႕လိုက္ရတဲ့အခါ မင္းခန္႔ထည္က ထိုအမ်ိဳးသမီးဆီသို႔ေလွ်ာက္သြားလိုက္ၿပီး ယဥ္ေက်းစြာေမးလိုက္ေတာ့သည္။

"အန္တီ အခန္း405 ကဘယ္နားမွာလဲ သိလားခမ်"

သူ႕အသံၾကားေတာ့ထိုအမ်ိဳးသမီးကသူ႕အားေမာ့ၾကည့္လာခဲ့သည္။ထိုအမ်ိဳးသမီးရဲ႕မ်က္ဝန္းေလးမ်ားကနီရဲေနၿပီးငိုထားတဲ့ပုံစံေပါက္ေနတာေၾကာင့္ သူေမးလိုက္မိသည္ကိုအားနာသြားရကာ အားတုံ႔အားနာျဖစ္စြာျပဳံးျပလိုက္သည္။

ထို႔ေနာက္တျခားလူတစ္ေယာက္ကိုပဲေမးဖို႔ထြက္သြားမည္အျပဳ ထိုအမ်ိဳးသမီးဆီကေနေမးသံတစ္သံကိုၾကားလိုက္ရေလသည္။

"သားကအန္တီ့သမီးရဲ႕သူငယ္ခ်င္းလား"

သူမွင္သက္စြာလွည့္ၾကည့္လိုက္ေတာ့ထိုအမ်ိဳးသမီးကသူမ၏အငိုမ်က္လုံးမ်ားအားလွ်ပ္တစ္ျပက္အျပဳံးျဖင့္ဖုံးကာထားလိုက္ၿပီျဖစ္သည္။

"အန္တီ့သမီးက ျဖဴစင္ေသာ္လား"

"အင္းဟုတ္တယ္ေလ။
သားက လူနာသတင္းလာေမးတာမွတ္လား"

"ဟုတ္...ဟုတ္ပါတယ္ အန္တီ"

တဒဂၤအတြင္းသူ၏လည္ေခ်ာင္း၌တစ္စုံတစ္ခုကကန္႔လန္႔ခံေနသလိုခံစားလိုက္ရၿပီး အသံတို႔ကေျခာက္ကပ္ထစ္အလာခဲ့သည္။

'ဒီအန္တီက ေမသဒၵါေျပာတဲ့အန္တီစႏၵာေပါ့'

"လာခဲ့ေလ အန္တီနဲ႔လိုက္ခဲ့ "

အမ်ိဳးသမီးကထိုင္ေနရာကေနထရပ္လိုက္ကာေ႐ွ႕သို႔ေလွ်ာက္သြားေနရင္းကေနေနာက္သို႔ငဲ့ၾကည့္ရင္းဆိုလာခဲ့ေလေသာ္ မင္းခန္႔ထည္ကလည္းေခါင္းေလးၿငိမ့္ျပကာလက္ခံလိုက္ၿပီး သူမေနာက္ကေနလိုက္သြားခဲ့ေလသည္။

စႀကႍလမ္း၂လမ္းကိုေက်ာ္ၿပီးေနာက္အခန္းတစ္ခုေ႐ွ႕တြင္အမ်ိဳးသမီးကရပ္လိုက္ကာအခန္းတံခါးကိုဆြဲဖြင့္လိုက္ၿပီး သူ႕အားအျပဳံးေလးနဲ႔ဆိုလာခဲ့သည္။

"ဝင္လာခဲ့ေလ သား"

"ဟုတ္ကဲ့"

မ်က္စိေ႐ွ႕႐ွိထိုအခန္းက သူနဲ႔ေျခလွမ္း၃လွမ္းအကြာမွ်သာ႐ွိေသာ္လည္းမိုင္၁၀၀ေက်ာ္ေလာက္ေဝးေနသလိုပင္။

သူအခန္းထဲကိုစိတ္တင္းတင္းထား၍ဝင္လိုက္ေတာ့ ခုတင္ေပၚတြင္ျဖဴဖပ္ျဖဴေလ်ာ္နဲ႔သတိေမ့ေျမာေနေသာျဖဴစင္ေသာ္ကိုေတြ႕လိုက္ရသည္။

သူမကိုေအာက္စီဂ်င္ေပးထားရကာ သတိျပန္မလည္လာေသးတာတစ္ပတ္႐ွိၿပီျဖစ္ေၾကာင္းသိလိုက္ရေလေသာ္ သူ႕ရဲ႕ေျခေထာက္ေတြကအနည္းငယ္နိမ့္က်သြားခဲ့ရေလသည္။

"သားသူငယ္ခ်င္းကနဂိုကတည္း စိတ္ေရာဂါအခံ႐ွိလို႔ဒီေလာက္အထိျဖစ္သြားရတာေလ။ဒီကေလးကသိပ္ၿပီးထိ႐ွလြယ္တဲ့ဟာ ..."

"ျဖဴက စိတ္ေရာဂါအခံ႐ွိတာလား ? "

"အင္း အန္တီကိုယ္တိုင္စိတ္က်န္းမာေရးေဆး႐ုံကေနသြားျပန္ေခၚလာခဲ့တာ..."

ထိုစကားကမင္းခန္႔ထည္ကိုပါးစပ္အေဟာင္းသားျဖစ္တဲ့အထိဆြံ႕အသြားေစခဲ့သည္။

"ဒါဆို ဘာလို႔ ျဖဴက ... "

"ဘာလို႔အန္တီ့သမီးကအ႐ူးေတြ႐ွိရမယ္္႕ေနရာမွာ႐ွိမေနဘဲ သားတို႔နဲ႔အတူတူထားထားတဲ့အေၾကာင္းျပခ်က္ကိုေမးခ်င္တာလား ? "

"မဟုတ္ .. "

သူေခါင္းခါျပကာျငင္းဆန္မယ္ၾကံ႐ုံ႐ွိေသးေဒၚစႏၵာေသာ္က ေဖ်ာ့ေတာ့စြာျပဳံးလိုက္၍သူမသမီးနားသို႔သြားကာ ျဖဴစင္ေသာ္ရဲ႕ဆံပင္ေလးေတြကို ျငင္သာဖြ႐ြစြာသပ္ေပးေနရင္း ဝမ္းနည္းနာက်င္ေနရတဲ့ခံစားခ်က္တို႔နဲ႔အတူတိမ္ဝင္တိုးဖ်စြာဆက္ေျပာလာခဲ့သည္။

"အန္တီ့သမီးေလးက အ႐ူးတစ္ေယာက္မဟုတ္ပါဘူးကြယ္။သူ႕စိတ္ထဲမွာထင္ေယာင္ထင္မွားျဖစ္ေနရတဲ့အေတြးေတြပဲ႐ွိေနခဲ့တာပါ... အဲ့တာကပဲေရာဂါတစ္ခုလိုျဖစ္ေနခဲ့တာေပါ့ ... "

တစ္ဦးတည္းေသာသမီးေလးအေပၚထား႐ွိတဲ့မိခင္တစ္ေယာက္ရဲ႕ခမ္းနားတဲ့ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးေတြဟာဆိုရင္ အနႏၲနက္႐ိႈင္းစြာေသာသမုဒယေသာကပင္လယ္ထဲမွာ စုန္းစုန္းနစ္ျမဳပ္ေနခဲ့ရေၾကာင္း သူမရဲ႕မ်က္ဝန္းေတြထဲမွာဝဲတက္လာရတဲ့မ်က္ရည္စေလးေတြကအဆုံးမဲ့သက္ေသထူေနခဲ့သည္။

မိခင္တစ္ေယာက္ရဲ႕ထိုမ်က္ရည္စက္ေတြနဲ႔ေရာပါေနတဲ့နာက်င္မႈေတြကိုထင္႐ွားျပတ္သားစြာျမင္ေနရတဲ့ ကမ႓ာေပၚ႐ွိဘယ္လူသားကမ်ား ႏွလုံးသားမ႐ွိစြာေတာင့္ခံထားႏိုင္ပါအံ့။

ေဒၚစႏၵာေသာ္ရဲ႕ထိုနာက်င္မႈေတြကသူ႕ရဲ႕အေသြးအသားေတြဆီသို႔တိုင္ေအာင္ကူးစက္လာေစခဲ့ကာ သူ၏ႏွာေခါင္း႐ိုးတစ္ေလွ်ာက္မွာတမဟုတ္ခ်င္းတင္းၾကပ္လာခဲ့ရသည္။

"က်ေနာ္ ေစာေစာလာမၾကည့္ျဖစ္လို႔ေတာင္းပန္ပါတယ္။တကယ္လို႔ေဆး႐ုံေစာင့္ဖို႔လူလိုရင္လဲက်ေနာ္႕ကိုေျပာပါ။
က်ေနာ္ အတတ္ႏိုင္ဆုံးကူညီေပးပါ့မယ္ အန္တီ"

ထိုအခါ သူမကၾကည္လင္စြာျပဳံးျပလာခဲ့ၿပီးေက်းဇူးတင္စကားကိုခပ္ဖြဖြေရ႐ြတ္လာခဲ့သည္။

"အခုလို လာၾကည့္ေပးတာပဲေက်းဇူးတင္ပါတယ္သားရယ္။
ဒါနဲ႔ သားကအန္တီ့သမီးေမဂ်ာကပဲလား"

"မဟုတ္ဘူးဗ်။ က်ေနာ္က MCကပါ"

MCကဆိုတဲ့စကားကိုၾကားတာနဲ႔ ေဒၚစႏၵာေသာ္ရဲ႕မ်က္ဝန္းတို႔ကအေရာင္လက္သြားၿပီးမ်က္ဝန္းအနားသတ္တို႔ကက်ယ္ဟလာကာ မင္းခန္႔ထည္အား ပင့္႐ိႈက္သံတို႔နဲ႔အေလာတႀကီးေမးလာခဲ့သည္။

"ဒါဆို သားတို႔ေမဂ်ာက မင္းခန္႔ထည္ဆိုတဲ့ေကာင္ေလးကိုသိလား"

ဂလု!

ထိုေမးခြန္းကိုၾကားေတာ့မင္းခန္႔ထည္ကတံေတြးတစ္ခ်က္ၿမိဳခ်လိုက္ကာ သူ႕ရဲ႕ခါး႐ိုးတို႔ကခ်က္ခ်င္းေျဖာင့္မတ္သြားရသည္။လည္ပင္းကေပါက္ထြက္ေတာ့မတတ္ၾကမ္း႐ွေျခာက္ကပ္လာၿပီးေနာက္ ႏွဖူးျပင္ထက္မွာပါေခြၽးစက္တို႔ကခိုသီလာကာ သူထိုေမးခြန္းကိုျပန္ေျဖဖို႔အတြက္ေျခတုံခ်တုံျဖစ္ေနမိ၏။

တကယ္လို႔ သူမုသားသုံးၿပီးေ႐ွာင္ေျပးလိုက္မယ္ဆိုရင္ ခနတာေတာ့စိတ္သက္သာရလိမ့္ေပမယ့္ အၿမဲတမ္းေတာ့ ဒီအျပစ္ေတြကိုသူေ႐ွာင္ေျပးေနႏိုင္မွာမဟုတ္ေပ။

သူက အျပစ္မဲ့တဲ့မိခင္တစ္ေယာက္အေပၚေသာကအပူမီးေတြထြန္းညႇိေပးခဲ့မိတဲ့အျပစ္သားတစ္ေယာက္ျဖစ္ေနတာေၾကာင့္ သူဘယ္လိုစိတ္နဲ႔မ်ားလိမ္လည္ရက္ပါ့မလဲ ?

အမွန္တရားဆိုတာခါးသီးေပမယ့္လိမ္ညာလွည့္ျဖားျခင္းထက္စာရင္ေတာ့ သူ၏လိပ္ျပာကိုပိုလုံေစေပသည္ .....

မင္းခန္႔ထည္က ေအးစက္ေနတဲ့သူ႕ရဲ႕လက္ေတြကိုအေ႐ွ႕၌ယွက္ကိုင္ထားလ်က္ သူ၏ႏႈတ္ခမ္းေထာင့္စြန္းတို႔ကိုတည္ၿငိမ္စြာတြန္႔ခ်ိဳးလိုက္ရင္း ေဒၚစႏၵာေသာ္ရဲ႕မ်က္ဝန္းေတြဆီသို႔ မုသားကင္းတဲ့အၾကည့္တို႔နဲ႔ေလးနက္စြာ႐ႈၾကည့္လိုက္ကာဆိုသည္။

"မင္းခန္႔ထည္ဆိုတာက တကယ္ေတာ့ က်ေနာ္ပါအန္တီ"

သူ႕ရဲ႕ထိုစကားသံတို႔ကို ၾကားလိုက္ရၿပီးသကာလအမ်ိဳးသမီးရဲ႕မ်က္ႏွာထက္႐ွိအျပဳံးတို႔ဟာဆိုရင္ ပိန္းၾကာ႐ြက္ေပၚတင္မက်န္ႏိုင္တဲ့မိုးေပါက္ေလးေတြပမာ အကုန္အစင္ေပ်ာက္ကြယ္သြားေတာ့ေပသည္။

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading. 💗

••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

49.2K 5.7K 40
ရင်ခုန်သူထံ တိမ်းညွှတ်ခြင်း
63.6K 4.2K 51
သူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...
191K 16.7K 37
ဆိုင်းခေတ်သွင် × ဝိုင်းဝသာန် ဆိုင္းေခတ္သြင္ × ဝိုင္းဝသာန္
40.1K 3.3K 23
A love story between the Seaman and teenage boy -ministory-