ေကာင္းကင္ျပာ၏ေတာက္ပခဲ့ေသာ အတိတ္ရဲ႕ ေန႔ရက္မ်ား
အပိုင္း(9)
************************************
'ကဲ ..ေနာက္တစ္ပြဲပဲ မေမသီေရ ...ကြၽန္ေတာ္တို႔လည္း
ပိုက္ဆံ အေျခအေနက သိပ္မေကာင္းေတာ့ဘူး.."
"ဟုတ္ပါၿပီ ...အခုမွ နွစ္ပြဲပဲရွိေသးတာကို ဘယ္လိုေတြ ျဖစ္ေနရတာလဲ ကိုေဇာ္ခိုင္ရယ္ .."
"နွစ္ပြဲလည္း ေရက ပ်က္ေတာ့ ျပန္အံုးမယ္.."
ပြဲလမ္းသဘင္မဟုတ္ပါပဲ အစုအေဝးက တိုင္းရဲ႕ အိမ္မွာတဲ့လား။ စိတ္ညစ္စြာပဲ စီးကရက္ကို တစ္လိပ္ၿပီး တလိပ္ ယူေသာက္ေနမိေတာ့တယ္။
"ဟဲ့ ...."
အိမ္ေပၚမတက္ပဲ ေလွကားေျခရင္းမွာ ထိုင္ေနတဲ အတိုင္းကို ျမင္ေတာ့ ေမေမက ဆိုတယ္။
"ထမင္းခ်က္ထားတယ္ ..."
"မစားခ်င္ဘူး .. ပိုက္ဆံနည္းနည္းေပး..."
တိုင္းဟာ အခုဆို အသက္ 22နွစ္ျပည့္ဖို႔ 7ရက္ေလာက္သာ လိုေတာ့တဲ့ အခ်ိန္မွ ေမေမ့ဆီက ပိုက္ဆံကို လက္ျဖန္႔ေတာင္းဆဲပင္။ တိုင္း ေျပာင္းလဲသြားတာေပါ့၊ အိမ္ေျပာင္းၿပီးတဲ့ ေနာက္ပိုင္းမွာ တိုင္း အေဝးသင္ပဲ တက္ကာ ဘြဲ႕ယူခဲ့တယ္။ အေျခအေနကေတာ့ အခုထိ ေယာင္ဝါးဝါးနဲ႔ လမ္းေပ်ာက္ေနေလၿပီ။ ဘာဆက္လုပ္ရမယ္ လည္း မသိ၊ တိုင္းဟာ ခမ္းေျခာက္ေနတဲ့ ျမစ္ႀကီး သဖြယ္။
"နင္ အိမ္လည္း ျပန္မလာဘူး ဘယ္ေတြမွာ ေနေနတာလဲ.."
"အဲ့ဒါ အေမ့ကိစၥမဟုတ္ပါဘူး ...သြားၿပီ.."
ဂ်င္းေဘာင္းဘီ တိုကပ္ကပ္ေလးနွင့္ ဂ်ာကင္အက်ီ ၤကို ဝတ္ထားၿပီး လည္သာ ဖိနပ္အရွည္စီးထားေသာ တ္ုိင္းရဲ႕ ပံုစံက လံုးဝ မိန္းမဆိုးေလး တစ္ေယာက္အလား။ သူမရဲ႕ ဂုတ္ေပၚ ဝဲေနေသာ ဆံနြယ္မ်ားနွင့္ မ်က္နွာ တစ္ျခမ္းထဲကို ပဲ ဖံုးကာ ခ်ထားေသာ ဆံနြယ္ေတြ၊ ၿပီးေတာ့ စူးရွရွ မ်က္ဝန္းေတြက ေၾကာက္ဖို႔ ေကာင္းေၾကာင္း ေဖာ္ျပေနသေယာင္ေယာင္။
"တတ္ေစရွင္..."
ကားတံခါးကို အတြင္းထဲက လွမ္းဖြင့္လိုက္ေသာ ေမသစၥာရွင္။
"ေမ ....ငါ ကလပ္သြားခ်င္တယ္."
"အိုေကေလ..."
ၿပိဳင္ကားေလးက အိမ္ရဲ႕ အေရွ႕ကေန တရွိန္ထိုးေမာင္းထြက္သြားခဲ့သည္။
🌷🌷🌷
ေရာက္ခဲ့ျပန္ၿပီေနာ္။ မမသု အလုပ္လုပ္တဲ့ Hotel ကို တိုင္းနဲ႔ ေမ နွစ္ေယာက္ ဝင္လာခဲ့ေတာ့ receptionမွာ မ မဟုတ္ပဲ တျခား ေကာင္မေလးေတြသာ ေတြ႕ရသည္။
"အခန္းက ..?"
Reception မွာထိုင္ေနတဲ့ မိန္းကေလးက တိုင္းကို ေမးတယ္။ တိုင္း ျပန္မေျဖပဲ တခ်ိန္က မ ကို ဒီေနရာ အထိ လာစခဲ့ဖူးတာ မွတ္မိေသးတယ္။ အတိတ္ရဲ႕ပံုရိပ္ေတြက လူကို အၿမဲနာက်င္ရတယ္ ၊ ဘာလို႔ ေမက ဒီ Hotelကိုမွ ေ႐ြးရတာလဲ ဆိုၿပီးေမ့ကုိ အျပစ္တင္မိတယ္။
"နွစ္ေယာက္ခန္း ညီမေလး ..."
ေမက ပိုက္ဆံရွင္းကာ ေသာ့တြဲကို ယူလိုက္ၿပီး တိုင္းရဲ႕ လက္ေတြကို လာတြဲခ်ိတ္တယ္။ ၿပီးေတာ့ ညိဳ႕ငင္အားျပင္းေနေ သာမ်က္ဝန္း တခ်ိဳ႕နွင့္ စိုက္ၾကည့္ေတာ့ တိုင္း ခပ္ဖြဖြ ရယ္လိုက္မိတယ္။
"ေမ.....လုပ္ျပမေနနဲ႔ ..အပိုပဲ ငါ နင့္ကို ရင္မခုန္ဘူး.."
ေမက တိုင္းကို သေဘာက်တယ္လို႔ေျပာတယ္၊ တိုင္းက လည္း သူ႔ကို သေဘာက်တယ္၊ ကိုယ္လိုအပ္ေနတဲ့ အခ်ိန္မွာ ကိုယ့္ကို ျဖည့္စီးေပးတဲ့ သူကို တိုင္း ဆက္ၿပီး ပတ္သတ္သင့္တယ္မဟုတ္လား။
အခန္းက အိပ္ယာတစ္ခုစီ၊ ဒါေပမယ့္ ေမက အိပ္ေပ်ာ္ေနတဲ့တိုင္းရဲ႕ အိပ္ယာဆီလာကာ လက္ေမာင္းေပၚကို သူ႔ ေခါင္း အတင္း တင္ကာ တိုင္း ကို ဖက္ထားတယ္။
"မဖက္နဲ႔ ...အသက္ရွဴက်ပ္တယ္.."
ေမနဲ႔ ပတ္သတ္ၿပီး တိုင္းဘက္က ဘာခံစားခ်က္မွ မရွိသလို၊ သူ႔ဘက္ကလည္း ဘာခံစားခ်က္မွ ရွိမေနေစခ်င္ဘူး။ ဒါဆ္ုိ သူ နာက်င္မွာ မဟုတ္ဘူးေလ။ေမက တဖက္လွည့္လိုက္ေသာ တိုင္း ရဲ႕ ေက်ာျပင္မွာ ဘာမွန္း မသိေသာ စာေတြေရးေနသလို လက္ျဖင့္ ပြတ္သတ္တယ္။ၿပီးေတာ့ ခပ္တိုးတိုးေျပာတယ္။
"နင္ ...အလုပ္ မလုပ္ဘူးလား တိုင္း.."
တိုင္းရဲ႕ အေျဖက အရင္တခါတုန္းကလိုပဲ တိတ္ဆိတ္ျခင္းသာ။ မ ဆီက ဥပကၡာေတြ ရလိုက္ၿပီးေနာက္ တိုင္းဟာ တျခားကမၻာက လူတစ္ေယာက္ျဖစ္ခဲ့တယ္၊ စကားကို လိုတာထက္ပိုမေျပာတတ္ေတာ့သလို အရင္ကလို ပြင့္လင္းျခင္းဆိုတာလည္း မရွိေတာ့ၿပီ။
"ငါ ေမးေနတယ္ ေျဖေလဟာ..."
ေမက စိတ္မရွည္စြာပဲ တိုင္းရဲ႕ ေနာက္ေက်ာကို ခဖြဖြ ရိုက္သည္။
"လုပ္မွာ မေသခ်ာဘူး...."
တိုင္းရဲ႕ ဘဝ က မမသုရဲ႕ စြန္႔ပစ္ျခင္းေတြ ေအာက္မွာ မေသခ်ာမေရရာခဲ့။ ဘယ္ေတာ့မွ လဲ ေရွ႕ဆက္ေလ်ာက္မယ့္လမ္းကို အားအင္ဆိုတာ ရွိေတာ့မည္ မဟုတ္ခဲ့။
"နင္ .....ဟိုမမကို ..."
"ေတာ္ဟာ မေျပာနဲ႔ေတာ့ နားၿငီးၿပီ ... သြားေတာ့..."
ေမရဲ႕ အတင္းတြယ္ကပ္ျခင္းေတြကို မုန္းတယ္၊ ကိုယ့္ဘက္က ဘာအခ်စ္မွ မေပးနိုင္ဘဲ ေပၚပင္ဂရုစိုက္မႈေတြေၾကာင့္ သာယာခဲ့တဲ့ တိုင္းလို ဘဝ မ်ိဳး ေမသစၥာဆိုတဲ့ မိန္းကေလးကို မျဖစ္ေစခ်င္တာအမွန္။
ေမက သူ႔အိပ္ယာေပၚ ေစာင့္ေအာင့္ သြားကာ
တိုင္းကို ပြစိပြစိ ေျပာၿပီး အိပ္ေပ်ာ္သြားပံုပါပဲ။ တိုင္းကေတာ့ မ ကို လြမ္းဆြတ္မႈေတြနဲ႔ ဒီညလည္း ငိုရအံုးမည္ ထင္ပါတယ္။
🍷
"ေမေမ ...ဒီနွစ္သႀကၤန္က် အန္ကယ္ထြန္းကေျပာတယ္
တရားစခန္းဝင္မလို႔တဲ့ ...ေမေမေရာ မဝင္ေတာ့ဘူးလား.."
"ေမေမက ဝင္မွာ...သမီးကိုသာ ေျပာရမွာ ဝင္မွာလား ဒီနွစ္.."
သု စဥ္းစားေနမိတာက အသက္ 30နားကပ္ေနၿပီ ျဖစ္တဲ့ မိမိက တရားအားထုတ္ရန္ ဘာလို႔မ်ား ပ်င္းေနမိပါသလဲဆိုတာကိုပင္။
"သမီးကေတာ့ မေသခ်ာေသးဘူး အေမေရ႕ ..."
သု အက်ီ ၤေတြကို မီးပူတိုက္ေနရင္းမွ လြန္ခဲ့ေသာ နွစ္ေတြတုန္းက ကေလးမေလး တစ္ေယာက္ကိုသတိရမိလိုက္တယ္။
သူက ေရာ အခုအခ်ိန္ဆိုဘာေတြမ်ားလုပ္ေနၿပီလဲ၊ ေနနိုင္လိုက္တာ ဆိုရင္ သု ဆီ ဖုန္းမဆက္ခဲ့ပါ၊သု ဘက္က ဆက္သြယ္ေတာ့လည္း ဖုန္းနံပတ္ေတြ ေျပာင္းသြားခဲ့ၿပီ။
"ေမသီတို႔ သားအမိေတြေရာ အဆင္ေျပရဲ႕လား မသိဘူး
မေတြ႕ရတာေတာင္ ၾကာၿပီေနာ္..."
"ဟုတ္ပါ့..."
သု ၿပံဳးၿပံဳးေလး အေမ့ကို ျပန္ေျဖလိုက္ေပမယ့္ စိတ္ထဲကေတာ့ ၿပံဳးမေနပါ။ ကိုယ့္ကိုကို လိမ္ရင္း လံုးပါးပါးလာတာ ၉တိထားမိတယ္၊ မလိမ္ေတာ့ေရာ သု က တိုင္းကို လြမ္းေနပါတယ္လို႔ လူတကာကို ဖြင့္ျပဖို႔ေတာင္ သုမွာ သတၲိဆိုတာ မရွိခဲ့ျပန္ဘူး။
"ေမေမ ၿပီးက် ..ဗီဒိုထဲ ထည့္လိုက္ေနာ္ သမီး လမ္းထိပ္ ခဏသြားအံုးမယ္.."
သုရဲ႕ ေျခလွမ္းေတြက လမ္းထိပ္က ဝက္သားဒုတ္ထိုးေရာင္းတဲ့ ဦးေလးႀကီးဆီ။ တစ္ေယာက္ေသာ သ္ိမလား ေတာ့ မသိဘူး သု ဟာေလ ဒီဆိုင္ေလးမွာ မၾကာမၾကာလာၿပီး ဝက္သားဒုတ္ထိုးေတြ အမ်ားႀကီး စားမိတယ္။ ၿပီးေတာ့ ေရာင္းတဲ့ ဦးေလးႀကီးကို တိုင္းက ဘယ္ေလာက္ အနိုင္က်င့္၊ စေနာက္ေၾကာင္း ေျပာျပၿပီး ရီရတာလည္း လာတိုင္းပါပဲ။ ဒါေပမယ့္ 1နွစ္ေလာက္ ရွိၿပီ မေရာက္ျဖစ္ေသာ ထိုဆိုင္ေလးဆီ သု သြားလိုက္ေတာ့ ထိုေနရာမွာက ဘာဆိုင္မွ မရွိေတာ့ပါ။
"ေအာ္ ....မေရာင္းေတာ့တာလား.."
သု ဒီအတိုင္းပဲ အိမ္ျပန္ဖို႔ စဥ္းစားလိုက္တယ္၊ ဘာေၾကာင့္ သူနဲ႔ ပတ္သတ္တဲ့ အမွတ္တရတိုင္းက သု႔ကို နာက်င္ေစရတာလဲ၊ သု ကိုယ္ကိုကိုယ္ မုန္းေနမိၿပီ။
"ဟဲလို ..."
လာေနၾက မရိုးေတာ့ေသာ ဖုန္းနံပတ္က ကိုဘုန္းရွိန္ဝါ ဆီက
အဝင္ Callမ်ား၊ တခါတေလ သူရဲ႕ callေတြကို ဥေပကၡာျပဳမိလို႔ အားနာရျပန္တယ္။
"သု ...ဘယ္မွာလဲ ...ကိုယ္လာေခၚမယ္.."
"အိမ္ေရွ႕မွာ လမ္းေလ်ာက္ေနတာ လာခဲ့ေလ.."
သု က အလုပ္ပိတ္ရက္ဆိုေတာ့ ဘာမွ ေထြေထြထူးထူး အလုပ္မရွိပါ။ သု ပထမဦးဆံုးအလုပ္က ဦးဘုန္းရွိန္ဝါရဲ႕ Hotelက အလုပ္ထြက္ခဲ့တယ္။ သု ဝါသနာပါတဲ့ စီးပြားေရူကို လုပ္ဖို႔ ၿမိဳ႕ထဲမွာပဲ ပန္းအေရာင္းျပခန္းဖြင့္ထားခဲ့တယ္။ သု ရဲ႕ လုပ္ငန္းက ေအာင္ျမင္လား ေတာ့ မေျပာတတ္ေပမယ့္
customer မပ်က္ေတာ့ ရွိတတ္တဲ့ 'Density"ဆိုတဲ့ ဆိုင္ေလးကေတာ့ အခုထိ ထိုလမ္းထိုေနရာမွာ လူသိမ်ားၿပီး တည္ရွိေလၿပီ။
"တက္ ...သု ..."
ကားရပ္လိုက္ၿပီး သု႔ကို ဇြတ္တတ္ခိုင္းေသာ ထိုလူႀကီးကလည္း သူငယ္မ်ား ျပန္ေနသလားဟု သု ေတြးမိလိုက္တယ္။
"ဘယ္လဲ..."
နွစ္ေယာက္လံုး အလုပ္ကိုသာ အာရံုစိုက္ေနသည္မို႔ ခ်ိန္းေတြ႕တယ္ဆိုတာ တခါတရံ မွပင္။ အခုအခ်ိန္ထိ သုကလည္း ကိုဘုန္းရွိန္ဝါကို ခ်စ္သူ ဆိုတဲ့ အမည္သာ ခံသာ ခ်စ္သူတို႔လို ျပဳမႈေနထိုင္ျခင္းေတြ မဟုတ္ခဲ့။ အခ်ိန္မွန္ အတူ ထမင္းစားျဖစ္တာ၊ ဘုရားသြားျဖစ္တာ ေလာက္သာရွိခဲ့တယ္။ ေမေမကေတာ့ ေျပာတယ္ ..ဘယ္ေတာ့ လက္ထပ္မွာလဲတဲ့၊ သု မေတြးထားဘူး ထိုကိစၥက သု ဘဝ တစ္ေလ်ာက္လံုးမွာ လံုးဝ မျဖစ္လာနိုင္တာလည္း ျဖစ္ခ်င္ျဖစ္မယ္။
"တစ္ခုခု သြားစားမယ္ေလ ...ဗိုက္ဆာေနတာမဟုတ္လား"
ကိုဘုန္းဟာ သုရဲ႕ အလိုေတြကို ႀကိဳသိေနေလာက္ေအာင္ ၿပီးျပည့္စံုတဲ့ ေယာက်ၤားေကာင္း တစ္ေယာက္ ျဖစ္ေပမယ့္ သု ရင္ထဲမွာ 'တိုင္း'ဆိုတာေလးက အခ်ိန္တိုင္းစိုးမိုးေနခဲ့ၿပီ။
"အင္း.."
သုလည္း ကားေပၚတတ္လိုက္ေတာ့ ကားေလးက အနီးအနားမွာရွိတဲ့ စားေသာက္ဆိုင္ တစ္ခုကိုေမာင္းသြားခဲ့သည္။
"ေနေန ...သုရွင္းမယ္.."
အတြဲေတြဆိုတာ တစ္ေယာက္တလွည့္ Bill ရွင္းရသည္ဟု ၾကားဖူးတယ္၊ အၿမဲတမ္း ကိုဘုန္းရွိန္ဝါက ရွင္းေပးရေတာ့ သု အားနာမိတယ္။ ထို႔ေၾကာင့္ပဲ creditကဒ္ကို ထုတ္ကာ ေပးလိုက္ေတာ့ ကိုဘုန္းက တားတယ္။
"မဟုတ္ဘူးေလကြာ ကိုယ္ရွင္းေပးမယ္..."
"ရပါတယ္ ...ဒီတစ္ခါ သု ဝယ္ေကြၽးတယ္ပဲ ထားလိုက္ေပါ့.."
"မရပါဘူူ သု ..ကိုယ္ရွင္းမယ္..."
"ဒီေန႔ ရွင္တို႔ နွစ္ေယာက္ၿပီးအံုးမွာလား.."
Counterမွာ ထိုင္ေနတဲ့ mask တပ္ထားေသာ ဝန္ထမ္းမေလးက ေျပာတယ္။ ေနာက္ဆံုးမွာေတာ့ သု ကပဲ မရမက ထို billကို လုရွင္းခဲ့ရပါေတာ့တယ္၊ မိန္းကေလးဆိုတာ အၿမဲအားနြဲ႕လို႔ billကိုလည္း ေယာက်ၤားေလး ဘက္က ရွင္းေပးရမယ္ဆိုတာ သု မလိုလားေသာ ျဖစ္ရပ္ပင္။
ကားေပၚတက္ရန္ ျပင္လိုက္မွ ..သုတို႔ကားကို ပိတ္ရပ္ထားေသာ ၿပိဳင္ကား အနက္ေရာင္ေလးေၾကာင့္ ကိုဘုန္းက တတြတ္တြတ္ေျပာေနေလသည္။
"ဘယ္သူ႔ကားလဲ .မသိဘူးကြာ လမ္းႀကီးကိုမွ ပိတ္ရပ္ထားတာ ယာဥ္စည္းကမ္းနားမလည္ဘူးလား တခါတည္း တိုင္လိုက္မွ ..."
"ေနပါအံုး ....ဟိုကေလးမေတြရဲ႕ ကား..ေနမယ္ ကိုဘုန္း.."
ဆိုင္ထဲက ထြက္လာတဲ့ ခပ္ေဟာ့ေဟာ့ မိန္းကေလးနွစ္ေယာက္ကို သု ေသခ်ာၾကည့္လိုက္ခ်ိန္မွာေတာ့ ေရွာင္ပုန္းေနခဲ့သူ အတိုင္းတာကို ေတြ႕ခဲ့ရၿပီ။ ရွည္လာလိုက္တဲ့ အရပ္ႀကီးရယ္၊ အ႐ြယ္ေရာက္လာလို႔ ေနမယ္ တင္းမာေနေသာ မ်က္နွာထားက ႀကီးစိုးေနေလၿပီ။ တိုင္းက သုကို ျမင္ရဲ႕သားနဲ႔ မနႈတ္ဆက္ခဲ့ပါ။သု ဘက္ကေရာ နႈတ္ဆက္ျဖစ္လားဆိုေတာ့ မနႈတ္ဆက္ခဲ့၊ လြမ္းလိုက္တာ တိုင္းရယ္ ေျပာခြင့္ မရွိေသာ အေျခအေနမွာ မဟုတ္လား၊ ဒီတိုင္းပဲ ထိုကားေလး ထြက္သြားတာကို သု ေငးၾကည့္ရင္း က်န္ေနခဲ့တယ္။တို႔ေတြ ဆံုခဲ့တာေတာင္ သူစိမ္းဆန္သြားၾကၿပီေနာ္လို႔ သု ေတြးကာ သက္ျပင္းဖြဖြေလးခ်မိတယ္။
"ေနာက္ထက္ ဘယ္သြားခ်င္ေသးလဲ .."
"ဟင့္အင္း အိမ္ျပန္မယ္. ."
သု ဘာေၾကာင့္ရယ္ မသိ၊ အလိုမက်ျခင္းမ်ားစြာနဲ႔ စိတ္တိုေနခဲ့ေတာ့သည္။ သုရဲ႕ အိမ္ျပန္လမ္းဟာ အေတြးတခ်ိဳ႕နွင့္....
🤞🤞
"မမသု ....ခဏေနရင္ နိုင္ငံျခားက exportေတြေရာက္မယ္မမ ..."
"ဟုတ္လား ခတ္ ..ဒါဆို မမသု ပဲ အဲ့စာရင္းေတြကို စစ္ထားလိုက္မယ္ ..ခတ္က orderမွာထားတာကို ၾကည့္လုပ္ေပးလိုက္ပါအံုး.."
"ဟုတ္ မမသု .."
နိုင္ငံျခားကေန ေရာက္မယ့္ ပန္းမ်ိဳးစိတ္ေတြကို သု စစ္ရအံုးမယ္။ အခုရပ္ပိုင္း ဆိုင္ရဲ႕ ေရာင္းအားက သ္ိသိသာသာ တိုးလာသလို၊ သုတို႔ရဲ႕ ဆိုင္ေလးကို ရင္းနွီးျမဳပ္နွံခ်င္ၾကတဲ့ တျခား ဆိုင္ေတြလဲ ရွိလာေလေတာ့ သုမွာ စီးပြားေရး လုပ္တာ ေအာင္ျမင္သည္ ဟု ေျပာရမည္၊ ေနာက္ဆို Density Company ဆိုကာ တည္ေထာင္နိုင္ခဲ့ရင္ဆိုေသာ သု ရဲ႕ စိတ္ကူးေလးေတြဟာ ဆ္ုိင္ထဲကို တလွမ္းခ်င္းဝင္လာေသာ ေနကာမ်က္မွန္တပ္ထားၿပီး စမတ္က်လွေသာ မိန္းကေလး တစ္ဦးေၾကာင့္ ခဏတာ ရပ္တန္႔သြားတယ္။
ထိုမိန္းကေလးက အတိုင္းတာ၊ သူ႔ပံုစံက ခပ္လန္းလန္းေပမယ့္ သု ဆ္ုိင္က ဝန္ထမ္းမေလးနဲ႔ စကားေျပာဆိုေနပံုက တစ္စံုတခုကို ေတာင္းဆိုေနေသာ မ်က္နွာထား။ ခဏေနေတာ့ ခတ္က သုရဲ႕ ရံုးခန္းထဲ ဝင္လာတယ္။
"မမသု .. "
"အြန္း ေျပာေလ ခတ္.."
သုရဲ႕ ရံုးခန္းက မွန္မ်ားသာ ကာထားသည့္မို႔ အျပင္ကို အတိုင္းသား ျမင္ေနရေတာ့ သု႔ကို ၾကည့္ေနေသာ တိုင္းရဲ႕ မ်က္ဝန္းေတြနဲ႔ အၾကည့္စံုမိသည္။သုလည္း ရွက္ၿပီး မ်က္နွာလြဲကာ ခတ္ကို သာ အာရံုစိုက္လိုက္တယ္။
"ဟို မမ အျပင္က တစ္ေယာက္က အလုပ္လိုခ်င္လို႔တဲ့.."
"ဟင္.."
သု အံ့ၾသ သလို၊ ဘာေၾကာင့္ တိုင္းက သုရဲ႕ ဆိုင္မွာ အလုပ္လာလုပ္ရန္ ေတာင္းဆို သနည္း။
"အျပင္က အခ်ိန္ပိုင္း အလုပ္သမား အလိုရွိသည္ဆ္ုိတဲ့ စာသားေၾကာင့္ လာေလ်ွာက္တာ ထင္တယ္မမ ..."
သု လံုးဝ ေခါင္းခါမိပါတယ္၊ တိုင္းရဲ႕ အေျခအေနက သု႔ဆိုင္မွာ အလုပ္ဝင္ရေလာက္ေအာင္ တ္ုိင္း မဆင္းရဲပါ။ တ္ုိင္းက ရည္႐ြယ္ခ်က္ ရွိရွိတစ္ခုခု ကို လုပ္ခ်င္လို႔ သု႔ကို ခ်ဥ္းကပ္မွန္း သု သိပါတယ္၊ဒါေပမယ့္ေလ သု မျငင္းရက္ဘူး၊ သု ကိုယ္တိုင္က လိုခ်င္မိေနတာလား ..သု မသိေတာ့ဘူး။
"အြန္း ခတ္...သူ႔ကို မမအခန္းထဲ လႊတ္လိုက္.."
"ဟုတ္ မမ.."
သု႔ လက္ဖ်ားမ်ားေအးစက္က ဘယ္လို သတၲိေတြနဲ႔ တိုင္းကို စကားေျပာရမွာလဲ။ သု တကယ္ ရင္ခုန္ေနမိတယ္ဆ္ုိတာ မျငင္းခ်င္ဘူး။
"မ....."
အရင္အတ္ုိင္းပါပဲ၊ အရင္ကလို ေနြးေထြးမႈေတြ ပါေနေသးေသာ အသံ ေသးေသးေလး။ သုရဲ႕ အသက္အ႐ြယ္ ၿပီးေတာ့ သုက တိုင္းကို ျငင္းခဲ့တာ အခုလိုေတြ ျဖစ္ေနတာကကို သု ကိုယ့္ကိုကိုယ္မုန္းမိျပန္ၿပီ။
"ထိုင္ပါ..."
တ္ိုင္း က သု ၫႊန္ျပတဲ့ေနရာမွာ ထိုင္တယ္။ ၿပီးေတာ့ သု ေလ တိုင္းမ်က္နွာကို မၾကည့္ရဲဘူး၊ မၾကည့္ရဲစြာဘဲ သု မ်က္ကြယ္ျပဳကာ တျခားတဖက္ ကို မ်က္နွာလြဲထားခဲ့သည္။
"မ ...ေနေကာင္းရဲ႕လား ...မ ၾကည့္ရတာ ပိန္သြားသလိုပဲ.."
"အလုပ္မွာ အလုပ္ကိစၥပဲ ေျပာၾကရေအာင္ အတ္ိုင္းတာ.."
တိုင္း မ်က္နွာေလး ငယ္သြားတာကို သု သတိထားမိေတာ့ နွလံုးသားက အလိုက္မသိတတ္စြာ နာက်င္ရျပန္တယ္။
"ဟုတ္ ..."
တိုင္းက သူ႔ရဲ႕ ေဖာင္ေလးကို သု စားပြဲေပၚတင္ကာ သူ႔ေခါင္းေလး ေအာက္ငံု႔ထားရွာတယ္။ သု လည္း ေဖာင္ကို ယူကာ ၾကည့္လိုက္ေတာ့ ..သူ အေဝးသင္နဲ႔ ေက်ာင္းၿပီးထားတာကို ေတြ႕ရသည္။
"မင္း ဘာလို႔ တျခားမွာ မလုပ္ပဲ အခုလို အခ်ိန္အပိုင္းအလုပ္ လာေလ်ွာက္ရတာ မင္း ဘြဲ႕က မင္း လုပ္မယ့္ေနရာနဲ႔ မသင့္ေတာ္ဘူး ျဖစ္ေနတယ္..."
"မ ...တ္ုိင္းေလ ...တကယ္က....."
သူ ေျပာမွာ သု ႀကိဳေနခဲ့ပါတယ္။ မနဲ႔ နီးခ်င္လို႔ ဒီအလုပ္ လာလုပ္တာပါလို႔ မင္း မေျပာလိုက္နဲ႔ တိုင္း။ ေက်းဇူးျပဳၿပီး။
"တိုင္းက အလုပ္ အေတြ႕အႀကံဳ မရွိလို႔ပါ မမ..
အေတြ႕အႀကံဳရေအာင္ရယ္ ..ၿပီးေတာ့ စီးပြားေရး နားလည္ေအာင္ပါ ..ဒါက တိုင္းရဲ႕ ပထမဆံုးအလုပ္ပါ.."
သု ထိုေန႔က တိုင္းကို အလုပ္ေပးခဲ့လိုက္ပါတယ္၊ ဒါေပမယ့္ သု ေျပာျပတဲ့ အလုပ္နဲ႔ ပတ္သတ္ၿပီး စည္းကမ္းခ်က္ေတြကို သူက ေခါင္းေလးညိမ့္ကာ နာခံရွာတယ္၊
"မ ...တိုင္းကို ခြင့္ျပဳပါအံုး ..."
အလုပ္ရသြားလို႔ ေပ်ာ္တဲ့ တိုင္းရဲ႕ အေပ်ာ္ထက္ သု က ပိုေပ်ာ္ေနမိမလား မသိဘူး။ေရွ႕ဆက္ ဘာျဖစ္မယ္ မသိတဲ့ အနာဂဏ္ကို ေတြးၿပီး စိတ္ပူေနတာထက္ သု ေလ သု႔စိတ္၊ သု႔ဆႏၵ
သု နွလံုးသားကို လႊတ္လပ္ခြင့္ေပးခ်င္မိတယ္။။။။။
_______________
Unicode__
ကောင်းကင်ပြာ၏တောက်ပခဲ့သော အတိတ်ရဲ့ နေ့ရက်များ
အပိုင်း(9)
************************************
'ကဲ ..နောက်တစ်ပွဲပဲ မမေသီရေ ...ကျွန်တော်တို့လည်း
ပိုက်ဆံ အခြေအနေက သိပ်မကောင်းတော့ဘူး.."
"ဟုတ်ပါပြီ ...အခုမှ နှစ်ပွဲပဲရှိသေးတာကို ဘယ်လိုတွေ ဖြစ်နေရတာလဲ ကိုဇော်ခိုင်ရယ် .."
"နှစ်ပွဲလည်း ရေက ပျက်တော့ ပြန်အုံးမယ်.."
ပွဲလမ်းသဘင်မဟုတ်ပါပဲ အစုအဝေးက တိုင်းရဲ့ အိမ်မှာတဲ့လား။ စိတ်ညစ်စွာလဲ စီးကရက်ကို တစ်လိပ်ပြီး တလိပ် ယူသောက်နေမိတော့တယ်။
"ဟဲ့ ...."
အိမ်ပေါ်မတက်ပဲ လှေကားခြေရင်းမှာ ထိုင်နေတဲ အတိုင်းကို မြင်တော့ မေမေက ဆိုတယ်။
"ထမင်းချက်ထားတယ် ..."
"မစားချင်ဘူး .. ပိုက်ဆံနည်းနည်းပေး..."
တိုင်းဟာ အခုဆို အသက် 22နှစ်ပြည့်ဖို့ 7ရက်လောက်သာ လိုတော့တဲ့ အချိန်မှ မေမေ့ဆီက ပိုက်ဆံကို လက်ဖြန့်တောင်းဆဲပင်။ တိုင်း ပြောင်းလဲသွားတာပေါ့၊ အိမ်ပြောင်းပြီးတဲ့ နောက်ပိုင်းမှာ တိုင်း အဝေးသင်ပဲ တက်ကာ ဘွဲ့ယူခဲ့တယ်။ အခြေအနေကတော့ အခုထိ ယောင်ဝါးဝါးနဲ့ လမ်းပျောက်နေလေပြီ။ ဘာဆက်လုပ်ရမယ် လည်း မသိ၊ တိုင်းဟာ ခမ်းခြောက်နေတဲ့ မြစ်ကြီး သဖွယ်။
"နင် အိမ်လည်း ပြန်မလာဘူး ဘယ်တွေမှာ နေနေတာလဲ.."
"အဲ့ဒါ အမေ့ကိစ္စမဟုတ်ပါဘူး ...သွားပြီ.."
ဂျင်းဘောင်းဘီ တိုကပ်ကပ်လေးနှင့် ဂျာကင်အကျီ င်္ကို ဝတ်ထားပြီး လည်သာ ဖိနပ်အရှည်စီးထားသော တ်ိုင်းရဲ့ ပုံစံက လုံးဝ မိန်းမဆိုးလေး တစ်ယောက်အလား။ သူမရဲ့ ဂုတ်ပေါ် ဝဲနေသော ဆံနွယ်များနှင့် မျက်နှာ တစ်ခြမ်းထဲကို ပဲ ဖုံးကာ ချထားသော ဆံနွယ်တွေ၊ ပြီးတော့ စူးရှရှ မျက်ဝန်းတွေက ကြောက်ဖို့ ကောင်းကြောင်း ဖော်ပြနေသယောင်ယောင်။
"တတ်စေရှင်..."
ကားတံခါးကို အတွင်းထဲက လှမ်းဖွင့်လိုက်သော မေသစ္စာရှင်။
"မေ ....ငါ ကလပ်သွားချင်တယ်."
"အိုကေလေ..."
ပြိုင်ကားလေးက အိမ်ရဲ့ အရှေ့ကနေ တရှိန်ထိုးမောင်းထွက်သွားခဲ့သည်။
🌷🌷🌷
ရောက်ခဲ့ပြန်ပြီနော်။ မမသု အလုပ်လုပ်တဲ့ Hotel ကို သုနဲ့ မေ နှစ်ယောက် ဝင်လာခဲ့တော့ receptionမှာ မ မဟုတ်ပဲ တခြား ကောင်မလေးတွေသာ တွေ့ရသည်။
"အခန်းက ..?"
Reception မှာထိုင်နေတဲ့ မိန်းကလေးက တိုင်းကို မေးတယ်။ တိုင်း ပြန်မဖြေပဲ တချိန်က မ ကို ဒီနေရာ အထိ လာစခဲ့ဖူးတာ မှတ်မိသေးတယ်။ အတိတ်ရဲ့ပုံရိပ်တွေက လူကို အမြဲနာကျင်ရတယ် ၊ ဘာလို့ မေက ဒီ Hotelကိုမှ ရွေးရတာလဲ ဆိုပြီးမေ့ကို အပြစ်တင်မိတယ်။
"နှစ်ယောက်ခန်း ညီမလေး ..."
မေက ပိုက်ဆံရှင်းကာ သော့တွဲကို ယူလိုက်ပြီး တိုင်းရဲ့ လက်တွေကို လာတွဲချိတ်တယ်။ ပြီးတော့ ညို့ငင်အားပြင်းနေေ မျက်ဝန်း တချို့နှင့် စိုက်ကြည့်တော့ တိုင်း ခပ်ဖွဖွ ရယ်လိာက်မိတယ်။
"မေ.....လုပ်ပြမနေနဲ့ အပိုပဲ ငါ နင့်ကို ရင်မခုန်ဘူး.."
မေက တိုင်းကို သဘောကျတယ်လို့ပြောတယ်၊ တိုင်းက လည်း သူ့ကို သဘောကျတယ်၊ ကိုယ်လိုအပ်နေတဲ့ အချိန်မှာ ကိုယ့်ကို ဖြည့်စီးပေးတဲ့ သူကို တိုင်း ဆက်ပြီး ပတ်သတ်သင့်တယ်မဟုတ်လား။
အခန်းက အိပ်ယာတစ်ခုစီ၊ ဒါပေမယ့် မေက အိပ်ပျော်နေတဲ့တိုင်းရဲ့ လက်မောင်းပေါ်ကို သူ့ ခေါင်း အတင်း တင်ကာ တိုင်း ကို ဖက်ထားတယ်။
"မဖက်နဲ့ ...အသက်ရှူကျပ်တယ်.."
မေနဲ့ ပတ်သတ်ပြီး တိုင်းဘက်က ဘာခံစားချက်မှ မရှိသလို၊ သူ့ဘက်ကလည်း ဘာခံစားချက်မှ ရှိမနေစေချင်ဘူး။ ဒါဆ်ို သူ နာကျင်မှာ မဟုတ်ဘူးလေ။မေက တဖက်လှည့်လိုက်သော တိုင်း ရဲ့ ကျောပြင်မှာ ဘာမှန်း မသိသော စာတွေရေးနေသလို လက်ဖြင့် ပွတ်သတ်တယ်။ပြီးတော့ ခပ်တိုးတိုးပြောတယ်။
"နင် ...အလုပ် မလုပ်ဘူးလား တိုင်း.."
တိုင်းရဲ့ အဖြေက အရင်တခါတုန်းကလိုပဲ တိတ်ဆိတ်ခြင်းသာ။ မ ဆီက ဥပက္ခာတွေ ရလိုက်ပြီးနောက် တိုင်းဟာ တခြားကမ္ဘာက လူတစ်ယောက်ဖြစ်ခဲ့တယ်၊ စကားကို လိုတာထက်ပိုမပြောတတ်တော့သလို အရင်ကလို ပွင့်လင်းခြင်းဆိုတာလည်း မရှိတော့ပြီ။
"ငါ မေးနေတယ် ဖြေလေဟာ..."
မေက စိတ်မရှည်စွာပဲ တိုင်းရဲ့ နောက်ကျောကို ခွဖွဖွ ရိုက်သည်။
"လုပ်မှာ မသေချာဘူး...."
တိုင်းရဲ့ ဘဝ က မမသုရဲ့ စွန့်ပစ်ခြင်းတွေ အောက်မှာ မသေချာမရေရာခဲ့။ ဘယ်တော့မှ လဲ ရှေ့ဆက်လျောက်မယ့်လမ်းကို အားအင်ဆိုတာ ရှိတော့မည် မဟုတ်ခဲ့။
"နင် .....ဟိုမမကို ..."
"တော်ဟာ မပြောနဲ့တော့ နားငြီးပြီ ... သွားတော့..."
မေရဲ့ အတင်းတွယ်ကပ်ခြင်းတွေကို မုန်းတယ်၊ ကိုယ့်ဘက်က ဘာအချစ်မှ မပေးနိုင်ဘဲ ပေါ်ပင်ဂရုစိုက်မှုတွေကြောင့် သာယာခဲ့တဲ့ တိုင်းလို ဘဝ မျိုး မေသစ္စာဆိုတဲ့ မိန်းကလေးကို မဖြစ်စေချင်တာအမှန်။
မေက သူ့အိပ်ယာပေါ် စောင့်အောင့် သွားကာ
တိုင်းကို ပွစိပွစိ ပြောပြီး အိပ်ပျော်သွားပုံပါပဲ။ တိုင်းကတော့ မ ကို လွမ်းဆွတ်မှုတွေနဲ့ ဒီညလည်း ငိုရအုံးမည် ထင်ပါတယ်။
🍷
"မေမေ ...ဒီနှစ်သင်္ကြန်ကျ အန်ကယ်ထွန်းကပြောတယ်
တရားစခန်းဝင်မလို့တဲ့ ...မေမေရော မဝင်တော့ဘူးလား.."
"မေမေက ဝင်မှာ...သမီးကိုသာ ပြောရမှာ ဝင်မှာလား ဒီနှစ်.."
သု စဉ်းစားနေမိတာက အသက် 30နားကပ်နေပြီ ဖြစ်တဲ့ မိမိက တရားအားထုတ်ရန် ဘာလို့များ ပျင်းနေမိပါသလဲဆိုတာကိုပင်။
"သမီးကတော့ မသေချာသေးဘူး အမေရေ့ ..."
သု အကျီ င်္တွေကို မီးပူတိုက်နေရင်းမှ လွန်ခဲ့သော နှစ်တွေတုန်းက ကလေးမလေး တစ်ယောက်ကိုသတိရမိလိုက်တယ်။
သူက ရော အခုအချိန်ဆိုဘာတွေများလုပ်နေပြီလဲ၊ နေနိုင်လိုက်တာ ဆိုရင် သု ဆီ ဖုန်းမဆက်ခဲ့ပါ၊သု ဘက်က ဆက်သွယ်တော့လည်း ဖုန်းနံပတ်တွေ ပြောင်းသွားခဲ့ပြီ။
"မေသီတို့ သားအမိတွေရော အဆင်ပြေရဲ့လား မသိဘူး
မတွေ့ရတာတောင် ကြာပြီနော်..."
"ဟုတ်ပါ့..."
သု ပြုံးပြုံးလေး အမေ့ကို ပြန်ဖြေလိုက်ပေမယ့် စိတ်ထဲကတော့ ပြုံးမနေပါ။ ကိုယ့်ကိုကို လိမ်ရင်း လုံးပါးပါးလာတာ ၉တိထားမိတယ်၊ မလိမ်တော့ရော သု က တိုင်းကို လွမ်းနေပါတယ်လို့ လူတကာကို ဖွင့်ပြဖို့တောင် သုမှာ သတ္တိဆိုတာ မရှိခဲ့ပြန်ဘူး။
"မေမေ ပြီးကျ ..ဗီဒိုထဲ ထည့်လိုက်နော် သမီး လမ်းထိပ် ခဏသွားအုံးမယ်.."
သုရဲ့ ခြေလှမ်းတွေက လမ်းထိပ်က ဝက်သားဒုတ်ထိုးရောင်းတဲ့ ဦးလေးကြီးဆီ။ တစ်ယောက်သော သ်ိမလား တော့ မသိဘူး သု ဟာလေ ဒီဆိုင်လေးမှာ မကြာမကြာလာပြီး ဝက်သားဒုတ်ထိုးတွေ အများကြီး စားမိတယ်။ ပြီးတော့ ရောင်းတဲ့ ဦးလေးကြီးကို တိုင်းက ဘယ်လောက် အနိုင်ကျင့်၊ စနောက်ကြောင်း ပြောပြပြီး ရီရတာလည်း လာတိုင်းပါပဲ။ ဒါပေမယ့် 1နှစ်လောက် ရှိပြီ မရောက်ဖြစ်သော ထိုဆိုင်လေးဆီ သု သွားလိုက်တော့ ထိုနေရာမှာက ဘာဆိုင်မှ မရှိတော့ပါ။
"အော် ....မရောင်းတော့တာလား.."
သု ဒီအတိုင်းပဲ အိမ်ပြန်ဖို့ စဉ်းစားလိုက်တယ်၊ ဘာကြောင့် သူနဲ့ ပတ်သတ်တဲ့ အမှတ်တရတိုင်းက သု့ကို နာကျင်စေရတာလဲ၊ သု ကိုယ်ကိုကိုယ် မုန်းနေမိပြီ။
"ဟဲလို ..."
လာနေကြ မရိုးတော့သော ဖုန်းနံပတ်က ကိုဘုန်းရှိန်ဝါ ဆီက
အဝင် Callများ၊ တခါတလေ သူရဲ့ callတွေကို ဥပေက္ခာပြုမိလို့ အားနာရပြန်တယ်။
"သု ...ဘယ်မှာလဲ ...ကိုယ်လာခေါ်မယ်.."
"အိမ်ရှေ့မှာ လမ်းလျောက်နေတာ လာခဲ့လေ.."
သု က အလုပ်ပိတ်ရက်ဆိုတော့ ဘာမှ ထွေထွေထူးထူး အလုပ်မရှိပါ။ သု ပထမဦးဆုံးအလုပ်က ဦးဘုန်းရှိန်ဝါရဲ့ Hotelက အလုပ်ထွက်ခဲ့တယ်။ သု ဝါသနာပါတဲ့ စီးပွားရေူကို လုပ်ဖို့ မြို့ထဲမှာပဲ ပန်းအရောင်းပြခန်းဖွင့်ထားခဲ့တယ်။ သု ရဲ့ လုပ်ငန်းက အောင်မြင်လား တော့ မပြောတတ်ပေမယ့်
customer မပျက်တော့ ရှိတတ်တဲ့ 'Density"ဆိုတဲ့ ဆိုင်လေးကတော့ အခုထိ ထိုလမ်းထိုနေရာမှာ လူသိများပြီး တည်ရှိလေပြီ။
"တက် ...သု ..."
ကားရပ်လိုက်ပြီး သု့ကို ဇွတ်တတ်ခိုင်းသော ထိုလူကြီးကလည်း သူငယ်များ ပြန်နေသလားဟု သု တွေးမိလိုက်တယ်။
"ဘယ်လဲ..."
နှစ်ယောက်လုံး အလုပ်ကိုသာ အာရုံစိုက်နေသည်မို့ ချိန်းတွေ့တယ်ဆိုတာ တခါတရံ မှပင်။ အခုအချိန်ထိ သုကလည်း ကိုဘုန်းရှိန်ဝါကို ချစ်သူ ဆိုတဲ့ အမည်သာ ခံသာ ချစ်သူတို့လို ပြုမှုနေထိုင်ခြင်းတွေ မဟုတ်ခဲ့။ အချိန်မှန် အတူ ထမင်းစားဖြစ်တာ၊ ဘုရားသွားဖြစ်တာ လောက်သာရှိခဲ့တယ်။ မေမေကတော့ ပြောတယ် ..ဘယ်တော့ လက်ထပ်မှာလဲတဲ့၊ သု မတွေးထားဘူး ထိုကိစ္စက သု ဘဝ တစ်လျောက်လုံးမှာ လုံးဝ မဖြစ်လာနိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။
"တစ်ခုခု သွားစားမယ်လေ ...ဗိုက်ဆာနေတာမဟုတ်လား"
ကိုဘုန်းဟာ သုရဲ့ အလိုတွေကို ကြိုသိနေလောက်အောင် ပြီးပြည့်စုံတဲ့ ယောင်္ကျားကောင်း တစ်ယောက် ဖြစ်ပေမယ့် သု ရင်ထဲမှာ 'တိုင်း'ဆိုတာလေးက အချိန်တိုင်းစိုးမိုးနေခဲ့ပြီ။
"အင်း.."
သုလည်း ကားပေါ်တတ်လိုက်တော့ ကားလေးက အနီးအနားမှာရှိတဲ့ စားသောက်ဆိုင် တစ်ခုကိုမောင်းသွားခဲ့သည်။
"နေနေ ...သုရှင်းမယ်.."
အတွဲတွေဆိုတာ တစ်ယောက်တလှည့် Bill ရှင်းရသည်ဟု ကြားဖူးတယ်၊ အမြဲတမ်း ကိုဘုန်းရှိန်ဝါက ရှင်းပေးရတော့ သု အားနာမိတယ်။ ထို့ကြောင့်ပဲ creditကဒ်ကို ထုတ်ကာ ပေးလိုက်တော့ ကိုဘုန်းက တားတယ်။
"မဟုတ်ဘူးလေကွာ ကိုယ်ရှင်းပေးမယ်..."
"ရပါတယ် ...ဒီတစ်ခါ သု ဝယ်ကျွေးတယ်ပဲ ထားလိုက်ပေါ့.."
"မရပါဘူ သု ..ကိုယ်ရှင်းမယ်..."
"ဒီနေ့ ရှင်တို့ နှစ်ယောက်ပြီးအုံးမှာလား.."
Counterမှာ ထိုင်နေတဲ့ mask တပ်ထားသော ဝန်ထမ်းမလေးက ပြောတယ်။ နောက်ဆုံးမှာတော့ သု ကပဲ မရမက ထို billကို လုရှင်းခဲ့ရပါတော့တယ်၊ မိန်းကလေးဆိုတာ အမြဲအားနွဲ့လို့ billကိုလည်း ယောင်္ကျားလေး ဘက်က ရှင်းပေးရမယ်ဆိုတာ သု မလိုလားသော ဖြစ်ရပ်ပင်။
ကားပေါ်တက်ရန် ပြင်လိုက်မှ ..သုတို့ကားကို ပိတ်ရပ်ထားသော ပြိုင်ကား အနက်ရောင်လေးကြောင့် ကိုဘုန်းက တတွတ်တွတ်ပြောနေလေသည်။
"ဘယ်သူ့ကားလဲ .မသိဘူးကွာ လမ်းကြီးကိုမှ ပိတ်ရပ်ထားတာ ယာဉ်စည်းကမ်းနားမလည်ဘူးလား တခါတည်း တိုင်လိုက်မှ ..."
"နေပါအုံး ....ဟိုကလေးမတွေရဲ့ ကား..နေမယ် ကိုဘုန်း.."
ဆိုင်ထဲက ထွက်လာတဲ့ ခပ်ဟော့ဟော့ မိန်းကလေးနှစ်ယောက်ကို သု သေချာကြည့်လိုက်ချိန်မှာတော့ ရှောင်ပုန်းနေခဲ့သူ အတိုင်းတာကို တွေ့ခဲ့ရပြီ။ ရှည်လာလိုက်တဲ့ အရပ်ကြီးရယ်၊ အရွယ်ရောက်လာလို့ နေမယ် တင်းမာနေသော မျက်နှာထားက ကြီးစိုးနေလေပြီ။ တိုင်းက သုကို မြင်ရဲ့သားနဲ့ မနှုတ်ဆက်ခဲ့ပါ။သု ဘက်ကရော နှုတ်ဆက်ဖြစ်လားဆိုတော့ မနှုတ်ဆက်ခဲ့၊ လွမ်းလိုက်တာ တိုင်းရယ် ပြောခွင့် မရှိသော အခြေအနေမှာ မဟုတ်လား၊ ဒီတိုင်းပဲ ထိုကားလေး ထွက်သွားတာကို သု ငေးကြည့်ရင်း ကျန်နေခဲ့တယ်။တို့တွေ ဆုံခဲ့တာတောင် သူစိမ်းဆန်သွားကြပြီနော်လို့ သု တွေးကာ သက်ပြင်းဖွဖွလေးချမိတယ်။
"နောက်ထက် ဘယ်သွားချင်သေးလဲ .."
"ဟင့်အင်း အိမ်ပြန်မယ်. ."
သု ဘာကြောင့်ရယ် မသိ၊ အလိုမကျခြင်းများစွာနဲ့ စိတ်တိုနေခဲ့တော့သည်။ သုရဲ့ အိမ်ပြန်လမ်းဟာ အတွေးတချို့နှင့်....
🤞🤞
"မမသု ....ခဏနေရင် နိုင်ငံခြားက exportတွေရောက်မယ်မမ ..."
"ဟုတ်လား ခတ် ..ဒါဆို မမသု ပဲ အဲ့စာရင်းတွေကို စစ်ထားလိုက်မယ် ..ခတ်က orderမှာထားတာကို ကြည့်လုပ်ပေးလိုက်ပါအုံး.."
"ဟုတ် မမသု .."
နိုင်ငံခြားကနေ ရောက်မယ့် ပန်းမျိုးစိတ်တွေကို သု စစ်ရအုံးမယ်။ အခုရပ်ပိုင်း ဆိုင်ရဲ့ ရောင်းအားက သ်ိသိသာသာ တိုးလာသလို၊ သုတို့ရဲ့ ဆိုင်လေးကို ရင်းနှီးမြုပ်နှံချင်ကြတဲ့ တခြား ဆိုင်တွေလဲ ရှိလာလေတော့ သုမှာ စီးပွားရေး လုပ်တာ အောင်မြင်သည် ဟု ပြောရမည်၊ နောက်ဆို Density Company ဆိုကာ တည်ထောင်နိုင်ခဲ့ရင်ဆိုသော သု ရဲ့ စိတ်ကူးလေးတွေဟာ ဆ်ိုင်ထဲကို တလှမ်းချင်းဝင်လာသော နေကာမျက်မှန်တပ်ထားပြီး စမတ်ကျလှသော မိန်းကလေး တစ်ဦးကြောင့် ခဏတာ ရပ်တန့်သွားတယ်။
ထိုမိန်းကလေးက အတိုင်းတာ၊ သူ့ပုံစံက ခပ်လန်းလန်းပေမယ့် သု ဆ်ိုင်က ဝန်ထမ်းမလေးနဲ့ စကားပြောဆိုနေပုံက တစ်စုံတခုကို တောင်းဆိုနေသော မျက်နှာထား။ ခဏနေတော့ ခတ်က သုရဲ့ ရုံးခန်းထဲ ဝင်လာတယ်။
"မမသု .. "
"အွန်း ပြောလေ ခတ်.."
သုရဲ့ ရုံးခန်းက မှန်များသာ ကာထားသည့်မို့ အပြင်ကို အတိုင်းသား မြင်နေရတော့ သု့ကို ကြည့်နေသော တိုင်းရဲ့ မျက်ဝန်းတွေနဲ့ အကြည့်စုံမိသည်။သုလည်း ရှက်ပြီး မျက်နှာလွဲကာ ခတ်ကို သာ အာရုံစိုက်လိုက်တယ်။
"ဟို မမ အပြင်က တစ်ယောက်က အလုပ်လိုချင်လို့တဲ့.."
"ဟင်.."
သု အံ့သြ သလို၊ ဘာကြောင့် တိုင်းက သုရဲ့ ဆိုင်မှာ အလုပ်လာလုပ်ရန် တောင်းဆို သနည်း။
"အပြင်က အချိန်ပိုင်း အလုပ်သမား အလိုရှိသည်ဆ်ိုတဲ့ စာသားကြောင့် လာလျှောက်တာ ထင်တယ်မမ ..."
သု လုံးဝ ခေါင်းခါမိပါတယ်၊ တိုင်းရဲ့ အခြေအနေက သု့ဆိုင်မှာ အလုပ်ဝင်ရလောက်အောင် တ်ိုင်း မဆင်းရဲပါ။ တ်ိုင်းက ရည်ရွယ်ချက် ရှိရှိတစ်ခုခု ကို လုပ်ချင်လို့ သု့ကို ချဉ်းကပ်မှန်း သု သိပါတယ်၊ဒါပေမယ့်လေ သု မငြင်းရက်ဘူး၊ သု ကိုယ်တိုင်က လိုချင်မိနေတာလား ..သု မသိတော့ဘူး။
"အွန်း ခတ်...သူ့ကို မမအခန်းထဲ လွှတ်လိုက်.."
"ဟုတ် မမ.."
သု့ လက်ဖျားများအေးစက်က ဘယ်လို သတ္တိတွေနဲ့ တိုင်းကို စကားပြောရမှာလဲ။ သု တကယ် ရင်ခုန်နေမိတယ်ဆ်ိုတာ မငြင်းချင်ဘူး။
"မ....."
အရင်အတ်ိုင်းပါပဲ၊ အရင်ကလို နွေးထွေးမှုတွေ ပါနေသေးသော အသံ သေးသေးလေး။ သုရဲ့ အသက်အရွယ် ပြီးတော့ သုက တိုင်းကို ငြင်းခဲ့တာ အခုလိုတွေ ဖြစ်နေတာကကို သု ကိုယ့်ကိုကိုယ်မုန်းမိပြန်ပြီ။
"ထိုင်ပါ..."
တ်ိုင်း က သု ညွှန်ပြတဲ့နေရာမှာ ထိုင်တယ်။ ပြီးတော့ သု လေ တိုင်းမျက်နှာကို မကြည့်ရဲဘူး၊ မကြည့်ရဲစွာဘဲ သု မျက်ကွယ်ပြုကာ တခြားတဖက် ကို မျက်နှာလွဲထားခဲ့သည်။
"မ ...နေကောင်းရဲ့လား ...မ ကြည့်ရတာ ပိန်သွားသလိုပဲ.."
"အလုပ်မှာ အလုပ်ကိစ္စပဲ ပြောကြရအောင် အတ်ိုင်းတာ.."
တိုင်း မျက်နှာလေး ငယ်သွားတာကို သု သတိထားမိတော့ နှလုံးသားက အလိုက်မသိတတ်စွာ နာကျင်ရပြန်တယ်။
"ဟုတ် ..."
တိုင်းက သူ့ရဲ့ ဖောင်လေးကို သု စားပွဲပေါ်တင်ကာ သူ့ခေါင်းလေး အောက်ငုံ့ထားရှာတယ်။ သု လည်း ဖောင်ကို ယူကာ ကြည့်လိုက်တော့ ..သူ အဝေးသင်နဲ့ ကျောင်းပြီးထားတာကို တွေ့ရသည်။
"မင်း ဘာလို့ တခြားမှာ မလုပ်ပဲ အခုလို အချိန်အပိုင်းအလုပ် လာလျှောက်ရတာ မင်း ဘွဲ့က မင်း လုပ်မယ့်နေရာနဲ့ မသင့်တော်ဘူး ဖြစ်နေတယ်..."
"မ ...တ်ိုင်းလေ ...တကယ်က....."
သူ ပြောမှာ သု ကြိုနေခဲ့ပါတယ်။ မနဲ့ နီးချင်လို့ ဒီအလုပ် လာလုပ်တာပါလို့ မင်း မပြောလိုက်နဲ့ တိုင်း။ ကျေးဇူးပြုပြီး။
"တိုင်းက အလုပ် အတွေ့အကြုံ မရှိလို့ပါ မမ..
အတွေ့အကြုံရအောင်ရယ် ..ပြီးတော့ စီးပွားရေး နားလည်အောင်ပါ ..ဒါက တိုင်းရဲ့ ပထမဆုံးအလုပ်ပါ.."
သု ထိုနေ့က တိုင်းကို အလုပ်ပေးခဲ့လိုက်ပါတယ်၊ ဒါပေမယ့် သု ပြောပြတဲ့ အလုပ်နဲ့ ပတ်သတ်ပြီး စည်းကမ်းချက်တွေကို သူက ခေါင်းလေးညိမ့်ကာ နာခံရှာတယ်၊
"မ ...တိုင်းကို ခွင့်ပြုပါအုံး ..."
အလုပ်ရသွားလို့ ပျော်တဲ့ တိုင်းရဲ့ အပျော်ထက် သု က ပိုပျော်နေမိမလား မသိဘူး။ရှေ့ဆက် ဘာဖြစ်မယ် မသိတဲ့ အနာဂဏ်ကို တွေးပြီး စိတ်ပူနေတာထက် သု လေ သု့စိတ်၊ သု့ဆန္ဒ
သု နှလုံးသားကို လွှတ်လပ်ခွင့်ပေးချင်မိတယ်။။။။။
_______________