ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာ အတိတ္ရဲ႕ေန႔ရက္မ်ား
အပိုင္း(8)
************************************
"ကေလးရဲ အနာဂဏ္ကိုနည္းနည္းေလး ေတြးေပးပါလို႔
ေမသီ ေတာင္းဆိုခ်င္တယ္ အကိုေမာင္"
ေမေမနဲ႔ ေဖေဖ သူတို႔ရဲ႕ အခန္းထဲမွာတိုးတိုးေလးေျပာေနေသာ စကားမ်ားကို အတိုင္းတာ မထင္မွတ္ပဲ ၾကားလိုက္ရတယ္။ ထိုအခန္းတံခါးနားကပ္ကာပဲ နားစြန္႔ၿပီး ဆက္နားေထာင္ေနမိေတာ့တယ္။ စိတ္ထဲမွာေတာ့ နာက်င္ၿပီး မ်က္ရည္ေတြက က်ေနေလၿပီ။
"ေမသီ ......ငါ...."
"ေတာ္ပါေတာ့ ..ရွင္ ဘာလို႔အခုလို ေမသီတို႔ သားအမိအေပၚလုပ္ရက္ရတာလဲ .အကိုသမီးေလးက အပ်ိဳေလး ..ၿပီးေတာ့ ေဖာက္ျပန္ရင္လည္း ဘာလို႔ ကိုယ့္သမီးနဲ႔ ႐ြယ္တူေလာက္ရွိတဲ့ မိန္းကေလးနဲ႔လဲ ....ကြၽန္မ ကြာရွင္းခ်င္တယ္ ဒါေပမယ့္
သမီးေလး မ်က္နွာရွိေနလို႔ပါ..ေက်းဇူးျပဳၿပီး..."
ဒူးေထာက္မတတ္ေတာင္းပန္ၿပီး ေျပာေနတဲ့ ေမေမ့စကားေတြက တ္ိုင္းရင္ကို နာက်င္ေစသည္။ ေဖေဖ့ကို မုန္းတယ္၊ အခန္းတံခါးကို အားနဲ႔ ဆြဲဖြင့္လိုက္ၿပီး အတိုင္းတာ အခန္းထဲ ဝင္သြားခဲ့တယ္။
"ဟင့္အင္း သမီး အတြက္မလိုဘူး ေမေမ..."
"တိုင္း..."
ေမေမက ဝင္လာေသာ တိုင္းကိုၾကည့္ကာ တိုင္းရဲ႕ လက္ေတြဆုပ္ကိုင္ၿပီး ေဖေဖကို ျပန္ေျပာသည္။
"ဘယ္လိုလုပ္မွာလဲ အကိုေမာင္.."
ေဖေဖဟာ အရမ္းတိတ္ဆိတ္ေနခဲ့ပါတယ္။ ဘာကိုမွ ဂရုစိုက္ေသာ မ်က္နွာထားမ်ိဳးျဖင့္ တိုင္းကို ၾကည့္ကာေျပာတယ္။
"ေဖေဖ လြန္သြားခဲ့ၿပီ သမီး..."
တုိင္း ရပ္နိုင္စြမ္းအားမရွိေတာ့ဘဲ ၾကမ္းျပင္ေပၚထိုင္ခ်ကာ ေအာ္ငိုခဲ့သည္။ေမေမက စာခ်ဳပ္ယူကာ ေဖေဖ့ကို လက္မွတ္ထိုးခိုင္းတယ္။ တိုင္းတို႔ရဲ႕ မိသားစု ဘဝေလး တကယ္ပ်က္ေတာ့မွာလား။တိုင္း တခါမေမ်ွာ္လင့္ခဲ့ေသာ၊ မထင္မွတ္ခဲ့ေသာ အျဖစ္အပ်က္ကို တိုင္းႀကံဳရၿပီ။ ဘယ္လိုေရွ႕ဆက္ရမွာလဲ။
"ဒီအ္ိမ္နဲ႔ ..ငါပိုင္တဲ့ စည္းစိမ္တဝက္ကို မင္းတို႔ သားအမိကို ခြဲေပးခဲ့မယ္..."
ေမေမ ငိုေနတာလား တိုင္း သတ္ိေတာင္မထားလိုက္နိုင္ပဲ
တိုင္း ရဲ႕ အခန္းထဲေျပးဝင္ကာ ရႈံးပြဲခ်ငိုမိေတာ့တယ္။ဘာလို႔ ကံၾကမၼာက တိုင္းကိုမွ ရက္စက္ရတာလဲဟင္။
"ငါလည္း သမီးေလးကို ခ်စ္ပါတယ္....ဒါေပမယ့္.."
"ရၿပီ ရွင္သြားေတာ့ ...ရွင့္မ်က္နွာကို ဒီတသက္မေတြ႕ရဖို႔
ကြၽန္မဆုေတာင္းတယ္ ကိုေမာင္ေမာင္.."
တိုင္း ျမင္လိုက္ပါတယ္၊ အထုတ္အပိုးေတြကားေပၚတင္ကာတိုင္းကိုေတာင္ မနႈတ္ဆက္ဘဲ ထြက္ခြာသြားတဲ့ အေဖဆိုေသာ လူသားရဲ႕ ေက်ာျပင္ေလး။ တိုင္းမွာ အခု ေမေမပဲ ရွိေတာ့သည္။
🌷🌷🌷
"စာကို အာရံုစိုက္ပါ ...တိုင္းရယ္ ..."
"ဟုတ္တယ္ တိုင္းရာ ..နင့္ၾကည့္ရတာ အားမရလိုက္တာ
ဘာမွ အားမငယ္ပါနဲ႔ဟ ငါတို႔ရွိတယ္ေလေနာ္.."
တိုင္း ဘာမွ မေျပာပဲ အသံတိတ္ငိုေႂကြးေနမိတယ္။
အားငယ္တာထက္ ဆိုးတာက ရွက္ျခင္း၊ အခုဆို ပတ္ဝန္းက်င္ရဲ႕ အေျပာအဆ္ုိေတြ၊ ရႈံခ်မႈေတြကို ခံေနရတာက ေမေမ။
ေဆြးမ်ိဳးေတြ ရွိတဲ့ နယ္ကိုပဲ ျပန္မည္ ဟုလည္း ေမေမကေျပာတယ္၊ တိုင္းရဲ႕ ပညာေရးက တဖက္နဲ႔မို႔ ေမေမ ႀကိတ္ခံေနခဲ့ရတာ။
"ဟူး ..နင့္ေဖေဖက မမိုက္ပါဘူးဟာ
ဟိုမိန္းမကလည္း ရုပ္ကေလး ဗန္းျပၿပီး . ျမဴစြယ္သြားတာ
ၾကည့္ေန အခ်ိန္တန္လို႔ နင့္အေဖမွာ ေငြဆိုတဲ့ အရာမရွိေတာ့ရင္ ေဂ်ာင္းပဲ ..."
တိုင္း ဘာမွ မေျပာပဲ ေငးေမာကာ ေတြေဝေနမိတယ္။ တိုင္း ဘာဆက္လုပ္ရမွာလဲ။
"တာတာ ..."
တိုင္းတို႔ အဖြဲ႕နားေရာက္လာေသာ ေဒါက္တာ ဇြဲရန္နိုင္။
သူ႔ပံုစံကေတာ့ အၿမဲေက်ာ့ေမာ့ေနတာေပါ့။ အခုေလာက္ဆို ေမေမေျပာေသာ ထိုေစ့စပ္ရန္ကိစၥကလည္း ကိုဇြဲရဲ႕ မိဘေတြ ဘက္က ဖ်က္သိမ္းၿပီလို႔ သိရတယ္။ ေကာင္းတာေပါ့ တိုင္းလည္း ထိုကိစၥကို လံုးဝ မွ လက္မခံနိုင္ခဲ့တာ။
"ဘာလုပ္လာတာလဲ ကိုဇြဲ..."
ကိုဇြဲက တိုင္းတို႔ သူငယ္ခ်င္းေတြကို တခ်က္ၾကည့္ကာ..
"စိတ္ညစ္ေနတာလား ...တာေလး ..
ကိုဇြဲလည္း သတင္းၾကားရကတည္းက စိတ္မေကာင္းျဖစ္ေနတာ ဘာေတြ ဘယ္လို ျဖစ္ကုန္ရတာလဲ .."
တိုင္း စိတ္ပိုညစ္စြာဘဲ ဆံပင္ေတြကို ကုတ္လိုက္မိတယ္။
"ကိုဇြဲ ..ဘားသြားရေအာင္.."
"ဟင္...!"
တိုင္းရဲ႕ အက်င့္ကို သိေနေတာ့ သူငယ္ခ်င္းေတြကလည္း မတားၾကပါ။ အၿမဲ တိုင္းေဘးမွာ ကိုဇြဲပါေတာ့ သူတို႔လည္း စိတ္ခ်ၾကသည့္ပံုပါပဲ။ ေဘးက စာအုပ္ေတြထည့္ထားတဲ့ အိတ္ကို ကိုဇြဲကို ေပးလိုက္ၿပီး...
"သြားမယ္ေလ .."ဟု တိုင္းေျပာကာ ဘာကိုမွ ဂရုမစိုက္ေတာ့ သလို တိုင္းရဲ႕ စိတ္ေတြ ေလေနခဲ့ေတာ့သည္။
ကိုဇြဲက တိုင္းကို ဂရုစိုက္ပါတယ္၊ ဘား မွာ စကားေတြ အမ်ားႀကီးေျပာေပးတယ္။ အမ်ားႀကီး မေသာက္ဖို႔ေျပာတယ္၊ တိုင္းက မူးလာရင္ သူ႔ကို ပါးေတြ ေရာ ေခါင္းေတြကိုပါ ထုတယ္။
ဒါကို သူက သည္းခံၿပီး တိုင္းကို ခ်စ္ေပးတယ္၊ အဆံုးထိ တိုင္းေျပာေနမယ့္ စကားက တိုင္းက မမသုက လြဲၿပီး တျခားသူ ရင္ထဲမတိုးေတာ့တာလည္း ျဖစ္နိုင္တယ္။
🌷🌷🌷🌷
မသုတို႔ အိမ္ေရွ႕မွာ BMW ကားႀကီး တစ္စီးရပ္ထားကာ ထိုကားေပၚမွ မကို ဆင္းလာတာ တိုင္းေတြ႕လိုက္ေတာ့ တ္ုိင္းလည္း မူးေနရမွ ကားေပၚက ဆင္းကာ ထိုကားဆီ တယိုင္းတယိုင္ ေလ်ာက္သြားခဲ့တယ္။
"ဟင္ ..တိုင္း.."
မသုက တိုင္းကို ျမင္တာနဲ႔ အံ့ၾသသလို အမူအယာ၊ အံ့ၾသမွာေပါ့ တိုင္းရဲ႕ပံုစံက ပံုပ်က္ပမ္းပ်က္အမူးသမားပံု။ သူ႔ေဘးမွာက ဂုဏ္သေရရွိ လူႀကီးမင္းမဟုတ္လား။
"မ ....အလုပ္က ျပန္လာတာလား..."
တိုင္းရဲ႕ မပီကလာ ပီကလာ စကားေတြက မသုကို မ်က္နွာမဲ့ေစသလား။
"ဟုတ္တယ္ ..တိုင္းရဲ႕ ေသာက္လာျပန္ၿပီလား
မင္းက ကေလးရွိေသးတာေနာ္ တိုင္း ဘာလို႔ မဟုတ္တာေတြ ေရွာက္လုပ္ေနရတာလဲ.."
ေဘးက ကိုဘုန္းရွိန္ဝါကပါ တိုင္းကို အထင္ေသးတဲ့ မ်က္လံုးေတြနဲ႔ ၾကည့္ေနမွာလား။ အို ဂရုမစိုက္ပါဘူး တိုင္း ဂရုစိုက္တာက မမသု တစ္ေယာက္ပဲ။
"အြန္း .....ဟုတ္ပါတယ္ တိုင္းက .."
တိုင္းရဲ႕ စကားေတြ ဆက္မေျပာျဖစ္ပဲ မမေဘးနားက ကိုဘုန္းရွိန္ဝါကို ခပ္ေစာင္းေစာင္းၾကည့္မိလိုက္တယ္။ တိုင္းက မူးရင္ ေသြးဆိုးေလေတာ့ ရုပ္တရက္ ထိုလူႀကီးရဲ႕ ပါးခံုးကို ေဆာင့္တြန္းလိုက္တယ္။
"ခင္ဗ်ားႀကီးက မသုကို ဘယ္ေလာက္ခ်စ္နိုင္မွာမို႔လို႔လဲ.."
"တိုင္း ...မင္းဘာလုပ္..."
မသုက ထိုလူႀကီးကိူ အားနာေသာ အၾကည့္ေတြနဲ႔ၾကည့္ကာ ေတာင္းပန္တယ္။ တိုင္း မုန္းလိုက္တာ၊ ထိုမ်က္လံုး ဟုတ္တာေပါ။ တိုင္းအတြက္ အခ်စ္မရွိေသာ မရဲ႕ အၾကင္နာ အၾကည့္ေတြ။
"ဟ္ို သု ကိုယ္ျပန္ေတာ့မယ္
သုရဲ႕ ညီမေလးကို အိမ္ထဲအထိလိုက္ပို႔ေပးလိုက္ပါကြာ
သူ႔ၾကည့္ရတာ အေတာ္မူးေနၿပီထင္တယ္.."
"မမူးဘူး ...ငါက ဘာလို႔မူးရမွာလဲ..."
မသုက တိုင္းရဲ႕ ကိုယ္ေလးကို ထိန္းကာပဲ ထိူလူႀကီးကို နႈတ္ဆက္တယ္။တိုင္းကေတာ့ စိတ္ထဲမွာ ထိုလူႀကီးကို ေျပာခ်င္တာေတြ အမ်ားႀကီးရွိေပမယ့္ သူက ကားေပၚတက္ကာ ျပန္သြားေတာ့တယ္။
"တိုင္း...ဘယ္လိုျဖစ္ေနတာလဲ ...ကိုဘုန္းက လူႀကီးလူေကာင္းပါ...ဘာလို႔ ရိုင္းေနရတာလဲ..."
"မသိဘူး ..တိုင္း အဲ့လူႀကီးကို မုန္းတယ္....ၿပီးေတာ့
တိုင္းေလ......"
တိုင္းေလ ဆိုတဲ့ စကားရဲ႕အေနာက္မွာ မူမမွန္ျခင္းမ်ားစြာ ပါမမွန္း သု ႀကိဳသိေနခဲ့လ္ု႔ိ သူ႔ရဲ႕စကားမ်ားကို ဆက္ေျပာခြင့္မေပးခဲ့ပါ။
"အိမ္မွာ အန္တီတစ္ေယာက္တည္း မလား...."
သုလည္း တိုင္းကိုယ္ေလးကို တြဲကာ အိမ္ေပၚလိုက္ပို႔လိုက္ေတာ့ ဧည့္ခန္းထဲမွာ ထိုင္ေစာင့္ေနေသာ အန္တီ့ကို ေတြ႕ရသည္။ အန္တီ့ကို သု ခဏေနာ္ဆိုတဲ့ သေဘာမ်ိဳး လုပ္ျပကာ
တိုင္းရဲ႕ အခန္းထဲထိ သူမကို ပို႔ၿပီး အိပ္ယာေပၚ ခ်လိုက္ေတာ့ သူမက သုရဲ႕ ပါးခံုးေတြကို လက္ေခ်ာင္းသြယ္သြယ္ေလးေတြနဲ႔ တြဲခ္ိုထားတယ္။
"တိုင္း ... လႊတ္.."
ကြၽန္မကို ရီေဝေဝၾကည့္ေနတဲ့ သူမရဲ႕ မ်က္လံုးေတြနဲ႔ ဆန္႔က်င္ဘက္ကို ကြၽန္မ မ်က္နွာလြဲထားခဲ့တယ္။ သုရဲ႕ ရင္ခုန္သံေတြ ျမန္ဆန္ေနတာကလည္း တိုင္းတစ္ေယာက္ ၾကားနိုင္ေလာက္တဲ့ အေနအထားမွာ။
"မ ....ခ်စ္တယ္ ...."
ခပ္ရွရွ အသံနဲ႔ ေျပာေနေသာ သူမရဲ႕ စကားမွာ ဝမ္းနည္းမႈ အရိပ္အေယာင္ေတြ ပါေနမယ္ဆိုတာ သု သ္ိတယ္။ သုကပဲ ဖက္ထားတဲ့ သူမရဲ႕ လက္ေတြကို ျဖဳတ္ခ်ကာ အခန္းထဲက ထြက္ရန္ ျပင္လိုက္ေတာ့ သူမကပါ ထရပ္လာတယ္။
"မ ...တိုင္းတို႔ အိမ္ေျပာင္းေတာ့မယ္.."
သု ရဲ႕ ေျခလွမ္းေတြ တိကနဲ ရပ္တန္႔သြားတယ္။ သိူ႔ေပမယ့္ သူမနဲ႔ မ်က္နွာျခင္းက ဆန္႔က်င္ဘက္မွာ သု ရွိေနတယ္။
"တိုင္းေလ ....မကို အရမ္းခ်စ္တယ္"
သု သူမရွိရာ အရပ္ကို မ်က္ႏွာ မူကာ သူမရဲ႕ မ်က္လံုးေတြကို စိုက္ၾကည့္ကာ ေျပာလိုက္တယ္။
"တိုင္း ...ညီမေလး "
"မဟုတ္ဘူး မေခၚနဲ႔ ...မ သိပါတယ္ သုက မအေပၚ ညီမတစ္ေယာက္ရဲ႕ သံေယာဇဥ္ထက္ပိုတာကို ..မ လည္း တိုင္း အေပၚ ကို အဲ့လိုပဲ ခံစားေနရတာ မဟုတ္လား ..ဟင္.."
"ဟင့္အင္း တိုင္း ... မဟုတ္ဘူး ...မ တိုင္းအေပၚကို ကို ညီမေလး တစ္ေယာက္လိုပဲ .."
" မ ..ညာေနတာ .. ."
တိုင္းက သူမရဲ႕ တဇြတ္ထိုးဆန္တဲ့ အက်င့္အတိုင္း သု ႔ကို နမ္းဖို႔ ႀကိဳးစားတယ္။ သု ေျခလွမ္းေတြကို ေနာက္ဆုပ္ကာ သူမရဲ႕ ကိုယ္ကို ေရွ႕ဆက္မတိုးဖို႔ တားလိုက္တယ္။
"တိုင္း ....မ ...မုန္းမိလိမ့္မယ္..."
ဆက္ၿပီးလည္း သူမေရွ႕မွာ သု ေနဖို႔ အင္အားမရွိလို႔ အခန္းထဲက ေျပးထြက္ခဲ့တယ္။ အခန္းအျပင္မွာ သု ခဏ တာ ရပ္ကာ ဘာေၾကာင့္မွန္း မသိ ငိုမိလိုက္တယ္။ ျဖဴစင္ေနတဲ့ တို႔သံေယာဇဥ္ေတြကို အေရာင္ မဆိုးခ်င္ပါနဲ႔ သု။ ဒီလမ္းက မွားေနတယ္ လို႔ ပဲ မ ေလ တိုင္းကို ေထာက္ျပခ်င္တယ္။
ေလွကားအတိုင္း တလွမ္းျခင္း သု ဆင္းသြားေတာ့ ဧည့္ခန္းထဲမွာ အန္တီေမ့က္ုိ ေတြ႕တယ္။ သု လည္း အန္တီရဲ႕ ေဘးမွာ တိတ္တဆိတ္ဝင္ထိုင္လိုက္သည္။
"အန္တီေမ....."
"ေအး ....သမီးသု ေျပာေလ.."
အန္တီရဲ႕ ပံုစံက အရမ္းကို ပင္ပန္းေနတဲ့ပံုပါပဲ၊ လူပင္ပန္းတာ မဟုတ္ စိတ္ပင္ပန္းေနတဲ့ ပံုစံ။
"အန္တီ အဆင္ေျပရဲ႕လား.....သမီးတို႔ရွိပါတယ္ အားမငယ္ပါနဲ႔ေနာ္.."
"အန္တီ အားမငယ္ပါဘူး သမီးသုရယ္...အန္တီေလ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္မႈေတြကို မခံနိုင္ေတာ့လို႔ပါ.."
သု လည္း အန္တီ့ကို ေငးေမာၾကည့္မိတယ္။ ေယာက်ၤားရွိစဥ္က ေယာက်ၤားက အိမ္ေထာင္ေရးေဖာက္ျပန္တယ္ဆိုၿပီး ပတ္ဝန္းက်င္ရဲ႕ ရႈံခ်မႈခံရ၊ ေယာက်ၤားနဲ႔ ကြာရွင္းၿပီး ျပန္ေတာ့လည္း အခုမွ အသက္ 17သာရွိေသာ သမီးေလးနွင့္ ပတ္ဝန္းက်င္ ထိကပါးရိကပါးလုပ္တာ ခံရသလို၊ သမီး ျဖစ္သူကလည္း ဘား ကို အခ်ိန္မွန္သြားကာ ပ်က္စီးေနျခင္းပင္ျဖစ္တယ္။
"အန္တီ ဘာဆက္လုပ္ဖို႔ စိတ္ကူးထားလဲ.."
"အန္တီ .....ဘဝ သစ္စရေတာ့မွာေပါ့ သမီးရယ္..
အန္တီ ..အိမ္ေျပာင္းေတာ့မလို႔..."
အိမ္ေျပာင္းေတာ့ မလို႔ဆိုတဲ့ စကားရဲ႕ အေနာက္မွာ သု ခံစားရလိုက္တာက အဆံုးသတ္မလွေသာ ခြဲခြာျခင္းေတြလား။ သု တို႔နဲ႔ တကယ္ ခြဲရေတာ့မွာလား။
ႊ"ဘာလို႔လဲ ..အန္တီရယ္ .."
"သမီး သိတဲ့ အတိုင္းပဲေလ...တိုင္းက အန္တီ့ကိုလည္း ႐ြဲ႕ၿပီး သူလုပ္ေနတာ . သူ႔အေဖကလည္း သူ႔ကို လစဥ္ေထာက္ပံ့ေပမယ့္ သူ က ေငြေတြကို လက္မခံဘူးေလ..အန္တီက သူ႔ဘဝ ေရွ႕ေရးအတြက္ အဲ့ေငြေတြကို လက္ခံခိုင္းရင္ သူက အန္တီ့ကို ႐ြဲ႕တယ္.. သူအေဖကိုလည္း ႐ြဲ႕ၿပီး ပ်က္စီးေနတာ..ၿပီးေတာ့ အန္တီရဲ႕ အေဒၚရွိတဲ့ၿမိဳ႕နယ္ကို အန္တီေျပာင္းေတာ့မယ္ သမီး ..ေလလြင့္ေနတဲ့ အန္တီစိတ္ေတြ အသစ္ျပန္ေမြးဖြားနိုင္ေအာင္ေပါ့..."
အခ်ိန္အၾကာႀကီး ထိ သုေတြေဝသြားမိတယ္။ အတန္ၾကာမွ သု ေျပာမိလိုက္တဲ့စကားက "ေအာ္ "ဆိုတဲ့ စကားတစ္လံုးသာ။ သု တကယ္ႀကီး အတိုင္းတာနဲ႔ ေဝးရေတာ့မွာပါလား။
ဘယ္လို အေျခအေနနဲ႔ အခ်ိန္အခါမွာ ခြဲခြာရပါေစ သု ကေတာ့ ညီမေလး တစ္ေယာက္လိုပဲ သေဘာထားေနမွာပါ။
သု လည္း တိတ္ဆိတ္ျခင္းေတြနဲ႔ မိမိရဲ႕ အိမ္ကို ျပန္လာတဲ့ လမ္းဟာ အထီးက်န္ဆန္လြန္းေနခဲ့သလား။
🌷🌷🌷🌷
"အန္တီသီတာ ...မသုေရာ ...."
အိမ္ထဲကို အေျပးတေကာ ဝင္လာတဲ့ အတိုင္းတာေလးေၾကာင့္ အိမ္ေဘးမွာ ပန္းပင္ေတြ ေရေလာင္းေနတဲ့ ေဒၚသီတာ အိမ္ထဲ ဝင္ကာ ေျပာလိုက္တယ္။
"တိုင္းေလး ... သမီးရဲ႕ မမက ..ဒီေန႔မနက္အေစာပဲ.
သူ႔သူေ႒းရဲ႕ အိမ္မွာ ဘုရားေနကဇာတင္ရွိလို႔ သြားတယ္ေလ..."
"ဟုတ္လား .."
တ္ုိင္း တကယ္ေတာ့ တညလံုးငိုေနခဲ့တာပါ။ အိမ္ေျပာင္းၿပီး တာက အရမ္းႀကီး မဆန္းေပမယ့္ မသုက တိုင္းနဲ႔ ေဝးရင္းတိုင္းကို အရမ္းစိမ္းသြားမွာ။
"သမီးတို႔ ဒီေန႔ ေျပာင္းၾကမွာလား..."
"ဟုတ္တယ္ သီသီ.."
တိုင္း လည္း ေဒၚသီတာရဲ႕ ခါးကို လွမ္းဖက္လိုက္တာ နြဲ႕နြဲ႕ေလး ေျပာလိုက္တယ္။
"ၾကည့္စမ္းပါအံုး ..ကေလးေလးက်ေနတာပဲ ..မငိုပါနဲ႔
အန္တီ သီတာတို႔ အိမ္ကို အၿမဲလာလည္ရမယ္ ၾကားလား
လိမ္လိမ္မာမာလည္း ေနရမယ္ေနာ္..."
"ဟုတ္..."
အန္တီ့ကို မသု ဘယ္အခ်ိန္ျပန္လာမွာလဲလို႔ တိုင္း ေမးေပမယ့္ အခ်ိန္ေတြဟာ မတိက်ခဲ့ပါ။ တ္ုိင္း ေစာင့္ပါတယ္၊ အိမ္ေပၚက ပစၥည္းေတြကားေပၚတက္တဲ့အထိ၊ ထိုကားေလး ထြက္သြားၿပီး အခ်ိန္အၾကာႀကီး ထိ၊ မသု ဟာ လံုးဝ ေပၚမလာခဲ့ပ္ဘူး။
"တိုင္း ..သြားရေအာင္.."
ေမေမက တိုင္းကို လွမ္းေျပာတယ္။ တိုင္းရဲ႕ အာရံုေတြက မသုတို႔ အိမ္ဖက္ က တံခါးေလးကို ပဲ ေငးေနမိတယ္။ တိုင္း အေပၚမွာ အေလးမထားခဲ့တဲ့ မရဲ႕ စိတ္သေဘာထား တိုင္း နားလည္ လိုက္ပါတယ္။ တိုင္း ဘက္က မအေပၚထားခဲ့တဲ့ အျဖဴေရာင္မဟုတ္ခဲ့ေသာ သံေယာစဥ္တို႔ကိုလည္း တိုင္း ေလ ဆက္ၿပီး ရင္ဘက္ထဲကာ မကို ခ်စ္တဲ့ နွလံုးသား တစ္စံုနဲ႔ ရွင္သန္ေနမွာ။ နႈတ္ဆက္ခဲ့တယ္ ....မ .....
🌷🌷🌷🌷
မဟုတ္ဘူး၊ သု ဟာ ထိုကဲ့သို႔ေသာ မိန္းကေလးတစ္ေယာက္ မျဖစ္ရဘူး။ သု ရဲ႕ ေခါင္းထဲမွာ ဘာလို႔ အတိုင္းတာနဲ႔ ပတ္သတ္သမ်ွ အေၾကာင္းေတြ ျပည့္ေနရတာလဲ၊ ၿပီးေတာ့ ရင္ခုန္သံေတြ၊ သု အရမ္းမုန္းေသာ ထိုရင္ခုန္သံေတြ။ မျဖစ္သင့္ဘူး မဟုတ္လား ဘယ္လိုပဲ ျဖစ္ျဖစ္ သုက ေယာက်ၤားေလး ေတြကိုပဲ ရင္ခုန္ရမွာ မဟုတ္ဘူးလား။ အက်ည္းတန္စြာ မ်က္ရည္ေတြက ဘာလို႔ ပါးျပင္ေပၚမွာ စီးက်ေနရပါလဲ။
"သု ....သု ငိုေနတယ္ ဘာလို႔မ်ားလဲ သုရယ္
ကိုဘုန္းနဲ႔ ေလ်ွာက္လည္ရတာ မေပ်ာ္လို႔လား"
"သုမွာ စိတ္ညစ္စရာ နည္းနည္းရွိေနလို႔ပါ ကိုဘုန္း..."
ကိုဘုန္းက အလိုက္သိတယ္၊ သု စိတ္ကို နားလည္ေပးနိုင္ေပမယ့္ သု ခံစားေနတာေတြကိုေတာ့ ကိုဘုန္းနားမလည္ေပးနိုင္ဘူး။ သူက တိတ္တဆိတ္ ကားေမာင္းေနရင္းမွာ သုကို ေျပာသည္။
"ဘယ္သြားခ်င္ေသးလဲ ...သု.."
"ကိုဘုန္း.."
"ဟင္..!"
"အခ်စ္ဆိုတာ ဘာလဲဟင္.."
ကိုဘုန္း ေမးတဲ့ ေမးခြန္း သုကျပန္ေျပာတဲ့ စကားေတြဟာ အဆက္အစပ္မရွိမွန္း သိေပမယ့္ သု သိခ်င္တာကိုပဲ အရင္ေမးမိတာ အတၲႀကီးရာ ေရာက္သြားမလား။
"ဟူး ......"
ကိုဘုန္းက ကားစီယာတိုင္ကို တင္းတင္းကိုင္ကာ ေလပူတစ္ခ်က္ကို မႈတ္ထုတ္ရင္း သု႔ကို တခ်က္ၾကည့္ကာေျပာတယ္။
"အင္း ...ကိုယ့္အတြက္ေတာ့ အခ်စ္ဆိုတာ ..သုပဲ
သု႔က္ုိ ျမင္ေနရရင္ ..ကိုယ္ကို ေပ်ာ္႐ႊင္ေစတယ္ ၿပီးေတာ့
ကိုယ္က သုကို ခ်စ္ေနရရင္ကို ေက်နပ္ေနသူဆိုေတာ့ သု႔ဘက္က ဘယ္လို အေျဖမ်ိဳးကိုပဲ ျဖစ္ျဖစ္ ကိုယ္က လက္ခံဖို႔ အဆင့္သင့္ပဲ...အဲ့တာကကိုယ့္ရဲ႕အခ်စ္အေပၚ ခံယုူခ်က္ပဲ သု"
"ဟုတ္လား...."
သု ခပ္ေတြေတြေလးပဲျပန္ေျပာမိတယ္။ သုအတြက္ အခ်စ္ဆိုတာ 'တိုင္း'ဆိုတဲ့ နာမည္ေလး ၾကားတာနဲ႔ ရင္ခုန္တာမ်ိဳးလား။
မျဖစ္နိုင္တဲ့ အရာကို သု ေရွ႕ဆက္ဖို႔ သတၱိလည္း မရွိသလို ဘယ္သူ႔ကိုမွလည္း မထိခိုက္ေစခ်င္ဘူး။
"သု...နဲ႔ တြဲရေအာင္ ကိုဘုန္း.."
"ဟင္..!!"
ရုပ္တရက္ မထင္မွတ္ထားေသာ အခ်ိန္အခါမွာ အခုလို အေျခအေနေတြနဲ႔ တြဲရေအာင္ဆိုတဲ့စကားကို ၾကားရေသာ ကိုဘုန္းလည္း အံ့ၾသသြားမည္ဟု ထင္သည္။ သု ကေလ ဘဝမွာ ဘယ္ေတာ့မွ ေနာင္တမရမဲ့ အလုပ္ကိုပဲ လုပ္ခ်င္ခဲ့တာ၊ ဘာလို႔လဲဆိုေတာ့ သု ဘဝ တေလ်ွာက္လံုး တစ္စံုတစ္ေယာက္ကို လြမ္းၿပီး ေနာင္တေတြနဲ႔ မရွင္သန္ခ်င္လို႔ပဲ။
သုကိုယ္တိုင္ အခ်စ္ဆိုတဲ့ အရာႀကီးကို လက္မခံနိုင္ဘူး။
ေပ်ာ္႐ႊင္ျခင္းလား ၊ ေပးဆပ္ျခင္းလား ဘာဆိုတာ မေသခ်ာတဲ့ အေျခအေနမွာ ကိုဘုန္းကို သု တြဲရန္ ဆံုးျဖတ္ခဲ့တယ္။ သု တကယ္ေရာ ကိုဘုန္းကို ခ်စ္လားဆိုရင္ မသိဘူးပဲ ေျဖမယ္။
တခါတေလ အခ်စ္ဆိုတဲ့အရာက သု ႔အတြက္ေတာ့ တိတ္ဆိတ္ျခင္းေတြပဲ ......
🌷🌷🌷🌷
______________________________________
Unicode__
ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ
အပိုင်း(8)
************************************
"ကလေးရဲ အနာဂဏ်ကိုနည်းနည်းလေး တွေးပေးပါလို့
မေသီ တောင်းဆိုချင်တယ် အကိုမောင်"
မေမေနဲ့ ဖေဖေ သူတို့ရဲ့ အခန်းထဲမှာတိုးတိုးလေးပြောနေသော စကားများကို အတိုင်းတာ မထင်မှတ်ပဲ ကြားလိုက်ရတယ်။ ထိုအခန်းတံခါးနားကပ်ကာပဲ နားစွန့်ပြီး ဆက်နားထောင်နေမိတော့တယ်။ စိတ်ထဲမှာတော့ နာကျင်ပြီး မျက်ရည်တွေက ကျနေလေပြီ။
"မေသီ ......ငါ...."
"တော်ပါတော့ ..ရှင် ဘာလို့အခုလို မေသီတို့ သားအမိအပေါ်လုပ်ရက်ရတာလဲ .အကိုသမီးလေးက အပျိုလေး ..ပြီးတော့ ဖောက်ပြန်ရင်လည်း ဘာလို့ ကိုယ့်သမီးနဲ့ ရွယ်တူလောက်ရှိတဲ့ မိန်းကလေးနဲ့လဲ ....ကျွန်မ ကွာရှင်းချင်တယ် ဒါပေမယ့်
သမီးလေး မျက်နှာရှိနေလို့ပါ..ကျေးဇူးပြုပြီး..."
ဒူးထောက်မတတ်တောင်းပန်ပြီး ပြောနေတဲ့ မေမေ့စကားတွေက တ်ိုင်းရင်ကို နာကျင်စေသည်။ ဖေဖေ့ကို မုန်းတယ်၊ အခန်းတံခါးကို အားနဲ့ ဆွဲဖွင့်လိုက်ပြီး အတိုင်းတာ အခန်းထဲ ဝင်သွားခဲ့တယ်။
"ဟင့်အင်း သမီး အတွက်မလိုဘူး မေမေ..."
"တိုင်း..."
မေမေက ဝင်လာသော တိုင်းကိုကြည့်ကာ တိုင်းရဲ့ လက်တွေဆုပ်ကိုင်ပြီး ဖေဖေကို ပြန်ပြောသည်။
"ဘယ်လိုလုပ်မှာလဲ အကိုမောင်.."
ဖေဖေဟာ အရမ်းတိတ်ဆိတ်နေခဲ့ပါတယ်။ ဘာကိုမှ ဂရုစိုက်သော မျက်နှာထားမျိုးဖြင့် တိုင်းကို ကြည့်ကာပြောတယ်။
"ဖေဖေ လွန်သွားခဲ့ပြီ သမီး..."
တိုင်း ရပ်နိုင်စွမ်းအားမရှိတော့ဘဲ ကြမ်းပြင်ပေါ်ထိုင်ချကာ အော်ငိုခဲ့သည်။မေမေက စာချုပ်ယူကာ ဖေဖေ့ကို လက်မှတ်ထိုးခိုင်းတယ်။ တိုင်းတို့ရဲ့ မိသားစု ဘဝလေး တကယ်ပျက်တော့မှာလား။တိုင်း တခါမမျှော်လင့်ခဲ့သော၊ မထင်မှတ်ခဲ့သော အဖြစ်အပျက်ကို တိုင်းကြုံရပြီ။ ဘယ်လိုရှေ့ဆက်ရမှာလဲ။
"ဒီအ်ိမ်နဲ့ ..ငါပိုင်တဲ့ စည်းစိမ်တဝက်ကို မင်းတို့ သားအမိကို ခွဲပေးခဲ့မယ်..."
မေမေ ငိုနေတာလား တိုင်း သတ်ိတောင်မထားလိုက်နိုင်ပဲ
တိုင်း ရဲ့ အခန်းထဲပြေးဝင်ကာ ရှုံးပွဲချငိုမိတော့တယ်။ဘာလို့ ကံကြမ္မာက တိုင်းကိုမှ ရက်စက်ရတာလဲဟင်။
"ငါလည်း သမီးလေးကို ချစ်ပါတယ်....ဒါပေမယ့်.."
"ရပြီ ရှင်သွားတော့ ...ရှင့်မျက်နှာကို ဒီတသက်မတွေ့ရဖို့
ကျွန်မဆုတောင်းတယ် ကိုမောင်မောင်.."
တိုင်း မြင်လိုက်ပါတယ်၊ အထုတ်အပိုးတွေကားပေါ်တင်ကာတိုင်းကိုတောင် မနှုတ်ဆက်ဘဲ ထွက်ခွာသွားတဲ့ အဖေဆိုသော လူသားရဲ့ ကျောပြင်လေး။ တိုင်းမှာ အခု မေမေပဲ ရှိတော့သည်။
🌷🌷🌷
"စာကို အာရုံစိုက်ပါ ...တိုင်းရယ် ..."
"ဟုတ်တယ် တိုင်းရာ ..နင့်ကြည့်ရတာ အားမရလိုက်တာ
ဘာမှ အားမငယ်ပါနဲ့ဟ ငါတို့ရှိတယ်လေနော်.."
တိုင်း ဘာမှ မပြောပဲ အသံတိတ်ငိုကြွေးနေမိတယ်။
အားငယ်တာထက် ဆိုးတာက ရှက်ခြင်း၊ အခုဆို ပတ်ဝန်းကျင်ရဲ့ အပြောအဆ်ိုတွေ၊ ရှုံချမှုတွေကို ခံနေရတာက မေမေ။
ဆွေးမျိုးတွေ ရှိတဲ့ နယ်ကိုပဲ ပြန်မည် ဟုလည်း မေမေကပြောတယ်၊ တိုင်းရဲ့ ပညာရေးက တဖက်နဲ့မို့ မေမေ ကြိတ်ခံနေခဲ့ရတာ။
"ဟူး ..နင့်ဖေဖေက မမိုက်ပါဘူးဟာ
ဟိုမိန်းမကလည်း ရုပ်ကလေး ဗန်းပြပြီး . မြူစွယ်သွားတာ
ကြည့်နေ အချိန်တန်လို့ နင့်အဖေမှာ ငွေဆိုတဲ့ အရာမရှိတော့ရင် ဂျောင်းပဲ ..."
တိုင်း ဘာမှ မပြောပဲ ငေးမောကာ တွေဝေနေမိတယ်။ တိုင်း ဘာဆက်လုပ်ရမှာလဲ။
"တာတာ ..."
တိုင်းတို့ အဖွဲ့နားရောက်လာသော ဒေါက်တာ ဇွဲရန်နိုင်။
သူ့ပုံစံကတော့ အမြဲကျော့မော့နေတာပေါ့။ အခုလောက်ဆို မေမေပြောသော ထိုစေ့စပ်ရန်ကိစ္စကလည်း ကိုဇွဲရဲ့ မိဘတွေ ဘက်က ဖျက်သိမ်းပြီလို့ သိရတယ်။ ကောင်းတာပေါ့ တိုင်းလည်း ထိုကိစ္စကို လုံးဝ မှ လက်မခံနိုင်ခဲ့တာ။
"ဘာလုပ်လာတာလဲ ကိုဇွဲ..."
ကိုဇွဲက တိုင်းတို့ သူငယ်ချင်းတွေကို တချက်ကြည့်ကာ..
"စိတ်ညစ်နေတာလား ...တာလေး ..
ကိုဇွဲလည်း သတင်းကြားရကတည်းက စိတ်မကောင်းဖြစ်နေတာ ဘာတွေ ဘယ်လို ဖြစ်ကုန်ရတာလဲ .."
တိုင်း စိတ်ပိုညစ်စွာဘဲ ဆံပင်တွေကို ကုတ်လိုက်မိတယ်။
"ကိုဇွဲ ..ဘားသွားရအောင်.."
"ဟင်...!"
တိုင်းရဲ့ အကျင့်ကို သိနေတော့ သူငယ်ချင်းတွေကလည်း မတားကြပါ။ အမြဲ တိုင်းဘေးမှာ ကိုဇွဲပါတော့ သူတို့လည်း စိတ်ချကြသည့်ပုံပါပဲ။ ဘေးက စာအုပ်တွေထည့်ထားတဲ့ အိတ်ကို ကိုဇွဲကို ပေးလိုက်ပြီး...
"သွားမယ်လေ .."ဟု တိုင်းပြောကာ ဘာကိုမှ ဂရုမစိုက်တော့ သလို တိုင်းရဲ့ စိတ်တွေ လေနေခဲ့တော့သည်။
ကိုဇွဲက တိုင်းကို ဂရုစိုက်ပါတယ်၊ ဘား မှာ စကားတွေ အများကြီးပြောပေးတယ်။ အများကြီး မသောက်ဖို့ပြောတယ်၊ တိုင်းက မူးလာရင် သူ့ကို ပါးတွေ ရော ခေါင်းတွေကိုပါ ထုတယ်။
ဒါကို သူက သည်းခံပြီး တိုင်းကို ချစ်ပေးတယ်၊ အဆုံးထိ တိုင်းပြောနေမယ့် စကားက တိုင်းက မမသုက လွဲပြီး တခြားသူ ရင်ထဲမတိုးတော့တာလည်း ဖြစ်နိုင်တယ်။
🌷🌷🌷🌷
မသုတို့ အိမ်ရှေ့မှာ BMW ကားကြီး တစ်စီးရပ်ထားကာ ထိုကားပေါ်မှ မကို ဆင်းလာတာ တိုင်းတွေ့လိုက်တော့ တ်ိုင်းလည်း မူးနေရမှ ကားပေါ်က ဆင်းကာ ထိုကားဆီ တယိုင်းတယိုင် လျောက်သွားခဲ့တယ်။
"ဟင် ..တိုင်း.."
မသုက တိုင်းကို မြင်တာနဲ့ အံ့သြသလို အမူအယာ၊ အံ့သြမှာပေါ့ တိုင်းရဲ့ပုံစံက ပုံပျက်ပမ်းပျက်အမူးသမားပုံ။ သူ့ဘေးမှာက ဂုဏ်သရေရှိ လူကြီးမင်းမဟုတ်လား။
"မ ....အလုပ်က ပြန်လာတာလား..."
တိုင်းရဲ့ မပီကလာ ပီကလာ စကားတွေက မသုကို မျက်နှာမဲ့စေသလား။
"ဟုတ်တယ် ..တိုင်းရဲ့ သောက်လာပြန်ပြီလား
မင်းက ကလေးရှိသေးတာနော် တိုင်း ဘာလို့ မဟုတ်တာတွေ ရှောက်လုပ်နေရတာလဲ.."
ဘေးက ကိုဘုန်းရှိန်ဝါကပါ တိုင်းကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေမှာလား။ အို ဂရုမစိုက်ပါဘူး တိုင်း ဂရုစိုက်တာက မမသု တစ်ယောက်ပဲ။
"အွန်း .....ဟုတ်ပါတယ် တိုင်းက .."
တိုင်းရဲ့ စကားတွေ ဆက်မပြောဖြစ်ပဲ မမဘေးနားက ကိုဘုန်းရှိန်ဝါကို ခပ်စောင်းစောင်းကြည့်မိလိုက်တယ်။ တိုင်းက မူးရင် သွေးဆိုးလေတော့ ရုပ်တရက် ထိုလူကြီးရဲ့ ပါးခုံးကို ဆောင့်တွန်းလိုက်တယ်။
"ခင်ဗျားကြီးက မသုကို ဘယ်လောက်ချစ်နိုင်မှာမို့လို့လဲ.."
"တိုင်း ...မင်းဘာလုပ်..."
မသုက ထိုလူကြီးကိူ အားနာသော အကြည့်တွေနဲ့ကြည့်ကာ တောင်းပန်တယ်။ တိုင်း မုန်းလိုက်တာ၊ ထိုမျက်လုံး ဟုတ်တာပေါ။ တိုင်းအတွက် အချစ်မရှိသော မရဲ့ အကြင်နာ အကြည့်တွေ။
"ဟ်ို သု ကိုယ်ပြန်တော့မယ်
သုရဲ့ ညီမလေးကို အိမ်ထဲအထိလိုက်ပို့ပေးလိုက်ပါကွာ
သူ့ကြည့်ရတာ အတော်မူးနေပြီထင်တယ်.."
"မမူးဘူး ...ငါက ဘာလို့မူးရမှာလဲ..."
မသုက တိုင်းရဲ့ ကိုယ်လေးကို ထိန်းကာပဲ ထိူလူကြီးကို နှုတ်ဆက်တယ်။တိုင်းကတော့ စိတ်ထဲမှာ ထိုလူကြီးကို ပြောချင်တာတွေ အများကြီးရှိပေမယ့် သူက ကားပေါ်တက်ကာ ပြန်သွားတော့တယ်။
"တိုင်း...ဘယ်လိုဖြစ်နေတာလဲ ...ကိုဘုန်းက လူကြီးလူကောင်းပါ...ဘာလို့ ရိုင်းနေရတာလဲ..."
"မသိဘူး ..တိုင်း အဲ့လူကြီးကို မုန်းတယ်....ပြီးတော့
တိုင်းလေ......"
တိုင်းလေ ဆိုတဲ့ စကားရဲ့အနောက်မှာ မူမမှန်ခြင်းများစွာ ပါမမှန်း သု ကြိုသိနေခဲ့လ်ုိ့ သူ့ရဲ့စကားများကို ဆက်ပြောခွင့်မပေးခဲ့ပါ။
"အိမ်မှာ အန်တီတစ်ယောက်တည်း မလား...."
သုလည်း တိုင်းကိုယ်လေးကို တွဲကာ အိမ်ပေါ်လိုက်ပို့လိုက်တော့ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေသော အန်တီ့ကို တွေ့ရသည်။ အန်တီ့ကို သု ခဏနော်ဆိုတဲ့ သဘောမျိုး လုပ်ပြကာ
တိုင်းရဲ့ အခန်းထဲထိ သူမကို ပို့ပြီး အိပ်ယာပေါ် ချလိုက်တော့ သူမက သုရဲ့ ပါးခုံးတွေကို လက်ချောင်းသွယ်သွယ်လေးတွေနဲ့ တွဲခ်ိုထားတယ်။
"တိုင်း ... လွှတ်.."
ကျွန်မကို ရီဝေဝေကြည့်နေတဲ့ သူမရဲ့ မျက်လုံးတွေနဲ့ ဆန့်ကျင်ဘက်ကို ကျွန်မ မျက်နှာလွဲထားခဲ့တယ်။ သုရဲ့ ရင်ခုန်သံတွေ မြန်ဆန်နေတာကလည်း တိုင်းတစ်ယောက် ကြားနိုင်လောက်တဲ့ အနေအထားမှာ။
"မ ....ချစ်တယ် ...."
ခပ်ရှရှ အသံနဲ့ ပြောနေသော သူမရဲ့ စကားမှာ ဝမ်းနည်းမှု အရိပ်အယောင်တွေ ပါနေမယ်ဆိုတာ သု သ်ိတယ်။ သုကပဲ ဖက်ထားတဲ့ သူမရဲ့ လက်တွေကို ဖြုတ်ချကာ အခန်းထဲက ထွက်ရန် ပြင်လိုက်တော့ သူမကပါ ထရပ်လာတယ်။
"မ ...တိုင်းတို့ အိမ်ပြောင်းတော့မယ်.."
သု ရဲ့ ခြေလှမ်းတွေ တိကနဲ ရပ်တန့်သွားတယ်။ သိူ့ပေမယ့် သူမနဲ့ မျက်နှာခြင်းက ဆန်ကျင်ဘက်မှာ သု ရှိနေတယ်။
"တိုင်းလေ ....မကို အရမ်းချစ်တယ်"
သု သူမရှိရာ အရပ်ကို မျက်နှာ မူကာ သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်ကာ ပြောလိုက်တယ်။
"တိုင်း ...ညီမလေး "
"မဟုတ်ဘူး မခေါ်နဲ့ ...မ သိပါတယ် သုက မအပေါ် ညီမတစ်ယောက်ရဲ့ သံယောဇဉ်ထက်ပိုတာကို ..မ လည်း တိုင်း အပေါ် ကို အဲ့လိုပဲ ခံစားနေရတာ မဟုတ်လား ..ဟင်.."
"ဟင့်အင်း တိုင်း ... မဟုတ်ဘူး ...မ တိုင်းအပေါ်ကို ကို ညီမလေး တစ်ယောက်လိုပဲ .."
" မ ..ညာနေတာ .. ."
တိုင်းက သူမရဲ့ တဇွတ်ထိုးဆန်တဲ့ အကျင့်အတိုင်း သု့ ကို နမ်းဖို့ ကြိုးစားတယ်။ သု ခြေလှမ်းတွေကို နောက်ဆုပ်ကာ သူမရဲ့ ကိုယ်ကို ရှေ့ဆက်မတိုးဖို့ တားလိုက်တယ်။
"တိုင်း ....မ ...မုန်းမိလိမ့်မယ်..."
ဆက်ပြီးလည်း သူမရှေ့မှာ သု နေဖို့ အင်အားမရှိလို့ အခန်းထဲက ပြေးထွက်ခဲ့တယ်။ အခန်းအပြင်မှာ သု ခဏ တာ ရပ်ကာ ဘာကြောင့်မှန်း မသိ ငိုမိလိုက်တယ်။ ဖြူစင်နေတဲ့ တို့သံယောဇဉ်တွေကို အရောင် မဆိုးချင်ပါနဲ့ သု။ ဒီလမ်းက မှားနေတယ် လို့ ပဲ မ လေ တိုင်းကို ထောက်ပြချင်တယ်။
လှေကားအတိုင်း တလှမ်းခြင်း သု ဆင်းသွားတော့ ဧည့်ခန်းထဲမှာ အန်တီမေ့က်ို တွေ့တယ်။ သု လည်း အန်တီရဲ့ ဘေးမှာ တိတ်တဆိတ်ဝင်ထိုင်လိုက်သည်။
"အန်တီမေ....."
"အေး ....သမီးသု ပြောလေ.."
အန်တီရဲ့ ပုံစံက အရမ်းကို ပင်ပန်းနေတဲ့ပုံပါပဲ၊ လူပင်ပန်းတာ မဟုတ် စိတ်ပင်ပန်းနေတဲ့ ပုံစံ။
"အန်တီ အဆင်ပြေရဲ့လား.....သမီးတို့ရှိပါတယ် အားမငယ်ပါနဲ့နော်.."
"အန်တီ အားမငယ်ပါဘူး သမီးသုရယ်...အန်တီလေ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို မခံနိုင်တော့လို့ပါ.."
သု လည်း အန်တီ့ကို ငေးမောကြည့်မိတယ်။ ယောင်္ကျားရှိစဉ်က ယောင်္ကျားက အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုပြီး ပတ်ဝန်းကျင်ရဲ့ ရှုံချမှုခံရ၊ ယောင်္ကျားနဲ့ ကွာရှင်းပြီး ပြန်တော့လည်း အခုမှ အသက် 17သာရှိသော သမီးလေးနှင့် ပတ်ဝန်းကျင် ထိကပါးရိကပါးလုပ်တာ ခံရသလို၊ သမီး ဖြစ်သူကလည်း ဘား ကို အချိန်မှန်သွားကာ ပျက်စီးနေခြင်းပင်ဖြစ်တယ်။
"အန်တီ ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ.."
"အန်တီ .....ဘဝ သစ်စရတော့မှာပေါ့ သမီးရယ်..
အန်တီ ..အိမ်ပြောင်းတော့မလို့..."
အိမ်ပြောင်းတော့ မလို့ဆိုတဲ့ စကားရဲ့ အနောက်မှာ သု ခံစားရလိုက်တာက အဆုံးသတ်မလှသော ခွဲခွာခြင်းတွေလား။ သု တို့နဲ့ တကယ် ခွဲရတော့မှာလား။
ွှ"ဘာလို့လဲ ..အန်တီရယ် .."
"သမီး သိတဲ့ အတိုင်းပဲလေ...တိုင်းက အန်တီ့ကိုလည်း ရွဲ့ပြီး သူလုပ်နေတာ . သူ့အဖေကလည်း သူ့ကို လစဉ်ထောက်ပံ့ပေမယ့် သူ က ငွေတွေကို လက်မခံဘူးလေ..အန်တီက သူ့ဘဝ ရှေ့ရေးအတွက် အဲ့ငွေတွေကို လက်ခံခိုင်းရင် သူက အန်တီ့ကို ရွဲ့တယ်.. သူအဖေကိုလည်း ရွဲ့ပြီး ပျက်စီးနေတာ..ပြီးတော့ အန်တီရဲ့ အဒေါ်ရှိတဲ့မြို့နယ်ကို အန်တီပြောင်းတော့မယ် သမီး ..လေလွင့်နေတဲ့ အန်တီစိတ်တွေ အသစ်ပြန်မွေးဖွားနိုင်အောင်ပေါ့..."
အချိန်အကြာကြီး ထိ သုတွေဝေသွားမိတယ်။ အတန်ကြာမှ သု ပြောမိလိုက်တဲ့စကားက "အော် "ဆိုတဲ့ စကားတစ်လုံးသာ။ သု တကယ်ကြီး အတိုင်းတာနဲ့ ဝေးရတော့မှာပါလား။
ဘယ်လို အခြေအနေနဲ့ အချိန်အခါမှာ ခွဲခွာရပါစေ သု ကတော့ ညီမလေး တစ်ယောက်လိုပဲ သဘောထားနေမှာပါ။
သု လည်း တိတ်ဆိတ်ခြင်းတွေနဲ့ မိမိရဲ့ အိမ်ကို ပြန်လာတဲ့ လမ်းဟာ အထီးကျန်ဆန်လွန်းနေခဲ့သလား။
🌷🌷🌷🌷
"အန်တီသီတာ ...မသုရော ...."
အိမ်ထဲကို အပြေးတကော ဝင်လာတဲ့ အတိုင်းတာလေးကြောင့် အိမ်ဘေးမှာ ပန်းပင်တွေ ရေလောင်းနေတဲ့ ဒေါ်သီတာ အိမ်ထဲ ဝင်ကာ ပြောလိုက်တယ်။
"တိုင်းလေး ... သမီးရဲ့ မမက ..ဒီနေ့မနက်အစောပဲ.
သူ့သူဋ္ဌေးရဲ့ အိမ်မှာ ဘုရားနေဇာကာတင်ရှိလို့ သွားတယ်လေ..."
"ဟုတ်လား .."
တ်ိုင်း တကယ်တော့ တညလုံးငိုနေခဲ့တာပါ။ အိမ်ပြောင်းပြီး တာက အရမ်းကြီး မဆန်းပေမယ့် မသုက တိုင်းနဲ့ ဝေးရင်းတိုင်းကို အရမ်းစိမ်းသွားမှာ။
"သမီးတို့ ဒီနေ့ ပြောင်းကြမှာလား..."
"ဟုတ်တယ် သီသီ.."
တိုင်း လည်း ဒေါ်သီတာရဲ့ ခါးကို လှမ်းဖက်လိုက်တာ နွဲ့နွဲ့လေး ပြောလိုက်တယ်။
"ကြည့်စမ်းပါအုံး ..ကလေးလေးကျနေတာပဲ ..မငိုပါနဲ့
အန်တီ သီတာတို့ အိမ်ကို အမြဲလာလည်ရမယ် ကြားလား
လိမ်လိမ်မာမာလည်း နေရမယ်နော်..."
"ဟုတ်..."
အန်တီ့ကို မသု ဘယ်အချိန်ပြန်လာမှာလဲလို့ တိုင်း မေးပေမယ့် အချိန်တွေဟာ မတိကျခဲ့ပါ။ တ်ိုင်း စောင့်ပါတယ်၊ အိမ်ပေါ်က ပစ္စည်းတွေကားပေါ်တက်တဲ့အထိ၊ ထိုကားလေး ထွက်သွားပြီး အချိန်အကြာကြီး ထိ၊ မသု ဟာ လုံးဝ ပေါ်မလာခဲ့ပ်ဘူး။
"တိုင်း ..သွားရအောင်.."
မေမေက တိုင်းကို လှမ်းပြောတယ်။ တိုင်းရဲ့ အာရုံတွေက မသုတို့ အိမ်ဖက် က တံခါးလေးကို ပဲ ငေးနေမိတယ်။ တိုင်း အပေါ်မှာ အလေးမထားခဲ့တဲ့ မရဲ့ စိတ်သဘောထား တိုင်း နားလည် လိုက်ပါတယ်။ တိုင်း ဘက်က မအပေါ်ထားခဲ့တဲ့ အဖြူရောင်မဟုတ်ခဲ့သော သံယောစဉ်တို့ကိုလည်း တိုင်း လေ ဆက်ပြီး ရင်ဘက်ထဲကာ မကို ချစ်တဲ့ နှလုံးသား တစ်စုံနဲ့ ရှင်သန်နေမှာ။ နှုတ်ဆက်ခဲ့တယ် ....မ .....
🌷🌷🌷🌷
မဟုတ်ဘူး၊ သု ဟာ ထိုကဲ့သို့သော မိန်းကလေးတစ်ယောက် မဖြစ်ရဘူး။ သု ရဲ့ ခေါင်းထဲမှာ ဘာလို့ အတိုင်းတာနဲ့ ပတ်သတ်သမျှ အကြောင်းတွေ ပြည့်နေရတာလဲ၊ ပြီးတော့ ရင်ခုန်သံတွေ၊ သု အရမ်းမုန်းသော ထိုရင်ခုန်သံတွေ။ မဖြစ်သင့်ဘူး မဟုတ်လား ဘယ်လိုပဲ ဖြစ်ဖြစ် သုက ယောင်္ကျားလေး တွေကိုပဲ ရင်ခုန်ရမှာ မဟုတ်ဘူးလား။ အကျည်းတန်စွာ မျက်ရည်တွေက ဘာလို့ ပါးပြင်ပေါ်မှာ စီးကျနေရပါလဲ။
"သု ....သု ငိုနေတယ် ဘာလို့များလဲ သုရယ်
ကိုဘုန်းနဲ့ လျှောက်လည်ရတာ မပျော်လို့လား"
"သုမှာ စိတ်ညစ်စရာ နည်းနည်းရှိနေလို့ပါ ကိုဘုန်း..."
ကိုဘုန်းက အလိုက်သိတယ်၊ သု စိတ်ကို နားလည်ပေးနိုင်ပေမယ့် သု ခံစားနေတာတွေကိုတော့ ကိုဘုန်းနားမလည်ပေးနိုင်ဘူး။ သူက တိတ်တဆိတ် ကားမောင်းနေရင်းမှာ သုကို ပြောသည်။
"ဘယ်သွားချင်သေးလဲ ...သု.."
"ကိုဘုန်း.."
"ဟင်..!"
"အချစ်ဆိုတာ ဘာလဲဟင်.."
ကိုဘုန်း မေးတဲ့ မေးခွန်း သုကပြန်ပြောတဲ့ စကားတွေဟာ အဆက်အစပ်မရှိမှန်း သိပေမယ့် သု သိချင်တာကိုပဲ အရင်မေးမိတာ အတ္တကြီးရာ ရောက်သွာမလား။
"ဟူး ......"
ကိုဘုန်းက ကားစီယာတိုင်ကို တင်းတင်းကိုင်ကာ လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း သု့ကို တချက်ကြည့်ကာပြောတယ်။
"အင်း ...ကိုယ့်အတွက်တော့ အချစ်ဆိုတာ ..သုပဲ
သု့က်ို မြင်နေရရင် ..ကိုယ်ကို ပျော်ရွှင်စေတယ် ပြီးတော့
ကိုယ်က သုကို ချစ်နေရရင်ကို ကျေနပ်နေသူဆိုတော့ သု့ဘက်က ဘယ်လို အဖြေမျိုးကိုပဲ ဖြစ်ဖြစ် ကိုယ်က လက်ခံဖို့ အဆင့်သင့်ပဲ...အဲ့တာကကိုယ့်ရဲ့အချစ်အပေါ် ခံယုချက်ပဲ သု"
"ဟုတ်လား...."
သု ခပ်တွေတွေလေးပဲပြန်ပြောမိတယ်။ သုအတွက် အချစ်ဆိုတာ 'တိုင်း'ဆိုတဲ့ နာမည်လေး ကြားတာနဲ့ ရင်ခုန်တာမျိုးလား။
မဖြစ်နိုင်တဲ့ အရာကို သု ရှေ့ဆက်ဖို့ သတ္တိလည်း မရှိသလို ဘယ်သူ့ကိုမှလည်း မထိခိုက်စေချင်ဘူး။
"သု...နဲ့ တွဲရအောင် ကိုဘုန်း.."
"ဟင်..!!"
ရုပ်တရက် မထင်မှတ်ထားသော အချိန်အခါမှာ အခုလို အခြေအနေတွေနဲ့ တွဲရအောင်ဆိုတဲ့စကားကို ကြားရသော ကိုဘုန်းလည်း အံ့သြသွားမည်ဟု ထင်သည်။ သု ကလေ ဘဝမှာ ဘယ်တော့မှ နောင်တမရမဲ့ အလုပ်ကိုပဲ လုပ်ချင်ခဲ့တာ၊ ဘာလို့လဲဆိုတော့ သု ဘဝ တလျှောက်လုံး တစ်စုံတစ်ယောက်ကို လွမ်းပြီး နောင်တတွေနဲ့ မရှင်သန်ချင်လို့ပဲ။
သုကိုယ်တိုင် အချစ်ဆိုတဲ့ အရာကြီးကို လက်မခံနိုင်ဘူး။
ပျော်ရွှင်ခြင်းလား ၊ ပေးဆပ်ခြင်းလား ဘာဆိုတာ မသေချာတဲ့ အခြေအနေမှာ ကိုဘုန်းကို သု တွဲရန် ဆုံးဖြတ်ခဲ့တယ်။ သု တကယ်ရော ကိုဘုန်းကို ချစ်လားဆိုရင် မသိဘူးပဲ ဖြေမယ်။
တခါတလေ အချစ်ဆိုတဲ့အရာက သု့ အတွက်တော့ တိတ်ဆိတ်ခြင်းတွေပဲ ......
🌷🌷🌷🌷