《Zawgyi》
အပိုင္း - ၁၂၇
[ေနာက္ဆံုးေတာ့ ကိုယ္ မင္းကို ပိုင္ဆိုင္ရၿပီ - ၁]
ခ်င္းစုယြဲ႕ဟာ သူတို႔ ဘယ္ေလာက္ထိ ၾကားသြားလဲ မေသခ်ာသျဖင့္ ဘာလုပ္ရမွန္းပင္ မသိေတာ့ေပ။ ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ထံသို႔ လက္ကမ္းေပးလိုက္သည္။ "ဘာလို႔ မဝင္လာေသးတာလဲ?" ခ်င္းစုယြဲ႕က ပံုမွန္ေျခလွမ္းေတြနဲ႔ပဲ လမ္းေလၽွာက္လာ၏။
ခ်င္းစုယြဲ႕ရဲ႕ ေျခတစ္လွမ္းစီတိုင္းမွာ သူမက ႏွလံုးသားထဲမွေနကို ငိုခ်ခ်င္မိေလသည္။ သူတို႔ ၾကားကို ၾကားသြားၾကမွာပဲ!
ဘာလို႔ ဘယ္သူမွ ငါ့ကို မရီၾကတာလဲ?
ခ်င္းစုယြဲ႕က အရွက္သည္းေနေသာ ဇနီးတစ္ေယာက္ကဲ့သို႔ အထိတ္ထိတ္ အလန္႔လန္႔ႏွင့္ ေလၽွာက္လာသည္ကို ေတြ႕ေတာ့ ခ်န္းစီႏ်န္က စလိုက္သည္။ "တံခါး အျပင္ဘက္မွာတုန္းက မင္း ကိုယ့္ကို ပိုင္ဆိုင္ေၾကာင္း ခိုင္ခိုင္မာမာ အတိအလင္း ေၾကျငာတုန္းကက်ေတာ့ ေတာ္ေတာ္ေလးကို ရဲရင္ခဲ့တာမလား?"
ခ်င္းစုယြဲ႕ဟာ ခ်န္းစီႏ်န္၏ ရယ္ျမဴးရိပ္သန္းေနသည့္ မ်က္ဝန္းအစံုအား ထိတ္လန္႔တုန္လႈပ္စြာ စိုက္ၾကည့္လိုက္သည္။
ထင္တဲ့အတိုင္းပဲ! ထင္တဲ့အတိုင္းပဲ!
"ပါးစပ္ပိတ္ေတာ့" ခ်င္းစုယြဲ႕က ေတြးေတာင္ မေတြးမိေတာ့ပဲ သူ႔ကို အမိန္႔ေပးလိုက္၏။
ခ်င္းစုယြဲ႕ ဘယ္လိုေတာင္ အရွက္သည္းသြားသည္ကို ၾကည့္ၿပီး ခ်န္းစီႏ်န္က ရယ္ေမာလိုက္ေတာ့သည္။ "ကိုယ္ ပါးစပ္ပိတ္လိုက္ရင္ေတာင္ ဘာမွ မတတ္ႏိုင္ေတာ့ဘူး ... တစ္ကယ္ေတာ့ ဒီမွာရွိေနတဲ့လူတိုင္း ၾကားလိုက္ရတယ္" ခ်န္းစီႏ်န္က ဆက္ေျပာ၏။ "အခု ဒီေနရာမွာ သက္ေသေတြ အမ်ားႀကီး ကိုယ့္မွာ ရွိတယ္ေနာ္ .. မင္း ဒီတစ္ႀကိမ္ေတာ့ ထြက္ေျပးလို႔ မလြတ္ေတာ့ဘူး"
ခ်င္းစုယြဲ႕က ပလံုးပေထြး ေျပာလိုက္၏။ "ကၽြန္မ ထြက္ေျပးမယ္လို႔ ဘယ္သူေျပာလဲ?"
ခ်င္းစုယြဲ႕က သူ႔အေပၚ သေဘာထားအား ဝန္ခံလိုက္သည္ကို ၾကားလိုက္ရေတာ့ ခ်န္းစီႏ်န္မွာ အရမ္းကို ေပ်ာ္ရႊင္ဝမ္းေျမာက္သြားလ်က္ ခ်င္းစုယြဲ႕အား သူ႔လက္ေမာင္းၾကား၌ ေပြ႕ဖက္ထားခ်င္မိ၏။ ဒါေပမယ့္ အခန္းတြင္းမွာ လူေတြ အမ်ားႀကီး ရွိေနသျဖင့္ သူ႔ရဲ႕ျပင္းျပသည့္ဆႏၵအား ထိန္းခ်ဳပ္ေနရသည္။
ဘိုးဘိုးခ်န္းက မၾကည္မသာ အသံျဖင့္ ေျပာလာခဲ့သည္။ "မင္း အဆင္ေျပတယ္ ဆိုရင္လည္း အဲ့လိုသာေနလိုက္"
ခ်န္းစီႏ်န္က အေတာ္ေလးကို စိတ္ၾကည္ေနသျဖင့္ ဘိုးဘိုးခ်န္းႏွင့္ ျငင္းခံုစကားမ်ား မေနခ်င္ေတာ့ေပ။ "ဘိုးဘိုး ကၽြန္ေတာ္က ဘိုးကို ျမစ္ေလးတစ္ေယာက္ေတာင္ မေပးရေသးတာ .. ကၽြန္ေတာ့္ကိုကၽြန္ေတာ္ ဘာမွ အျဖစ္မခံပါဘူး ဘိုးရဲ႕" ခ်န္းစီႏ်န္က ဤသို႔ ေျပာလို႔ၿပီးသြားေတာ့ ခ်င္းစုယြဲ႕အား သီးျခားထပ္ေမးလိုက္ေသးသည္။ "ဟုတ္တယ္မလား?"
ခ်င္းစုယြဲ႕မွာ တိတ္တဆိတ္သာ မ်က္ျဖဴလန္ျပလိုက္၏။ ရွင္ ဒါက ဘာကို ဆိုလိုတာလဲ?!
ပါပါးခ်န္းအန္းႏွင့္ မာမားဝမ္ယဥ္းလင္ကေတာ့ တစ္ေယာက္ႏွင့္ တစ္ေယာက္ ၾကည့္လိုက္ၿပီး ဘာမွေတာ့ ဝင္မေျပာေခ်။
ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္အစား လူႀကီးသံုးေယာက္အား အခန္းအျပင္သို႔ လိုက္ပို႔ေပးသည့္ အခ်ိန္မွာ သူမက ခါးကိုညႊတ္ကိုင္းလ်က္ ေတာင္းေတာင္းပန္ပန္ ေျပာေလသည္။ "ဘိုးဘိုးခ်န္း .. အန္ကယ္ .. အန္တီ .. သမီး ေတာင္းပန္ပါတယ္!"
လူႀကီးသံုးဦးက တစ္ေယာက္ႏွင့္တစ္ေယာက္ ၾကည့္လိုက္သည္။ ထို႔ေနာက္တြင္ ဝမ္ယဥ္းလင္က ေျပာေလ၏။ "မိဘေတြ အေနနဲ႔ေတာ့ အစက အန္တီတို႔ကေလး ထိခိုက္ဒဏ္ရာ ရရတာနဲ႔ ပက္သတ္ၿပီး စိုးရိမ္ပူပန္ခဲ့ရတယ္ ဒါေပမယ့္ အန္တီတို႔က သူ႔အေၾကာင္းကို ေကာင္းေကာင္း သိတယ္ .. သူက သူလိုခ်င္တာကိုရဖို႔ ဘာမဆို လုပ္မွာပဲ .. ေနာက္ၿပီး သူ တန္ဖိုးထား ျမတ္ႏိုးတဲ့ တစ္စံုတစ္ေယာက္ကို ဘယ္လိုနည္းနဲ႔မွ ထိခိုက္ဒဏ္ရာရခြင့္ ျပဳမွာ မဟုတ္ဘူး .. သမီးတို႔ႏွစ္ေယာက္လည္း အမ်ားႀကီး ေတြ႕ၾကံဳခဲ့ၾကၿပီးၿပီပဲ .. ဒီကိစၥကို ေသခ်ာ စဥ္းစားၾကည့္ရင္ေတာ့ အခ်ိန္က အရာရာကို ဆံုးျဖတ္ေပးသြားမွာပါ .. သမီးကိုယ္သမီး အရမ္းႀကီး အျပစ္တင္မေနပါနဲ႔ကြယ္"
ခ်င္းစုယြဲ႕မွာ ခံစားခ်က္ေပါင္းစံုတို႔ေၾကာင့္ သူမရဲ႕လည္ေခ်ာင္းထဲတြင္ ျပည့္က်ပ္လာသည္ဟု ခံစားလိုက္ရသည္။ ေနာက္ဆံုးမွာေတာ့ ခ်င္းစုယြဲ႕မွာ သူတို႔အား ေက်းဇူးတင္ဖို႔ရာသာ တတ္ႏိုင္ေတာ့၏။ "ေက်းဇူးတင္ပါတယ္! ေက်းဇူးတင္ပါတယ္ရွင္!"
ခ်င္းစုယြဲ႕ အခန္းထဲ ျပန္လာေတာ့ စိတ္ဓာတ္က်သလို ျဖစ္ေနသည္အား ခ်န္းစီႏ်န္က သတိထားမိလိုက္သည္။ သူက ထိုအေၾကာင္းအား ေမးမလို႔ ျပင္ေနစဥ္မွာပဲ ကၽြမ္က်ဴးက ေျပာလိုက္သည္ကို ၾကားလိုက္ရ၏။ "မရီး .. မရီးက တကယ့္ကို ကၽြန္ေတာ့္ရဲ႕ အိုင္ေဒါပါပဲဗ်ာ"
"ဘာရယ္? သူက ဘယ္သူလဲ?" ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္ကို ၾကည့္လိုက္သည္။ ဒါေပမယ့္ ခ်န္းစီႏ်န္ေတာင္ ျပန္မေျဖရေသးခင္မွာ ကၽြမ္က်ဴးက ျပန္ေျပာလိုက္၏။ "မရီး .. ကၽြန္ေတာ္က ကၽြမ္က်ဴးပါ .. အားႏ်န္ရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္း!"
"ဟယ္လို မဂၤလာပါ" ခ်င္းစုယြဲ႕က ေခါင္းညိတ္ျပၿပီး ႏႈတ္ဆက္လိုက္၏။
ကၽြမ္က်ဴးက စကား ဆက္ေျပာခ်င္ေပမယ့္ ခ်န္းစီႏ်န္က သူ႔အား အျပင္သို႔ ေမာင္းထုတ္ေလေတာ့သည္။ "မင္း အဓိပၸါယ္မရွိတာေတြ ေျပာေနတာကို ရပ္လို႔ မရဘူးလား?"
ထိုအခါမွ ကၽြမ္က်ဴးကလည္း ခ်န္းစီႏ်န္ သူ႔ကို ေျပာခ်င္တာမွန္း သေဘာေပါက္သြားေလ၏။
ေမာ္ရႊီယြမ္က ျပံဳးလ်က္ သူ႔လက္ေတြအား ကၽြမ္က်ဴး၏ ပုခံုးထက္သို႔ တင္လိုက္၏။ "ျမန္ျမန္ သြားၾကစို႔ကြာ! ငါတို႔က မီးသီးေလးေတြ ျဖစ္ေနေတာ့ အရမ္း ေတာက္ပလြန္းၿပီး စီအီးအိုခ်န္းရဲ႕လမ္းမွာ မ်က္စိစူးစရာ ျဖစ္ေနမယ္"
ကၽြမ္က်ဴးအတြက္ေတာ့ ခ်င္းစုယြဲ႕ကို ေတြ႕ခြင့္ရဖို႔က အေတာ္ေလးကို ၾကံဳေတာင့္ၾကံဳခဲ ျဖစ္သျဖင့္ ထိုႏွစ္ေယာက္ကို မစေနာက္ရေသးပဲ ဘယ္လိုလုပ္ၿပီး ျပန္ႏိုင္ပါအုန္းမည္နည္း? အဆံုးမွာေတာ့ ေမာ္ရႊီယြမ္ႏွင့္ က်ီယီတို႔မွာ ႏွစ္ေယာက္သား ရွိသမၽွ အားကုန္သံုးလ်က္ ကၽြမ္က်ဴးကို အခန္းျပင္သို႔ ေခၚထုတ္ခဲ့ရေလ၏။ ခ်င္းစုယြဲ႕ မသိသည့္ အျခားေသာ လူေတြကလည္း အခန္းထဲမွ ထြက္သြားေပးၾကေလသည္။
အခုအခ်ိန္တြင္ က်ယ္ေျပာလွေသာ ေဆးရံုအခန္းက်ယ္ႀကီး အတြင္း၌ ခ်င္းစုယြဲ႕ႏွင့္ ခ်န္းစီႏ်န္တို႔ ႏွစ္ဦးထဲသာ က်န္ရွိေတာ့၏။
ခ်င္းစုယြဲ႕က သူ႔ကို တည့္တည့္ မၾကည့္ရဲသျဖင့္ သူမရဲ႕အၾကည့္အား ျဖည္းျဖည္းခ်င္း ေရႊ႕လိုက္သည္။
ခ်န္းစီႏ်န္က ျပံဳးလိုက္ရင္း ခ်င္းစုယြဲ႕အား အေတာ္ၾကာ ဂရုတစိုက္ ေစ့ေစ့စပ္စပ္ ၾကည့္ရႈလိုက္၏။ ထို႔ေနာက္ သူက ျဖည္းျဖည္းခ်င္း ေျပာလိုက္သည္။ "ဒီနားကိုလာေလ .. ကိုယ္ မင္းကို ဖက္ပါရေစအုန္း"
ခ်င္းစုယြဲ႕က သူ႔ကို လွည့္ၾကည့္လိုက္၏။ ထို႔ေနာက္ ခ်င္းစုယြဲ႕မွာ ေျခလွမ္းေတြအား ခပ္သြက္သြက္လွမ္းလ်က္ သူ႔လက္ေမာင္းတြင္းသို႔ ပစ္ဝင္လိုက္ေတာ့သည္။ ခ်င္းစုယြဲ႕က ခ်နိးစီႏ်န္၏ေက်ာက ဒဏ္ရာအား ထိမိမည္ကို စိုးရိမ္သျဖင့္ သူ႔လည္ပင္းကိုသာ သူမရဲ႕ လက္ေတြျဖင့္ တင္းတင္းက်ပ္က်ပ္ ဖက္တြယ္လိုက္သည္။
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ရဲ႕ ပုခံုးထက္၌ သူ႔ေခါင္းကို ျမႇဳပ္ႏွံထားလ်က္ သူမရဲ႕ ကိုယ္သင္းရနံ႔ ေဖ်ာ့ေဖ်ာ့ေလးအား ရႉရွိဳက္လိုက္ရင္း ျပံဳးလိုက္သည္။ "အခက္အခဲေတြ အမ်ားႀကီး ရင္ဆိုင္ၾကံဳေတြ႕ရၿပီး ေနာက္ဆံုးေတာ့ ကိုယ္ မင္းကို ပိုင္ဆိုင္ရၿပီ"
21.3.2020
**********************
《Unicode》
အပိုင်း - ၁၂၇
[နောက်ဆုံးတော့ ကိုယ် မင်းကို ပိုင်ဆိုင်ရပြီ - ၁]
ချင်းစုယွဲ့ဟာ သူတို့ ဘယ်လောက်ထိ ကြားသွားလဲ မသေချာသဖြင့် ဘာလုပ်ရမှန်းပင် မသိတော့ပေ။ ချန်းစီနျန်က ချင်းစုယွဲ့ထံသို့ လက်ကမ်းပေးလိုက်သည်။ "ဘာလို့ မဝင်လာသေးတာလဲ?" ချင်းစုယွဲ့က ပုံမှန်ခြေလှမ်းတွေနဲ့ပဲ လမ်းလျှောက်လာ၏။
ချင်းစုယွဲ့ရဲ့ ခြေတစ်လှမ်းစီတိုင်းမှာ သူမက နှလုံးသားထဲမှနေကို ငိုချချင်မိလေသည်။ သူတို့ ကြားကို ကြားသွားကြမှာပဲ!
ဘာလို့ ဘယ်သူမှ ငါ့ကို မရီကြတာလဲ?
ချင်းစုယွဲ့က အရှက်သည်းနေသော ဇနီးတစ်ယောက်ကဲ့သို့ အထိတ်ထိတ် အလန့်လန့်နှင့် လျှောက်လာသည်ကို တွေ့တော့ ချန်းစီနျန်က စလိုက်သည်။ "တံခါး အပြင်ဘက်မှာတုန်းက မင်း ကိုယ့်ကို ပိုင်ဆိုင်ကြောင်း ခိုင်ခိုင်မာမာ အတိအလင်း ကြေငြာတုန်းကကျတော့ တော်တော်လေးကို ရဲရင်ခဲ့တာမလား?"
ချင်းစုယွဲ့ဟာ ချန်းစီနျန်၏ ရယ်မြူးရိပ်သန်းနေသည့် မျက်ဝန်းအစုံအား ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်လိုက်သည်။
ထင်တဲ့အတိုင်းပဲ! ထင်တဲ့အတိုင်းပဲ!
"ပါးစပ်ပိတ်တော့" ချင်းစုယွဲ့က တွေးတောင် မတွေးမိတော့ပဲ သူ့ကို အမိန့်ပေးလိုက်၏။
ချင်းစုယွဲ့ ဘယ်လိုတောင် အရှက်သည်းသွားသည်ကို ကြည့်ပြီး ချန်းစီနျန်က ရယ်မောလိုက်တော့သည်။ "ကိုယ် ပါးစပ်ပိတ်လိုက်ရင်တောင် ဘာမှ မတတ်နိုင်တော့ဘူး ... တစ်ကယ်တော့ ဒီမှာရှိနေတဲ့လူတိုင်း ကြားလိုက်ရတယ်" ချန်းစီနျန်က ဆက်ပြော၏။ "အခု ဒီနေရာမှာ သက်သေတွေ အများကြီး ကိုယ့်မှာ ရှိတယ်နော် .. မင်း ဒီတစ်ကြိမ်တော့ ထွက်ပြေးလို့ မလွတ်တော့ဘူး"
ချင်းစုယွဲ့က ပလုံးပထွေး ပြောလိုက်၏။ "ကျွန်မ ထွက်ပြေးမယ်လို့ ဘယ်သူပြောလဲ?"
ချင်းစုယွဲ့က သူ့အပေါ် သဘောထားအား ဝန်ခံလိုက်သည်ကို ကြားလိုက်ရတော့ ချန်းစီနျန်မှာ အရမ်းကို ပျော်ရွှင်ဝမ်းမြောက်သွားလျက် ချင်းစုယွဲ့အား သူ့လက်မောင်းကြား၌ ပွေ့ဖက်ထားချင်မိ၏။ ဒါပေမယ့် အခန်းတွင်းမှာ လူတွေ အများကြီး ရှိနေသဖြင့် သူ့ရဲ့ပြင်းပြသည့်ဆန္ဒအား ထိန်းချုပ်နေရသည်။
ဘိုးဘိုးချန်းက မကြည်မသာ အသံဖြင့် ပြောလာခဲ့သည်။ "မင်း အဆင်ပြေတယ် ဆိုရင်လည်း အဲ့လိုသာနေလိုက်"
ချန်းစီနျန်က အတော်လေးကို စိတ်ကြည်နေသဖြင့် ဘိုးဘိုးချန်းနှင့် ငြင်းခုံစကားများ မနေချင်တော့ပေ။ "ဘိုးဘိုး ကျွန်တော်က ဘိုးကို မြစ်လေးတစ်ယောက်တောင် မပေးရသေးတာ .. ကျွန်တော့်ကိုကျွန်တော် ဘာမှ အဖြစ်မခံပါဘူး ဘိုးရဲ့" ချန်းစီနျန်က ဤသို့ ပြောလို့ပြီးသွားတော့ ချင်းစုယွဲ့အား သီးခြားထပ်မေးလိုက်သေးသည်။ "ဟုတ်တယ်မလား?"
ချင်းစုယွဲ့မှာ တိတ်တဆိတ်သာ မျက်ဖြူလန်ပြလိုက်၏။ ရှင် ဒါက ဘာကို ဆိုလိုတာလဲ?!
ပါပါးချန်းအန်းနှင့် မာမားဝမ်ယဉ်းလင်ကတော့ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး ဘာမှတော့ ဝင်မပြောချေ။
ချင်းစုယွဲ့က ချန်းစီနျန်အစား လူကြီးသုံးယောက်အား အခန်းအပြင်သို့ လိုက်ပို့ပေးသည့် အချိန်မှာ သူမက ခါးကိုညွှတ်ကိုင်းလျက် တောင်းတောင်းပန်ပန် ပြောလေသည်။ "ဘိုးဘိုးချန်း .. အန်ကယ် .. အန်တီ .. သမီး တောင်းပန်ပါတယ်!"
လူကြီးသုံးဦးက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်သည်။ ထို့နောက်တွင် ဝမ်ယဉ်းလင်က ပြောလေ၏။ "မိဘတွေ အနေနဲ့တော့ အစက အန်တီတို့ကလေး ထိခိုက်ဒဏ်ရာ ရရတာနဲ့ ပက်သတ်ပြီး စိုးရိမ်ပူပန်ခဲ့ရတယ် ဒါပေမယ့် အန်တီတို့က သူ့အကြောင်းကို ကောင်းကောင်း သိတယ် .. သူက သူလိုချင်တာကိုရဖို့ ဘာမဆို လုပ်မှာပဲ .. နောက်ပြီး သူ တန်ဖိုးထား မြတ်နိုးတဲ့ တစ်စုံတစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ ထိခိုက်ဒဏ်ရာရခွင့် ပြုမှာ မဟုတ်ဘူး .. သမီးတို့နှစ်ယောက်လည်း အများကြီး တွေ့ကြုံခဲ့ကြပြီးပြီပဲ .. ဒီကိစ္စကို သေချာ စဉ်းစားကြည့်ရင်တော့ အချိန်က အရာရာကို ဆုံးဖြတ်ပေးသွားမှာပါ .. သမီးကိုယ်သမီး အရမ်းကြီး အပြစ်တင်မနေပါနဲ့ကွယ်"
ချင်းစုယွဲ့မှာ ခံစားချက်ပေါင်းစုံတို့ကြောင့် သူမရဲ့လည်ချောင်းထဲတွင် ပြည့်ကျပ်လာသည်ဟု ခံစားလိုက်ရသည်။ နောက်ဆုံးမှာတော့ ချင်းစုယွဲ့မှာ သူတို့အား ကျေးဇူးတင်ဖို့ရာသာ တတ်နိုင်တော့၏။ "ကျေးဇူးတင်ပါတယ်! ကျေးဇူးတင်ပါတယ်ရှင်!"
ချင်းစုယွဲ့ အခန်းထဲ ပြန်လာတော့ စိတ်ဓာတ်ကျသလို ဖြစ်နေသည်အား ချန်းစီနျန်က သတိထားမိလိုက်သည်။ သူက ထိုအကြောင်းအား မေးမလို့ ပြင်နေစဉ်မှာပဲ ကျွမ်ကျူးက ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "မရီး .. မရီးက တကယ့်ကို ကျွန်တော့်ရဲ့ အိုင်ဒေါပါပဲဗျာ"
"ဘာရယ်? သူက ဘယ်သူလဲ?" ချင်းစုယွဲ့က ချန်းစီနျန်ကို ကြည့်လိုက်သည်။ ဒါပေမယ့် ချန်းစီနျန်တောင် ပြန်မဖြေရသေးခင်မှာ ကျွမ်ကျူးက ပြန်ပြောလိုက်၏။ "မရီး .. ကျွန်တော်က ကျွမ်ကျူးပါ .. အားနျန်ရဲ့ အချစ်ဆုံးသူငယ်ချင်း!"
"ဟယ်လို မင်္ဂလာပါ" ချင်းစုယွဲ့က ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်၏။
ကျွမ်ကျူးက စကား ဆက်ပြောချင်ပေမယ့် ချန်းစီနျန်က သူ့အား အပြင်သို့ မောင်းထုတ်လေတော့သည်။ "မင်း အဓိပ္ပါယ်မရှိတာတွေ ပြောနေတာကို ရပ်လို့ မရဘူးလား?"
ထိုအခါမှ ကျွမ်ကျူးကလည်း ချန်းစီနျန် သူ့ကို ပြောချင်တာမှန်း သဘောပေါက်သွားလေ၏။
မော်ရွှီယွမ်က ပြုံးလျက် သူ့လက်တွေအား ကျွမ်ကျူး၏ ပုခုံးထက်သို့ တင်လိုက်၏။ "မြန်မြန် သွားကြစို့ကွာ! ငါတို့က မီးသီးလေးတွေ ဖြစ်နေတော့ အရမ်း တောက်ပလွန်းပြီး စီအီးအိုချန်းရဲ့လမ်းမှာ မျက်စိစူးစရာ ဖြစ်နေမယ်"
ကျွမ်ကျူးအတွက်တော့ ချင်းစုယွဲ့ကို တွေ့ခွင့်ရဖို့က အတော်လေးကို ကြုံတောင့်ကြုံခဲ ဖြစ်သဖြင့် ထိုနှစ်ယောက်ကို မစနောက်ရသေးပဲ ဘယ်လိုလုပ်ပြီး ပြန်နိုင်ပါအုန်းမည်နည်း? အဆုံးမှာတော့ မော်ရွှီယွမ်နှင့် ကျီယီတို့မှာ နှစ်ယောက်သား ရှိသမျှ အားကုန်သုံးလျက် ကျွမ်ကျူးကို အခန်းပြင်သို့ ခေါ်ထုတ်ခဲ့ရလေ၏။ ချင်းစုယွဲ့ မသိသည့် အခြားသော လူတွေကလည်း အခန်းထဲမှ ထွက်သွားပေးကြလေသည်။
အခုအချိန်တွင် ကျယ်ပြောလှသော ဆေးရုံအခန်းကျယ်ကြီး အတွင်း၌ ချင်းစုယွဲ့နှင့် ချန်းစီနျန်တို့ နှစ်ဦးထဲသာ ကျန်ရှိတော့၏။
ချင်းစုယွဲ့က သူ့ကို တည့်တည့် မကြည့်ရဲသဖြင့် သူမရဲ့အကြည့်အား ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။
ချန်းစီနျန်က ပြုံးလိုက်ရင်း ချင်းစုယွဲ့အား အတော်ကြာ ဂရုတစိုက် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒီနားကိုလာလေ .. ကိုယ် မင်းကို ဖက်ပါရစေအုန်း"
ချင်းစုယွဲ့က သူ့ကို လှည့်ကြည့်လိုက်၏။ ထို့နောက် ချင်းစုယွဲ့မှာ ခြေလှမ်းတွေအား ခပ်သွက်သွက်လှမ်းလျက် သူ့လက်မောင်းတွင်းသို့ ပစ်ဝင်လိုက်တော့သည်။ ချင်းစုယွဲ့က ချနိးစီနျန်၏ကျောက ဒဏ်ရာအား ထိမိမည်ကို စိုးရိမ်သဖြင့် သူ့လည်ပင်းကိုသာ သူမရဲ့ လက်တွေဖြင့် တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်သည်။
ချန်းစီနျန်က ချင်းစုယွဲ့ရဲ့ ပုခုံးထက်၌ သူ့ခေါင်းကို မြှုပ်နှံထားလျက် သူမရဲ့ ကိုယ်သင်းရနံ့ ဖျော့ဖျော့လေးအား ရှူရှိုက်လိုက်ရင်း ပြုံးလိုက်သည်။ "အခက်အခဲတွေ အများကြီး ရင်ဆိုင်ကြုံတွေ့ရပြီး နောက်ဆုံးတော့ ကိုယ် မင်းကို ပိုင်ဆိုင်ရပြီ"
21.3.2020
*********************