"မသုရေ ...မ ......."
"မသု ..."
"ဟင့်အင်း မစားချင်ဘူး..."
"သွားမယ် သွားမယ် ..."
"ဒါမှ မသုကွ..."
🌷🌷🌷
"ဟာ တော်ပြီ ဦးလေး ....."
ဦးလေး အူလေး ထည့်ပေးပါ..."
"တိုင်း.! ...ပြီးကျ အစာမကြေတာရောဗိုက်နာတာရော ဖြစ်နေအုံးမယ် တော်တော့ပါဆိုကွာ ကလေးကလည်း.."
တိုင်းလည်း ..ရေနွေးပန်းကန်ကို လက်လေးနှစ်ဖက်ဖြင့်ကိုင်ကာ သောက်လိုက်သည်။
အတိုင်းတာလေးရေ။
"သု ....?
"ဟင် ကိုဘုန်းပါလား..."
"ဟာ ဘွားကလည်းဗျာ..."
လာမယ်မလား သုလေး.."
"အေးပါကွယ်..."
"သု ... အရမ်း ချစ်တယ်နော်.."
"အော့ သောက်ပိုတွေ ..!!"
"ဟဲ့ . တိုင်း..."
"ဒါဆို သု ခွင့်ပြုအုံးနော် ကိုယ်သွားတော့မယ် .."
"ဟုတ် ကိုဘုန်း..!"
တချက်ပဲ ရီကာ တိုင်း ခေါင်းကဆံပင်လေးကို ပွတ်သတ်လိုက်သည်။
🌷🌷🌷🌷
"ထိုင်ပါ ..မမေမဒီ .."
"အေး ရောက်လာပြီဆိုတော့လည်း ..ကျွန်မပြောရတော့မှာပေါ့ မမေမဒီနဲ့ ကျွန်မက အသက်ခြင်းဆို မတိမ်းမယိမ်းပါပဲ
"တကယ်တော့ ....တို့က ဦးနဲ့တွေ့မှ အချစ်ဆိုတာကြီးကို နားလည်သွားတာ....ဦးက တို့ကို ပျော်ရွှင်စေတယ်၊ ဂရုစိုက်တယ်...မင်းသိလား ..လူတွေက ကိုယ့်အပေါ် ဂရုစိုက်ပြရင် အဲ့လူအပေါ်တွယ်တာ တတ်တာပဲလေ.."
ဘယ်ယောင်္ကျား လူပ်ျိုကို မဆို အိပ်ယာပေါ်ရောက်အောင် စွဲဆောင်နိုင်တဲ့ ရုပ်ရည်ပါ .. ကျွန်မရဲ့အဖေ ...ကျွန်မရဲ့ အဖေကိုတော့ အလွှတ်ပေးပါ ....."
တိုင်း ငိုမိတော့မည်။ မေမေ့ကို သနားတယ်၊ တိုင်းအတွက်ပဲ ကြည့်ကာ အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ ခင်ပွန်းကို ပေါင်းသင်းနေရတဲ့ မေမေ့ကို တိုင်းအရမ်းသနားသည်။
"နင်..!!"
"တော်တော့ တိုင်း ......"
"တော်တော့ ...ဒီလို စွခွက်ပြောင်တဲ့ ကောင်မနဲ့ ဘာမှ ဆက်ပြောစရာ မလိုဘူး တိုင်း...သွားမယ်.."
🌷🌷🌷
"သု ....ထိုင်လေ ..."
"ဟုတ် ကိုဘုန်း.."
"ဟိုလေ ..သု .."
"ညနေအားလားဟင်.."
"ဟုတ် အားပါတယ်...."
🌷🌷🌷🌷
"ထိုင် သု..."
"စားနော်.."
"ဟုတ်..."
တခါတလေ သုအပေါ်ကို ကလေးတစ်ယောက်လို ဆက်ဆံသော ဦးဘုန်းရှိန်ဝါကို ဘယ်လို အဖြေပေးရမှန်းတောင် သု မသိတော့ပါ။
"ဟင် ...သု ညီမလေး ?"
"တိုင်းလားဟင်.."
"ဟုတ်တယ် တိုင်း.. သူကလေ အဲ့နေ့ က cafeထဲမှာ မိန်းကလေး တစ်ယောက်နဲ့ စကားပြောတာလေ သူတို့ပြောတဲ့ အကြောင်းတွေကို ကိုယ်နားလည်ရသလောက် အဲ့ဒီတိုင်း ရဲ့ ဖေဖေက အိမ်ထောင်ရေး ဖောက်ပြန်နေတာလားဟင်."
🌈🌈🌈
Unicode__
"မသုရေ ...မ ......."
ဒီနေ့ အလုပ်ပိတ်ရက်မို့ သု အိမ်မှာပဲ အခန်းအောင်းက ဝတ္ထုဖတ်နေမိတယ်။ အောက်ထပ်ကာ မ ဆိုတဲ့ ခေါ်သံကြောင့် သု အရမ်းလန့်သွားခဲ့သည်။
"မ ...ဘယ်မှာလဲ ...တိုင်းလာခဲ့ပြီနော်.."
မိမိအခန်းထဲမယ် သု နေ နေရပေမယ့် မလုံမခြုံဖြစ်လာသလို ခံစားရသည်။သုတော့ အတိုင်းတာကို အတော်လန့်နေမိပြီ။
"မသု ..."
အနောက်ကနေ လာဖက်သော တိုင်းကြောင့် သုမှာ ရှက်အမ်းအမ်း ဖြစ်သွားရပြန်တယ်။
"လမ်းထိပ်ကို ဝက်သား ဒုတ်ထိုးသွားစားရအောင်နော်.."
"လွှတ်စမ်း ...ပူကပူ ဖက်ထားသေးတာ.."
အနောက် ဖက်ထားတဲ့ တိုင်းရဲ့ လက်တွေကို သု ဖြုတ်ချလိုက်ကာ ဝတ္ထုစာအုပ်ကို ပြန်ကောက်ကိုင်လိုက်တော့ တိုင်းက သုရဲ့ လက်ကို လာကိုင်သည်။
"မ....ထပ်မဖတ်တော့နဲ့ ...သွားစားမယ်လို့ပြောနေတယ်လေ."
သု စိတ်ညစ်ညစ်နဲ့ တိုင်းကို တချက်ကြည့်ကာ ...
"ဟင့်အင်း မစားချင်ဘူး..."
တကယ်တော့ သုက စားချင်ပါတယ်၊ သို့ပေမယ့် တိုင်းနဲ့ အတူ မသွားချင်တာလည်း ပါမည်။ သူက မနေ့ညက မူးပြီး သု နှုတ်ခမ်းကို နမ်းတာ မမှတ်မိတော့ပေမယ့် သု့မယ်တော့
အခုထိတိုင် ထိုကိစ္စကို ပြန်တွေးတိုင်း စိတ်တိုနေမိတော့သည်။
"မ .....ကလည်း .. လုပ်ပါ ဒီတခါတည်း
နောက်တခါကျရင် မသွားတော့ဘူးလေနော်
လိုက်ခဲ့ပါ တိုင်းအဖော်မရှိလို့ပါ....."
ထိုစကား ကြားရတော့လည်း စိတ်မကောင်းဖြစ်မိပြန်တယ်။
ညကတည်းက သု ခမျှ သူ့ကို အရမ်းသနားမိနေတာ။
"သွားမယ် သွားမယ် ..."
"ဒါမှ မသုကွ..."
ညတုန်းက ငိုနေခဲ့သော အတိုင်းတာရဲ့ပြိုလဲသော ပုံစံမဟုတ်ပါ။ ကလေးတစ်ယောက်လို ဖြူစင်လွန်းစွာ ပြုံးပြီး ပျော်နေသော သူမ ကိုကြည့်ကာ သု ပါပြုံးလိုက်မိသည်။
"မေမေရေ ..လမ်းထိပ်ခဏ သွားအုံးမယ်.."
အတိုင်းတာက သုရဲ့ လက်ကို ဆုပ်ကိုင်ကာ နှစ်ယောက်သား လမ်းထိပ်ကို လမ်းလျောက်ရင်း ထွက်ခဲ့ကြသည်။
🌷🌷🌷
"ဦးလေး ...နောက်ထပ် တစ်ပွဲပေးပါ.."
"ဟာ တော်ပြီ ဦးလေး ....."
"မ ကလည်း ...တိုင်းမှ မဝသေးတာ စားချင်သေးတယ်
ဦးလေး အူလေး ထည့်ပေးပါ..."
"တိုင်း.! ...ပြီးကျ အစာမကြေတာရောဗိုက်နာတာရော ဖြစ်နေအုံးမယ် တော်တော့ပါဆ်ိုကွာ ကလေးကလည်း.."
ကလေးဆိုတဲ့ စကားမှာ တိုင်းပြိုလဲရပြန်သည်။ တကယ်တော့ မိသားစု ကိစ္စတွေကြောင့်ဆို အခုအချိန်မှာ တိုင်း ဟာ သေတာကြာပြီ။ မသုကြောင့် တောင့်ခံနိုင်ခဲ့တာ။ မသုသာ တိုင်း အပေါ်အခုလို ဂရုစိုက်မှုတွေ ပျောက်ကွယ်သွားရင် တ်ိုင်း သေသွားမလား မသိဘူး။
"ဟေ့ ဘာတွေ ငေးနေတာလဲ ....ရော့ ရေနွေးလေးသောက်လိုက်အုံး..."
တ်ိုင်းလည်း ..ရေနွေးပန်းကန်ကို လက်လေးနှစ်ဖက်ဖြင့်ကိုင်ကာ သောက်လိုက်သည်။
ဟူး ...ဘာလို့ အရမ်းချစ်ဖို့ကောင်းအောင် လုပ်ပြနေတာလဲ
အတိုင်းတာလေးရေ။
"သု ....?
"ဟင် ကိုဘုန်းပါလား..."
ဦးဘုန်းရှိန်ဝါနဲ့ သူ့ရဲ့ဘေးမှာ အဘွားအရွယ် မိန်းမကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။လက်ထဲမှာ ချိုင့်တွေရော ကိုင်လာတွေ့ရသည်။သုလည်း မက်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။
"ဘယ်က ပြန်လာတာလဲ ကိုဘုန်း လက်ထဲမှာလည်း ချိုင့်တွေနဲ့..."
ဘေးက အတိုင်းတာကတော့ ထိုင်ရာက မထိုင်ပဲ ဒုတ်ထိုးကိုတာ သဲကြီးမဲကြီးစားနေလေတော့သည်။
"အော် ဒီနေ့က ကိုဘုန်းရဲ့ မိဘတွေ ဆုံးပါးသွားတာ 4နှစ်ပြည့်တဲ့နေ့လေ အဲ့တာကြောင့် အဘွားနဲ့ ဆွမ်းပို့ပြီး ပြန်လာတာ.."
ဘေးက ကိုဘုန်းရဲ့ အဘွားမှာ လူဂုဏ်တန် အသိုင်းအဝိုင်းလို
မျက်နှာ ထား တင်းမာခြင်း မရှိပဲ ယောဂီ ဝတ်စုံလေးနှင့် အေးချမ်းနေတော့သည်။
"အဘွားလား ..တွေ့ရတာ ဝမ်းသာပါတယ် ....အဘွား.."
"အော် ...အဘွားမြေး ပြတဲ့ ဓာတ်ပုံထဲက နတ်သမီးလေးပါလား ကြည့်စမ်း လှလိုက်တာ..."
သု မသိအောင် ကိုဘုန်းဟာ သူ့ရဲ့ အဘွားကို အကုန်ပြောပြီး ထားတဲ့ပုံပါပဲ။
"ဟီး ကျေးဇူးပါ အဘွား...အဘွားလောက်တော့ မလှပါဘူး..ရှင့်.."
"အမလေး စကားတတ်လိုက်တာ ဒါကြောင့် ဘွားရဲ့ မြေးလေးက အသဲအသန်ဖြစ်နေတာကို သမီးလေးက တကယ့်ချစ်စရာလေးပါကွယ်....အဘွားမြေးကို စဉ်းစားပေးပါအုံးကွယ်...."
"ဟာ ဘွားကလည်းဗျာ..."
သု ရှက်နေတာ ကိုဘုန်းက သိလို့ သူ့ဘွားကို ဆက်မပြောရန်တားသည်။
"အိမ်ကို အလည်လာဖို့ ခေါ်ခဲ့လေ မြေးရဲ့ ...
လာမယ်မလား သုလေး.."
"ဟုတ်ကဲ့ အဘွား ..သမီး အချိန်ရရင် လာလည်ပါမယ့်.."
"အေးပါကွယ်..."
ထိုအချိန်မှာ ကိုဘုန်းရှိန်ဝါက သု အနားကပ်ကာ သုကို တိုးတိုးလေး ပြောသော စကားကြောင့် သု အရမ်းရှက်သွားရတော့သည်။
"သု ... အရမ်း ချစ်တယ်နော်.."
"အော့ သောက်ပိုတွေ ..!!"
ထိုသောက်ပိုတွေဆိုသော အသံက ဝက်သားဒုတ်ထိုးသဲကြီးမဲကြီးစားနေသော အတိုင်းတာဆီက အသံ။
"ဟဲ့ . တိုင်း..."
သုမှာ တိုင်းကို အသာလက်တို့ပြီး သတိပေးရပြန်တယ်။
"ဒါဆ်ို သု ခွင့်ပြုအုံးနော် ကိုယ်သွားတော့မယ် .."
"ဟုတ် ကိုဘုန်း..!"
ကိုဘုန်းနဲ့ သူ့အဘွားက ဒီအနားမှာပဲ ရှိတဲ့ ဘုန်းကြီးကျောင်းကို ဆွမ်းလာပို့သောကြောင့်ထင်ပါရဲ့။ ခြေလျင်ပဲ လျောက်လာကြတာ တွေ့ရသည်။သူတို့လည်း ထွက်သွားပြီး ဝေးဝေးရောက်မှ သု မှာ တ်ိုင်းကို ရန်တွေ့ရတော့သည်။
"တကယ်ကို နင်ဟာလေ ...အလိုက်ကမ်းစိုးမသိဘူး
ဟိုဘက်က လူကြီးတွေကို အားနာစရာကြီး..."
"အော် ..အဲ့လူကြီးကို ကြည့်လို့ကို မရတာ ..
လူကြီးက လူကြီးစကားမပြောဘူး သူငယ်ပြန်ချင်နေသေး
အသက်ကဖြင့် သေခံနီးနေပြီ..."
"ဟာ တိုင်း ...ပြောလေ ဆိုးလေကွာ...
မ စိတ်ဆိုးမိတော့မယ်...သူက လူကြီးလူကောင်းပါ."
"မသိဘူး...မကို ကြိုက်နေတာ မလား အဲ့လူကြီးက
တိုင်းလည်း . .မကို ကြိုက်တယ် ...အဲ့လူကြီး ကြိုက်နေတာ ထက်ပိုပြီး ကြိုက်တယ် ..မ ကို ပဲ တိုင်းက ယူမှာ..မလည်း တိုင်းကိုပဲ ယူရမှာ ဒါပဲ ..."
သု လည်း ခေါင်းခါမိတော့သည်။ တိုင်းဟာ တခါတလေ ထိုကဲ့သို့ ပေါက်ကရတွေ ပြောတတ်ဆိုတာ။ သူပြောတဲ့ မကိုယူမှာ၊ မ ကို ကြိုက်တယ် ဆိုတာတွေက သု အတွက်တော့ ညီမလေး တစ်ယောက်က စနောက်သလိုပဲ ခံစားရနေတော့
တချက်ပဲ ရီကာ တ်ိုင်း ခေါင်းကဆံပင်လေးကို ပွတ်သတ်လိုက်သည်။
🌷🌷🌷🌷
"ထိုင်ပါ ..မမေမဒီ .."
"ဟူး ...စောင့်ရတာ ကြာသွားလား ....တို့လည်း ကားလမ်းက ပိတ်နေတာနဲ့ နောက်ကျသွားတာ sorry.."
အတိုင်းတာ ရဲ့ ဝတ်စုံက TU uniform ၊ တဖက် မေမဒီဆိုသော မိန်းကလေးရဲ့ ပုံစံက ကလပ်ပျော် မိန်းကလေးတွေ ဒီဇိုင်းနှင့် Cafeဆိုင်လေး မှာ မလှပပေ။
"အေး ရောက်လာပြီဆိုတော့လည်း ..ကျွန်မပြောရတော့မှာပေါ့ မမေမဒီနဲ့ ကျွန်မက အသက်ခြင်းဆ်ို မတိမ်းမယိမ်းပါပဲ
ဘာလို့ ကိုယ့်အဖေ အရွယ်လောက်ရှိတဲ့ ကျွန်မရဲ့ အဖေကို မြူစွယ်ရတာလဲ ...!"
တိုင်းရဲ့ အသံက ကျယ်သွားပုံပါပဲ။ တဖက်က ဝိုင်းမှာ ထိုင်နေတဲ့ တိုင်းရဲ့ သူငယ်ချင်းအုပ်စု က တိုင်းတို့ ဝိုင်းကို တချက်ကြည့်သည်။ပြီးတော့ တခြား ဝိုင်းက လူတွေရောပါ ကွက်ကြည့် ကြသည်။ထိုသို့ အကြည့်ခံရလည်း မေမဒီဆိုသော ကောင်မက ရှက်ပုံမပေါ်ပါ။ မျက်နှာပြောင်စွာဘဲ တ်ိုင်းကို ပြောသည်။
"တကယ်တော့ ....တို့က ဦးနဲ့တွေ့မှ အချစ်ဆိုတာကြီးကို နားလည်သွားတာ....ဦးက တို့ကို ပျော်ရွှင်စေတယ်၊ ဂရုစိူက်တယ်...မင်းသိလား ..လူတွေက ကိုယ့်အပေါ် ဂရုစိုက်ပြရင် အဲ့လူအပေါ်တွယ်တာ တတ်တာပဲလေ.."
"ရှင်မရှက်ဘူးလား ....ကျွန်မရဲ့ အဖေက အိမ်ထောင်သည်ပါ
လူလွှတ်မဟုတ်ပါဘူး...သူ့မှာ မယားကြီး ငုတ်တုတ်တောင်ရှိသေးတာ ရှင်တော်တော် မျက်နှာပြောင်တိုက်တာပဲနော် အဟက်.....အံ့သြလိုက်တာ.."
တိုင်းရဲ့ စကားသံတွေက ကျယ်လို့ တခြားဝိုင်းက ကြည့်ကုန်ကြတော့သည်။ တိုင်း ဂရုမစိုက်နိုင်ပါ၊ ထိုမိန်းမကိုသာ အသားကုန်ဖြဲ ချင်စိတ်ပေါ်လာတော့သည်။
"အဲ့တာက မင်းရဲ့ အဖေ အပိုင်းလေ..
အွန်း ...တို့ကလည်း ဦးမှ ဦးဖြစ်နေတော့.."
"ဘာ ..ဒီမယ် ...မမေမဒီ ရှင့်လို ရုပ်ရည်မ်ျိုးနဲ့ဆို
ဘယ်ယောင်္ကျား လူပ်ျိုကို မဆ်ို အိပ်ယာပေါ်ရောက်အောင် စွဲဆောင်နိုင်တဲ့ ရုပ်ရည်ပါ .. ကျွန်မရဲ့အဖေ ...ကျွန်မရဲ့ အဖေကိုတော့ အလွှတ်ပေးပါ ....."
တိုင်း ငိုမိတော့မည်။ မေမေ့ကို သနားတယ်၊ တိုင်းအတွက်ပဲ ကြည့်ကာ အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ မေမေ့ကို တိုင်းအရမ်းသနားသည်။
"ဟား ..ခက်တယ် ...တခြား သူဋ္ဌေးတွေ လူပျိုတွေက အိပ်ယာပေါ်မှာသာ ကောင်းတာ ...တခြားနေရာတွေမှာဆို စားပြီးနားမလည်ကြဘူး ..မင်းရဲ့ အဖေက တို့အပေါ် အကုန်ကောင်းတယ်လေ.."
"နင်..!!"
"တော်တော့ တိုင်း ......"
"တော်တော့ ...ဒီလို စွခွက်ပြောင်တဲ့ ကောင်မနဲ့ ဘာမှ ဆက်ပြောစရာ မလိုဘူး တ်ိုင်း...သွားမယ်.."
သူဇာကျော်နှင့် စိုင်းမင်းခန့်က တိုင်းရဲ့ လက်ကို ဆွဲကာ ထိုဆိုင်ထဲက ခေါ်ထုတ်ခဲ့ရတော့သည်။ ခံရခက်လိုက်တာ။ ထိုမိန်းမကို ထိုနေရာမှာ ပဲ သတ်မိတော့မယ်။
ထိုအဖြစ်အပျက်တွေကို တခြား စားပွဲက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲလုပ်နေသော ဦးဘုန်းရှိန်ဝါ အစအဆုံးမြင်လိုက်သည်။ ထို တိုင်းဆိုသော မိန်းကလေးက မနေ့က သုနဲ့ အတူ တွေ့ခဲ့သော မိန်းကလေး မို့ သတိထားမိခဲ့သည်။ သုကို ဒီအကြောင်းတွေ လည်း ပြောပြရန် ချိန်းဖို့ တွေးမိလိုက်သည်။
🌷🌷🌷
"သု ....ထိုင်လေ ..."
ဦးဘုန်း ရှိန်ဝါက ခေါ်ခိုင်းသည်မို့ သု လည်း အခု သူ့ရုံးခန်းထဲ ရောက်လေပြီ။ ဘာကိစ္စမှန်း တော့ မသိပေမယ့် သု အကျင့်ပ အလုပ်မှာ ဖွန်ကြောင်ရင်တော့ လုံးဝ မကြိုက်သော လူစားမ်ျိုး။ သုသည် အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ခွဲခြားထားသည်။
"ဟုတ် ကိုဘုန်း.."
"ရော့ .. ဒါက ဖိုင်တွဲ ..ဒီထဲမှာ စာရင်းတွေပါတယ်
အဲ့တာ သု တစ်ချက်လောက် စစ်ပေးပါလား.."
"ရှင် ...ဒါက ကိုဘုန်းရဲ့ အတွင်းရေးမှူး လုပ်ရမဲ့ အလုပ်တွေ မဟုတ်လား .သုကို ဘာလို့ ခိုင်းတာ.."
"ဒီလိုကွာ . ကိုယ့်အတွင်းရေးမှူးက သူ မင်္ဂလာဆောင်မှာမို့ ခွင့်ယူသွားတယ် ..အဲ့တာ နှစ်လလောက် ကိုယ့်ရဲ့ အတွင်းရေးမှူးနေရာ နေပေးပါလား.."
ကိုဘုန်း လည်း အခက်တွေ့နေလို့ အကူအညီတောင်းသည်ဟုပဲ သု ထင်မိသည်။
"ဟုတ်ကဲ့ပါ ...သုက စာရင်းအပိုင်း သိပ်မကျွမ်းပေမယ့် ကြိုးစားပြီး လုပ်ပေးပါ့မယ်..သု ကို ခွင့်ပြုပါအုံး .."
"ဟိုလေ ..သု .."
သု ထထွက်သွားရန် ပြင်လိုက်တော့ သူက တခုခုပြောရန် အားယူနေသည့်ပုံစံ။
"ညနေအားလားဟင်.."
"ဟုတ် အားပါတယ်...."
"ကိုယ်နဲ့ Dinner အတူတူ စားဖို့ဆိုရင်ရော အဆင်ပြေမလား.."
သု ပြုံးကာ ခေါင်းလေး ညိတ်ပြလိုက်သည်။ ထို့နောက် အခနထဲက အမြန် ထွက်ခဲ့တော့သည်။ ရင်ခုန်တာလား၊ စိတ်လှုပ်ရှားတာလား မသဲကွဲပါ။ကိုဘုန်းရှိန်ဝါ အချစ်အတွက် သုဘက်က အဖြေဆိုရင်ရော ..သု မသိဘူး။
🌷🌷🌷🌷
"ထိုင် သု..."
resuntant တစ်ခုမှာ သုနဲ့ ကိုဘုန်း dinner စားကြသည်။ ကိုဘုန်းက သုအတွက် အသားကို သူကိုယ်တိုင် လှီးပေးကာ သုကို ပေးသည်။
"စားနော်.."
"ဟုတ်..."
တခါတခေ သုအပေါ်ကို ကလေးတစ်ယောက်လို ဆက်ဆံသော ဦးဘုန်းရှိန်ဝါကို ဘယ်လို အဖြေပေးရမှန်းတောင် သု မသိတော့ပါ။
"အော် ဒါနဲ့ . ဟိုတစ်နေ့က သု ညီမလေးကို ကိုယ်တွေ့ဖြစ်သေးတယ် ..."
"ဟင် ...သု ညီမလေး ?"
သု လည်း ရုတ်တရကိ အတွေးထဲမှာ တိုင်းကို ပေါ်လာသည်။
"တိုင်းလားဟင်.."
"ဟုတ်တယ် တိုင်း.. သူကလေ အဲ့နေ့ က cafeထဲမှာ မိန်းကလေး တစ်ယောက်နဲ့ စကားပြောတာလေ သူတို့ပြောတဲ့ အကြောင်းတွေကို က်ိုယ်နားလည်ရသလောက် အဲ့ဒီတိုင်း ရဲ့ ဖေဖေက အိမ်ထောင်ရေး ဖောက်ပြန်နေတာလားဟင်."
သု လက်ထဲက ခက်ရင်းနဲ့ ဇွန်းကို ချလိုက်သည်။ ဘာလို့ ရုပ်တရက် ရင်ခုန်သံတွေမြန်ပြီး တ်ိုင်းကို လွမ်းသလိုကြီး ဖြစ်နေရတာလဲ။အဲ့ခံစားချက်ကို သု မုန်းတယ်။
"ဟုတ်တယ် ....တိုင်းက အရမ်းသနားဖို့ကောင်းတာ.."
သု ဘာမှ ဆက်မစားတော့ပါ။ ဒီအတိုင်းပဲ ဖန်ခွက်ထဲက ဝိုက်အနည်းငယ်ကို တကျိတ်သောက်ကာ အပြင်က မှိန်ပြပြလင်းနေသော မီးရောင်တွေကို ငေးနေမိသည်။
"စားလေ သု ...ကိုယ်ပြောလိုက်တာ စိတ်အနှောက်အယှက်ဖြစ်သွားတာလား ..."
"အဲ့လို မဟုတ်ပါဘူး သု ဗိုက်ပြည့်သွားလို့ပါ.."
သု ရင်ထဲမှာ အတိုင်းတာနဲ့ပတ်သတ်ပြီး ခံစားချက်တွေ ရှိနေတာလား။ တကယ်လို့ ရှိနေခဲ့ရင်လည်း 528 ဖြစ်ပါစေလို့ သု ဆုတောင်းမိတယ်။
🌈🌈🌈