《Zawgyi》
အပိုင္း - ၁၂၃
[အႏၱရာယ္ - ၂]
ခ်င္းစုယြဲ႕၏ ႏွလံုးသားမွာ ျပင္းျပင္းထန္ထန္ တုန္လႈပ္လာလ်က္ သူမ၏ဖုန္းကို ေနာက္ေက်ာဘက္သို႔ တိုးတိတ္ညင္သာစြာ ပို႔လိုက္ကာ 110 သို႔ ႏွိပ္လိုက္သည္။
သူမမွာ အရင္တုန္းက ထိုသို႔ တစ္ခါမွ မႀကိဳးစားၾကည့္ခဲ့ဘူးသျဖင့္ ေအာင္ျမင္ပါ့မလားေတာ့ မေသခ်ာေပ။
ထို႔အျပင္ အခုအခ်ိန္၌ သူမ သေဘာထားကေတာ့ စိတ္ကိုၿငိမ္ေအာင္ထားၿပီး အခ်ိန္ဆြဲဖို႔အတြက္ပင္။ သူမအတြက္ အခ်ိန္ဆြဲႏိုင္သမၽွ ဆြဲဖို႔ လိုေပ၏။
ခ်င္းစုယြဲ႕ အခ်ိန္အၾကာႀကီး ေနသည္အထိ ျပန္မေရာက္လာသည္အား သတိထားမိသြားၿပီး လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ေယာက္ကမ်ား လာၾကည့္ဖို႔အတြက္ သူမ ႏွလံုးသားထဲမွေန ဆုေတာင္းေနမိသည္။ သူမမွာ အသက္ရွင္ဖို႔ အခြင့္အေရးေလးမ်ား ရွိလိုရွိျငားေပါ့။
ခ်င္းစုယြဲ႕က ထိုမ်က္ႏွာစိမ္း လူတစ္စုအား ၾကည့္လိုက္သည္။ မသိစိတ္ကေန သူမကိုယ္သူမ ေသလူလိုကို ခံစားေနရ၏။
ရုတ္တရက္ သူမ မက္ခဲ့သည့္ အိပ္မက္ဆိုးႀကီးအား ျပန္သတိရသြားသည္။ အဲဒီအခ်ိန္တုန္းကလည္း ယခုလိုပင္ အနက္ေရာင္ ဝတ္ထားသည့္ လူတစ္စု၏ ဝန္းရံျခင္းကို ခံခဲ့ရတာပင္။ သူတို႔က သူမကို ဆက္တိုက္ဆက္တိုက္ကို ဓားႏွင့္ ဟက္တက္ထိုးသြင္းခဲ့သည္။ ခ်င္းစုယြဲ႕မွာ ဘာမွ မလုပ္ႏိုင္ခဲ့ပဲ ေသြးထြက္လြန္ျခင္းေၾကာင့္ ေသဆံုးေတာ့မည္ကိုသာ ခံစားခဲ့ရ၏။
ထို ထိတ္လန္႔ ေၾကာက္ရြံ႕ကာ ကူကယ္ရာမဲ့ေနေသာ ခံစားခ်က္ ... ရုတ္တရက္ ထိုခံစားခ်က္ အားလံုးဟာ သူမရဲ႕ ႏွလံုးသားထဲကေနကို တလိမ့္လိမ့္ လွိဳက္တက္လာေတာ့သည္။
ခ်င္းစုယြဲ႕မွာ အသက္ပင္ ျပင္းျပင္း မရႉထုတ္ဝံ့ေခ်။ သူမ အသားထဲသို႔ နစ္ဝင္လုမတတ္ ျဖစ္ေနသည့္ ဓားရွည္အား သတိထားၿပီး ၾကည့္လိုက္သည္။ ခ်င္းစုယြဲ႕မွာ အသံကို အရမ္းႀကီး တုန္ရင္မေနေအာင္လို႔ အတတ္ႏိုင္ဆံုး သတိထားလိုက္၏။ "အစ္ကိုတို႔ .. ရွင္တို႔က ဘယ္သူေတြလဲ? ရွင္တို႔ ပိုက္ဆံလိုခ်င္တယ္ ဆိုရင္လည္း ကၽြန္မ ေပးႏိုင္ပါတယ္ ... လက္နက္ေတြ အၾကမ္းဖက္တာေတြနဲ႔ မေပ်ာ္ပိုက္ပဲ ေနၾကရေအာင္ေလ ကၽြန္မ ေၾကာက္လို႔ပါ"
"ဟြန္း မင္းမွာ ႏူးညံ့တဲ့ အသားအေရ ရွိတာပဲ ... မင္းရဲ႕ အသားေပၚကို ငါတုိ႔ ဓားနဲ႔ ဟက္တက္ခြဲရမွာ သနားစရာပဲ"
ခ်င္းစုယြဲ႕မွာ သူမလည္ပင္း၌ ဓားေထာက္ထားသည့္လူက ယခုကဲ့သို႔ ရို္င္းပ်စြာ ေျပာလိုက္သည္ကို ၾကားလိုက္ရ၏။ ထိုလူေတြက သူမကို အဓမၼျပဳက်င့္ၿပီး သတ္သြားၾကမည္အား စိုးရိမ္ထိတ္လန္႔မိ၍ သူမ ႏွလံုးသားက လၽွင္ျမန္စြာ တုန္လႈပ္လို႔လာသည္။
"မင္းမ်က္ႏွာကို ၾကည့္စမ္း ... မင္း မ်က္ႏွာေလးက ျဖဴေဖ်ာ့ေနတာကို ၾကည့္ၿပီး အစ္ကိုက စိတ္မေကာင္းျဖစ္မိတယ္ကြာ .. မင္းက အစ္ကို႔ကို ဂရုစိုက္ေပးေစခ်င္ရဲ႕လား?"
ထိုလူ႔လက္က သူမမ်က္ႏွာကို ထိကပ္ေတာ့မလို ျဖစ္လာေတာ့ ခ်င္းစုယြဲ႕က အလိုလိုပင္ သူမမ်က္ႏွာကို ေဘးသို႔ တိမ္းဖယ္လိုက္၏။ ထို႔ေနာက္မွာေတာ့ ခ်င္းစုယြဲ႕မွာ သူမလည္ပင္း၌ စူးခနဲ ျဖစ္ကာ ေသြးထြက္လာသည့္ ေစးထန္း စီးကပ္သည့္ ခံစားခ်က္အား သိရွိလိုက္သည္။
ခ်င္းစုယြဲ႕မွာ ဒဏ္ရာက ဘယ္ေလာက္နက္သြားလဲ ဂရုထားႏိုင္ဖို႔ အခ်ိန္မရွိေပ။ သူမက ထိုလူေတြအား စူးရွစြာ စိုက္ၾကည့္လ်က္ ခက္ထန္စြာ ၿခိမ္းေျခာက္လိုက္သည္။ "ကၽြန္မကို မထိဖို႔ ရွင္တုိ႔ကို အၾကံေပးမယ္ေနာ္ .. မဟုတ္လို႔ကေတာ့ ကၽြန္မ မိသားစုက ရွင္တို႔ကို အလြတ္ေပးမွာ မဟုတ္ဘူး!"
"အဟက္ .. ေကာင္းၿပီေလ .. မင္းလို မိန္းမငယ္ေလး တစ္ေယာက္မွာ ဘယ္လိုအင္အားေတြ ရွိမလဲ ငါလဲသိခ်င္တယ္ ... ဒီေနရာက အရမ္းေခါင္တဲ့အျပင္ လံုျခံဳေရးကင္မရာေတြလဲ မရွိဘူး ... ငါတို႔က မင္းကို သတ္ .. ခႏၶာကိုယ္ကို မမွတ္မိႏိုင္ေအာင္ ဖ်က္စီးၿပီး ေတာင္ၾကားထဲမွာ ပစ္ထားမယ္ဆိုရင္ေကာ မင္းကို ဘယ္သူက ရွာေတြ႕ႏိုင္မယ္လို႔ ထင္လဲ? ငါတို႔ လုပ္ပါတယ္လို႔ေရာ ဘယ္သူက သိႏိုင္မွာလဲ?" ထိုလူက ေျပာေနရင္းမွ ရဲတင္းကာ စိတ္ႀကီးဝင္လ်က္ ရယ္ေမာေလ၏။ "ၿမိဳ႕သူေတြက ဒီလိုမ်ိဳး တံုးအၾကတာပဲ!"
"ဟမ့္ ရွင္တို႔ ဥပေဒကေန ေျပးမလြတ္ႏိုင္ပါဘူး .. ရွင္တုိ႔ရဲ႕ ျပစ္မႈေတြကေန တိတ္တိတ္ေလး လြတ္ေျမာက္ႏိုင္မယ္ ထင္ေနၾကတာလား? ဒီကမၻာမွာ ဥပေဒေတြနဲ႔ အမိန္႔ေတြ မရွိဘူးဆိုတာ ကၽြန္မေတာ့ မယံုဘူး" ခ်င္းစုယြဲ႕က စည္းကမ္းႀကီးစြာ ေျပာလိုက္သည္။
"မင္း မွန္တယ္!" ထိုလူက ဓားကိုယူၿပီး သူမမ်က္ႏွာ၌ ပြတ္သပ္လိုက္ကာ အထင္ေသးစြာ ေျပာ၏။ "ဒီေနရာမွာေတာ့ ငါက ဥပေဒပဲ? မင္း လက္မခံႏိုင္ဘူးလား? ေကာင္းၿပီေလ ေအာင့္အီး သည္းခံလိုက္!"
"အစ္ကိုႀကီး ဘာလို႔ ဒီမိန္းမကို အဓိပၸါယ္မရွိတာေတြ ေျပာေနရတာလဲ? သူ႔ကို ျမန္ျမန္သတ္ၿပီးသြားရင္ ငါတုိ႔ ျပန္သြားေျပာရအုန္းမယ္ေလ!" တစ္ေယာက္က ထိုလူ႔အား ေလာေဆာ္လိုက္သည္။
"ဟုတ္တယ္ အစ္ကိုႀကီး! ငါက ေဆးသံုးႏိုင္ဖို႔ ပိုက္ဆံေစာင့္ေနတာ! ငါ ယင္းထ ေနၿပီ"
ခ်င္းစုယြဲ႕ဟာ သူတို႔စကားေတြရဲ႕ အဓိပၸါယ္အား နက္နက္နဲနဲ သေဘာေပါက္သြား၏။ အဲ့တာဆို သူတို႔က လူေတြရဲ႕ ပိုက္ဆံကိုယူၿပီး အဲဒီလူေတြအတြက္ အလုပ္လုပ္ေပးေနၾကတာေပါ့?
သူမက ကမန္းကတန္း ေျပာလိုက္သည္။ "ရွင္တို႔ ကၽြန္မကို မသတ္ေသးခင္မွာေလ ... ကၽြန္မကို ရွင္းရွင္းလင္းလင္း သိၿပီး ေသခြင့္ေပးသင့္တယ္လို႔ မထင္ဘူးလား? ကၽြန္မကိုသတ္ဖို႔ ရွင္တုိ႔ကို ဘယ္သူက လႊတ္လိုက္တာလဲ?"
"ဟက္ အိုေခေလ ...မင္း အမွားလုပ္ခဲ့မိတဲ့သူကို ဘယ္လိုလုပ္ၿပီး မသိရတာလဲ? ေကာင္းၿပီ ငါက သနားၾကင္နာၿပီး မင္းကို ေျပာျပေပးမယ္ .. အဲဒီလူရဲ႕ မ်ိဳးရိုးက ရွန္လို႔ပဲ ေျပာတယ္ .. မင္းကို တစ္ျခား ထပ္ေျပာျပဖို႔က ငါတုိ႔အတြက္ အဆင္မေျပဘူး .. မင္း မတရားဘူးလို႔ ခံစားရရင္လည္း ယမမင္းကိုသာ သြားေျပာလိုက္ေတာ့"
ထိုလူက ရုတ္တရက္ ဓားကို ေဝွ႕ယမ္းကာ သူမကို ထိုးဖို႔ျပင္သည္။ ခ်င္းစုယြဲ႕မွာ လၽွင္ျမန္ျဖတ္လတ္စြာျဖင့္ ဆတ္ခနဲ တိမ္းေရွာင္လိုက္ၿပီး ထိုလူရဲ႕ရင္ဘတ္အား ကန္လိုက္၏။
ထိုလူက ဤသို႔ႏွယ္ တံု႔ျပန္ခံရလိမ့္မည္ဟု မထင္ထားခဲ့သျဖင့္ ေနာက္သို႔ ေျခတစ္လွမ္း ယိုင္တိုင္တိုင္ ဆုတ္လိုက္ရရင္း သူ႔ရင္ဘတ္ကို လက္တစ္ဖက္ျဖင့္ ဆုပ္ကိုင္လိုက္ရသည္။
"မိုက္မဲတဲ့ မိန္းမယုတ္မ .. နင္ ကိုယ္ခံပညာ နဲနဲပါးပါး တတ္မယ္လို႔ ငါ မထင္ထားခဲ့လို႔ေပါ့ကြာ! ညီအစ္ကိုတုိ႔! သြားၾကစမ္း! အဲ့ေကာင္မကို ရိုက္ၾက"
ခ်င္းစုယြဲ႕မွာ ႏုနယ္ၿပီး အားနည္းလွ၏။ သူမက ဘယ္လိုလုပ္ၿပီး သူတို႔အား ရင္ဆိုင္ႏိုင္ပါမည္နည္း? သူမက အႀကိမ္ေရ အနည္းငယ္ေလာက္ေတာ့ ေရွာင္ရွားႏိုင္ေပမယ့္ အေရးနိမ့္လာသည္။
လူတစ္ေယာက္က လက္သီးႏွင့္ ထိုးလာသည္အား သူမလက္ႏွင့္ ကာကြယ္ တားဆီးလိုက္ရသည္။ သူမလက္ေတြမွာ ထံုက်င္ၿပီး မလႈပ္ရွားေတာ့ေပ။ ခ်င္းစုယြဲ႕က ေျခေထာက္ကို ေျမႇာက္ကာ စက္ဆုပ္ရြံရွာဖြယ္ မသတီစရာေကာင္းသည့္ လူအား ကန္ပစ္ဖို႔ ႀကိဳးစားသည့္အခါမွာေတာ့ ထိုလူက ခ်င္းစုယြဲ႕ရဲ႕ ေျခေထာက္ကို ဖမ္းကိုင္ၿပီး ဆြဲယူသြားေတာ့သည္။
ခ်င္းစုယြဲ႕မွာ အႏွီလူ႔ထံမွ မရုန္းကန္ႏိုင္ေတာ့ေခ်။ သူမမွာ မီတာ အနည္းငယ္ေလာက္ထိကို ဒရြတ္တိုက္ ဆြဲခံလိုက္ရ၏။
ခ်င္းစုယြဲ႕၏ ခႏၶာကိုယ္မွာ ၾကမ္းတမ္းလွေသာ ေက်ာက္စရစ္ ဂဲလံုးမ်ားႏွင့္ သဲတို႔ျဖင့္ ၾကမ္းရွစြာ ပြတ္တိုက္ခံရသည္။ သူမေက်ာျပင္မွာ ခ်က္ခ်င္းပင္ နာက်င္ေအာင့္မ်က္လာေတာ့၏။
ခ်င္းစုယြဲ႕မွာ ေျမႀကီးေပၚ၌ လဲေလ်ာင္းေနရၿပီး လူမ်ားက သူမေဘးတြင္ ခ်က္ခ်င္းပဲ ဝန္းပတ္လာသည္။ သူတို႔ဟာ ခ်င္းစုယြဲ႕အား ဆဲေရးတိုင္းထြာေနရင္းႏွင့္ ကန္ေက်ာက္ ထိုးႀကိတ္ၾကေလ၏။
ခ်င္းစုယြဲ႕ခမ်ာ သူမဦးေခါင္းအား လက္ျဖင့္ ဖံုးကာထားရသည္။ သူမ ခႏၶာကိုယ္မွာေတာ့ နာက်င္ကိုက္ခဲလို႔ေန၏။
"မိန္းမပ်က္မ .. နင္က ငါ့ကို ကန္ရဲတယ္ေပါ့ေလ? ငါ နင့္ကို မေသမခ်င္း ဓားနဲ႔ ထိုးမယ္!"
ဤသို႔ ၾကားလိုက္ရေတာ့ ခ်င္းစုယြဲ႕မွာ သူမမ်က္ဝန္းေတြအား ထိတ္လန္႔အားငယ္စြာ ဖြင့္လိုက္ရင္း သူမ ေပၚသို႔ က်ေရာက္လာခါနီး ထက္ျမေနသည့္ ဓားအား ၾကည့္လိုက္သည္။ ခ်က္ခ်င္းပင္ လူးလွိမ့္ကာ ေရွာင္တိမ္းလိုက္ေတာ့ သူမ ေက်ာႏွင့္သာ ထိသြား၏။ ခ်င္းစုယြဲ႕မွာ သူမ ခႏၶာကိုယ္အား ေဘာလံုးတစ္လံုးႏွယ္ အတတ္ႏိုင္ဆံုး ႀကိဳးစား က်ံဳ႕ေကြးလိုက္သည္။
ဒါေပမယ့္ သူမ စိတ္ကူးထားသည့္ နာက်င္မႈဟာ က်ေရာက္မလာခဲ့ေပ။ အဲဒီအစား ရူးႏွမ္းေနသည့္ လူယုတ္မာေတြထဲမွ တစ္ေယာက္၏ စူးစူးဝါးဝါး ေအာ္ဟစ္သံကိုသာ ၾကားလိုက္ရသည္။
အဲဒါၿပီးေတာ့ ခ်င္းစုယြဲ႕ဟာ နက္ရွိုင္း က်ယ္ေျပာလွေသာ ရင္ခြင္တစ္ခုက သူမအား ေထြးဖက္ထားသည္အား ခံစားလိုက္ရသည္။ ထို႔ေနာက္ သူမ ေခါင္းထက္မွသူ၏ ညည္းညဴသံကို ၾကားရလိုက္ရေလ၏။
သူမ ေခါင္းကိုလွည့္ကာ ထို ေထြးဖက္ေပးထားသည့္ သူအား ၾကည့္လိုက္ခ်င္ေပမယ့္ သူေျပာလိုက္သည့္ အသံကို ခ်င္းစုယြဲ႕ ၾကားလိုက္ရသည္။ "မၾကည့္ပါနဲ႔ .. မင္းမ်က္ဝန္းေတြကို ပိတ္ထားေနာ္ .. ကိုယ္ေျပာတဲ့အခ်ိန္မွ ဖြင့္လိုက္"
"ခ်န္းစီႏ်န္လားဟင္?"
17.3.2020
*******************
《Unicode》
အပိုင်း - ၁၂၃
[အန္တရာယ် - ၂]
ချင်းစုယွဲ့၏ နှလုံးသားမှာ ပြင်းပြင်းထန်ထန် တုန်လှုပ်လာလျက် သူမ၏ဖုန်းကို နောက်ကျောဘက်သို့ တိုးတိတ်ညင်သာစွာ ပို့လိုက်ကာ 110 သို့ နှိပ်လိုက်သည်။
သူမမှာ အရင်တုန်းက ထိုသို့ တစ်ခါမှ မကြိုးစားကြည့်ခဲ့ဘူးသဖြင့် အောင်မြင်ပါ့မလားတော့ မသေချာပေ။
ထို့အပြင် အခုအချိန်၌ သူမ သဘောထားကတော့ စိတ်ကိုငြိမ်အောင်ထားပြီး အချိန်ဆွဲဖို့အတွက်ပင်။ သူမအတွက် အချိန်ဆွဲနိုင်သမျှ ဆွဲဖို့ လိုပေ၏။
ချင်းစုယွဲ့ အချိန်အကြာကြီး နေသည်အထိ ပြန်မရောက်လာသည်အား သတိထားမိသွားပြီး လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ကများ လာကြည့်ဖို့အတွက် သူမ နှလုံးသားထဲမှနေ ဆုတောင်းနေမိသည်။ သူမမှာ အသက်ရှင်ဖို့ အခွင့်အရေးလေးများ ရှိလိုရှိငြားပေါ့။
ချင်းစုယွဲ့က ထိုမျက်နှာစိမ်း လူတစ်စုအား ကြည့်လိုက်သည်။ မသိစိတ်ကနေ သူမကိုယ်သူမ သေလူလိုကို ခံစားနေရ၏။
ရုတ်တရက် သူမ မက်ခဲ့သည့် အိပ်မက်ဆိုးကြီးအား ပြန်သတိရသွားသည်။ အဲဒီအချိန်တုန်းကလည်း ယခုလိုပင် အနက်ရောင် ဝတ်ထားသည့် လူတစ်စု၏ ဝန်းရံခြင်းကို ခံခဲ့ရတာပင်။ သူတို့က သူမကို ဆက်တိုက်ဆက်တိုက်ကို ဓားနှင့် ဟက်တက်ထိုးသွင်းခဲ့သည်။ ချင်းစုယွဲ့မှာ ဘာမှ မလုပ်နိုင်ခဲ့ပဲ သွေးထွက်လွန်ခြင်းကြောင့် သေဆုံးတော့မည်ကိုသာ ခံစားခဲ့ရ၏။
ထို ထိတ်လန့် ကြောက်ရွံ့ကာ ကူကယ်ရာမဲ့နေသော ခံစားချက် ... ရုတ်တရက် ထိုခံစားချက် အားလုံးဟာ သူမရဲ့ နှလုံးသားထဲကနေကို တလိမ့်လိမ့် လှိုက်တက်လာတော့သည်။
ချင်းစုယွဲ့မှာ အသက်ပင် ပြင်းပြင်း မရှူထုတ်ဝံ့ချေ။ သူမ အသားထဲသို့ နစ်ဝင်လုမတတ် ဖြစ်နေသည့် ဓားရှည်အား သတိထားပြီး ကြည့်လိုက်သည်။ ချင်းစုယွဲ့မှာ အသံကို အရမ်းကြီး တုန်ရင်မနေအောင်လို့ အတတ်နိုင်ဆုံး သတိထားလိုက်၏။ "အစ်ကိုတို့ .. ရှင်တို့က ဘယ်သူတွေလဲ? ရှင်တို့ ပိုက်ဆံလိုချင်တယ် ဆိုရင်လည်း ကျွန်မ ပေးနိုင်ပါတယ် ... လက်နက်တွေ အကြမ်းဖက်တာတွေနဲ့ မပျော်ပိုက်ပဲ နေကြရအောင်လေ ကျွန်မ ကြောက်လို့ပါ"
"ဟွန်း မင်းမှာ နူးညံ့တဲ့ အသားအရေ ရှိတာပဲ ... မင်းရဲ့ အသားပေါ်ကို ငါတို့ ဓားနဲ့ ဟက်တက်ခွဲရမှာ သနားစရာပဲ"
ချင်းစုယွဲ့မှာ သူမလည်ပင်း၌ ဓားထောက်ထားသည့်လူက ယခုကဲ့သို့ ရို်င်းပျစွာ ပြောလိုက်သည်ကို ကြားလိုက်ရ၏။ ထိုလူတွေက သူမကို အဓမ္မပြုကျင့်ပြီး သတ်သွားကြမည်အား စိုးရိမ်ထိတ်လန့်မိ၍ သူမ နှလုံးသားက လျှင်မြန်စွာ တုန်လှုပ်လို့လာသည်။
"မင်းမျက်နှာကို ကြည့်စမ်း ... မင်း မျက်နှာလေးက ဖြူဖျော့နေတာကို ကြည့်ပြီး အစ်ကိုက စိတ်မကောင်းဖြစ်မိတယ်ကွာ .. မင်းက အစ်ကို့ကို ဂရုစိုက်ပေးစေချင်ရဲ့လား?"
ထိုလူ့လက်က သူမမျက်နှာကို ထိကပ်တော့မလို ဖြစ်လာတော့ ချင်းစုယွဲ့က အလိုလိုပင် သူမမျက်နှာကို ဘေးသို့ တိမ်းဖယ်လိုက်၏။ ထို့နောက်မှာတော့ ချင်းစုယွဲ့မှာ သူမလည်ပင်း၌ စူးခနဲ ဖြစ်ကာ သွေးထွက်လာသည့် စေးထန်း စီးကပ်သည့် ခံစားချက်အား သိရှိလိုက်သည်။
ချင်းစုယွဲ့မှာ ဒဏ်ရာက ဘယ်လောက်နက်သွားလဲ ဂရုထားနိုင်ဖို့ အချိန်မရှိပေ။ သူမက ထိုလူတွေအား စူးရှစွာ စိုက်ကြည့်လျက် ခက်ထန်စွာ ခြိမ်းခြောက်လိုက်သည်။ "ကျွန်မကို မထိဖို့ ရှင်တို့ကို အကြံပေးမယ်နော် .. မဟုတ်လို့ကတော့ ကျွန်မ မိသားစုက ရှင်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး!"
"အဟက် .. ကောင်းပြီလေ .. မင်းလို မိန်းမငယ်လေး တစ်ယောက်မှာ ဘယ်လိုအင်အားတွေ ရှိမလဲ ငါလဲသိချင်တယ် ... ဒီနေရာက အရမ်းခေါင်တဲ့အပြင် လုံခြုံရေးကင်မရာတွေလဲ မရှိဘူး ... ငါတို့က မင်းကို သတ် .. ခန္ဓာကိုယ်ကို မမှတ်မိနိုင်အောင် ဖျက်စီးပြီး တောင်ကြားထဲမှာ ပစ်ထားမယ်ဆိုရင်ကော မင်းကို ဘယ်သူက ရှာတွေ့နိုင်မယ်လို့ ထင်လဲ? ငါတို့ လုပ်ပါတယ်လို့ရော ဘယ်သူက သိနိုင်မှာလဲ?" ထိုလူက ပြောနေရင်းမှ ရဲတင်းကာ စိတ်ကြီးဝင်လျက် ရယ်မောလေ၏။ "မြို့သူတွေက ဒီလိုမျိုး တုံးအကြတာပဲ!"
"ဟမ့် ရှင်တို့ ဥပဒေကနေ ပြေးမလွတ်နိုင်ပါဘူး .. ရှင်တို့ရဲ့ ပြစ်မှုတွေကနေ တိတ်တိတ်လေး လွတ်မြောက်နိုင်မယ် ထင်နေကြတာလား? ဒီကမ္ဘာမှာ ဥပဒေတွေနဲ့ အမိန့်တွေ မရှိဘူးဆိုတာ ကျွန်မတော့ မယုံဘူး" ချင်းစုယွဲ့က စည်းကမ်းကြီးစွာ ပြောလိုက်သည်။
"မင်း မှန်တယ်!" ထိုလူက ဓားကိုယူပြီး သူမမျက်နှာ၌ ပွတ်သပ်လိုက်ကာ အထင်သေးစွာ ပြော၏။ "ဒီနေရာမှာတော့ ငါက ဥပဒေပဲ? မင်း လက်မခံနိုင်ဘူးလား? ကောင်းပြီလေ အောင့်အီး သည်းခံလိုက်!"
"အစ်ကိုကြီး ဘာလို့ ဒီမိန်းမကို အဓိပ္ပါယ်မရှိတာတွေ ပြောနေရတာလဲ? သူ့ကို မြန်မြန်သတ်ပြီးသွားရင် ငါတို့ ပြန်သွားပြောရအုန်းမယ်လေ!" တစ်ယောက်က ထိုလူ့အား လောဆော်လိုက်သည်။
"ဟုတ်တယ် အစ်ကိုကြီး! ငါက ဆေးသုံးနိုင်ဖို့ ပိုက်ဆံစောင့်နေတာ! ငါ ယင်းထ နေပြီ"
ချင်းစုယွဲ့ဟာ သူတို့စကားတွေရဲ့ အဓိပ္ပါယ်အား နက်နက်နဲနဲ သဘောပေါက်သွား၏။ အဲ့တာဆို သူတို့က လူတွေရဲ့ ပိုက်ဆံကိုယူပြီး အဲဒီလူတွေအတွက် အလုပ်လုပ်ပေးနေကြတာပေါ့?
သူမက ကမန်းကတန်း ပြောလိုက်သည်။ "ရှင်တို့ ကျွန်မကို မသတ်သေးခင်မှာလေ ... ကျွန်မကို ရှင်းရှင်းလင်းလင်း သိပြီး သေခွင့်ပေးသင့်တယ်လို့ မထင်ဘူးလား? ကျွန်မကိုသတ်ဖို့ ရှင်တို့ကို ဘယ်သူက လွှတ်လိုက်တာလဲ?"
"ဟက် အိုခေလေ ...မင်း အမှားလုပ်ခဲ့မိတဲ့သူကို ဘယ်လိုလုပ်ပြီး မသိရတာလဲ? ကောင်းပြီ ငါက သနားကြင်နာပြီး မင်းကို ပြောပြပေးမယ် .. အဲဒီလူရဲ့ မျိုးရိုးက ရှန်လို့ပဲ ပြောတယ် .. မင်းကို တစ်ခြား ထပ်ပြောပြဖို့က ငါတို့အတွက် အဆင်မပြေဘူး .. မင်း မတရားဘူးလို့ ခံစားရရင်လည်း ယမမင်းကိုသာ သွားပြောလိုက်တော့"
ထိုလူက ရုတ်တရက် ဓားကို ဝှေ့ယမ်းကာ သူမကို ထိုးဖို့ပြင်သည်။ ချင်းစုယွဲ့မှာ လျှင်မြန်ဖြတ်လတ်စွာဖြင့် ဆတ်ခနဲ တိမ်းရှောင်လိုက်ပြီး ထိုလူရဲ့ရင်ဘတ်အား ကန်လိုက်၏။
ထိုလူက ဤသို့နှယ် တုံ့ပြန်ခံရလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် နောက်သို့ ခြေတစ်လှမ်း ယိုင်တိုင်တိုင် ဆုတ်လိုက်ရရင်း သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ရသည်။
"မိုက်မဲတဲ့ မိန်းမယုတ်မ .. နင် ကိုယ်ခံပညာ နဲနဲပါးပါး တတ်မယ်လို့ ငါ မထင်ထားခဲ့လို့ပေါ့ကွာ! ညီအစ်ကိုတို့! သွားကြစမ်း! အဲ့ကောင်မကို ရိုက်ကြ"
ချင်းစုယွဲ့မှာ နုနယ်ပြီး အားနည်းလှ၏။ သူမက ဘယ်လိုလုပ်ပြီး သူတို့အား ရင်ဆိုင်နိုင်ပါမည်နည်း? သူမက အကြိမ်ရေ အနည်းငယ်လောက်တော့ ရှောင်ရှားနိုင်ပေမယ့် အရေးနိမ့်လာသည်။
လူတစ်ယောက်က လက်သီးနှင့် ထိုးလာသည်အား သူမလက်နှင့် ကာကွယ် တားဆီးလိုက်ရသည်။ သူမလက်တွေမှာ ထုံကျင်ပြီး မလှုပ်ရှားတော့ပေ။ ချင်းစုယွဲ့က ခြေထောက်ကို မြှောက်ကာ စက်ဆုပ်ရွံရှာဖွယ် မသတီစရာကောင်းသည့် လူအား ကန်ပစ်ဖို့ ကြိုးစားသည့်အခါမှာတော့ ထိုလူက ချင်းစုယွဲ့ရဲ့ ခြေထောက်ကို ဖမ်းကိုင်ပြီး ဆွဲယူသွားတော့သည်။
ချင်းစုယွဲ့မှာ အနှီလူ့ထံမှ မရုန်းကန်နိုင်တော့ချေ။ သူမမှာ မီတာ အနည်းငယ်လောက်ထိကို ဒရွတ်တိုက် ဆွဲခံလိုက်ရ၏။
ချင်းစုယွဲ့၏ ခန္ဓာကိုယ်မှာ ကြမ်းတမ်းလှသော ကျောက်စရစ် ဂဲလုံးများနှင့် သဲတို့ဖြင့် ကြမ်းရှစွာ ပွတ်တိုက်ခံရသည်။ သူမကျောပြင်မှာ ချက်ချင်းပင် နာကျင်အောင့်မျက်လာတော့၏။
ချင်းစုယွဲ့မှာ မြေကြီးပေါ်၌ လဲလျောင်းနေရပြီး လူများက သူမဘေးတွင် ချက်ချင်းပဲ ဝန်းပတ်လာသည်။ သူတို့ဟာ ချင်းစုယွဲ့အား ဆဲရေးတိုင်းထွာနေရင်းနှင့် ကန်ကျောက် ထိုးကြိတ်ကြလေ၏။
ချင်းစုယွဲ့ခမျာ သူမဦးခေါင်းအား လက်ဖြင့် ဖုံးကာထားရသည်။ သူမ ခန္ဓာကိုယ်မှာတော့ နာကျင်ကိုက်ခဲလို့နေ၏။
"မိန်းမပျက်မ .. နင်က ငါ့ကို ကန်ရဲတယ်ပေါ့လေ? ငါ နင့်ကို မသေမချင်း ဓားနဲ့ ထိုးမယ်!"
ဤသို့ ကြားလိုက်ရတော့ ချင်းစုယွဲ့မှာ သူမမျက်ဝန်းတွေအား ထိတ်လန့်အားငယ်စွာ ဖွင့်လိုက်ရင်း သူမ ပေါ်သို့ ကျရောက်လာခါနီး ထက်မြနေသည့် ဓားအား ကြည့်လိုက်သည်။ ချက်ချင်းပင် လူးလှိမ့်ကာ ရှောင်တိမ်းလိုက်တော့ သူမ ကျောနှင့်သာ ထိသွား၏။ ချင်းစုယွဲ့မှာ သူမ ခန္ဓာကိုယ်အား ဘောလုံးတစ်လုံးနှယ် အတတ်နိုင်ဆုံး ကြိုးစား ကျုံ့ကွေးလိုက်သည်။
ဒါပေမယ့် သူမ စိတ်ကူးထားသည့် နာကျင်မှုဟာ ကျရောက်မလာခဲ့ပေ။ အဲဒီအစား ရူးနှမ်းနေသည့် လူယုတ်မာတွေထဲမှ တစ်ယောက်၏ စူးစူးဝါးဝါး အော်ဟစ်သံကိုသာ ကြားလိုက်ရသည်။
အဲဒါပြီးတော့ ချင်းစုယွဲ့ဟာ နက်ရှိုင်း ကျယ်ပြောလှသော ရင်ခွင်တစ်ခုက သူမအား ထွေးဖက်ထားသည်အား ခံစားလိုက်ရသည်။ ထို့နောက် သူမ ခေါင်းထက်မှသူ၏ ညည်းညူသံကို ကြားလိုက်ရလေ၏။
သူမ ခေါင်းကိုလှည့်ကာ ထို ထွေးဖက်ပေးထားသည့် သူအား ကြည့်လိုက်ချင်ပေမယ့် သူပြောလိုက်သည့် အသံကို ချင်းစုယွဲ့ ကြားလိုက်ရသည်။ "မကြည့်ပါနဲ့ .. မင်းမျက်ဝန်းတွေကို ပိတ်ထားနော် .. ကိုယ်ပြောတဲ့အချိန်မှ ဖွင့်လိုက်"
"ချန်းစီနျန်လားဟင်?"
17.3.2020
********************