[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 355K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၁၂၁ ..

16.8K 1.6K 161
By busy_pisi

《Zawgyi》

အပိုင္း - ၁၂၁
[နင့္နင့္သီးသီး မုန္းတီးျခင္း]

"နင္က အစကေတာ့ နင့္ရဲ႕ အခ်စ္ၿပိဳင္ဘက္ကို အႏိုင္ရေနၿပီးသားေလ ဒါေပမယ့္ မတရားဘူးလို႔ ခံစားေနရတယ္ .. အခု နင့္ရဲ႕အခ်စ္ၿပိဳင္ဘက္ကို ကားနဲ႔ဝင္တိုက္မိၿပီး သူ ေဆးရံုမွာ လဲေနရေတာ့ ခ်န္းစီႏ်န္က နင့္အျပစ္ေတြကို ေျပလည္ေအာင္ လုပ္ေပးခ်င္ၿပီး ဟိုမိန္းမအေပၚ စိတ္ညြတ္သြားမွာ ေၾကာက္ေနတာ ... ဒီကိစၥေၾကာင့္ ခ်န္းစီႏ်န္က နင့္ရဲ႕အခ်စ္ၿပိဳင္ဘက္နဲ႔ ပက္သတ္ရမွာပဲေလ" ကူထံုးက အခ်က္အလက္က်က် ရွင္းရွင္းလင္းလင္း သံုးသပ္ျပေလ၏။ "နင္ စိတ္ဖိစီးမႈေတြမ်ားၿပီး ညညက် ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ပဲ ေဒါသေတြ ထြက္ေနရတာ အလုပ္က ဖိအားေတြေၾကာင့္ မဟုတ္ပဲ နင့္စိတ္က အေတြးေတြေၾကာင့္မလို႔ပဲ"

ခ်င္းစုယြဲ႕က ႏႈတ္ဆိတ္မိသြား၏။

အခုတေလာ ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္ကို မျမင္ေတြ႕လိုျခင္းမွာ ရွန္ဝမ္းယန္႔အေၾကာင္းကို မေတြးမိခ်င္၍ ျဖစ္သည္။

အကယ္၍ ခ်င္းစုယြဲ႕သာ ေဆးရံုထက္တြင္ လဲေနရသူ ျဖစ္ခဲ့ပါလၽွင္ သူမက ယခုလိုမ်ိဳး အျပစ္ရွိသလို ခံစားေနရမွာ မဟုတ္ေပ။

ခ်င္းစုယြဲ႕က ရယ္လိုက္၏။ "နင္ေျပာတာ ျဖစ္ႏိုင္တယ္"

ကူထံုးက ေပ်ာ္ရႊင္သြားေတာ့သည္။ "စုယြဲ႕ နင္ အခ်စ္မွာ က်ရွံဳးသြားၿပီ ... နင္ တကယ္ႀကီးကို ခ်စ္တတ္သြားၿပီဟ"

"ဟင္" ငါ ျပန္ရုတ္သိမ္းလို႔ ရႏိုင္မလား? ငါ့ ႏွလံုးသားကိုေလ..

***********

ေတြ႕ဆံုေမးျမန္းျခင္း အစီအစဥ္ေၾကာင့္ ခ်င္းစုယြဲ႕က Aၿမိဳ႕သို႔ ျပန္သြားရ၏။ သူမက က်င့္လန္ႏွင့္ ေတာ္ေတာ္ေလး ေကာင္းမြန္စြာ ပူးေပါင္းတင္ဆက္ႏိုင္ခဲ့သည္။ ရိုက္ကူးမွတ္တမ္းတင္ျခင္း ၿပီးဆံုးသြားေတာ့ က်င့္လန္က သူမနဲ႔ အတူ အျပင္သို႔ထြက္ၿပီး ထမင္းစားခ်င္၏။ က်င့္လန္႔က ျပံဳးလိုက္ရင္းႏွင့္ ေျပာသည္။ "ေနာက္တစ္ႀကိမ္ အစ္မတို႔ ျပန္ေတြ႕တဲ့အခါက်ရင္ ညီမရဲ႕ မဂၤလာဧည့္ခံပြဲ ျဖစ္ေနဖို႔ ေမၽွာ္လင့္ပါတယ္ ... မဂၤလာဧည့္ခံပြဲ အခမ္းအနားအတြက္ ဖိတ္စာကို ဆက္ဆက္ ပို႔ေပးမယ္မလား?"

ခ်င္းစုယြဲ႕က ကူရာမဲ့စြာ ရယ္ေမာလိုက္ရ၏။ "ညီမလို လူလြတ္တစ္ေယာက္ကို ဘယ္လိုလုပ္ၿပီး မဂၤလာဧည့္ခံပြဲ ဖိတ္စာ ပို႔ခိုင္းေစခ်င္ရတာလဲ အစ္မရယ္?"

"စီအီးအိုခ်န္းက ပို႔ေပးရင္လည္း ရတယ္ေနာ္" က်င့္လန္က ရယ္လိုက္၏။

ခ်င္းစုယြဲ႕ကေတာ့ ရယ္ေနဖို႔သာ တတ္ႏိုင္ေတာ့သည္။ သူမက ေတြးမိေလ၏။ : ငါတို႔ႏွစ္ေယာက္ၾကားမွာ ဘာမွ ျဖစ္လာႏိုင္တာမွ မဟုတ္တာေလ

ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ သူ႔ကို တမင္သက္သက္ႀကီး ေရွာင္ေနသည္မွန္း အလိုလို သိေနသည္။ ဒါေပမယ့္ ရွန္ဝမ္းယန္႔ကို မေတာ္တဆ ထိခိုက္ေစမိခဲ့တာေၾကာင့္ ခ်င္းစုယြဲ႕က ပံုမွန္လို ျပန္ေနထိုင္ ခံစားႏိုင္ဖို႔ အခ်ိန္လိုအပ္သည္မွန္း သူ ေတြးမိ၏။ တစ္ခ်ိန္ထဲမွာပဲ ခ်င္းစုယြဲ႕က သူ႔ကို ရွန္ဝမ္းယန္႔ႏွင့္ ေဆးရံုမွာ ရွိေနေပးေစလိုသျဖင့္ သူ ေဒါသျဖစ္ရေလသည္။ ရွန္ဝမ္းယန္႔ရဲ႕ နစ္နာမႈအတြက္ အစားထိုး ေပးေလ်ာ္လို႔ရမယ့္ နည္းလမ္းမ်ားစြာ ရွိေနေပမယ့္ ဒီလို ၾကင္နာမႈမ်ိဳးနဲ႔ေတာ့ မဟုတ္ဘူးေလ။

ခ်င္းစုယြဲ႕က အခ်ိန္လိုအပ္သလို သူကလည္း အလုပ္ေတြ အရမ္းရႈပ္ေနသည္။ သူတို႔ႏွစ္ေယာက္ အခ်ိန္ယူၿပီး တည္ၿငိမ္အနည္ထိုင္ေအာင္ ေအးေအးေဆးေဆး စဥ္းစားၾကည့္ၾကတာက ပိုေကာင္း၏။

တစ္ဖက္တြင္လည္း ရွန္ဝမ္းယန္႔မွာ ေဆးရံုတြင္ ဆယ္ရက္နီးပါးေလာက္ ေနၿပီးသည့္ေနာက္ မဖိတ္ေခၚထားတဲ့ ဧည့္သည္တစ္ေယာက္ ေရာက္ရွိလာ၏။ သူကေတာ့ ___ ရွီရွီပင္။

ရွီရွီက ေဆးရံုခန္းတြင္းသို႔ ဝင္လာၿပီး ရွန္ဝမ္းယန္႔အား ေစ့ေစ့ငံုငံု စူးစမ္းစစ္ေဆးလိုက္ၿပီးေနာက္ တုန္လႈပ္စြာ ေျပာေလ၏။ "နင္ ဒီေလာက္ထိ အေျခအေန ဆိုးသြားလိမ့္မယ္လို႔ ငါ မထင္ထားခဲ့ဘူး .. ကၽြတ္ ကၽြတ္ .. နင္ ေတာ္ေတာ္ေလး သနားစရာ ေကာင္းေနတာပဲ"

"နင္ ဘာေျပာခ်င္တာလဲ?"

"ဘာမွမဟုတ္ပါဘူး .. ငါ နင့္ကို သနားမိလို႔ပါ"

"ငါက နင္ သနားတာကို မလိုဘူး"

ရွီရွီက ရယ္ေမာလိုက္၏။ "ခ်င္းစုယြဲ႕ မထိခိုက္မိတာ ဘယ္လိုလုပ္ၿပီး ေကာင္းရမွာလဲ? မေကာင္းဘူးေနာ္ ..  ကားတိုက္ၿပီး သူ႔ဘဝက အဆံုးသတ္သြားရမွာကို .. ခ်င္းစုယြဲ႕ မေသေတာ့ ေပ်ာ္စရာ မေကာင္းေတာ့ဘူး"

ရွန္ဝမ္းယန္႔မွာ ဤသို႔ ၾကားလိုက္ရေတာ့ ေရွာ့ရသြားေတာ့သည္။ အရင္က ရွန္ဝမ္းယန္႔ ခ်င္းစုယြဲ႕အေၾကာင္း စံုစမ္းၾကည့္ေတာ့ ခ်င္းစုယြဲ႕မွာ ေလွကားေပၚက ျပဳတ္က်ၿပီးသြားထဲက စတင္ ေျပာင္းလဲသြားတာ ျဖစ္ေၾကာင္း သိခဲ့ရသည္။ ခ်င္းစုယြဲ႕ ေလွကားေပၚက ျပဳတ္က်ေအာင္ တြန္းခဲ့သူက ရွီရွီပင္။ ရွန္ဝမ္းယန္႔က အစကေတာ့ သူတို႔ ရိုးရိုးသားသား ရန္ျဖစ္ စကားမ်ားၾကရင္း တြန္းမိတာလို႔ပဲ ထင္ခဲ့မိတာျဖစ္သည္။ အခု ၾကည့္ရတာေတာ့ ထိုအျဖစ္မွာ ထင္သေလာက္ မရိုးရွင္းေလာက္ေပ။

ရွီရွီက ခ်င္းစုယြဲ႕ကို ေသေစခ်င္တာလား?

"နင္ ဘယ္ေလာက္ထိ ခ်င္းစုယြဲ႕ကို နင့္နင့္သီးသီး မုန္းတီးေနတာလဲ? နင္ တကယ္ႀကီး သူ႔ကို ေသေစခ်င္တာလား?" ရွန္ဝမ္းယန္႔က ရွီရွီအား သတိႀကီးႀကီးထားၿပီး ၾကည့္လိုက္၏။

ရွီရွီက ခ်ိဳျမစြာ ျပံဳးလိုက္သည္။ "ငါ သူ႔ကို နက္နက္နဲနဲ မမုန္းတီးေနပဲနဲ႔ေတာ့ သူ႔ကို ေသေစခ်င္ေနပါ့မလား? သူသာ မေသရင္ နင္က ဘယ္လိုလုပ္ၿပီး ခ်န္းစီႏ်န္ကို ရေတာ့မွာလဲ?"

"နင္က ဘာလို႔ ငါ့ကို ကူညီခ်င္ရတာလဲ? ငါတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ မသိၾကဘူးေလ"

"ဘယ္သူေျပာလဲ?" ရွီရွီက ေျပာေလ၏။ "ငါတုိ႔က တစ္ဖက္ထဲပဲေလ .. သူ ေသသြားတာနဲ႔ ေနာက္ဆံုးေတာ့ ဇာတ္ေၾကာင္းက မူလအတိုင္း ျပန္ျဖစ္သြားႏိုင္ၿပီ ... ငါဖန္တီးထားတဲ့ ေလာကကို လူေတြက ေဝဖန္အကဲျဖတ္ၿပီး ေျပာင္းလဲဖုိ႔ ႀကိဳးစားတာကို ငါအရမ္းမုန္းတယ္"

ရွန္ဝမ္းယန္႔က ရွီရွီ႕ကို စိုက္ၾကည့္ၿပီး အေတြးထဲ နစ္ေျမာေနမိ၏။

ရွီရွီက စိတ္လႈပ္ရွားစြာျဖင့္ ဆက္ေျပာေလ၏။ "ဘာလို႔ ငါက နင့္ကို အၾကံဥာဏ္ေကာင္း မေပးႏိုင္ရမွာလဲ? နင္ အျမဲတမ္း ပူပင္ေၾကာင့္ၾက ကင္းေဝးၿပီး နင္ အျမင္ကပ္တဲ့ ခ်င္းစုယြဲ႕ကိုပါ ဘယ္ေတာ့မွ ထပ္ျမင္ရမွာ မဟုတ္ေတာ့တဲ့အျပင္ ခ်န္းစီႏ်န္ကိုပါ ထာဝရ ပိုင္ဆိုင္ႏိုင္အုန္းမွာ ဆိုရင္ေရာ? အဲ့လိုဆိုရင္ေရာ ဘယ္လိုလဲ? နင္ စိတ္ပါသြားၿပီလား?"

ရွန္ဝမ္းယန္႔က ေအးစိမ့္ေနသည့္ ေလျပင္းတစ္ခ်က္ကို ခံစားလိုက္ရၿပီးေနာက္ တင္းမာစြာ ေမးလိုက္သည္။ "နင္က ငါ့ကို ဘာလုပ္ေစခ်င္တာလဲ?"

"သိသိသာသာကို ေကာင္းတဲ့တစ္ခုခုေပါ့ ... ငါ့ ဦးေႏွာက္ကို ဆြဲဆန္႔ၿပီး နင့္ကို ကူညီဖို႔ ႀကိဳးစားေနတာကို မျမင္ဘူးလား?" ရွီရွီက ရယ္ေမာလိုက္သည္။ "နင္ ငါ့အၾကံကို ၾကားခ်င္ရဲ႕လား?"

ရွန္ဝမ္းယန္႔ဟာ သူမ အေရွ႕တည့္တည့္မွ မိန္းမကို ၾကည့္လိုက္သည္။ ထိုမိန္းမမွာ ငရဲမွတက္လာသည့္ နတ္ဆိုးတစ္ေကာင္ႏွင့္ တူသည္ဟု သူမ ခံစားေနရ၏။ ထိုမည္းေမွာင္ၿပီး ထူးဆန္းသည့္ အေငြ႕အသက္က ရွန္ဝမ္းယန္႔အား ရင္တြင္းမွေန တခိုက္ခိုက္ တုန္ရီလာမိေစသည္။

ခ်င္းစုယြဲ႕က ဘယ္လိုျဖစ္ၿပီး ဒီလိုရန္သူမ်ိဳးနဲ႔ ၾကံဳေတြ႕ရတာပါလိမ့္?

အခုအခ်ိန္မွာ ေကာင္းခ်ီးေပးဖို႔ ဆုေတာင္းေနသင့္တဲ့သူက ခ်င္းစုယြဲ႕ပဲမလား?

**********

Aၿမိဳ႕မွာ ေရာက္ေနသည့္ ခ်င္းစုယြဲ႕ကေတာ့ ဘာကိုမွ မသိရွာေသးေပ။ သူမက က်င့္လန္ႏွင့္ ေတြ႕ဆံုေမးျမန္းျခင္း ရိုက္ကူးၿပီးစီးသြားေတာ့ ေနာက္အပိုင္းသစ္အတြက္ ရည္ရြယ္ထားသူအား ခ်င္းစုယြဲ႕ရဲ႕အထက္လူႀကီးက ေျပာျပလာခဲ့သည္။ သူတို႔က ရုပ္ရွင္ေလာကထဲမွပင္ ျဖစ္၏။ သို႔ရာတြင္ ယခုအခ်ိန္၌ ထိုသူက ထူးခၽြန္ဆုေပါင္း ေျမာက္မ်ားစြာကို ခူးဆြတ္ရယူႏိုင္ခဲ့သည့္ ရုပ္ရွင္အင္ပါယာရဲ႕ ဧကရာဇ္တစ္ပါးပင္။

ယခုတြင္ ထိုသူက ေတာင္ေပၚေဒသ၌ ရုပ္ရွင္ရိုက္ကူးေနၿပီး သူ႔အား ေတြ႕ဆံုေမးျမန္းဖို႔အတြက္ အခ်ိန္က မရေပ။ အင္တာဗ်ဴး ရိုက္ကူးၾကရမည့္ အုပ္စုဟာ သူ ရွိေနသည့္ ေနရာထိ သြားေရာက္ရိုက္ကူးဖို႔ ဆံုးျဖတ္လိုက္ၾကသည္။ ထိုေနရာကို ေရာက္ရွိဖို႔အတြက္ အခ်ိန္အၾကာႀကီး ကားေမာင္းသြားရေလ၏။ ခ်င္းစုယြဲ႕တစ္ေယာက္ ထိုသို႔ သြားေရာက္ရိုက္ကူးမည့္ အုပ္စုေနာက္ကလိုက္ရင္း မေတာ္တဆ ထိခိုက္ဒဏ္ရာရရွိမႈထဲ က်ေရာက္ရလိမ့္မည္ဟုေတာ့ မည္သူက ထင္ခဲ့ပါမည္နည္း ...



15.3.2020

***********************

《Unicode》

အပိုင်း - ၁၂၁
[နင့်နင့်သီးသီး မုန်းတီးခြင်း]

"နင်က အစကတော့ နင့်ရဲ့ အချစ်ပြိုင်ဘက်ကို အနိုင်ရနေပြီးသားလေ ဒါပေမယ့် မတရားဘူးလို့ ခံစားနေရတယ် .. အခု နင့်ရဲ့အချစ်ပြိုင်ဘက်ကို ကားနဲ့ဝင်တိုက်မိပြီး သူ ဆေးရုံမှာ လဲနေရတော့ ချန်းစီနျန်က နင့်အပြစ်တွေကို ပြေလည်အောင် လုပ်ပေးချင်ပြီး ဟိုမိန်းမအပေါ် စိတ်ညွတ်သွားမှာ ကြောက်နေတာ ... ဒီကိစ္စကြောင့် ချန်းစီနျန်က နင့်ရဲ့အချစ်ပြိုင်ဘက်နဲ့ ပက်သတ်ရမှာပဲလေ" ကူထုံးက အချက်အလက်ကျကျ ရှင်းရှင်းလင်းလင်း သုံးသပ်ပြလေ၏။ "နင် စိတ်ဖိစီးမှုတွေများပြီး ညညကျ တော်တော်နဲ့ အိပ်မပျော်ပဲ ဒေါသတွေ ထွက်နေရတာ အလုပ်က ဖိအားတွေကြောင့် မဟုတ်ပဲ နင့်စိတ်က အတွေးတွေကြောင့်မလို့ပဲ"

ချင်းစုယွဲ့က နှုတ်ဆိတ်မိသွား၏။

အခုတလော ချင်းစုယွဲ့က ချန်းစီနျန်ကို မမြင်တွေ့လိုခြင်းမှာ ရှန်ဝမ်းယန့်အကြောင်းကို မတွေးမိချင်၍ ဖြစ်သည်။

အကယ်၍ ချင်းစုယွဲ့သာ ဆေးရုံထက်တွင် လဲနေရသူ ဖြစ်ခဲ့ပါလျှင် သူမက ယခုလိုမျိုး အပြစ်ရှိသလို ခံစားနေရမှာ မဟုတ်ပေ။

ချင်းစုယွဲ့က ရယ်လိုက်၏။ "နင်ပြောတာ ဖြစ်နိုင်တယ်"

ကူထုံးက ပျော်ရွှင်သွားတော့သည်။ "စုယွဲ့ နင် အချစ်မှာ ကျရှုံးသွားပြီ ... နင် တကယ်ကြီးကို ချစ်တတ်သွားပြီဟ"

"ဟင်" ငါ ပြန်ရုတ်သိမ်းလို့ ရနိုင်မလား? ငါ့ နှလုံးသားကိုလေ..

***********

တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်ကြောင့် ချင်းစုယွဲ့က Aမြို့သို့ ပြန်သွားရ၏။ သူမက ကျင့်လန်နှင့် တော်တော်လေး ကောင်းမွန်စွာ ပူးပေါင်းတင်ဆက်နိုင်ခဲ့သည်။ ရိုက်ကူးမှတ်တမ်းတင်ခြင်း ပြီးဆုံးသွားတော့ ကျင့်လန်က သူမနဲ့ အတူ အပြင်သို့ထွက်ပြီး ထမင်းစားချင်၏။ ကျင့်လန့်က ပြုံးလိုက်ရင်းနှင့် ပြောသည်။ "နောက်တစ်ကြိမ် အစ်မတို့ ပြန်တွေ့တဲ့အခါကျရင် ညီမရဲ့ မင်္ဂလာဧည့်ခံပွဲ ဖြစ်နေဖို့ မျှော်လင့်ပါတယ် ... မင်္ဂလာဧည့်ခံပွဲ အခမ်းအနားအတွက် ဖိတ်စာကို ဆက်ဆက် ပို့ပေးမယ်မလား?"

ချင်းစုယွဲ့က ကူရာမဲ့စွာ ရယ်မောလိုက်ရ၏။ "ညီမလို လူလွတ်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး မင်္ဂလာဧည့်ခံပွဲ ဖိတ်စာ ပို့ခိုင်းစေချင်ရတာလဲ အစ်မရယ်?"

"စီအီးအိုချန်းက ပို့ပေးရင်လည်း ရတယ်နော်" ကျင့်လန်က ရယ်လိုက်၏။

ချင်းစုယွဲ့ကတော့ ရယ်နေဖို့သာ တတ်နိုင်တော့သည်။ သူမက တွေးမိလေ၏။ : ငါတို့နှစ်ယောက်ကြားမှာ ဘာမှ ဖြစ်လာနိုင်တာမှ မဟုတ်တာလေ

ချန်းစီနျန်က ချင်းစုယွဲ့ သူ့ကို တမင်သက်သက်ကြီး ရှောင်နေသည်မှန်း အလိုလို သိနေသည်။ ဒါပေမယ့် ရှန်ဝမ်းယန့်ကို မတော်တဆ ထိခိုက်စေမိခဲ့တာကြောင့် ချင်းစုယွဲ့က ပုံမှန်လို ပြန်နေထိုင် ခံစားနိုင်ဖို့ အချိန်လိုအပ်သည်မှန်း သူ တွေးမိ၏။ တစ်ချိန်ထဲမှာပဲ ချင်းစုယွဲ့က သူ့ကို ရှန်ဝမ်းယန့်နှင့် ဆေးရုံမှာ ရှိနေပေးစေလိုသဖြင့် သူ ဒေါသဖြစ်ရလေသည်။ ရှန်ဝမ်းယန့်ရဲ့ နစ်နာမှုအတွက် အစားထိုး ပေးလျော်လို့ရမယ့် နည်းလမ်းများစွာ ရှိနေပေမယ့် ဒီလို ကြင်နာမှုမျိုးနဲ့တော့ မဟုတ်ဘူးလေ။

ချင်းစုယွဲ့က အချိန်လိုအပ်သလို သူကလည်း အလုပ်တွေ အရမ်းရှုပ်နေသည်။ သူတို့နှစ်ယောက် အချိန်ယူပြီး တည်ငြိမ်အနည်ထိုင်အောင် အေးအေးဆေးဆေး စဉ်းစားကြည့်ကြတာက ပိုကောင်း၏။

တစ်ဖက်တွင်လည်း ရှန်ဝမ်းယန့်မှာ ဆေးရုံတွင် ဆယ်ရက်နီးပါးလောက် နေပြီးသည့်နောက် မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်ရှိလာ၏။ သူကတော့ ___ ရှီရှီပင်။

ရှီရှီက ဆေးရုံခန်းတွင်းသို့ ဝင်လာပြီး ရှန်ဝမ်းယန့်အား စေ့စေ့ငုံငုံ စူးစမ်းစစ်ဆေးလိုက်ပြီးနောက် တုန်လှုပ်စွာ ပြောလေ၏။ "နင် ဒီလောက်ထိ အခြေအနေ ဆိုးသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး .. ကျွတ် ကျွတ် .. နင် တော်တော်လေး သနားစရာ ကောင်းနေတာပဲ"

"နင် ဘာပြောချင်တာလဲ?"

"ဘာမှမဟုတ်ပါဘူး .. ငါ နင့်ကို သနားမိလို့ပါ"

"ငါက နင် သနားတာကို မလိုဘူး"

ရှီရှီက ရယ်မောလိုက်၏။ "ချင်းစုယွဲ့ မထိခိုက်မိတာ ဘယ်လိုလုပ်ပြီး ကောင်းရမှာလဲ? မကောင်းဘူးနော် ..  ကားတိုက်ပြီး သူ့ဘဝက အဆုံးသတ်သွားရမှာကို .. ချင်းစုယွဲ့ မသေတော့ ပျော်စရာ မကောင်းတော့ဘူး"

ရှန်ဝမ်းယန့်မှာ ဤသို့ ကြားလိုက်ရတော့ ရှော့ရသွားတော့သည်။ အရင်က ရှန်ဝမ်းယန့် ချင်းစုယွဲ့အကြောင်း စုံစမ်းကြည့်တော့ ချင်းစုယွဲ့မှာ လှေကားပေါ်က ပြုတ်ကျပြီးသွားထဲက စတင် ပြောင်းလဲသွားတာ ဖြစ်ကြောင်း သိခဲ့ရသည်။ ချင်းစုယွဲ့ လှေကားပေါ်က ပြုတ်ကျအောင် တွန်းခဲ့သူက ရှီရှီပင်။ ရှန်ဝမ်းယန့်က အစကတော့ သူတို့ ရိုးရိုးသားသား ရန်ဖြစ် စကားများကြရင်း တွန်းမိတာလို့ပဲ ထင်ခဲ့မိတာဖြစ်သည်။ အခု ကြည့်ရတာတော့ ထိုအဖြစ်မှာ ထင်သလောက် မရိုးရှင်းလောက်ပေ။

ရှီရှီက ချင်းစုယွဲ့ကို သေစေချင်တာလား?

"နင် ဘယ်လောက်ထိ ချင်းစုယွဲ့ကို နင့်နင့်သီးသီး မုန်းတီးနေတာလဲ? နင် တကယ်ကြီး သူ့ကို သေစေချင်တာလား?" ရှန်ဝမ်းယန့်က ရှီရှီအား သတိကြီးကြီးထားပြီး ကြည့်လိုက်၏။

ရှီရှီက ချိုမြစွာ ပြုံးလိုက်သည်။ "ငါ သူ့ကို နက်နက်နဲနဲ မမုန်းတီးနေပဲနဲ့တော့ သူ့ကို သေစေချင်နေပါ့မလား? သူသာ မသေရင် နင်က ဘယ်လိုလုပ်ပြီး ချန်းစီနျန်ကို ရတော့မှာလဲ?"

"နင်က ဘာလို့ ငါ့ကို ကူညီချင်ရတာလဲ? ငါတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးလေ"

"ဘယ်သူပြောလဲ?" ရှီရှီက ပြောလေ၏။ "ငါတို့က တစ်ဖက်ထဲပဲလေ .. သူ သေသွားတာနဲ့ နောက်ဆုံးတော့ ဇာတ်ကြောင်းက မူလအတိုင်း ပြန်ဖြစ်သွားနိုင်ပြီ ... ငါဖန်တီးထားတဲ့ လောကကို လူတွေက ဝေဖန်အကဲဖြတ်ပြီး ပြောင်းလဲဖို့ ကြိုးစားတာကို ငါအရမ်းမုန်းတယ်"

ရှန်ဝမ်းယန့်က ရှီရှီ့ကို စိုက်ကြည့်ပြီး အတွေးထဲ နစ်မြောနေမိ၏။

ရှီရှီက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလေ၏။ "ဘာလို့ ငါက နင့်ကို အကြံဉာဏ်ကောင်း မပေးနိုင်ရမှာလဲ? နင် အမြဲတမ်း ပူပင်ကြောင့်ကြ ကင်းဝေးပြီး နင် အမြင်ကပ်တဲ့ ချင်းစုယွဲ့ကိုပါ ဘယ်တော့မှ ထပ်မြင်ရမှာ မဟုတ်တော့တဲ့အပြင် ချန်းစီနျန်ကိုပါ ထာဝရ ပိုင်ဆိုင်နိုင်အုန်းမှာ ဆိုရင်ရော? အဲ့လိုဆိုရင်ရော ဘယ်လိုလဲ? နင် စိတ်ပါသွားပြီလား?"

ရှန်ဝမ်းယန့်က အေးစိမ့်နေသည့် လေပြင်းတစ်ချက်ကို ခံစားလိုက်ရပြီးနောက် တင်းမာစွာ မေးလိုက်သည်။ "နင်က ငါ့ကို ဘာလုပ်စေချင်တာလဲ?"

"သိသိသာသာကို ကောင်းတဲ့တစ်ခုခုပေါ့ ... ငါ့ ဦးနှောက်ကို ဆွဲဆန့်ပြီး နင့်ကို ကူညီဖို့ ကြိုးစားနေတာကို မမြင်ဘူးလား?" ရှီရှီက ရယ်မောလိုက်သည်။ "နင် ငါ့အကြံကို ကြားချင်ရဲ့လား?"

ရှန်ဝမ်းယန့်ဟာ သူမ အရှေ့တည့်တည့်မှ မိန်းမကို ကြည့်လိုက်သည်။ ထိုမိန်းမမှာ ငရဲမှတက်လာသည့် နတ်ဆိုးတစ်ကောင်နှင့် တူသည်ဟု သူမ ခံစားနေရ၏။ ထိုမည်းမှောင်ပြီး ထူးဆန်းသည့် အငွေ့အသက်က ရှန်ဝမ်းယန့်အား ရင်တွင်းမှနေ တခိုက်ခိုက် တုန်ရီလာမိစေသည်။

ချင်းစုယွဲ့က ဘယ်လိုဖြစ်ပြီး ဒီလိုရန်သူမျိုးနဲ့ ကြုံတွေ့ရတာပါလိမ့်?

အခုအချိန်မှာ ကောင်းချီးပေးဖို့ ဆုတောင်းနေသင့်တဲ့သူက ချင်းစုယွဲ့ပဲမလား?

**********

Aမြို့မှာ ရောက်နေသည့် ချင်းစုယွဲ့ကတော့ ဘာကိုမှ မသိရှာသေးပေ။ သူမက ကျင့်လန်နှင့် တွေ့ဆုံမေးမြန်းခြင်း ရိုက်ကူးပြီးစီးသွားတော့ နောက်အပိုင်းသစ်အတွက် ရည်ရွယ်ထားသူအား ချင်းစုယွဲ့ရဲ့အထက်လူကြီးက ပြောပြလာခဲ့သည်။ သူတို့က ရုပ်ရှင်လောကထဲမှပင် ဖြစ်၏။ သို့ရာတွင် ယခုအချိန်၌ ထိုသူက ထူးချွန်ဆုပေါင်း မြောက်များစွာကို ခူးဆွတ်ရယူနိုင်ခဲ့သည့် ရုပ်ရှင်အင်ပါယာရဲ့ ဧကရာဇ်တစ်ပါးပင်။

ယခုတွင် ထိုသူက တောင်ပေါ်ဒေသ၌ ရုပ်ရှင်ရိုက်ကူးနေပြီး သူ့အား တွေ့ဆုံမေးမြန်းဖို့အတွက် အချိန်က မရပေ။ အင်တာဗျူး ရိုက်ကူးကြရမည့် အုပ်စုဟာ သူ ရှိနေသည့် နေရာထိ သွားရောက်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြသည်။ ထိုနေရာကို ရောက်ရှိဖို့အတွက် အချိန်အကြာကြီး ကားမောင်းသွားရလေ၏။ ချင်းစုယွဲ့တစ်ယောက် ထိုသို့ သွားရောက်ရိုက်ကူးမည့် အုပ်စုနောက်ကလိုက်ရင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုထဲ ကျရောက်ရလိမ့်မည်ဟုတော့ မည်သူက ထင်ခဲ့ပါမည်နည်း ...

15.3.2020

********************

Continue Reading

You'll Also Like

11.4K 1.1K 70
အတိတ္က ဆံုးရံွဳးခဲ့ရသည့္လွပလြန္းတဲ့ သူမမိခင္ရဲ႕အျဖစ္ဆိုးေၾကာင့္ ဘဝအမွန္ကိုဖံုးကြယ္ ႐ွင္သန္ေနထိုင္လာရတဲ့ ယြန္းေလာ့ဟြန္း(ဟန္ဟြန္းယြန္း)...။ ဖခင္ျဖစ္သူန...
331K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
746K 75.5K 200
ချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု​၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို​...
68.3K 5K 17
Hidden love ရဲ့ မူရင်းဝတ္ထု Secretly secretly unable to hide it ရဲ့ extra 5 ပိုင်းပါ။ ပထမဘာသာပြန်သူ eaindranaing1 profile မှာ အပိုင်း ၁မှ ၈၅ ထိရှိပြီ...