《Zawgyi》
အပိုင္း - ၁၁၉
[ယာဥ္မေတာ္တဆမႈ - ၂]
ဒါေပမယ့္ ဝမ္ယဥ္းလင္က ေျပာေလ၏။ "ဘယ္သူမွေတာ့ ဒီမေတာ္တဆမႈကို ျဖစ္ခ်င္ၾကတာ မဟုတ္ပါဘူး သမီးရယ္ ... သမီးလဲ ပင္ပန္းခဲ့ရတာပဲ ... အန္တီ သမီးအိမ္ကို ျပန္ပို႔ေပးမယ္ ... ဒီမွာ အန္တီ့အတြင္းေရးမွဴးနဲ႔ လႊဲထားခဲ့လိုက္ပါ"
"ဒါေပမယ့္ ရွန္ဝမ္းယန္႔က ..."
"သူ႔မိသားစုဝင္ေတြနဲ႔ လက္ေထာက္ကို ဆက္သြယ္ဖို႔အတြက္ သူနာျပဳကို အန္တီေျပာထားတယ္ ... သူ႔ အေျခအေနက စိုးရိမ္စရာ မလိုေတာ့ဘူးဆိုရင္ သမီးကို ဖုန္းဆက္ေျပာဖို႔ အန္တီ့ အတြင္းေရးမွဴးကို မွာထားလိုက္မယ္ေနာ္"
ခ်င္းစုယြဲ႕မွာ ျငင္းဆန္စရာ မရွိေတာ့သျဖင့္ ေနာက္ဆံုးေတာ့ ျပန္လာခဲ့ရသည္။ အိမ္အျပန္လမ္းတြင္ သူမရဲ႕စိတ္ထဲ၌ အေတာ္ေလးကို နာက်င္ေနမိၿပီး ဦးေႏွာက္ထဲတြင္ ေပါက္ကြဲထြက္မတတ္ တဝီဝီျမည္သံတို႔ျဖင့္သာ ျပည့္ႏွက္ေနေလ၏။
အိမ္ထဲသို႔ ဝင္သြားသည့္အခါ ခ်င္းစုယြဲ႕ရဲ႕မာမား ပိုင္နဥ္းက လက္ကိုင္အိတ္ကို ဆြဲကိုင္လ်က္ အျပင္သို႔ အေျပးအလႊား ထြက္လာေန၏။ "မာမား ဘယ္သြားမလို႔လဲဟင္?"
"ရူးလိုက္တဲ့ ကေလး ... မာမားကို လန္႔ေသေအာင္ ေျခာက္လွန္႔ေနတာပဲ! သမီး အဆင္ေျပရဲ႕လား? မာမား ၾကည့္ပါရေစအုန္း မာမား ၾကည့္ပါအုန္းမယ္!"
သူမရဲ႕ ျဖဴေဖ်ာ့ေသြးဆုတ္ေနသည့္ မ်က္ႏွာကလြဲလို႔ ခ်င္းစုယြဲ႕က ဘာမွမျဖစ္ေပ။ ထိုအခါမွ ပိုင္နဥ္းက စိတ္သက္သာရာရသြားၿပီး သက္ျပင္းခ်လိုက္၏။ "ပါပါးနဲ႔မာမား သတင္းေတြေတြ႕တဲ့အခ်ိန္မွာ သမီးက ဘယ္ေလာက္ေတာင္ မာမားတို႔ကို ထိတ္လန္႔သြားေစလဲဆိုတာ သိရဲ႕လားဟင္ .. သမီး ဘာမွမျဖစ္တာ ေကာင္းတယ္"
"ဟုတ္ မာမား သမီး အဆင္ေျပပါတယ္ ဘာမွ မထိခိုက္မိဘူး ဒါေပမယ့္ သမီး တိုက္မိခဲ့တဲ့ တစ္ေယာက္ကေတာ့ ဒဏ္ရာရသြားၿပီး အခု ေဆးရံုမွာ"
"ဘာမွမျဖစ္ဘူး သမီး ... သြားအနားယူေတာ့ သမီးပါပါးက ေဆးရံုက ကိစၥေတြအားလံုးကို ဂရုစိုက္ ေျဖရွင္းေပးလိမ့္မယ္"
ခ်င္းစုယြဲ႕က ေက်းဇူးတင္စြာျဖင့္ ေခါင္းညိတ္လိုက္၏။
ခ်င္းစုယြဲ႕ ႏိုးလာသည့္အခါ ေတြေဝမိန္းေမာေနၿပီး သတိလက္လြတ္ျဖင့္ ေအာက္ထပ္သို႔ ဆင္းလာလိုက္၏။ ေအာက္ထပ္တြင္ ခ်န္းစီႏ်န္ေရာ ခ်င္းကြမ္းခ်န္တို႔ ႏွစ္ေယာက္လံုး ေရာက္ရွိေနသည္အား သူမ ရုတ္တရက္ ေတြ႕ရွိသြား၏။
"ကိုကိုတို႔က ..."
ခ်င္းစုယြဲ႕ရဲ႕ အသံကိုၾကားေတာ့ ပထမဆံုး ခ်န္းစီႏ်န္က အလ်င္အျမန္ မတ္တပ္ထရပ္ကာ ေလွကားသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေလၽွာက္သြားလိုက္ၿပီး ခ်င္းစုယြဲ႕၏လက္ကို ဆုပ္ကိုင္လ်က္ စိုးရိမ္ပူပန္စြာ ေမးလိုက္၏။ "မင္း ဘယ္ေနရာမွာ ထိခိုက္သြားေသးလဲ?"
ဒီမေတာ္တဆမႈေၾကာင့္ ခ်င္းစုယြဲ႕မွာ ဒီေမးခြန္းကိုပဲ အႀကိမ္ေပါင္းမ်ားစြာ ၾကားခဲ့ရၿပီးေလၿပီ။ သို႔ျဖစ္ေစ ခ်န္းစီႏ်န္လဲ ဤေမးခြန္းကို ေမးလိုက္ေရာ သူမမွာ ခံစားခ်က္ေပါင္းမ်ားစြာျဖင့္ ဆို႔နစ္က်ပ္ခဲလို႔လာသျဖင့္ သူမရဲ႕ မေလ်ာ္ကန္လွသည့္ ခံစားခ်က္မ်ားအား အတင္းပင္ ခ်ိဳးႏွိမ္ထားရေလ၏။
ခ်င္းစုယြဲ႕ကေတာ့ သူမ ထိုသို႔ ခံစားရျခင္းမွာ တံု႔ျပန္မႈ ေႏွးသြားတာေၾကာင့္ရယ္ .. ယာဥ္မေတာ္တဆ ျဖစ္ရပ္ေၾကာင့္ အေၾကာက္တရားက အခုခ်ိန္ထိ ရွိေနဆဲ ျဖစ္တာေၾကာင့္ရယ္ လို႔သာ မွတ္ထင္လိုက္သည္။
ခ်န္းစီႏ်န္ကေတာ့ သူမရဲ႕ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာေလးႏွင့္ မ်က္ဝန္းတို႔၌ မ်က္ရည္တို႔ ခိုတြဲကာ ရႊန္းစိုလို႔ေနသည္အား ေတြ႕ျမင္လိုက္ရသည္။ ခ်င္းစုယြဲ႕မွာ မေတာ္တဆ ျဖစ္ခဲ့ခ်ိန္ကထက္ အခုခ်ိန္မွာ ပိုၿပီး ေၾကာက္ရြံ႕ေနသည္အား သူ ေသခ်ာေပါက္ကို အတိအက် ေျပာႏိုင္ေလသည္။ ခ်န္းစီႏ်န္က သူမ စိုးရိမ္ၿပီး သံသယျဖစ္ေနသည္အား မႏွစ္သိမ့္ေပးပဲကို မေနႏိုင္ေတာ့ေခ်။ "မင္း အဆင္ေျပတယ္ဆိုရင္ကိုပဲ ေကာင္းပါတယ္ ... က်န္တဲ့ကိစၥေတြကို ကိုယ္ ရွင္းေပးမယ္"
"ရပါတယ္ ... ကၽြန္မ ပါပါးက သူ ေျဖရွင္းေပးမယ္လို႔ ေျပာတယ္ .. ရွင့္အေမကေရာပဲ"
ခ်န္းစီႏ်န္က သူမလက္ေလးကို ဆြဲကိုင္ယူလိုက္ၿပီး ျပံဳး၏။ "ဘာလို႔ အကုန္လံုးကို လိုက္ခြဲျခားေနရတာလဲ? ကိုယ္တို႔က မိသားစုပဲေလ!"
"အဟမ္း အဟမ္း"
ခ်င္းကြမ္းခ်န္ရဲ႕ ေခ်ာင္းဟန္႔သံကို ၾကားမွ ခ်င္းစုယြဲ႕မွာ ခ်င္းကြမ္းခ်န္လည္း ဒီေနရာမွာ ရွိေနေသးတယ္ဆိုတာကို သတိရသြားၿပီး ခ်န္းစီႏ်န္ရဲ႕လက္တြင္းမွ အလ်င္အျမန္ ရုန္းထြက္လိုက္သည္။
"ကိုကို .. ပါပါးက ဘယ္မွာလဲ?" သူမက စကားလမ္းေၾကာင္း လႊဲလိုက္ေလ၏။
"ေဆးရံုမွာေလ"
"ရွန္ဝမ္းယန္႔ ႏိုးလာၿပီလား?" ခ်င္းစုယြဲ႕က ထိုသို႔ေမးလိုက္ခ်ိန္တြင္ ခ်န္းစီႏ်န္ကို ၾကည့္၍ ေမးလိုက္တာျဖစ္သည္။
"ကိုယ္ ေလယာဥ္ေပၚက ဆင္းၿပီးၿပီးခ်င္း ဒီကိုပဲ တန္းၿပီး လာခဲ့တာ" ခ်န္းစီႏ်န္က သူအခုထိ ေဆးရံုက ကိစၥေတြကို ဘာမွ မသိေၾကာင္း သြယ္ဝိုက္ကာ ေျပာျပလိုက္၏။
ခ်င္းကြမ္းခ်န္ကလည္း မေျပာျပတတ္ေခ်။
သူတို႔သံုးဦးသားက တိတ္ဆိတ္သြားသည့္အခါမွာ ခ်င္းကြမ္းခ်န္ႏွင့္ ခ်န္းစီႏ်န္တို႔ ဖုန္းေတြက တၿပိဳင္နက္ထဲ ျမည္လာ၏။ ခ်င္းစုယြဲ႕ကေတာ့ မည္သူဖုန္းဆက္သည္ကို ခန္႔မွန္းႏိုင္ေလသည္။
သူတို႔ႏွစ္ေယာက္လံုး ဖုန္းခ်လိုက္ၿပီးေနာက္ ခ်င္းစုယြဲ႕က မွန္းဆလိုက္သည္။ "သူ သတိရလာၿပီလား?"
"အင္း" ခ်င္းကြမ္းခ်န္က ျပန္ေျဖလိုက္ၿပီး ခ်န္းစီႏ်န္အား စူးစိုက္ၾကည့္လိုက္၏။
ခ်င္းစုယြဲ႕က မေကာင္းသည့္ ခံစားခ်က္အား ေရးေတးေတး ရမိသည္။
ခ်န္းစီႏ်န္က ခ်င္းကြမ္းခ်န္ကို ၾကည့္ၿပီးေနာက္ ခ်င္းစုယြဲ႕ကို ၾကည့္လိုက္သည္။
ခ်င္းစုယြဲ႕က ေမးလိုက္၏။ "ဟမ္?"
"သူမက သူ႔ကို ေတြ႕ခ်င္ေနတာ" ခ်င္းကြမ္းခ်န္က တဲ့တိုးပင္ ေျပာလိုက္သည္။
ခ်င္းစုယြဲ႕က သူေျပာသည့္ အဓိပၸါယ္ကို နားလည္ပါ၏။ : ရွန္ဝမ္းယန္႔က သူ႔ကို ေတြ႕ခ်င္ေနတာလား?
"အင္း" သူမက အေရးမႀကီးဟန္ျဖင့္သာ တံု႔ျပန္လိုက္သည္။
"သူနဲ႔ကိုယ္နဲ႔ၾကားမွာ ဘာမွ မရွိပါဘူး" ခ်န္းစီႏ်န္က ရွင္းျပေလ၏။
"အင္း အဲ့တာဆို ရွင္ သြားမွာလား?" ခ်င္းစုယြဲ႕က ေမးလိုက္သည္။
ခ်န္းစီႏ်န္ကေတာ့ တံုဆိုင္းေန၏။
ရုတ္တရက္ ခ်င္းစုယြဲ႕၏ မ်က္ႏွာထက္တြင္ အျပံဳးတစ္ပြင့္ ေပၚလာသည္။ "ကၽြန္မ သြားခ်င္တယ္"
"ကိုယ္ လိုက္ပို႔ေပးမယ္"
ခ်င္းကြမ္းခ်န္က သူတို႔ႏွစ္ေယာက္ကို ၾကည့္ေနၿပီး ဘာမွေတာ့ မေျပာေပ။ ခ်န္းစီႏ်န္ ဒီကိစၥကို ဘယ္လို ကိုင္တြယ္ေျဖရွင္းမည္ကို သူ ဂရုမစိုက္ေပ။ အကယ္၍ ခ်န္းစီႏ်န္ကသာ သူ႔ညီမေလးကို တစ္ခုခု ဆိုးဆိုးဝါးဝါး ခံစားရေအာင္ လုပ္ဝံ့မည္ ဆိုလၽွင္ေတာ့ သူဒီတိုင္း ၾကည့္ေနလိမ့္မည္ မဟုတ္ေပ။
ေဆးရံုကိုေရာက္ေတာ့ ရွန္ဝမ္းယန္႔၏ ေခါင္းတြင္ အျဖဴေရာင္ ပတ္တီးတို႔ျဖင့္ စည္းေႏွာင္ထားလ်က္ ကုတင္ထက္တြင္ အားေပ်ာ့စြာ လဲေလ်ာင္းေနသည္ကို ခ်င္းစုယြဲ႕ ေတြ႕ျမင္လိုက္ရသည္။ "ကၽြန္မ ေတာင္းပန္ပါတယ္ေနာ္" ခ်င္းစုယြဲ႕က ေတာင္းပန္အားနာစြာျဖင့္ ေျပာလိုက္၏။
"သူ လာလား?" ရွန္ဝမ္းယန္႔က အားနည္းစြာ ေမးသည္။
ရွန္ဝမ္းယန္႔ ေျပာလိုက္သည့္ "သူ"က ဘယ္သူ႔ကို ရည္ညႊန္းတာလဲ ဆိုတာကေတာ့ သိသာလွေပသည္။
"သူ လာပါတယ္" ခ်င္းစုယြဲ႕က ခဏေလာက္ တံု႔ဆိုင္းေနၿပီးမွ ေျပာ၏။
"ငါ သူ႔ကို ေတြ႕ခ်င္တယ္"
ခ်င္းစုယြဲ႕က လူနာေဆာင္ထဲမွ ထြက္လာ၏။ "သူက ရွင့္ကို ေတြ႕ခ်င္ေနတယ္" ခ်င္းစုယြဲ႕က အျပင္ဘက္၌ မတ္တပ္ရပ္ေနသည့္ ခ်န္းစီႏ်န္ကို စိုက္ၾကည့္ရင္း ေျပာလိုက္ေလတာ ျဖစ္သည္။
ခ်န္းစီႏ်န္ကေတာ့ တိတ္ဆိတ္ေန၏။
ခ်င္းစုယြဲ႕က သူ႔ကို ေနာက္ဆံုးအေနႏွင့္ တစ္ခ်က္ စိုက္ၾကည့္လိုက္ၿပီးေတာ့ သူ သီးျခား ေနဖို႔အတြက္ ေဘးသို႔ ထြက္သြားေပးလိုက္သည္။
"အတူတူ ဝင္ၾကမလား?" ခ်န္းစီႏ်န္က သူမလက္ေလးကို ဆုပ္ကိုင္ရင္း ေမးလိုက္ေလ၏။
"ဟင့္အင္း" ခ်င္းစုယြဲ႕က သူ႔ကို အားတင္းကာ ျပံဳးျပလိုက္ရင္း သူ႔လက္ထဲမွ သူမလက္ကို ရုန္းလိုက္သည္။
ဝမ္ယဥ္းလင္၏ အတြင္းေရးမွဴးႏွင့္ ခ်င္းကြမ္းခ်န္၏ လက္ေထာက္ျဖစ္သူတို႔ အျပင္ ဝမ္ယဥ္းလင္ႏွင့္ ခ်င္းစုယြဲ႕၏ပါးပါး ခ်င္းက်င့္တို႔ကပါ ထိုေနရာတြင္ ရွိေနတာ ျဖစ္၏။ မိဘႏွစ္ဦးတို႔မွာ သူတို႔ကေလးေတြ၏ အျပန္အလွန္ တံု႔ျပန္မႈေတြကို ေတြ႕ျမင္လိုက္ၾကၿပီး ဘာမွေတာ့ မေျပာၾကေပမယ့္ သူတို႔မိဘေတြရဲ႕ မ်က္ဝန္းတို႔၌ ခံစားခ်က္မ်ားစြာ ျဖတ္ေျပးကာ သိရွိဖလွယ္မိၾကေလသည္။
13.3.2020
**********************
《Unicode》
အပိုင်း - ၁၁၉
[ယာဉ်မတော်တဆမှု - ၂]
ဒါပေမယ့် ဝမ်ယဉ်းလင်က ပြောလေ၏။ "ဘယ်သူမှတော့ ဒီမတော်တဆမှုကို ဖြစ်ချင်ကြတာ မဟုတ်ပါဘူး သမီးရယ် ... သမီးလဲ ပင်ပန်းခဲ့ရတာပဲ ... အန်တီ သမီးအိမ်ကို ပြန်ပို့ပေးမယ် ... ဒီမှာ အန်တီ့အတွင်းရေးမှူးနဲ့ လွှဲထားခဲ့လိုက်ပါ"
"ဒါပေမယ့် ရှန်ဝမ်းယန့်က ..."
"သူ့မိသားစုဝင်တွေနဲ့ လက်ထောက်ကို ဆက်သွယ်ဖို့အတွက် သူနာပြုကို အန်တီပြောထားတယ် ... သူ့ အခြေအနေက စိုးရိမ်စရာ မလိုတော့ဘူးဆိုရင် သမီးကို ဖုန်းဆက်ပြောဖို့ အန်တီ့ အတွင်းရေးမှူးကို မှာထားလိုက်မယ်နော်"
ချင်းစုယွဲ့မှာ ငြင်းဆန်စရာ မရှိတော့သဖြင့် နောက်ဆုံးတော့ ပြန်လာခဲ့ရသည်။ အိမ်အပြန်လမ်းတွင် သူမရဲ့စိတ်ထဲ၌ အတော်လေးကို နာကျင်နေမိပြီး ဦးနှောက်ထဲတွင် ပေါက်ကွဲထွက်မတတ် တဝီဝီမြည်သံတို့ဖြင့်သာ ပြည့်နှက်နေလေ၏။
အိမ်ထဲသို့ ဝင်သွားသည့်အခါ ချင်းစုယွဲ့ရဲ့မာမား ပိုင်နဉ်းက လက်ကိုင်အိတ်ကို ဆွဲကိုင်လျက် အပြင်သို့ အပြေးအလွှား ထွက်လာနေ၏။ "မာမား ဘယ်သွားမလို့လဲဟင်?"
"ရူးလိုက်တဲ့ ကလေး ... မာမားကို လန့်သေအောင် ခြောက်လှန့်နေတာပဲ! သမီး အဆင်ပြေရဲ့လား? မာမား ကြည့်ပါရစေအုန်း မာမား ကြည့်ပါအုန်းမယ်!"
သူမရဲ့ ဖြူဖျော့သွေးဆုတ်နေသည့် မျက်နှာကလွဲလို့ ချင်းစုယွဲ့က ဘာမှမဖြစ်ပေ။ ထိုအခါမှ ပိုင်နဉ်းက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။ "ပါပါးနဲ့မာမား သတင်းတွေတွေ့တဲ့အချိန်မှာ သမီးက ဘယ်လောက်တောင် မာမားတို့ကို ထိတ်လန့်သွားစေလဲဆိုတာ သိရဲ့လားဟင် .. သမီး ဘာမှမဖြစ်တာ ကောင်းတယ်"
"ဟုတ် မာမား သမီး အဆင်ပြေပါတယ် ဘာမှ မထိခိုက်မိဘူး ဒါပေမယ့် သမီး တိုက်မိခဲ့တဲ့ တစ်ယောက်ကတော့ ဒဏ်ရာရသွားပြီး အခု ဆေးရုံမှာ"
"ဘာမှမဖြစ်ဘူး သမီး ... သွားအနားယူတော့ သမီးပါပါးက ဆေးရုံက ကိစ္စတွေအားလုံးကို ဂရုစိုက် ဖြေရှင်းပေးလိမ့်မယ်"
ချင်းစုယွဲ့က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်၏။
ချင်းစုယွဲ့ နိုးလာသည့်အခါ တွေဝေမိန်းမောနေပြီး သတိလက်လွတ်ဖြင့် အောက်ထပ်သို့ ဆင်းလာလိုက်၏။ အောက်ထပ်တွင် ချန်းစီနျန်ရော ချင်းကွမ်းချန်တို့ နှစ်ယောက်လုံး ရောက်ရှိနေသည်အား သူမ ရုတ်တရက် တွေ့ရှိသွား၏။
"ကိုကိုတို့က ..."
ချင်းစုယွဲ့ရဲ့ အသံကိုကြားတော့ ပထမဆုံး ချန်းစီနျန်က အလျင်အမြန် မတ်တပ်ထရပ်ကာ လှေကားသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး ချင်းစုယွဲ့၏လက်ကို ဆုပ်ကိုင်လျက် စိုးရိမ်ပူပန်စွာ မေးလိုက်၏။ "မင်း ဘယ်နေရာမှာ ထိခိုက်သွားသေးလဲ?"
ဒီမတော်တဆမှုကြောင့် ချင်းစုယွဲ့မှာ ဒီမေးခွန်းကိုပဲ အကြိမ်ပေါင်းများစွာ ကြားခဲ့ရပြီးလေပြီ။ သို့ဖြစ်စေ ချန်းစီနျန်လဲ ဤမေးခွန်းကို မေးလိုက်ရော သူမမှာ ခံစားချက်ပေါင်းများစွာဖြင့် ဆို့နစ်ကျပ်ခဲလို့လာသဖြင့် သူမရဲ့ မလျော်ကန်လှသည့် ခံစားချက်များအား အတင်းပင် ချိုးနှိမ်ထားရလေ၏။
ချင်းစုယွဲ့ကတော့ သူမ ထိုသို့ ခံစားရခြင်းမှာ တုံ့ပြန်မှု နှေးသွားတာကြောင့်ရယ် .. ယာဉ်မတော်တဆ ဖြစ်ရပ်ကြောင့် အကြောက်တရားက အခုချိန်ထိ ရှိနေဆဲ ဖြစ်တာကြောင့်ရယ် လို့သာ မှတ်ထင်လိုက်သည်။
ချန်းစီနျန်ကတော့ သူမရဲ့ ဖြူဖျော့နေသော မျက်နှာလေးနှင့် မျက်ဝန်းတို့၌ မျက်ရည်တို့ ခိုတွဲကာ ရွှန်းစိုလို့နေသည်အား တွေ့မြင်လိုက်ရသည်။ ချင်းစုယွဲ့မှာ မတော်တဆ ဖြစ်ခဲ့ချိန်ကထက် အခုချိန်မှာ ပိုပြီး ကြောက်ရွံ့နေသည်အား သူ သေချာပေါက်ကို အတိအကျ ပြောနိုင်လေသည်။ ချန်းစီနျန်က သူမ စိုးရိမ်ပြီး သံသယဖြစ်နေသည်အား မနှစ်သိမ့်ပေးပဲကို မနေနိုင်တော့ချေ။ "မင်း အဆင်ပြေတယ်ဆိုရင်ကိုပဲ ကောင်းပါတယ် ... ကျန်တဲ့ကိစ္စတွေကို ကိုယ် ရှင်းပေးမယ်"
"ရပါတယ် ... ကျွန်မ ပါပါးက သူ ဖြေရှင်းပေးမယ်လို့ ပြောတယ် .. ရှင့်အမေကရောပဲ"
ချန်းစီနျန်က သူမလက်လေးကို ဆွဲကိုင်ယူလိုက်ပြီး ပြုံး၏။ "ဘာလို့ အကုန်လုံးကို လိုက်ခွဲခြားနေရတာလဲ? ကိုယ်တို့က မိသားစုပဲလေ!"
"အဟမ်း အဟမ်း"
ချင်းကွမ်းချန်ရဲ့ ချောင်းဟန့်သံကို ကြားမှ ချင်းစုယွဲ့မှာ ချင်းကွမ်းချန်လည်း ဒီနေရာမှာ ရှိနေသေးတယ်ဆိုတာကို သတိရသွားပြီး ချန်းစီနျန်ရဲ့လက်တွင်းမှ အလျင်အမြန် ရုန်းထွက်လိုက်သည်။
"ကိုကို .. ပါပါးက ဘယ်မှာလဲ?" သူမက စကားလမ်းကြောင်း လွှဲလိုက်လေ၏။
"ဆေးရုံမှာလေ"
"ရှန်ဝမ်းယန့် နိုးလာပြီလား?" ချင်းစုယွဲ့က ထိုသို့မေးလိုက်ချိန်တွင် ချန်းစီနျန်ကို ကြည့်၍ မေးလိုက်တာဖြစ်သည်။
"ကိုယ် လေယာဉ်ပေါ်က ဆင်းပြီးပြီးချင်း ဒီကိုပဲ တန်းပြီး လာခဲ့တာ" ချန်းစီနျန်က သူအခုထိ ဆေးရုံက ကိစ္စတွေကို ဘာမှ မသိကြောင်း သွယ်ဝိုက်ကာ ပြောပြလိုက်၏။
ချင်းကွမ်းချန်ကလည်း မပြောပြတတ်ချေ။
သူတို့သုံးဦးသားက တိတ်ဆိတ်သွားသည့်အခါမှာ ချင်းကွမ်းချန်နှင့် ချန်းစီနျန်တို့ ဖုန်းတွေက တပြိုင်နက်ထဲ မြည်လာ၏။ ချင်းစုယွဲ့ကတော့ မည်သူဖုန်းဆက်သည်ကို ခန့်မှန်းနိုင်လေသည်။
သူတို့နှစ်ယောက်လုံး ဖုန်းချလိုက်ပြီးနောက် ချင်းစုယွဲ့က မှန်းဆလိုက်သည်။ "သူ သတိရလာပြီလား?"
"အင်း" ချင်းကွမ်းချန်က ပြန်ဖြေလိုက်ပြီး ချန်းစီနျန်အား စူးစိုက်ကြည့်လိုက်၏။
ချင်းစုယွဲ့က မကောင်းသည့် ခံစားချက်အား ရေးတေးတေး ရမိသည်။
ချန်းစီနျန်က ချင်းကွမ်းချန်ကို ကြည့်ပြီးနောက် ချင်းစုယွဲ့ကို ကြည့်လိုက်သည်။
ချင်းစုယွဲ့က မေးလိုက်၏။ "ဟမ်?"
"သူမက သူ့ကို တွေ့ချင်နေတာ" ချင်းကွမ်းချန်က တဲ့တိုးပင် ပြောလိုက်သည်။
ချင်းစုယွဲ့က သူပြောသည့် အဓိပ္ပါယ်ကို နားလည်ပါ၏။ : ရှန်ဝမ်းယန့်က သူ့ကို တွေ့ချင်နေတာလား?
"အင်း" သူမက အရေးမကြီးဟန်ဖြင့်သာ တုံ့ပြန်လိုက်သည်။
"သူနဲ့ကိုယ်နဲ့ကြားမှာ ဘာမှ မရှိပါဘူး" ချန်းစီနျန်က ရှင်းပြလေ၏။
"အင်း အဲ့တာဆို ရှင် သွားမှာလား?" ချင်းစုယွဲ့က မေးလိုက်သည်။
ချန်းစီနျန်ကတော့ တုံဆိုင်းနေ၏။
ရုတ်တရက် ချင်းစုယွဲ့၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။ "ကျွန်မ သွားချင်တယ်"
"ကိုယ် လိုက်ပို့ပေးမယ်"
ချင်းကွမ်းချန်က သူတို့နှစ်ယောက်ကို ကြည့်နေပြီး ဘာမှတော့ မပြောပေ။ ချန်းစီနျန် ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမည်ကို သူ ဂရုမစိုက်ပေ။ အကယ်၍ ချန်းစီနျန်ကသာ သူ့ညီမလေးကို တစ်ခုခု ဆိုးဆိုးဝါးဝါး ခံစားရအောင် လုပ်ဝံ့မည် ဆိုလျှင်တော့ သူဒီတိုင်း ကြည့်နေလိမ့်မည် မဟုတ်ပေ။
ဆေးရုံကိုရောက်တော့ ရှန်ဝမ်းယန့်၏ ခေါင်းတွင် အဖြူရောင် ပတ်တီးတို့ဖြင့် စည်းနှောင်ထားလျက် ကုတင်ထက်တွင် အားပျော့စွာ လဲလျောင်းနေသည်ကို ချင်းစုယွဲ့ တွေ့မြင်လိုက်ရသည်။ "ကျွန်မ တောင်းပန်ပါတယ်နော်" ချင်းစုယွဲ့က တောင်းပန်အားနာစွာဖြင့် ပြောလိုက်၏။
"သူ လာလား?" ရှန်ဝမ်းယန့်က အားနည်းစွာ မေးသည်။
ရှန်ဝမ်းယန့် ပြောလိုက်သည့် "သူ"က ဘယ်သူ့ကို ရည်ညွှန်းတာလဲ ဆိုတာကတော့ သိသာလှပေသည်။
"သူ လာပါတယ်" ချင်းစုယွဲ့က ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြော၏။
"ငါ သူ့ကို တွေ့ချင်တယ်"
ချင်းစုယွဲ့က လူနာဆောင်ထဲမှ ထွက်လာ၏။ "သူက ရှင့်ကို တွေ့ချင်နေတယ်" ချင်းစုယွဲ့က အပြင်ဘက်၌ မတ်တပ်ရပ်နေသည့် ချန်းစီနျန်ကို စိုက်ကြည့်ရင်း ပြောလိုက်လေတာ ဖြစ်သည်။
ချန်းစီနျန်ကတော့ တိတ်ဆိတ်နေ၏။
ချင်းစုယွဲ့က သူ့ကို နောက်ဆုံးအနေနှင့် တစ်ချက် စိုက်ကြည့်လိုက်ပြီးတော့ သူ သီးခြား နေဖို့အတွက် ဘေးသို့ ထွက်သွားပေးလိုက်သည်။
"အတူတူ ဝင်ကြမလား?" ချန်းစီနျန်က သူမလက်လေးကို ဆုပ်ကိုင်ရင်း မေးလိုက်လေ၏။
"ဟင့်အင်း" ချင်းစုယွဲ့က သူ့ကို အားတင်းကာ ပြုံးပြလိုက်ရင်း သူ့လက်ထဲမှ သူမလက်ကို ရုန်းလိုက်သည်။
ဝမ်ယဉ်းလင်၏ အတွင်းရေးမှူးနှင့် ချင်းကွမ်းချန်၏ လက်ထောက်ဖြစ်သူတို့ အပြင် ဝမ်ယဉ်းလင်နှင့် ချင်းစုယွဲ့၏ပါးပါး ချင်းကျင့်တို့ကပါ ထိုနေရာတွင် ရှိနေတာ ဖြစ်၏။ မိဘနှစ်ဦးတို့မှာ သူတို့ကလေးတွေ၏ အပြန်အလှန် တုံ့ပြန်မှုတွေကို တွေ့မြင်လိုက်ကြပြီး ဘာမှတော့ မပြောကြပေမယ့် သူတို့မိဘတွေရဲ့ မျက်ဝန်းတို့၌ ခံစားချက်များစွာ ဖြတ်ပြေးကာ သိရှိဖလှယ်မိကြလေသည်။
13.3.2020
*********************