#Unicode#
ချမ်းအေးလှတဲ့ ဆောင်းရာသီ ညလေးတစ်ညမှာ ဇေယျာ တစ်ယောက် မိမိ၏ ပန်းဆိုင်လေးကို သိမ်းဆည်းလို့ နေလေသည်။ ဇေယျာသည် ' Butterfly Floral service' ဆိုသည့် ပန်းဆိုင်လေးတစ်ဆိုင် ဖွင့်ထားတာ ဖြစ်ချေသည်။ အပြင်မှာ ထုတ်ပြီး ခင်းကျင်းထားတဲ့ ပန်းအတုလေးများနှင့် ပန်းစည်းထုပ်တဲ့ စာရွက်ထုပ်လေးများကို ဆိုင်ထဲသို့ ရွေ့လိုက်သည်။
ပြီးနောက် ကောင်တာမှာ လွှားထားတဲ့ ကုတ်အင်္ကျီလေးကို အပေါ်က ထပ်လိုက်ပြီး ဇေယျာလည်း အပြင် ထွက်ကာ ဆိုင်တံခါးကို ပိတ်လိုက်တော့သည်။
ဇေယျာမှာ ကြယ်လေးတွေ ပြည့်နေတဲ့ ကောင်းကင်ထက်ကိုမော့ကြည့်လျက် အာငွေလေး တစ်ချို့ မှုတ်ထုတ်လိုက်လေသည်။ အာငွေ့လေးတွေဟာ လေတစ်ချက်အတိုက်မှာ ပျောက်ကွယ်သွားပါတော့သည်။ လားရှိုးမြို့၏ ဆောင်းညဟာ အခြားမြို့တွေနဲ့ မတူလှပါ။ စိမ့်စိမ့်တုန်အောင် အေးလေသည်။ ရှမ်းပြည်လည်းဖြစ်တာမို့ အအေးဓာတ်က ပို၍ အေးဖို့ပင် ရှိတော့မည်။
ဇေယျာလည်း ကောင်းကင်ကို ရပ်ပြီး မော့ကြည့်လို့ အပြီးမှာဘဲ အချမ်းပြေ ကော်ဖီလေးသောက်ဖို့အတွက် cafeဆိုင်သို့ ဦးတည်လိုက်ပါတော့သည်။
ဆွယ်တာပေါ်ကို ကုတ်အင်္ကျီလေးထပ်ထားကာ ဂျင်းဘောင်းဘီ အပွကို ၀တ်ထားတဲ့ ကောင်လေးတစ်ယောက် အဖြစ် ဇေယျာသည်လည်း လမ်းဖလက်ဖောင်းထက်တွင် လမ်းလျှောက်ကာ cafeကို သွားနေ၏။ ချမ်းအေးတာကြောင့် လက်နှစ်ဖက်ကို ကုတ်အင်္ကျီ၏ အိတ်ကပ်ထဲသို့ ထိုးသွင်းထားလေသည်။ မျက်ခုံးလေးဟာ ဇင်ယော်ငှက်သဖွယ် လှပလွန်းလှသည်။ အသားအရည်က ညိုညစ်ညစ်ရှိတော့ လမ်းမီးတိုင်၏ အလင်းရောင်ကြောင့် ညိုညစ်ညစ် အသားအရည်က ၀င်းလျက်ရှိတော့သည်။
ဇေယျာ တစ်ယောက် ဆိုင်တန်းလေးတွေကို ဟိုငေးဒီငေး၊ ဟိုကြည့်ဒီကြည့်ဖြင့် လမ်းလျှောက်နေရာကနေ ဇေယျာနေတဲ့ အနီးအနားလေးမှာ ရှိတဲ့ cafeဆိုင်သို့ ရောက်ရှိသွားလေတော့၏။ Cafeဆိုင်ရှေ့ ရောက်တော့ ဇေယျာလည်း တံခါးလေးကို အသာဖွင့်ကာ ဆိုင်ထဲသို့ အေးအေးလူလူဖြင့် ၀င်သွားလိုက်လေသည်။
ဆိုင်တံခါးကို ဖွင့်လိုက်တော့ တံခါးမှာ တပ်ထားတဲ့ ခေါင်းလောင်းလေးတွေက အလိုလို မြည်သွားတော့သည်။ ခေါင်းလောင်းသံလေးက ဆိုင်ထဲက watierကို ဧည့်သည်လာပြီဆိုတာကို အသိပေးနေသယောင်ယောင်ပင်။ ကောင်တာက ကောင်မလေးကလည်း ဇေယျာကို မြင်ပြီး အပြုံးလေးဖြင့် ကြိုဆိုလေသည်။
ဒါနဲ့ ဇေယျာလည်း ဆိုင်ရဲ့ ကောင်တာနားလေးကို ခပ်သွက်သွက် သွားလိုက်ရသည်။ ကောင်တာနား ရောက်လေတော့ ကောင်မလေးကနေမှ
"အစ်ကို ဘာများသုံးဆောင်မလဲ ရှင့်" ဆိုကာ ဧည့်၀တ်ကျေပွန်စွာ မေးခွန်းမေးလာပါလေသည်။
ကောင်တာက ကောင်မလေးက ဘာမှာမလဲ မေးနေတော့
ဇေယျာမှာလည်း ဘာမှ စဉ်းစားခြင်းပြုမနေတော့ဘဲ ခါတိုင်း မှာနေကျ အတိုင်းသာ မှာလိုက်လေတော့သည်။
"Cappuccino ကို creamyလေးနဲ့ တစ်ခွက်"
ဇေယျာလည်း ဖြေပြီးရော ကောင်တာက ကောင်မလေးက ထပ်မေးလာပြန်သည်။
"အစ်ကို ဒီမှာဘဲ သောက်မှာလား၊ ပါဆယ်လား" ဆိုပြီးတော့ လာနေကျ ဧည့်သည်ကို မေးနေကျပုံစံ အတိုင်းပင်။
"ဒီမှာဘဲ သောက်လိုက်မယ် ပြီးတော့ rainbow cakeလေးပါ ချပေးနော်" ဆိုကာ ခင်းကျင်းထားတဲ့ cakeလေးကို ဇေယျာ လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
"ဟုတ် rainbow cakeရယ် cappuccinoရယ်ဆိုတော့ အားလုံးပေါင်း သုံးထောင်ကျပါတယ် အစ်ကို"
"ဟုတ် ဒီမှာပါ" လို့ ပြန်ဖြေရင်း ဇေယျာ တစ်ယောက် စကန်ဖတ်ဖို့အတွက် ကောင်တာက ကောင်မလေးကို ဖုန်းပြလိုက်တော့သည်။
ဒါနဲ့ ထိုကောင်မလေးကလည်း ဇေယျာရဲ့ ဖုန်းပေါ်သို့ စက်လေးတင်လိုက်ပြီး ငွေဖြတ်လိုက်တော့သည်။ ပြီးနောက်
ဇေယျာ့ကို ဖြတ်ပိုင်းလေး ပေးပြီး ချိုချိုသာသာဖြင့် ပြောတော့သည်။
"ဟုတ် ခဏလေးစောင့်ပေးပါနော် အစ်ကို"
"ဟုတ်"
ကောင်တာမှာ မှာစရာရှိတာမှာ၊ ရှင်းစရာရှိတာ ရှင်းပြီးတော့ ဇေယျာလည်း ချောင်နည်းနည်းကျတဲ့ စားပွဲဝိုင်းလေးကို ရွေးပြီးတော့ ထိုင်စောင့်နေလိုက်သည်။ စောင့်နေရင်း အသင့်ပါလာတဲ့ ၀တ္ထုစာအုပ်လေးကို ဖွင့်ကာ ဖတ်နေလိုက်သည်။ စာအုပ်ဖတ်နေရင်းမှ ဘေးဝိုင်းက စကားပြောသံ အချို့ကို ဇေယျာ မထင်မှတ်ဘဲ ခိုးနားထောင်နေမိသလို ဖြစ်သွားရလေသည်။ စားပွဲဝိုင်းက နီးနေတော့ မကြားချင်လည်း ကြားနေသည် မဟုတ်ပါလား။ ဒါနဲ့ ဇေယျာ တစ်ယောက် စာဖတ်တာကို အာရုံစိုက်နေရာကနေ တစ်ဖက်က စကားသံတွေကို မသိမသာလေး နားစွင့်နေလိုက်ပါလေသည်။
ဘေးဝိုင်းက ပြောနေကြသည်များမှာ
"ကိုကို ခလေးကို ချစ်လားဟင်"
"ချစ်တာပေါ့ ခလေးရယ်"
"အဲ့တာဆို ခလေးကို ထားမသွားရဘူးနော်"
"မထားသွားဘူး စိတ်ချ၊ ခလေးကို ထားပြီး ကိုကို ဘယ်မှ မသွားဘူး ဟုတ်ပြီလား"
"ကတိတည်နော် ကိုကို"
"အင်း ကတိကတိ"
"အရသာရှိရှိ သုံးဆောင်ပါ အစ်ကို"ဆိုသည့် အသံကြားတော့မှ ဇေယျာ တစ်ဖက်ဝိုင်းကို ခိုးပြီးနားထောင်နေရာကနေ အသိစိတ်ပြန်ကပ်လာကာ မှာထားတာတွေ လာချပေးသည့် ထိုကောင်မလေးကို ခပ်မြန်မြန်လေး ပြုံးပြလိုက်ရသည်။ ထိုကောင်မလေးကလည်း ဇေယျာကို ပြုံးပြပြီး ကောင်တာသို့ ပြန်သွားပါလေသည်။ ဒီတော့ ဇေယျာလည်း ဖတ်လက်စ စာအုပ်လေးကို ပိတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်တော့သည်။ ပြီးနောက် ကော်ဖီ တစ်ငုံ စသောက်လိုက်လေသည်။
ဇေယျာ တစ်ယောက် ကော်ဖီတစ်ငုံ သောက်ပြီးတော့ စားပွဲ ပေါ် ပြန်ထားနေတုန်းမှာ အကြည့်တွေက ဘေးဝိုင်းက အတွဲဆီသို့ မထင်မှတ်ဘဲ ရောက်သွားရလေသည်။ ဘေးဝိုင်းက အတွဲကို ကြည့်နေရင်း ဇေယျာ၏ မျက်၀န်းထဲတွင် ၀မ်းနည်းဖွယ်ကောင်းသည့် အရိပ်ယောင်များ အထင်းသား ထင်ဟပ်လာပါတော့သည်။ အကြောင်းမှာတော့ ခဏ ဘေးဝိုင်းက အတွဲ ပြောနေကြတဲ့ စကားတွေဟာ ဇေယျာရဲ့အတိတ်ကို ပြန်လည် သတိရမိသွားစေလို့ပင် ဖြစ်သည်။
~~~~~
လွန်ခဲ့သော ငါးနှစ်ခန့်က။
Cafeဆိုင်လေးထဲတွင် သီချင်းသံ အေးအေးလေးက ခပ်တိုးတိုး ဆိုပေမယ့် ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် နားထောင်ကောင်းလှသည်။ သီချင်းလေးကို တိုးတိုးလေး ဖွင့်ထားပါသော်ငြားလည်း ဆိုင်ပြင်ထိဖြင့် သီချင်းသံလေး ပျံ့လွင့်လို့နေလေသည်။ ထိုCafeဆိုင်ရှေ့သို့ ကောင်လေးနှစ်ယောက် ချိန်းတွေ့ကြဖို့ ရောက်နေကြတာဘဲ ဖြစ်ချေသည်။
ထိုကောင်လေး နှစ်ယောက်ကတော့ ဇေယျာနှင့်
ဇာမဏီဟိဏ်းတို့ဘဲ ဖြစ်လေသည်။ ဇေယျာ တစ်ယောက် ချိန်းတွေ့တဲ့ နေရာလေးကို သဘောမကျ၍ ချစ်သူ
ဇာမဏီဟိဏ်းအား ဆိုင်ပြင်တွင် ဂျီကျနေပါတော့သည်။
"ဟာ ကိုဟိဏ်းကလည်း cafeကို ထပ်ပြီး ခေါ်လာပြန်ပြီကွာ......ချိန်းတွေ့ပါတယ်ဆိုမှ ရုပ်ရှင်ရုံတို့၊ ပန်းခြံတို့ ခေါ်သွားတာ မဟုတ်ဘူး" ဆိုကာ ဇေယျာ တစ်ယောက် ခြေဆောင့်ကာ နှုတ်ခမ်းလေးဆူရင်း ဂျီကျနေလေ၏။
"လာပါ ခလေးရဲ့။ ဒီမှာက နေလို့ကောင်းပါတယ်......ရှပ်ရှင်ရုံတို့ဆို အသံတွေက အရမ်း ဆူလို့လေ"
"ဟာ...... မဆူပါဘူး အတွဲခုံလေးမှာ ထိုင်ပြီး ရုပ်ရှင်လေးကြည့်ရင်း ပေါက်ပေါက် တူတူစားတာ ဘယ်လောက်roဖို့ ကောင်းလိုက်သလဲ" ဆိုပြီး ဇေယျာ ဆူပုပ်ပုပ်လေးလုပ်ကာ ပြန်ပြောနေလေသည်။
"လာပါ ခလေးကလည်း ရောက်တောင်နေပြီဘဲ အထဲ၀င်ကြတာပေါ့။ နောက်တော့ ရုပ်ရှင်လိုက်ပြမယ်လေနော်။ ခလေးက လိမ္မာပါတယ်"
"ကိုဟိဏ်းက ပြောလိုက်ရင် အဲ့လိုဘဲ..... နောက်တော့ လိုက်ပို့မယ် ဆိုပြီး cafeကိုဘဲ ခေါ်လာမှာမလား"
"ဟဲ...... ဟဲ..... လာပါ ဆိုင်ထဲက လူတွေ ကြည့်ကုန်ကြပြီ" လို့ချော့ပြီး ခေါ်နေတော့ ဇေယျာလည်း ဆိုင်ထဲထိ ရောက်သွားရလေတော့သည်။
ဆိုင်ထဲရောက်တော့ ချောင်ကျတဲ့ စားပွဲခုံလေးမှာ သွားပြီး ထိုင်လိုက်ကြသည်။ ကျကျနန ထိုင်ပြီးတာနဲ့ ဇေယျာကနေမှ ဇာမဏီဟိဏ်းအား ခေါ်လိုက်လေသည်။
"ကိုဟိဏ်း"
"ဗျာ"
"cafeဆိုင်တွေ ဒီလောက်များတာ.....ဘာလို့ ဒီဆိုင်ကိုမှ ခေါ်လာရတာလဲ"
"အော်..ဒီဆိုင်က အရသာ ကောင်းလို့ပေါ့ ခလေးရ"
"ဆိုင် နာမည်က ဘာပါလိမ့်"ဆိုပြီး ဇေယျာမှာ အပြင်က ဆိုင်းဘုတ်ကိုလှမ်းကြည့်လေသည်။
"ဆိုင်နာမည်က 'Meet U'တဲ့" ဆိုပြီး ဇာမဏီမှ ဖြေလာလေသည်။
"အော် 'Meet U' တဲ့လား"
"မှတ်ထားပေါ့ ခလေးရ..... နောက်သူငယ်ချင်းတွေနဲ့ လာကြပေါ့"
"ဟုတ်ပါပြီ..... မှတ်ထားလိုက်ပါမယ်နော်"
"အဲ့ကြောင့် ခလေးက ချစ်ဖို့ကောင်းနေတာ"
ခဏကြာတော့ မှာထားတာတွေ လာချလေတော့သည်။
ဇေယျာမှာ ကော်ဖီလှလှလေးမြင်တော့ ပျော်နေလေသည်။ Cakeလှလှလေးကိုလည်း ဓာတ်ပုံရိုက်နေလေတော့၏။ ပြီးနောက် ဇာမဏီကို ဓာတ်ပုံခိုးရိုက်လိုက်လေသည်။ ဇာမဏီမှာတော့ မသိရှာပါ။ ဓာတ်ပုံရိုက်ပြီးသွားတော့ ဇေယျာမှာ
ဇာမဏီအား ထပ်ခေါ်လိုက်ပြန်လေသည်။
"ကိုဟိဏ်း"
"ဗျာ ဗျ့"
"ခလေးတို့ မခွဲသွားဘူးမလား"
"မခွဲပါဘူးဗျာ.......သူများတွေ ခွဲရင်တောင် မခွဲဘူး"
"ဟုတ်လို့လား"
"တစ်ကယ်ပါနော်..... ဘာလဲ ခလေးက မယုံဘူးလား"
"သိဘူးလေ ကိုဟိဏ်းပြောတာဘဲလေ"
"တစ်ကယ်ပါ ခလေးရယ် ယုံပေးပါ"
"အင်းပါ ကတိတည်နော်"
"အင်း......ကတိ ကတိ ခလေး"
~~
ထိုချိန်က ဇေယျာ့ကို ပြောခဲ့တဲ့ "ကတိ ကတိ"ဆိုတာက အပြောင်အပျက်အနေနဲ့ ပြောခဲ့တာလား ဆိုတာ ပြန်စဉ်းစားယူနေရသည်။ ဇေယျာ ခရင်းလေးကို ကိုင်ပြီး cakeကိုဖဲ့ကာ တစ်လုတ်စားလိုက်သည်။ ပြီးနောက် အဲ့တုန်းက ခိုးရိုက်ထားတဲ့ ကိုဟိဏ်းရဲ့ ပုံကိုရှာပြီး ကြည့်နေလေသည်။
အမှန်တော့ ကိုဟိဏ်းနဲ့ မထင်မှတ်ဘဲ ဆုံလေမလားဆိုပြီး
ဇေယျာ တစ်ယောက် ဒီဆိုင်ကို အမြဲတမ်း လာနေတာ ဖြစ်သည်။ သတိရတိုင်းလည်း လာနေမိသည်။ ဒါပေမယ့်လည်း ခုထိ ဟိုဟိဏ်းနဲ့တူသည့် သူနှင့် လုံးလုံးမျှ မတွေ့သေးပေ။
ဇာမဏီဟိဏ်းပုံကို ကြည့်ပြီးတာနဲ့ ဖုန်းကို စားပွဲပေါ် ပြန်တင်ထားလိုက်ပြီး စာအုပ်ကို လှမ်းယူကာ ပြန်ဖတ်နေလိုက်သည်။ ဇေယျာမှာ ဖတ်နေတဲ့ စာမျက်နှာမှ ရေးထားတဲ့စာကို မြင်ပြီး ၀မ်းနည်းသွားရသည်။
စာရွက်ထဲမှာ ရေးထားတာတွေက
"အချစ်ဟာ အရမ်းနက်နဲတယ်၊ လူတစ်ယောက်ကို အရမ်းချစ်ခဲ့ရင် အချစ်စစ်အချစ်မှန်ဘဲ၊ အချစ်စစ်သာ ဖြစ်ခဲ့လျှင် ပြန်တွေ့ကြရမှာပါ"တဲ့လေ။
ထိုစာအုပ်ထဲမှာ ရေးထားတဲ့ အတိုင်း အချစ်စစ်ဖြစ်ဖို့ကို ဇေယျာ တစ်ယောက် မျှော်လင့်စောင့်စားနေရတော့မှာ အမှန်ဘဲပေါ့။
ကော်ဖီနဲ့ cakeတို့ တစ်၀က်လောက်ကျန်နေသေးသော်လည်း ဇေယျာမှာ စားချင်စိတ်မရှိတော့တာကြောင့် cafeကနေ ပြန်လာလိုက်ရသည်။ cafeကနေ ဘယ်ကိုမှ မ၀င်ဘဲ အိမ်ကိုသာ တန်းတန်း မတ်မတ် ပြန်လာခဲ့လိုက်ချေသည်။ တစ်ခါတစ်လေကျရင်တော့ ဇေယျာ တစ်ယောက် ဇာမဏီဟိဏ်းနဲ့ သွားလည်ခဲ့သည့် နေရာတွေကို ပြန်သွားတတ်သည်။ ခုတော့ ဇေယျာ အိမ်ကိုသာ တန်းပြန်တော့သည်။
cafeနဲ့ အိမ်နဲ့က သိပ်မဝေးတော့ ခဏလေး လမ်းလျှောက်တာနဲ့တင် အိမ်ကို ပြန်ရောက်လို့သွားလေပြီ။ ဇာမဏီဟိဏ်း ရှိတုန်းကတော့ အမြဲလိုက်ပို့နေကြ ဖြစ်သည်။ ဇာမဏီဟိဏ်းသည် ဇေယျာ့ထက် အသက်ပိုကြီးသည်။ ဇေယျာ အသက်ဆယ့်ရှစ်လောက်မှာ ဇာမဏီဟိဏ်းက အသက်နှစ်ဆယ့်ငါးလောက် ရှိနေလေပြီ။ ခုဇေယျာက နှစ်ဆယ့်သုံးဆိုတော့ ဇာမဏီဟိဏ်းက ခုလောက်ဆို သုံးဆယ်လောက် ရှိနေရောပေါ့။
အိမ်တံခါးလေးကို ဖွင့်ကာ ဇေယျာ တစ်ယောက် အိမ်ထဲသို့ အင်အားချိနဲ့စွာဖြင့် ၀င်သွားလိုက်သည်။ တစ်ချိန်လုံး ဆိုင်မှာ နေနေခဲ့ရတာဆိုတော့ လူက နုံးချိနေလေပြီ။ ဒါနဲ့ဘဲ ဇေယျာရေမိုးချိုးဖို့ အ၀တ်အစားတွေ ချွတ်လိုက်ပြီး ရေချိုးခန်းထဲ ၀င်သွားလိုက်သည်။ ရေမိုးချိုးပြီးလို့ အ၀တ်အစား နွေးနွေးလေး ၀တ်ပြီးတော့ ဖုန်းကို ယူကာ လိုင်းဖွင့်လိုက်လေသည်။
ဖွင့်ဖွင့်ချင်း "တိန်"ဆိုပြီး နိုတီတက်လာတော့ ဇေယျာ ချက်ချင်းဘဲ ထိုနိုတီလေးကို ကြည့်ကြည့်လိုက်သည်။ group chatကနေ ပို့ထားတဲ့ စာလေးတွေဖြစ်လို့ နေ တော့သည်။ ခဏနေတော့ သူငယ်ချင်း တစ်ယောက်ဆီက စာ၀င်လာသည်။
"ဟေ့ ဇေယျာ"
"ပြောလေ နန်း"
"အေ နောက်အပတ်ထဲ ငါ့ မင်္ဂလာဆောင်ရှိတယ်နော်"
"သိပါတယ် နင်ကလည်း"
"အေးပါ နင်မေ့နေမှာစိုးလို့ပါ"
"မမေ့ဘူး ကို့အချစ်ဆုံးသူငယ်ချင်း မင်္ဂလာဆောင်မှာဘဲကို"
"အင်းပါ လာဖြစ်အောင် လာခဲ့နော်"
"အေအေ လာပါ့မယ်"
"ပန်းဆိုင်းနဲ့ လက်ကိုင်ပန်းလေးလဲ လှလှလေးဆင်ပေးနော်"
"အေးပါ လုပ်ပေးပါ့မယ်"
"ဟဲဟဲ နင်က ပန်းအလှဆင်တာကို freeလုပ်ပေးတော့ ငါကျေးဇူးတင်ပါတယ်"
"ရပါတယ် နင်ကလည်း"
"အေအေ သူငယ်ချင်းဇေယျာ ငါလိုင်းအောက်အုန်းမယ်"ဆိုပြီး မီးစိမ်းနေတာလေး ပျောက်သွားလေသည်။
ဇေယျာလည်း ဆံပင် ရေမခြောက်သေးတော့ ခေါင်းသုတ်မလို့ ပြင်နေတုန်းမှာဘဲ ဖုန်းကိုဖွင့်ကာ ဇာမဏီဟိဏ်းရဲ့ အကောင့်ကို ၀င်ကြည့်ကြည့်မိလိုက်သည်။
"ဒီနေ့လည်း မီးမစိမ်းပြန်ပါလား" ဟု ဇေယျာ တီးတိုး ရေရွတ်လိုက်သည်။
ခါတိုင်းဆို ရေချိုးပြီးရင် နွေးနွေးထွေးထွေး၀တ်ဖို့ ဇေယျာကို စာလေးတွေ ပို့နေကြလေ။ ခုတော့ အဲ့စာလေးတွေက ပျောက်ပျက်ကုန်ပြီဘဲပေါ့။
ဇေယျာ ဇာမဏီဟိဏ်း နဲ့အဆက်အသွယ်ပြတ်သွားတုန်းကဆိုရင်တော်တော်လေး ခံစားခဲ့ရတာ။ နေရာတိုင်းကို လိုက်ရှာနေခဲ့မိသည်။ အချိန်တိုင်းလည်း ဖုန်းခေါ်နေခဲ့မိသည်။
စာတွေလည်း အမြဲတမ်း ပို့နေခဲ့မိသည်။ ပြီးတော့ ၀င်လာတဲ့ မက်ဆေ့ခ်ျတိုင်းကို ဇာမဏီဟိဏ်းဆီက အထင်နှင့် လိုက်ကြည့်နေမိတတ်သည်။ ခုတော့ နဲနဲ တည်ငြိမ်သွားပါပြီ။
ဇေယျာ တစ်ယောက် ဇာမဏီဟိဏ်းရဲ့အကောင့်ကို ခဏ၀င်ကြည့်ပြီး လိုင်းပိတ်လိုက်သည်။ အိပ်မလို့ နာရီကို ကြည့်လိုက်တော့ ကိုးနာရီခွဲနေပြီလေ။ ထိုအချိန် ဖုန်းလေးက ထမြည်လာသည်။ ဖုန်းမျက်နှာပြင်ကို ကြည့်ကြည့်တော့ အမေ ဆက်တာဖြစ်နေလေသည်။ ဒါနဲ့ဘဲ ဇေယျာ ဖုန်းကိုင်လိုက်ရတော့သည်။
"ဟယ်လို အမေလား"
"ဟယ်လို သားလေး"
"အင်းပြောလေ အမေ"
"သား မူဆယ်ပြန်လာအုန်းမှာလားလို့ လှမ်းမေးကြည့်တာပါ"
"အော် သားဒီမှာ အလုပ်လေးတွေ လက်ခံနေရလို့ပါ"
"အင်းပါ အလုပ်မအားဘူးဆိုလဲ အားတဲ့ချိန် ပြန်လာပေါ့"
"ဟုတ် အမေ"
"သားအစ်မက ရန်ကုန်ကနေ ခွင့်ယူပြီး ပြန်လာမယ်ပြောနေလို့လေ"
"ဟုတ်လား၊ အစ်မကဘယ်နေ့လာမှာတဲ့လဲ"
"နောက်အပတ်မှပါ"
"အင်းပါ အမေ သားအားရင် ပြန်လာခဲ့မယ်လေ"
"အင်းပါ"
"ဟုတ် သားအိပ်တော့မယ် အမေ"
"အင်းသားလေး ကျန်းမာရေးဂရုစိုက်အုန်း"
"ဟုတ်"လို့ဖြေလိုက်ပြီး ဖုန်းကို ကုတင်ဘေးက စားပွဲပေါ်တင်လိုက်သည်။
ကုတင်ပေါ်မှာ လှဲနေရင်း ဒီချိန် ဇာမဏီဟိဏ်း ဘာတွေများ လုပ်နေမလဲ ဆိုကာ ဇေယျာ စဉ်းစားနေမိသည်။
ဇေယျာ ကုတင်ဘေး စားပွဲပေါ်က မီးအိမ်လေးကို ပိတ်လိုက်ပြီး နဖူးပေါ်လက်တင်ကာ
"ကိုဟိဏ်းသင်ပေးတဲ့ အချစ်ကြောင့်လားမသိဘူး
ခုဆို ကိုဟိဏ်းကိုဘဲ တမ်းတနေမိတယ်..... ကိုဟိဏ်း ဇေယျာနဲ့ အိမ်မက်ထဲမှာတွေ့ကြမယ်နော်"လို့ စိတ်ထဲရေရွတ်ပြီး အိပ်ယာ၀င်လိုက်တော့သည်။
××××××××××××××××
အပိုင်းတစ်မှာတင် လွမ်းခိုင်းမိပြီ။ ဒါလေးကိုလဲ အားပေးကြအုန်းနော် မနေနိုင်လို့ရေးလိုက်မိတာ။ ဖတ်ပေးကြပါအုန်းလို့
•••••••••••••••••••••••••••••••••••••••••••••••••
#Zawgyi#
ခ်မ္းေအးလွတဲ့ ေဆာင္းရာသီ ညေလးတစ္ညမွာ ေဇယ်ာ တစ္ေယာက္ မိမိ၏ ပန္းဆိုင္ေလးကို သိမ္းဆည္းလို႔ ေနေလသည္။ ေဇယ်ာသည္ ' Butterfly Floral service' ဆိုသည့္ ပန္းဆိုင္ေလးတစ္ဆိုင္ ဖြင့္ထားတာ ျဖစ္ေခ်သည္။ အျပင္မွာ ထုတ္ၿပီး ခင္းက်င္းထားတဲ့ ပန္းအတုေလးမ်ားႏွင့္ ပန္းစည္းထုပ္တဲ့ စာ႐ြက္ထုပ္ေလးမ်ားကို ဆိုင္ထဲသို႔ ေ႐ြ႕လိုက္သည္။
ၿပီးေနာက္ ေကာင္တာမွာ လႊားထားတဲ့ ကုတ္အက်ႌေလးကို အေပၚက ထပ္လိုက္ၿပီး ေဇယ်ာလည္း အျပင္ ထြက္ကာ ဆိုင္တံခါးကို ပိတ္လိုက္ေတာ့သည္။
ေဇယ်ာမွာ ၾကယ္ေလးေတြ ျပည့္ေနတဲ့ ေကာင္းကင္ထက္ကိုေမာ့ၾကည့္လ်က္ အာေငြေလး တစ္ခ်ိဳ႕ မႈတ္ထုတ္လိုက္ေလသည္။ အာေငြ႕ေလးေတြဟာ ေလတစ္ခ်က္အတိုက္မွာ ေပ်ာက္ကြယ္သြားပါေတာ့သည္။ လားရႈိးၿမိဳ႕၏ ေဆာင္းညဟာ အျခားၿမိဳ႕ေတြနဲ႔ မတူလွပါ။ စိမ့္စိမ့္တုန္ေအာင္ ေအးေလသည္။ ရွမ္းျပည္လည္းျဖစ္တာမို႔ အေအးဓာတ္က ပို၍ ေအးဖို႔ပင္ ရွိေတာ့မည္။
ေဇယ်ာလည္း ေကာင္းကင္ကို ရပ္ၿပီး ေမာ့ၾကည့္လို႔ အၿပီးမွာဘဲ အခ်မ္းေျပ ေကာ္ဖီေလးေသာက္ဖို႔အတြက္ cafeဆိုင္သို႔ ဦးတည္လိုက္ပါေတာ့သည္။
ဆြယ္တာေပၚကို ကုတ္အက်ႌေလးထပ္ထားကာ ဂ်င္းေဘာင္းဘီ အပြကို ၀တ္ထားတဲ့ ေကာင္ေလးတစ္ေယာက္ အျဖစ္ ေဇယ်ာသည္လည္း လမ္းဖလက္ေဖာင္းထက္တြင္ လမ္းေလွ်ာက္ကာ cafeကို သြားေန၏။ ခ်မ္းေအးတာေၾကာင့္ လက္ႏွစ္ဖက္ကို ကုတ္အက်ႌ၏ အိတ္ကပ္ထဲသို႔ ထိုးသြင္းထားေလသည္။ မ်က္ခုံးေလးဟာ ဇင္ေယာ္ငွက္သဖြယ္ လွပလြန္းလွသည္။ အသားအရည္က ညိဳညစ္ညစ္ရွိေတာ့ လမ္းမီးတိုင္၏ အလင္းေရာင္ေၾကာင့္ ညိဳညစ္ညစ္ အသားအရည္က ၀င္းလ်က္ရွိေတာ့သည္။
ေဇယ်ာ တစ္ေယာက္ ဆိုင္တန္းေလးေတြကို ဟိုေငးဒီေငး၊ ဟိုၾကည့္ဒီၾကည့္ျဖင့္ လမ္းေလွ်ာက္ေနရာကေန ေဇယ်ာေနတဲ့ အနီးအနားေလးမွာ ရွိတဲ့ cafeဆိုင္သို႔ ေရာက္ရွိသြားေလေတာ့၏။ Cafeဆိုင္ေရွ႕ ေရာက္ေတာ့ ေဇယ်ာလည္း တံခါးေလးကို အသာဖြင့္ကာ ဆိုင္ထဲသို႔ ေအးေအးလူလူျဖင့္ ၀င္သြားလိုက္ေလသည္။
ဆိုင္တံခါးကို ဖြင့္လိုက္ေတာ့ တံခါးမွာ တပ္ထားတဲ့ ေခါင္းေလာင္းေလးေတြက အလိုလို ျမည္သြားေတာ့သည္။ ေခါင္းေလာင္းသံေလးက ဆိုင္ထဲက watierကို ဧည့္သည္လာၿပီဆိုတာကို အသိေပးေနသေယာင္ေယာင္ပင္။ ေကာင္တာက ေကာင္မေလးကလည္း ေဇယ်ာကို ျမင္ၿပီး အၿပဳံးေလးျဖင့္ ႀကိဳဆိုေလသည္။
ဒါနဲ႔ ေဇယ်ာလည္း ဆိုင္ရဲ႕ ေကာင္တာနားေလးကို ခပ္သြက္သြက္ သြားလိုက္ရသည္။ ေကာင္တာနား ေရာက္ေလေတာ့ ေကာင္မေလးကေနမွ
"အစ္ကို ဘာမ်ားသုံးေဆာင္မလဲ ရွင့္" ဆိုကာ ဧည့္၀တ္ေက်ပြန္စြာ ေမးခြန္းေမးလာပါေလသည္။
ေကာင္တာက ေကာင္မေလးက ဘာမွာမလဲ ေမးေနေတာ့
ေဇယ်ာမွာလည္း ဘာမွ စဥ္းစားျခင္းျပဳမေနေတာ့ဘဲ ခါတိုင္း မွာေနက် အတိုင္းသာ မွာလိုက္ေလေတာ့သည္။
"Cappuccino ကို creamyေလးနဲ႔ တစ္ခြက္"
ေဇယ်ာလည္း ေျဖၿပီးေရာ ေကာင္တာက ေကာင္မေလးက ထပ္ေမးလာျပန္သည္။
"အစ္ကို ဒီမွာဘဲ ေသာက္မွာလား၊ ပါဆယ္လား" ဆိုၿပီးေတာ့ လာေနက် ဧည့္သည္ကို ေမးေနက်ပုံစံ အတိုင္းပင္။
"ဒီမွာဘဲ ေသာက္လိုက္မယ္ ၿပီးေတာ့ rainbow cakeေလးပါ ခ်ေပးေနာ္" ဆိုကာ ခင္းက်င္းထားတဲ့ cakeေလးကို ေဇယ်ာ လက္ညိဳးထိုးၿပီး ေျပာလိုက္ေလသည္။
"ဟုတ္ rainbow cakeရယ္ cappuccinoရယ္ဆိုေတာ့ အားလုံးေပါင္း သုံးေထာင္က်ပါတယ္ အစ္ကို"
"ဟုတ္ ဒီမွာပါ" လို႔ ျပန္ေျဖရင္း ေဇယ်ာ တစ္ေယာက္ စကန္ဖတ္ဖို႔အတြက္ ေကာင္တာက ေကာင္မေလးကို ဖုန္းျပလိုက္ေတာ့သည္။
ဒါနဲ႔ ထိုေကာင္မေလးကလည္း ေဇယ်ာရဲ႕ ဖုန္းေပၚသို႔ စက္ေလးတင္လိုက္ၿပီး ေငြျဖတ္လိုက္ေတာ့သည္။ ၿပီးေနာက္
ေဇယ်ာ့ကို ျဖတ္ပိုင္းေလး ေပးၿပီး ခ်ိဳခ်ိဳသာသာျဖင့္ ေျပာေတာ့သည္။
"ဟုတ္ ခဏေလးေစာင့္ေပးပါေနာ္ အစ္ကို"
"ဟုတ္"
ေကာင္တာမွာ မွာစရာရွိတာမွာ၊ ရွင္းစရာရွိတာ ရွင္းၿပီးေတာ့ ေဇယ်ာလည္း ေခ်ာင္နည္းနည္းက်တဲ့ စားပြဲဝိုင္းေလးကို ေ႐ြးၿပီးေတာ့ ထိုင္ေစာင့္ေနလိုက္သည္။ ေစာင့္ေနရင္း အသင့္ပါလာတဲ့ ၀တၳဳစာအုပ္ေလးကို ဖြင့္ကာ ဖတ္ေနလိုက္သည္။ စာအုပ္ဖတ္ေနရင္းမွ ေဘးဝိုင္းက စကားေျပာသံ အခ်ိဳ႕ကို ေဇယ်ာ မထင္မွတ္ဘဲ ခိုးနားေထာင္ေနမိသလို ျဖစ္သြားရေလသည္။ စားပြဲဝိုင္းက နီးေနေတာ့ မၾကားခ်င္လည္း ၾကားေနသည္ မဟုတ္ပါလား။ ဒါနဲ႔ ေဇယ်ာ တစ္ေယာက္ စာဖတ္တာကို အာ႐ုံစိုက္ေနရာကေန တစ္ဖက္က စကားသံေတြကို မသိမသာေလး နားစြင့္ေနလိုက္ပါေလသည္။
ေဘးဝိုင္းက ေျပာေနၾကသည္မ်ားမွာ
"ကိုကို ခေလးကို ခ်စ္လားဟင္"
"ခ်စ္တာေပါ့ ခေလးရယ္"
"အဲ့တာဆို ခေလးကို ထားမသြားရဘူးေနာ္"
"မထားသြားဘူး စိတ္ခ်၊ ခေလးကို ထားၿပီး ကိုကို ဘယ္မွ မသြားဘူး ဟုတ္ၿပီလား"
"ကတိတည္ေနာ္ ကိုကို"
"အင္း ကတိကတိ"
"အရသာရွိရွိ သုံးေဆာင္ပါ အစ္ကို"ဆိုသည့္ အသံၾကားေတာ့မွ ေဇယ်ာ တစ္ဖက္ဝိုင္းကို ခိုးၿပီးနားေထာင္ေနရာကေန အသိစိတ္ျပန္ကပ္လာကာ မွာထားတာေတြ လာခ်ေပးသည့္ ထိုေကာင္မေလးကို ခပ္ျမန္ျမန္ေလး ၿပဳံးျပလိုက္ရသည္။ ထိုေကာင္မေလးကလည္း ေဇယ်ာကို ၿပဳံးျပၿပီး ေကာင္တာသို႔ ျပန္သြားပါေလသည္။ ဒီေတာ့ ေဇယ်ာလည္း ဖတ္လက္စ စာအုပ္ေလးကို ပိတ္လိုက္ၿပီး စားပြဲေပၚတင္လိုက္ေတာ့သည္။ ၿပီးေနာက္ ေကာ္ဖီ တစ္ငုံ စေသာက္လိုက္ေလသည္။
ေဇယ်ာ တစ္ေယာက္ ေကာ္ဖီတစ္ငုံ ေသာက္ၿပီးေတာ့ စားပြဲ ေပၚ ျပန္ထားေနတုန္းမွာ အၾကည့္ေတြက ေဘးဝိုင္းက အတြဲဆီသို႔ မထင္မွတ္ဘဲ ေရာက္သြားရေလသည္။ ေဘးဝိုင္းက အတြဲကို ၾကည့္ေနရင္း ေဇယ်ာ၏ မ်က္၀န္းထဲတြင္ ၀မ္းနည္းဖြယ္ေကာင္းသည့္ အရိပ္ေယာင္မ်ား အထင္းသား ထင္ဟပ္လာပါေတာ့သည္။ အေၾကာင္းမွာေတာ့ ခဏ ေဘးဝိုင္းက အတြဲ ေျပာေနၾကတဲ့ စကားေတြဟာ ေဇယ်ာရဲ႕အတိတ္ကို ျပန္လည္ သတိရမိသြားေစလို႔ပင္ ျဖစ္သည္။
~~~~~
လြန္ခဲ့ေသာ ငါးႏွစ္ခန႔္က။
Cafeဆိုင္ေလးထဲတြင္ သီခ်င္းသံ ေအးေအးေလးက ခပ္တိုးတိုး ဆိုေပမယ့္ ၿငိမ့္ၿငိမ့္ေညာင္းေညာင္းျဖင့္ နားေထာင္ေကာင္းလွသည္။ သီခ်င္းေလးကို တိုးတိုးေလး ဖြင့္ထားပါေသာ္ျငားလည္း ဆိုင္ျပင္ထိျဖင့္ သီခ်င္းသံေလး ပ်ံ႕လြင့္လို႔ေနေလသည္။ ထိုCafeဆိုင္ေရွ႕သို႔ ေကာင္ေလးႏွစ္ေယာက္ ခ်ိန္းေတြ႕ၾကဖို႔ ေရာက္ေနၾကတာဘဲ ျဖစ္ေခ်သည္။
ထိုေကာင္ေလး ႏွစ္ေယာက္ကေတာ့ ေဇယ်ာႏွင့္
ဇာမဏီဟိဏ္းတို႔ဘဲ ျဖစ္ေလသည္။ ေဇယ်ာ တစ္ေယာက္ ခ်ိန္းေတြ႕တဲ့ ေနရာေလးကို သေဘာမက်၍ ခ်စ္သူ
ဇာမဏီဟိဏ္းအား ဆိုင္ျပင္တြင္ ဂ်ီက်ေနပါေတာ့သည္။
"ဟာ ကိုဟိဏ္းကလည္း cafeကို ထပ္ၿပီး ေခၚလာျပန္ၿပီကြာ......ခ်ိန္းေတြ႕ပါတယ္ဆိုမွ ႐ုပ္ရွင္႐ုံတို႔၊ ပန္းၿခံတို႔ ေခၚသြားတာ မဟုတ္ဘူး" ဆိုကာ ေဇယ်ာ တစ္ေယာက္ ေျခေဆာင့္ကာ ႏႈတ္ခမ္းေလးဆူရင္း ဂ်ီက်ေနေလ၏။
"လာပါ ခေလးရဲ႕။ ဒီမွာက ေနလို႔ေကာင္းပါတယ္......ရွပ္ရွင္႐ုံတို႔ဆို အသံေတြက အရမ္း ဆူလို႔ေလ"
"ဟာ...... မဆူပါဘူး အတြဲခုံေလးမွာ ထိုင္ၿပီး ႐ုပ္ရွင္ေလးၾကည့္ရင္း ေပါက္ေပါက္ တူတူစားတာ ဘယ္ေလာက္roဖို႔ ေကာင္းလိုက္သလဲ" ဆိုၿပီး ေဇယ်ာ ဆူပုပ္ပုပ္ေလးလုပ္ကာ ျပန္ေျပာေနေလသည္။
"လာပါ ခေလးကလည္း ေရာက္ေတာင္ေနၿပီဘဲ အထဲ၀င္ၾကတာေပါ့။ ေနာက္ေတာ့ ႐ုပ္ရွင္လိုက္ျပမယ္ေလေနာ္။ ခေလးက လိမၼာပါတယ္"
"ကိုဟိဏ္းက ေျပာလိုက္ရင္ အဲ့လိုဘဲ..... ေနာက္ေတာ့ လိုက္ပို႔မယ္ ဆိုၿပီး cafeကိုဘဲ ေခၚလာမွာမလား"
"ဟဲ...... ဟဲ..... လာပါ ဆိုင္ထဲက လူေတြ ၾကည့္ကုန္ၾကၿပီ" လို႔ေခ်ာ့ၿပီး ေခၚေနေတာ့ ေဇယ်ာလည္း ဆိုင္ထဲထိ ေရာက္သြားရေလေတာ့သည္။
ဆိုင္ထဲေရာက္ေတာ့ ေခ်ာင္က်တဲ့ စားပြဲခုံေလးမွာ သြားၿပီး ထိုင္လိုက္ၾကသည္။ က်က်နန ထိုင္ၿပီးတာနဲ႔ ေဇယ်ာကေနမွ ဇာမဏီဟိဏ္းအား ေခၚလိုက္ေလသည္။
"ကိုဟိဏ္း"
"ဗ်ာ"
"cafeဆိုင္ေတြ ဒီေလာက္မ်ားတာ.....ဘာလို႔ ဒီဆိုင္ကိုမွ ေခၚလာရတာလဲ"
"ေအာ္..ဒီဆိုင္က အရသာ ေကာင္းလို႔ေပါ့ ခေလးရ"
"ဆိုင္ နာမည္က ဘာပါလိမ့္"ဆိုၿပီး ေဇယ်ာမွာ အျပင္က ဆိုင္းဘုတ္ကိုလွမ္းၾကည့္ေလသည္။
"ဆိုင္နာမည္က 'Meet U'တဲ့" ဆိုၿပီး ဇာမဏီမွ ေျဖလာေလသည္။
"ေအာ္ 'Meet U' တဲ့လား"
"မွတ္ထားေပါ့ ခေလးရ..... ေနာက္သူငယ္ခ်င္းေတြနဲ႔ လာၾကေပါ့"
"ဟုတ္ပါၿပီ..... မွတ္ထားလိုက္ပါမယ္ေနာ္"
"အဲ့ေၾကာင့္ ခေလးက ခ်စ္ဖို႔ေကာင္းေနတာ"
ခဏၾကာေတာ့ မွာထားတာေတြ လာခ်ေလေတာ့သည္။
ေဇယ်ာမွာ ေကာ္ဖီလွလွေလးျမင္ေတာ့ ေပ်ာ္ေနေလသည္။ Cakeလွလွေလးကိုလည္း ဓာတ္ပုံ႐ိုက္ေနေလေတာ့၏။ ၿပီးေနာက္ ဇာမဏီကို ဓာတ္ပုံခိုး႐ိုက္လိုက္ေလသည္။ ဇာမဏီမွာေတာ့ မသိရွာပါ။ ဓာတ္ပုံ႐ိုက္ၿပီးသြားေတာ့ ေဇယ်ာမွာ
ဇာမဏီအား ထပ္ေခၚလိုက္ျပန္ေလသည္။
"ကိုဟိဏ္း"
"ဗ်ာ ဗ်႕"
"ခေလးတို႔ မခြဲသြားဘူးမလား"
"မခြဲပါဘူးဗ်ာ.......သူမ်ားေတြ ခြဲရင္ေတာင္ မခြဲဘူး"
"ဟုတ္လို႔လား"
"တစ္ကယ္ပါေနာ္..... ဘာလဲ ခေလးက မယုံဘူးလား"
"သိဘူးေလ ကိုဟိဏ္းေျပာတာဘဲေလ"
"တစ္ကယ္ပါ ခေလးရယ္ ယုံေပးပါ"
"အင္းပါ ကတိတည္ေနာ္"
"အင္း......ကတိ ကတိ ခေလး"
~~
ထိုခ်ိန္က ေဇယ်ာ့ကို ေျပာခဲ့တဲ့ "ကတိ ကတိ"ဆိုတာက အေျပာင္အပ်က္အေနနဲ႔ ေျပာခဲ့တာလား ဆိုတာ ျပန္စဥ္းစားယူေနရသည္။ ေဇယ်ာ ခရင္းေလးကို ကိုင္ၿပီး cakeကိုဖဲ့ကာ တစ္လုတ္စားလိုက္သည္။ ၿပီးေနာက္ အဲ့တုန္းက ခိုး႐ိုက္ထားတဲ့ ကိုဟိဏ္းရဲ႕ ပုံကိုရွာၿပီး ၾကည့္ေနေလသည္။
အမွန္ေတာ့ ကိုဟိဏ္းနဲ႔ မထင္မွတ္ဘဲ ဆုံေလမလားဆိုၿပီး
ေဇယ်ာ တစ္ေယာက္ ဒီဆိုင္ကို အၿမဲတမ္း လာေနတာ ျဖစ္သည္။ သတိရတိုင္းလည္း လာေနမိသည္။ ဒါေပမယ့္လည္း ခုထိ ဟိုဟိဏ္းနဲ႔တူသည့္ သူႏွင့္ လုံးလုံးမွ် မေတြ႕ေသးေပ။
ဇာမဏီဟိဏ္းပုံကို ၾကည့္ၿပီးတာနဲ႔ ဖုန္းကို စားပြဲေပၚ ျပန္တင္ထားလိုက္ၿပီး စာအုပ္ကို လွမ္းယူကာ ျပန္ဖတ္ေနလိုက္သည္။ ေဇယ်ာမွာ ဖတ္ေနတဲ့ စာမ်က္ႏွာမွ ေရးထားတဲ့စာကို ျမင္ၿပီး ၀မ္းနည္းသြားရသည္။
စာ႐ြက္ထဲမွာ ေရးထားတာေတြက
"အခ်စ္ဟာ အရမ္းနက္နဲတယ္၊ လူတစ္ေယာက္ကို အရမ္းခ်စ္ခဲ့ရင္ အခ်စ္စစ္အခ်စ္မွန္ဘဲ၊ အခ်စ္စစ္သာ ျဖစ္ခဲ့လွ်င္ ျပန္ေတြ႕ၾကရမွာပါ"တဲ့ေလ။
ထိုစာအုပ္ထဲမွာ ေရးထားတဲ့ အတိုင္း အခ်စ္စစ္ျဖစ္ဖို႔ကို ေဇယ်ာ တစ္ေယာက္ ေမွ်ာ္လင့္ေစာင့္စားေနရေတာ့မွာ အမွန္ဘဲေပါ့။
ေကာ္ဖီနဲ႔ cakeတို႔ တစ္၀က္ေလာက္က်န္ေနေသးေသာ္လည္း ေဇယ်ာမွာ စားခ်င္စိတ္မရွိေတာ့တာေၾကာင့္ cafeကေန ျပန္လာလိုက္ရသည္။ cafeကေန ဘယ္ကိုမွ မ၀င္ဘဲ အိမ္ကိုသာ တန္းတန္း မတ္မတ္ ျပန္လာခဲ့လိုက္ေခ်သည္။ တစ္ခါတစ္ေလက်ရင္ေတာ့ ေဇယ်ာ တစ္ေယာက္ ဇာမဏီဟိဏ္းနဲ႔ သြားလည္ခဲ့သည့္ ေနရာေတြကို ျပန္သြားတတ္သည္။ ခုေတာ့ ေဇယ်ာ အိမ္ကိုသာ တန္းျပန္ေတာ့သည္။
cafeနဲ႔ အိမ္နဲ႔က သိပ္မေဝးေတာ့ ခဏေလး လမ္းေလွ်ာက္တာနဲ႔တင္ အိမ္ကို ျပန္ေရာက္လို႔သြားေလၿပီ။ ဇာမဏီဟိဏ္း ရွိတုန္းကေတာ့ အၿမဲလိုက္ပို႔ေနၾက ျဖစ္သည္။ ဇာမဏီဟိဏ္းသည္ ေဇယ်ာ့ထက္ အသက္ပိုႀကီးသည္။ ေဇယ်ာ အသက္ဆယ့္ရွစ္ေလာက္မွာ ဇာမဏီဟိဏ္းက အသက္ႏွစ္ဆယ့္ငါးေလာက္ ရွိေနေလၿပီ။ ခုေဇယ်ာက ႏွစ္ဆယ့္သုံးဆိုေတာ့ ဇာမဏီဟိဏ္းက ခုေလာက္ဆို သုံးဆယ္ေလာက္ ရွိေနေရာေပါ့။
အိမ္တံခါးေလးကို ဖြင့္ကာ ေဇယ်ာ တစ္ေယာက္ အိမ္ထဲသို႔ အင္အားခ်ိနဲ႔စြာျဖင့္ ၀င္သြားလိုက္သည္။ တစ္ခ်ိန္လုံး ဆိုင္မွာ ေနေနခဲ့ရတာဆိုေတာ့ လူက ႏုံးခ်ိေနေလၿပီ။ ဒါနဲ႔ဘဲ ေဇယ်ာေရမိုးခ်ိဳးဖို႔ အ၀တ္အစားေတြ ခြၽတ္လိုက္ၿပီး ေရခ်ိဳးခန္းထဲ ၀င္သြားလိုက္သည္။ ေရမိုးခ်ိဳးၿပီးလို႔ အ၀တ္အစား ေႏြးေႏြးေလး ၀တ္ၿပီးေတာ့ ဖုန္းကို ယူကာ လိုင္းဖြင့္လိုက္ေလသည္။
ဖြင့္ဖြင့္ခ်င္း "တိန္"ဆိုၿပီး ႏိုတီတက္လာေတာ့ ေဇယ်ာ ခ်က္ခ်င္းဘဲ ထိုႏိုတီေလးကို ၾကည့္ၾကည့္လိုက္သည္။ group chatကေန ပို႔ထားတဲ့ စာေလးေတြျဖစ္လို႔ ေန ေတာ့သည္။ ခဏေနေတာ့ သူငယ္ခ်င္း တစ္ေယာက္ဆီက စာ၀င္လာသည္။
"ေဟ့ ေဇယ်ာ"
"ေျပာေလ နန္း"
"ေအ ေနာက္အပတ္ထဲ ငါ့ မဂၤလာေဆာင္ရွိတယ္ေနာ္"
"သိပါတယ္ နင္ကလည္း"
"ေအးပါ နင္ေမ့ေနမွာစိုးလို႔ပါ"
"မေမ့ဘူး ကို႔အခ်စ္ဆုံးသူငယ္ခ်င္း မဂၤလာေဆာင္မွာဘဲကို"
"အင္းပါ လာျဖစ္ေအာင္ လာခဲ့ေနာ္"
"ေအေအ လာပါ့မယ္"
"ပန္းဆိုင္းနဲ႔ လက္ကိုင္ပန္းေလးလဲ လွလွေလးဆင္ေပးေနာ္"
"ေအးပါ လုပ္ေပးပါ့မယ္"
"ဟဲဟဲ နင္က ပန္းအလွဆင္တာကို freeလုပ္ေပးေတာ့ ငါေက်းဇူးတင္ပါတယ္"
"ရပါတယ္ နင္ကလည္း"
"ေအေအ သူငယ္ခ်င္းေဇယ်ာ ငါလိုင္းေအာက္အုန္းမယ္"ဆိုၿပီး မီးစိမ္းေနတာေလး ေပ်ာက္သြားေလသည္။
ေဇယ်ာလည္း ဆံပင္ ေရမေျခာက္ေသးေတာ့ ေခါင္းသုတ္မလို႔ ျပင္ေနတုန္းမွာဘဲ ဖုန္းကိုဖြင့္ကာ ဇာမဏီဟိဏ္းရဲ႕ အေကာင့္ကို ၀င္ၾကည့္ၾကည့္မိလိုက္သည္။
"ဒီေန႔လည္း မီးမစိမ္းျပန္ပါလား" ဟု ေဇယ်ာ တီးတိုး ေရ႐ြတ္လိုက္သည္။
ခါတိုင္းဆို ေရခ်ိဳးၿပီးရင္ ေႏြးေႏြးေထြးေထြး၀တ္ဖို႔ ေဇယ်ာကို စာေလးေတြ ပို႔ေနၾကေလ။ ခုေတာ့ အဲ့စာေလးေတြက ေပ်ာက္ပ်က္ကုန္ၿပီဘဲေပါ့။
ေဇယ်ာ ဇာမဏီဟိဏ္း နဲ႔အဆက္အသြယ္ျပတ္သြားတုန္းကဆိုရင္ေတာ္ေတာ္ေလး ခံစားခဲ့ရတာ။ ေနရာတိုင္းကို လိုက္ရွာေနခဲ့မိသည္။ အခ်ိန္တိုင္းလည္း ဖုန္းေခၚေနခဲ့မိသည္။
စာေတြလည္း အၿမဲတမ္း ပို႔ေနခဲ့မိသည္။ ၿပီးေတာ့ ၀င္လာတဲ့ မက္ေဆ့ခ္်တိုင္းကို ဇာမဏီဟိဏ္းဆီက အထင္ႏွင့္ လိုက္ၾကည့္ေနမိတတ္သည္။ ခုေတာ့ နဲနဲ တည္ၿငိမ္သြားပါၿပီ။
ေဇယ်ာ တစ္ေယာက္ ဇာမဏီဟိဏ္းရဲ႕အေကာင့္ကို ခဏ၀င္ၾကည့္ၿပီး လိုင္းပိတ္လိုက္သည္။ အိပ္မလို႔ နာရီကို ၾကည့္လိုက္ေတာ့ ကိုးနာရီခြဲေနၿပီေလ။ ထိုအခ်ိန္ ဖုန္းေလးက ထျမည္လာသည္။ ဖုန္းမ်က္ႏွာျပင္ကို ၾကည့္ၾကည့္ေတာ့ အေမ ဆက္တာျဖစ္ေနေလသည္။ ဒါနဲ႔ဘဲ ေဇယ်ာ ဖုန္းကိုင္လိုက္ရေတာ့သည္။
"ဟယ္လို အေမလား"
"ဟယ္လို သားေလး"
"အင္းေျပာေလ အေမ"
"သား မူဆယ္ျပန္လာအုန္းမွာလားလို႔ လွမ္းေမးၾကည့္တာပါ"
"ေအာ္ သားဒီမွာ အလုပ္ေလးေတြ လက္ခံေနရလို႔ပါ"
"အင္းပါ အလုပ္မအားဘူးဆိုလဲ အားတဲ့ခ်ိန္ ျပန္လာေပါ့"
"ဟုတ္ အေမ"
"သားအစ္မက ရန္ကုန္ကေန ခြင့္ယူၿပီး ျပန္လာမယ္ေျပာေနလို႔ေလ"
"ဟုတ္လား၊ အစ္မကဘယ္ေန႔လာမွာတဲ့လဲ"
"ေနာက္အပတ္မွပါ"
"အင္းပါ အေမ သားအားရင္ ျပန္လာခဲ့မယ္ေလ"
"အင္းပါ"
"ဟုတ္ သားအိပ္ေတာ့မယ္ အေမ"
"အင္းသားေလး က်န္းမာေရးဂ႐ုစိုက္အုန္း"
"ဟုတ္"လို႔ေျဖလိုက္ၿပီး ဖုန္းကို ကုတင္ေဘးက စားပြဲေပၚတင္လိုက္သည္။
ကုတင္ေပၚမွာ လွဲေနရင္း ဒီခ်ိန္ ဇာမဏီဟိဏ္း ဘာေတြမ်ား လုပ္ေနမလဲ ဆိုကာ ေဇယ်ာ စဥ္းစားေနမိသည္။
ေဇယ်ာ ကုတင္ေဘး စားပြဲေပၚက မီးအိမ္ေလးကို ပိတ္လိုက္ၿပီး နဖူးေပၚလက္တင္ကာ
"ကိုဟိဏ္းသင္ေပးတဲ့ အခ်စ္ေၾကာင့္လားမသိဘူး
ခုဆို ကိုဟိဏ္းကိုဘဲ တမ္းတေနမိတယ္..... ကိုဟိဏ္း ေဇယ်ာနဲ႔ အိမ္မက္ထဲမွာေတြ႕ၾကမယ္ေနာ္"လို႔ စိတ္ထဲေရ႐ြတ္ၿပီး အိပ္ယာ၀င္လိုက္ေတာ့သည္။
××××××××××××××××
အပိုင္းတစ္မွာတင္ လြမ္းခိုင္းမိၿပီ။ ဒါေလးကိုလဲ အားေပးၾကအုန္းေနာ္ မေနႏိုင္လို႔ေရးလိုက္မိတာ။ ဖတ္ေပးၾကပါအုန္းလို႔