"ဟဲ့ ..သုသု ဘယ္နွယ့္ မ်က္နွာႀကီးက စူပုပ္ေနျပန္တာလဲ သမီးရဲ႕ .."
ေဒၚေလးသီတာက မ ရဲ႕ မ်က္နွာ စူပုပ္သည္ကို သတိထားမိပံုပါပဲ။ တကယ္တမ္းက် တိုင္းေၾကာင့္ မ မ်က္နွာမေကာင္းျခင္းပင္။ အေစာက တိုင္း စလိုက္တာ လြန္သြားတယ္မဟုတ္လား။
"ေရာ႕ သမီးသု တိုင္းဖို႔ ဟင္းရည္သြားထည့္ေပးစမ္း..သြား."
မ ဟာ စပန္႔ဂါဝန္ေလးကို ေျခသလံုးေလးေပၚေအာင္ ေျမႇာက္လိုက္ေတာ့ မရဲ႕ ေျခေထာက္ေဖြးေဖြးေလးက အသဲယားစရာအတိ။ ဆံနြယ္ေတြကို စုစည္းကာ ထံုးထားပံုမ်ား အသက္အ႐ြယ္နွင့္မလိုက္ ကေလးတစ္ေယာက္နွင့္ပင္တူလွသည္။
တိုင္း အတြက္ ဟင္းရည္ဆိုေသာေၾကာင့္ စူေစာင့္ကာ ထြက္သြားပံုက ခ်စ္စရာ။
"သီသီေရ ...သမီးသုကေတာ့ အရမ္းကို အားကိုးရတာပဲ
အိမ္က မိတိုင္းနဲ႔မ်ားကြာပါ့ .. သူ႔မယ္ Hotelႀကီးရဲ႕ ဝန္ထမ္း ၿပီးေတာ့ အိမ္ျပန္ေရာက္ရင္လည္း မိဘကို ကူတာဆိုတာ
တိုင္းကေတာ့ ..အတန္းခ်ိန္လစ္ သူငယ္ခ်ငိးေတြနဲ႔ ေလ်ာက္သြား ေလ်ာက္စား ...စာမက်က္ စာေမးပြဲက က် first yearကို ဘယ္နွခါတက္မွာလဲ ေမးေပးၾကပါအံုး."
"ဟာ ေမေမကလည္း ...သမီးဆို အေကာင္းကို မေျပာဘူး .."
"နင့္မွာ အေကာင္းေျပာစရာေရာ က်န္ေသးလို႔လားဟင္
သုသုကို အတုယူပါ အတုယူပါ ေျပာတာ .."
"အမေလး ..မမသုလို ပံုတုန္းႀကီးေတာ့ မေနခ်င္ပါဘူး.."
"အယ္ ဒီကေလးေတာ့ အေခါက္ခံရေတာ့မယ္."
မီးဖိုေဆာင္ထဲက ဟင္းရည္သြားထည့္ေသာ သုနႈိင္းသ်ွင္တစ္ေယာက္ အတိုင္းတာေျပာေသာ ပံုတုန္းႀကီး ဆိုတဲ့စကားကို အက်ယ္ႀကီး ၾကားလိုက္ရလို႔ ေဒါသ အလိပ္လိုက္ထြက္ေနေလၿပီ။
"ေတြ႕မယ္ ...ေတြ႕မယ္ အတိုင္းတာ.."
မိမိရဲ႕ အခန္းထဲ ေျပးဝင္ကာ ဝမ္းနႈတ္ေဆးမ်ားကို အမႈန္႔ႀကိတ္ကာ မုန္႔ဟင္းခါးထဲ ျဖဴးထည့္လိုက္ေတာ့သည္။ ၿပီးေတာ့
အပယ္အနွယ္ ေမြလိုက္ကာ .
"ဟားဟား ...အတိုင္းတာ အတိုင္းတာ ...နင္ေျပးစမ္း."
(A\N .မသုက ကေလးကို ရက္စက္တာေနာ္😒)
"ရပါၿပီ မုန္႔ဟင္းခါး စပါယ္ရွယ္ေလး ...စားေနာ္ ညီမေလးတိုင္း.."
တိုင္းလည္း မိမိေရွ႕ လာခ်ေပးကာ မေခၚတဖူး အေခၚထူးၿပီး
ႏူးညံ့ေနေသာ မ ရဲ႕ စကားေတြကို သံသယ ဝင္ေသာ္လည္း
ဘာမွ မလုပ္ေလာက္ပါဘူး ဆိုတာ ၿပံဳးျပလိုက္သည္။
"ဟီး ...ေမြးေနေရာပဲ .."
ေအးေအး ၿပံဳးထားစမ္း။ နင္အဲ့လို ငါ့ကို စေနာက္တာေတြ၊ ဖဲ့တာေတြ ေနာက္နာရီ ဝက္အတြင္း ငါ့ဘက္က ကလဲ့စားက ဘာလဲဆိုတာ သိသြားလိမ့္မယ္ ဟားဟား ဘယ္ရမလဲ ။
"စားေနာ္ အန္တီေမ .."
"ေအးေအး သမီးသု.."
သုကေတာ့ စားရင္း တိုင္းကို ကြက္ၾကည့္ ကြက္ၾကည့္ ၾကည့္ကာ အကဲခတ္ေနမိတယ္။ စားတာမွ အကုန္ေတာ္။
"ပန္ကန္းေတြ သမီးေဆးလိုက္ပါ့မယ္ ထားခဲ့ပါ အန္တီေမ .."
"ေအးပါကြယ္ လိမၼာလိုက္တဲ့ သုေလး.."
"မ ..တိုင္း ပန္းကန္ေရာပဲ ."
"နင့္မွာ လက္မပါဘူးလား .."
သုလည္း စိတ္ေပါက္ေပါက္နဲ႔ ေအာ္လိုက္သည္။ ဒါကို သူက ၿပံဳးေနတာမ်ား ႐ြံစရာေလး။
"အမေလး ..ကိုက္မေနေတာ့နဲ႔ ေပးေပး တိုင္းေလး
အန္တီ သီတာ ေဆးေပးမယ္.."
"ဟီး ဒါေၾကာင့္ သီသီ့ကို ခ်စ္တာ.."
ေမေမ့ကို ကပ္ၿပီး ဖားေနေသာ ထိုတိုင္းကို အျမင္ကပ္လွသည္။
🌹🌹🌹🌹
"ဟုတ္ကဲ့ မွတ္ပံုတင္ေလး တစ္ခ်က္ျပေပးလို႔ ရလားရွင့္."
"ဟုတ္ကဲ့ ဒီမွာပါ.."
အမယ္ နာမည္က ဘုန္းရွိန္ဝါတဲ့လား။ ရုပ္ကလည္း ေျဖာင့္ေနေရာပဲ။ မိသုတို႔ေတာ့ ဒီေန႔ အလုပ္ဆင္းရက်ိဳးနက္ေလၿပီဟဲ့ဟုေတြးကာ သုသု ငခူၿပံဳး ၿပံဳးလိုက္သည္။
"အကို ..ဒီမွာ လက္မွတ္ေလး ထိုးေပးပါလား.."
"ဟုတ္ကဲ့ဗ်.."
ဘုန္းရွိန္ဝါကေတာ့ အခုမွ နိုင္ငံျခားက ဘြဲ႕ယူကာ ထိုHOtelတြင္ CEOလုပ္ရန္ လာခဲ့ျခင္းျဖစ္သည္။Hotelရဲ႕ အေျခအေနေတြ၊ ဝန္ထမ္းေတြရဲ႕ သေဘာထားေတြကို ေလ့လာခ်င္ေသာေၾကာင့္ အခုလို အခန္းငွားၿပီး လာခဲ့ျခင္း။ receptionမွာ ဆာမူရိုင္းေကေလးနွင့္ ဝန္ထမ္းမေလးကို သတိထားမိလိုက္တာက ထူးျခားေသာ သူမမ်က္ဝန္းမ်ားေၾကာင့္။စကားေျပာတာကလည္း သြတ္လပ္ေနကာ လံုးဝ ဘုန္းရွိန္ဝါ ေႂကြေသာ type ျဖစ္သည္။
"ဒါနဲ႔ ညီမက ခ်စ္ဖို႔ေကာင္းတယ္."
"ရွင္.."
သု ရင္ေတြ ခုန္လိုက္တာေရာ။ ရင္ထဲမွာ မိုးႀကိဳးမုန္တိုင္းေတြ ပစ္ေနသလို ခံစားခ်က္ႀကီးပင္။ ကိုယ္လူေခ်ာ က ကိုယ့္ကို ခ်စ္ဖို႔ေကာင္းတယ္ဆိုေတာ့ မိသုတို႔ပစ္ေႀကြပါေရာ။ေဘးက မထက္ကေတာ့ အေျခအေနကို အကဲခတ္ေနေလသည္။
"ခြင့္ျပဳပါအံုးေနာ္ .."
သုကို သြားစြယ္ေလးေပၚေအာင္ ၿပံဳးျပ ၿပီး ထြက္သြားေသာ
ကိုဘုန္းရွိန္ဝါကို ေနာက္ေက်ာအဆံုးျမင္ရသည့္အထိ သုေငးေနမိသည္။ ရင္ဘက္ထဲက ရင္ခုန္သံေတြ ဆူညံ့ေနခဲ့သည္။
အခ်စ္ကို သု ေတြ႕သြားခဲ့တာလား။
"အမေလးေနာ္ သုသု မေျပာခ်င္ဘူး
အသက္ရႈဖို႔ေရာ သတိရေသးရဲ႕လား ဟင္ ."
"ဟာ မထက္ကလည္း."
"ဘာမထက္ကလည္းလည္း ညည္းေနာ္
အဲ့လူက ဒီ Hotelရဲ႕ CEO တဲ့ေတာ္.."
"ဟင္ .."
"ဟုတ္တယ္ သူက ဒီ Hotel ရဲ႕ ဝန္ထမ္းေတြအေၾကာင္းေလ့လာခ်င္လို႔ အခုလို ဧည့္သည္လို လာတာတဲ့ေလ.."
"ေအာ္ ဟုတ္လား.."
မွတ္ပံုတင္ကိုပဲ သုၾကည့္ကာ သူ႔အသက္ကို ေလ့လာၾကည့္ေတာ့ 31နွစ္။
"ဟြန္း ဦးေလးႀကီး ရွင့္ကို ေႂကြေနၿပီ.." ဟု စိတ္ထဲက ေတြးကာ သု ၿပံဳးလိုက္မိသည္။
🌹🌹🌹🌹
"ထအံုး ..."
"ဟင့္အင္း မရဘူး သမီး ထမရေတာ့ဘူး ..ေမေမရယ္ ကယ္ပါအံုူ အေမ့သမီးဘဝ ေတာ့ပ်က္ပါၿပီ..."
မေန႔ညကတည္းက ၀မ္းသြားတာဆိုရင္ျဖင့္ တိုင္းမွာ ေရဓာတ္ပင္ကုန္ခမ္းသြားေသာေၾကာင့္အခုဆို ဂလုကိုစ္ပါ သြင္းယူရတဲ့ အထိပင္။ အားကုန္ အားပ်က္နဲ႔ အိပ္ယာထဲ လွဲေနကာ
မ ကို လက္စားျပန္ေခ်ရန္ အႀကံထုတ္ေနေတာ့သည္။
"အမေလး ...မိတိုင္းရယ္ ညည္းဘာေတြ စားလို႔တုန္း
ငါ စိတ္ညစ္ပါတယ္ ..နင့္အေဖေတာ့ အရမ္းစိတ္ပူေနေတာ့မွာ."
"အေမကလည္း အဲ့မုန္႔ဟင္းခါးပဲ စားတာပါဆိုဗ်ာ
အဲ့တာ မသုလက္ခ်က္ပဲ .."
"ဟဲ့ ..သမီးေလးသုက အဲ့လို လုပ္ပါ့မလား နင့္စိတ္နဲ႔ နႈိင္းမေနနဲ႔ .."
"အေမရာ ..... ဟြန္း ..."
အၿမဲပဲ မ ကို သူေတာ္ေကာင္းေနရာေပးထားၾကတာ။
ဟိုက ကလိမ္ကက်စ္ဆိုတာ မသိၾကဘူး အေမတို႔ဟာေလ
တိုင္း စိတ္ပ်က္စြာ သက္ျပင္းခ်လိုက္သည္။
"အား ...အေမ့ လုပ္ပါအံုး ... ဗိုက္ေတြနာလာျပန္ၿပီ ...အဟင့္.."
ေဒၚေမသီလည္း အရမ္းေအာ္ကာ လူးလွိမ့္ေနေသာ သမီးျဖစ္သူေၾကာင့္ ဆရာဝန္ေပါက္စကို အိမ္ကို အျမန္ပင့္ရေတာ့သည္။
"တာတာ ...နင္ဟာေလ အစားအေသာက္ကို မဆင္ျခင္ဘူး.."
"မဟုတ္ဘူးလို႔ .. ကိုဇြဲကပါ အေမ့ဘက္က တိုင္းဘက္က ပါတဲ့သူကို မရွိေတာ့ဘူး ေသေတာ့မယ္ .. သြား လာမေခၚနဲ႔ေတာ့. "
အငယ္ေလးထဲက အတိုင္းတာကို ကိုယ့္ညီမေလးတစ္ေယာက္လို အရမ္းဂရုစိုက္ၿပီး အရမ္းခ်စ္ေသာ ဆရာဝန္ဇြဲရန္နိုင္။
အတိုင္းတာရဲ႕ အေဖ ဦးေလးေမာင္ရဲ႕ သူငယ္ခ်င္းသားျဖစ္သလို အခ်ိန္တန္အ႐ြယ္ေရာက္ရန္ ေစ့စပ္ရန္လည္း ရည္မွန္းထားၾကေလသည္။ ထိုကိစၥမ်ားကိုို အတိုင္းတာ လံုးဝ မသိပါ။
"ကိုဇြဲက ေစတနာနဲ႔ေျပာတာပါကြာ...ေရာ႕ ေဆး
ဘာစားၿပီးၿပီလဲ ..."
"ဘာမွ မစားဘူး မေကြၽးနဲ႔ .."
"ေဟာဗ်ာ...စိတ္မဆ္ိုးပါနဲ႔ေတာ့ ကေလးမေလးရယ္
ကိုဇြဲက အလုပ္ရွိေသးတယ္ေနာ္.."
"ျပန္ေတာ့ေလ .. သြား သြား ျမင္ကို မျမင္ခ်င္ဘူး.."
ေမေမကပဲ ကိုဇြဲကို တိုင္းအစား အားနာက ေတာင္းပန္ေနျပန္သည္။
"အန္တီေမ ကြၽန္ေတာ္ျပန္ေတာ့မယ္
တာတာ့ကို အစားေတာ့ ဝင္ေအာင္ စားခိုင္းလိုက္ပါဗ်ာေနာ္
ၿပီးက် ဒီေဆးေလး တိုက္လိုက္ေပါ့ ."
"ေအးပါကြယ္ ....ေက်းဇူးပါ ဇြဲဇြဲရယ္.."
"အန္တီကလည္း သူစိမ္းေတြမွ မဟုတ္တာ မလိုပါဘူး
ျပန္ေတာ့မယ္ေနာ္...တာတာေရ ကိုဇြဲသြားၿပီ.."
အခန္းထဲက ဘာReplyမွ မလာပါ။ ထိုမ်ွေလာက္ေအာင္ အတိုင္းတာက ဇြဲရန္နိုင္အေပၚ အေလးထားသည္။
🌹🌹🌹
"ျပန္ေရာက္ပါၿပီ ...."
ထံုးစံအတိုင္း အိမ္ျပန္ေရာက္တာနဲ႔ ခဏ နားေရမိုးခိ်ဳးရန္ျပင္လိုက္ေပမယ့္ ေမေမ ရုပ္တရက္ေျပာေသာ စကားေၾကာင့္ စိတ္ထင့္သြားရေတာ့သည္။
"သုသုေရ ...တိုင္းေလးေတာ့ မေန႔ညက ကတည္းက ဝမ္းေတြ ေခ်ာေနတာ အခု ပုလင္းႀကီး ခ်ိတ္ထားရတယ္တဲ့ ကေလးမေလးကို သတင္း သြားေမးရမယ္.."
"ဟုတ္လား ..."
အသည္းအသန္ပဲ သု ေျဖလိုက္ပါသည္။ ကိုယ္ဟာ သူ႔ကို အခုေလာက္ႀကီး ထိ မရည္႐ြယ္ေသာ္လည္း ျဖစ္သြားေလၿပီ။
"သမီး အခုသြားလိုက္မယ္ အေမ.."
"ဟဲ့ဟဲ့ ေနအံုး ..ေရာ႕ ဓာတ္ဆားေရ ယူသြားအံုး.."
ေမေမက pocarisweatကို ေပးသည္။ သုလည္း ထိုဘူးကို အျမန္ယူကာ တိုင္းတို႔ အိမ္ဆီ သုတ္ေျခတင္ရေတာ့သည္။
ၿခံထဲ ဝင္လိုက္ေတာ့ တိုးတိုးကို မေတြ႕ရပါ။ အမေလး ေျပာအံုးမယ္ တိုးတိုးက တိုင္းရဲ႕ ေခြးနာမည္။ သုတကယ္ကို စိတ္ပ်က္မိပါတယ္။ ေခြးက တိုး ့လူက တိုင္း လိုက္လည္း လိုက္ပါေပသည္။ တခါတေလ အတိုင္းတာက ထိုေခြးကို သူ႔သားဟုလည္း ေျပာတတ္ေလသည္။ First year second sem ေျဖထားေသာ ကေလးမေလးမွာ သုနဲ႔ ယွဥ္ရင္ အရမ္းငယ္လြန္းေနသလို သု ဘက္ကလည္း သူ႔နဲ႔ ၿပိဳင္ရန္ျဖစ္ေနမိသည္။ဘာလို႔မွန္း မသိေပမယ့္ တစ္ေယာက္ ထိခိုက္တာ ျမင္ရင္ တစ္ေယာက္ ဝမ္းသာၾကသည္။ သို႔ေသာ္ တစ္ေယာက္ ဝမ္းနည္းရင္ေတာ့ တစ္ေယာက္ မ်ကိရည္က်သည္။ အငယ္ေလး တည္းက သံေယာဇဥ္ ေၾကာင့္ ျဖစ္လိမ့္မည္။
"အန္တီေမ .."
မီးဖိုေဆာင္ထဲမွာ ဆန္ျပဳတ္ျပဳတ္ေနေသာ အန္တီေမကို ေအာ္ေခၚလိုက္သည္။
"ေအး သုေလး ..တိုင္းကို လာေတြ႕တာလား."
"ဟုတ္တယ္ အန္တီေမ .. သူေရာ."
"အမေလး မေျပာခ်င္ပါဘူး ဘာေတြစားမွန္းမသိပဲ
အခု အိပ္ယာထဲက မထနိုင္ဘူးေလ သူ႔အခန္းထဲမွာ
သြားသြား ...သြားေတြ႕လိုက္အံုး.."
"ဟုတ္ ....ဆန္ျပဳတ္က သမီးေပးပါ
သမီး တိုက္လိုက္မယ္.."
ေဒၚေမသီ ဆန္ျပဳတ္ပန္းကန္ကို သုသုကိုေပးလိုက္သည္။
အတိုင္းတာ ေနမေကာင္းရင္ နိုင္တာဆိုလို႔ သုသုပဲရွိသည္။
သု ေဆးတိုက္မွ ေသာက္ေသာ၊ သု ဆန္ျပဳတ္ခြံေကြၽးမွာသာ စားေသာ အတိုင္းတာရဲ႕ အက်င့္ကို ေဒၚေမသီ သိသည္။
အတိုင္းတာ ရဲ႕ အခန္းထဲေရာက္ေတာ့ တိတ္ဆိတ္ၿငိမ္သက္စြာ အိပ္ေနေသာ သူမကိုေတြ႕ရသည္။သုလည္း သူအိပ္ေနၿပီ အထင္နဲ႔ ဆန္ျပဳတ္ပန္းကန္ကို စားပြဲေပၚအသာခ်လိုက္ေတာ့
"မ ....."
ေလသံတိုးတိုးေလးကို ၾကားရသည္။
"အင္း တိုင္းေလး ...သက္သာရဲ႕လား.."
"ဟင့္အင္း ...မသက္သာဘူး တိုင္းေသေတာ့မွာလား မသိဘူး...အဲ့တာ မ လက္ခ်က္မလား.."
"တိုင္းရယ္ ...မ က ဘာလို႔ တိုင္းေလးကို အဲ့လို လုပ္ရမွာလဲ.."
စိတ္ထဲကေတာ့ ေခြၽးေစာျပန္ေနေလၿပီ။ အခုမွ မမ လုပ္တာပါ ေတာင္းပန္ပါတယ္ေျပာျပန္ရင္လည္း သူက ပိုရစ္ေနမွာသိေလသည္။
"ကဲ ဘာမွ မစားထားဘူးဆို .ထ မ ခြံေကြၽးမယ္..
ဆန္ျပဳတ္ေလးေတာ့ ဝင္ေအာင္ ေသာက္လိုက္ေနာ္.."
သုက တိုင္းအေပၚ အျမင္ကပ္သည္ဆိုတာက နက္ရႈိင္းေနေသာ ေမတၲာတရားေတြကို ဖံုးကြယ္ကာ အျမင္ကပ္ေနျခင္းျဖစ္သည္။ တကယ္ေတာ့ ထိုကေလးမကို သိပ္ခင္တြယိသည္။
"ၿပီးေတာ့ ေရာ႕ ေဆးေသာက္..."
ေဆးလံုးကို ထပ္ျခမ္းခြဲက တိုက္မွ ဝင္ေသာ အတိုင္းတာရယ္ပါ။ ဒါေတာင္ ေဆးတစ္လံုးကို ေရက နွစ္ခြက္ေလာက္ေသာက္ေသာ သူမ။
"မ ...တိုင္းကိုေလ ...ေရခ်ိဳးခန္းထဲက တပတ္ေလးယူေပးပါလားဟင္..ေခြၽးေတြ အရမ္းခြၽဲေနေတာ့ အက်ီ ၤလွဲအံုးမလို႔."
"ေအးေအး .."
သုလည္း သူမရဲ႕ ေရခ်ိဳးခန္းထဲ၀င္သြားလိုက္သည္။
မ မသု ...မသု .အမဟာေလ ေတာ္ေတာ္ညံ့ဆိုကာ
အတိုင္းတာ လူယုတ္မာ ရီသံျဖင့္ေအာ္ရီလိုက္သည္။
"ဘုန္း .......အား ...."
ေရခ်္ိုးခန္းထဲမွာ ၾကမ္းျပင္က ေလ်ွာ္ေနေသာေၾကာင့္ မိသုတို႔ ေျခနွစ္ေခ်ာင္းေထာင္က ဘဝ ေျပာင္းေလၿပီ။
"အား ... ေသပါၿပီ ...ေမေမေရ ..သမီးလက္ေတာ့ က်ိဳးၿပီလား မသိဘူး....အီးဟီး ."
"ဟဲ့ .ဟဲ့ ဘာျဖစ္ၾကတာတုန္း.."
ေမေမ ေအာက္ကတတ္ခဲ့ေတာ့ တိုင္းက အိပ္ယာေပၚက ထိုင္ရမလို ထရမလို ျဖစ္ေနေလၿပီ။ ၿပံဳစိစိနဲ႔ပဲ ေရခ်ိဳးခန္းထဲကို လက္ညိဳးထိုးျပလိုက္သည္။
"ဟယ္ ...သုသု ...ဘယ္လိုျဖစ္ရတာလဲ.."
"အဟင့္ ...ဟင့္ ....အဲ့တာ တိုင္း ..တိုင္း လုပ္တာ ..
အန္တီေမ..."
အိပ္ယာေပၚက အတိုင္းတာကေတာ့ ေစာင္ေခါင္းၿမီးၿခံဳအိပ္ကာ ၿငိမ္သက္ေနေလသည္။ ဒီကေလးေတြ တစ္ေယာက္ကို တစ္ေယာက္ ဘာလို႔ အခုလို တိုက္ပြဲေတြ ဆင္ေနတာလဲ မသိေပမယ့္ သုသုေလးက အငယ္ေလးတုန္းကလည္း ညာဘက္လက္က်ိဳးဖူးေလသည္။ အခုလည္း တိုင္းေၾကာင့္ ဘယ္ဘက္ပါ ထက္က်ိဳးရင္ ေဒၚေမသီ သုေလးရဲ႕ အေမ သီတာကို ဘယ္မ်က္နွာ နဲ႔ ျပရမွန္းမသိပါ
________________________
Unicode__
"ဟဲ့ ..သုသု ဘယ်နှယ့် မျက်နှာကြီးက စူပုပ်နေပြန်တာလဲ သမီးရဲ့ .."
ဒေါ်လေးသီတာက မ ရဲ့ မျက်နှာ စူပုပ်သည်ကို သတိထားမိပုံပါပဲ။ တကယ်တမ်းကျ တိုင်းကြောင့် မ မျက်နှာမကောင်းခြင်းပင်။ အစောက တိုင်း စလိုက်တာ လွန်သွားတယ်မဟုတ်လား။
"ရော့ သမီးသု တိုင်းဖို့ ဟင်းရည်သွားထည့်ပေးစမ်း..သွား."
မ ဟာ စပန့်ဂါဝန်လေးကို ခြေသလုံးလေးပေါ်အောင် မြှောက်လိုက်တော့ မရဲ့ ခြေထောက်ဖွေးဖွေးလေးက အသဲယားစရာမတိ။ ဆံနွယ်တွေကို စုစည်းကာ ထုံးထားပုံများ အသက်အရွယ်နှင့်မလိုက် ကလေးတစ်ယောက်နှင့်ပင်တူလှသည်။
တိုင်း အတွက် ဟင်းရည်ဆိုသောကြောင့် စူစောင့်ကာ ထွက်သွားပုံက ချစ်စရာ။
"သီသီရေ ...သမီးသုကတော့ အရမ်းကို အားကိုးရတာပဲ
အိမ်က မိတိုင်းနဲ့များကွာပါ့ .. သူ့မယ် Hotelကြီးရဲ့ ဝန်ထမ်း ပြီးတော့ အိမ်ပြန်ရောက်ရင်လည်း မိဘကို ကူတာဆိုတာ
တိုင်းကတော့ ..အတန်းချိန်လစ် သူငယ်ချငိးတွေနဲ့ လျောက်သွား လျောက်စား ...စာမကျက် စာမေးပွဲက ကျ first yearကို ဘယ်နှခါတက်မှာလဲ မေးပေးကြပါအုံး."
"ဟာ မေမေကလည်း ...သမီးဆို အကောင်းကို မပြောဘူး .."
"နင့်မှာ အကောင်းပြောစရာရော ကျန်သေးလို့လားဟင်
သုသုကို အတုယူပါ အတုယူပါ ပြောတာ .."
"အမလေး ..မမသုလို ပုံတုန်းကြီးတော့ မနေချင်ပါဘူး.."
"အယ် ဒီကလေးတော့ အခေါက်ခံရတော့မယ်."
မီးဖိုဆောင်ထဲက ဟင်းရည်သွားထည့်သော သုနှိုင်းသျှင်တစ်ယောက် အတိုင်းတာပြောသော ပုံတုန်းကြီး ဆိုတဲ့စကားကို အကျယ်ကြီး ကြားလိုက်ရလို့ ဒေါသ အလိပ်လိုက်ထွက်နေလေပြီ။
"တွေ့မယ် ...တွေ့မယ် အတိုင်းတာ.."
မိမိရဲ့ အခန်းထဲ ပြေးဝင်ကာ ဝမ်းနှုတ်ဆေးများကို အမှုန့်ကြိတ်ကာ မုန့်ဟင်းခါးထဲ ဖြူးထည့်လိုက်တော့သည်။ ပြီးတော့
အပယ်အနှယ် မွေလိုက်ကာ .
"ဟားဟား ...အတိုင်းတာ အတိုင်းတာ ...နင်ပြေးစမ်း."
(A\N .မသုက ကလေးကို ရက်စက်တာနော်😒)
"ရပါပြီ မုန့်ဟင်းခါး စပါယ်ရှယ်လေး ...စားနော် ညီမလေးတိုင်း.."
တိုင်းလည်း မိမိရှေ့ လာချပေးကာ မခေါ်တဖူး အခေါ်ထူးပြီး
နူးညံ့နေသော မ ရဲ့ စကားတွေကို သံသယ ဝင်သော်လည်း
ဘာမှ မလုပ်လောက်ပါဘူး ဆိုတာ ပြုံးပြလိုက်သည်။
"ဟီး ...မွေးနေရောပဲ .."
အေးအေး ပြုံးထားစမ်း။ နင်အဲ့လို ငါ့ကို စနောက်တာတွေ၊ ဖဲ့တာတွေ နောက်နာရီ ဝက်အတွင်း ငါ့ဘက်က ကလဲ့စားက ဘာလဲဆိုတာ သိသွားလိမ့်မယ် ဟားဟား ဘယ်ရမလဲ ။
"စားနော် အန်တီမေ .."
"အေးအေး သမီးသု.."
သုကတော့ စားရင်း တိုင်းကို ကွက်ကြည့် ကွက်ကြည့် ကြည့်ကာ အကဲခတ်နေမိတယ်။ စားတာမှ အကုန်တော်။
"ပန်ကန်းတွေ သမီးဆေးလိုက်ပါ့မယ် ထားခဲ့ပါ အန်တီမေ .."
"အေးပါကွယ် လိမ္မာလိုက်တဲ့ သုလေး.."
"မ ..တိုင်း ပန်းကန်ရောပဲ ."
"နင့်မှာ လက်မပါဘူးလား .."
သုလည်း စိတ်ပေါက်ပေါက်နဲ့ အော်လိုက်သည်။ ဒါကို သူက ပြုံးနေတာများ ရွံစရာလေး။
"အမလေး ..ကိုက်မနေတော့နဲ့ ပေးပေး တိုင်းလေး
အန်တီ သီတာ ဆေးပေးမယ်.."
"ဟီး ဒါကြောင့် သီသီ့ကို ချစ်တာ.."
မေမေ့ကို ကပ်ပြီး ဖားနေသော ထိုတိုင်းကို အမြင်ကပ်လှသည်။
🌹🌹🌹🌹
"ဟုတ်ကဲ့ မှတ်ပုံတင်လေး တစ်ချက်ပြပေးလို့ ရလားရှင့်."
"ဟုတ်ကဲ့ ဒီမှာပါ.."
အမယ် နာမည်က ဘုန်းရှိန်ဝါတဲ့လား။ ရုပ်ကလည်း ဖြောင့်နေရောပဲ။ မိသုတို့တော့ ဒီနေ့ အလုပ်ဆင်းရကျိုးနက်လေပြီဟဲ့ဟုတွေးကာ သုသု ငခူပြုံး ပြုံးလိုက်သည်။
"အကို ..ဒီမှာ လက်မှတ်လေး ထိုးပေးပါလား.."
"ဟုတ်ကဲ့ဗျ.."
ဘုန်းရှိန်ဝါကတော့ အခုမှ နိုင်ငံခြားက ဘွဲ့ယူကာ ထိုHOtelတွင် CEOလုပ်ရန် လာခဲ့ခြင်းဖြစ်သည်။Hotelရဲ့ အခြေအနေတွေ၊ ဝန်ထမ်းတွေရဲ့ သဘောထားတွေကို လေ့လာချင်သောကြောင့် အခုလို အခန်းငှားပြီး လာခဲ့ခြင်း။ receptionမှာ ဆာမူရိုင်းကေလေးနှင့် ဝန်ထမ်းမလေးကို သတိထားမိလိုက်တာက ထူးခြားသော သူမမျက်ဝန်းများကြောင့်။စကားပြောတာကလည်း သွတ်လပ်နေကာ လုံးဝ ဘုန်းရှိန်ဝါ ကြွေသော type ဖြစ်သည်။
"ဒါနဲ့ ညီမက ချစ်ဖို့ကောင်းတယ်."
"ရှင်.."
သု ရင်တွေ ခုန်လိုက်တာရော။ ရင်ထဲမှာ မိုးကြိုးမုန်တိုင်းတွေ ပစ်နေသလို ခံစားချက်ကြီးပင်။ ကိုယ်လူချော က ကိုယ့်ကို ချစ်ဖို့ကောင်းတယ်ဆိုတော့ မိသုတို့ပစ်ကြွေပါရော။ဘေးက မထက်ကတော့ အခြေအနေကို အကဲခတ်နေလေသည်။
"ခွင့်ပြုပါအုံးနော် .."
သုကို သွားစွယ်လေးပေါ်အောင် ပြုံးပြ ပြီး ထွက်သွားသော
ကိုဘုန်းရှိန်ဝါကို နောက်ကျောအဆုံးမြင်ရသည့်အထိ သုငေးနေမိသည်။ ရင်ဘက်ထဲက ရင်ခုန်သံတွေ ဆူညံ့နေခဲ့သည်။
အချစ်ကို သု တွေ့သွားခဲ့တာလား။
"အမလေးနော် သုသု မပြောချင်ဘူး
အသက်ရှုဖို့ရော သတိရသေးရဲ့လား ဟင် ."
"ဟာ မထက်ကလည်း."
"ဘာမထက်ကလည်းလည်း ညည်းနော်
အဲ့လူက ဒီ Hotelရဲ့ CEO တဲ့တော်.."
"ဟင် .."
"ဟုတ်တယ် သူက ဒီ Hotel ရဲ့ ဝန်ထမ်းတွေအကြောင်းလေ့လာချင်လို့ အခုလို ဧည့်သည်လို လာတာတဲ့လေ.."
"အော် ဟုတ်လား.."
မှတ်ပုံတင်ကိုပဲ သုကြည့်ကာ သူ့အသက်ကို လေ့လာကြည့်တော့ 31နှစ်။
"ဟွန်း ဦးလေးကြီး ရှင့်ကို ကြွေနေပြီ.." ဟု စိတ်ထဲက တွေးကာ သု ပြုံးလိုက်မိသည်။
🌹🌹🌹🌹
"ထအုံး ..."
"ဟင့်အင်း မရဘူး သမီး ထမရတော့ဘူး ..မေမေရယ် ကယ်ပါအုံ အမေ့သမီးဘဝ တော့ပျက်ပါပြီ..."
မနေ့ညကတည်းက ၀မ်းသွားတာဆိုရင်ဖြင့် တိုင်းမှာ ရေဓာတ်ပင်ကုန်ခမ်းသွားသောကြောင့်အခုဆို ဂလုကိုစ်ပါ သွင်းယူရတဲ့ အထိပင်။ အားကုန် အားပျက်နဲ့ အိပ်ယာထဲ လှဲနေကာ
မ ကို လက်စားပြန်ချေရန် အကြံထုတ်နေတော့သည်။
"အမလေး ...မိတိုင်းရယ် ညည်းဘာတွေ စားလို့တုန်း
ငါ စိတ်ညစ်ပါတယ် ..နင့်အဖေတော့ အရမ်းစိတ်ပူနေတော့မှာ."
"အမေကလည်း အဲ့မုန့်ဟင်းခါးပဲ စားတာပါဆိုဗျာ
အဲ့တာ မသုလက်ချက်ပဲ .."
"ဟဲ့ ..သမီးလေးသုက အဲ့လို လုပ်ပါ့မလား နင့်စိတ်နဲ့ နှိုင်းမနေနဲ့ .."
"အမေရာ ..... ဟွန်း ..."
အမြဲပဲ မ ကို သူတော်ကောင်းနေရာပေးထားကြတာ။
ဟိုက ကလိမ်ကကျစ်ဆိုတာ မသိကြဘူး အမေတို့ဟာလေ
တိုင်း စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
"အား ...အမေ့ လုပ်ပါအုံး ... ဗိုက်တွေနာလာပြန်ပြီ ...အဟင့်.."
ဒေါ်မေသီလည်း အရမ်းအော်ကာ လူးလှိမ့်နေသော သမီးဖြစ်သူကြောင့် ဆရာဝန်ပေါက်စကို အိမ်ကို အမြန်ပင့်ရတော့သည်။
"တာတာ ...နင်ဟာလေ အစားအသောက်ကို မဆင်ခြင်ဘူး.."
"မဟုတ်ဘူးလို့ .. ကိုဇွဲကပါ အမေ့ဘက်က တိုင်းဘက်က ပါတဲ့သူကို မရှိတော့ဘူး သေတော့မယ် .. သွား လာမခေါ်နဲ့တော့. "
အငယ်လေးထဲက အတိုင်းတာကို ကိုယ့်ညီမလေးတစ်ယောက်လို အရမ်းဂရုစိုက်ပြီး အရမ်းချစ်သော ဆရာဝန်ဇွဲရန်နိုင်။
အတိုင်းတာရဲ့ အဖေ ဦးလေးမောင်ရဲ့ သူငယ်ချင်းသားဖြစ်သလို အချိန်တန်အရွယ်ရောက်ရန် စေ့စပ်ရန်လည်း ရည်မှန်းထားကြလေသည်။ ထိုကိစ္စများကို အတိုင်းတာ လုံးဝ မသိပါ။
"ကိုဇွဲက စေတနာနဲ့ပြောတာပါကွာ...ရော့ ဆေး
ဘာစားပြီးပြီလဲ ..."
"ဘာမှ မစားဘူး မကျွေးနဲ့ .."
"ဟောဗျာ...စိတ်မဆ်ိုးပါနဲ့တော့ ကလေးမလေးရယ်
ကိုဇွဲက အလုပ်ရှိသေးတယ်နော်.."
"ပြန်တော့လေ .. သွား သွား မြင်ကို မမြင်ချင်ဘူး.."
မေမေကပဲ ကိုဇွဲကို တိုင်းအစား အားနာက တောင်းပန်နေပြန်သည်။
"အန်တီမေ ကျွန်တော်ပြန်တော့မယ်
တာတာ့ကို အစားတော့ ဝင်အောင် စားခိုင်းလိုက်ပါဗျာနော်
ပြီးကျ ဒီဆေးလေး တိုက်လိုက်ပေါ့ ."
"အေးပါကွယ် ....ကျေးဇူးပါ ဇွဲဇွဲရယ်.."
"အန်တီကလည်း သူစိမ်းတွေမှ မဟုတ်တာ မလိုပါဘူး
ပြန်တော့မယ်နော်...တာတာရေ ကိုဇွဲသွားပြီ.."
အခန်းထဲက ဘာReplyမှ မလာပါ။ ထိုမျှလောက်အောင် အတိုင်းတာက ဇွဲရန်နိုင်အပေါ် အလေးထားသည်။
🌹🌹🌹
"ပြန်ရောက်ပါပြီ ...."
ထုံးစံအတိုင်း အိမ်ပြန်ရောက်တာနဲ့ ခဏ နားရေမိုးချိုးရန်ပြင်လိုက်ပေမယ့် မေမေ ရုပ်တရက်ပြောသော စကားကြောင့် စိတ်ထင့်သွားရတော့သည်။
"သုသုရေ ...တိုင်းလေးတော့ မနေ့ညက ကတည်းက ဝမ်းတွေ ချောနေတာ အခု ပုလင်းကြီး ချိတ်ထားရတယ်တဲ့ ကလေးမလေးကို သတင်း သွားမေးရမယ်.."
"ဟုတ်လား ..."
အသည်းအသန်ပဲ သု ဖြေလိုက်ပါသည်။ ကိုယ်ဟာ သူ့ကို အခုလောက်ကြီး ထိ မရည်ရွယ်သော်လည်း ဖြစ်သွားလေပြီ။
"သမီး အခုသွားလိုက်မယ် အမေ.."
"ဟဲ့ဟဲ့ နေအုံး ..ရော့ ဓာတ်ဆားရေ ယူသွားအုံး.."
မေမေက pocarisweatကို ပေးသည်။ သုလည်း ထိုဘူးကို အမြန်ယူကာ တိုင်းတို့ အိမ်ဆီ သုတ်ခြေတင်ရတော့သည်။
ခြံထဲ ဝင်လိုက်တော့ တိုးတိုးကို မတွေ့ရပါ။ အမလေး ပြောအုံးမယ် တိုးတိုးက တိုင်းရဲ့ ခွေးနာမည်။ သုတကယ်ကို စိတ်ပျက်မိပါတယ်။ ခွေးက တို့း လူက တိုင်း လိုက်လည်း လိုက်ပါပေသည်။ တခါတလေ အတိုင်းတာက ထိုခွေးကို သူ့သားဟုလည်း ပြောတတ်လေသည်။ First year second sem ဖြေထားသော ကလေးမလေးမှာ သုနဲ့ ယှဉ်ရင် အရမ်းငယ်လွန်းနေသလို သု ဘက်ကလည်း သူ့နဲ့ ပြိုင်ရန်ဖြစ်နေမိသည်။ဘာလို့မှန်း မသိပေမယ့် တစ်ယောက် ထိခိုက်တာ မြင်ရင် တစ်ယောက် ဝမ်းသာကြသည်။ သို့သော် တစ်ယောက် ဝမ်းနည်းရင်တော့ တစ်ယောက် မျကိရည်ကျသည်။ အငယ်လေး တည်းက သံယောဇဉ် ကြောင့် ဖြစ်လိမ့်မည်။
"အန်တီမေ .."
မီးဖိုဆောင်ထဲမှာ ဆန်ပြုတ်ပြုတ်နေသော အန်တီမေကို အော်ခေါ်လိုက်သည်။
"အေး သုလေး ..တိုင်းကို လာတွေ့တာလား."
"ဟုတ်တယ် အန်တီမေ .. သူရော."
"အမလေး မပြောချင်ပါဘူး ဘာတွေစားမှန်းမသိပဲ
အခု အိပ်ယာထဲက မထနိုင်ဘူးလေ သူ့အခန်းထဲမှာ
သွားသွား ...သွားတွေ့လိုက်အုံး.."
"ဟုတ် ....ဆန်ပြုတ်က သမီးပေးပါ
သမီး တိုက်လိုက်မယ်.."
ဒေါ်မေသီ ဆန်ပြုတ်ပန်းကန်ကို သုသုကိုပေးလိုက်သည်။
အတိုင်းတာ နေမကောင်းရင် နိုင်တာဆိုလို့ သုသုပဲရှိသည်။
သု ဆေးတိုက်မှ သောက်သော၊ သု ဆန်ပြုတ်ခွံကျွေးမှာသာ စားသော အတိုင်းတာရဲ့ အကျင့်ကို ဒေါ်မေသီ သိသည်။
အတိုင်းတာ ရဲ့ အခန်းထဲရောက်တော့ တိတ်ဆိတ်ငြိမ်သက်စွာ အိပ်နေသော သူမကိုတွေ့ရသည်။သုလည်း သူအိပ်နေပြီ အထင်နဲ့ ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်အသာချလိုက်တော့
"မ ....."
လေသံတိုးတိုးလေးကို ကြားရသည်။
"အင်း တိုင်းလေး ...သက်သာရဲ့လား.."
"ဟင့်အင်း ...မသက်သာဘူး တိုင်းသေတော့မှာလား မသိဘူး...အဲ့တာ မ လက်ချက်မလား.."
"တိုင်းရယ် ...မ က ဘာလို့ တိုင်းလေးကို အဲ့လို လုပ်ရမှာလဲ.."
စိတ်ထဲကတော့ ချွေးစောပြန်နေလေပြီ။ အခုမှ မမ လုပ်တာပါ တောင်းပန်ပါတယ်ပြောပြန်ရင်လည်း သူက ပိုရစ်နေမှာသိလေသည်။
"ကဲ ဘာမှ မစားထားဘူးဆို .ထ မ ခွံကျွေးမယ်..
ဆန်ပြုတ်လေးတော့ ဝင်အောင် သောက်လိုက်နော်.."
သုက တိုင်းအပေါ် အမြင်ကပ်သည်ဆိုတာက နက်ရှိုင်းနေသော မေတ္တာတရားတွေကို ဖုံးကွယ်ကာ အမြင်ကပ်နေခြင်းဖြစ်သည်။ တကယ်တော့ ထိုကလေးမကို သိပ်ခင်တွယိသည်။
"ပြီးတော့ ရော့ ဆေးသောက်..."
ဆေးလုံးကို ထပ်ခြမ်းခွဲက တိုက်မှ ဝင်သော အတိုင်းတာရယ်ပါ။ ဒါတောင် ဆေးတစ်လုံးကို ရေက နှစ်ခွက်လောက်သောက်သော သူမ။
"မ ...တိုင်းကိုလေ ...ရေချိုးခန်းထဲက တပတ်လေးယူပေးပါလားဟင်..ချွေးတွေ အရမ်းချွဲနေတော့ အကျီ င်္လှဲအုံးမလို့."
"အေးအေး .."
သုလည်း သူမရဲ့ ရေချိုးခန်းထဲဝင်သွားလိုက်သည်။
မ မသု ...မသု .အမဟာလေ တော်တော်ညံ့ဆိုကာ
အတိုင်းတာ လူယုတ်မာ ရီသံဖြင့်အော်ရီလိုက်သည်။
"ဘုန်း .......အား ...."
ရေခ်ျိုးခန်းထဲမှာ ကြမ်းပြင်က လျှော်နေသောကြောင့် မိသုတို့ ခြေနှစ်ချောင်းထောင်က ဘဝ ပြောင်းလေပြီ။
"အား ... သေပါပြီ ...မေမေရေ ..သမီးလက်တော့ ကျိုးပြီလား မသိဘူး....အီးဟီး ."
"ဟဲ့ .ဟဲ့ ဘာဖြစ်ကြတာတုန်း.."
မေမေ အောက်ကတတ်ခဲ့တော့ တိုင်းက အိပ်ယာပေါ်က ထိုင်ရမလို ထရမလို ဖြစ်နေလေပြီ။ ပြုံစိစိနဲ့ပဲ ရေချိုးခန်းထဲကို လက်ညိုးထိုးပြလိုက်သည်။
"ဟယ် ...သုသု ...ဘယ်လိုဖြစ်ရတာလဲ.."
"အဟင့် ...ဟင့် ....အဲ့တာ တိုင်း ..တိုင်း လုပ်တာ ..
အန်တီမေ..."
အိပ်ယာပေါ်က အတိုင်းတာကတော့ စောင်ခေါင်းမြီးခြုံအိပ်ကာ ငြိမ်သက်နေလေသည်။ ဒီကလေးတွေ တစ်ယောက်ကို တစ်ယောက် ဘာလို့ အခုလို တိုက်ပွဲတွေ ဆင်နေတာလဲ မသိပေမယ့် သုသုလေးက အငယ်လေးတုန်းကလည်း ညာဘက်လက်ကျိုးဖူးလေသည်။ အခုလည်း တိုင်းကြောင့် ဘယ်ဘက်ပါ ထက်ကျိုးရင် ဒေါ်မေသီ သုလေးရဲ့ အမေ သီတာကို ဘယ်မျက်နှာ နဲ့ ပြရမှန်းမသိပါ
________________________