《Zawgyi》
အပိုင္း - ၁၁၇
[မင္းက ကံေကာင္းျခင္းနဲ႔အတူ ေမြးဖြားလာတာပဲ]
ခ်င္းကြမ္းခ်န္က ဆက္ေမးလိုက္သည္။ "အဲဒါဆိုလည္း ညီမေလးက ဘယ္လိုျဖစ္ၿပီး ဒီေလာက္ အမ်ားႀကီး ခ်က္ျပဳတ္ခ်င္စိတ္ ေပၚလာရတာလဲ?" သူက ထိုသို႔ ေမးလိုက္ၿပီးေတာ့ ခဏေလာက္ ေတာင့္ခဲေနၿပီးေတာ့မွ တံု႔ဆိုင္းဆိုင္းျဖင့္ ေမးလာခဲ့သည္။ "ညီမေလးက ခ်န္းစီႏ်န္ကို ထမင္းစားဖိတ္ဖို႔မ်ား ေတြးေနတာလား?"
"ခ်န္းစီႏ်န္နဲ႔ ဘာဆိုင္လို႔လဲလို႔?"
"ဒီေန႔ည ညီမေလးေနာက္ သူ မလိုက္လာတာ အရမ္းကို အံဖြယ္ျဖစ္ရပ္ႀကီးပဲေလ"
ခ်န္းစီႏ်န္က သူ အေရးႀကီး အစည္းအေဝးတစ္ခု တက္စရာ ရွိေနသျဖင့္ သူမကို လာမႀကိဳႏိုင္ေၾကာင္း ဒရိုင္ဘာတစ္ေယာက္ကို လႊတ္ၿပီး လာႀကိဳခိုင္းမည္ ျဖစ္ေၾကာင္း မက္ေဆ့ပို႔လာသည္အား ခ်င္းစုယြဲ႕ သတိရမိသြားသည္။ ဒါေပမယ့္ ခ်င္းစုယြဲ႕မွာ သူမကား ရွိေနသျဖင့္ သူ႔ကို ဒုကၡမေပးေနေတာ့ေပ။ အဲဒါေၾကာင့္မို႔ ခ်င္းစုယြဲ႕က သူမဘာသာပဲ အိမ္ကို ကားေမာင္းျပန္လိုက္မည္ဟု သူ႔အား မက္ေဆ့ျပန္ပို႔ခဲ့၏။
ခ်န္းစီႏ်န္က သူမကို လမ္းတြင္ ဂရုစိုက္ေမာင္းဖို႔ရယ္ သူလဲ အစည္းအေဝးၿပီးရင္ ညစာစားပြဲ တက္ေရာက္စရာ ရွိေၾကာင္းေျပာေလ၏။ ထို ညစာစားပြဲ ၿပီးသြားသည့္အခါတြင္ ေတာ္ေတာ္ႀကီး ေနာက္က်သြားႏိုင္ေလသည္။
ခ်င္းစုယြဲ႕က "အင္း" တစ္လံုးသာ ျပန္ေျပာခဲ့သည္။
အခု ခ်င္းကြမ္းခ်န္က ေမးလာေတာ့ ခ်င္းစုယြဲ႕လည္း ျပန္ရွင္းျပလိုက္ရသည္။ "သူ နည္းနည္း အလုပ္ရႈပ္ေနလို႔"
ခ်င္းကြမ္းခ်န္က သူ႔အျမင္ကို ဘာမွေတာ့ မေျပာေတာ့ေပ။
ခ်င္းစုယြဲ႕က သူမအစ္ကိုအား မနက္ျဖန္မနက္တြင္ က်င့္လန္ကို သြားေတြ႕ဖို႔အတြက္ ရွန္က်င္းၿမိဳ႕ကို သြားရမည္ျဖစ္ေၾကာင္း ေျပာလိုကသည္။ "ကိုကို ဘာကူညီေပးရမလဲ?" ခ်င္းကြမ္းခ်န္က ေမးလိုက္သည္။
ခ်င္းကြမ္းခ်န္က ေမးသာေမးရသည္ သူ႔ညီမေလးက တစ္ခုခုဆို အျမဲတမ္း သူ႔ဟာသူပဲ ေျဖရွင္းခ်င္ေၾကာင္း သူ သိေနခဲ့၏။ အခုခ်ိန္ထိကို သူမရဲ႕ အလုပ္ကိစၥေတြတြင္ သူ႔ကို ဘယ္တုန္းကမွ ဝင္ေရာက္စြက္ဖက္ခြင့္ မျပဳခဲ့ေပ။
ထင္ထားသလိုပင္ ခ်င္းစုယြဲ႕က ယံုၾကည္မႈရွိရွိျဖင့္ ေျပာေလ၏။ "အဆင္ေျပပါတယ္ .. ညီမေလးဘာသာပဲ လုပ္လိုက္မယ္ .. တစ္ကယ္လို႔ မနက္ျဖန္က် သိပ္အဆင္မေျပရင္လည္း ညီမေလးက တစ္ျခား နည္းလမ္း ရွာၾကည့္မွာပါ"
ခ်န္းစီႏ်န္က ေနာက္တစ္ေန႔ မနက္တြင္ သူမအိမ္သို႔ လာၿပီး သူ ေအာက္တြင္ ေစာင့္ေနေၾကာင္း မက္ေဆ့ပို႔လိုက္ေပမယ့္ အခ်ိန္ေတာ္ေတာ္ ၾကာသည္အထိ သူမက ဘာမွ ျပန္မပို႔ေပ။ သူ တိုက္ခန္းေရွ႕သြားၿပီး လူေခၚေခါင္းေလာင္းကို တီးလိုက္သည့္အခါတြင္ သူ႔အသံကို မွတ္မိသြားေတာ့ ခ်င္းကြမ္းခ်န္က တံခါးပင္မဖြင့္ပဲ ေျပာေလသည္။ "သူ အလုပ္သြားၿပီ"
ခ်န္းစီႏ်န္မွာ အံ့အားသင့္သြား၏။ သူက ဒီေန႔ အလုပ္ အေစာႀကီး သြားတာလား?
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕အား ေန႔လည္စာ အတူထြက္စားၾကဖို႔ မက္ေဆ့ပို႔ေတာ့လည္း အခုထိကို ဘာမွ ျပန္မတံု႔ျပန္ေသးေပ။ ထို႔ေၾကာင့္ သူမအား တိုက္ရိုက္ ဖုန္းေခၚဖို႔ရာသာ သူတတ္ႏိုင္ေတာ့၏။
ခ်န္းစီႏ်န္ ဖုန္းေခၚခ်ိန္တြင္ ခ်င္းစုယြဲ႕က က်င့္လန္ႏွင့္ ေတြ႕ဆံုေနတာ ျဖစ္၏။ အစက သူတို႔ ဆယ္နာရီခြဲတြင္ ဆံုၾကဖို႔ ခ်ိန္းဆိုထားေသာ္လည္း ခ်င္းစုယြဲ႕မွာ က်င့္လန္အား မိနစ္ေလးဆယ္ေလာက္ထိကို ေစာင့္လိုက္ရေလသည္။
က်င့္လန္က ျပဇာတ္သရုပ္ေဆာင္ ကဲ့သို႔ ဝတ္စံုအား ဝတ္ဆင္ထားဆဲပင္ ရွိေသးသည္။ သူမက ခ်င္းစုယြဲ႕ကို ေတြ႕ေတာ့ မ်က္ႏွာထက္တြင္ ေတာင္းပန္သည့္ အျပံဳးတစ္ခုႏွင့္အတူ ... "ေဆာရီးပါေနာ္ .. အစ္မ ေစာေစာ နားရမယ္ထင္ခဲ့တာ ဒါေပမယ့္ သူတို႔က ေနာက္တစ္ခန္း ထပ္ရိုက္ေတာ့ အခုခ်ိန္မွ အခ်ိန္ရလို႔ ... ခ်င္းမိန္းကေလးကို အၾကာႀကီး ေစာင့္ခိုင္းလိုက္ရတဲ့အတြက္ အားနာပါတယ္"
"ရပါတယ္ရွင္ .. ကၽြန္မနဲ႔ ေတြ႕ဆံုဖို႔ အခ်ိန္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ .. အခုကေလ ...."
ခ်င္းစုယြဲ႕ စကားပင္ ဆံုးေအာင္ မေျပာရေသးခင္မွာ သူမဖုန္းက ျမည္လာေလသည္။ ခ်င္းစုယြဲ႕က ဖုန္းကို ခဏယူၾကည့္လိုက္ၿပီးေနာက္ မကိုင္ပဲ ခ်လိုက္ေလ၏။
ခဏခ်င္းအတြင္းမွာပင္ ဖုန္းက ေနာက္တစ္ႀကိမ္ ထပ္ျမည္လာသည္။ "ေတာင္းပန္ပါတယ္ေနာ္ .. ကၽြန္မ ဖုန္း သြားေျပာလိုက္ပါအုန္းမယ္" ခ်င္းစုယြဲ႕က ရွင္းျပလိုက္သည္။
က်င့္လန္က ေခါင္းညိတ္ၿပီး ျပံဳးျပလိုက္သည္။
ခ်န္းစီႏ်န္ ပထမဆံုး ေမးတဲ့ ေမးခြန္းကေတာ့ "မင္း ဘယ္အခ်ိန္ အလုပ္ဆင္းမွာလဲ?"ဟူ၍ ျဖစ္၏။ ခ်င္းစုယြဲ႕ကလည္း ျပန္ေျဖလိုက္သည္။ "ကၽြန္မ မသိေသးဘူး"
"အဲဒါဆိုရင္ အလုပ္ၿပီးသြားတဲ့ အခါက်ရင္ ကိုယ့္ကို ဖုန္းဆက္လိုက္ ... အျပင္ထြက္စားဖို႔ ကိုယ္လာေခၚမယ္"
"ခ်န္းစီႏ်န္ ကၽြန္မက အခု Aၿမိဳ႕မွာ မဟုတ္ဘူး"
"ဟမ္?"
"ကၽြန္မ အခု ရွန္က်င္းၿမိဳ႕မွာ" ခ်င္းစုယြဲ႕က သူ႔ရဲ႕ ႏူးညံ့တဲ့အသံကို ၾကားေတာ့မွ သူမ က်င့္လန္နဲ႔ လာေတြ႕တယ္ဆိုတာကို သူ႔ကို ေျပာျပခဲ့ဖို႔ ေမ့ေနမိေၾကာင္း သတိရသြားေတာ့သည္။ သို႔ေသာ္လည္း ခ်င္းစုယြဲ႕က သူ႔ကို မေႏွာင့္ေႏွးေစဝံ့သျဖင့္ ကမန္းကတန္း ရွင္းျပလိုက္ရသည္။ "ကၽြန္မ အခု အလုပ္မ်ားေနတာမို႔ ရွင့္ကို ေနာက္မွ ျပန္ေခၚလိုက္မယ္ေနာ္"
"ဟယ္လို?"
ခ်င္းစုယြဲ႕က ဖုန္းခ်လိုက္ၿပီးေနာက္ ဖုန္းျမည္သံအား အသံတိုးထားလိုက္ေတာ့သည္။
သူမ ျပန္ေရာက္လာခ်ိန္၌ က်င့္လန္၏ ကိုယ္စားလွယ္က ထြက္သြားၿပီး က်င့္လန္တစ္ေယာက္သာလၽွင္ ထိုေနရာတြင္ ရွိေန၏။ သူမက ဇာတ္ညႊန္းကို ဖြင့္ဖတ္ေနသည္။ ခ်င္းစုယြဲ႕ ျပန္လာသည္ကိုေတြ႕ေတာ့ က်င့္လန္က တဲ့တိုးပဲ ေျပာလိုက္သည္။ "ဝမ္ယဥ္းလင္က အစ္မရဲ႕သူေဌးေလ"
"ဟုတ္ ကၽြန္မ သိပါတယ္"
"ၿပီးေတာ့ အစ္မက ခ်န္းစီႏ်န္ရဲ႕ သတင္းစာရွင္းလင္းပြဲ ကိုလည္း ေတြ႕လိုက္တယ္"
"ဟင္" ခ်င္းစုယြဲ႕က အနည္းငယ္ ရွက္ကိုးရွက္ကန္း ျဖစ္သြားမိသည္။
"မင္းက ေကာင္းခ်ီးေပးျခင္း ခံရတဲ့သူလို႔ အစ္မထင္တယ္" က်င့္လန္က ေျပာလိုက္၏။ "တစ္ကယ္ေတာ့ သူေဌးရဲ႕သားအေပၚမွာ အစ္မ ဘာရည္ရြယ္ခ်က္မွ မရွိပါဘူး ... သန္းေပါင္း ရာခ်ီရွိတဲ့ ပရိသတ္ေရွ႕ေမွာက္မွာ မိန္းကေလးတစ္ေယာက္ကို ခ်စ္ေၾကာင္း ဝန္ခံရဲတဲ့ သတၱိရွိတဲ့ ေယာက္်ားက ေတာ္ေတာ္ေလး ရွားပါးတယ္လို႔ ေတြးမိလို႔ပါ ... ဒါ့အျပင္ သူက ေတာ္ေတာ္တန္တန္ကို မ်ိဳးရိုးျမင့္ အသိုင္းအဝိုင္းကေလ ... အခ်စ္ဆိုတာကို ဖယ္ၾကည့္ရင္လည္း ညီမက ေတာ္ေတာ္ေလးကို ကံေကာင္းတဲ့သူ တစ္ေယာက္ပါ ... အရာအားလံုး __ မင္းရဲ႕ မိသားစု .. အလုပ္အကိုင္ကအစ မင္းအတြက္ လြယ္ကူၿပီး အဆင္သင့္ ျဖစ္ေနၿပီးသားပဲေလ"
"အစ္မရဲ႕ စကားေတြအရေတာ့ အဲ့လို ထင္ရတာပါပဲ" ခ်င္းစုယြဲ႕က ခပ္ယဲ့ယဲ့သာ ျပံဳးျပလိုက္သည္။ အခု သူမတြင္ ရွိေနသည့္ အရာအားလံုးက ဒီကမၻာက ေပးအပ္ထားေတြသာပင္။
"အစ္မက ကံေကာင္းတဲ့သူ မဟုတ္ဘူး ... ေတာမွာေမြးၿပီးေတာ့ ဒီေန႔အစ္မဆိုတာ ျဖစ္လာဖို႔ အႏုပညာေလာကထဲမွာ ၁၄ႏွစ္ေလာက္ ရုန္းကန္ခဲ့ရတယ္ ... အဲ့တာေၾကာင့္ ဒီေန႔ အစ္မဆိုတာ ျဖစ္လာဖို႔ အရာအားလံုးအတြက္ သူေဌးရဲ႕ အျမင္စူးရွလွတဲ့ မ်က္လံုးေတြကို ေက်းဇူးတင္ရမွာပဲ"
"ဟုတ္ ညီမသိပါၿပီ"
က်င့္လန္က ျပံဳးလိုက္၏။ "အဲ့တာဆိုရင္ အစ္မလိုလူမ်ိဳးက အစထဲက အျမင့္ကေန စတင္ခဲ့ရတဲ့ ညီမလိုလူကို တကယ္ ဘာမွ ေျပာစရာ မရွိဘူး"
***********
ဒီေန႔ သတင္းေကာင္းရယ္ သတင္းမေကာင္းတေကာင္းရယ္ ေျပာစရာရွိပါတယ္
**သတင္းေကာင္းကေတာ့ မူရင္း ဝတၳဳက ၁၁၈ပိုင္း ရွိတယ္လို႔ ေလာ္ရာ ေျပာခဲ့ေပမယ့္ ဘာသာျပန္တဲ့အခါ စာလံုးေရ အရမ္းမ်ားတဲ့ အပိုင္းေတြဆို ၂ပိုင္း ၃ပိုင္း စသည္ ခြဲၿပီးေတာ့ ဘာသာျပန္ခဲ့ရတာမို႔ အခုက ၁၁၈ ပိုင္းထက္ ပိုမ်ားသြားမွာပါ
အဲ့တာေၾကာင့္ ၿပီးဖို႔အတြက္ .. ဒီစာအုပ္ေလးနဲ႔ ခြဲရဖို႔အတြက္ .. အခုခ်ိန္မွာ နဲနဲေလးေတာ့ လိုပါေသးတယ္လို႔ ♡
** မေကာင္းတေကာင္းကေတာ့ ဒီအလွေလး စာေမးပြဲ ေျဖရပါေတာ့မယ္ရွင္ ..
စာလဲ တစ္လံုးမွ မလုပ္ရေသးပါဘူးရွင္ ...
အဲ့တာေၾကာင့္ update က အခုလို တေန႔ႏွစ္ပိုင္း တင္ႏိုင္မယ္ေတာ့ မထင္ပါဘူး
စာ ကေလ လုပ္ကိုလုပ္ရေတာ့မယ့္ အခ်ိန္ကို ေရာက္လာလို႔ပါ အဲ့တာေၾကာင့္ နားလည္ေပးၾကပါေနာ္ ..
လံုးလံုးႀကီး မတင္တာမ်ိဳးေတာ့ မဟုတ္ေပမယ့္ ၁ရက္၁ပိုင္း (သို႔) ၂ရက္၁ပိုင္း ေလာက္ ျဖစ္သြားပါလိမ့္မယ္
စာေမးပြဲေျဖမယ့္ရက္ေတြဆို ဘာမွ တင္မေပးႏိုင္မွာ ျဖစ္ေၾကာင္းကိုလည္း ႀကိဳတင္ အသိေပးအပ္ပါတယ္ရွင္
ေျပာခ်င္တာက ဒီေလာက္ စာေမးပြဲ နီးေနတာေတာင္ ၁ရက္ ၂ပိုင္းေတြ တင္ေပးခဲ့တဲ့ ဒီက သေဘာေကာင္းေလးကို ခ်စ္ရင္ update လာမေတာင္းၾကပါနဲ႔လို႔ မွာခ်င္တာပါ .. အလွေလးက ကိုယ့္တာဝန္ကိုယ္ သိသလို႔ ကတိလဲ တည္ပါတယ္လို႔ ♡
စာေမးပြဲက ေရွ႕လ ၃ရက္ေန႔မွ ၿပီးမွာပါ .. အင္းေနာ္ ႀကိဳေျပာထားတယ္ေနာ္ ၿပီးမွ ပိစိေရ up up ဆိုလို႔ကေတာ့ ဝိုက္ပီပဲ လက္တီးနဲ႔ 👊😆
စတာပါ ဟီး
ေျပာခ်င္တာေလးေတြ ေျပာၿပီးၿပီးဆိုေတာ့ တာ့တာ တာ့တာ
စာေမးပြဲ ေျဖရမယ့္သူေတြလည္း စာၾကည့္ၾကပါေတာ့လို႔ ♡
3.11.2020
*********************
《Unicode》
အပိုင်း - ၁၁၇
[မင်းက ကံကောင်းခြင်းနဲ့အတူ မွေးဖွားလာတာပဲ]
ချင်းကွမ်းချန်က ဆက်မေးလိုက်သည်။ "အဲဒါဆိုလည်း ညီမလေးက ဘယ်လိုဖြစ်ပြီး ဒီလောက် အများကြီး ချက်ပြုတ်ချင်စိတ် ပေါ်လာရတာလဲ?" သူက ထိုသို့ မေးလိုက်ပြီးတော့ ခဏလောက် တောင့်ခဲနေပြီးတော့မှ တုံ့ဆိုင်းဆိုင်းဖြင့် မေးလာခဲ့သည်။ "ညီမလေးက ချန်းစီနျန်ကို ထမင်းစားဖိတ်ဖို့များ တွေးနေတာလား?"
"ချန်းစီနျန်နဲ့ ဘာဆိုင်လို့လဲလို့?"
"ဒီနေ့ည ညီမလေးနောက် သူ မလိုက်လာတာ အရမ်းကို အံဖွယ်ဖြစ်ရပ်ကြီးပဲလေ"
ချန်းစီနျန်က သူ အရေးကြီး အစည်းအဝေးတစ်ခု တက်စရာ ရှိနေသဖြင့် သူမကို လာမကြိုနိုင်ကြောင်း ဒရိုင်ဘာတစ်ယောက်ကို လွှတ်ပြီး လာကြိုခိုင်းမည် ဖြစ်ကြောင်း မက်ဆေ့ပို့လာသည်အား ချင်းစုယွဲ့ သတိရမိသွားသည်။ ဒါပေမယ့် ချင်းစုယွဲ့မှာ သူမကား ရှိနေသဖြင့် သူ့ကို ဒုက္ခမပေးနေတော့ပေ။ အဲဒါကြောင့်မို့ ချင်းစုယွဲ့က သူမဘာသာပဲ အိမ်ကို ကားမောင်းပြန်လိုက်မည်ဟု သူ့အား မက်ဆေ့ပြန်ပို့ခဲ့၏။
ချန်းစီနျန်က သူမကို လမ်းတွင် ဂရုစိုက်မောင်းဖို့ရယ် သူလဲ အစည်းအဝေးပြီးရင် ညစာစားပွဲ တက်ရောက်စရာ ရှိကြောင်းပြောလေ၏။ ထို ညစာစားပွဲ ပြီးသွားသည့်အခါတွင် တော်တော်ကြီး နောက်ကျသွားနိုင်လေသည်။
ချင်းစုယွဲ့က "အင်း" တစ်လုံးသာ ပြန်ပြောခဲ့သည်။
အခု ချင်းကွမ်းချန်က မေးလာတော့ ချင်းစုယွဲ့လည်း ပြန်ရှင်းပြလိုက်ရသည်။ "သူ နည်းနည်း အလုပ်ရှုပ်နေလို့"
ချင်းကွမ်းချန်က သူ့အမြင်ကို ဘာမှတော့ မပြောတော့ပေ။
ချင်းစုယွဲ့က သူမအစ်ကိုအား မနက်ဖြန်မနက်တွင် ကျင့်လန်ကို သွားတွေ့ဖို့အတွက် ရှန်ကျင်းမြို့ကို သွားရမည်ဖြစ်ကြောင်း ပြောလိုကသည်။ "ကိုကို ဘာကူညီပေးရမလဲ?" ချင်းကွမ်းချန်က မေးလိုက်သည်။
ချင်းကွမ်းချန်က မေးသာမေးရသည် သူ့ညီမလေးက တစ်ခုခုဆို အမြဲတမ်း သူ့ဟာသူပဲ ဖြေရှင်းချင်ကြောင်း သူ သိနေခဲ့၏။ အခုချိန်ထိကို သူမရဲ့ အလုပ်ကိစ္စတွေတွင် သူ့ကို ဘယ်တုန်းကမှ ဝင်ရောက်စွက်ဖက်ခွင့် မပြုခဲ့ပေ။
ထင်ထားသလိုပင် ချင်းစုယွဲ့က ယုံကြည်မှုရှိရှိဖြင့် ပြောလေ၏။ "အဆင်ပြေပါတယ် .. ညီမလေးဘာသာပဲ လုပ်လိုက်မယ် .. တစ်ကယ်လို့ မနက်ဖြန်ကျ သိပ်အဆင်မပြေရင်လည်း ညီမလေးက တစ်ခြား နည်းလမ်း ရှာကြည့်မှာပါ"
ချန်းစီနျန်က နောက်တစ်နေ့ မနက်တွင် သူမအိမ်သို့ လာပြီး သူ အောက်တွင် စောင့်နေကြောင်း မက်ဆေ့ပို့လိုက်ပေမယ့် အချိန်တော်တော် ကြာသည်အထိ သူမက ဘာမှ ပြန်မပို့ပေ။ သူ တိုက်ခန်းရှေ့သွားပြီး လူခေါ်ခေါင်းလောင်းကို တီးလိုက်သည့်အခါတွင် သူ့အသံကို မှတ်မိသွားတော့ ချင်းကွမ်းချန်က တံခါးပင်မဖွင့်ပဲ ပြောလေသည်။ "သူ အလုပ်သွားပြီ"
ချန်းစီနျန်မှာ အံ့အားသင့်သွား၏။ သူက ဒီနေ့ အလုပ် အစောကြီး သွားတာလား?
ချန်းစီနျန်က ချင်းစုယွဲ့အား နေ့လည်စာ အတူထွက်စားကြဖို့ မက်ဆေ့ပို့တော့လည်း အခုထိကို ဘာမှ ပြန်မတုံ့ပြန်သေးပေ။ ထို့ကြောင့် သူမအား တိုက်ရိုက် ဖုန်းခေါ်ဖို့ရာသာ သူတတ်နိုင်တော့၏။
ချန်းစီနျန် ဖုန်းခေါ်ချိန်တွင် ချင်းစုယွဲ့က ကျင့်လန်နှင့် တွေ့ဆုံနေတာ ဖြစ်၏။ အစက သူတို့ ဆယ်နာရီခွဲတွင် ဆုံကြဖို့ ချိန်းဆိုထားသော်လည်း ချင်းစုယွဲ့မှာ ကျင့်လန်အား မိနစ်လေးဆယ်လောက်ထိကို စောင့်လိုက်ရလေသည်။
ကျင့်လန်က ပြဇာတ်သရုပ်ဆောင် ကဲ့သို့ ဝတ်စုံအား ဝတ်ဆင်ထားဆဲပင် ရှိသေးသည်။ သူမက ချင်းစုယွဲ့ကို တွေ့တော့ မျက်နှာထက်တွင် တောင်းပန်သည့် အပြုံးတစ်ခုနှင့်အတူ ... "ဆောရီးပါနော် .. အစ်မ စောစော နားရမယ်ထင်ခဲ့တာ ဒါပေမယ့် သူတို့က နောက်တစ်ခန်း ထပ်ရိုက်တော့ အခုချိန်မှ အချိန်ရလို့ ... ချင်းမိန်းကလေးကို အကြာကြီး စောင့်ခိုင်းလိုက်ရတဲ့အတွက် အားနာပါတယ်"
"ရပါတယ်ရှင် .. ကျွန်မနဲ့ တွေ့ဆုံဖို့ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် .. အခုကလေ ...."
ချင်းစုယွဲ့ စကားပင် ဆုံးအောင် မပြောရသေးခင်မှာ သူမဖုန်းက မြည်လာလေသည်။ ချင်းစုယွဲ့က ဖုန်းကို ခဏယူကြည့်လိုက်ပြီးနောက် မကိုင်ပဲ ချလိုက်လေ၏။
ခဏချင်းအတွင်းမှာပင် ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာသည်။ "တောင်းပန်ပါတယ်နော် .. ကျွန်မ ဖုန်း သွားပြောလိုက်ပါအုန်းမယ်" ချင်းစုယွဲ့က ရှင်းပြလိုက်သည်။
ကျင့်လန်က ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
ချန်းစီနျန် ပထမဆုံး မေးတဲ့ မေးခွန်းကတော့ "မင်း ဘယ်အချိန် အလုပ်ဆင်းမှာလဲ?"ဟူ၍ ဖြစ်၏။ ချင်းစုယွဲ့ကလည်း ပြန်ဖြေလိုက်သည်။ "ကျွန်မ မသိသေးဘူး"
"အဲဒါဆိုရင် အလုပ်ပြီးသွားတဲ့ အခါကျရင် ကိုယ့်ကို ဖုန်းဆက်လိုက် ... အပြင်ထွက်စားဖို့ ကိုယ်လာခေါ်မယ်"
"ချန်းစီနျန် ကျွန်မက အခု Aမြို့မှာ မဟုတ်ဘူး"
"ဟမ်?"
"ကျွန်မ အခု ရှန်ကျင်းမြို့မှာ" ချင်းစုယွဲ့က သူ့ရဲ့ နူးညံ့တဲ့အသံကို ကြားတော့မှ သူမ ကျင့်လန်နဲ့ လာတွေ့တယ်ဆိုတာကို သူ့ကို ပြောပြခဲ့ဖို့ မေ့နေမိကြောင်း သတိရသွားတော့သည်။ သို့သော်လည်း ချင်းစုယွဲ့က သူ့ကို မနှောင့်နှေးစေဝံ့သဖြင့် ကမန်းကတန်း ရှင်းပြလိုက်ရသည်။ "ကျွန်မ အခု အလုပ်များနေတာမို့ ရှင့်ကို နောက်မှ ပြန်ခေါ်လိုက်မယ်နော်"
"ဟယ်လို?"
ချင်းစုယွဲ့က ဖုန်းချလိုက်ပြီးနောက် ဖုန်းမြည်သံအား အသံတိုးထားလိုက်တော့သည်။
သူမ ပြန်ရောက်လာချိန်၌ ကျင့်လန်၏ ကိုယ်စားလှယ်က ထွက်သွားပြီး ကျင့်လန်တစ်ယောက်သာလျှင် ထိုနေရာတွင် ရှိနေ၏။ သူမက ဇာတ်ညွှန်းကို ဖွင့်ဖတ်နေသည်။ ချင်းစုယွဲ့ ပြန်လာသည်ကိုတွေ့တော့ ကျင့်လန်က တဲ့တိုးပဲ ပြောလိုက်သည်။ "ဝမ်ယဉ်းလင်က အစ်မရဲ့သူဌေးလေ"
"ဟုတ် ကျွန်မ သိပါတယ်"
"ပြီးတော့ အစ်မက ချန်းစီနျန်ရဲ့ သတင်းစာရှင်းလင်းပွဲ ကိုလည်း တွေ့လိုက်တယ်"
"ဟင်" ချင်းစုယွဲ့က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။
"မင်းက ကောင်းချီးပေးခြင်း ခံရတဲ့သူလို့ အစ်မထင်တယ်" ကျင့်လန်က ပြောလိုက်၏။ "တစ်ကယ်တော့ သူဌေးရဲ့သားအပေါ်မှာ အစ်မ ဘာရည်ရွယ်ချက်မှ မရှိပါဘူး ... သန်းပေါင်း ရာချီရှိတဲ့ ပရိသတ်ရှေ့မှောက်မှာ မိန်းကလေးတစ်ယောက်ကို ချစ်ကြောင်း ဝန်ခံရဲတဲ့ သတ္တိရှိတဲ့ ယောက်ျားက တော်တော်လေး ရှားပါးတယ်လို့ တွေးမိလို့ပါ ... ဒါ့အပြင် သူက တော်တော်တန်တန်ကို မျိုးရိုးမြင့် အသိုင်းအဝိုင်းကလေ ... အချစ်ဆိုတာကို ဖယ်ကြည့်ရင်လည်း ညီမက တော်တော်လေးကို ကံကောင်းတဲ့သူ တစ်ယောက်ပါ ... အရာအားလုံး __ မင်းရဲ့ မိသားစု .. အလုပ်အကိုင်ကအစ မင်းအတွက် လွယ်ကူပြီး အဆင်သင့် ဖြစ်နေပြီးသားပဲလေ"
"အစ်မရဲ့ စကားတွေအရတော့ အဲ့လို ထင်ရတာပါပဲ" ချင်းစုယွဲ့က ခပ်ယဲ့ယဲ့သာ ပြုံးပြလိုက်သည်။ အခု သူမတွင် ရှိနေသည့် အရာအားလုံးက ဒီကမ္ဘာက ပေးအပ်ထားတွေသာပင်။
"အစ်မက ကံကောင်းတဲ့သူ မဟုတ်ဘူး ... တောမှာမွေးပြီးတော့ ဒီနေ့အစ်မဆိုတာ ဖြစ်လာဖို့ အနုပညာလောကထဲမှာ ၁၄နှစ်လောက် ရုန်းကန်ခဲ့ရတယ် ... အဲ့တာကြောင့် ဒီနေ့ အစ်မဆိုတာ ဖြစ်လာဖို့ အရာအားလုံးအတွက် သူဌေးရဲ့ အမြင်စူးရှလှတဲ့ မျက်လုံးတွေကို ကျေးဇူးတင်ရမှာပဲ"
"ဟုတ် ညီမသိပါပြီ"
ကျင့်လန်က ပြုံးလိုက်၏။ "အဲ့တာဆိုရင် အစ်မလိုလူမျိုးက အစထဲက အမြင့်ကနေ စတင်ခဲ့ရတဲ့ ညီမလိုလူကို တကယ် ဘာမှ ပြောစရာ မရှိဘူး"
***********
ဒီနေ့ သတင်းကောင်းရယ် သတင်းမကောင်းတကောင်းရယ် ပြောစရာရှိပါတယ်
**သတင်းကောင်းကတော့ မူရင်း ဝတ္ထုက ၁၁၈ပိုင်း ရှိတယ်လို့ လော်ရာ ပြောခဲ့ပေမယ့် ဘာသာပြန်တဲ့အခါ စာလုံးရေ အရမ်းများတဲ့ အပိုင်းတွေဆို ၂ပိုင်း ၃ပိုင်း စသည် ခွဲပြီးတော့ ဘာသာပြန်ခဲ့ရတာမို့ အခုက ၁၁၈ ပိုင်းထက် ပိုများသွားမှာပါ
အဲဒါကြောင့် ပြီးဖို့အတွက် .. ဒီစာအုပ်လေးနဲ့ ခွဲရဖို့အတွက် .. အခုချိန်မှာ နဲနဲလေးတော့ လိုပါသေးတယ်လို့ ♡
** မကောင်းတကောင်းကတော့ ဒီအလှလေး စာမေးပွဲ ဖြေရပါတော့မယ်ရှင် ..
စာလဲ တစ်လုံးမှ မလုပ်ရသေးပါဘူးရှင် ...
အဲ့တာကြောင့် update က အခုလို တနေ့နှစ်ပိုင်း တင်နိုင်တော့မယ် လို့တော့ မထင်ပါဘူး
စာ ကလေ လုပ်ကိုလုပ်ရတော့မယ့် အချိန်ကို ရောက်လာလို့ပါ အဲ့တာကြောင့် နားလည်ပေးကြပါနော် ..
လုံးလုံးကြီး မတင်တာမျိုးတော့ မဟုတ်ပေမယ့် ၁ရက်၁ပိုင်း (သို့) ၂ရက်၁ပိုင်း လောက် ဖြစ်သွားပါလိမ့်မယ်
စာမေးပွဲဖြေမယ့်ရက်တွေဆို ဘာမှ တင်မပေးနိုင်မှာ ဖြစ်ကြောင်းကိုလည်း ကြိုတင် အသိပေးအပ်ပါတယ်ရှင်
ပြောချင်တာက ဒီလောက် စာမေးပွဲ နီးနေတာတောင် ၁ရက် ၂ပိုင်းတွေ တင်ပေးခဲ့တဲ့ ဒီက သဘောကောင်းလေးကို ချစ်ရင် update လာမတောင်းကြပါနဲ့လို့ မှာချင်တာပါ .. အလှလေးက ကိုယ့်တာဝန်ကိုယ် သိသလို့ ကတိလဲ တည်ပါတယ်လို့ ♡
စာမေးပွဲက ရှေ့လ ၃ရက်နေ့မှ ပြီးမှာပါ .. အင်းနော် ကြိုပြောထားတယ်နော် ပြီးမှ ပိစိရေ up up ဆိုလို့ကတော့ ဝိုက်ပီပဲ လက်တီးနဲ့ 👊😆
စတာပါ ဟီး
ပြောချင်တာလေးတွေ ပြောပြီးပြီးဆိုတော့ တာ့တာ တာ့တာ
စာမေးပွဲ ဖြေရမယ့်သူတွေလည်း စာကြည့်ကြပါတော့လို့ ♡
3.11.2020
********************