[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 356K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၁၁၅ ..

17.3K 1.7K 95
By busy_pisi

《Zawgyi》

အပိုင္း - ၁၁၅
[ဘယ္သူ႔ကို ရည္ညႊန္းခ်င္တာလဲ? - ၂]

ခ်င္းစုယြဲ႕မွာ ဘာမဟုတ္တာေလးကို ျငင္းခံုစကားမ်ားေနၾကသည့္ ႏွစ္ေယာက္အား ခဏမၽွၾကည့္လ်က္ မီးဖိုေခ်ာင္ထဲကိုသာ ဝင္ေျပးဖို႔ ဆံုးျဖတ္လိုက္သည္။ သူမမွာ ထိုႏွစ္ေယာက္အား အာရံုစိုက္ဖို႔ရာ ပ်င္းရိလြန္းလွေခ်၏။

အလုပ္သြားဖို႔အတြက္မူ မေန႔ညက ခ်င္းစုယြဲ႕က သူမကားကို ျပန္ေမာင္းမလာခဲ့သည့္ အတြက္ ခ်န္းစီႏ်န္က သူလိုက္ပို႔ေပးမည္ဟု ေျပာလာသည္။ ခ်င္းစုယြဲ႕ကေတာ့ ကန္႔ကြက္စရာမရွိေပမယ့္ ခ်င္းကြမ္းခ်န္က ထိုသို႔မဟုတ္ေခ်။ "စီအီးအိုခ်န္း .. မင္းက အျမဲ အလုပ္ရွဳပ္ေနတာဆိုေတာ့ ငါ့ညီမေလးကို ငါပဲ အလုပ္လိုက္ပို႔ေပးတာ ပိုေကာင္းပါတယ္ ... မင္း ဒီကိစၥကို စိတ္ပူစရာ မလိုပါဘူး"

"စီအီးအိုခ်င္းကေတာ့ ယဥ္ေက်းလြန္းေနျပန္ပါၿပီ .. မေန႔က ကၽြန္ေတာ္ကပဲ သူ႔ကို အိမ္ျပန္ပို႔ေပးခဲ့တာဆိုေတာ့ ဒီေန႔လဲ အလုပ္ကို လိုက္ပို႔ေပးရမွာေပါ့"

"အခု ငါ ဒီမွာေရာက္ေနၿပီဆိုမွေတာ့ စီအီးအိုခ်န္းကို ဒုကၡမေပးေတာ့ပါဘူး"

ထိုႏွစ္ေယာက္မွာ လူႀကီးလူေကာာင္းဆန္ဆန္ စကားလံုးေတြသံုးၿပီး ေျပာဆိုေနၾကသည္အား ေဘးကေန ၾကည့္ေနရရင္းမွ ခ်င္းစုယြဲ႕မွာ သူတုိ႔ႏွစ္ေယာက္အစား ေမာေတာင္ေမာလာသလိုပင္။ "ကိုကို ... ကိုကိုတို႔ႏွစ္ေယာက္ ဆက္ၿပီး ျငင္းခံု စကားမ်ားေနၾကမယ္ဆိုရင္ ညီမေလးေတာ့ အလုပ္ကိုေရာက္ေတာ့မွာ မဟုတ္ဘူး ... တက္စီပဲ လွမ္းေခၚၿပီး စီးသြားလိုက္ေတာ့မယ္ .. အဲဒါကမွ ပိုျမန္လိမ့္အုန္းမယ္"

အဆံုးမွာေတာ့ ခ်န္းစီႏ်န္ကပဲ သူမအား လိုက္ပို႔ရေလသည္။

ခ်န္းစီႏ်န္က သြားခါနီး၌ ခ်င္းကြမ္းခ်န္၏ မည္းေမွာင္ေနေသာ မ်က္ႏွာအမူအယာအား ၾကည့္လိုက္ရင္းမွ ေပ်ာ္ရႊင္မိေလ၏။

လမ္းတြင္ မီးနီေနသျဖင့္ ရပ္ေစာင့္ေနရင္း ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕အား ေဘးသို႔ လွည့္ၾကည့္လိုက္သည္။ သူမ ဝတ္ဆင္ထားသည့္ အျဖဴေရာင္ ပုလဲနားကပ္ေလးဟာ သူမရဲ႕ အသားအရည္အား ျဖဴေဖြးလွပေနေစသည္အား သူ သတိထားမိ၏။ ဒီလိုပံုစံႏွင့္ သူမမွာ အနည္းငယ္ပင္ ဆြဲေဆာင္မႈ ရွိေနေသးသည္။ သူက ရယ္လ်က္ "ကိုယ့္ဇနီးက ဒီေန႔ အရမ္းလွတာပဲ!"

သူ ေျပာတာကို ၾကားလိုက္ရေတာ့ ခ်င္းစုယြဲ႕၏ မ်က္ႏွာမွာ ရွက္ေသြးျဖန္းသြားေတာ့၏။ သူမက အလၽွင္အျမန္ပင္ ျပင္းထန္တင္းက်ပ္စြာ ဆံုးမလိုက္သည္။ "ဘယ္သူက ရွင့္ဇနီးလဲ? ေနာက္တစ္ခါ ကၽြန္မကို အဲ့လိုမေခၚနဲ႔!"

ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕အား ရႊန္းလက္ေတာက္ပစြာ စိုက္ၾကည့္လိုက္ၿပီး လိမ္လိမ္မာမာႏွင့္ ျပန္ေခ်ပမေနေတာ့ေခ်။ တစ္ကယ္ေတာ့ တစ္ခ်ိန္ခ်ိန္က်ရင္လည္း သူ႔ဇနီး ျဖစ္လာမွာပဲေလ!

ခ်င္းစုယြဲ႕မွာ သူမရံုးခန္းထဲ ေရာက္ၿပီးၿပီးခ်င္း ဆယ္မိနစ္ေလာက္ အၾကာမွာပဲ ဒါရိုက္တာက ဖုန္းဆက္ကာ သူ႔ဆီ လာေတြ႕ခိုင္း၏။

ခ်င္းစုယြဲ႕ရဲ႕ မသိစိတ္ကေတာ့ တစ္ခုခုေတာ့ မေကာင္းတာ ုျဖစ္လိမ့္မည္ဟု ခံစားရ၏။ အဘယ့္ေၾကာင့္ဆိုေသာ္ ဒါရိုက္တာေခၚတိုင္း ေကာင္းတာ တစ္ခုမၽွ မျဖစ္ခဲ့၍ပင္။ ဒါေပမယ့္ သူမကို အံ့အားသင့္ေစတာကေတာ့ ေဘးအႏၱရာယ္ႏွင့္ ေပ်ာ္စရာဟူသည္က တစ္ခုႏွင့္တစ္ခု သီးျခားစီ ျဖစ္ေနေလ၏။

ဒါရိုက္တာက ထိုင္ခံုတြင္ ထိုင္ေနကာ ပံုမွန္ေလသံႏွင့္ပင္ ေျပာလာခဲ့သည္။ "မင္း ရွန္ဝမ္းယန္႔ကို အင္တာဗ်ဴးတဲ့ အပိုင္းကို ငါတို႔ၾကည့္ေတာ့ မင္းမွာ လုပ္ႏိုင္စြမ္းေတြ ရွိေနတာပဲ .. ဒါ့အျပင္ ပရိသတ္ေတြကလဲ မင္းကို ဒီအင္တာဗ်ဴး အစီအစဥ္ရဲ႕ တင္ဆက္သူ အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ အၾကံျပဳ ေထာက္ခံေပးေနၾကတယ္ ... လူတိုင္းက အင္တာဗ်ဴးအစီအစဥ္ရဲ႕ တင္ဆက္သူေနရာကို မင္းကို ေျပာင္းေပးဖို႔အတြက္ သေဘာတူၾကတယ္"

ခ်င္းစုယြဲ႕မွာ အံ့ဩတႀကီးႏွင့္ ေပ်ာ္ရႊင္မိသြား၏။ တစ္ကယ္ေတာ့ သူမက လူေတြ႕ေမးျမန္းတဲ့ အင္တာဗ်ဴး အစီအစဥ္ေတြမွာ တင္ဆက္သူအျဖစ္ ႀကိဳးစားၾကည့္ခ်င္ေနခဲ့တာ ျဖစ္သည္။ သူမမွာ အစက ထိုသို႔ တင္ဆက္ႏိုင္ဖို႔အတြက္ ေနာက္ထပ္ ႏွစ္အနည္းငယ္ေလာက္ေတာ့ ႀကိဳးစားရဦးမည္ဟု ထင္ခဲ့ေလ၏။ ဒီအခြင့္က သူမထံသို႔ အလြယ္တကူ ေရာက္ရွိလာလိမ့္မည္ဟု မည္သူက သိခဲ့ပါမည္နည္း!

သူမ ဘယ္လိုေတာင္ ေပ်ာ္ရႊင္သြားၿပီး ျငင္းဆန္ကန္႔ကြက္ျခင္း မျပဳသည္အား ၾကည့္လိုက္ရင္း ဒါရိုက္တာႀကီးက ဆက္ေျပာသည္။ "ဒီအင္တာဗ်ဴး အစီအစဥ္က ရုပ္သံလႊင့္ဌာနမွာ ေတာ္ေတာ္ေလး ၾကာေအာင္ ထုတ္လႊင့္ျပသခဲ့ေတာ့ ပရိသတ္ အေရအတြက္ကလည္း မ်ားတယ္ ... မိန္းကေလး လု ကလည္း ဒီႏွစ္ကုန္မွာ လက္ထပ္ေတာ့မွာဆိုေတာ့ အခုကစၿပီး ေရွ႕ေလၽွာက္ မင္းတို႔ႏွစ္ေယာက္ အတူတြဲလုပ္ၾကရမွာ ... တင္ဆက္သူခ်င္း ... မင္းအတြက္ အဆင္ေျပရဲ႕လား?"

ခ်င္းစုယြဲ႕မွာ ဒီအခ်က္ကိုေတာ့ ခ်က္ခ်င္းႀကီး ေခါင္းမညိတ္ဝံ့ေသးေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ 'အလကားစားရသည့္ ေန႔လည္စာ'အေၾကာင္းကို အခုထိ သူမ စိတ္ထဲတြင္ ထင္ျမင္မိေနေသး၍ပင္။ "ဒါရို္က္တာ ... ကၽြန္မ ဒီအေၾကာင္းကို ျပန္သြားၿပီး စဥ္းစားၾကည့္လို႔ ရႏိုင္မလားရွင့္?"

"ရတာေပါ့ .. မင္း ျပန္ၿပီး ေသခ်ာ စဥ္းစားၾကည့္လိုက္ပါ ... ဒီ ေန႔ခင္းပိုင္း အလုပ္နားတဲ့အခါက် မင္း ငါ့ကို အေၾကာင္းျပန္ရင္ေတာ့ အေကာင္းဆံုးပဲ"

ခ်င္းစုယြဲ႕က ေခါင္းညိတ္ၿပီး သေဘာတူလိုက္သည္။ သူမရဲ႕ အလုပ္ရံုးခန္းထဲ ျပန္ေရာက္ခ်ိန္အထိ စဥ္းစားရက်ပ္ေနဆဲပင္။ ခ်င္းစုယြဲ႕က ကူထံုးကို ေမးၾကည့္ေတာ့ သူမက ခ်က္ခ်င္းပဲ ေျပာေလသည္။ "လုပ္လိုက္ လုပ္လိုက္ လုပ္လိုက္! နင္ မလုပ္ရင္ အခြင့္အေရးႀကီးကို ျဖဳန္းတီးရာ က်သြားမယ္ေနာ္! လူေတြ႕ေမးျမန္းတဲ့ အင္တာဗ်ဴး အစီအစဥ္ေတြမွာ တင္ဆက္ခြင့္ရဖို႔က ဘယ္ေလာက္ေတာင္ ခက္ခဲမွန္း ငါတို႔ေတြအကုန္ သိေနၾကတာပဲေလဟယ္! အဲဒါထက္ နင္လည္း အျမဲတမ္း အဲ့လိုတင္ဆက္တဲ့ပံုစံကို ႀကိဳးစားၾကည့္ခ်င္ေနတာ မဟုတ္ဘူးလားဟဲ့?"

ကူထံုးက တစ္ကယ္ေတာ့ သူမ ေတြးေနသည့္အတိုင္းကို ေျပာလိုက္တာပင္။ က်ံဳခ်င္းကလည္း သေဘာတူ၏။

ခ်င္းစုယြဲ႕က အလုပ္မၿပီးစီးခင္မွာ အေျဖကို ျပန္ေျပာလိုက္ေတာ့ ဒါရိုက္တာႀကီးက ေက်နပ္စြာျဖင့္ ေခါင္းညိတ္ေလ၏။ "မဆိုးဘူး မဆိုးဘူး ... မင္းက ငါ့ကို စိတ္မပ်က္ေစဘူးပဲ!"

ေနာက္ဆံုးတြင္ သူတို႔က ေနာက္လာမည့္ အပိုု္င္းသစ္အတြက္ ေဆြးေႏြးလို႔ ၿပီးစီးသြားၿပီးေနာက္ ခ်င္းစုယြဲ႕မွာ 'အလကားစားရသည့္ ေန႔လည္စာ' ေနာက္ကြယ္မွ ေထာင္ေခ်ာက္အား နားလည္သေဘာေပါက္မိ သြားေတာ့သည္။

《မင္းရဲ႕ ကမၻာထဲ ဝင္ေရာက္ၾကည့္ရႈျခင္း》လို႔ အမည္ရတဲ့ ထိုအစီအစဥ္ရဲ႕ ေနာက္တစ္ပိုင္းအတြက္ကို ေဖ်ာ္ေျဖေရးေလာကရဲ႕ ရုပ္ရွင္ဧကရီျဖစ္သည့္ က်င့္လန္အား ေတြ႕ဆံုေမးျမန္းရမည္ ျဖစ္သည္။

က်င့္လန္ဟာ သူမ သရုပ္ေဆာင္ခဲ့သည့္ ပိုင္ႏိုင္ကၽြမ္းက်င္လွေသာ ဇာတ္ရုပ္ေတြေၾကာင့္ မေရတြက္ႏုိင္ေလာက္ေအာင္ ဆုေပါင္း ေျမာက္မ်ားစြာကို လက္ခံရရွိခဲ့သူျဖစ္သည္။ သူမအား ရုပ္ရွင္ေလာကရဲ႕ ဘုရင္မဘြဲ႕ကိုေတာင္ ေပးအပ္ျခင္းခံရေလသည္။

10.3.2020

************************

《Unicode》

အပိုင်း - ၁၁၅
[ဘယ်သူ့ကို ရည်ညွှန်းချင်တာလဲ? - ၂]

ချင်းစုယွဲ့မှာ ဘာမဟုတ်တာလေးကို ငြင်းခုံစကားများနေကြသည့် နှစ်ယောက်အား ခဏမျှကြည့်လျက် မီးဖိုချောင်ထဲကိုသာ ဝင်ပြေးဖို့ ဆုံးဖြတ်လိုက်သည်။ သူမမှာ ထိုနှစ်ယောက်အား အာရုံစိုက်ဖို့ရာ ပျင်းရိလွန်းလှချေ၏။

အလုပ်သွားဖို့အတွက်မူ မနေ့ညက ချင်းစုယွဲ့က သူမကားကို ပြန်မောင်းမလာခဲ့သည့် အတွက် ချန်းစီနျန်က သူလိုက်ပို့ပေးမည်ဟု ပြောလာသည်။ ချင်းစုယွဲ့ကတော့ ကန့်ကွက်စရာမရှိပေမယ့် ချင်းကွမ်းချန်က ထိုသို့မဟုတ်ချေ။ "စီအီးအိုချန်း .. မင်းက အမြဲ အလုပ်ရှုပ်နေတာဆိုတော့ ငါ့ညီမလေးကို ငါပဲ အလုပ်လိုက်ပို့ပေးတာ ပိုကောင်းပါတယ် ... မင်း ဒီကိစ္စကို စိတ်ပူစရာ မလိုပါဘူး"

"စီအီးအိုချင်းကတော့ ယဉ်ကျေးလွန်းနေပြန်ပါပြီ .. မနေ့က ကျွန်တော်ကပဲ သူ့ကို အိမ်ပြန်ပို့ပေးခဲ့တာဆိုတော့ ဒီနေ့လဲ အလုပ်ကို လိုက်ပို့ပေးရမှာပေါ့"

"အခု ငါ ဒီမှာရောက်နေပြီဆိုမှတော့ စီအီးအိုချန်းကို ဒုက္ခမပေးတော့ပါဘူး"

ထိုနှစ်ယောက်မှာ လူကြီးလူကောာင်းဆန်ဆန် စကားလုံးတွေသုံးပြီး ပြောဆိုနေကြသည်အား ဘေးကနေ ကြည့်နေရရင်းမှ ချင်းစုယွဲ့မှာ သူတို့နှစ်ယောက်အစား မောတောင်မောလာသလိုပင်။ "ကိုကို ... ကိုကိုတို့နှစ်ယောက် ဆက်ပြီး ငြင်းခုံ စကားများနေကြမယ်ဆိုရင် ညီမလေးတော့ အလုပ်ကိုရောက်တော့မှာ မဟုတ်ဘူး ... တက်စီပဲ လှမ်းခေါ်ပြီး စီးသွားလိုက်တော့မယ် .. အဲဒါကမှ ပိုမြန်လိမ့်အုန်းမယ်"

အဆုံးမှာတော့ ချန်းစီနျန်ကပဲ သူမအား လိုက်ပို့ရလေသည်။

ချန်းစီနျန်က သွားခါနီး၌ ချင်းကွမ်းချန်၏ မည်းမှောင်နေသော မျက်နှာအမူအယာအား ကြည့်လိုက်ရင်းမှ ပျော်ရွှင်မိလေ၏။

လမ်းတွင် မီးနီနေသဖြင့် ရပ်စောင့်နေရင်း ချန်းစီနျန်က ချင်းစုယွဲ့အား ဘေးသို့ လှည့်ကြည့်လိုက်သည်။ သူမ ဝတ်ဆင်ထားသည့် အဖြူရောင် ပုလဲနားကပ်လေးဟာ သူမရဲ့ အသားအရည်အား ဖြူဖွေးလှပနေစေသည်အား သူ သတိထားမိ၏။ ဒီလိုပုံစံနှင့် သူမမှာ အနည်းငယ်ပင် ဆွဲဆောင်မှု ရှိနေသေးသည်။ သူက ရယ်လျက် "ကိုယ့်ဇနီးက ဒီနေ့ အရမ်းလှတာပဲ!"

သူ ပြောတာကို ကြားလိုက်ရတော့ ချင်းစုယွဲ့၏ မျက်နှာမှာ ရှက်သွေးဖြန်းသွားတော့၏။ သူမက အလျှင်အမြန်ပင် ပြင်းထန်တင်းကျပ်စွာ ဆုံးမလိုက်သည်။ "ဘယ်သူက ရှင့်ဇနီးလဲ? နောက်တစ်ခါ ကျွန်မကို အဲ့လိုမခေါ်နဲ့!"

ချန်းစီနျန်က ချင်းစုယွဲ့အား ရွှန်းလက်တောက်ပစွာ စိုက်ကြည့်လိုက်ပြီး လိမ်လိမ်မာမာနှင့် ပြန်ချေပမနေတော့ချေ။ တစ်ကယ်တော့ တစ်ချိန်ချိန်ကျရင်လည်း သူ့ဇနီး ဖြစ်လာမှာပဲလေ!

ချင်းစုယွဲ့မှာ သူမရုံးခန်းထဲ ရောက်ပြီးပြီးချင်း ဆယ်မိနစ်လောက် အကြာမှာပဲ ဒါရိုက်တာက ဖုန်းဆက်ကာ သူ့ဆီ လာတွေ့ခိုင်း၏။

ချင်းစုယွဲ့ရဲ့ မသိစိတ်ကတော့ တစ်ခုခုတော့ မကောင်းတာ ုဖြစ်လိမ့်မည်ဟု ခံစားရ၏။ အဘယ့်ကြောင့်ဆိုသော် ဒါရိုက်တာခေါ်တိုင်း ကောင်းတာ တစ်ခုမျှ မဖြစ်ခဲ့၍ပင်။ ဒါပေမယ့် သူမကို အံ့အားသင့်စေတာကတော့ ဘေးအန္တရာယ်နှင့် ပျော်စရာဟူသည်က တစ်ခုနှင့်တစ်ခု သီးခြားစီ ဖြစ်နေလေ၏။

ဒါရိုက်တာက ထိုင်ခုံတွင် ထိုင်နေကာ ပုံမှန်လေသံနှင့်ပင် ပြောလာခဲ့သည်။ "မင်း ရှန်ဝမ်းယန့်ကို အင်တာဗျူးတဲ့ အပိုင်းကို ငါတို့ကြည့်တော့ မင်းမှာ လုပ်နိုင်စွမ်းတွေ ရှိနေတာပဲ .. ဒါ့အပြင် ပရိသတ်တွေကလဲ မင်းကို ဒီအင်တာဗျူး အစီအစဉ်ရဲ့ တင်ဆက်သူ အဖွဲ့ဝင်တစ်ယောက်အဖြစ် အကြံပြု ထောက်ခံပေးနေကြတယ် ... လူတိုင်းက အင်တာဗျူးအစီအစဉ်ရဲ့ တင်ဆက်သူနေရာကို မင်းကို ပြောင်းပေးဖို့အတွက် သဘောတူကြတယ်"

ချင်းစုယွဲ့မှာ အံ့ဩတကြီးနှင့် ပျော်ရွှင်မိသွား၏။ တစ်ကယ်တော့ သူမက လူတွေ့မေးမြန်းတဲ့ အင်တာဗျူး အစီအစဉ်တွေမှာ တင်ဆက်သူအဖြစ် ကြိုးစားကြည့်ချင်နေခဲ့တာ ဖြစ်သည်။ သူမမှာ အစက ထိုသို့ တင်ဆက်နိုင်ဖို့အတွက် နောက်ထပ် နှစ်အနည်းငယ်လောက်တော့ ကြိုးစားရဦးမည်ဟု ထင်ခဲ့လေ၏။ ဒီအခွင့်က သူမထံသို့ အလွယ်တကူ ရောက်ရှိလာလိမ့်မည်ဟု မည်သူက သိခဲ့ပါမည်နည်း!

သူမ ဘယ်လိုတောင် ပျော်ရွှင်သွားပြီး ငြင်းဆန်ကန့်ကွက်ခြင်း မပြုသည်အား ကြည့်လိုက်ရင်း ဒါရိုက်တာကြီးက ဆက်ပြောသည်။ "ဒီအင်တာဗျူး အစီအစဉ်က ရုပ်သံလွှင့်ဌာနမှာ တော်တော်လေး ကြာအောင် ထုတ်လွှင့်ပြသခဲ့တော့ ပရိသတ် အရေအတွက်ကလည်း များတယ် ... မိန်းကလေး လု ကလည်း ဒီနှစ်ကုန်မှာ လက်ထပ်တော့မှာဆိုတော့ အခုကစပြီး ရှေ့လျှောက် မင်းတို့နှစ်ယောက် အတူတွဲလုပ်ကြရမှာ ... တင်ဆက်သူချင်း ... မင်းအတွက် အဆင်ပြေရဲ့လား?"

ချင်းစုယွဲ့မှာ ဒီအချက်ကိုတော့ ချက်ချင်းကြီး ခေါင်းမညိတ်ဝံ့သေးပေ။ အဘယ့်ကြောင့်ဆိုသော် 'အလကားစားရသည့် နေ့လည်စာ'အကြောင်းကို အခုထိ သူမ စိတ်ထဲတွင် ထင်မြင်မိနေသေး၍ပင်။ "ဒါရို်က်တာ ... ကျွန်မ ဒီအကြောင်းကို ပြန်သွားပြီး စဉ်းစားကြည့်လို့ ရနိုင်မလားရှင့်?"

"ရတာပေါ့ .. မင်း ပြန်ပြီး သေချာ စဉ်းစားကြည့်လိုက်ပါ ... ဒီ နေ့ခင်းပိုင်း အလုပ်နားတဲ့အခါကျ မင်း ငါ့ကို အကြောင်းပြန်ရင်တော့ အကောင်းဆုံးပဲ"

ချင်းစုယွဲ့က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ သူမရဲ့ အလုပ်ရုံးခန်းထဲ ပြန်ရောက်ချိန်အထိ စဉ်းစားရကျပ်နေဆဲပင်။ ချင်းစုယွဲ့က ကူထုံးကို မေးကြည့်တော့ သူမက ချက်ချင်းပဲ ပြောလေသည်။ "လုပ်လိုက် လုပ်လိုက် လုပ်လိုက်! နင် မလုပ်ရင် အခွင့်အရေးကြီးကို ဖြုန်းတီးရာ ကျသွားမယ်နော်! လူတွေ့မေးမြန်းတဲ့ အင်တာဗျူး အစီအစဉ်တွေမှာ တင်ဆက်ခွင့်ရဖို့က ဘယ်လောက်တောင် ခက်ခဲမှန်း ငါတို့တွေအကုန် သိနေကြတာပဲလေဟယ်! အဲဒါထက် နင်လည်း အမြဲတမ်း အဲ့လိုတင်ဆက်တဲ့ပုံစံကို ကြိုးစားကြည့်ချင်နေတာ မဟုတ်ဘူးလားဟဲ့?"

ကူထုံးက တစ်ကယ်တော့ သူမ တွေးနေသည့်အတိုင်းကို ပြောလိုက်တာပင်။ ကျုံချင်းကလည်း သဘောတူ၏။

ချင်းစုယွဲ့က အလုပ်မပြီးစီးခင်မှာ အဖြေကို ပြန်ပြောလိုက်တော့ ဒါရိုက်တာကြီးက ကျေနပ်စွာဖြင့် ခေါင်းညိတ်လေ၏။ "မဆိုးဘူး မဆိုးဘူး ... မင်းက ငါ့ကို စိတ်မပျက်စေဘူးပဲ!"

နောက်ဆုံးတွင် သူတို့က နောက်လာမည့် အပိုု်င်းသစ်အတွက် ဆွေးနွေးလို့ ပြီးစီးသွားပြီးနောက် ချင်းစုယွဲ့မှာ 'အလကားစားရသည့် နေ့လည်စာ' နောက်ကွယ်မှ ထောင်ချောက်အား နားလည်သဘောပေါက်မိ သွားတော့သည်။

《မင်းရဲ့ ကမ္ဘာထဲ ဝင်ရောက်ကြည့်ရှုခြင်း》လို့ အမည်ရတဲ့ ထိုအစီအစဉ်ရဲ့ နောက်တစ်ပိုင်းအတွက်ကို ဖျော်ဖြေရေးလောကရဲ့ ရုပ်ရှင်ဧကရီဖြစ်သည့် ကျင့်လန်အား တွေ့ဆုံမေးမြန်းရမည် ဖြစ်သည်။

ကျင့်လန်ဟာ သူမ သရုပ်ဆောင်ခဲ့သည့် ပိုင်နိုင်ကျွမ်းကျင်လှသော ဇာတ်ရုပ်တွေကြောင့် မရေတွက်နိုင်လောက်အောင် ဆုပေါင်း မြောက်များစွာကို လက်ခံရရှိခဲ့သူဖြစ်သည်။ သူမအား ရုပ်ရှင်လောကရဲ့ ဘုရင်မဘွဲ့ကိုတောင် ပေးအပ်ခြင်းခံရလေသည်။

10.3.2020

**********************

Continue Reading

You'll Also Like

3.4M 215K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.2M 50.6K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
23.8K 6 1
အမုန်းတွေ ပွေ့ပိုက်ပြီး ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ရန်လိုခြင်းတွေနဲ့ ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ချစ်ခြင်းတရားတွေကို မဆုပ်ကိုင်နိုင်တော့တဲ့ အ...
207K 5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်