Before I Let You Go

By VowelMino

731K 72.7K 8.7K

ခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about h... More

. 1 .
. 2 .
. 3 .
. 4 .
. 5 .
. 6 .
. 7 .
. 8 .
. 9 .
. 10 .
. 11 .
. 12 .
. 13 .
. 14 .
. 15 .
. 16 .
. 17 .
. 18 .
. 19 .
. 20 .
. 21 .
. 22 .
. 24 .
. 25 .
. 26 .
. 27.
. 28 .
. 29 .
. Final . (Z)
. Final . (U)
About BILYG/BILUG
Hello Again
Extra Z
Extra U

. 23 .

18K 2.2K 352
By VowelMino

( Zawgyi )

" မိသားစုဆီကျဖစ္ျဖစ္ ပတ္ဝန္းက်င္ကျဖစ္ျဖစ္ လူတေယာက္က သူ႔ကို အသုံးမက်တဲ့ေကာင္လို႔ ခဏခဏ အေျပာခံရလာတဲ့အခါ ဘယ္လိုတုန႔္ျပန္မယ္လို႔ ညီက်န႔္ ထင္လဲ "

ညီက်န႔္ဆိုတဲ့ အသုံးအႏႈန္းေၾကာင့္ ေရွာင္က်န႔္က အရင္လူေတြထက္ သူေရွ႕ကလူကို ရင္းႏွီးျမန္ေစခဲ့တယ္ထင္တယ္..

ဟန္ တဲ့..
က်န္းလီက်ဲ မသြားခင္ ခ်ိတ္ဆက္ေပးခဲ့တဲ့ psychiatrist ျဖစ္သလို က်ဲရဲ႕သူငယ္ခ်င္းေတြထဲက တေယာက္လဲျဖစ္ေနျပန္ေသးတယ္ ..

" ေကာ အေတြ႕အႀကဳံအရ ဆိုရင္ေပါ့.. အဲဒီလူက ပထမေတာ့ စိတ္တိုမယ္.. ၾကာလာရင္ေတာ့ ဥေပကၡာျပဳၾကည့္မယ္.. ေခါင္းထဲမထည့္ခ်င္ေယာင္ သူေဆာင္ေကာင္း ေဆာင္လိမ့္မယ္.. ဒါေပမယ့္ တခ်ိန္ခ်ိန္မွာ အဲဒီလူက ေျခေခ်ာ္လက္ေခ်ာ္ျဖစ္သြားတယ္ပဲ ဆိုပါစို႔... သူ မွန္ေနရဲ႕နဲ႔ေတာင္ ေရွ႕ဆက္ေလွ်ာက္ခ်င္စိတ္ေတြ ေပ်ာက္ေနမယ္.. အရႈံးေပးခ်င္စိတ္ေတြ ျဖစ္လာခဲ့မယ္ .. လိုတာထက္ပိုတဲ့ တုန႔္ျပန္မႈေတြ ေပးလာခဲ့မယ္ ဆိုရင္ေရာ .."

" ..... "

" ဒါဆို အဲဒီလူကိုယ္တိုင္က သူ႔ကို လူေတြေျပာေနက်လိုမ်ိဳး ငါ တကယ္အသုံးမက်တာပါလား ဆိုတဲ့ အေတြးကို သူ ကိုယ္တိုင္ လက္ခံလိုက္လို႔ပဲ ျဖစ္လိမ့္မယ္တဲ့.. "

" ....... "

" ေရွာင္က်န႔္.. ညီေရာ ဘယ္လိုျမင္လဲ.. "

" ... "

" ညီက်န႔္.. "

" အင္း...ကြၽန္ေတာ္လဲ ျဖစ္ခဲ့ဖူးလို႔ထင္တယ္... အျပင္လူအေနနဲ႔ေတြးၾကည့္ေပးဖို႔က ခက္လိုက္တာ "

" ဘယ္လိုမ်ိဳးလဲ.. ေကာကို ေျပာျပခ်င္လား "

ရယ္စရာမပါဘဲ ရယ္ေနမိတဲ့ ေရွာင္က်န႔္မ်က္ဝန္းေတြက တကယ္တမ္းက် ေဆြးေျမ့ေနခဲ့တယ္..

အိမ္ေရွ႕က ျဖတ္သြားေနက် အေဒၚႀကီးေတြ...
အတန္းထဲက သူငယ္ခ်င္းေတြ..
ေရွ႕မွာဆို ပါးပါးတို႔ဆီက လက္ေဆာင္ပဏၰာေတြယူၿပီး ေနာက္ကြယ္မွာေစာင္းေျမာင္းတတ္တဲ့ ဆရာမေတြ..
ၿပီးေတာ့ ပါးမို႔ထက္က အမာ႐ြတ္တစ္ခုရဲ႕ ပိုင္ရွင္..

" အင္း.. ကြၽန္ေတာ္က ႐ြံဖို႔ေကာင္းတယ္ တဲ့ "

" ...... "

" အဲဒါကို ကြၽန္ေတာ္လဲ လက္ခံခဲ့မိတယ္ ထင္တယ္ "

ကိုယ္တိုင္ေ႐ြးခ်ယ္ခဲ့တဲ့ နည္းလမ္းေပမယ့္ ဒဏ္ရာေတြကို ျပန္ဆြဲေခၚရတဲ့ ကုထုံးက အနည္းနဲ႔အမ်ားေတာ့ နာက်င္ရတာပါပဲ..

ဒါေပမယ့္ အရင္လူေတြရဲ႕ အခန္းေတြလို ျဖဴစြတ္မေနတဲ့ နံရံအေရာင္က သူ႔ကို အနည္းဆုံးေတာ့ မေျခာက္ခ်ားေစတာေတာ့အမွန္ပဲ...
ပရိေဘာဂ ခန္းစီးက အစ Warm tone ေတြသုံးထားတဲ့ ဒီအခန္းက ေရွာင္က်န႔္တို႔လိုလူေတြအတြက္ ေဆြးေႏြးခန္းဆိုတာ မယုံခ်င္စရာ..

အရင္လူေတြလိုမဟုတ္ဘဲ ဟန္ေကာက သူ႔ကို လူနာေတယာက္လို မဆက္ဆံဘူး..
ဒါကပဲ သက္ေတာင့္သက္သာျဖစ္ရျခင္း အေၾကာင္းရင္းလို႔ ေျပာရမယ္ထင္တယ္..
အ႐ိုးသားဆုံးေျပာရရင္ ေရွာင္က်န႔္ရဲ႕ sexual orientation ကို ေအးေဆးသက္သာစြာ လက္ခံႏိုင္တဲ့သူ ျဖစ္ေနလို႔လဲ ပါပါလိမ့္မယ္..

အရင္ကမေတြးခဲ့ရင္ေတာင္ အခုကစေတြးၾကည့္သင့္ေၾကာင္း..
အျပင္လူအေနနဲ႔ ကိုယ့္ကိုယ္ကို ျပန္သုံးသပ္ၾကည့္တတ္ရင္ ဘယ္လိုအက်ိဳးရွိေၾကာင္း ဥပမာေတြနဲ႔ ေျပာရင္း ဟန္ေကာက ဒီေန႔ေတြ႕ဆုံမႈကို အဆုံးသတ္တယ္..
ၿပီးေတာ့ ထုံးစံအတိုင္း ေဆးေလွ်ာ့ေသာက္ဖို႔ေျပာတယ္..
အင္း..
ဒီလိုအခ်ိန္ေတြဆို သူကေတာ့ က်ဲကိုပဲ ျမင္ေယာင္မိေတာ့တာပဲ..။

.

.

.

" က်န႔္ေကာ.. တကယ္မလိုက္ဘူးလား "

" အင္း... ေကာေျပာၿပီးၿပီေလ "

" ကြၽန္ေတာ္က အရင္ေျပာထားတာေလ.. သိသိႀကီးနဲ႔ဗ်ာ "

ရိေပၚက အခု စိတ္ဆိုးခ်င္သလို ျဖစ္ေနတယ္..

ဒီေန႔ညေနပိုင္း သူအားတာမို႔ ဆိုင္ကယ္ေလ့က်င့္ကြင္းထဲ ေရွာင္က်န႔္ကို လိုက္ခဲ့ဖို႔ေခၚေနခဲ့တာ အရင္တပတ္ထဲက..
ၾကည္ၾကည္ျဖဴျဖဴလက္ခံထားၿပီး အခုက်မွ လိုက္လို႔မရေတာ့ဘူးလို႔ ေျပာလာတဲ့အျပင္ အဲဒီလူက အလုပ္ကိစၥေၾကာင့္လို႔ အေၾကာင္းျပခ်က္က ေပးလာေသးတာ..

" အင္း.. ေကာသိပါတယ္.. ဒါေပမယ့္ က်န္းခ်န္က meeting သြားလိုက္ရလို႔ ဒီေန႔ ေကာရွိမွျဖစ္မွာ "

Laptop ကိုၾကည့္လိုက္ သူ႔ကိုၾကည့္လိုက္နဲ႔ ရႈပ္ေနတဲ့ အဲဒီလူက တကယ္ေရာ ေျပလည္ခ်င္စိတ္ရွိရဲ႕လား ရိေပၚ မေသခ်ာေတာ့..

ရိေပၚ ၿငိမ္ေနမိေတာ့ laptop ဆီက အၾကည့္ေတြက သူ႔ဆီေတာင္ ေရာက္မလာခဲ့ျပန္..
စိတ္ပ်က္လက္ပ်က္နဲ႔ ထရပ္ဖို႔ျပင္ေတာ့မွ လက္ေကာက္ဝတ္ကို ဖမ္းဆြဲလာတဲ့ အဲဒီလူ ..

" ရိေပၚ.. "

" ကြၽန္ေတာ့္ကို လႊတ္ "

" အာ.. ေဆာရီး "

လြတ္သြားတဲ့လက္ကိုခံစားမိျပန္ေတာ့ ေဒါသစိတ္ေသးေသးေလးက ေဆာင့္တက္လာတယ္..
ဘာေဆာရီးလဲ.. ဘာကိုေဆာရီးလဲ..

" ဘယ္သြားမလို႔လဲ "

အခုမွ အဲဒီလူ အာ႐ုံေတြက သူ႔အေပၚ လုံးလုံးလ်ားလ်ားေရာက္လာပုံပါပဲ..
ဆိုဖာကို မွီထိုင္ရင္း ဆန႔္က်င္ဘက္ကို မ်က္ႏွာမူတဲ့နည္းနဲ႔ ရိေပၚက သူစိတ္ဆိုးေနေၾကာင္းျပတယ္..

" ရိေပၚ.. "

" .... "

" စိတ္မဆိုးပါနဲ႔လား.. ေကာ တကယ္မေခ်ာ့တတ္ဘူး "

" မေခ်ာ့တတ္ရင္ ပစ္ထားလိုက္ "

" မင္းကလဲ.. "

ခပ္တိုးတိုးေလး ေရ႐ြတ္ေနတဲ့ အဲဒီလူကို မသိမသာငဲ့ၾကည့္လိုက္ေတာ့ အႀကံအိုက္ေနတဲ့ပုံစံနဲ႔ ႏႈတ္ခမ္းေလးကိုက္လိုက္ ေခါင္းေလးကုတ္လိုက္နဲ႔မို႔ သူ ၿပဳံးခ်င္လာတယ္..

အၾကည့္ေတြက သူ႔ ညာဘက္လက္နားမွာ ေဝ့ဝဲေနတဲ့ အဲဒီလူရဲ႕ လက္တဖက္ဆီမွာ အဆုံးသတ္တယ္..
သူစိုက္ၾကည့္ေနမိတာကို ေရွာင္က်န႔္က သတိထားမိတဲ့အခါမွာေတာ့ မ်က္ဝန္းေတြ ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း အေျဖေပးလာျပန္တယ္ ..

" မင္းပဲ ခုနက လႊတ္ဆိုလို႔ပါ.. မႀကိဳက္ဘူးထင္လို႔ "

" ကြၽန္ေတာ္က ခင္ဗ်ားမွ မဟုတ္တာ "

" ... "

" ေၾကာင္ၾကည့္မေနနဲ႔ ေကာရာ.. ကိုင္..ကိုင္ေတာ့ "

မထင္ထားတဲ့စကားတခြန္းထဲ ခဏတာ ေၾကာင္ေငးသြားခဲ့တဲ့ ေရွာင္က်န႔္က ရိေပၚအသံအဆုံးမွာ သတိျပန္ဝင္လာခဲ့တယ္..
ရိေပၚလက္ကိုေတာ့ ဆုပ္ကိုင္လာပါရဲ႕..
သူ ရွင္းျပမလို႔ စီထားတဲ့စကားေတြကေတာ့ ေပ်ာက္သြားခဲ့ပုံပါပဲ..။

" ႐ုံးဆင္းခ်ိန္အမွီေရာ ၿပီးမွာလား "

သူ႔လက္ေပၚက ေရွာင္က်န႔္လက္ဖမိုးကို ရိေပၚက ခပ္ဖြဖြပြတ္ရင္းေမးမိေတာ့ အဲဒီလူက အားနာသလို သက္ျပင္းေလးခ်လို႔..

" ေသေတာ့မေသခ်ာေသးဘူး.. Design Team ကို Overtime ဆင္းဖို႔ ေကာကေျပာထားမိလို႔.. သူတို႔ကိုထားခဲ့ၿပီး ေကာက ျပန္သြားရင္ မေကာင္းဘူးေလ.. ေနာ္ "

" ဟင္း .. က်န္းခ်န္ေကာကေရာ ဘယ္အခ်ိန္ၿပီးမွာလဲ "

" ၿပီးရင္ ႐ုံးျပန္လာခဲ့မယ္လို႔ေတာ့ ေျပာတာပဲ.. အခုထိေတာ့ ဖုန္းမဆက္ေသးဘူး.. "

ရိေပၚမ်က္ႏွာေလးက ပိုပိုဆူပုတ္လာတယ္..
က်န္းခ်န္ကို ေကာလို႔ေခၚရမယ္ဆိုၿပီး ေျပာဖူးတဲ့စကားကို ရိေပၚက မေမ့မေလ်ာ့နားေထာင္တာေလးကို သိလိုက္ရေတာ့ ေရွာင္က်န႔္က ၿပဳံးမိျပန္တယ္..
ဝမ္ရိေပၚက သိပ္လိမၼာတဲ့ လူဆိုးေလး..။

ေရွာင္က်န႔္က အလုပ္ဘက္ျပန္လွည့္တဲ့အခါ ရိေပၚက ေရွာင္က်န႔္ဘက္ကိုလွည့္တယ္..
ခါးကိုဖက္ၿပီး ပုခုံးေပၚေမးတင္တယ္..
နား႐ြက္ကိုလွမ္းနမ္းလိုက္ ပုခုံးစြန္းကို ဖိနမ္းလိုက္လုပ္ေနတဲ့ ေကာင္ေလးကို ေရွာင္က်န႔္က ကိုယ့္အမွားနဲ႔ကိုယ္ မဟန႔္တားရဲျပန္တာမို႔ ၿငိမ္ေနေပးလိုက္ရတာပဲ..

" ေကာ... "

" အင္း.. "

" အလုပ္ၿပီးရင္ေတာ့ လိုက္ရမွာေနာ္ "

" အင္း "

" အင္းလုပ္ျပန္ၿပီ.. ၿပီးေတာ့မွ ဘာျဖစ္လို႔ ညာျဖစ္လို႔ ထပ္ျငင္းရဲ ျငင္းၾကည့္.. "

" ဘာလုပ္မွာလဲ "

" တစ္ခါထဲ ကားတင္ေျပးလိုက္မွာ "

အပိုေတြေျပာလြန္းတဲ့ေကာင္ေလးကို ေရွာင္က်န႔္က သေဘာတက် လွည့္ၿပဳံးေတာ့ ရိေပၚက ႏႈတ္ခမ္ေထာင့္ေလးကို လွမ္းနမ္းတယ္...
အင္း..
ဒီအၿပဳံးေလးက ၂၃ ၁/၂ ဒီဂရီေစာင္းေလာက္တယ္..

" ေကာ.. ေမာေနရင္ နားပါလား "

" မေမာပါဘူး .. ထိုင္ေနရတာကို "

" ေမာလိုက္ ေကာရာ.. လာပါဆို "

ရိေပၚက ဖက္ထားတဲ့လက္ကို ေရွာင္က်န႔္ရင္ဘတ္နားေ႐ြ႕ရင္း အားနဲ႔ ဆြဲဖိခ်တယ္..
ရင္ခြင္ထဲေရာက္လာတဲ့အခါ ေရွာင္က်န႔္ကို အေမာေျပဆိုၿပီး ရိေပၚက ဖိဖိနမ္းတယ္..
နဖူးကအစ ေမးဖ်ားအဆုံး က်ေရာက္လာတဲ့ အထိအေတြ႕ခပ္ေႏြးေႏြးေတြကို ေရွာင္က်န႔္က မျငင္းသာ..
တကယ္တမ္းေတာ့ ရိေပၚ သူ႔ကို စိတ္ဆိုးေနေသးလားဆိုတဲ့ အေတြးနဲ႔ သူ ၿငိမ္ေပးျဖစ္တာ ..

ဒါေပမယ့္ ရိေပၚကဆိုးခ်င္တယ္..
ဆယ္မိနစ္ျခားတခါ အေမာေျပလုပ္ဖို႔အေရး ဝမ္ရိေပၚအေရးျဖစ္ေနတဲ့အခါ ေရွာင္က်န႔္က အလိုမလိုက္ခ်င္ေတာ့..
ခဏအၾကာမွာ ' ဝမ္ရိေပၚ' နဲ႔ 'ေကာကလဲ' ဆိုတဲ့အသံေတြ ထြက္လာေတာ့တာမ်ား အရင္အတိုင္း...ထုံးစံအတိုင္း.. ။

.

.

.

အဲဒီညက သူတို႔ ဆိုင္ကယ္ကြင္းေရာက္ေတာ့ ည ၈ နာရီဝန္းက်င္..
ေနာက္က်လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ရိေပၚက သူ႔ကို စိတ္ေကာက္ေကာင္းတုန္း..

စကားေကာင္းေကာင္းမေျပာတာကလြဲၿပီး သူလုပ္ခ်င္တာေတြေတာ့လုပ္ေနတာပဲမို႔ မေခ်ာ့တတ္တဲ့အတူတူ ေရွာင္က်န႔္က တိတ္တိတ္ေလးပဲ လိုက္ခဲ့ေတာ့တယ္..။

" ဒါ ေရွာင္းက်န႔္တဲ့.. ကြၽန္ေတာ့္ေကာ "

ဘာအဓိပၸါယ္မွန္းမသိတဲ့အျပင္ တုံးတိတိမိတ္ဆက္စကားကို ေရွာင္က်န႔္က အားနာသလိုျဖစ္မိေပမယ့္လဲ ရိေပၚရဲ႕ နည္းျပဆိုတဲ့ ဦေလးႀကီးကေတာ့ သေဘာတက်နဲ႔ ရယ္ေနေလရဲ႕..

" ဒါဆို ကြၽန္ေတာ္တို႔ သြားေတာ့မယ္.. လာ ေကာ "

နည္းျပႀကီးရဲ႕ ႏႈတ္ဆက္ဖို႔ကမ္းထားတဲ့လက္က ေလထဲမွာ တန္းလန္းက်န္ခဲ့တာကို ၾကည့္ရင္း ေရွာင္က်န႔္ကေတာ့ ရိေပၚေခၚရာေနာက္ လိုက္လာရတာပါပဲ..။

ကြင္းႀကီးကရွင္းလင္းေနတယ္..
ဒီတစ္ခါေတာ့ ေရွာင္က်န႔္က အရင္သူထိုင္ေနက် ေထာင့္ေလးက အားေပးတဲ့ခုံေလးမွာ မထိုင္ရေတာ့ဘဲ ကြင္းထဲထိ ရိေပၚက ဆြဲေခၚလာတယ္..

လက္တဆုပ္စာ စက္ေလးကို ေပးလာတဲ့ရိေပၚက အခ်ိန္မွတ္ေပးဖို႔ကိုလဲ ေရွာင္က်န႔္ကိုေတာင္းဆိုလာတယ္..
အင္း.. ပူဆာတယ္လို႔ ေျပာရမယ္ထင္တယ္...။

တပတ္ၿပီးတပတ္..
အေကြ႕အဝိုက္ေတြတစ္ခုခ်င္းစီကို ေသေသသပ္သပ္ေက်ာ္လာတဲ့ ေကာင္ေလးက ေငးၾကည့္ခ်င္စရာေကာင္းေလာက္ေအာင္ ရဲရင့္ေနျပန္တယ္..
အဘက္ဘက္က ေတာ္လြန္းတဲ့ေကာင္ေလးက ဘာလို႔မ်ား သူ႔ဆီမွေရာက္လာပါလိမ့္လို႔ ေရွာင္က်န႔္က ေတြးေနမိေသးတာ..

မ်က္စိလည္လို႔ေရာက္လာတယ္ဆိုရင္ေတာင္ သူက ရိေပၚအတြက္ လမ္းမွားတစ္ခုေတာ့ မျဖစ္ခ်င္..။

" က်စ္.. "

ျဖဴျဖဴဥဥမ်က္ႏွာက အခုဆို ေခြၽးေတြစို႔လို႔..
ဝတ္စုံျပည့္နဲ႔ေလ့က်င့္ေနတဲ့ေကာင္ေလးက ဘယ္သူ႔ကိုမွ အကူမေခၚထားတာမို႔ ေရွာင္က်န႔္တေယာက္ထဲ ေရဘူးပဲအရင္ေပးရမလား ေျခႇးပဲသုတ်ေပးရမလား ေတြးၿပီး စိတ္ကူးထဲအလုပ္ရႈပ္ေနေသးတာ..
ရိေပၚကေတာ့ ေရွာင္က်န႔္လက္ထဲက စက္ေလးကို ယူၾကည့္ရင္း မ်က္ႏွာေလးမဲ့တယ္..
ၾကည့္ရတာ သူလိုခ်င္တဲ့စံခ်ိန္မရေသးပုံပါပဲ..

" အမ်ားႀကီးလိုလို႔လား "

" ၄ စကၠန႔္နီးပါးပဲ "

လက္ထဲကမ်က္ႏွာသုတ္ပုဝါနဲ႔ ေခၽြးေတြသုတ္ေပးေတာ့ ရိေပၚက သူ႔ရဲ႕ စိတ္ပ်က္လက္ပ်က္မ်က္ႏွာေလးကို ေမာ့ေပးလာတယ္..
ေပးလိုက္တဲ့ေရဘူးေလးကလဲ တငုံေသာက္ၿပီးတာနဲ႔ ေရွာင္က်န႔္လက္ထဲျပန္ေရာက္လာေလရဲ႕..

" စိတ္မညစ္ပါနဲ႔... ေကာ ႏွိပ္တာ ေနာက္က်သြားတာ ျဖစ္ရင္ျဖစ္မွာေပါ့.. "

" .... "

" ေနာက္ေန႔မွဆက္က်င့္ပါလား.. ကေလးကို ၾကည့္ရတာ ႏုံးေနၿပီ "

ရိေပၚက မ်က္ခုံးေလးတဖက္ပင့္လို႔ ေရွာင္က်န႔္ကို ငဲ့ၾကည့္လာေတာ့ စကားေျပာမွားသြားလားလို႔ ေရွာင္က်န႔္က ေတြးရတယ္..

ရိေပၚရဲ႕ idol life မဟုတ္တဲ့ ဒီဘက္အျခမ္းကို ေရွာင္က်န႔္ကမရင္းႏွီးတာမို႔ သူ႔ေၾကာင့္ အေႏွာင့္အယွက္ျဖစ္သြားမွာကို စိုးရိမ္တာ အမွန္ပဲ...
အလုပ္ထဲ အာ႐ုံစိုက္ေနခ်ိန္ဆို အလိုလို အရွိန္အဝါတစ္ခုထြက္ေနတဲ့ေကာင္ေလးကိုလဲ ေရွာင္က်န႔္က ဘယ္လိုဆက္ဆံရမွန္းမသိေသး..

အၿမဲတမ္း သူ႔ဆီကိုပဲ ရိေပၚက လွမ္းလာခဲ့တာ..
သူ႔အလွည့္က်ေတာ့ ခက္ခဲလိုက္တာ..

" မင္းသေဘာပါ.. ေကာကဒီတိုင္း ေျပာၾကည့္တာ.. "

" ႀကိဳက္တယ္.. "

" ဟင္ "

" ႀကိဳက္တယ္လို႔.. ဝင္စြက္ဖက္တာလဲႀကိဳက္တယ္.. စိတ္ပူေပးတာလဲႀကိဳက္တယ္.. ေကာမို႔လို႔.. ေရွာင္က်န႔္မို႔လို႔.. ႀကိဳက္တယ္ "

ဒီတခါေတာ့ ရိေပၚနဲ႔အတူ သူပါလိုက္ၿပဳံးမိတယ္ ထင္ပါရဲ႕ ... ။

.

.

ရိေပၚ အဝတ္အစားလဲေနတုန္း ေရွာင္က်န႔္က နားေနခန္းထဲမွာ ထိုင္ေစာင့္ရတယ္..
ဒီအခ်ိန္ျပန္ရင္ ေနာက္က်မယ့္အတူတူ က်န္းခ်န္ဆီပဲျပန္ဖို႔ ေရွာင္က်န႔္က ေတြးထားတယ္..
ေသခ်ာေပါက္ ရိေပၚကိုလဲ တစ္ခုခုဝယ္ေကြၽးရဦးမယ္..
ဒီေကာင္ေလး ပင္ပန္းထားတာမို႔ ဗိုက္ဆာေနေလာက္ေရာေပါ့..

" ေကာ.. "

အဝတ္အစားလဲၿပီးတဲ့ ရိေပၚက ဆိုဖာေပၚက သူ႔ေဘးမွာ ဝင္ထိုင္လာတယ္..
ထူးထူးဆန္းဆန္း ခပ္ခြာခြာထိုင္ေနတာမို႔ ေရွာင္က်န႔္ကလွမ္းၾကည့္ေတာ့ မ်က္ႏွာေလးကို မဲ့ျပေလရဲ႕..

" ေခြၽးေစာ္နံေနမွာစိုးလို႔ "

" ေအာ္.. "

" ေကာကလဲ.. ေအာ္ပဲလား "

" ဟမ္.. "

" မနံဘူး.. ကပ္ထိုင္လို႔ေျပာရမွာေလ.. တကယ္ပဲဗ်ာ "

ရိေပၚကို မူလီနတ္ဝင္ပူးေနပုံရတယ္..
တစ္ေန႔လုံး ရစ္လိုက္ာတာဆိုတာမ်ား..
ကိုယ္အေတြးနဲ႔ကိုယ္ ေရွာင္က်န႔္က ရယ္မိေတာ့ ရိေပၚက ေစြ႕ခနဲ သူ႔ေဘးေရာက္လာတယ္..

" ျပန္ၾကမလား "

" ေနပါဦး ေကာကလဲ.. ႏွစ္ေယာက္ထဲရွိတုန္းေလးကို "

" အင္း.. ခဏနားခ်င္နားေလ "

" ဟုတ္ "

ရိေပၚက အရင္အတိုင္း ေရွာင္က်န႔္ခါးကိုဖက္လို႔ ရင္ခြင္ထဲတိုးတယ္..
ေခြၽးနံ႔သင္းသင္းက လူကိုေႏြးေထြးေစတယ္ ဆိုတဲ့အေတြးကို ေရွာင္က်န႔္က အခုမွစေတြးၾကည့္ဖူးတာ အမွန္..

" ေကာ.. "

" အင္း "

" ကြၽန္ေတာ္ ျပစရာရွိတယ္ "

" အင္း.. ဘာလဲ "

" အရင္ဆုံး တစ္ခု ကတိေပး "

" ဘာကိုလဲ.. "

" စိတ္မဆိုးရဘူး.. ထထြက္မသြားရဘူး.. စကားဆိုးဆိုးေတြလဲ မေျပာရဘူး.. မယုံမၾကည္လဲမျဖစ္ရဘူး "

ကတိတစ္ခုဆိုၿပီး တတြတ္တြတ္႐ြတ္ေနတဲ့ ေကာင္ေလးကို ေရွာင္က်န႔္ကငုံ႔ၾကည့္မိေတာ့ ေမာ့ၾကည့္ေနဆဲ မ်က္ဝန္းေတြနဲ႔ဆုံတယ္..
ဖ်တ္ခနဲအထိအေတြ႕မွာ ႏႈတ္ခမ္းကေႏြးသြားၿပီးေနာက္ ' ေနာ္ ' ဆိုတဲ့စကားလုံးကိုရိေပၚက ခပ္တိုးတိုး႐ြတ္ျပန္တယ္..

ေခါင္းညိတ္ျပလိုက္ေတာ့ ရိေပၚက သူ႔ဖုန္းကိုဖြင့္ရင္း ေရွာင္က်န႔္ လက္ထဲထည့္လာတယ္..
ၿပီးေတာ့ နဂိုထက္ပိုတိုးဖက္ရင္း ေရွာင္က်န႔္လည္ပင္းနား မ်က္ႏွာအပ္ထားေလရဲ႕..

ဖုန္းစခရင္ထက္မွာ ရိေပၚပုံေလးလင္းတယ္..
ဒါေပမယ့္ တေယာက္ထဲေတာ့ မဟုတ္ခဲ့ဘူး..
ေကာလဟာလဆိုတဲ့ ေခါင္းစဥ္ေအာက္ေပမယ့္ Dating news ဆိုတဲ့စကားလုံးကိုက သတင္းေအာက္ကလူေတြကို ပြဲစည္ေနေစေတာ့တာပဲ..

ေရွာင္က်န႔္က ဆက္မၾကည့္ခ်င္ေတာ့တာမို႔ ဖုန္းပိတ္လိုက္ေတာ့ ရိေပၚက အသံတိတ္စြာပဲ တစ္ရစ္ရစ္တိုးဖက္လာတယ္..

" ျပန္ရေအာင္ "

" ဟင့္အင္း "

" .... "

" .... "

" မင္း.. ဒီေန႔ေရာ ရွင္းျပဦးမွာလား "

" မင္းလို႔မေျပာနဲ႔ ေကာရာ "

ေရွာင္က်န႔္က စိတ္ဆိုးရမယ့္အစား ဒြိဟျဖစ္လာတယ္..
ရိေပၚက သူ႔ကိုဘာျဖစ္ေစခ်င္တာလဲ မသိေတာ့ဘူး..
သူကိုယ္၌က ယုံၾကည္ခ်င္တာေတာင္ ရိေပၚကေတာ့ ရွင္းလဲ မရွင္းျပ ျငင္းလဲမျငင္းဘဲ သူ႔ကိုေတာ့ မလြတ္တမ္း ဖက္တြယ္ထားေနတဲ့ အေျခအေနမွာ ေရွာင္က်န႔္က မေပ်ာ္ခ်င္ေတာ့တာေတာ့ အမွန္ပဲ..

" ေကာက ကတိမတည္ဘူး "

" ... "

" မယုံမၾကည္မျဖစ္ရဘူးလို႔ ကြၽန္ေတာ္ေျပာထားတာကို.. "

" မျဖစ္ပါဘူး.. ငါယုံမွာပါ.. ဒါေပမယ့္.. "

" .... "

" ဝမ္းမနည္းရဘူးလို႔ မင္းမွမေျပာတာ "

ေလသံက တိုးေဖ်ာ့ေနခဲ့တယ္ထင္တယ္..
သူကိုယ္တိုင္ကိုက ဘယ္လိုေျပာထြက္ခဲ့မိမွန္း မသိ..။

ျဖစ္ႏိုင္ရင္ ေရွာင္က်န႔္က အတြင္းစိတ္က နာက်င္မႈေတြအထိ ရိေပၚကို မျပခ်င္ဘူး..
တခ်ိန္လုံးၿမိဳသိပ္ခဲ့ျခင္းေတြက သူခ်စ္ရတဲ့သူေတြအတြက္ အဆင္ေျပေစခဲ့တာမို႔ ရိေပၚကိုမွ ထူးၿပီး ေရွာင္က်န႔္ေၾကာင့္ စိတ္မညစ္ေစခ်င္ေတာ့.. ။

" အင္း..အင္း.. ကြၽန္ေတာ္မွားတာ..ေနာ္.. ဝမ္းမနည္းပါနဲ႔... သူနဲ႔က ဘာမွမဆိုင္ပါဘူး..ဒီတိုင္းပဲ သူငယ္ခ်င္းေတြသက္သက္ပဲ "

" အရင္ေကာင္မေလးပဲ မဟုတ္လား.. "

" အင္း "

ေမြးေန႔ညက ေကာလဟာလကို ၫႊန္းတာမွန္း ေရွာင္က်န႔္နည္းတူ ရိေပၚကလဲ သိေနတယ္ ထင္ရဲ႕..
သူငယ္ခ်င္းေတြက အခ်င္းခ်င္းဖက္ၿပီး ကတတ္ၾကလား ေရွာင္က်န႔္က မေတြးခ်င္..
ရိေပၚက သူ႔ကိုယုံဖို႔ေျပာေနခဲ့တာ မဟုတ္လား..

" မင္း ဆင္ျခင္ေနရမွာ.. ႏွစ္ေခါက္က သုံးေခါက္ဆို
မိန္းကေလးဘက္ကလဲ နစ္နာတယ္.. "

" ေကာကလဲ.. တစ္ကားထဲ တူတူသ႐ုပ္ေဆာင္ေနရတာကို ကြၽန္ေတာ္တို႔ဆင္ျခင္လဲ ေျပာခ်င္တဲ့သူက ေသးေသးေလးကအစ လိုက္ေျပာေနတာ "

" ေျပာရင္ ပိုဆင္ျခင္ရမွာေပါ့ "

" အင္းပါ..ဒါေပမယ့္.. အခုေတာ့ မလိုေတာ့ဘူးထင္တယ္.."

" .... "

" ေကာ.. ကြၽန္ေတာ္တို႔ေလ.. "

" အင္း.. "

" ဒီသတင္းကို ျငင္းလို႔မရေသးဘူး "

ေရွာင္က်န႔္ကိုယ္ေလး ေတာင့္သြားတာရိေပၚက ခံစားမိလာတယ္..
မၾကာခင္လႊင့္ေတာ့မယ့္ ဇာတ္ကားရဲ႕အက်ိဳးအတြက္ ဒီသတင္းကို ေရလိုက္ငါးလိုက္ေနေပးဖို႔ ပ႐ိုဂ်ဴဆာဘက္ကေရာ သူ႔ဆရာျဖစ္ဖူးတဲ့ ဒါ႐ိုက္တာကပါ မသိမသာေတာင္းဆိုလာခဲ့တယ္တဲ့..

ဒါကို ခုနကမွ သတင္းျမင္ျမင္ခ်င္း ျငင္းခိုင္းဖို႔ က်ိရန္ေကာကို ဖုန္းဆက္ရင္းနဲ႔မွ သူသိလာရတာ..
အတည္ျပဳခိုင္းတာမ်ိဳးမဟုတ္ဘဲ မျငင္းဖို႔ပဲ ေျပာလာတဲ့ ေတာင္းဆိုခ်က္ေတြမွာ တဖက္လူက မိန္းကေလးတန္မဲ့ လက္ခံေပးမယ္ဆိုလာတာမို႔ ရိေပၚဘက္က ခါးခါးသီးသီး ထျငင္းလို႔အဆင္မေျပေတာ့တာ အမွန္..၊

" ေကာ.. ကြၽန္ေတာ့္ကိုၾကည့္ "

" .... "

" ဘာမွမဟုတ္ဘူးေလ သိလား.. မျငင္းဘူးဆိုေပမယ့္ Date ေနပါတယ္လို႔ လက္ခံလိုက္တာလဲ မဟုတ္ဘူးး.. ဇာတ္လမ္းလႊင့္ၿပီးသြားတာနဲ႔ သတင္းေတြကလဲ အလိုလို ၿငိမ္သြားမွာ.. "

" တကယ္လား.. "

ေရွာင္က်န႔္ေလသံမွာ မဝံ့မရဲစိတ္ေလးေတြ ပါလာတယ္..
ႀကံရာမရျဖစ္ေနတာကို ထိန္းခ်ဳပ္ထားရတဲ့အခါ မ်က္ဝန္းေတြက ခဏခဏပုတ္ခတ္ရင္း...
ႏႈတ္ခမ္းေထာင့္ေလးေတြက တခ်က္တခ်က္မဲ့က်ရင္း...

" ဘာ႐ုပ္ေလးလဲ.. ေကာရာ.. ခ်စ္လိုက္တာ "

" မင္းေနာ္.. ဖယ္ "

အသည္းယားယားနဲ႔ ပါးႏွစ္ဖက္ကို ဖိအုပ္ကိုင္လို႔ ႏႈတ္ခမ္းေတြကို ကိုက္ဖဲ့ရန္ရွာလာတဲ့ ရိေပၚကို ေရွာင္က်န႔္ကတြန္းထုတ္ဖို႔ မနည္းႀကိဳးစားေနရတယ္..

ဘယ္လိုအေတြးနဲ႔ ေဝခြဲၾကည့္ရမလဲမသိေတာ့တဲ့ အျဖစ္ကေန ဇြတ္တ႐ြတ္ေကာင္ေလးေၾကာင့္ ဘယ္လိုလြတ္ေျမာက္ေအာင္လုပ္ရမလဲဆိုတဲ့ အျဖစ္ကိုေရွာင္က်န႔္က ေရာက္တယ္..

အနမ္းေတြက မြန္းက်ပ္တာလား..
ရင္ဘတ္ထဲကပဲ မြန္းက်ပ္ေနသလား ေရွာင္က်န႔္က ေဝခြဲမရခ်င္ေတာ့..

စိတ္ရဲ႕ ခံႏိုင္ရည္ေတြကို အကန႔္အသတ္မဲ့ထားၾကည့္မယ္..
ရိေပၚက တလွမ္းခ်င္းတိုးရင္ ေရွာင္က်န႔္က တလွမ္းခ်င္း ေနာက္ဆုတ္ေပးၾကည့္မယ္..
အခ်ိန္တန္လာတဲ့အခါ တြန္းခ်မယ့္လက္က မင္း မျဖစ္ဖို႔ပဲလိုပါတယ္..

.

.

.

ဒီရက္ပိုင္း ညေနခင္းေတြက တည္ၿငိမ္တယ္တဲ့..
အဆင္ေျပရဲ႕လားဆိုတဲ့ ဟန္ေကာရဲ႕ အေမးစကားကို ေရွာင္က်န႔္ကေခါင္းညိတ္ျပျဖစ္တယ္..
ဘယ္လိုပဲ ကိုယ့္စိတ္အေျခအေနအတြက္ ကုသေပးေနတဲ့သူျဖစ္ပါေစ..
ရင္မဖြင့္ခ်င္ေလာက္ေအာင္ထိ ပင္ပန္းေနတဲ့ စိတ္ေတြကိုေတာ့ ေရွာင္က်န႔္က လုံလုံၿခဳံၿခဳံပဲ သိမ္းထုပ္ထားလိုက္ေတာ့တာပဲ..

" က်န္းလီကို ညီက်န႔္အတြက္ ဘယ္လိုလူမ်ိဳးလို႔ သတ္မွတ္မလဲ "

တခါေတေလတာ့လဲ ဒီကုထုံးမွာ ဒီလိုမ်ိဳး စိတ္ေပ်ာ္စရာအခ်ိန္ေလးေတြလဲ ရွိတတ္ပါတယ္..

" အင္း.. ကြၽန္ေတာ္ငယ္ငယ္တုန္းက ေက်ာင္းက သူငယ္ခ်င္းေတြေရွ႕မွာ ပထမဆုံးအေနနဲ႔ ရဲရဲဝံ့ဝံ့ ျဖတ္ေလွ်ာက္ဖူးတဲ့ ရက္တရက္ရွိတယ္ "

" .... "

" အဲဒီေန႔က က်န္းလီက်ဲ ပထမဆုံး ေက်ာင္းလိုက္ပို႔တဲ့ေန႔... ဟန္ေကာ ယုံမလားေတာ့မသိဘူး.. သူမ်ားေတြလိုမ်ိဳး အေမ မဟုတ္တာေတာင္ ကြၽန္ေတာ့္ကို ေက်ာင္းလိုက္ပို႔တာ မိန္းကေလးတေယာက္ဆိုတဲ့ အေတြးနဲ႔တင္ ကြၽန္ေတာ္ေပ်ာ္ေနခဲ့တာ.."

" .... "

" အင္း.. ေျပာရင္ဆုံးမွာမဟုတ္ေတာ့ဘူး.."

ေရွာင္က်န႔္က ခပ္ရွက္ရွက္ၿပဳံးေတာ့ ဟန္ေကာက သေဘာတက် လိုက္ၿပဳံးေနေလရဲ႕..

" ဒါဆို က်န္းခ်န္ကေရာ "

" အင္း... သူက.. "

" အင္း "

" အဲဒီေကာင္ေလးကို ပထမဆုံးသူငယ္ခ်င္းလို႔ ေျပာရမလား.. ပထမဆုံးရန္သူလို႔ေျပာရမလား ကြၽန္ေတာ္ စဥ္းစားေနရတာ "

ဒီတခါေတာ့ ေရွာင္က်န႔္က ၿပဳံး႐ုံတင္မဟုတ္ေတာ့ဘဲ သူ႔အေတြးနဲ႔သူ ရယ္ေနေလရဲ႕..

" ငယ္ငယ္က ကြၽန္ေတာ္က ေအးတယ္.. ေၾကာက္တတ္တယ္.. အႏိုင္က်င့္ရင္လဲခံရတယ္.. ကိုယ္မွန္ေနရင္ေတာင္ ျပန္မေျပာဘူး.. ဒါေပမယ့္ အဲဒါေတြအကုန္လုံးကို က်န္းခ်န္ဆိုတဲ့ အေကာင္ေပါက္ေလးက ေျပာင္းျပန္လွန္ပစ္တာ.. သူက အက်င့္ဖ်က္ပစ္တာ ကြၽန္ေတာ့္ကို "

" ဟုတ္လား...ဘယ္လိုမ်ိဳးလဲေျပာပါဦး..
"
" ရယ္ေတာ့ရယ္ရတယ္.. ကြၽန္ေတာ့္တသက္လုံးမွာ ပထမဆုံး စိတ္ဆိုးၿပီး ျပန္ရန္ျဖစ္တဲ့သူ ျပန္ေအာ္ရဲတဲ့သူက က်န္းခ်န္ေလ.. ဘာကိစၥမွန္းေတာ့ မေသခ်ာေတာ့ပါဘူး.. ေသခ်ာတာက ကြၽန္ေတာ္ ရန္ျဖစ္ရင္ေတာင္ ကြၽန္ေတာ့္ကို ပစ္ထားမယ့္သူေတြထဲ က်န္းခ်န္မပါဘူးဆိုတာကို ယုံေနခဲ့တာ.. အဲဒီစိတ္နဲ႔ပဲ ရန္ျဖစ္ရဲခဲ့တာ..သူပထမဆုံးပဲ "

" .... "

" ေနာက္ပိုင္း ကြၽန္ေတာ္ သူမ်ားေတြနဲ ကေတာက္ကဆျဖစ္တိုင္း ေဘးနားမွာအၿမဲ ပါလာတတ္တဲ့ တစ္ဦးတည္းေသာ သူကလဲ က်န္းခ်န္ပဲ.. အင္း.. ပထမဆုံးဆိုတာထက္ တဦးတည္းေသာလို႔ ေျပာရမယ္ထင္တယ္.. "

အေတြးေတြထဲ အတိတ္က အဝါေရာင္စက္ဘီးႏွစ္စီးက တလိမ့္လိမ့္ဝင္လာတယ္..
ေပ်ာ္႐ႊင္ခဲ့တဲ့ ကာလေတြၾကား သူ တခုတ္တရ သတိရမိတာက သာယာတဲ့ ရာသီဥတုေတြ မဟုတ္ခဲ့ဘဲ ေရာယွက္ေနတဲ့ ရယ္သံေတြပဲ ျဖစ္ျပန္တယ္..

သူတို႔ႏွစ္ေယာက္အျပင္ ေရွာင္က်န႔္အတြက္ ေအရးပါတဲ့သူ ဘယ္သူရွိေသးလဲ လို႔ ဟန္ေကာက ေမးလာတဲ့အခါ
ျငင္ျငင္သာသာေခါင္းခါျပရင္းပဲ ေရွာင္က်န႔္က ျငင္းမိတယ္..

ေလာင္းရိပ္မမိတဲ့ခ်စ္ျခင္းေတြနဲ႔ပဲ ရိေပၚကို ေရွာင္က်န႔္က ျမတ္ႏိုးခ်င္ခဲ့တာ..
သာမန္လူမဟုတ္တဲ့ သူ႔ကေလးေလးကို ေရွာင္က်န႔္က လူသိမခံသင့္ဘူး မဟုတ္လား..။

.

.

.

< ေကာ.. ပြဲၿပီးၿပီ.. ေအာက္ဆင္းလာေတာ့ >

ဝင္လာတဲ့စာတိုေလးက ရိေပၚဆီကျဖစ္တယ္..၊
ဒီၾကားထဲမွာ ရိေပၚရဲ႕ ႐ိုက္ကူးေရးေတြေၾကာင့္ သူတို႔ မေတြ႕ျဖစ္ခဲ့ေပမယ့္ ဒီေန႔ေတာ့ ရိေပၚရဲ႕အလုပ္က သူတို႔ Company အထိ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာခဲ့ရဲ႕..

ရိေပၚ ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲအတြက္ စာနယ္ဇင္းပြဲက ဒီေန႔သူတို႔ Company ဒုတိယထပ္က ခန္းမမွာ..
လက္ရွိသတင္းႀကီးေနတဲ့ မင္းသားမင္းသမီးစုံတြဲမို႔ သူတို႔ဝန္ထမ္းေတြကေတာ့ ေျပာစရာေတြပိုမ်ားေနေပမယ့္ ေရွာင္က်န႔္အတြက္ကေတာ့ စိတ္က်ဥ္းက်ပ္ေနခဲ့ျပန္တယ္..

မၾကည့္ခ်င္လဲျမင္ေနရတဲ့ သတင္းေတြၾကား..
fan ေတြရဲ႕ လိုရာဆြဲေတြးမႈေတြၾကား ေရွာင္က်န႔္က အခုတေလာ ဖုန္းကိုင္ဖို႔ကိုေတာင္ တြန႔္ဆုတ္ခ်င္လာတယ္..

သူတို႔ ဆိုင္ကယ္ကြင္းသြားတဲ့ေန႔မွာ ရိေပၚဝတ္ထားတဲ့ တီရွပ္က အဲဒီမိန္းကေလးနဲ႔ဆင္တူဝယ္ထားတာ...
႐ိုက္ကြင္းေနာက္ကြယ္က ရယ္ေမာေဆာ့ကစားေနတဲ့ ပုံရိပ္ေတြက ခ်စ္ျခင္းေတြနဲ႔ က်ီစယ္ေနၾကတာ...
အမ်ိဳးမ်ိဳးပါပဲ..

ေရွာင္က်န႔္က ဒီလိုေလာင္ၿမိဳက္မႈမ်ိဳးကို အခ်ိန္အတိုင္းအတာတခုထိ သည္းခံေပးဖို႔ ႀကိဳးစားၾကည့္ရမွာ..
ရိေပၚက ယုံၾကည္ပါလို႔ ေတာင္းဆိုလာတဲ့အခါ ယုံေပး႐ုံကလြဲၿပီး ေရွာင္က်န႔္ဆီမွာ သတၱိရွိရွိ လက္ညိဳးထိုးႏိုင္စြမ္းလဲမရွိဘူး မဟုတ္လား..။

.

.

.

ျပတင္းေပါက္ကေန ေအာက္ကိုလွမ္းၾကည့္ေနရင္း အလွ်ိဳလ်ိဳထြက္သြားတဲ့ကားေတြ ရွင္းသြားေလာက္တဲ့အခ်ိန္က်မွ ေရွာင္က်န႔္ ႐ုံးခန္းမီးပိတ္ၿပီး ရိေပၚရွိရာ အထပ္ဆီဆင္းလာခဲ့တယ္..

ဒီအထပ္မွာ သူတို႔ႏွစ္ေယာက္စေတြ႕ခဲ့တယ္ဆိုတဲ့ အေတြးဝင္လာတဲ့အခါ ေရွာင္က်န႔္က တခုတ္တရၿပဳံးမိေသး..

" ေကာ.. ဒီမွာ "

အခန္းတခန္းထဲကထြက္လာတဲ့ ရိေပၚကို ျမင္ေတာ့ ေရွာင္က်န႔္က ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးတယ္..
ဒါေပမယ့္ ရိေပၚရဲ႕ တေယာက္ထဲျဖစ္မေနတဲ့ အေျခအေနကိုျမင္ရျပန္ေတာ့ ဘယ္လိုတုန႔္ျပန္ရမလဲ မသိေတာ့တာလဲ ေရွာင္က်န႔္ပဲျဖစ္ျပန္တယ္..

" ေကာ.. သူက ေမလ်န္းလ်န္း "

သက္ဆိုင္မႈျပတဲ့စကားလုံးတခ်ိဳ႕တဝက္ မပါလာဖို႔ကို ေရွာင္က်န႔္က ဘာေၾကာင့္ ဆုေတာင္းေနမိခဲ့လဲမသိဘူး..
တကယ္ဆို ရိေပၚသက္ဆိုင္သူက သူပဲကို..
ဘာလို႔ ရိေပၚက ဒီေန႔မွ တျခားတေယာက္လိုမ်ိဳး ခံစားမိေနသလဲ ဆိုတာကိုလဲ သူ႔ကိုယ္သူ နားမလည္ႏိုင္ျပန္ဘူး..

" လ်န္းလ်န္း.. သူက ေရွာင္က်န႔္တဲ့.. အင္း..ေကာက ဒီ Company ပိုင္ရွင္လို႔ပဲေျပာရမွာေပါ့ "

ေရွာင္က်န႔္ကိုက ႐ူးတာပါ..
မ်က္ဝန္းအၾကည့္ေတြကိုေတာင္ လိုက္ယွဥ္ေနမိတာ..
ဟိုး.. ဟိုးအရင္ကအတိုင္း..

လ်န္းလ်န္းဆိုတဲ့ မိန္းကေလးက အျပင္မွာပိုၾကည့္ေကာင္းတယ္လို႔ ေရွာင္က်န႔္ဝန္ခံရမယ္..
ဒါေၾကာင့္သာ ပရိသတ္ေတြက ရိေပၚနဲ႔ သိပ္လိုက္ဖက္တယ္ ေျပာၾကတာထင္တယ္..

စကားနည္းနည္းေျပာၿပီးေတာ့ လ်န္းလ်န္းက လက္ဆြဲႏႈတ္ဆက္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေရွာင္က်န႔္ရွိရာကို လက္ကမ္းလာတယ္..

မလႈပ္ရွားဘဲ ၿငိမ္ေနရျခင္းအေၾကာင္းက ဟိုတေန႔ကလို ရိေပၚက ဒီအေျခအေနကေန သူ႔ကိုေခၚထုတ္သြားေပးဖို႔ ေမွ်ာ္လင့္ေနခဲ့မိလို႔ထင္ပါရဲ႕..

ရိေပၚက လက္ေတြကိုေတာ့ ဖမ္းဆုပ္လာပါရဲ႕..
အင္း..
အဲဒီမိန္းကေလးလက္ေတြက ပိုႏူးညံ့လို႔ထင္တယ္..

" ကြၽန္ေတာ္ သူ႔ကို ကားဆီလိုက္ပို႔လိုက္ဦးမယ္ေနာ္.. ေကာ .. ဒီမွာပဲေစာင့္ေန "

" အင္း... "

ဆြဲေခၚခံသြားရတဲ့ ေကာင္မေလးက အားနာသလိုေရွာင္က်န႔္ကို ၿပဳံးျပလာတဲ့အခါ ေရွာင္က်န႔္က ဆုပ္ကိုင္ထားတဲ့လက္ေတြကို ေၾကာင္ေငးေနရာကေန အၾကည့္လႊဲရျပန္တယ္..

ဘာလို႔လဲ..
ဘာလို႔ သူ႔ေရွ႕မွာမွလဲ..
စကၠန႔္ပိုင္းအတြင္း ေခါင္းထဲ ေမးခြန္းေတြတင္းၾကပ္လာတဲ့ အေျခအေနမွာ ရိေပၚရဲ႕ နည္းျပႀကီးလို ေရွာင္က်န႔္က သေဘာတက်ရယ္ေမာၿပီး က်န္ရစ္မေနခဲ့တာေတာ့ အမွန္..။

.

.

.

" ေကာ.. အိမ္ျပန္မယ္မဟုတ္လား "

" ဟင့္အင္း.. က်န္းခ်န္တို႔အိမ္ ျပန္မယ္ "

" မျပန္ရပါဘူး.. ကြၽန္ေတာ္မနက္ဖန္ နားရက္ယူထားလို႔ ေကာအိမ္မွာေနမလို႔ "

" ေကာက ႐ုံးသြားရမွာ.. က်န္းခ်န္ဆီပဲပို႔ေပးပါ "

" ..... "

ကားက စမထြက္ခင္ထဲက လမ္းေၾကာင္းေတြ လြဲေနခဲ့ေလရဲ႕..
ဘီးစလိမ့္တဲ့အခါ ေရွာင္က်န႔္က မ်က္ဝန္းေတြမွိတ္ခ်ပစ္တယ္..
ဒီအေျခအေနမွာ ရိေပၚအလိုက် သူ စကားေတြ မ်ားမ်ားေျပာႏိုင္မယ္ မထင္ဘူး..

" ေကာ.. ေနမေကာင္းဘူးလား "

" ေကာင္းပါတယ္ "

နဖူးကိုစမ္းမိတဲ့လက္ကို ေရွာင္က်န႔္က ေရွာင္တယ္..
လက္ကိုသြားကိုင္တဲ့ ရိေပၚလက္ကိုလဲ ႐ုန္းလာတယ္..
ပုခုံးကိုပုတ္တဲ့အခါ ကိုယ္ေလးက်ဳံ႕ၿပီး ဟိုဘက္ေထာင့္ကိုကပ္ပစ္တယ္..

အဲဒီလူ တစ္ခုခုျဖစ္ေနတာမွန္း ေသခ်ာသြားတဲ့အသိနဲ႔အတူ ရိေပၚက မ်က္ေမွာင္ႀကဳံ႕လာတယ္..

" ရိေပၚ.. ငါ့ကိုလႊတ္ပါ "

ေသခ်ာခ်င္စိတ္နဲ႔ ပိုက္ထားတဲ့လက္ကိုဆြဲေျဖၿပီး လက္တဖက္ကို တင္းတင္းဆုပ္ကိုင္ပစ္တဲ့အခါ ေရွာင္က်န႔္က ထင္ထားသလို ျငင္းလာတာပါပဲ..

မလႊတ္ေပးမိတဲ့အခါ ေရွာင္က်န႔္က သူ႔လက္ကို သတိလက္လြတ္ ငုံ႔ရင္းေငးလာတယ္..
ခဏၾကာေတာ့ ျပတင္းေပါက္ဘက္ေငးရင္း ေတာက္ေလွ်ာက္ကို သူ႔ဘက္ျပန္မလွည့္လာေတာ့..

" ရိေပၚ! .. ကားရပ္ "

" မရပ္ခ်င္ဘူး "

ကားက ေရွာင္က်န႔္အိမ္ဆီသြားရာလမ္းကို ေကြ႕သြားတဲ့အခါ အဲဒီလူက လွည့္ၾကည့္လာတယ္..
စိတ္ရႈပ္ေနတဲ့ အမူအရာက မ်က္ႏွာထက္မွာအထင္းသား..
လက္ကိုေနာက္တေခါက္ ထပ္႐ုန္းထြက္သြားတဲ့အခါ ရိေပၚက စိတ္မရွည္ေတာ့သလို ဆံပင္ေတြပါထိုးဖြပစ္မိတယ္..

" ေကာက ဘာျဖစ္ေနတာလဲကြာ "

" လုပ္.. ကားျပန္ေကြ႕ေပး "

" မဆိုးနဲ႔ေကာရာ... ကြၽန္ေတာ္ မနက္က်ရင္ ႐ုံးလိုက္ပို႔ေပးမွာေပါ့"

" .... "

ေရွာင္က်န႔္ စိတ္ေလးလာတယ္..
သူ ဒီအခ်ိန္မွာ ရိေပၚနားမွာမေနခ်င္ဘူး..

နာက်င္မႈကို မၿမိဳသိပ္ႏိုင္တဲ့အခါ ထြက္လာမယ့္ သံသယေတြ မယုံၾကည္မႈေတြကို ရိေပၚကို မျပခ်င္ဘူး..

စိတ္နဲ႔လြဲမွားေနရတာေတာင္ သေဘာထားေသးသိမ္မိသလို ကိုယ့္ကိုယ္ကို အျပစ္တင္ခ်င္ေနမိတဲ့စိတ္က ေရွာင္က်န႔္ကို ပူေလာင္ေစျပန္ေသးတာ..
ဒါေပမယ့္ သူ႔ေရွ႕မွာတြဲကိုင္သြားတဲ့ လက္ေတြက ဘာေတြလဲ...

ရိေပၚက ေဘးကေန တတြတ္တြတ္ေခၚေပမယ့္ ေရွာင္က်န႔္ျပန္မထူးမိ..
အထိအေတြ႕ေတြကိုလဲ တမင္ေရွာင္တာမ်ိဳးမဟုတ္ဘဲ အလိုလိုလန႔္ၿပီး ေနာက္တြန႔္ေနခဲ့မိတာ ရိေပၚကို သိလဲသိေစခ်င္သလို မသိလဲမသိေစခ်င္..၊

ရိေပၚေတာင္းဆိုတာကို သူတကယ္လက္ခံေပးခ်င္ခဲ့တာ..
ဒါေပမယ့္..
နားလည္မႈကို ဘယ္လိုမ်ိဳး ေပးရတာလဲ..
ယုံၾကည္မႈကို ဘယ္လိုလုပ္ယူၾကည့္ရမလဲ..
သူ မသိေတာ့ဘူး..
ဒီတိုင္းအဆင္ေျပခ်င္ေယာင္ ေဆာင္ေနရင္ေရာ ရေလာက္လား..
အေတြး႐ူးေတြနဲ႔ ၿပဳံးၾကည့္ဖို႔ႀကိဳးစားရင္ ရင္ထဲက ပိုနာလာတာေတြကေရာ..ဘာလို႔လဲ ။

အေတြးမ်ားေနတဲ့ ေရွာင္က်န႔္ဆီက တုန႔္ျပန္သံမရတာ ၾကာလာေတာ့ရိေပၚက စိတ္တိုလာပုံရတယ္..
ဟြန္းတီးတာကအစ ဘရိတ္အုပ္တာေတြကိုပါ ၾကမ္းၾကမ္တမ္းတမ္းလုပ္လာတယ္..

ရိေပၚသူ႔ကိုစိတ္ပ်က္သြားမွာ ေရွာင္က်န႔္က ေၾကာက္ပါတယ္..
ေၾကာက္ေပမယ့္ သူ႔ကိုယ္သူေတာင္ စိတ္ပ်က္ေနတဲ့အေျခအေနမွာ ဘယ္သူ႔ကို ေျပးအျပစ္တင္ရမလဲ..

သူ.. က်ဲကိုလြမ္းတယ္..

" လ်န္းလ်န္းေၾကာင့္လား "

ဆတ္ခနဲျဖစ္သြားတဲ့ခႏၶာကိုယ္က သူ လိုခ်င္တဲ့အေျဖကိုေပးတယ္..
ေရွာင္က်န႔္အျပဳအမူေတြတိုင္းကို အလြတ္လိုက်က္လာခဲ့တဲ့ေကာင္မို႔ ထင္တဲ့အတိုင္း အေျဖကထြက္လာတာပါပဲ..

" မဟုတ္ပါဘူး.. "

ေရွာင္က်န႔္က ေခါင္းမာလြန္းတယ္..
ျဖစ္ႏိုင္ရင္ အဲဒီလူကို သူဆြဲခ်ဳပ္ၿပီး တစ္ခုခု လုပ္ပစ္ခ်င္ေနၿပီ..

" ငါ.. "

" အင္း.. ေကာဘာျဖစ္လဲ "

ပထမဆုံးထြက္လာတဲ့စကားမို႔ ရိေပၚကအလြတ္မခံ..

" ငါ.. ဒီရက္ပိုင္း သတင္းေတြမဖတ္ျဖစ္ဘူး "

" အင္း.. "

" ဟို.. မင္းတို႔ႏွစ္ေယာက္က confirm လိုက္ၿပီလား.. "

" !!! "

႐ုတ္တရတ္ကားကိုေဆာင့္ရပ္မိတဲ့အခါ အျပင္ေငးရင္း တိုးတိုးေလးေမးေနတဲ့ ေရွာင္က်န႔္က အလန႔္တၾကားလွည့္ၾကည့္လာတယ္..

" ေကာ.. ခင္ဗ်ား ႐ူးေနလား !! "

ခ်က္ခ်င္းျပန္လွည့္သြားတဲ့ မ်က္ႏွာက ရဲေနခဲ့တာကို ရိေပၚက ျမင္တယ္..
သူ အဲဒီလူကို နားမလည္ႏိုင္ေတာ့ဘူး..

" ေဆာရီး.. "

ေရွာင္က်န႔္က အက်င့္ေတြပ်က္လာတယ္..
ဒီေနာက္ပိုင္း ခဏခဏေျပာလာတတ္တဲ့ ေဆာရီးေတြကို ရိေပၚက မႀကိဳက္ဘူး..
ဒီတစ္ခါ အဆိုးဆုံးပဲ..

" ေတြ႕ခ်င္ေနတာ.. မေတြ႕ရတာ ဘယ္ႏွရက္ရွိၿပီလဲ.. ပင္ပန္းေနတာေတာင္ ခင္ဗ်ားနဲ႔ျမန္ျမန္ေတြ႕ရေအာင္ မရပ္မနားလုပ္ေနတာ.. ဒါေတြ မသိရင္ေတာင္ ေတြ႕တဲ့အခ်ိန္ေလးကို ေကာင္းေကာင္း ဆက္ဆံေပးလို႔မရဘူးလား.. ျပန္မယ္ ျပန္မယ္ က်န္းခ်န္ဆီျပန္မယ္ ?.. ေတြ႕တာနဲ႔ဒါပဲေျပာတယ္.. ကြၽန္ေတာ္ကေရာ ေက်နပ္လို႔ နားေထာင္ေနတယ္ထင္လို႔လား.. ေပ်ာ္လို႔ သည္းခံေနတယ္ထင္ေနတာလား.. "

" .... "

" ကြၽန္ေတာ္လဲ ပင္ပန္းတယ္.. တစ္ခုခုျဖစ္ေနရင္လဲေျပာ.. ထုထု႐ိုက္႐ိုက္.. လုပ္ခ်င္တာလုပ္လို႔ရတယ္.. ကြၽန္ေတာ္နားမလည္ႏိုင္ေအာင္ မေနလို႔မရဘူးလား.. အခုလို ဘာျဖစ္ေနမွန္းမသိျဖစ္ေနရင္ ကြၽန္ေတာ္က ဘာလုပ္ရမလဲ "

" ငါလဲ မျဖစ္ခ်င္ပါဘူး.. "

" ? "

" ငါလဲ ပင္ပန္းတယ္.. "

" .?. "

ကားေလးက ေနာက္တဖန္ျပန္တိတ္ဆိတ္သြားတယ္..
ေရွာင္က်န႔္အသံက အက္ကြဲကြဲကိုမွ တိုးေဖ်ာ့လြန္းေနတာမို႔ ရိေပၚေသခ်ာမၾကားေပမယ့္ အဆင္မေျပေသးတဲ့ အဲဒီလူစိတ္ကို နားလည္လိုက္မိျပန္တဲ့အခါ သက္ျပင္းခ်႐ုံကလြဲၿပီး မတတ္ႏိုင္..။

ျပန္ေမာင္းထြက္လာရာကေန အိမ္ေရွ႕ေရာက္တဲ့အထိ သူတို႔ႏွစ္ေယာက္ စကား မေျပာမိၾကေတာ့..
ေရွာင္က်န႔္က ကားေပၚကဆင္းဖို႔ျပင္ေပမယ့္ ရိေပၚက ကားေမာင္းသူေနရာမွာ မလႈပ္မယက္ၿငိမ္ေနဆဲ..
ငဲ့ၾကည့္မိေတာ့ ရိေပၚက မ်က္ႏွာလႊဲရင္း ေျပာလာတယ္

" ကြၽန္ေတာ့္ကို ဒီအိမ္မွာ လက္မခံခ်င္ဘူးမဟုတ္လား.. "

ေဝေဝဝါးဝါးေငးၾကည့္ေနတဲ့ ေရွာင္က်န႔္ဆီက ဘာသံမွထြက္မလာေတာ့ ရိေပၚကပဲ စကားကိုအဆုံးသတ္တယ္..

" ျပန္ေတာ့မွာမို႔ ေကာင္းေကာင္းအိပ္ "

စက္ျပန္ႏႈိးတဲ့ကားကိုၾကည့္ရင္ ေရွာင္က်န႔္က ေက်ာခိုင္းထြက္လာလိုက္တယ္...
အက်ႌအိတ္ထဲက က်စ္က်စ္ဆုပ္ထားမိတဲ့ လက္သီးဆုပ္ေတြက ေတြေဝရင္းလမ္းေပ်ာက္ေနတဲ့ ေရွာင္က်န႔္ကို ေဖာ္ျပတယ္..

အိမ္ထဲေရာက္တဲ့အခါ ကုတ္အက်ီကိုခြၽတ္တယ္..
ေရေသာက္တယ္..
ေရခ်ိဳးခန္းထဲဝင္ရင္း မ်က္ႏွာသစ္တယ္..
ကုတင္ေပၚမွာထိုင္တယ္ ..
ျပန္ထၿပီး လမ္းေလွ်ာက္တယ္..
ပန္းခ်ီဆြဲရမလား..
မၿပီးေသးတဲ့အလုပ္ ဘာရွိေလာက္လဲ..
ဒီအခ်ိန္ဆို TV ကဘာလႊင့္ေလာက္လဲ..
ရိေပၚႀကိဳက္တဲ့ Racing event လာေနမလား..
ဒီေန႔ ရိေပၚတို႔ရဲ႕ ဇာတ္လမ္းစလႊင့္မယ္ၾကားတယ္..
သူ ၾကည့္ရင္ေကာင္းမလား..
ၾကည့္ေနရင္း ႏွစ္ေယာက္တြဲပုံရိပ္ကို အသားက်သြားရင္ ရိေပၚလိုခ်င္တဲ့ နားလည္မႈေတြ ယုံၾကည္မႈေတြ ေပးႏိုင္ေလာက္လား..
ဒါေပမယ့္..
ရိေပၚက လိုေရာ လိုပါဦးမလား..
ခုနကကားေပၚမွာ ေဒါသထြက္သြားပုံေထာက္ရင္ေတာ့ သူ႔ကို စိတ္ပ်က္ေနၿပီထင္တယ္..

ညေနက သူ႔ကိုထားၿပီး လ်န္းလ်န္းနဲ႔ ထြက္သြားတုန္းကေတာ့ ရိေပၚေပ်ာ္ေနခဲ့တာမလား..
ဟန္ေဆာင္ရင္းနဲ႔ လ်န္းလ်န္းကို သေဘာက်သြားရင္ ရိေပၚက သူ႔ကိုစြန႔္ပစ္မွာလား..

သူ႔အေၾကာင္းကို အဲဒီေကာင္မေလးကို ေျပာရင္း ႏွစ္ေယာက္တူတူ ေလွာင္ေနမွာလား...
ေယာက်္ားခ်င္းကို ေငြေတြအမ္းၿပီး ေစာက္ရွက္မရွိဆြဲေဆာင္တဲ့ေကာင္ဆိုၿပီး အဲဒီေကာင္မေလးက သူ႔ကို လာေျပာဦးမွာလား..

မနက္ဖန္ ေက်ာင္းတက္ရင္ အဲ့ေကာင္မေလးသူငယ္ခ်င္းေတြက သူ႔ကို ေလွာင္ၾကဦးမွာလား..
တေက်ာင္းလုံးကေရာ ႐ြံစရာေကာင္ႀကီးလို သူ႔ကိုပယ္ထားဦးမွာလား...

သူ.. ေၾကာက္တယ္..
တကိုယ္လုံးလဲ ပူလာတယ္..

ေရခ်ိဳးခန္းထဲသြားၿပီး ေဘစင္ထဲေခါင္းႏွစ္ထားမိတဲ့အခါ ခဏၾကာေတာ့ ေရွာင္က်န႔္က သတိနည္းနည္းျပန္ကပ္လာတယ္..
သူ တကယ္ကိုအိပ္ဖို႔လိုေနခဲ့တယ္ထင္တယ္..

ဧည့္ခန္းထဲက အက်ႌကိုသြားေကာက္ရင္း ေရွာင္က်န႔္က ေဆးဘူးကိုႏႈိက္တယ္..
အဖုံးဖြင့္တဲ့လက္ေတြက တုန္ယင္ေနတုန္း ေဆးဘူးက ႐ုတ္တရတ္ ၾကမ္းေပၚျပဳတ္က်တယ္..
ခ်က္ခ်င္း ကုန္းေကာက္ဖို႔ျပင္တဲ့ ေရွာင္က်န႔္လက္ေမာင္းကို တစုံတေယာက္က ဖမ္းဆြဲထားေလရဲ႕..

" ရိ..ရိေပၚ.. "

ခပ္ဟဟ ႏႈတ္ခမ္းေတြဆီက ေလသံက တကယ့္ကိုတိုးလြန္းတယ္..

" ဖုန္းက်န္ခဲ့တာေတာင္ မသိဘူးလား.. "

" ေဆာရီး.. ငါ.. "

" လာ "

ရိေပၚက ေရွာင္က်န႔္လက္ကို အခန္းထဲထိ ဆြဲေခၚလာရင္း ေရခ်ိဳးခန္းထဲပို႔ေတာ့ အဲဒီလူက မျငင္းဆန္ဘဲ ဆြဲတဲ့အတိုင္းပါလာတာ အ႐ုပ္လို...
ညဝတ္အက်ီ လဲခိုင္းၿပီးတာနဲ႔ ကုတင္ေပၚမွာထိုင္ေစရင္း ႐ြဲစိုေနတဲ့ေခါင္းကို သုတ္ေပးေတာ့လဲၿငိမ္ေနတုန္း..

" အိပ္ေတာ့.. "

" ငါ.. ေဆးေသာက္..."

" မလိုဘူး.. ကြၽန္ေတာ္ရွိတယ္ "

ခပ္ႀကိတ္ႀကိတ္ေဟာက္လိုက္ေတာ့ ေရွာင္က်န႔္က ႏႈတ္ခမ္းေလးတင္းတင္းေစ့ၿပီး မ်က္ႏွာလႊဲတယ္..
ၿပီးေတာ့ ကုတင္ေပၚလွဲခ်ၿပီး ရိေပၚကို ေက်ာခိုင္းအိပ္တယ္..

ရိေပၚ သူကိုယ္တိုင္အကၽႌလဲၿပီးတဲ့ အခ်ိန္ထိ ေရွာင္က်န႔္က ခုနကအတိုင္းမလႈပ္မယက္ လွဲေနတုန္း..
ေစာင္ကို အသာဟလို႔ အေနာက္ကဝင္လွဲရင္း ေရွာင္က်န႔္ကိုယ္ေလးကို ခါးကေနသိမ္းဖက္တဲ့အခါ ကိုယ္လုံးေလးက တခ်က္တုန႔္ခနဲျဖစ္တယ္..
အသက္ရႉမမွန္ေသးတာေၾကာင့္ ေရွာင္က်န႔္မအိပ္ေသးမွန္း ရိေပၚကသိတာမို႔ ရင္ဘတ္ကိုခပ္ဖြဖြပုတ္ေပးမိျပန္တယ္..

" ကြၽန္ေတာ္က ဆိုးတယ္ေနာ္ "

" .... "

" ခုနက ေကာကို မေအာ္လိုက္သင့္ဘူးမလား "

" .... "

" ေျဖပါဦး.. ကြၽန္ေတာ္ကဆိုးလား "

" အင္း "

ေျဖသံေလးက ႀကိတ္မွိတ္ေျဖရသလို တခ်က္ထဲ တုန႔္ခနဲ..
ရိေပၚက ေရွာင္က်န႔္ ဂုတ္ေပၚက ဆံပင္အနားသတ္လိုင္းေလး ေတာက္ေလ်ာက္ကို ႏႈတ္ခမ္းနဲ႔ ပြတ္ဆြဲရင္းနမ္းေတာ့ ေရွာင္က်န႔္က ပုခုံးေလးကို က်ဳံ႕တယ္..
ဂုတ္ပိုးေလးေတြ ပုခုံးေလးေတြကို ေနရာမလပ္နမ္းရင္း ရိေပၚက တခ်က္တခ်က္ကိုက္မိတဲ့အခါ ေရွာင္က်န႔္က ေစာင္ေအာက္ထဲကို မသိမသာ ကြယ္ရင္း တိုးတိုးဝင္တယ္..

" မင္း... "

" အင္း..ေကာ "

" ဟိုဘက္ခန္းသြားအိပ္ေလ"

" ဒီဘက္လွည့္ "

" သြားအိပ္ "

" ဒီဘက္အရင္လွည့္ "

" သြား "

" ဒီဘက္လွည့္ရင္ သြားမယ္ "

" .... "

တုန႔္ျပန္မလာေတာ့တဲ့ ေရွာင္က်န႔္က ရိေပၚနဲ႔ မ်က္ႏွာခ်င္းမဆိုင္ဖို႔ ဆုံးျဖတ္ထားပုံရတယ္..
စိတ္ဆိုးေနတာမဟုတ္မွန္း ရိေပၚကသိေပမယ့္ ခုနကလိုပုံစံမ်ိဳးကိုျမင္ရတာထက္စာရင္ စိတ္ဆိုးၿပီးသူ႔ကိုပစ္ထားတာကမွ ခံသာဦးမယ္ထင္တယ္..

ေတြးေနတုန္းမွာပဲ ထြက္လာတဲ့ အသံတိုးတိုးက သူၾကား႐ုံေလာက္ေလး..

" ငါ.. မင္းကိုမခ်စ္ခ်င္ေတာ့ဘူး "

" အင္း... "

" မင္းလဲ ငါ့ကိုမခ်စ္နဲ႔ေတာ့ "

" ဟင့္အင္း.. "

" ငါက ရယ္ရလား "

" ဟင့္အင္း "

" မင္းစိတ္ထဲ ငါ့ကို ေလွာင္ရင္ေလွာင္ေနမွာ "

" မေလွာင္ပါဘူး..ေကာရဲ႕ "

" ငါ မင္းကိုမခ်စ္ဘူးေနာ္"

" အင္း.. "

" တျခားသူနဲ႔တြဲၿပီး မင္းက ကြၽန္ေတာ္တို႔လို႔ ေျပာရင္ မႀကိဳက္ဘူး "

" အင္း.. "

" သူမ်ားလက္ကိုကိုင္ထားတဲ့ မင္းလက္ေတြကိုလဲ မႀကိဳက္ဘူး "

" အင္း.. "

" ဒါေပမယ့္ မင္းခ်စ္ရင္ေတာ့ ကိုင္ပါ.. ငါ့ကိုမရယ္ရင္ရၿပီ "

" အင္း..အင္း.. "

ေရွာင္က်န႔္က မ်က္ဝန္းေတြစင္းေနရက္နဲ႔ တဖြဖြဆက္႐ြတ္ေနတုန္း..
အေျဖလိုခ်င္လို႔ ေျပာေနတာမဟုတ္မွန္းသိေပမယ့္ သူနားမလည္ႏိုင္တဲ့စကားေတြပါလာရင္ေတာင္မွ ရိေပၚက မညည္းမညဴ ဆက္ေျဖေပးေနတုန္း..

အိပ္ေပ်ာ္သြားတဲ့အခါမွ ခပ္ေႏြးေႏြးကိုယ္ေလးကို ပုခုံးကေနဆြဲလွည့္လို႔ ရင္ခြင္ထဲေပြ႕ထည့္ရတယ္..
ခပ္ရဲရဲမ်က္ႏွာေလးက အပူရွိန္တေငြ႕ေငြ႕နဲ႔ ေရွာင္က်န႔္က ဖ်ားခ်င္ေနခဲ့ျပန္တယ္ ထင္ရဲ႕ ..

ေမးဖ်ားေလးကိုကိုင္ရင္း ႏႈတ္ခမ္းေလးကို ခပ္ဖြဖြငုံခဲမိတဲ့အခါ ေလပူေႏြးေႏြးေတြကပါ ရိေပၚကို တိုးတိုက္တယ္..
အေပၚႏႈတ္ခမ္ေလးတိုးနမ္းလိုက္ ေအာက္ႏႈတ္ခမ္ေလးဆြဲငုံလိုက္နဲ႔ ရိေပၚက သူတေန႔လုံး မနည္းၿမိဳသိပ္ထားခဲ့ရတဲ့ မြတ္မြတ္သိပ္သိပ္အနမ္းေတြကို ေရွာင္က်န႔္မႏိုးေအာင္ တိုးတိုးတိတ္တိတ္ ခရီးဆက္ရတယ္...

သူက သံသယကင္းကင္းနဲ႔ခ်စ္ေစခ်င္တာ..
သူက ယုံၾကည္ေစခ်င္တာ..
မင္းကို မခ်စ္ဘူးဆိုတဲ့ စကားကို တဖြဖြ႐ြတ္ေနရင္းနဲ႔ေတာင္ နာက်င္ေစခ်င္တာမဟုတ္ဘူး..

ခုနက တတြတ္တြတ္႐ြတ္ခဲ့သမွ်ေတြကို မနက္က်ရင္ သူ႔က်န႔္ေကာ မမွတ္မိေတာ့ရင္ေကာင္းမယ္လို႔ ရိေပၚက ဆုေတာင္းတယ္...

ၿပီးေတာ့ သူ ပိုႀကိဳးစားရမယ္ထင္တယ္..
သူလုံးဝ လက္မလႊတ္ခ်င္တဲ့ သူ႔ ျမတ္ႏိုးျခင္းေလးက နားလည္ရသိပ္ခက္တာမို႔...။

-------------------------------------------

( Unicode )

" မိသားစုဆီကဖြစ်ဖြစ် ပတ်ဝန်းကျင်ကဖြစ်ဖြစ် လူတေယာက်က သူ့ကို အသုံးမကျတဲ့ကောင်လို့ ခဏခဏ အပြောခံရလာတဲ့အခါ ဘယ်လိုတုန့်ပြန်မယ်လို့ ညီကျန့် ထင်လဲ "

ညီကျန့်ဆိုတဲ့ အသုံးအနှုန်းကြောင့် ရှောင်ကျန့်က အရင်လူတွေထက် သူရှေ့ကလူကို ရင်းနှီးမြန်စေခဲ့တယ်ထင်တယ်..

ဟန် တဲ့..
ကျန်းလီကျဲ မသွားခင် ချိတ်ဆက်ပေးခဲ့တဲ့ psychiatrist ဖြစ်သလို ကျဲရဲ့သူငယ်ချင်းတွေထဲက တယောက်လဲဖြစ်နေပြန်သေးတယ် ..

" ကော အတွေ့အကြုံအရ ဆိုရင်ပေါ့.. အဲဒီလူက ပထမတော့ စိတ်တိုမယ်.. ကြာလာရင်တော့ ဥပေက္ခာပြုကြည့်မယ်.. ခေါင်းထဲမထည့်ချင်ယောင် သူဆောင်ကောင်း ဆောင်လိမ့်မယ်.. ဒါပေမယ့် တချိန်ချိန်မှာ အဲဒီလူက ခြေချော်လက်ချော်ဖြစ်သွားတယ်ပဲ ဆိုပါစို့... သူ မှန်နေရဲ့နဲ့တောင် ရှေ့ဆက်လျှောက်ချင်စိတ်တွေ ပျောက်နေမယ်.. အရှုံးပေးချင်စိတ်တွေ ဖြစ်လာခဲ့မယ် .. လိုတာထက်ပိုတဲ့ တုန့်ပြန်မှုတွေ ပေးလာခဲ့မယ် ဆိုရင်ရော .."

" ..... "

" ဒါဆို အဲဒီလူကိုယ်တိုင်က သူ့ကို လူတွေပြောနေကျလိုမျိုး ငါ တကယ်အသုံးမကျတာပါလား ဆိုတဲ့ အတွေးကို သူ ကိုယ်တိုင် လက်ခံလိုက်လို့ပဲ ဖြစ်လိမ့်မယ်တဲ့.. "

" ....... "

" ရှောင်ကျန့်.. ညီရော ဘယ်လိုမြင်လဲ.. "

" ... "

" ညီကျန့်.. "

" အင်း...ကျွန်တော်လဲ ဖြစ်ခဲ့ဖူးလို့ထင်တယ်... အပြင်လူအနေနဲ့တွေးကြည့်ပေးဖို့က ခက်လိုက်တာ "

" ဘယ်လိုမျိုးလဲ.. ကောကို ပြောပြချင်လား "

ရယ်စရာမပါဘဲ ရယ်နေမိတဲ့ ရှောင်ကျန့်မျက်ဝန်းတွေက တကယ်တမ်းကျ ဆွေးမြေ့နေခဲ့တယ်..

အိမ်ရှေ့က ဖြတ်သွားနေကျ အဒေါ်ကြီးတွေ...
အတန်းထဲက သူငယ်ချင်းတွေ..
ရှေ့မှာဆို ပါးပါးတို့ဆီက လက်ဆောင်ပဏ္ဏာတွေယူပြီး နောက်ကွယ်မှာစောင်းမြောင်းတတ်တဲ့ ဆရာမတွေ..
ပြီးတော့ ပါးမို့ထက်က အမာရွတ်တစ်ခုရဲ့ ပိုင်ရှင်..

" အင်း.. ကျွန်တော်က ရွံဖို့ကောင်းတယ် တဲ့ "

" ...... "

" အဲဒါကို ကျွန်တော်လဲ လက်ခံခဲ့မိတယ် ထင်တယ် "

ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ နည်းလမ်းပေမယ့် ဒဏ်ရာတွေကို ပြန်ဆွဲခေါ်ရတဲ့ ကုထုံးက အနည်းနဲ့အများတော့ နာကျင်ရတာပါပဲ..

ဒါပေမယ့် အရင်လူတွေရဲ့ အခန်းတွေလို ဖြူစွတ်မနေတဲ့ နံရံအရောင်က သူ့ကို အနည်းဆုံးတော့ မခြောက်ချားစေတာတော့အမှန်ပဲ...
ပရိဘောဂ ခန်းစီးက အစ Warm tone တွေသုံးထားတဲ့ ဒီအခန်းက ရှောင်ကျန့်တို့လိုလူတွေအတွက် ဆွေးနွေးခန်းဆိုတာ မယုံချင်စရာ..

အရင်လူတွေလိုမဟုတ်ဘဲ ဟန်ကောက သူ့ကို လူနာတေယာက်လို မဆက်ဆံဘူး..
ဒါကပဲ သက်တောင့်သက်သာဖြစ်ရခြင်း အကြောင်းရင်းလို့ ပြောရမယ်ထင်တယ်..
အရိုးသားဆုံးပြောရရင် ရှောင်ကျန့်ရဲ့ sexual orientation ကို အေးဆေးသက်သာစွာ လက်ခံနိုင်တဲ့သူ ဖြစ်နေလို့လဲ ပါပါလိမ့်မယ်..

အရင်ကမတွေးခဲ့ရင်တောင် အခုကစတွေးကြည့်သင့်ကြောင်း..
အပြင်လူအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်တတ်ရင် ဘယ်လိုအကျိုးရှိကြောင်း ဥပမာတွေနဲ့ ပြောရင်း ဟန်ကောက ဒီနေ့တွေ့ဆုံမှုကို အဆုံးသတ်တယ်..
ပြီးတော့ ထုံးစံအတိုင်း ဆေးလျှော့သောက်ဖို့ပြောတယ်..
အင်း..
ဒီလိုအချိန်တွေဆို သူကတော့ ကျဲကိုပဲ မြင်ယောင်မိတော့တာပဲ..။

.

.

.

" ကျန့်ကော.. တကယ်မလိုက်ဘူးလား "

" အင်း... ကောပြောပြီးပြီလေ "

" ကျွန်တော်က အရင်ပြောထားတာလေ.. သိသိကြီးနဲ့ဗျာ "

ရိပေါ်က အခု စိတ်ဆိုးချင်သလို ဖြစ်နေတယ်..
ဒီနေ့ညနေပိုင်း သူအားတာမို့ ဆိုင်ကယ်လေ့ကျင့်ကွင်းထဲ ရှောင်ကျန့်ကို လိုက်ခဲ့ဖို့ခေါ်နေခဲ့တာ အရင်တပတ်ထဲက..

ကြည်ကြည်ဖြူဖြူလက်ခံထားပြီး အခုက်မွ လိုက်လို့မရတော့ဘူးလို့ ပြောလာတဲ့အပြင် အဲဒီလူက အလုပ်ကိစ္စကြောင့်လို့ အကြောင်းပြချက်က ပေးလာသေးတာ..

" အင်း.. ကောသိပါတယ်.. ဒါပေမယ့် ကျန်းချန်က meeting သွားလိုက်ရလို့ ဒီနေ့ ကောရှိမှဖြစ်မှာ "

Laptop ကိုကြည့်လိုက် သူ့ကိုကြည့်လိုက်နဲ့ ရှုပ်နေတဲ့ အဲဒီလူက တကယ်ရော ပြေလည်ချင်စိတ်ရှိရဲ့လား ရိပေါ် မသေချာတော့..
ရိပေါ် ငြိမ်နေမိတော့ laptop ဆီက အကြည့်တွေက သူ့ဆီတောင် ရောက်မလာခဲ့ပြန်..

စိတ်ပျက်လက်ပျက်နဲ့ ထရပ်ဖို့ပြင်တော့မှ လက်ကောက်ဝတ်ကို ဖမ်းဆွဲလာတဲ့ အဲဒီလူ ..

" ရိပေါ်.. "

" ကျွန်တော့်ကို လွှတ် "

" အာ.. ဆောရီး "

လွတ်သွားတဲ့လက်ကိုခံစားမိပြန်တော့ ဒေါသစိတ်သေးသေးလေးက ဆောင့်တက်လာတယ်..
ဘာဆောရီးလဲ.. ဘာကိုဆောရီးလဲ..

" ဘယ်သွားမလို့လဲ "

အခုမှ အဲဒီလူ အာရုံတွေက သူ့အပေါ် လုံးလုံးလျားလျားရောက်လာပုံပါပဲ..
ဆိုဖာကို မှီထိုင်ရင်း ဆန့်ကျင်ဘက်ကို မျက်နှာမူတဲ့နည်းနဲ့ ရိပေါ်က သူစိတ်ဆိုးနေကြောင်းပြတယ်..

" ရိပေါ်.. "

" .... "

" စိတ်မဆိုးပါနဲ့လား.. ကော တကယ်မချော့တတ်ဘူး "

" မချော့တတ်ရင် ပစ်ထားလိုက် "

" မင်းကလဲ.. "

ခပ်တိုးတိုးလေး ရေရွတ်နေတဲ့ အဲဒီလူကို မသိမသာငဲ့ကြည့်လိုက်တော့ အကြံအိုက်နေတဲ့ပုံစံနဲ့ နှုတ်ခမ်းလေးကိုက်လိုက် ခေါင်းလေးကုတ်လိုက်နဲ့မို့ သူ ပြုံးချင်လာတယ်..

အကြည့်တွေက သူ့ ညာဘက်လက်နားမှာ ဝေ့ဝဲနေတဲ့ အဲဒီလူရဲ့ လက်တဖက်ဆီမှာ အဆုံးသတ်တယ်..
သူစိုက်ကြည့်နေမိတာကို ရှောင်ကျန့်က သတိထားမိတဲ့အခါမှာတော့ မျက်ဝန်းတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အဖြေပေးလာပြန်တယ် ..

" မင်းပဲ ခုနက လွှတ်ဆိုလို့ပါ.. မကြိုက်ဘူးထင်လို့ "

" ကျွန်တော်က ခင်ဗျားမှ မဟုတ်တာ "

" ... "

" ကြောင်ကြည့်မနေနဲ့ ကောရာ.. ကိုင်..ကိုင်တော့ "

မထင်ထားတဲ့စကားတခွန်းထဲ ခဏတာ ကြောင်ငေးသွားခဲ့တဲ့ ရှောင်ကျန့်က ရိပေါ်အသံအဆုံးမှာ သတိပြန်ဝင်လာခဲ့တယ်..
ရိပေါ်လက်ကိုတော့ ဆုပ်ကိုင်လာပါရဲ့..
သူ ရှင်းပြမလို့ စီထားတဲ့စကားတွေကတော့ ပျောက်သွားခဲ့ပုံပါပဲ..။

" ရုံးဆင်းချိန်အမှီရော ပြီးမှာလား "

သူ့လက်ပေါ်က ရှောင်ကျန့်လက်ဖမိုးကို ရိပေါ်က ခပ်ဖွဖွပွတ်ရင်းမေးမိတော့ အဲဒီလူက အားနာသလို သက်ပြင်းလေးချလို့..

" သေတော့မသေချာသေးဘူး.. Design Team ကို Overtime ဆင်းဖို့ ကောကပြောထားမိလို့.. သူတို့ကိုထားခဲ့ပြီး ကောက ပြန်သွားရင် မကောင်းဘူးလေ.. နော် "

" ဟင်း .. ကျန်းချန်ကောကရော ဘယ်အချိန်ပြီးမှာလဲ "

" ပြီးရင် ရုံးပြန်လာခဲ့မယ်လို့တော့ ပြောတာပဲ.. အခုထိတော့ ဖုန်းမဆက်သေးဘူး.. "

ရိပေါ်မျက်နှာလေးက ပိုပိုဆူပုတ်လာတယ်..
ကျန်းချန်ကို ကောလို့ခေါ်ရမယ်ဆိုပြီး ပြောဖူးတဲ့စကားကို ရိပေါ်က မမေ့မလျော့နားထောင်တာလေးကို သိလိုက်ရတော့ ရှောင်ကျန့်က ပြုံးမိပြန်တယ်..
ဝမ်ရိပေါ်က သိပ်လိမ္မာတဲ့ လူဆိုးလေး..။

ရှောင်ကျန့်က အလုပ်ဘက်ပြန်လှည့်တဲ့အခါ ရိပေါ်က ရှောင်ကျန့်ဘက်ကိုလှည့်တယ်..
ခါးကိုဖက်ပြီး ပုခုံးပေါ်မေးတင်တယ်..
နားရွက်ကိုလှမ်းနမ်းလိုက် ပုခုံးစွန်းကို ဖိနမ်းလိုက်လုပ်နေတဲ့ ကောင်လေးကို ရှောင်ကျန့်က ကိုယ့်အမှားနဲ့ကိုယ် မဟန့်တားရဲပြန်တာမို့ ငြိမ်နေပေးလိုက်ရတာပဲ..

" ကော... "

" အင်း.. "

" အလုပ်ပြီးရင်တော့ လိုက်ရမှာနော် "

" အင်း "

" အင်းလုပ်ပြန်ပြီ.. ပြီးတော့မှ ဘာဖြစ်လို့ ညာဖြစ်လို့ ထပ်ငြင်းရဲ ငြင်းကြည့်.. "

" ဘာလုပ်မှာလဲ "

" တစ်ခါထဲ ကားတင်ပြေးလိုက်မှာ "

အပိုတွေပြောလွန်းတဲ့ကောင်လေးကို ရှောင်ကျန့်က သဘောတကျ လှည့်ပြုံးတော့ ရိပေါ်က နှုတ်ခမ်ထောင့်လေးကို လှမ်းနမ်းတယ်...
အင်း..
ဒီအပြုံးလေးက ၂၃ ၁/၂ ဒီဂရီစောင်းလောက်တယ်..

" ကော.. မောနေရင် နားပါလား "

" မမောပါဘူး .. ထိုင်နေရတာကို "

" မောလိုက် ကောရာ.. လာပါဆို "

ရိပေါ်က ဖက်ထားတဲ့လက်ကို ရှောင်ကျန့်ရင်ဘတ်နားရွေ့ရင်း အားနဲ့ ဆွဲဖိချတယ်..
ရင်ခွင်ထဲရောက်လာတဲ့အခါ ရှောင်ကျန့်ကို အမောပြေဆိုပြီး ရိပေါ်က ဖိဖိနမ်းတယ်..
နဖူးကအစ မေးဖျားအဆုံး ကျရောက်လာတဲ့ အထိအတွေ့ခပ်နွေးနွေးတွေကို ရှောင်ကျန့်က မငြင်းသာ..
တကယ်တမ်းတော့ ရိပေါ် သူ့ကို စိတ်ဆိုးနေသေးလားဆိုတဲ့ အတွေးနဲ့ သူ ငြိမ်ပေးဖြစ်တာ ..

ဒါပေမယ့် ရိပေါ်ကဆိုးချင်တယ်..
ဆယ်မိနစ်ခြားတခါ အမောပြေလုပ်ဖို့အရေး ဝမ်ရိပေါ်အရေးဖြစ်နေတဲ့အခါ ရှောင်ကျန့်က အလိုမလိုက်ချင်တော့..
ခဏအကြာမှာ ' ဝမ်ရိပေါ်' နဲ့ 'ကောကလဲ' ဆိုတဲ့အသံတွေ ထွက်လာတော့တာများ အရင်အတိုင်း...ထုံးစံအတိုင်း.. ။

.

.

.

အဲဒီညက သူတို့ ဆိုင်ကယ်ကွင်းရောက်တော့ ည ၈ နာရီဝန်းကျင်..
နောက်ကျလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိပေါ်က သူ့ကို စိတ်ကောက်ကောင်းတုန်း..

စကားကောင်းကောင်းမပြောတာကလွဲပြီး သူလုပ်ချင်တာတွေတော့လုပ်နေတာပဲမို့ မချော့တတ်တဲ့အတူတူ ရှောင်ကျန့်က တိတ်တိတ်လေးပဲ လိုက်ခဲ့တော့တယ်..။

" ဒါ ရှောင်းကျန့်တဲ့.. ကျွန်တော့်ကော "

ဘာအဓိပ်ပါယျမှနျးမသိတဲ့အပွငျ တုံးတိတိမိတ်ဆက်စကားကို ရှောင်ကျန့်က အားနာသလိုဖြစ်မိပေမယ့်လဲ ရိပေါ်ရဲ့ နည်းပြဆိုတဲ့ ဦလေးကြီးကတော့ သဘောတကျနဲ့ ရယ်နေလေရဲ့..

" ဒါဆို ကျွန်တော်တို့ သွားတော့မယ်.. လာ ကော "

နည်းပြကြီးရဲ့ နှုတ်ဆက်ဖို့ကမ်းထားတဲ့လက်က လေထဲမှာ တန်းလန်းကျန်ခဲ့တာကို ကြည့်ရင်း ရှောင်ကျန့်ကတော့ ရိပေါ်ခေါ်ရာနောက် လိုက်လာရတာပါပဲ..။

ကွင်းကြီးကရှင်းလင်းနေတယ်..
ဒီတစ်ခါတော့ ရှောင်ကျန့်က အရင်သူထိုင်နေကျ ထောင့်လေးက အားပေးတဲ့ခုံလေးမှာ မထိုင်ရတော့ဘဲ ကွင်းထဲထိ ရိပေါ်က ဆွဲခေါ်လာတယ်..
လက်တဆုပ်စာ စက်လေးကို ပေးလာတဲ့ရိပေါ်က အချိန်မှတ်ပေးဖို့ကိုလဲ ရှောင်ကျန့်ကိုတောင်းဆိုလာတယ်..
အင်း.. ပူဆာတယ်လို့ ပြောရမယ်ထင်တယ်...။

တပတ်ပြီးတပတ်..
အကွေ့အဝိုက်တွေတစ်ခုချင်းစီကို သေသေသပ်သပ်ကျော်လာတဲ့ ကောင်လေးက ငေးကြည့်ချင်စရာကောင်းလောက်အောင် ရဲရင့်နေပြန်တယ်..
အဘက်ဘက်က တော်လွန်းတဲ့ကောင်လေးက ဘာလို့များ သူ့ဆီမှရောက်လာပါလိမ့်လို့ ရှောင်ကျန့်က တွေးနေမိသေးတာ..

မျက်စိလည်လို့ရောက်လာတယ်ဆိုရင်တောင် သူက ရိပေါ်အတွက် လမ်းမှားတစ်ခုတော့ မဖြစ်ချင်..။

" ကျစ်.. "

ဖြူဖြူဥဥမျက်နှာက အခုဆို ချွေးတွေစို့လို့..
ဝတ်စုံပြည့်နဲ့လေ့ကျင့်နေတဲ့ကောင်လေးက ဘယ်သူ့ကိုမှ အကူမခေါ်ထားတာမို့ ရှောင်ကျန့်တယောက်ထဲ ရေဘူးပဲအရင်ပေးရမလား ခြေှးပဲသုတျပေးရမလား တွေးပြီး စိတ်ကူးထဲအလုပ်ရှုပ်နေသေးတာ..
ရိပေါ်ကတော့ ရှောင်ကျန့်လက်ထဲက စက်လေးကို ယူကြည့်ရင်း မျက်နှာလေးမဲ့တယ်..
ကြည့်ရတာ သူလိုချင်တဲ့စံချိန်မရသေးပုံပါပဲ..

" အများကြီးလိုလို့လား "

" ၄ စက္ကန့်နီးပါးပဲ "

လက်ထဲကမျက်နှာသုတ်ပုဝါနဲ့ ခြေှးတှသေုတျပေးတော့ ရိပေါ်က သူ့ရဲ့ စိတ်ပျက်လက်ပျက်မျက်နှာလေးကို မော့ပေးလာတယ်..
ပေးလိုက်တဲ့ရေဘူးလေးကလဲ တငုံသောက်ပြီးတာနဲ့ ရှောင်ကျန့်လက်ထဲပြန်ရောက်လာလေရဲ့..

" စိတ်မညစ်ပါနဲ့... ကော နှိပ်တာ နောက်ကျသွားတာ ဖြစ်ရင်ဖြစ်မှာပေါ့.. "

" .... "

" နောက်နေ့မှဆက်ကျင့်ပါလား.. ကလေးကို ကြည့်ရတာ နုံးနေပြီ "

ရိပေါ်က မျက်ခုံးလေးတဖက်ပင့်လို့ ရှောင်ကျန့်ကို ငဲ့ကြည့်လာတော့ စကားပြောမှားသွားလားလို့ ရှောင်ကျန့်က တွေးရတယ်..

ရိပေါ်ရဲ့ idol life မဟုတ်တဲ့ ဒီဘက်အခြမ်းကို ရှောင်ကျန့်ကမရင်းနှီးတာမို့ သူ့ကြောင့် အနှောင့်အယှက်ဖြစ်သွားမှာကို စိုးရိမ်တာ အမှန်ပဲ...
အလုပ်ထဲ အာရုံစိုက်နေချိန်ဆို အလိုလို အရှိန်အဝါတစ်ခုထွက်နေတဲ့ကောင်လေးကိုလဲ ရှောင်ကျန့်က ဘယ်လိုဆက်ဆံရမှန်းမသိသေး.

အမြဲတမ်း သူ့ဆီကိုပဲ ရိပေါ်က လှမ်းလာခဲ့တာ..
သူ့အလှည့်ကျတော့ ခက်ခဲလိုက်တာ..

" မင်းသဘောပါ.. ကောကဒီတိုင်း ပြောကြည့်တာ.. "

" ကြိုက်တယ်.. "

" ဟင် "

" ကြိုက်တယ်လို့.. ဝင်စွက်ဖက်တာလဲကြိုက်တယ်.. စိတ်ပူပေးတာလဲကြိုက်တယ်.. ကောမို့လို့.. ရှောင်ကျန့်မို့လို့.. ကြိုက်တယ် "

ဒီတခါတော့ ရိပေါ်နဲ့အတူ သူပါလိုက်ပြုံးမိတယ် ထင်ပါရဲ့ ... ။

.

.

ရိပေါ် အဝတ်အစားလဲနေတုန်း ရှောင်ကျန့်က နားနေခန်းထဲမှာ ထိုင်စောင့်ရတယ်..
ဒီအချိန်ပြန်ရင် နောက်ကျမယ့်အတူတူ ကျန်းချန်ဆီပဲပြန်ဖို့ ရှောင်ကျန့်က တွေးထားတယ်..
သေချာပေါက် ရိပေါ်ကိုလဲ တစ်ခုခုဝယ်ကျွေးရဦးမယ်..
ဒီကောင်လေး ပင်ပန်းထားတာမို့ ဗိုက်ဆာနေလောက်ရောပေါ့..

" ကော.. "

အဝတ်အစားလဲပြီးတဲ့ ရိပေါ်က ဆိုဖာပေါ်က သူ့ဘေးမှာ ဝင်ထိုင်လာတယ်..
ထူးထူးဆန်းဆန်း ခပ်ခွာခွာထိုင်နေတာမို့ ရှောင်ကျန့်ကလှမ်းကြည့်တော့ မျက်နှာလေးကို မဲ့ပြလေရဲ့..

" ချွေးစော်နံနေမှာစိုးလို့ "

" အော်.. "

" ကောကလဲ.. အော်ပဲလား "

" ဟမ်.. "

" မနံဘူး.. ကပ်ထိုင်လို့ပြောရမှာလေ.. တကယ်ပဲဗျာ "

ရိပေါ်ကို မူလီနတ်ဝင်ပူးနေပုံရတယ်..
တစ်နေ့လုံး ရစ်လိုက်ာတာဆိုတာများ..
ကိုယ်အတွေးနဲ့ကိုယ် ရှောင်ကျန့်က ရယ်မိတော့ ရိပေါ်က စွေ့ခနဲ သူ့ဘေးရောက်လာတယ်..

" ပြန်ကြမလား "

" နေပါဦး ကောကလဲ.. နှစ်ယောက်ထဲရှိတုန်းလေးကို "

" အင်း.. ခဏနားချင်နားလေ "

" ဟုတ် "

ရိပေါ်က အရင်အတိုင်း ရှောင်ကျန့်ခါးကိုဖက်လို့ ရင်ခွင်ထဲတိုးတယ်..
ချွေးနံ့သင်းသင်းက လူကိုနွေးထွေးစေတယ် ဆိုတဲ့အတွေးကို ရှောင်ကျန့်က အခုမှစတွေးကြည့်ဖူးတာ အမှန်..

" ကော.. "

" အင်း "

" ကျွန်တော် ပြစရာရှိတယ် "

" အင်း.. ဘာလဲ "

" အရင်ဆုံး တစ်ခု ကတိပေး "

" ဘာကိုလဲ.. "

" စိတ်မဆိုးရဘူး.. ထထွက်မသွားရဘူး.. စကားဆိုးဆိုးတွေလဲ မပြောရဘူး.. မယုံမကြည်လဲမဖြစ်ရဘူး "

ကတိတစ်ခုဆိုပြီး တတွတ်တွတ်ရွတ်နေတဲ့ ကောင်လေးကို ရှောင်ကျန့်ကငုံ့ကြည့်မိတော့ မော့ကြည့်နေဆဲ မျက်ဝန်းတွေနဲ့ဆုံတယ်..
ဖျတ်ခနဲအထိအတွေ့မှာ နှုတ်ခမ်းကနွေးသွားပြီးနောက် ' နော် ' ဆိုတဲ့စကားလုံးကိုရိပေါ်က ခပ်တိုးတိုးရွတ်ပြန်တယ်..

ခေါင်းညိတ်ပြလိုက်တော့ ရိပေါ်က သူ့ဖုန်းကိုဖွင့်ရင်း ရှောင်ကျန့် လက်ထဲထည့်လာတယ်..
ပြီးတော့ နဂိုထက်ပိုတိုးဖက်ရင်း ရှောင်ကျန့်လည်ပင်းနား မျက်နှာအပ်ထားလေရဲ့..

ဖုန်းစခရင်ထက်မှာ ရိပေါ်ပုံလေးလင်းတယ်..
ဒါပေမယ့် တယောက်ထဲတော့ မဟုတ်ခဲ့ဘူး..
ကောလဟာလဆိုတဲ့ ခေါင်းစဉ်အောက်ပေမယ့် Dating news ဆိုတဲ့စကားလုံးကိုက သတင်းအောက်ကလူတွေကို ပွဲစည်နေစေတော့တာပဲ..

ရှောင်ကျန့်က ဆက်မကြည့်ချင်တော့တာမို့ ဖုန်းပိတ်လိုက်တော့ ရိပေါ်က အသံတိတ်စွာပဲ တစ်ရစ်ရစ်တိုးဖက်လာတယ်..

" ပြန်ရအောင် "

" ဟင့်အင်း "

" .... "

" .... "

" မင်း.. ဒီနေ့ရော ရှင်းပြဦးမှာလား "

" မင်းလို့မပြောနဲ့ ကောရာ "

ရှောင်ကျန့်က စိတ်ဆိုးရမယ့်အစား ဒွိဟဖြစ်လာတယ်..
ရိပေါ်က သူ့ကိုဘာဖြစ်စေချင်တာလဲ မသိတော့ဘူး..
သူကိုယ်၌က ယုံကြည်ချင်တာတောင် ရိပေါ်ကတော့ ရှင်းလဲ မရှင်းပြ ငြင်းလဲမငြင်းဘဲ သူ့ကိုတော့ မလွတ်တမ်း ဖက်တွယ်ထားနေတဲ့ အခြေအနေမှာ ရှောင်ကျန့်က မပျော်ချင်တော့တာတော့ အမှန်ပဲ..

" ကောက ကတိမတည်ဘူး "

" ... "

" မယုံမကြည်မဖြစ်ရဘူးလို့ ကျွန်တော်ပြောထားတာကို.. "

" မဖြစ်ပါဘူး.. ငါယုံမှာပါ.. ဒါပေမယ့်.. "

" .... "

" ဝမ်းမနည်းရဘူးလို့ မင်းမှမပြောတာ "

လေသံက တိုးဖျော့နေခဲ့တယ်ထင်တယ်..
သူကိုယ်တိုင်ကိုက ဘယ်လိုပြောထွက်ခဲ့မိမှန်း မသိ..။

ဖြစ်နိုင်ရင် ရှောင်ကျန့်က အတွင်းစိတ်က နာကျင်မှုတွေအထိ ရိပေါ်ကို မပြချင်ဘူး..
တချိန်လုံးမြိုသိပ်ခဲ့ခြင်းတွေက သူချစ်ရတဲ့သူတွေအတွက် အဆင်ပြေစေခဲ့တာမို့ ရိပေါ်ကိုမှ ထူးပြီး ရှောင်ကျန့်ကြောင့် စိတ်မညစ်စေချင်တော့.. ။

" အင်း..အင်း.. ကျွန်တော်မှားတာ..နော်.. ဝမ်းမနည်းပါနဲ့... သူနဲ့က ဘာမှမဆိုင်ပါဘူး..ဒီတိုင်းပဲ သူငယ်ချင်းတွေသက်သက်ပဲ "

" အရင်ကောင်မလေးပဲ မဟုတ်လား.. "

" အင်း "

မွေးနေ့ညက ကောလဟာလကို ညွှန်းတာမှန်း ရှောင်ကျန့်နည်းတူ ရိပေါ်ကလဲ သိနေတယ် ထင်ရဲ့..
သူငယ်ချင်းတွေက အချင်းချင်းဖက်ပြီး ကတတ်ကြလား ရှောင်ကျန့်က မတွေးချင်..
ရိပေါ်က သူ့ကိုယုံဖို့ပြောနေခဲ့တာ မဟုတ်လား..

" မင်း ဆင်ခြင်နေရမှာ.. နှစ်ခေါက်က သုံးခေါက်ဆို မိန်းကလေးဘက်ကလဲ နစ်နာတယ်.. "

" ကောကလဲ.. တစ်ကားထဲ တူတူသရုပ်ဆောင်နေရတာကို ကျွန်တော်တို့ဆင်ခြင်လဲ ပြောချင်တဲ့သူက သေးသေးလေးကအစ လိုက်ပြောနေတာ "

" ပြောရင် ပိုဆင်ခြင်ရမှာပေါ့ "

" အင်းပါ..ဒါပေမယ့်.. အခုတော့ မလိုတော့ဘူးထင်တယ်.."

" .... "

" ကော.. ကျွန်တော်တို့လေ.. "

" အင်း.. "

" ဒီသတင်းကို ငြင်းလို့မရသေးဘူး "

ရှောင်ကျန့်ကိုယ်လေး တောင့်သွားတာရိပေါ်က ခံစားမိလာတယ်..

မကြာခင်လွှင့်တော့မယ့် ဇာတ်ကားရဲ့အကျိုးအတွက် ဒီသတင်းကို ရေလိုက်ငါးလိုက်နေပေးဖို့ ပရိုဂျူဆာဘက်ကရော သူ့ဆရာဖြစ်ဖူးတဲ့ ဒါရိုက်တာကပါ မသိမသာတောင်းဆိုလာခဲ့တယ်တဲ့..

ဒါကို ခုနကမွ သတင်းမြင်မြင်ချင်း ငြင်းခိုင်းဖို့ ကျိရန်ကောကို ဖုန်းဆက်ရင်းနဲ့မှ သူသိလာရတာ..
အတည်ပြုခိုင်းတာမျိုးမဟုတ်ဘဲ မငြင်းဖို့ပဲ ပြောလာတဲ့ တောင်းဆိုချက်တွေမှာ တဖက်လူက မိန်းကလေးတန်မဲ့ လက်ခံပေးမယ်ဆိုလာတာမို့ ရိပေါ်ဘက်က ခါးခါးသီးသီး ထငြင်းလို့အဆင်မပြေတော့တာ အမှန်..၊

" ကော.. ကျွန်တော့်ကိုကြည့် "

" .... "

" ဘာမှမဟုတ်ဘူးလေ သိလား.. မငြင်းဘူးဆိုပေမယ့် Date နေပါတယ်လို့ လက်ခံလိုက်တာလဲ မဟုတ်ဘူးး.. ဇာတ်လမ်းလွှင့်ပြီးသွားတာနဲ့ သတင်းတွေကလဲ အလိုလို ငြိမ်သွားမှာ.. "

" တကယ်လား.. "

ရှောင်ကျန့်လေသံမှာ မဝံ့မရဲစိတ်လေးတွေ ပါလာတယ်..
ကြံရာမရဖြစ်နေတာကို ထိန်းချုပ်ထားရတဲ့အခါ မျက်ဝန်းတွေက ခဏခဏပုတ်ခတ်ရင်း...
နှုတ်ခမ်းထောင့်လေးတွေက တချက်တချက်မဲ့ကျရင်း..

" ဘာရုပ်လေးလဲ.. ကောရာ.. ချစ်လိုက်တာ "

" မင်းနော်.. ဖယ် "

အသည်းယားယားနဲ့ ပါးနှစ်ဖက်ကို ဖိအုပ်ကိုင်လို့ နှုတ်ခမ်းတွေကို ကိုက်ဖဲ့ရန်ရှာလာတဲ့ ရိပေါ်ကို ရှောင်ကျန့်ကတွန်းထုတ်ဖို့ မနည်းကြိုးစားနေရတယ်..

ဘယ်လိုအတွေးနဲ့ ဝေခွဲကြည့်ရမလဲမသိတော့တဲ့ အဖြစ်ကနေ ဇွတ်တရွတ်ကောင်လေးကြောင့် ဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲဆိုတဲ့ အဖြစ်ကိုရှောင်ကျန့်က ရောက်တယ်..

အနမ်းတွေက မွန်းကျပ်တာလား..
ရင်ဘတ်ထဲကပဲ မွန်းကျပ်နေသလား ရှောင်ကျန့်က ဝေခွဲမရချင်တော့..

စိတ်ရဲ့ ခံနိုင်ရည်တွေကို အကန့်အသတ်မဲ့ထားကြည့်မယ်..
ရိပေါ်က တလှမ်းချင်းတိုးရင် ရှောင်ကျန့်က တလှမ်းချင်း နောက်ဆုတ်ပေးကြည့်မယ်..
အချိန်တန်လာတဲ့အခါ တွန်းချမယ့်လက်က မင်း မဖြစ်ဖို့ပဲလိုပါတယ်..

.

.

.

ဒီရက်ပိုင်း ညနေခင်းတွေက တည်ငြိမ်တယ်တဲ့..
အဆင်ပြေရဲ့လားဆိုတဲ့ ဟန်ကောရဲ့ အမေးစကားကို ရှောင်ကျန့်ကခေါင်းညိတ်ပြဖြစ်တယ်..
ဘယ်လိုပဲ ကိုယ့်စိတ်အခြေအနေအတွက် ကုသပေးနေတဲ့သူဖြစ်ပါစေ..
ရင်မဖွင့်ချင်လောက်အောင်ထိ ပင်ပန်းနေတဲ့ စိတ်တွေကိုတော့ ရှောင်ကျန့်က လုံလုံခြုံခြုံပဲ သိမ်းထုပ်ထားလိုက်တော့တာပဲ..

" ကျန်းလီကို ညီကျန့်အတွက် ဘယ်လိုလူမျိုးလို့ သတ်မှတ်မလဲ "

တခါတေလေတာ့လဲ ဒီကုထုံးမှာ ဒီလိုမျိုး စိတ်ပျော်စရာအချိန်လေးတွေလဲ ရှိတတ်ပါတယ်..

" အင်း.. ကျွန်တော်ငယ်ငယ်တုန်းက ကျောင်းက သူငယ်ချင်းတွေရှေ့မှာ ပထမဆုံးအနေနဲ့ ရဲရဲဝံ့ဝံ့ ဖြတ်လျှောက်ဖူးတဲ့ ရက်တရက်ရှိတယ် "

" .... "

" အဲဒီနေ့က ကျန်းလီကျဲ ပထမဆုံး ကျောင်းလိုက်ပို့တဲ့နေ့... ဟန်ကော ယုံမလားတော့မသိဘူး.. သူများတွေလိုမျိုး အမေ မဟုတ်တာတောင် ကျွန်တော့်ကို ကျောင်းလိုက်ပို့တာ မိန်းကလေးတယောက်ဆိုတဲ့ အတွေးနဲ့တင် ကျွန်တော်ပျော်နေခဲ့တာ.."

" .... "

" အင်း.. ပြောရင်ဆုံးမှာမဟုတ်တော့ဘူး.."

ရှောင်ကျန့်က ခပ်ရှက်ရှက်ပြုံးတော့ ဟန်ကောက သေဘာတက် လိုက်ပြုံးနေလေရဲ့..

" ဒါဆို ကျန်းချန်ကရော "

" အင်း... သူက.. "

" အင်း "

" အဲဒီကောင်လေးကို ပထမဆုံးသူငယ်ချင်းလို့ ပြောရမလား.. ပထမဆုံးရန်သူလို့ပြောရမလား ကျွန်တော် စဉ်းစားနေရတာ "

ဒီတခါတော့ ရှောင်ကျန့်က ပြုံးရုံတင်မဟုတ်တော့ဘဲ သူ့အတွေးနဲ့သူ ရယ်နေလေရဲ့..

" ငယ္ငယ္က ကျွန်တော်က အေးတယ်.. ကြောက်တတ်တယ်.. အနိုင်ကျင့်ရင်လဲခံရတယ်.. ကိုယ်မှန်နေရင်တောင် ပြန်မပြောဘူး.. ဒါပေမယ့် အဲဒါတွေအကုန်လုံးကို ကျန်းချန်ဆိုတဲ့ အကောင်ပေါက်လေးက ပြောင်းပြန်လှန်ပစ်တာ.. သူက အကျင့်ဖျက်ပစ်တာ ကျွန်တော့်ကို "

" ဟုတ်လား...ဘယ်လိုမျိုးလဲပြောပါဦး.. "

" ရယ်တော့ရယ်ရတယ်.. ကျွန်တော့်တသက်လုံးမှာ ပထမဆုံး စိတ်ဆိုးပြီး ပြန်ရန်ဖြစ်တဲ့သူ ပြန်အော်ရဲတဲ့သူက ကျန်းချန်လေ.. ဘာကိစ္စမှန်းတော့ မသေချာတော့ပါဘူး.. သေချာတာက ကျွန်တော် ရန်ဖြစ်ရင်တောင် ကျွန်တော့်ကို ပစ်ထားမယ့်သူတွေထဲ ကျန်းချန်မပါဘူးဆိုတာကို ယုံနေခဲ့တာ.. အဲဒီစိတ်နဲ့ပဲ ရန်ဖြစ်ရဲခဲ့တာ..သူပထမဆုံးပဲ "

" .... "

" နောက်ပိုင်း ကျွန်တော် သူများတွေနဲ ကတောက်ကဆဖြစ်တိုင်း ဘေးနားမှာအမြဲ ပါလာတတ်တဲ့ တစ်ဦးတည်းသော သူကလဲ ကျန်းချန်ပဲ.. အင်း.. ပထမဆုံးဆိုတာထက် တဦးတည်းသောလို့ ပြောရမယ်ထင်တယ်.. "

အတွေးတွေထဲ အတိတ်က အဝါရောင်စက်ဘီးနှစ်စီးက တလိမ့်လိမ့်ဝင်လာတယ်..
ပျော်ရွှင်ခဲ့တဲ့ ကာလတွေကြား သူ တခုတ်တရ သတိရမိတာက သာယာတဲ့ ရာသီဥတုတွေ မဟုတ်ခဲ့ဘဲ ရောယှက်နေတဲ့ ရယ်သံတွေပဲ ဖြစ်ပြန်တယ်..

သူတို့နှစ်ယောက်အပြင် ရှောင်ကျန့်အတွက် အေရးပါတဲ့သူ ဘယ်သူရှိသေးလဲ လို့ ဟန်ကောက မေးလာတဲ့အခါ
ငြင်ငြင်သာသာခေါင်းခါပြရင်းပဲ ရှောင်ကျန့်က ငြင်းမိတယ်..

လောင်းရိပ်မမိတဲ့ချစ်ခြင်းတွေနဲ့ပဲ ရိပေါ်ကို ရှောင်ကျန့်က မြတ်နိုးချင်ခဲ့တာ..
သာမန်လူမဟုတ်တဲ့ သူ့ကလေးလေးကို ရှောင်ကျန့်က လူသိမခံသင့်ဘူး မဟုတ်လား..။

.

.

.

< ကော.. ပွဲပြီးပြီ.. အောက်ဆင်းလာတော့ >

ဝင်လာတဲ့စာတိုလေးက ရိပေါ်ဆီကဖြစ်တယ်..၊

ဒီကြားထဲမှာ ရိပေါ်ရဲ့ ရိုက်ကူးရေးတွေကြောင့် သူတို့ မတွေ့ဖြစ်ခဲ့ပေမယ့် ဒီနေ့တော့ ရိပေါ်ရဲ့အလုပ်က သူတို့ Company အထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ရဲ့..

ရိပေါ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲအတွက် စာနယ်ဇင်းပွဲက ဒီနေ့သူတို့ Company ဒုတိယထပ်က ခန်းမမှာ..
လက်ရှိသတင်းကြီးနေတဲ့ မင်းသားမင်းသမီးစုံတွဲမို့ သူတို့ဝန်ထမ်းတွေကတော့ ပြောစရာတွေပိုများနေပေမယ့် ရှောင်ကျန့်အတွက်ကတော့ စိတ်ကျဉ်းကျပ်နေခဲ့ပြန်တယ်..

မကြည့်ချင်လဲမြင်နေရတဲ့ သတင်းတွေကြား..
fan တွေရဲ့ လိုရာဆွဲတွေးမှုတွေကြား ရှောင်ကျန့်က အခုတေလာ ဖုန်းကိုင်ဖို့ကိုတောင် တွန့်ဆုတ်ချင်လာတယ်..

သူတို့ ဆိုင်ကယ်ကွင်းသွားတဲ့နေ့မှာ ရိပေါ်ဝတ်ထားတဲ့ တီရှပ်က အဲဒီမိန်းကလေးနဲ့ဆင်တူဝယ်ထားတာ...
ရိုက်ကွင်းနောက်ကွယ်က ရယ်မောဆော့ကစားနေတဲ့ ပုံရိပ်တွေက ချစ်ခြင်းတွေနဲ့ ကျီစယ်နေကြတာ...

အမျိုးမျိုးပါပဲ..

ရှောင်ကျန့်က ဒီလိုလောင်မြိုက်မှုမျိုးကို အချိန်အတိုင်းအတာတခုထိ သည်းခံပေးဖို့ ကြိုးစားကြည့်ရမှာ..
ရိပေါ်က ယုံကြည်ပါလို့ တောင်းဆိုလာတဲ့အခါ ယုံပေးရုံကလွဲပြီး ရှောင်ကျန့်ဆီမှာ သတ္တိရှိရှိ လက်ညိုးထိုးနိုင်စွမ်းလဲမရှိဘူး မဟုတ်လား..။

.

.

.

ပြတင်းပေါက်ကနေ အောက်ကိုလှမ်းကြည့်နေရင်း အလျှိုလျိုထွက်သွားတဲ့ကားတွေ ရှင်းသွားလောက်တဲ့အချိန်ကျမှ ရှောင်ကျန့် ရုံးခန်းမီးပိတ်ပြီး ရိပေါ်ရှိရာ အထပ်ဆီဆင်းလာခဲ့တယ်..

ဒီအထပ်မှာ သူတို့နှစ်ယောက်စတွေ့ခဲ့တယ်ဆိုတဲ့ အတွေးဝင်လာတဲ့အခါ ရှောင်ကျန့်က တခုတ်တရပြုံးမိသေး..

" ကော.. ဒီမှာ "

အခန်းတခန်းထဲကထွက်လာတဲ့ ရိပေါ်ကို မြင်တော့ ရှောင်ကျန့်က ခပ်ဖျော့ဖျော့ပြုံးတယ်..
ဒါပေမယ့် ရိပေါ်ရဲ့ တယောက်ထဲဖြစ်မနေတဲ့ အခြေအနေကိုမြင်ရပြန်တော့ ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့တာလဲ ရှောင်ကျန့်ပဲဖြစ်ပြန်တယ်..

" ကော.. သူက မေလျန်းလျန်း "

သက်ဆိုင်မှုပြတဲ့စကားလုံးတချို့တဝက် မပါလာဖို့ကို ရှောင်ကျန့်က ဘာကြောင့် ဆုတောင်းနေမိခဲ့လဲမသိဘူး..
တကယ်ဆို ရိပေါ်သက်ဆိုင်သူက သူပဲကို..
ဘာလို့ ရိပေါ်က ဒီနေ့မှ တခြားတယောက်လိုမျိုး ခံစားမိနေသလဲ ဆိုတာကိုလဲ သူ့ကိုယ်သူ နားမလည်နိုင်ပြန်ဘူး..

" လျန်းလျန်း.. သူက ရှောင်ကျန့်တဲ့.. အင်း..ကောက ဒီ Company ပိုင်ရှင်လို့ပဲပြောရမှာပေါ့ "

ရှောင်ကျန့်ကိုက ရူးတာပါ..
မျက်ဝန်းအကြည့်တွေကိုတောင် လိုက်ယှဉ်နေမိတာ..
ဟိုး.. ဟိုးအရင်ကအတိုင်း..

လျန်းလျန်းဆိုတဲ့ မိန်းကလေးက အပြင်မှာပိုကြည့်ကောင်းတယ်လို့ ရှောင်ကျန့်ဝန်ခံရမယ်..
ဒါကြောင့်သာ ပရိသတ်တွေက ရိပေါ်နဲ့ သိပ်လိုက်ဖက်တယ် ပြောကြတာထင်တယ်..

စကားနည်းနည်းပြောပြီးတော့ လျန်းလျန်းက လက်ဆွဲနှုတ်ဆက်ဖို့ ရည်ရွယ်ချက်နဲ့ ရှောင်ကျန့်ရှိရာကို လက်ကမ်းလာတယ်..
မလှုပ်ရှားဘဲ ငြိမ်နေရခြင်းအကြောင်းက ဟိုတနေ့ကလို ရိပေါ်က ဒီအခြေအနေကနေ သူ့ကိုခေါ်ထုတ်သွားပေးဖို့ မျှော်လင့်နေခဲ့မိလို့ထင်ပါရဲ့..

ရိပေါ်က လက်တွေကိုတော့ ဖမ်းဆုပ်လာပါရဲ့..
အင်း..
အဲဒီမိန်းကလေးလက်တွေက ပိုနူးညံ့လို့ထင်တယ်..

" ကျွန်တော် သူ့ကို ကားဆီလိုက်ပို့လိုက်ဦးမယ်နော်.. ကော .. ဒီမှာပဲစောင့်နေ "

" အင်း... "

ဆွဲခေါ်ခံသွားရတဲ့ ကောင်မလေးက အားနာသလိုရှောင်ကျန့်ကို ပြုံးပြလာတဲ့အခါ ရှောင်ကျန့်က ဆုပ်ကိုင်ထားတဲ့လက်တွေကို ကြောင်ငေးနေရာကနေ အကြည့်လွှဲရပြန်တယ်..

ဘာလို့လဲ..
ဘာလို့ သူ့ရှေ့မှာမှလဲ..
စက္ကန့်ပိုင်းအတွင်း ခေါင်းထဲ မေးခွန်းတွေတင်းကြပ်လာတဲ့ အခြေအနေမှာ ရိပေါ်ရဲ့ နည်းပြကြီးလို ရှောင်ကျန့်က သဘောတကျရယ်မောပြီး ကျန်ရစ်မနေခဲ့တာတော့ အမှန်..။

.

.

.

" ကော.. အိမ်ပြန်မယ်မဟုတ်လား "

" ဟင့်အင်း.. ကျန်းချန်တို့အိမ် ပြန်မယ် "

" မပြန်ရပါဘူး.. ကျွန်တော်မနက်ဖန် နားရက်ယူထားလို့ ကောအိမ်မှာနေမလို့ "

" ကောက ရုံးသွားရမှာ.. ကျန်းချန်ဆီပဲပို့ပေးပါ "

" ..... "

ကားက စမထွက်ခင်ထဲက လမ်းကြောင်းတွေ လွဲနေခဲ့လေရဲ့..
ဘီးစလိမ့်တဲ့အခါ ရှောင်ကျန့်က မျက်ဝန်းတွေမှိတ်ချပစ်တယ်..
ဒီအခြေအနေမှာ ရိပေါ်အလိုကျ သူ စကားတွေ များများပြောနိုင်မယ် မထင်ဘူး..

" ကော.. နေမကောင်းဘူးလား "

" ကောင်းပါတယ် "

နဖူးကိုစမ်းမိတဲ့လက်ကို ရှောင်ကျန့်က ရှောင်တယ်..
လက်ကိုသွားကိုင်တဲ့ ရိပေါ်လက်ကိုလဲ ရုန်းလာတယ်..
ပုခုံးကိုပုတ်တဲ့အခါ ကိုယ်လေးကျုံ့ပြီး ဟိုဘက်ထောင့်ကိုကပ်ပစ်တယ်..

အဲဒီလူ တစ်ခုခုဖြစ်နေတာမှန်း သေချာသွားတဲ့အသိနဲ့အတူ ရိပေါ်က မျက်မှောင်ကြုံ့လာတယ်..

" ရိပေါ်.. ငါ့ကိုလွှတ်ပါ "

သေချာချင်စိတ်နဲ့ ပိုက်ထားတဲ့လက်ကိုဆွဲဖြေပြီး လက်တဖက်ကို တင်းတင်းဆုပ်ကိုင်ပစ်တဲ့အခါ ရှောင်ကျန့်က ထင်ထားသလို ငြင်းလာတာပါပဲ..
မလွှတ်ပေးမိတဲ့အခါ ရှောင်ကျန့်က သူ့လက်ကို သတိလက်လွတ် ငုံ့ရင်းငေးလာတယ်..
ခဏကြာတော့ ပြတင်းပေါက်ဘက်ငေးရင်း တောက်လျှောက်ကို သူ့ဘက်ပြန်မလှည့်လာတော့..

" ရိပေါ်! .. ကားရပ် "

" မရပ်ချင်ဘူး "

ကားက ရှောင်ကျန့်အိမ်ဆီသွားရာလမ်းကို ကွေ့သွားတဲ့အခါ အဲဒီလူက လှည့်ကြည့်လာတယ်..
စိတ်ရှုပ်နေတဲ့ အမူအရာက မျက်နှာထက်မှာအထင်းသား..
လက်ကိုနောက်တခေါက် ထပ်ရုန်းထွက်သွားတဲ့အခါ ရိပေါ်က စိတ်မရှည်တော့သလို ဆံပင်တွေပါထိုးဖွပစ်မိတယ်..

" ကောက ဘာဖြစ်နေတာလဲကွာ "

" လုပ်.. ကားပြန်ကွေ့ပေး "

" မဆိုးနဲ့ကောရာ... ကျွန်တော် မနက်ကျရင် ရုံးလိုက်ပို့ပေးမှာပေါ့"

" .... "

ရှောင်ကျန့် စိတ်လေးလာတယ်..
သူ ဒီအချိန်မှာ ရိပေါ်နားမှာမနေချင်ဘူး..

နာကျင်မှုကို မမြိုသိပ်နိုင်တဲ့အခါ ထွက်လာမယ့် သံသယတွေ မယုံကြည်မှုတွေကို ရိပေါ်ကို မပြချင်ဘူး..
စိတ်နဲ့လွဲမှားနေရတာတောင် သဘောထားသေးသိမ်မိသလို ကိုယ့်ကိုယ်ကို အပြစ်တင်ချင်နေမိတဲ့စိတ်က ရှောင်ကျန့်ကို ပူလောင်စေပြန်သေးတာ..
ဒါပေမယ့် သူ့ရှေ့မှာတွဲကိုင်သွားတဲ့ လက်တွေက ဘာတွေလဲ...

ရိပေါ်က ဘေးကနေ တတွတ်တွတ်ခေါ်ပေမယ့် ရှောင်ကျန့်ပြန်မထူးမိ..
အထိအတွေ့တွေကိုလဲ တမင်ရှောင်တာမျိုးမဟုတ်ဘဲ အလိုလိုလန့်ပြီး နောက်တွန့်နေခဲ့မိတာ ရိပေါ်ကို သိလဲသိစေချင်သလို မသိလဲမသိစေချင်..၊

ရိပေါ်တောင်းဆိုတာကို သူတကယ်လက်ခံပေးချင်ခဲ့တာ..
ဒါပေမယ့်..
နားလည်မှုကို ဘယ်လိုမျိုး ပေးရတာလဲ..
ယုံကြည်မှုကို ဘယ်လိုလုပ်ယူကြည့်ရမလဲ..
သူ မသိတော့ဘူး..
ဒီတိုင်းအဆင်ပြေချင်ယောင် ဆောင်နေရင်ရော ရလောက်လား..
အတွေးရူးတွေနဲ့ ပြုံးကြည့်ဖို့ကြိုးစားရင် ရင်ထဲက ပိုနာလာတာတွေကရော..ဘာလို့လဲ ။

အတွေးများနေတဲ့ ရှောင်ကျန့်ဆီက တုန့်ပြန်သံမရတာ ကြာလာတော့ရိပေါ်က စိတ်တိုလာပုံရတယ်..
ဟွန်းတီးတာကအစ ဘရိတ်အုပ်တာတွေကိုပါ ကြမ်းကြမ်တမ်းတမ်းလုပ်လာတယ်..

ရိပေါ်သူ့ကိုစိတ်ပျက်သွားမှာ ရှောင်ကျန့်က ကြောက်ပါတယ်..
ကြောက်ပေမယ့် သူ့ကိုယ်သူတောင် စိတ်ပျက်နေတဲ့အခြေအနေမှာ ဘယ်သူ့ကို ပြေးအပြစ်တင်ရမလဲ..
သူ.. ကျဲကိုလွမ်းတယ်..

" လျန်းလျန်းကြောင့်လား "

ဆတ်ခနဲဖြစ်သွားတဲ့ခန္ဓာကိုယ်က သူ လိုချင်တဲ့အဖြေကိုပေးတယ်..
ရှောင်ကျန့်အပြုအမူတွေတိုင်းကို အလွတ်လိုကျက်လာခဲ့တဲ့ကောင်မို့ ထင်တဲ့အတိုင်း အဖြေကထွက်လာတာပါပဲ..

" မဟုတ်ပါဘူး.. "

ရှောင်ကျန့်က ခေါင်းမာလွန်းတယ်..
ဖြစ်နိုင်ရင် အဲဒီလူကို သူဆွဲချုပ်ပြီး တစ်ခုခုလုပ်ပစ်ချင်နေပြီ..

" ငါ.. "

" အင်း.. ကောဘာဖြစ်လဲ "

ပထမဆုံးထွက်လာတဲ့စကားမို့ ရိပေါ်ကအလွတ်မခံ..

" ငါ.. ဒီရက်ပိုင်း သတင်းတွေမဖတ်ဖြစ်ဘူး "

" အင်း.. "

" ဟို.. မင်းတို့နှစ်ယောက်က confirm လိုက်ပြီလား.. "

" !!! "

ရုတ်တရတ်ကားကိုဆောင့်ရပ်မိတဲ့အခါ အပြင်ငေးရင်း တိုးတိုးလေးမေးနေတဲ့ ရှောင်ကျန့်က အလန့်တကြားလှည့်ကြည့်လာတယ်..

" ကော.. ခင်ဗျား ရူးနေလား !! "

ချက်ချင်းပြန်လှည့်သွားတဲ့ မျက်နှာက ရဲနေခဲ့တာကို ရိပေါ်က မြင်တယ်..
သူ အဲဒီလူကို နားမလည်နိုင်တော့ဘူး..

" ဆောရီး.. "

ရှောင်ကျန့်က အကျင့်တွေပျက်လာတယ်..
ဒီနောက်ပိုင်း ခဏခဏပြောလာတတ်တဲ့ ဆောရီးတွေကို ရိပေါ်က မကြိုက်ဘူး..
ဒီတစ်ခါ အဆိုးဆုံးပဲ..

" တွေ့ချင်နေတာ.. မတွေ့ရတာ ဘယ်နှရက်ရှိပြီလဲ.. ပင်ပန်းနေတာတောင် ခင်ဗျားနဲ့မြန်မြန်တွေ့ရအောင် မရပ်မနားလုပ်နေတာ.. ဒါတွေ မသိရင်တောင် တွေ့တဲ့အချိန်လေးကို ကောင်းကောင်း ဆက်ဆံပေးလို့မရဘူးလား.. ပြန်မယ် ပြန်မယ် ကျန်းချန်ဆီပြန်မယ် ?.. တွေ့တာနဲ့ဒါပဲပြောတယ်.. ကျွန်တော်ကရော ကျေနပ်လို့ နားထောင်နေတယ်ထင်လို့လား.. ပျော်လို့ သည်းခံနေတယ်ထင်နေတာလား.. "

" .... "

" ကျွန်တော်လဲ ပင်ပန်းတယ်.. တစ်ခုခုဖြစ်နေရင်လဲပြော.. ထုထုရိုက်ရိုက်.. လုပ်ချင်တာလုပ်လို့ရတယ်.. ကျွန်တော်နားမလည်နိုင်အောင် မနေလို့မရဘူးလား.. အခုလို ဘာဖြစ်နေမှန်းမသိဖြစ်နေရင် ကျွန်တော်က ဘာလုပ်ရမလဲ "

" ငါလဲ မဖြစ်ချင်ပါဘူး.. "

" ? "

" ငါလဲ ပင်ပန်းတယ်.. "

" .?. "

ကားလေးက နောက်တဖန်ပြန်တိတ်ဆိတ်သွားတယ်..
ရှောင်ကျန့်အသံက အက်ကွဲကွဲကိုမှ တိုးဖျော့လွန်းနေတာမို့ ရိပေါ်သေချာမကြားပေမယ့် အဆင်မပြေသေးတဲ့ အဲဒီလူစိတ်ကို နားလည်လိုက်မိပြန်တဲ့အခါ သက်ပြင်းချရုံကလွဲပြီး မတတ်နိုင်..။

ပြန်မောင်းထွက်လာရာကနေ အိမ်ရှေ့ရောက်တဲ့အထိ သူတို့နှစ်ယောက် စကား မပြောမိကြတော့..
ရှောင်ကျန့်က ကားပေါ်ကဆင်းဖို့ပြင်ပေမယ့် ရိပေါ်က ကားမောင်းသူနေရာမှာ မလှုပ်မယက်ငြိမ်နေဆဲ..
ငဲ့ကြည့်မိတော့ ရိပေါ်က မျက်နှာလွှဲရင်း ပြောလာတယ်..

" ကျွန်တော့်ကို ဒီအိမ်မှာ လက်မခံချင်ဘူးမဟုတ်လား.. "

ဝေဝေဝါးဝါးငေးကြည့်နေတဲ့ ရှောင်ကျန့်ဆီက ဘာသံမှထွက်မလာတော့ ရိပေါ်ကပဲ စကားကိုအဆုံးသတ်တယ်..

" ပြန်တော့မှာမို့ ကောင်းကောင်းအိပ် "

စက်ပြန်နှိုးတဲ့ကားကိုကြည့်ရင် ရှောင်ကျန့်က ကျောခိုင်းထွက်လာလိုက်တယ်...
အကျီအိတ်ထဲက ကျစ်ကျစ်ဆုပ်ထားမိတဲ့ လက်သီးဆုပ်တွေက တွေဝေရင်းလမ်းပျောက်နေတဲ့ ရှောင်ကျန့်ကို ဖော်ပြတယ်..

အိမ်ထဲရောက်တဲ့အခါ ကုတ်အကျီကိုချွတ်တယ်..
ရေသောက်တယ်..
ရေချိုးခန်းထဲဝင်ရင်း မျက်နှာသစ်တယ်..
ကုတင်ပေါ်မှာထိုင်တယ် ..
ပြန်ထပြီး လမ်းလျှောက်တယ်..
ပန်းချီဆွဲရမလား..
မပြီးသေးတဲ့အလုပ် ဘာရှိလောက်လဲ..
ဒီအချိန်ဆို TV ကဘာလွှင့်လောက်လဲ..
ရိပေါ်ကြိုက်တဲ့ Racing event လာနေမလား..
ဒီနေ့ ရိပေါ်တို့ရဲ့ ဇာတ်လမ်းစလွှင့်မယ်ကြားတယ်..
သူ ကြည့်ရင်ကောင်းမလား..
ကြည့်နေရင်း နှစ်ယောက်တွဲပုံရိပ်ကို အသားကျသွားရင် ရိပေါ်လိုချင်တဲ့ နားလည်မှုတွေ ယုံကြည်မှုတွေ ပေးနိုင်လောက်လား..
ဒါပေမယ့်..
ရိပေါ်က လိုရော လိုပါဦးမလား..
ခုနကကားပေါ်မှာ ဒေါသထွက်သွားပုံထောက်ရင်တော့ သူ့ကို စိတ်ပျက်နေပြီထင်တယ်..

ညနေက သူ့ကိုထားပြီး လျန်းလျန်းနဲ့ ထွက်သွားတုန်းကတော့ ရိပေါ်ပျော်နေခဲ့တာမလား..
ဟန်ဆောင်ရင်းနဲ့ လျန်းလျန်းကို သဘောကျသွားရင် ရိပေါ်က သူ့ကိုစွန့်ပစ်မှာလား..

သူ့အကြောင်းကို အဲဒီကောင်မလေးကို ပြောရင်း နှစ်ယောက်တူတူ လှောင်နေမှာလား...
ယောကျ်ားချင်းကို ငွေတွေအမ်းပြီး စောက်ရှက်မရှိဆွဲဆောင်တဲ့ကောင်ဆိုပြီး အဲဒီကောင်မလေးက သူ့ကို လာပြောဦးမှာလား..

မနက်ဖန် ကျောင်းတက်ရင် အဲ့ကောင်မလေးသူငယ်ချင်းတွေက သူ့ကို လှောင်ကြဦးမှာလား..
တကျောင်းလုံးကရော ရွံစရာကောင်ကြီးလို သူ့ကိုပယ်ထားဦးမှာလား...

သူ.. ကြောက်တယ်..
တကိုယ်လုံးလဲ ပူလာတယ်..

ရေချိုးခန်းထဲသွားပြီး ဘေစင်ထဲခေါင်းနှစ်ထားမိတဲ့အခါ ခဏကြာတော့ ရှောင်ကျန့်က သတိနည်းနည်းပြန်ကပ်လာတယ်..
သူ တကယ်ကိုအိပ်ဖို့လိုနေခဲ့တယ်ထင်တယ်..

ဧည့်ခန်းထဲက အကျီကိုသွှားကောက်ရင်း ရှောင်ကျန့်က ဆေးဘူးကိုနှိုက်တယ်..
အဖုံးဖွင့်တဲ့လက်တွေက တုန်ယင်နေတုန်း ဆေးဘူးက ရုတ်တရတ် ကြမ်းပေါ်ပြုတ်ကျတယ်..
ချက်ချင်း ကုန်းကောက်ဖို့ပြင်တဲ့ ရှောင်ကျန့်လက်မောင်းကို တစုံတယောက်က ဖမ်းဆွဲထားလေရဲ့..

" ရိ..ရိပေါ်.. "

ခပ်ဟဟ နှုတ်ခမ်းတွေဆီက လေသံက တကယ့်ကိုတိုးလွန်းတယ်..

" ဖုန်းကျန်ခဲ့တာတောင် မသိဘူးလား.. "

" ဆောရီး.. ငါ.. "

" လာ "

ရိပေါ်က ရှောင်ကျန့်လက်ကို အခန်းထဲထိ ဆွဲခေါ်လာရင်း ရေချိုးခန်းထဲပို့တော့ အဲဒီလူက မငြင်းဆန်ဘဲ ဆွဲတဲ့အတိုင်းပါလာတာ အရုပ္လို..
ညဝတ်အကျီ လဲခိုငျးပွီးတာနဲ့ ကုတင်ပေါ်မှာထိုင်စေရင်း ရွဲစိုနေတဲ့ခေါင်းကို သုတ်ပေးတော့လဲငြိမ်နေတုန်း..

" အိပ်တော့.. "

" ငါ.. ဆေးသောက်..."

" မလိုဘူး.. ကျွန်တော်ရှိတယ် "

ခပ်ကြိတ်ကြိတ်ဟောက်လိုက်တော့ ရှောင်ကျန့်က နှုတ်ခမ်းလေးတင်းတင်းစေ့ပြီး မျက်နှာလွှဲတယ်..
ပြီးတော့ ကုတင်ပေါ်လှဲချပြီး ရိပေါ်ကို ကျောခိုင်းအိပ်တယ်..

ရိပေါ် သူကိုယ်တိုင်အကျီလဲပြီးတဲ့ အချိန်ထိ ရှောင်ကျန့်က ခုနကအတိုင်းမလှုပ်မယက် လှဲနေတုန်း..
စောင်ကို အသာဟလို့ အနောက်ကဝင်လှဲရင်း ရှောင်ကျန့်ကိုယ်လေးကို ခါးကနေသိမ်းဖက်တဲ့အခါ ကိုယ်လုံးလေးက တချက်တုန့်ခနဲဖြစ်တယ်..
အသက်ရှူမမှန်သေးတာကြောင့် ရှောင်ကျန့်မအိပ်သေးမှန်း ရိပေါ်ကသိတာမို့ ရင်ဘတ်ကိုခပ်ဖွဖွပုတ်ပေးမိသေးရဲ့ ..

" ကျွန်တော်က ဆိုးတယ်နော် "

" .... "

" ခုနက ကောကို မအော်လိုက်သင့်ဘူးမလား "

" .... "

" ဖြေပါဦး.. ကျွန်တော်ကဆိုးလား "

" အင်း "

ဖြေသံလေးက ကြိတ်မှိတ်ဖြေရသလို တချက်ထဲ တုန့်ခနဲ..
ရိပေါ်က ရှောင်ကျန့် ဂုတ်ပေါ်က ဆံပင်အနားသတ်လိုင်းလေး တောက်လျောက်ကို နှုတ်ခမ်းနဲ့ ပွတ်ဆွဲရင်းနမ်းတော့ ရှောင်ကျန့်က ပုခုံးလေးကို ကျုံ့တယ်..
ဂုတ်ပိုးလေးတွေ ပုခုံးလေးတွေကို နေရာမလပ်နမ်းရင်း ရိပေါ်က တချက်တချက်ကိုက်မိတဲ့အခါ ရှောင်ကျန့်က စောင်အောက်ထဲကို မသိမသာ ကွယ်ရင်း တိုးတိုးဝင်တယ်..

" မင်း... "

" အင်း..ကော "

" ဟိုဘက်ခန်းသွားအိပ်လေ"

" ဒီဘက်လှည့် "

" သွားအိပ် "

" ဒီဘက်အရင်လှည့် "

" သွား "

" ဒီဘက်လှည့်ရင် သွားမယ် "

" .... "

တုန့်ပြန်မလာတော့တဲ့ ရှောင်ကျန့်က ရိပေါ်နဲ့ မျက်နှာချင်းမဆိုင်ဖို့ ဆုံးဖြတ်ထားပုံရတယ်..
စိတ်ဆိုးနေတာမဟုတ်မှန်း ရိပေါ်ကသိပေမယ့် ခုနကလိုပုံစံမျိုးကိုမြင်ရတာထက်စာရင် စိတ်ဆိုးပြီးသူ့ကိုပစ်ထားတာကမှ ခံသာဦးမယ်ထင်တယ်..

တွေးနေတုန်းမှာပဲ ထွက်လာတဲ့ အသံတိုးတိုးက သူကြားရုံလောက်လေး..

" ငါ.. မင်းကိုမချစ်ချင်တော့ဘူး "

" အင်း... "

" မင်းလဲ ငါ့ကိုမချစ်နဲ့တော့ "

" ဟင့်အင်း.. "

" ငါက ရယ်ရလား "

" ဟင့်အင်း "

" မင်းစိတ်ထဲ ငါ့ကို လှောင်ရင်လှောင်နေမှာ "

" မလှောင်ပါဘူး..ကောရဲ့ "

" ငါ မင်းကိုမချစ်ဘူးနော်"

" အင်း.. "

" တခြားသူနဲ့တွဲပြီး မင်းက ကျွန်တော်တို့လို့ ပြောရင် မကြိုက်ဘူး "

" အင်း.. "

" သူများလက်ကိုကိုင်ထားတဲ့ မင်းလက်တွေကိုလဲ မကြိုက်ဘူး "

" အင်း.. "

" ဒါပေမယ့် မင်းချစ်ရင်တော့ ကိုင်ပါ.. ငါ့ကိုမရယ်ရင်ရပြီ "

" အင်း..အင်း.. "

ရှောင်ကျန့်က မျက်ဝန်းတွေစင်းနေရက်နဲ့ တဖွဖွဆက်ရွတ်နေတုန်း..
အဖြေလိုချင်လို့ ပြောနေတာမဟုတ်မှန်းသိပေမယ့် သူနားမလည်နိုင်တဲ့စကားတွေပါလာရင်တောင်မှ ရိပေါ်က မညည်းမညူ ဆက်ဖြေပေးနေတုန်း..

အိပ်ပျော်သွားတဲ့အခါမှ ခပ်နွေးနွေးကိုယ်လေးကို ပုခုံးကနေဆွဲလှည့်လို့ ရင်ခွင်ထဲပွေ့ထည့်ရတယ်..
ခပ်ရဲရဲမျက်နှာလေးက အပူရှိန်တငွေ့ငွေ့နဲ့ ရှောင်ကျန့်က ဖျားချင်နေခဲ့ပြန်တယ် ထင်ရဲ့ ..

မေးဖျားလေးကိုကိုင်ရင်း နှုတ်ခမ်းလေးကို ခပ်ဖွဖွငုံခဲမိတဲ့အခါ လေပူနွေးနွေးတွေကပါ ရိပေါ်ကို တိုးတိုက်တယ်..
အပေါ်နှုတ်ခမ်လေးတိုးနမ်းလိုက် အောက်နှုတ်ခမ်လေးဆွဲငုံလိုက်နဲ့ ရိပေါ်က သူတနေ့လုံး မနည်းမြိုသိပ်ထားခဲ့ရတဲ့ မွတ်မွတ်သိပ်သိပ်အနမ်းတွေကို ရှောင်ကျန့်မနိုးအောင် တိုးတိုးတိတ်တိတ် ခရီးဆက်ရတယ်...

သူက သံသယကင်းကင်းနဲ့ချစ်စေချင်တာ..
သူက ယုံကြည်စေချင်တာ..
မင်းကို မချစ်ဘူးဆိုတဲ့ စကားကို တဖွဖွရွတ်နေရင်းနဲ့တောင် နာကျင်စေချင်တာမဟုတ်ဘူး..

ခုနက တတွတ်တွတ်ရွတ်ခဲ့သမျှတွေကို မနက်ကျရင် သူ့ကျန့်ကော မမှတ်မိတော့ရင်ကောင်းမယ်လို့ ရိပေါ်က ဆုတောင်းတယ်...

ပြီးတော့ သူ ပိုကြိုးစားရမယ်ထင်တယ်..
သူလုံးဝ လက်မလွှတ်ချင်တဲ့ သူ့ မြတ်နိုးခြင်းလေးက နားလည်ရသိပ်ခက်တာမို့...။

Continue Reading

You'll Also Like

121K 9.9K 35
yizhan story (သဘာဝလွန်) အခါးမပါ။ အချိုကြိုက်သူများ ဖတ်ရန်။ Start Date 21.1.2021 End Date 23.7.2021
14.3K 1.6K 12
Unicode & Zawgyi Start - 8 . 2 . 2023 သရဲကြောက်တတ်ပေမယ့် သရဲဘုရင်ကြီးနဲ့မှ လက်ထပ်မိသွားတဲ့ ကောင်လေးတစ်ယောက်... သူ့ယောကျာ်းနဲ့ အပြည့်အဝပေါင်းဖက်ရဖို့အ...
156K 20.5K 15
Xiao Zhan + Wang Yibo (short story)
5.4M 720K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...