[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 355K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၁၁၂ ..

16.3K 1.6K 59
By busy_pisi

《Zawgyi》

အပိုင္း - ၁၁၂
[အမွန္ကို ေသခ်ာမေတြးၾကည့္ပဲ တစ္ဖက္သတ္ မုန္းတီးေနျခင္း - ၁]

ခ်န္းစီႏ်န္အတြက္ေတာ့ အလုပ္ေစာေစာၿပီးတယ္ဆိုတာ အေတာ့္ကို ရွားရွားပါးပါး အျဖစ္ပင္။ သူက ေအာက္ထပ္မွာ ခ်င္းစုယြဲ႕ကို နာရီဝက္နီးပါး ေစာင့္ေနေပမယ့္ သူမ အလုပ္ဆင္းသည္ကို မေတြ႕မိေသးေပ။ ဖုနးေခၚၾကည့္ေတာ့ သူ႔ကို ဘေလာ့ထားသည္အား မွတ္မိသိရွိသြားလ်က္ သူမက သူ႔အား အခုထိ ဘေလာ့ထားတာကို ျပန္မျဖည္ေပးရေသးဘူးပဲ။

သူလဲ ေရြးစရာ မရွိေတာ့ပဲ လက္ေထာက္ဝမ္အား သူမကို ဖုန္းေခၚခိုင္းရေလ၏။ "သူ႔ကို ဖုန္းေခၚၿပီး ငါေအာက္ထပ္မွာ ေစာင့္ေနတယ္လို႔ ေျပာလိုက္"

လက္ေထာက္ဝမ္မွာ 'သူက ဘယ္သူလဲ?'ဟု ပါးစပ္မွ လႊတ္ခနဲ ထြက္မိလုနီးပါးပင္ ျဖစ္သြားၿပီး ရုပ္သံလႊင့္ဌာနလို႔ ၾကားလိုက္ရေတာ့မွ ခ်က္ခ်င္း ျပန္ေျဖလိုက္၏။ "စီအီးအိုခ်န္း ... ခဏေလးပဲ ေစာင့္ပါခင္ဗ် ... ကၽြန္ေတာ္ သူ႔ကို အခုပဲ ေခၚလိုက္ပါမယ္"

"အိုေခ"

ခ်င္းစုယြဲ႕မွာ ဒါရိုက္တာႏွင့္ စကားေျပာလို႔ မၿပီးေသးခင္မွာပဲ ဖုန္းက ဝင္လာ၏။ ေခၚဆိုတာက ဖုန္းနံပါတ္စိမ္း တစ္ခုပင္ ျဖစ္ကာ မကိုင္မခ်င္း ေခၚေနေတာ့သည္။

ခ်င္းစုယြဲ႕မွာ ေရြးစရာမရွိေတာ့ပဲ ေဆြးေႏြးတာကို ခဏရပ္ထားရၿပီး ဖုန္းကိုင္လိုက္ေတာ့ သိပ္မရင္းႏွီးသည့္ အမ်ိဳးသား တစ္ေယာက္အသံအား သတိျပဳမိလိုက္သည္။ "ဟယ္လို ... ခ်င္းမိန္းကေလးခင္ဗ် ... စီအီးအိုခ်န္းက မိန္းကေလးကို ေအာက္ထပ္မွာ ေစာင့္ေနတယ္ဆိုတာ ေျပာခိုင္းလိုက္လို႔ပါ"

"အမ္? ဘာရယ္?" ခ်င္းစုယြဲ႕မွာ မ်က္ခံုးကို ရွံဳ႕မဲ့လိုက္မိကာ ေတြးေတာင္ မေတြးၾကည့္ေတာ့ပဲႏွင့္ ... "ကၽြန္မ ဒီည အစီအစဥ္တစ္ခု ရိုက္ကူးစရာရွိတာမို႔ သူ႔ကို ျမန္ျမန္ ျပန္သြားဖို႔အတြက္ ေျပာေပးႏိုင္မလားရွင့္?"

လက္ေထာက္ဝမ္က ေအးေအးေဆးေဆးပဲ တံု႔ျပန္လိုက္သည္။ "ခ်င္းမိန္းကေလး အားနာပါတယ္ ... ဒီအေၾကာင္းကို မိန္းကေလး ကိုယ္တိုင္ စီအီးအိုခ်န္းကို ဖုန္းဆက္ၿပီး ေျပာလိုက္ရင္ေရာ ဘယ္လိုလဲခင္ဗ်? ေက်းဇူးတင္ပါတယ္ ဂြတ္ဘိုင္"

ခ်င္းစုယြဲ႕မွာ လက္ေထာက္ဝမ္က ဖုန္းခ်လိုက္သျဖင့္ စိတ္တိုသြားေတာ့၏။

ခ်န္းစီႏ်န္က ဘာလုပ္ေနတာတုန္း?!
သူတို႔အေၾကာင္းကို အတင္းအဖ်င္းေတြ အမ်ားႀကီး ပ်ံ႕ႏွံ႔ေနပါတယ္ဆိုေနမွ အခု ေအာက္ထပ္မွာ ေပၚလာေသးတယ္တဲ့ အလုပ္က အသိေတြက ငါေလးကို ဘယ္လိုထင္ၾကမတုန္းလို႔?

ခ်င္းစုယြဲ႕မွာ ဒါရိုက္တာႀကီးႏွင့္ ေနာက္ဆံုး အေၾကာင္းအရာအား စိတ္မပါလက္မပါႏွင့္ ေဆြးေႏြးၿပီးေနာက္ သူမ ဖုန္းကို ထုတ္ၿပီး သူ႔ကို မေခၚခင္တြင္ အနည္းငယ္မၽွ ခ်ီတံုခ်တံု ျဖစ္ေနေသးသည္။

ခ်န္းစီႏ်န္က သူမ ဖုန္းေခၚလာသည္ကို ေတြ႕ေတာ့ မ်က္ခံုးတစ္ဖက္ကို အနည္းငယ္ ပင့္လိုက္သည္။ သိပ္မၾကာခင္မွာပင္ သူမက ဒီဖုန္းနံပါတ္ကို ဘေလာ့လိမ့္မည္ဟုလည္း သူ သိေနခဲ့၏။ အခုအခ်ိန္မွာေတာ့ ဒီဘေလာ့တဲ့ကိစၥနဲ႔ပက္သတ္ၿပီး သူကပဲ သေဘာထားႀကီးစြာႏွင့္ သူမႏွင့္ ျငင္းခုန္ စကားမ်ားမေနေတာ့ေပ။ ဒါေပမယ့္ ေနာင္အနာဂတ္မွာေတာ့ သူမကို သူက  ျဖည္းျဖည္းခ်င္း ေျပာင္းလဲေပးရလိမ့္မည္။

ခ်န္းစီႏ်န္က သိမ္ေမြ႕ညင္သာစြာျဖင့္  ေျပာလိုက္သည္။ "မင္း ဘယ္အခ်ိန္ အလုပ္ဆင္းမွာလဲ? ကိုယ္ စားစရာ တစ္ခုခု ပို႔လိုက္မယ္"

"ကၽြန္မမွာ အခ်ိန္မရွိဘူးရွင့္ ... ခ်န္းစီႏ်န္ ရွင္ ကၽြန္မ အလုပ္လုပ္တဲ့ေနရာမွာ ေပၚေပၚလာတာက ရွင့္ကို အဆင္မေျပ မျဖစ္ေစဘူးလားဟင္? ရွင့္မွာ ေျပာစရာ တစ္ခုခုရွိေနရင္လည္း အဲ့ဒီအေၾကာင္းကို ကၽြန္မတို႔ အိမ္ျပန္ေရာက္မွ ေျပာၾကတာေပါ့ေနာ္"

"ကိုယ္က မင္းနဲ႔အတူ စားခ်င္ရံုေလးတင္ပါ"

"ဟုတ္ၿပီ ..  ေက်းဇူးတင္ပါတယ္"

ခ်န္းစီႏ်န္က  သူမကို အတင္းအက်ပ္ မေတာင္းဆိုေတာ့ပဲ ဝမ္းနည္းကာ စိတ္မေကာင္းျဖစ္သြားသည့ အသံျဖင့္ ေမးလိုက္သည္။ "မင္းမွာ ကိုယ္နဲ႔အတူစားဖို႔ အခ်ိန္မရွိရင္လည္း ကိုယ္ စားစရာမွာၿပီး အေပၚထပ္ကို ပို႔ခိုင္းလိုက္မယ္ ... တစ္ကယ္ေတာ့ မင္း ညစာ စားကိုစားရမွာေနာ္ .. မင္းမွာ စားဖို႔အတြက္ အခ်ိန္ရွိသင့္တယ္"

"ရွင္--" ခ်င္းစုယြဲ႕မွာ ေခါင္းပင္ကိုက္လာမိသည္။ "ကၽြန္မ မုန္႔ နည္းနည္းစားထားလို႔ အခု ဗိုက္ျပည့္ေနၿပီ"

"အဲဒါဆိုရင္ မင္း အလုပ္ဆင္းတဲ့အထိ ကိုယ္ေစာင့္ေနမယ္"

"ခ်န္းစီႏ်န္? ရွင္ ပိုၿပီး ရင့္က်က္ေပးလို႔ မရဘူးလားဟင္? ရွင့္လုပ္ရပ္ေတြေၾကာင့္ ကၽြန္မ တကယ္ကို အေႏွာင့္အယွက္ ျဖစ္ရတယ္"

"မင္း အေႏွာင့္အယွက္ ျဖစ္ရတာက ဘာလို႔လဲဆိုေတာ့ ဒီျဖစ္ရပ္မွာ ေပ်ာ္ရႊင္ၾကည္ႏူးဖို႔အတြက္ မင္းကိုယ္မင္း ခြင့္မျပဳထားလို႔ေလ"

"ဟင္" ခ်င္းစုယြဲ႕က ဒါကို ရီစရာေကာင္းတယ္လို႔ ထင္မိသျဖင့္ ... "ရွင္က ကၽြန္မကို ဒီျဖစ္ရပ္အေပၚ သာယာ ၾကည္ႏူးေစခ်င္တယ္ ဆိုရင္လည္း အဲဒီသူက ကၽြန္မခ်စ္တဲ့သူမွ ျဖစ္မွာေပါ့ ..  ရွင္ျဖစ္ေနလို႔မို႔ ဒီအေၾကာင္းကို ေမ့ပစ္လိုက္သင့္တယ္လို႔ ကၽြန္မေတာ့ ထင္တာပဲ"

"မင္းက အျမဲတမ္း ဒီလိုပါပဲ" ခ်န္းစီႏ်န္၏ ညႇိဳ႕ငင္ႏိုင္စြမ္းေသာ ဆြဲေဆာင္မႈရွိသည့္ အသံက ဖုန္းထဲမွ ထြက္လာသည္။ "မင္းက ကိုယ္နဲ႔သာဆိုရင္ မင္းကိုယ္မင္း အျမဲတမ္း တင္းက်ပ္ကာကြယ္ထားတယ္ အဲ့လိုဆိုမွေတာ့ ဘယ္လိုလုပ္ ကိုယ္ေၾကာင့္ စိတ္လႈပ္ရွားေတာ့မလဲ? စုယြဲ႕ မင္းမွာ ကိုယ့္ကို မလိုလားပဲ ဆန္႔က်င့္ေနတဲ့ တစ္စံုတစ္ရာ ရွိေနတယ္ ... မေျပာျပႏိုင္ေလာက္ေအာင္ ဆိုးဝါးတဲ့ အခ်က္ကေလ အမွန္တရားကို ျမင္ေအာင္ မၾကည့္ပဲ ကိုယ့္ကို တစ္ဖက္သတ္ႀကီး မုန္းတီးေနတာပဲ .. အဲဒါက ကိုယ့္အတြက္ မတရားဘူးေလ"

ခ်န္းစီႏ်န္၏ လိုက္ေလ်ာဖို႔လြယ္သည့္ ရွင္းျပမႈဟာ ခ်င္းစုယြဲ႕အား သတိလစ္မတတ္ အံ့အားသင့္မိေစ၏။ သူမ ထိတ္လန္႔ အံ့အားသင့္ေနခ်ိန္မွာ သူက ထိုေခါင္းစဥ္အား ဆက္မေျပာေတာ့ေပ။ "အလုပ္ကို သင့္တင့္ေအာင္ပဲလုပ္"

ခ်င္းစုယြဲ႕မွာ ဖုန္းကို စိုက္ၾကည့္ေနၿပီး သူ႔အေတြးေတြကို မခန္႔မွန္းတတ္ေတာ့ေပ။

ဒါေပမယ့္ ခ်န္းစီႏ်န္၏ တိုက္ဆိုင္ထိမိလွေသာ စကားလံုးေတြေၾကာင့္ ခ်င္းစုယြဲ႕ဟာ ရုတ္တရက္ သူ ေျပာတာေတြက မွန္ေနေၾကာင္း နားလည္မိသြား၏။

ငါ ခ်န္းစီႏ်န္တစ္ေယာက္ထဲ အေပၚပဲ အျမဲတမ္း စိမ္းကားေအးစက္ၿပီး ဘက္လိုက္ မုန္းတီးေနခဲ့မိတာက မူရင္းဝတၳဳရွိ ခ်င္းစုယြဲ႕ဇာတ္ေကာင္ရဲ႕ အလြန္ဝမ္းနည္းဖြယ္ရာ ဇာတ္သိမ္းေၾကာင့္မလို႔ေလ။ ငါ့ရဲ႕ ခ်န္းစီႏ်န္အေပၚ အျမင္က ဒီဝတၳဳထဲကို မေရာက္လာခင္ထဲက ငါ့စိတ္ထဲမွာ စြဲထင္ အမွတ္ရေစၿပီးသားပဲမလို႔။ အရံ မိန္းကေလးဇာတ္ေကာင္ရဲ႕ မိသားစုဟာ သူ႔ရဲ႕ အၾကင္နာကင္းမဲ့မႈနဲ႔ ေထာက္ထားသက္ညႇာစိတ္ ကင္းမဲ့မႈေတြေၾကာင့္ ပ်က္စီးၿပိဳကြဲခဲ့ရၿပီး အလြန္တရာကို ျပင္းထန္ရက္စက္တဲ့ ေသျခင္းတရားနဲ႔ ၾကံဳေတြ႕ခဲ့ရတာေၾကာင့္ မလို႔ပါ။

အခုခ်ိန္ထိ ငါ အေရးအႀကီးဆံုး အရာကို လ်စ္လ်ဴရႈထားမိခဲ့တယ္ -- အခုငါက ငါကိုယ္တိုင္ပဲေလ မူရင္းဝတၳဳက ခ်င္းစုယြဲ႕မွ မဟုတ္တာ

ငါ ဘယ္နည္းနဲ႔မွ ခ်န္းစီႏ်န္ကို အထင္လြဲေအာင္ ဒါမွမဟုတ္ စိတ္အေႏွာင့္ယွက္ျဖစ္ေအာင္ ဘာတစ္ခုမွ မလုပ္ခဲ့ဘူး။ ရွန္ဝမ္းယန္႔ကိုလည္း ထိခိုက္နာက်င္ေအာင္ ဘာမွ မလုပ္ရေသးသလို ခ်န္းစီႏ်န္နဲ႔ ရွန္ဝမ္းယန္႔ကလည္း အခုထိ မတြဲၾကေသးဘူး

ငါ ဒီကို ကူးေျပာင္းေရာက္ရွိလာထဲက ျဖစ္ပ်က္ခဲ့တဲ့ အရာအားလံုးက လံုးဝႀကီးကို ေျပာင္းလဲသြားခဲ့တာပဲ။ ဥပမာ ငါ့အလုပ္ရယ္ ဒီေနရာရယ္ ... စာအုပ္ထဲမွာ Aၿမိဳ႕အေၾကာင္း ဘယ္တုန္းကမွ မေရးသားခဲ့သလို ဇာတ္လိုက္နဲ႔ ဇာတ္လိုက္မကလဲ ဘယ္တုန္းကမွ ဒီကို မလာေရာက္ခဲ့ဘူး။ အခုေတာ့ သူတုိ႔က ဒီမွာ အေျခခ်ေနၾကတယ္ ...

ကိစၥေတြ အမ်ားႀကီးက မူရင္းဇာတ္ေၾကာင္းအတိုင္း ဆက္ျဖစ္ေနတာ မဟုတ္ေတာ့ဘူး

ခ်င္းစုယြဲ႕ဟာ ကူရာမဲ့စြာျဖင့္ သူမကိုယ္သူမ ေလွာင္ရယ္လိုက္သည္။ ကုန္လြန္ခဲ့တဲ့ အခ်ိန္ေတြတုန္းက ငါ့ရဲ႕ အလုပ္ကိစၥ တစ္ခုထဲကိုသာ ဂရုစိုက္ေနမိခဲ့ၿပီး အမ်ားႀကီး မေတြးၾကည့္ခဲ့မိဘူး။ ဒီတစ္ခ်ိန္လံုးမွာ ငါတစ္ေယာက္ထဲပဲ ရူးမိုက္ေနမိခဲ့တာေပါ့။

သူမ ခ်န္းစီႏ်န္ရဲ႕ စကားလံုးေတြအား တစိမ့္စိမ့္ ခ်င့္ခ်ိန္ ေတြးၾကည့္လိုက္ေတာ့ ဘယ္လိုေတာင္ သူ႔အား မမၽွမတ ဆက္ဆံကာ စိမ္းကားေအးစက္ခဲ့မိသည္အား စဥ္းစားေနမိ၏။

ဤသည္က ကိစၥတစ္ခုပင္။ အဆံုးမွာေတာ့ သူမ ဒီကိုေရာက္ရွိလာထဲက အခုထိ သူ႔အေပၚတြင္ ဘယ္တုန္းကမွ ေကာင္းေကာင္းမြန္မြန္ ျပဳမူေပးၿပီး တရားမၽွတစြာ ၾကည့္ရႈမေပးခဲ့မိေပ။

သူက ငါ့အေပၚ လြန္လြန္က်ဴးက်ဴး ျပဳမူခဲ့တာ တစ္ခုမွ မရွိခဲ့ဘူး။ ခ်န္းစီႏ်န္က ထူးခၽြန္ထက္ျမက္ၿပီး ေထာက္ထား ညႇာတာတတ္တဲ့သူ တစ္ေယာက္ပဲကို။ ငါသာ သူ႔အေပၚ စိမ္းကားေအးစက္ၿပီး မမၽွမတ ဆက္ဆံေနတာကို ရပ္တန္႔လိုက္မယ္ဆိုရင္ သူ႔ကို အေဝး တြန္းထုတ္ေနတာကိုလဲ ရပ္လိုက္ရမွာလား?

ခ်င္းစုယြဲ႕ဟာ ရယ္ေမာလ်က္ ေခါင္းခါမိ၏။ သူမရဲ႕ အေတြးေတြကို ဆက္ၿပီး မေတြးၾကည့္ခ်င္ေတာ့ေပ။

ညက် သူမ အလုပ္ၿပီးစီးသြားတဲ့ အခါမွာ ကားပါကင္သို႔ ေရာက္ရွိသြား၏။ ခ်င္းစုယြဲ႕ဟာ အိတ္ထဲမွ ကားေသာ့ကို ထုတ္ၿပီး ဖြင့္မလို႔ ျပင္လိုက္စဥ္မွာပင္ ေနာက္ကကားမွ ဟြန္းတီးသံအား ၾကားလိုက္ရသည္။

ခ်င္းစုယြဲ႕က ထိုကားအနက္ေရာင္အား သကၤာမကင္း ၾကည့္လိုက္မိေပမယ့္ လ်စ္လ်ဴျပဳဖို႔သာ ဆံုးျဖတ္လိုက္၏။ သူမ ကားတံခါးကို ဖြင့္ကာ သူမရဲ႕ကားအတြင္းသို႔ ဝင္ခါနီးမွာပဲ ထိုကားအနက္ေရာင္က ထပ္မံ ဟြန္းတီးလိုက္ျပန္သည္။

9.3.2020

**********************

《Unicode》

အပိုင်း - ၁၁၂
[အဖြစ်မှန်ကို သေချာမတွေးကြည့်ပဲ တစ်ဖက်သတ် မုန်းတီးနေခြင်း - ၁]

ချန်းစီနျန်အတွက်တော့ အလုပ်စောစောပြီးတယ်ဆိုတာ အတော့်ကို ရှားရှားပါးပါး အဖြစ်ပင်။ သူက အောက်ထပ်မှာ ချင်းစုယွဲ့ကို နာရီဝက်နီးပါး စောင့်နေပေမယ့် သူမ အလုပ်ဆင်းသည်ကို မတွေ့မိသေးပေ။ ဖုနးခေါ်ကြည့်တော့ သူ့ကို ဘလော့ထားသည်အား မှတ်မိသိရှိသွားလျက် သူမက သူ့အား အခုထိ ဘလော့ထားတာကို ပြန်မဖြည်ပေးရသေးဘူးပဲ။

သူလဲ ရွေးစရာ မရှိတော့ပဲ လက်ထောက်ဝမ်အား သူမကို ဖုန်းခေါ်ခိုင်းရလေ၏။ "သူ့ကို ဖုန်းခေါ်ပြီး ငါအောက်ထပ်မှာ စောင့်နေတယ်လို့ ပြောလိုက်"

လက်ထောက်ဝမ်မှာ 'သူက ဘယ်သူလဲ?'ဟု ပါးစပ်မှ လွှတ်ခနဲ ထွက်မိလုနီးပါးပင် ဖြစ်သွားပြီး ရုပ်သံလွှင့်ဌာနလို့ ကြားလိုက်ရတော့မှ ချက်ချင်း ပြန်ဖြေလိုက်၏။ "စီအီးအိုချန်း ... ခဏလေးပဲ စောင့်ပါခင်ဗျ ... ကျွန်တော် သူ့ကို အခုပဲ ခေါ်လိုက်ပါမယ်"

"အိုခေ"

ချင်းစုယွဲ့မှာ ဒါရိုက်တာနှင့် စကားပြောလို့ မပြီးသေးခင်မှာပဲ ဖုန်းက ဝင်လာ၏။ ခေါ်ဆိုတာက ဖုန်းနံပါတ်စိမ်း တစ်ခုပင် ဖြစ်ကာ မကိုင်မချင်း ခေါ်နေတော့သည်။

ချင်းစုယွဲ့မှာ ရွေးစရာမရှိတော့ပဲ ဆွေးနွေးတာကို ခဏရပ်ထားရပြီး ဖုန်းကိုင်လိုက်တော့ သိပ်မရင်းနှီးသည့် အမျိုးသား တစ်ယောက်အသံအား သတိပြုမိလိုက်သည်။ "ဟယ်လို ... ချင်းမိန်းကလေးခင်ဗျ ... စီအီးအိုချန်းက မိန်းကလေးကို အောက်ထပ်မှာ စောင့်နေတယ်ဆိုတာ ပြောခိုင်းလိုက်လို့ပါ"

"အမ်? ဘာရယ်?" ချင်းစုယွဲ့မှာ မျက်ခုံးကို ရှုံ့မဲ့လိုက်မိကာ တွေးတောင် မတွေးကြည့်တော့ပဲနှင့် ... "ကျွန်မ ဒီည အစီအစဉ်တစ်ခု ရိုက်ကူးစရာရှိတာမို့ သူ့ကို မြန်မြန် ပြန်သွားဖို့အတွက် ပြောပေးနိုင်မလားရှင့်?"

လက်ထောက်ဝမ်က အေးအေးဆေးဆေးပဲ တုံ့ပြန်လိုက်သည်။ "ချင်းမိန်းကလေး အားနာပါတယ် ... ဒီအကြောင်းကို မိန်းကလေး ကိုယ်တိုင် စီအီးအိုချန်းကို ဖုန်းဆက်ပြီး ပြောလိုက်ရင်ရော ဘယ်လိုလဲခင်ဗျ? ကျေးဇူးတင်ပါတယ် ဂွတ်ဘိုင်"

ချင်းစုယွဲ့မှာ လက်ထောက်ဝမ်က ဖုန်းချလိုက်သဖြင့် စိတ်တိုသွားတော့၏။

ချန်းစီနျန်က ဘာလုပ်နေတာတုန်း?!
သူတို့အကြောင်းကို အတင်းအဖျင်းတွေ အများကြီး ပျံ့နှံ့နေပါတယ်ဆိုနေမှ အခု အောက်ထပ်မှာ ပေါ်လာသေးတယ်တဲ့ အလုပ်က အသိတွေက ငါလေးကို ဘယ်လိုထင်ကြမတုန်းလို့?

ချင်းစုယွဲ့မှာ ဒါရိုက်တာကြီးနှင့် နောက်ဆုံး အကြောင်းအရာအား စိတ်မပါလက်မပါနှင့် ဆွေးနွေးပြီးနောက် သူမ ဖုန်းကို ထုတ်ပြီး သူ့ကို မခေါ်ခင်တွင် အနည်းငယ်မျှ ချီတုံချတုံ ဖြစ်နေသေးသည်။

ချန်းစီနျန်က သူမ ဖုန်းခေါ်လာသည်ကို တွေ့တော့ မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်သည်။ သိပ်မကြာခင်မှာပင် သူမက ဒီဖုန်းနံပါတ်ကို ဘလော့လိမ့်မည်ဟုလည်း သူ သိနေခဲ့၏။ အခုအချိန်မှာတော့ ဒီဘလော့တဲ့ကိစ္စနဲ့ပက်သတ်ပြီး သူကပဲ သဘောထားကြီးစွာနှင့် သူမနှင့် ငြင်းခုန် စကားများမနေတော့ပေ။ ဒါပေမယ့် နောင်အနာဂတ်မှာတော့ သူမကို သူက  ဖြည်းဖြည်းချင်း ပြောင်းလဲပေးရလိမ့်မည်။

ချန်းစီနျန်က သိမ်မွေ့ညင်သာစွာဖြင့်  ပြောလိုက်သည်။ "မင်း ဘယ်အချိန် အလုပ်ဆင်းမှာလဲ? ကိုယ် စားစရာ တစ်ခုခု ပို့လိုက်မယ်"

"ကျွန်မမှာ အချိန်မရှိဘူးရှင့် ... ချန်းစီနျန် ရှင် ကျွန်မ အလုပ်လုပ်တဲ့နေရာမှာ ပေါ်ပေါ်လာတာက ရှင့်ကို အဆင်မပြေ မဖြစ်စေဘူးလားဟင်? ရှင့်မှာ ပြောစရာ တစ်ခုခုရှိနေရင်လည်း အဲ့ဒီအကြောင်းကို ကျွန်မတို့ အိမ်ပြန်ရောက်မှ ပြောကြတာပေါ့နော်"

"ကိုယ်က မင်းနဲ့အတူ စားချင်ရုံလေးတင်ပါ"

"ဟုတ်ပြီ ..  ကျေးဇူးတင်ပါတယ်"

ချန်းစီနျန်က  သူမကို အတင်းအကျပ် မတောင်းဆိုတော့ပဲ ဝမ်းနည်းကာ စိတ်မကောင်းဖြစ်သွားသည့ အသံဖြင့် မေးလိုက်သည်။ "မင်းမှာ ကိုယ်နဲ့အတူစားဖို့ အချိန်မရှိရင်လည်း ကိုယ် စားစရာမှာပြီး အပေါ်ထပ်ကို ပို့ခိုင်းလိုက်မယ် ... တစ်ကယ်တော့ မင်း ညစာ စားကိုစားရမှာနော် .. မင်းမှာ စားဖို့အတွက် အချိန်ရှိသင့်တယ်"

"ရှင်--" ချင်းစုယွဲ့မှာ ခေါင်းပင်ကိုက်လာမိသည်။ "ကျွန်မ မုန့် နည်းနည်းစားထားလို့ အခု ဗိုက်ပြည့်နေပြီ"

"အဲဒါဆိုရင် မင်း အလုပ်ဆင်းတဲ့အထိ ကိုယ်စောင့်နေမယ်"

"ချန်းစီနျန်? ရှင် ပိုပြီး ရင့်ကျက်ပေးလို့ မရဘူးလားဟင်? ရှင့်လုပ်ရပ်တွေကြောင့် ကျွန်မ တကယ်ကို အနှောင့်အယှက် ဖြစ်ရတယ်"

"မင်း အနှောင့်အယှက် ဖြစ်ရတာက ဘာလို့လဲဆိုတော့ ဒီဖြစ်ရပ်မှာ ပျော်ရွှင်ကြည်နူးဖို့အတွက် မင်းကိုယ်မင်း ခွင့်မပြုထားလို့လေ"

"ဟင်" ချင်းစုယွဲ့က ဒါကို ရီစရာကောင်းတယ်လို့ ထင်မိသဖြင့် ... "ရှင်က ကျွန်မကို ဒီဖြစ်ရပ်အပေါ် သာယာ ကြည်နူးစေချင်တယ် ဆိုရင်လည်း အဲဒီသူက ကျွန်မချစ်တဲ့သူမှ ဖြစ်မှာပေါ့ ..  ရှင်ဖြစ်နေလို့မို့ ဒီအကြောင်းကို မေ့ပစ်လိုက်သင့်တယ်လို့ ကျွန်မတော့ ထင်တာပဲ"

"မင်းက အမြဲတမ်း ဒီလိုပါပဲ" ချန်းစီနျန်၏ ညှို့ငင်နိုင်စွမ်းသော ဆွဲဆောင်မှုရှိသည့် အသံက ဖုန်းထဲမှ ထွက်လာသည်။ "မင်းက ကိုယ်နဲ့သာဆိုရင် မင်းကိုယ်မင်း အမြဲတမ်း တင်းကျပ်ကာကွယ်ထားတယ် အဲ့လိုဆိုမှတော့ ဘယ်လိုလုပ် ကိုယ်ကြောင့် စိတ်လှုပ်ရှားတော့မလဲ? စုယွဲ့ မင်းမှာ ကိုယ့်ကို မလိုလားပဲ ဆန့်ကျင့်နေတဲ့ တစ်စုံတစ်ရာ ရှိနေတယ် ... မပြောပြနိုင်လောက်အောင် ဆိုးဝါးတဲ့ အချက်ကလေ အမှန်တရားကို မြင်အောင် မကြည့်ပဲ ကိုယ့်ကို တစ်ဖက်သတ်ကြီး မုန်းတီးနေတာပဲ .. အဲဒါက ကိုယ့်အတွက် မတရားဘူးလေ"

ချန်းစီနျန်၏ လိုက်လျောဖို့လွယ်သည့် ရှင်းပြမှုဟာ ချင်းစုယွဲ့အား သတိလစ်မတတ် အံ့အားသင့်မိစေ၏။ သူမ ထိတ်လန့် အံ့အားသင့်နေချိန်မှာ သူက ထိုခေါင်းစဉ်အား ဆက်မပြောတော့ပေ။ "အလုပ်ကို သင့်တင့်အောင်ပဲလုပ်"

ချင်းစုယွဲ့မှာ ဖုန်းကို စိုက်ကြည့်နေပြီး သူ့အတွေးတွေကို မခန့်မှန်းတတ်တော့ပေ။

ဒါပေမယ့် ချန်းစီနျန်၏ တိုက်ဆိုင်ထိမိလှသော စကားလုံးတွေကြောင့် ချင်းစုယွဲ့ဟာ ရုတ်တရက် သူ ပြောတာတွေက မှန်နေကြောင်း နားလည်မိသွား၏။

ငါ ချန်းစီနျန်တစ်ယောက်ထဲ အပေါ်ပဲ အမြဲတမ်း စိမ်းကားအေးစက်ပြီး ဘက်လိုက် မုန်းတီးနေခဲ့မိတာက မူရင်းဝတ္ထုရှိ ချင်းစုယွဲ့ဇာတ်ကောင်ရဲ့ အလွန်ဝမ်းနည်းဖွယ်ရာ ဇာတ်သိမ်းကြောင့်မလို့လေ။ ငါ့ရဲ့ ချန်းစီနျန်အပေါ် အမြင်က ဒီဝတ္ထုထဲကို မရောက်လာခင်ထဲက ငါ့စိတ်ထဲမှာ စွဲထင် အမှတ်ရစေပြီးသားပဲမလို့။ အရံ မိန်းကလေးဇာတ်ကောင်ရဲ့ မိသားစုဟာ သူ့ရဲ့ အကြင်နာကင်းမဲ့မှုနဲ့ ထောက်ထားသက်ညှာစိတ် ကင်းမဲ့မှုတွေကြောင့် ပျက်စီးပြိုကွဲခဲ့ရပြီး အလွန်တရာကို ပြင်းထန်ရက်စက်တဲ့ သေခြင်းတရားနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် မလို့ပါ။

အခုချိန်ထိ ငါ အရေးအကြီးဆုံး အရာကို လျစ်လျူရှုထားမိခဲ့တယ် -- အခုငါက ငါကိုယ်တိုင်ပဲလေ မူရင်းဝတ္ထုက ချင်းစုယွဲ့မှ မဟုတ်တာ

ငါ ဘယ်နည်းနဲ့မှ ချန်းစီနျန်ကို အထင်လွဲအောင် ဒါမှမဟုတ် စိတ်အနှောင့်ယှက်ဖြစ်အောင် ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ရှန်ဝမ်းယန့်ကိုလည်း ထိခိုက်နာကျင်အောင် ဘာမှ မလုပ်ရသေးသလို ချန်းစီနျန်နဲ့ ရှန်ဝမ်းယန့်ကလည်း အခုထိ မတွဲကြသေးဘူး

ငါ ဒီကို ကူးပြောင်းရောက်ရှိလာထဲက ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက လုံးဝကြီးကို ပြောင်းလဲသွားခဲ့တာပဲ။ ဥပမာ ငါ့အလုပ်ရယ် ဒီနေရာရယ် ... စာအုပ်ထဲမှာ Aမြို့အကြောင်း ဘယ်တုန်းကမှ မရေးသားခဲ့သလို ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကလဲ ဘယ်တုန်းကမှ ဒီကို မလာရောက်ခဲ့ဘူး။ အခုတော့ သူတို့က ဒီမှာ အခြေချနေကြတယ် ...

ကိစ္စတွေ အများကြီးက မူရင်းဇာတ်ကြောင်းအတိုင်း ဆက်ဖြစ်နေတာ မဟုတ်တော့ဘူး

ချင်းစုယွဲ့ဟာ ကူရာမဲ့စွာဖြင့် သူမကိုယ်သူမ လှောင်ရယ်လိုက်သည်။ ကုန်လွန်ခဲ့တဲ့ အချိန်တွေတုန်းက ငါ့ရဲ့ အလုပ်ကိစ္စ တစ်ခုထဲကိုသာ ဂရုစိုက်နေမိခဲ့ပြီး အများကြီး မတွေးကြည့်ခဲ့မိဘူး။ ဒီတစ်ချိန်လုံးမှာ ငါတစ်ယောက်ထဲပဲ ရူးမိုက်နေမိခဲ့တာပေါ့။

သူမ ချန်းစီနျန်ရဲ့ စကားလုံးတွေအား တစိမ့်စိမ့် ချင့်ချိန် တွေးကြည့်လိုက်တော့ ဘယ်လိုတောင် သူ့အား မမျှမတ ဆက်ဆံကာ စိမ်းကားအေးစက်ခဲ့မိသည်အား စဉ်းစားနေမိ၏။

ဤသည်က ကိစ္စတစ်ခုပင်။ အဆုံးမှာတော့ သူမ ဒီကိုရောက်ရှိလာထဲက အခုထိ သူ့အပေါ်တွင် ဘယ်တုန်းကမှ ကောင်းကောင်းမွန်မွန် ပြုမူပေးပြီး တရားမျှတစွာ ကြည့်ရှုမပေးခဲ့မိပေ။

သူက ငါ့အပေါ် လွန်လွန်ကျူးကျူး ပြုမူခဲ့တာ တစ်ခုမှ မရှိခဲ့ဘူး။ ချန်းစီနျန်က ထူးချွန်ထက်မြက်ပြီး ထောက်ထား ညှာတာတတ်တဲ့သူ တစ်ယောက်ပဲကို။ ငါသာ သူ့အပေါ် စိမ်းကားအေးစက်ပြီး မမျှမတ ဆက်ဆံနေတာကို ရပ်တန့်လိုက်မယ်ဆိုရင် သူ့ကို အဝေး တွန်းထုတ်နေတာကိုလဲ ရပ်လိုက်ရမှာလား?

ချင်းစုယွဲ့ဟာ ရယ်မောလျက် ခေါင်းခါမိ၏။ သူမရဲ့ အတွေးတွေကို ဆက်ပြီး မတွေးကြည့်ချင်တော့ပေ။

ညကျ သူမ အလုပ်ပြီးစီးသွားတဲ့ အခါမှာ ကားပါကင်သို့ ရောက်ရှိသွား၏။ ချင်းစုယွဲ့ဟာ အိတ်ထဲမှ ကားသော့ကို ထုတ်ပြီး ဖွင့်မလို့ ပြင်လိုက်စဉ်မှာပင် နောက်ကကားမှ ဟွန်းတီးသံအား ကြားလိုက်ရသည်။

ချင်းစုယွဲ့က ထိုကားအနက်ရောင်အား သင်္ကာမကင်း ကြည့်လိုက်မိပေမယ့် လျစ်လျူပြုဖို့သာ ဆုံးဖြတ်လိုက်၏။ သူမ ကားတံခါးကို ဖွင့်ကာ သူမရဲ့ကားအတွင်းသို့ ဝင်ခါနီးမှာပဲ ထိုကားအနက်ရောင်က ထပ်မံ ဟွန်းတီးလိုက်ပြန်သည်။

9.3.2020

***********************

Continue Reading

You'll Also Like

777K 50.5K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
742K 75.2K 200
ချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု​၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို​...
2.4K 115 12
#crd to original author
164K 14.7K 62
Own Credtion လို႔ အတိအက် မေဖာ္က်ဴးႏုိင္ေပမယ့္ ေက်ာရိုးမွလြဲ၍ ဇာတ္လမး္ ဇာတ္ကြက္နဲ႔ ဇာတ္ေကာင္ေတြ အားလံုးဟာ စြဲေမြးဖြားထားတဲ့ စြဲရဲ႕သားသမီးေတြ ျဖစ္ပါတယ္...