မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)

By Natpankalay

150K 14.6K 1.1K

ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။ More

အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)(Z &U)
အပိုင္း-(၈)
အပိုင္း(၉) (Z&U)
အပိုင္း(၁၀)(Z&U)
အပိုင္း-(၁၁)
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း -၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း-၂၆
အပိုင်း ၂၇ final

အပိုင်း ၂၅

5.8K 541 62
By Natpankalay

အပို္င္း-၂၅

ညက ဘယ္အခ်ိန္အိပ္ေပ်ာ္လို႕ေပ်ာ္သြားမွန္းလည္းမသိခဲ့။ Orchid ပန္းအိုးျဖဴေလးကို ေပြ႕ပိုက္ရင္း ထိုင္ေနခဲ့မိတာ ေတာ္ေတာ္ ႀကာႀကာ။ Kongpob ဘယ္အခ်ိန္ျပန္သြားမွန္းလည္းမသိခဲ့ပါ။ တကယ္ေတာ့ Arthit အဆံုးထိ ဟန္ေဆာင္ထားခ်င္ မိသည္။ မုန္း ေမ့နာႀကည္းလိုက္ဖုိ႕ဦးေႏွာက္က တတြတ္တြတ္သတိေပးေနသည့္တိုင္ စိတ္ႏွလံုးသားက လက္မခံဘဲ အႀကိမ္ႀကိမ္ ျငင္းဆုိ ေလေတာ့ မသိခ်င္ေယာင္ေဆာင္သည့္နည္းကိုသာ သံုးခဲ့သည္။ Kongpob ကုို အမွတ္မထင္ေတြ႕စဥ္က လက္ဖ်ားေျခဖ်ား ေတြ ပါတုန္ယင္လ်က္ အိမ္ေရွ႕က ပန္းအုိးထဲကေျမေတြကို အေႀကာင္းမရွိ တူးဆြကာ စိတ္ဂဏွာမျငိမ္ျဖစ္ ခဲ့ရသည္။ဒီႏွစ္ေတြအတြင္း သူ အားလံုးႏွင့္အဆက္အသြယ္ျဖတ္လ်က္ေနခဲ့သည္။ Bright ကုိလည္းမဆက္သြယ္။ Chakrii ရယ္ Chanchai ရယ္သာ သိထားသည့္ ဒီအိမ္ေလးမွာပဲ သူ ေကာင္းေကာင္းမြန္မြန္ေနခဲ့သည္။ စာေတြဖတ္သည္။ ပန္းပင္စိုက္သည္။ ရံဖန္ရံခါ ေဂဟာထဲကကေလးေတြႏွင့္ ေဆာ့ကစား ေပးသည္။ စိတ္တစ္ေထာင့္တစ္ေနရာက သတိတရနာက်င္ေနမႈကို ေမ့ေဖ်ာက္လ်က္ သူက်င္လည္ခဲ့သည္။ Chakrii ႏွင့္ Nanyi ၏ လက္ထပ္ပြဲအတြက္ေတာင္ သူ ကုိႀကီးကို ဖုန္းထဲကေနသာ ဆုေတာင္းစကားေျပာေပးခဲ့၏။ကုိႀကီးကေတာ့ သူ ဒီလုိေအးခ်မ္းေနတာကုိပဲႏွစ္သက္ေလတဲ့သူ.

စားပြဲေပၚက ဖုန္းေလး၏တဒီးဒီးတုန္ခါျမည္ေနသံေႀကာင့္ ကုတင္ေပၚမွာငူငူေလးထို္င္ေနရာကေန သတိဝင္လာ သည္။ေခၚဆုိသူက Chakrii မို႕ သူ ဖုန္းဖြင့္နားေထာင္လိုက္၏။

#ဟုတ္ကဲ့ ကုိႀကီး

*အားလံုးအဆင္ေျပရဲ႕လား ညီေလး

#ေျပပါတယ္ကိုႀကီးရဲ႕။ကြ်န္ေတာ္ အားလံုးကိုရင္ဆိုင္ေနႏိုင္ပါျပီ။ဒီထက္ပိုျပီးလည္းေရွာင္ေနလုိ႕မွ မရတဲ့ဟာကို ကြ်န္ေတာ္ သတၱိရွိေနပါျပီကုိႀကီး။ စိတ္မပူနဲ႕ေနာ္။ မယ္မယ့္ကိုလည္း ကြ်န္ေတာ္ ပစ္ထားရတာႀကာျပီမုိ႕တကယ္လြမ္းေနတာ။

တစ္ဖက္မွ Chakrii က ခဏမွ် အသံတိတ္ကာ သက္ျပင္းခ်သည္။

#ျပီးေတာ့ ဒီကိစၥေတြကုိဖုံုးကြယ္ထားလုိ႕ မမ Nanyi က ကုိႀကီးကို စိတ္ဆုိးေသးလားဟင္။ကြ်န္ေတာ့္အတြက္နဲ႕.

*Nanyi က ဘာလုိ႕စိတ္ဆုိးရမွာလဲကြာ။သူ အားလံုးကုိနားလည္တယ္။ကုိႀကီးတုိ႕ေႀကာင့္အစတည္လာတဲ့ ဒီကိစၥေတြအတြက္ သူေတာင္ တစ္ခ်ိန္လံုး အားနာဝမ္းနည္းေနတာ။

Chakrii ကို ထုိသို႕မျမင္ဖုိ႕ ေျပာရင္း စကားအဆံုးသတ္ကာ ဖုန္းခ်လို္က္သည္။ မျမင္ရေပမယ့္ Arthit ျပံဳးလုိက္မိ သည္။ ကိုႀကီး လည္း ထုိ႕နည္းလည္းေကာင္းပင္ျဖစ္သည္။သူတုိ႕ႏွစ္ေယာက္၏ ကိစၥေႀကာင့္ Arthit ႏွင့္ Kongpob ဒီလုိအေျခ အေန ထိ ေရာက္ခဲ့ရသည္ဆုိကာ အျမဲစိတ္မေကာင္းျဖစ္ေနခဲ့သည္။သုိ႕ေသာ္ Arthit ယူဆတာက ေတာ့တစ္မ်ိဴး။ဘယ္လုိနာက်င္မႈေတြ ပဲ ျဖစ္တည္လာပါေစ သူ Kongpob ႏွင့္ဆံု၇သည္ကို မည္သည့္အခါမွ ေနာင္တတစ္စံုတစ္ရာရမည္မဟုတ္။သုိ႕ေပမယ့္လည္း လက္ရွိ အေျခအေနကို သူဘယ္လိုေျဖရွင္းရမည္မွန္းလဲ မသိေသး။

Kongpob က သူ႕ကို ေတာင္းပန္သည္။ငိုရိႈက္လ်က္ေတာင္းပန္သည့္အခါ ထပ္တူနာက်င္ရသူက သူသာလွ်င္ျဖစ္ ၏။ ဘာပဲျဖစ္ျဖစ္ Kongpob က ခ်စ္သည့္စကားကုိလည္းဆုိသည္။ ဒိီအခါေတာ့ အတည္ျဖစ္ေကာင္းသည္ဟု သူယံုႀကည္မိပါ သည္။

မေႀကာက္မရြံ႕ႏွလံုးသားငယ္က မဝ့ံမရဲ နာလန္ထူလ်က္ စိတ္ေလးပါ အနည္းငယ္လန္းဆန္းလာရသည္။အိပ္ရာမွ ထလုိက္ျပီး ေရမုိးခ်ိဴးသည္။ မနက္စာ စားဖို႕ျပင္ဆင္ရန္ အခန္းထဲကထြက္လာခဲ့သည္။ေပါင္မုန္႕တစ္ခ်ပ္ႏွစ္ခ်ပ္ မီးကင္လ်က္ ႏြားႏုိ႕ကို micro wave ထဲ ထည့္ေႏြးလိုက္၏။

“Arthit.- ေဟ့ေကာင္  Arthit.”

Arthit ကုိယ္မတ္ခနဲျဖစ္သြားသည္။ ျခံေရွ႕ကေန ေအာ္ဟစ္ေနသည့္အသံက တရင္းတႏွီး။ သူခ်က္ခ်င္းပင္ အိမ္ထဲက ထြက္လာခဲ့လိုက္သည္။ ျခံျပင္တံခါးဝတြင္ သူ႕ကို စူးစူးရဲရဲႀကည့္ကာ မႈန္ကုတ္ေနသည့္ Bright ကုိျမင္ေတာ့ သူ မ်က္ရည္ေတြ ဝဲတက္လာလ်က္ ဟက္ခနဲရယ္မိပါေတာ့သည္။ျခံတံခါးဖြင့္ေပးလွ်င္ဖြင့္ေပးျခင္းပင္ Bright က သူ႕ လက္ေမာငး္ကို နာေအာင္ ထုိးလာ၏။

“ေခြးေကာင္. Arthit မေကာင္းတဲ့အေကာင္။ ငါက ဘာလုပ္ခဲ့လို႕ ငါ့ကိုပါ ပစ္ထားရတာလဲ ဟမ္။ ကုိႀကီး ေျပာလာတာမဟုတ္ရင္ငါကတစ္သက္လံုး မသိရေတာ့ဘူးလား။ ငါက တစ္သက္လံုး မင္း ေသျပီလုိ႕ပဲ သိထားရမွာလား ”

“ေတာင္းပန္ပါတယ္ Bright.”

“မင္း တကယ္တရားလြန္တဲ့ေကာင္-”

မ်က္ရည္စတုိ႕ပါရစ္သိုင္းလာသည့္ Bright ကုိ သူ ျပံဳးျပလ်က္ လက္ဆန္႕တန္းေပးလို္က္ရင္း ႏွစ္ေယာက္သား အားရပါးရ ဖက္တြယ္ လိုက္ႀကသည္။ျပီးေတာ့မွ Bright ကိုအိမ္ထဲေခၚလာခဲ့လိုက္ရင္း ေပါင္မုန္႕ထပ္ကင္သည္။ အပိုရွိေနသည့္ ႏြားနုိ႕ကိုလည္းထပ္ေႏြးျပီး သူ႕ေရွ႕ ခ်ေပးလုိက္သည္။

“ႏွစ္ ႏွစ္ေက်ာ္ျပီး ပထမဆံုးေတြ႕ရတဲ့ငါ့အတြက္ မနက္စာလား။”

“ေအးေလ ငါလညး္ဒါပဲစားတာ ဂ်ီးမ်ားမေနနဲ႕ စား-”

“ေခြးေကာင္ ငါ မင္းကို တကယ္လြမ္းေနတာကြ.”

“ေအး ငါေရာပဲ”

Bright က အပိုေတြ ေရရြတ္လ်က္ Arthit ကင္ေပးသည့္ေပါင္မုန္႕ခ်ပ္ကို ပါးစပ္ထဲပလုတ္ပေလာင္းဝါး သည္။ ႏြားနုိ႕ပူေလးေသာက္လိုက္ျဖင့္ သေဘာက်ေနေလ၏။အခ်ိန္အႀကာႀကီး မေတြ႕ရသည့္ သူငယ္ခ်င္းႏွစ္ေယာက္ စကားေတြ ဆုိႀကရင္း ေန႕လည္စာ ထမင္းစားခ်ိန္ကုိပင္ေရာက္လာခဲ့သည္။Bright က ျဖစ္ပ်က္ခဲ့သမွ်ကိုလံုးဝမေမးပါ။ ခါတို္င္း သူငယ္ခ်င္း ႏွစ္ေယာက္ေျပာဆုိေနက် သည္မ်ားကိုသာ ဆုိသည္။

“ေန႕လည္စာေတာ့ အျပင္မွာ သြားစားရေအာင္.ငါ ေကြ်းခ်င္လို႕”

“ေအး ေကာင္းတယ္။ ခဏ-အေပၚဝတ္ေလးပဲ ယူလိုက္ဦးမယ္.”

အေပၚထပ္ ကုတ္အညိဳေလးကိုေျပးယူလ်က္ Bright ေမာင္းသည့္ ကားေပၚ လုိက္လာခဲ့သည္။ Bright ၏ကားေလးက အေဆာက္အဦသစ္တစ္ခု၏ကားပါကင္သုိ႕ထုိးရပ္သည္။ႏွစ္ထပ္အေဆာက္အဦက shopping mall ပံုစံေလးပါပဲ။

“ဒါကဘယ္ေနရာလဲ ငါတစ္ခါမွလည္းမေရာက္ဖူးပါလား”

“မင္းဆံုးတဲ့ႏွစ္--အင္း--ဆံုးခ်င္ေယာင္ေဆာင္ခ့ဲတဲ့ႏွစ္ကမွ ေဆာက္ထားတာ.။အထဲမွာ စားေသာက္ဆုိင္. လူသံုးကုန္ ခန္းဝင္ပစၥည္းဆိုင္.ေတြရွိတယ္။ တကယ့္ Branded ေတြခ်ည္းပဲသိီးသန္႕ေရာင္းတဲ့ Mall မို႕လူေတာ့နည္းတယ္ကြာ. တကယ္ေစ်းႀကီးတဲ့ေနရာေနာ္. ဒီထဲက စားေသာက္ဆုိင္မွာ ငါ မင္းကို စားေစခ်င္လြန္းလို႕ေခၚလာတာ။”

“ေက်းဇူးတင္တာေပါ့.”

ႏွစ္ေယာက္သား Mall ထဲသို႕အတူဝင္လာခဲ့သည္။ေန႕လည္စာ စားခ်ိန္ျဖစ္ေပမယ့္လည္း တကယ္ပဲ အထဲမွာ လူရွင္းပါသည္။ ဆိုင္ခန္းေတြကေတာ့ သူ႕ေနရာႏွင့္သူရွိေနသည္။ အဝတ္အစားဆိုင္၊ဖိနပ္ဆုိင္။ လက္ေဆာင္ပစၥည္းဆို္င္စသျဖင့္။ဒီလုိေနရာေတြ လည္း ေရာက္ခ်င္စိတ္မရွိတာႀကာျပီမုိ႕ Arthit ေငးႀကည့္ေနမိသည္။

“ဟုိဆုိင္မွာထိုင္ႀကမယ္. သြားႏွင့္ေနာ္ ငါ ဒီဘက္ဆုိင္က ဟင္းမွာလုိက္မယ္။ ဒီဆုိင္က ဟင္းက တစ္မ်ိဴးအရသာရွိတာမုိ႕”

Bright က တစ္ဖက္လမ္းဘက္သို႕ သြားခ်ိန္ Arthit ကေတာ့ Bright လက္ညွိဳးညႊန္ျပခဲ့သည့္ ဆုိင္းဘုတ္အနီႏွင့္ ဆိုင္ေလးဆီ ဦးတည္လိုက္သည္။ လမ္းတစ္ေလွ်ာက္ ျဖည္းျဖည္းခ်င္းပဲ ပတ္ဝန္းက်င္ကိုစူးစမ္းေလွ်ာက္ႀကည့္လာမိသည္။ မွန္ကန္႕ထားသည့္ မဂၤလာဝတ္စံုဆို္င္ခန္းေရွ႕အေရာက္ အထဲကို ေယာင္ယမ္းႀကည့္မိသည့္အခါ ဆိုင္ေပါက္ဝတည့္တည့္မွာပင္ Arthit ေျခလွမ္းတုိ႕ တန္႕သြားသည္။

Kongpob

တစ္နည္းဆုိရပါလွ်င္ သတုိ႕သမီးဝတ္စံုျဖင့္ Mai ေရွ႕တြင္ ျပံဳးျပလက္မေထာင္ကာ သေဘာက်ေနပံုရသည့္ Kongpob.။ Arthit ႏွလံုးေသြးတုိ႕ ေဆာင့္ခုန္လာသည္။ေျခလွမ္းေတြက ေနရာမွမေရြ႕ေတာ့ဘဲ ႀကည့္ေနမိ၏။ လွပါသည္။သတုိ႕သမီးက ရက္ရက္စက္စက္ကိုလွသည္။ဘာလို႕သူတုိ႕ႏွစ္ေယာက္က ဒီေနရာမွာအတူရွိေနရတာလဲ။

မေန႕ကမွ မ်က္ရည္လည္ရႊဲ ခ်စ္ေႀကာင္းဖြင့္ဟခဲ့သူက ဘာလို႕ ဒီလိုေနရာမွာရွိေနရတာလဲ။ထပ္ခါ နာက်င္ဖူးသည့္ စိတ္သည္ ပူပန္ေသာကေရာေထြးလာသည္။ Kong က ခ်စ္တယ္ ဆုိတာ မဟုတ္လုိ႕လား။ ဒါဆုိ ေနာက္တစ္ခါ သူ႕ကို ကစားျပန္တာလား။ မဟုတ္ပါဘူး။ Kong မ်က္ရည္ေတြက တကယ္ပဲဆုိတာ သူ ခံစားလို႕ရေနသည္။ဒါဆို ဘာေတြျဖစ္ကုန္တာလဲ။

“အထဲကို ဝင္ႀကည့္လို႕ရပါတယ္ရွင္။ ဘယ္လိုဒီဇိုင္းမ်ိဴးေလး လိုခ်င္ပါသလဲ။”

ဝန္ထမ္းေကာင္မေလးက ဆိုင္ေပါက္ဝေရွ႕တည့္တည့္ရပ္ေနသည့္ Arthit နားကို ျပံဳးလ်က္ေလွ်ာက္လာသည္။အသံေႀကာင့္ Kongpob မ်က္လံုးေတြက ဒီဘက္ေရာက္လာသည္။ အႀကည့္ခ်င္းဆံုသည့္အခါ ကိုကုိဟု ႏႈတ္ထြက္သမႈျပဳလ်က္ အံ့အားတႀကီး ႀကည့္ကာ ေျပးထြက္လာသည္။

Arthit ေခါင္းခါယမ္းမိသည္။Kongpob က ဘာေျပာမလို႕လဲ။ သူ ဘာမွမႀကားခ်င္မိ။သူေမ့ထားခဲ့သည့္ အရင္ကအေႀကာင္း အရာေတြက ေခါင္းထဲ ခ်က္ခ်င္းျပန္ဝင္လာသည္။

“ကုိကုိ--”

Kongpob ေခၚလ်က္ ေနာက္ကလုိက္လာတာကို သိေပမယ့္ သူ မတံု႕ျပန္အား။ မေျပးရံုတမယ္ျဖင့္ အေဆာက္အဦ ထဲက ျပန္ထြက္လာခဲ့သည္။သစ္ပင္ေတြျဖင့္ ဝို္င္းပတ္တန္ဆာဆင္ထားသည့္ ကားပါကင္နားထိ ေရာက္လာရင္း တုန္ယင္လာေသာ ေျခေထာက္ေႀကာင့္ သစ္ပင္ငယ္တစ္ခုကို မွီလ်က္ ထိုင္ခ်မိရေတာ့သည္။

“ကုိကုိ--ဘာလို႕ထြက္ေျပးတာလဲ။”

Kongpob က ေျပးလ်က္ သူ႕ေရွ႕နားတြင္ ေရာက္လာကာ ငုတ္တုတ္ထိုင္ခ်သည္။Arthit မေျဖႏိုင္ပါ။ တဒိုင္းဒို္င္းခုန္ေနသည့္ ႏွလံုးသား ေပါက္ထြက္ေတာ့မည့္ႏွယ္။မသိလိုက္ပါဘဲ မ်က္ရည္ေတြျပည့္သီလာရသည္။

“ငုိေနတယ္။ဘာလုိ႕လဲ ကိုကို ဘယ္နား နာလို႕လဲ”

“ဟင့္အင္း--မင္း--မင္း သတုိ႕သမီး-။”

စကားမဆက္ေတာ့ေပမယ့္ Kongpob နားလည္သြားရသည္။ရင္ထဲ ေျပာမျပတတ္ေအာင္နာက်င္သြားရကာ Arthit လက္ဖဝါးႏွစ္ဖက္လံုးကို ဆုပ္ယူကိုင္လိုက္မိ၏။ကုိကိုက နာက်င္မႈေတြႏွင့္ ျပည့္ႏွက္ေနခဲ့ရတာ။

“ကြ်န္ေတာ့္ကုိႀကည့္ပါဦး ”

ႀကည့္လာသည့္မ်က္ဝန္းေတြကိုမွိတ္က်သြားေအာင္ သူ ဖိပိတ္နမ္းလိုက္သည္။ခဏမွ် ဖိကပ္ထားေတာ့ Arthit မ်က္ရည္ေတြ ခုန္ေပါက္ဆင္းလာသည္ကိုသိ၏။

“ကုိကုိ ဘာထင္ေနတာလဲ ကြ်န္ေတာ္ သိတယ္။အဲ့လိုမဟုတ္ဘူး ကိုကို။Mai က ကိုကုိ႕ထက္ရာထူးႀကီးျပီး ကုိကို႕အေဒၚျဖစ္ေတာ့မွာ.။သူက ဦးေလး Chanchai နဲ႕လက္ထပ္မွာေလ။ဦးေလး Chanchai က ရွက္ေနျပီး လက္ထပ္ေတာ့မယ္ဆုိမွ အသိေပးမယ္ဆုိလုိ႕ ခုမွ အားလံုးသိႀကရတာ။ ခုနက ဦးေလး Chanchai ေဘးနားမွာရွိတယ္ေလ။ကြယ္ေနလို႕ ကိုကို မျမင္ရတာ။ျပီးေတာ့ ကြ်န္ေတာ္ ဘာလို႕ အဲ့မွာရွိေနရသလဲဆုိေတာ့ ဒီ Mall က ကြ်န္ေတာ္ ပို္င္တာပါ။ ဦးေလး Chanchai လည္းပါေတာ့ မဂၤလာဝတ္စံုဆိုင္မွာ ကြ်န္ေတာ္ကို္ယ္တိုင္လိုက္ျပေပးတာ။ကုိကို ကြ်န္ေတာ္ ေျပာတာေတြ နားလည္ရဲ႕လားဗ်ာ။”

Kongpob ကုိ ဒီတုိင္းေငးႀကည့္ေနေလေတာ့ လက္ဖဝါးေလးႏွစ္ဖက္ကုိခပ္တင္းတင္းဆုပ္ကို္င္လ်က္ အသိေပးရသည္။ ဒီေတာ့မွ လႈပ္ရွားလာသည့္မ်က္ဆံအိမ္က အသက္ဝင္သည္။

“မ-သိဘူး။ငါက ရုတ္တရက္ဆိုေတာ့ မင္း ငါ့ကို -ထပ္ျပီး-”

“မရွိဘူး။ထပ္ျပီးဆုိတာ ဘယ္ေတာ့မွရွိမွာမဟုတ္ဘူး။မေန႕ကတည္းက ကြ်န္ေတာ္ ကုိကို႕အနားမွာတြယ္ကပ္ေနခ်င္ေပမယ့္ ကုိကို စိတ္ေလး အနားယူရေအာင္ ကြ်န္ေတာ္ ျပန္လာခဲ့တာပါ။ တစ္မနက္လံုးလည္း ကိုကို႕ကို ဆက္သြယ္ဖုိ႕အႀကိမ္ႀကိမ္ ဒြိဟျဖစ္ေနခဲ့ေသးတယ္။ ကုိကုိ႕ကုိမ်က္ႏွာခ်င္းဆုိင္ရမွာ ကြ်န္ေတာ္ ေသေလာက္ေအာင္ကို အားနာတယ္။အျပစ္ခံစားရတယ္။ဒါေပမယ့္လည္းကိုကုိ႕နားမွာ ေနျပီးပဲ အျပစ္ကိုေပးဆပ္ခ်င္တယ္။ကိုကို႕ကိုခ်စ္ခ်င္တယ္ဆုိျပီး ဆံုးျဖတ္ျပီးေတာ့ ကြ်န္ေတာ္ အရဲစြန္႕လာေတာ့မလို႕ပါ။တကယ္ပါ ကုိကို။”

မ်က္လံုးခ်င္းဆံုကာ အေလးအနက္ဆုိေတာ့မွ Arthit စိတ္ျငိမ္လာသည္။ခ်စ္ျခင္းေမတၱာအျပည္ျဖင့္ Kongpob မ်က္လံုးေတြကုိ ပဲစိုက္ႀကည့္ရင္းက စိတ္ေတြ ေအးျငိမ္းလာရသည္။

“ကုိကုိ  ခံစားရတာကို ကြ်န္ေတာ္သိတယ္။ျဖစ္ခဲ့ဖူးေတာ့ ကုိကုိ မယံုရဲျဖစ္ေနတာ။လက္မခံရဲတာ။ေႀကာက္ေနမိတာ။ဒါေတြက ကြ်န္ေတာ္ လုပ္ခဲ့တာေတြပဲေလ။ ဒါေႀကာင့္ ကိုကုိ႕ကုိ နားလည္တယ္။ဒီကေရွ႕ေလွ်ာက္ ဒီိလုိခံစားမႈမ်ိဴး ဘယ္ေတာ့မွ မခံစားရေတာ့ေအာင္ ကြ်န္ေတာ္က ခ်စ္ေပးပါမယ္။ဂရုစိုက္ေပးပါမယ္ ကုိကုိ။ယံုျပီးေတာ့ ကြ်န္ေတာ့္ဆီကုိလာေပးပါေနာ္။”

“ငါ့လက္ကုိအဆံုးထိတြဲမွာလား။”

Kongpob မ်က္ရည္ေတြေဝ့သီလ်က္ျပံဳးကာ ေခါင္းတဆတ္ဆတ္ညိတ္သည္။သူတုိ႕ႏွစ္ေယာက္က သစ္ပင္ေအာက္မွာ ႏွစ္ေယာက္သားမ်က္ႏွာခ်င္းဆိုင္ ထိုင္လ်က္။

“ကြ်န္ေတာ္ ေသသြားတာကလြဲလို႕ ကုိကို႕လက္ကို ဘယ္ေတာ့မွမျဖဳတ္ေတာ့ဘူးလို႕ ကတိေပးတယ္။”

“ငါ့အနားမွာအႀကာႀကီးေနျပီး မက်န္းမမာ မျဖစ္နဲ႕။ေသမယ့္စကားမေျပာနဲ႕.”

ေခါင္းခ်ည္းသာ တဆတ္ဆတ္ညိ္တ္လ်က္ မ်က္ရည္က်ေနျပီျဖစ္သည့္ Kongpob မ်က္ႏွာကုိ Arthit က လက္ႏွစ္ဖက္ျဖင့္ ပင့္ကာ ေမာ့ေစလုိက္သည္။ျပီးေတာ့ ညင္ညင္သာသာေလး ျပံဳးျပသည္။ ပထမတစ္ခါ လက္တြဲျဖဳတ္မိျပီး  Kongpob ႏွင့္ ေဝးမလုိျဖစ္ရစဥ္ကတည္းက ဒီလက္ကို ဘယ္ေတာ့မွ မျဖဳတ္ေတာ့ဘူးလို႕ Arthit ဆံုးျဖတ္ခဲ့တာ။

“မငိုပါနဲ႕”

“ေတာင္းပန္ပါတယ္--ထပ္ျပီးေတာင္းပန္ပါတယ္ ”

“ငါ ငိုရမွာလား မင္း ငိုရမွာလား မသဲကြဲဘူး Kongpob တုိ႕က.”

ကုိယ္ေလးမတ္ကာ Kongpob ကုိဖက္ထားေပးလုိက္ေတာ့ Arthit ခါးကို က်စ္က်စ္ပါေအာင္ျပန္ဖက္လာသည္။ ကားပါကင္က လူရွင္းေနသလို သစ္ပင္ေတြႏွင့္ ကာရံထားဟန္မုိ႕မည္သူမွ ထင္းခနဲမေတြ႕ႏိုင္လို႕သာ ေတာ္ေသးသည္။အက်ၤ ီအိ္တ္ထဲက တဒီးဒီးျမည္ေနသည့္ ဖုန္းမွာ Bright ထံကျဖစ္မည္မွန္းသိေပမယ့္လည္းမကို္င္အားေတာ့။

“ငါ ခြင့္လႊတ္တာမုိ႕ ထပ္ျပီးေတာင္းပန္စကားမေျပာနဲ႕ေတာ့။ Kong ငါ့ကုိတကယ္ခ်စ္ခဲ့တယ္ဆုိတာ ငါသိျပီ။”

Arthit ကုိယ္တိုင္ မ်က္ရည္ႀကားက ျပံဳးမိသည္။ ခံစားခဲ့ရသမွ်--နာက်င္ခဲ့ရသမွ်-- စိတ္ႏွလံုးသားေတြ ပြန္းပဲ့ထိခိုက္ခဲ့ရသမွ် ေတြဟာ သူ က ကုိယ့္ကို တကယ္ခ်စ္ခဲ့တာ အစကတည္းကပါလား ဟု ေသေသခ်ာခ်ာ သိလုိ္က္ရခ်ိန္တြင္ ဝမး္သာႀကည္ႏူးမႈ ေအာက္တြင္ ဖံုးလႊမ္းျခင္းခံလိုက္ရသည္။

အားလံုးကို ကန္႕လန္႕ကာခ် မ်က္ကြယ္ျပဳပစ္ႏိုင္ေလာက္သည္ထိ လက္ရွိ ပစၥဳပၸန္ကုိ Arthit ခင္တြယ္သည္။အဲ့ေလာက္ထိ Kongpob ကုိ ခ်စ္သည္။

ေတာင္းပန္စကားမလုိဘူး Kong~

မင္း က ငါ့အတြက္ အျပစ္ကင္းမ့ဲဇုန္။

**********************
# With Heart
Just A Dreamer.



Unicode

အပို်င်း-၂၅

ညက ဘယ်အချိန်အိပ်ပျော်လို့ပျော်သွားမှန်းလည်းမသိခဲ့။ Orchid ပန်းအိုးဖြူလေးကို ပွေ့ပိုက်ရင်း ထိုင်နေခဲ့မိတာ တော်တော် ကြာကြာ။ Kongpob ဘယ်အချိန်ပြန်သွားမှန်းလည်းမသိခဲ့ပါ။ တကယ်တော့ Arthit အဆုံးထိ ဟန်ဆောင်ထားချင် မိသည်။ မုန်း မေ့နာကြည်းလိုက်ဖို့ဦးနှောက်က တတွတ်တွတ်သတိပေးနေသည့်တိုင် စိတ်နှလုံးသားက လက်မခံဘဲ အကြိမ်ကြိမ် ငြင်းဆို လေတော့ မသိချင်ယောင်ဆောင်သည့်နည်းကိုသာ သုံးခဲ့သည်။ Kongpob ကို အမှတ်မထင်တွေ့စဉ်က လက်ဖျားခြေဖျား တွေ ပါတုန်ယင်လျက် အိမ်ရှေ့က ပန်းအိုးထဲကမြေတွေကို အကြောင်းမရှိ တူးဆွကာ စိတ်ဂဏှာမငြိမ်ဖြစ် ခဲ့ရသည်။ဒီနှစ်တွေအတွင်း သူ အားလုံးနှင့်အဆက်အသွယ်ဖြတ်လျက်နေခဲ့သည်။ Bright ကိုလည်းမဆက်သွယ်။ Chakrii ရယ် Chanchai ရယ်သာ သိထားသည့် ဒီအိမ်လေးမှာပဲ သူ ကောင်းကောင်းမွန်မွန်နေခဲ့သည်။ စာတွေဖတ်သည်။ ပန်းပင်စိုက်သည်။ ရံဖန်ရံခါ ဂေဟာထဲကကလေးတွေနှင့် ဆော့ကစား ပေးသည်။ စိတ်တစ်ထောင့်တစ်နေရာက သတိတရနာကျင်နေမှုကို မေ့ဖျောက်လျက် သူကျင်လည်ခဲ့သည်။ Chakrii နှင့် Nanyi ၏ လက်ထပ်ပွဲအတွက်တောင် သူ ကိုကြီးကို ဖုန်းထဲကနေသာ ဆုတောင်းစကားပြောပေးခဲ့၏။ကိုကြီးကတော့ သူ ဒီလိုအေးချမ်းနေတာကိုပဲနှစ်သက်လေတဲ့သူ.

စားပွဲပေါ်က ဖုန်းလေး၏တဒီးဒီးတုန်ခါမြည်နေသံကြောင့် ကုတင်ပေါ်မှာငူငူလေးထို်င်နေရာကနေ သတိဝင်လာ သည်။ခေါ်ဆိုသူက Chakrii မို့ သူ ဖုန်းဖွင့်နားထောင်လိုက်၏။

#ဟုတ်ကဲ့ ကိုကြီး

*အားလုံးအဆင်ပြေရဲ့လား ညီလေး

#ပြေပါတယ်ကိုကြီးရဲ့။ကျွန်တော် အားလုံးကိုရင်ဆိုင်နေနိုင်ပါပြီ။ဒီထက်ပိုပြီးလည်းရှောင်နေလို့မှ မရတဲ့ဟာကို ကျွန်တော် သတ္တိရှိနေပါပြီကိုကြီး။ စိတ်မပူနဲ့နော်။ မယ်မယ့်ကိုလည်း ကျွန်တော် ပစ်ထားရတာကြာပြီမို့တကယ်လွမ်းနေတာ။

တစ်ဖက်မှ Chakrii က ခဏမျှ အသံတိတ်ကာ သက်ပြင်းချသည်။

#ပြီးတော့ ဒီကိစ္စတွေကိုဖုံးကွယ်ထားလို့ မမ Nanyi က ကိုကြီးကို စိတ်ဆိုးသေးလားဟင်။ကျွန်တော့်အတွက်နဲ့.

*Nanyi က ဘာလို့စိတ်ဆိုးရမှာလဲကွာ။သူ အားလုံးကိုနားလည်တယ်။ကိုကြီးတို့ကြောင့်အစတည်လာတဲ့ ဒီကိစ္စတွေအတွက် သူတောင် တစ်ချိန်လုံး အားနာဝမ်းနည်းနေတာ။

Chakrii ကို ထိုသို့မမြင်ဖို့ ပြောရင်း စကားအဆုံးသတ်ကာ ဖုန်းချလို်က်သည်။ မမြင်ရပေမယ့် Arthit ပြုံးလိုက်မိ သည်။ ကိုကြီး လည်း ထို့နည်းလည်းကောင်းပင်ဖြစ်သည်။သူတို့နှစ်ယောက်၏ ကိစ္စကြောင့် Arthit နှင့် Kongpob ဒီလိုအခြေ အနေ ထိ ရောက်ခဲ့ရသည်ဆိုကာ အမြဲစိတ်မကောင်းဖြစ်နေခဲ့သည်။သို့သော် Arthit ယူဆတာက တော့တစ်မျိူး။ဘယ်လိုနာကျင်မှုတွေ ပဲ ဖြစ်တည်လာပါစေ သူ Kongpob နှင့်ဆုံ၇သည်ကို မည်သည့်အခါမှ နောင်တတစ်စုံတစ်ရာရမည်မဟုတ်။သို့ပေမယ့်လည်း လက်ရှိ အခြေအနေကို သူဘယ်လိုဖြေရှင်းရမည်မှန်းလဲ မသိသေး။

Kongpob က သူ့ကို တောင်းပန်သည်။ငိုရှိုက်လျက်တောင်းပန်သည့်အခါ ထပ်တူနာကျင်ရသူက သူသာလျှင်ဖြစ် ၏။ ဘာပဲဖြစ်ဖြစ် Kongpob က ချစ်သည့်စကားကိုလည်းဆိုသည်။ ဒိီအခါတော့ အတည်ဖြစ်ကောင်းသည်ဟု သူယုံကြည်မိပါ သည်။

မကြောက်မရွံ့နှလုံးသားငယ်က မဝ့ံမရဲ နာလန်ထူလျက် စိတ်လေးပါ အနည်းငယ်လန်းဆန်းလာရသည်။အိပ်ရာမှ ထလိုက်ပြီး ရေမိုးချိူးသည်။ မနက်စာ စားဖို့ပြင်ဆင်ရန် အခန်းထဲကထွက်လာခဲ့သည်။ပေါင်မုန့်တစ်ချပ်နှစ်ချပ် မီးကင်လျက် နွားနို့ကို micro wave ထဲ ထည့်နွေးလိုက်၏။

“Arthit.- ဟေ့ကောင်  Arthit.”

Arthit ကိုယ်မတ်ခနဲဖြစ်သွားသည်။ ခြံရှေ့ကနေ အော်ဟစ်နေသည့်အသံက တရင်းတနှီး။ သူချက်ချင်းပင် အိမ်ထဲက ထွက်လာခဲ့လိုက်သည်။ ခြံပြင်တံခါးဝတွင် သူ့ကို စူးစူးရဲရဲကြည့်ကာ မှုန်ကုတ်နေသည့် Bright ကိုမြင်တော့ သူ မျက်ရည်တွေ ဝဲတက်လာလျက် ဟက်ခနဲရယ်မိပါတော့သည်။ခြံတံခါးဖွင့်ပေးလျှင်ဖွင့်ပေးခြင်းပင် Bright က သူ့ လက်မောငး်ကို နာအောင် ထိုးလာ၏။

“ခွေးကောင်. Arthit မကောင်းတဲ့အကောင်။ ငါက ဘာလုပ်ခဲ့လို့ ငါ့ကိုပါ ပစ်ထားရတာလဲ ဟမ်။ ကိုကြီး ပြောလာတာမဟုတ်ရင်ငါကတစ်သက်လုံး မသိရတော့ဘူးလား။ ငါက တစ်သက်လုံး မင်း သေပြီလို့ပဲ သိထားရမှာလား ”

“တောင်းပန်ပါတယ် Bright.”

“မင်း တကယ်တရားလွန်တဲ့ကောင်-”

မျက်ရည်စတို့ပါရစ်သိုင်းလာသည့် Bright ကို သူ ပြုံးပြလျက် လက်ဆန့်တန်းပေးလို်က်ရင်း နှစ်ယောက်သား အားရပါးရ ဖက်တွယ် လိုက်ကြသည်။ပြီးတော့မှ Bright ကိုအိမ်ထဲခေါ်လာခဲ့လိုက်ရင်း ပေါင်မုန့်ထပ်ကင်သည်။ အပိုရှိနေသည့် နွားနို့ကိုလည်းထပ်နွေးပြီး သူ့ရှေ့ ချပေးလိုက်သည်။

“နှစ် နှစ်ကျော်ပြီး ပထမဆုံးတွေ့ရတဲ့ငါ့အတွက် မနက်စာလား။”

“အေးလေ ငါလညး်ဒါပဲစားတာ ဂျီးများမနေနဲ့ စား-”

“ခွေးကောင် ငါ မင်းကို တကယ်လွမ်းနေတာကွ.”

“အေး ငါရောပဲ”

Bright က အပိုတွေ ရေရွတ်လျက် Arthit ကင်ပေးသည့်ပေါင်မုန့်ချပ်ကို ပါးစပ်ထဲပလုတ်ပလောင်းဝါး သည်။ နွားနို့ပူလေးသောက်လိုက်ဖြင့် သဘောကျနေလေ၏။အချိန်အကြာကြီး မတွေ့ရသည့် သူငယ်ချင်းနှစ်ယောက် စကားတွေ ဆိုကြရင်း နေ့လည်စာ ထမင်းစားချိန်ကိုပင်ရောက်လာခဲ့သည်။Bright က ဖြစ်ပျက်ခဲ့သမျှကိုလုံးဝမမေးပါ။ ခါတို်င်း သူငယ်ချင်း နှစ်ယောက်ပြောဆိုနေကျ သည်များကိုသာ ဆိုသည်။

“နေ့လည်စာတော့ အပြင်မှာ သွားစားရအောင်.ငါ ကျွေးချင်လို့”

“အေး ကောင်းတယ်။ ခဏ-အပေါ်ဝတ်လေးပဲ ယူလိုက်ဦးမယ်.”

အပေါ်ထပ် ကုတ်အညိုလေးကိုပြေးယူလျက် Bright မောင်းသည့် ကားပေါ် လိုက်လာခဲ့သည်။ Bright ၏ကားလေးက အဆောက်အဦသစ်တစ်ခု၏ကားပါကင်သို့ထိုးရပ်သည်။နှစ်ထပ်အဆောက်အဦက shopping mall ပုံစံလေးပါပဲ။

“ဒါကဘယ်နေရာလဲ ငါတစ်ခါမှလည်းမရောက်ဖူးပါလား”

“မင်းဆုံးတဲ့နှစ်--အင်း--ဆုံးချင်ယောင်ဆောင်ခ့ဲတဲ့နှစ်ကမှ ဆောက်ထားတာ.။အထဲမှာ စားသောက်ဆိုင်. လူသုံးကုန် ခန်းဝင်ပစ္စည်းဆိုင်.တွေရှိတယ်။ တကယ့် Branded တွေချည်းပဲသိီးသန့်ရောင်းတဲ့ Mall မို့လူတော့နည်းတယ်ကွာ. တကယ်ဈေးကြီးတဲ့နေရာနော်. ဒီထဲက စားသောက်ဆိုင်မှာ ငါ မင်းကို စားစေချင်လွန်းလို့ခေါ်လာတာ။”

“ကျေးဇူးတင်တာပေါ့.”

နှစ်ယောက်သား Mall ထဲသို့အတူဝင်လာခဲ့သည်။နေ့လည်စာ စားချိန်ဖြစ်ပေမယ့်လည်း တကယ်ပဲ အထဲမှာ လူရှင်းပါသည်။ ဆိုင်ခန်းတွေကတော့ သူ့နေရာနှင့်သူရှိနေသည်။ အဝတ်အစားဆိုင်၊ဖိနပ်ဆိုင်။ လက်ဆောင်ပစ္စည်းဆို်င်စသဖြင့်။ဒီလိုနေရာတွေ လည်း ရောက်ချင်စိတ်မရှိတာကြာပြီမို့ Arthit ငေးကြည့်နေမိသည်။

“ဟိုဆိုင်မှာထိုင်ကြမယ်. သွားနှင့်နော် ငါ ဒီဘက်ဆိုင်က ဟင်းမှာလိုက်မယ်။ ဒီဆိုင်က ဟင်းက တစ်မျိူးအရသာရှိတာမို့”

Bright က တစ်ဖက်လမ်းဘက်သို့ သွားချိန် Arthit ကတော့ Bright လက်ညှိုးညွှန်ပြခဲ့သည့် ဆိုင်းဘုတ်အနီနှင့် ဆိုင်လေးဆီ ဦးတည်လိုက်သည်။ လမ်းတစ်လျှောက် ဖြည်းဖြည်းချင်းပဲ ပတ်ဝန်းကျင်ကိုစူးစမ်းလျှောက်ကြည့်လာမိသည်။ မှန်ကန့်ထားသည့် မင်္ဂလာဝတ်စုံဆို်င်ခန်းရှေ့အရောက် အထဲကို ယောင်ယမ်းကြည့်မိသည့်အခါ ဆိုင်ပေါက်ဝတည့်တည့်မှာပင် Arthit ခြေလှမ်းတို့ တန့်သွားသည်။

Kongpob

တစ်နည်းဆိုရပါလျှင် သတို့သမီးဝတ်စုံဖြင့် Mai ရှေ့တွင် ပြုံးပြလက်မထောင်ကာ သဘောကျနေပုံရသည့် Kongpob.။ Arthit နှလုံးသွေးတို့ ဆောင့်ခုန်လာသည်။ခြေလှမ်းတွေက နေရာမှမရွေ့တော့ဘဲ ကြည့်နေမိ၏။ လှပါသည်။သတို့သမီးက ရက်ရက်စက်စက်ကိုလှသည်။ဘာလို့သူတို့နှစ်ယောက်က ဒီနေရာမှာအတူရှိနေရတာလဲ။

မနေ့ကမှ မျက်ရည်လည်ရွှဲ ချစ်ကြောင်းဖွင့်ဟခဲ့သူက ဘာလို့ ဒီလိုနေရာမှာရှိနေရတာလဲ။ထပ်ခါ နာကျင်ဖူးသည့် စိတ်သည် ပူပန်သောကရောထွေးလာသည်။ Kong က ချစ်တယ် ဆိုတာ မဟုတ်လို့လား။ ဒါဆို နောက်တစ်ခါ သူ့ကို ကစားပြန်တာလား။ မဟုတ်ပါဘူး။ Kong မျက်ရည်တွေက တကယ်ပဲဆိုတာ သူ ခံစားလို့ရနေသည်။ဒါဆို ဘာတွေဖြစ်ကုန်တာလဲ။

“အထဲကို ဝင်ကြည့်လို့ရပါတယ်ရှင်။ ဘယ်လိုဒီဇိုင်းမျိူးလေး လိုချင်ပါသလဲ။”

ဝန်ထမ်းကောင်မလေးက ဆိုင်ပေါက်ဝရှေ့တည့်တည့်ရပ်နေသည့် Arthit နားကို ပြုံးလျက်လျှောက်လာသည်။အသံကြောင့် Kongpob မျက်လုံးတွေက ဒီဘက်ရောက်လာသည်။ အကြည့်ချင်းဆုံသည့်အခါ ကိုကိုဟု နှုတ်ထွက်သမှုပြုလျက် အံ့အားတကြီး ကြည့်ကာ ပြေးထွက်လာသည်။

Arthit ခေါင်းခါယမ်းမိသည်။Kongpob က ဘာပြောမလို့လဲ။ သူ ဘာမှမကြားချင်မိ။သူမေ့ထားခဲ့သည့် အရင်ကအကြောင်း အရာတွေက ခေါင်းထဲ ချက်ချင်းပြန်ဝင်လာသည်။

“ကိုကို--”

Kongpob ခေါ်လျက် နောက်ကလိုက်လာတာကို သိပေမယ့် သူ မတုံ့ပြန်အား။ မပြေးရုံတမယ်ဖြင့် အဆောက်အဦ ထဲက ပြန်ထွက်လာခဲ့သည်။သစ်ပင်တွေဖြင့် ဝို်င်းပတ်တန်ဆာဆင်ထားသည့် ကားပါကင်နားထိ ရောက်လာရင်း တုန်ယင်လာသော ခြေထောက်ကြောင့် သစ်ပင်ငယ်တစ်ခုကို မှီလျက် ထိုင်ချမိရတော့သည်။

“ကိုကို--ဘာလို့ထွက်ပြေးတာလဲ။”

Kongpob က ပြေးလျက် သူ့ရှေ့နားတွင် ရောက်လာကာ ငုတ်တုတ်ထိုင်ချသည်။Arthit မဖြေနိုင်ပါ။ တဒိုင်းဒို်င်းခုန်နေသည့် နှလုံးသား ပေါက်ထွက်တော့မည့်နှယ်။မသိလိုက်ပါဘဲ မျက်ရည်တွေပြည့်သီလာရသည်။

“ငိုနေတယ်။ဘာလို့လဲ ကိုကို ဘယ်နား နာလို့လဲ”

“ဟင့်အင်း--မင်း--မင်း သတို့သမီး-။”

စကားမဆက်တော့ပေမယ့် Kongpob နားလည်သွားရသည်။ရင်ထဲ ပြောမပြတတ်အောင်နာကျင်သွားရကာ Arthit လက်ဖဝါးနှစ်ဖက်လုံးကို ဆုပ်ယူကိုင်လိုက်မိ၏။ကိုကိုက နာကျင်မှုတွေနှင့် ပြည့်နှက်နေခဲ့ရတာ။

“ကျွန်တော့်ကိုကြည့်ပါဦး ”

ကြည့်လာသည့်မျက်ဝန်းတွေကိုမှိတ်ကျသွားအောင် သူ ဖိပိတ်နမ်းလိုက်သည်။ခဏမျှ ဖိကပ်ထားတော့ Arthit မျက်ရည်တွေ ခုန်ပေါက်ဆင်းလာသည်ကိုသိ၏။

“ကိုကို ဘာထင်နေတာလဲ ကျွန်တော် သိတယ်။အဲ့လိုမဟုတ်ဘူး ကိုကို။Mai က ကိုကို့ထက်ရာထူးကြီးပြီး ကိုကို့အဒေါ်ဖြစ်တော့မှာ.။သူက ဦးလေး Chanchai နဲ့လက်ထပ်မှာလေ။ဦးလေး Chanchai က ရှက်နေပြီး လက်ထပ်တော့မယ်ဆိုမှ အသိပေးမယ်ဆိုလို့ ခုမှ အားလုံးသိကြရတာ။ ခုနက ဦးလေး Chanchai ဘေးနားမှာရှိတယ်လေ။ကွယ်နေလို့ ကိုကို မမြင်ရတာ။ပြီးတော့ ကျွန်တော် ဘာလို့ အဲ့မှာရှိနေရသလဲဆိုတော့ ဒီ Mall က ကျွန်တော် ပို်င်တာပါ။ ဦးလေး Chanchai လည်းပါတော့ မင်္ဂလာဝတ်စုံဆိုင်မှာ ကျွန်တော်ကို်ယ်တိုင်လိုက်ပြပေးတာ။ကိုကို ကျွန်တော် ပြောတာတွေ နားလည်ရဲ့လားဗျာ။”

Kongpob ကို ဒီတိုင်းငေးကြည့်နေလေတော့ လက်ဖဝါးလေးနှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကို်င်လျက် အသိပေးရသည်။ ဒီတော့မှ လှုပ်ရှားလာသည့်မျက်ဆံအိမ်က အသက်ဝင်သည်။

“မ-သိဘူး။ငါက ရုတ်တရက်ဆိုတော့ မင်း ငါ့ကို -ထပ်ပြီး-”

“မရှိဘူး။ထပ်ပြီးဆိုတာ ဘယ်တော့မှရှိမှာမဟုတ်ဘူး။မနေ့ကတည်းက ကျွန်တော် ကိုကို့အနားမှာတွယ်ကပ်နေချင်ပေမယ့် ကိုကို စိတ်လေး အနားယူရအောင် ကျွန်တော် ပြန်လာခဲ့တာပါ။ တစ်မနက်လုံးလည်း ကိုကို့ကို ဆက်သွယ်ဖို့အကြိမ်ကြိမ် ဒွိဟဖြစ်နေခဲ့သေးတယ်။ ကိုကို့ကိုမျက်နှာချင်းဆိုင်ရမှာ ကျွန်တော် သေလောက်အောင်ကို အားနာတယ်။အပြစ်ခံစားရတယ်။ဒါပေမယ့်လည်းကိုကို့နားမှာ နေပြီးပဲ အပြစ်ကိုပေးဆပ်ချင်တယ်။ကိုကို့ကိုချစ်ချင်တယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့ ကျွန်တော် အရဲစွန့်လာတော့မလို့ပါ။တကယ်ပါ ကိုကို။”

မျက်လုံးချင်းဆုံကာ အလေးအနက်ဆိုတော့မှ Arthit စိတ်ငြိမ်လာသည်။ချစ်ခြင်းမေတ္တာအပြည်ဖြင့် Kongpob မျက်လုံးတွေကို ပဲစိုက်ကြည့်ရင်းက စိတ်တွေ အေးငြိမ်းလာရသည်။

“ကိုကို  ခံစားရတာကို ကျွန်တော်သိတယ်။ဖြစ်ခဲ့ဖူးတော့ ကိုကို မယုံရဲဖြစ်နေတာ။လက်မခံရဲတာ။ကြောက်နေမိတာ။ဒါတွေက ကျွန်တော် လုပ်ခဲ့တာတွေပဲလေ။ ဒါကြောင့် ကိုကို့ကို နားလည်တယ်။ဒီကရှေ့လျှောက် ဒီိလိုခံစားမှုမျိူး ဘယ်တော့မှ မခံစားရတော့အောင် ကျွန်တော်က ချစ်ပေးပါမယ်။ဂရုစိုက်ပေးပါမယ် ကိုကို။ယုံပြီးတော့ ကျွန်တော့်ဆီကိုလာပေးပါနော်။”

“ငါ့လက်ကိုအဆုံးထိတွဲမှာလား။”

Kongpob မျက်ရည်တွေဝေ့သီလျက်ပြုံးကာ ခေါင်းတဆတ်ဆတ်ညိတ်သည်။သူတို့နှစ်ယောက်က သစ်ပင်အောက်မှာ နှစ်ယောက်သားမျက်နှာချင်းဆိုင် ထိုင်လျက်။

“ကျွန်တော် သေသွားတာကလွဲလို့ ကိုကို့လက်ကို ဘယ်တော့မှမဖြုတ်တော့ဘူးလို့ ကတိပေးတယ်။”

“ငါ့အနားမှာအကြာကြီးနေပြီး မကျန်းမမာ မဖြစ်နဲ့။သေမယ့်စကားမပြောနဲ့.”

ခေါင်းချည်းသာ တဆတ်ဆတ်ညိ်တ်လျက် မျက်ရည်ကျနေပြီဖြစ်သည့် Kongpob မျက်နှာကို Arthit က လက်နှစ်ဖက်ဖြင့် ပင့်ကာ မော့စေလိုက်သည်။ပြီးတော့ ညင်ညင်သာသာလေး ပြုံးပြသည်။ ပထမတစ်ခါ လက်တွဲဖြုတ်မိပြီး  Kongpob နှင့် ဝေးမလိုဖြစ်ရစဉ်ကတည်းက ဒီလက်ကို ဘယ်တော့မှ မဖြုတ်တော့ဘူးလို့ Arthit ဆုံးဖြတ်ခဲ့တာ။

“မငိုပါနဲ့”

“တောင်းပန်ပါတယ်--ထပ်ပြီးတောင်းပန်ပါတယ် ”

“ငါ ငိုရမှာလား မင်း ငိုရမှာလား မသဲကွဲဘူး Kongpob တို့က.”

ကိုယ်လေးမတ်ကာ Kongpob ကိုဖက်ထားပေးလိုက်တော့ Arthit ခါးကို ကျစ်ကျစ်ပါအောင်ပြန်ဖက်လာသည်။ ကားပါကင်က လူရှင်းနေသလို သစ်ပင်တွေနှင့် ကာရံထားဟန်မို့မည်သူမှ ထင်းခနဲမတွေ့နိုင်လို့သာ တော်သေးသည်။အကျၤ ီအိ်တ်ထဲက တဒီးဒီးမြည်နေသည့် ဖုန်းမှာ Bright ထံကဖြစ်မည်မှန်းသိပေမယ့်လည်းမကို်င်အားတော့။

“ငါ ခွင့်လွှတ်တာမို့ ထပ်ပြီးတောင်းပန်စကားမပြောနဲ့တော့။ Kong ငါ့ကိုတကယ်ချစ်ခဲ့တယ်ဆိုတာ ငါသိပြီ။”

Arthit ကိုယ်တိုင် မျက်ရည်ကြားက ပြုံးမိသည်။ ခံစားခဲ့ရသမျှ--နာကျင်ခဲ့ရသမျှ-- စိတ်နှလုံးသားတွေ ပွန်းပဲ့ထိခိုက်ခဲ့ရသမျှ တွေဟာ သူ က ကိုယ့်ကို တကယ်ချစ်ခဲ့တာ အစကတည်းကပါလား ဟု သေသေချာချာ သိလို်က်ရချိန်တွင် ဝမး်သာကြည်နူးမှု အောက်တွင် ဖုံးလွှမ်းခြင်းခံလိုက်ရသည်။

အားလုံးကို ကန့်လန့်ကာချ မျက်ကွယ်ပြုပစ်နိုင်လောက်သည်ထိ လက်ရှိ ပစ္စုပ္ပန်ကို Arthit ခင်တွယ်သည်။အဲ့လောက်ထိ Kongpob ကို ချစ်သည်။

တောင်းပန်စကားမလိုဘူး Kong~

မင်း က ငါ့အတွက် အပြစ်ကင်းမဲ့ဇုန်။

**********************
# With Heart
Just A Dreamer.



Continue Reading

You'll Also Like

301K 36.8K 54
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား​နေတယ် မုန့်လင်လင်ကွ... ဪ​အေး ဟုတ်သား...
781K 60.5K 58
Unicode// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Zawgyi// ပ်ားသကာကဲ့သုိ႔ ခ်ဳိ လွေသာခ်စ္ျခင္းတရားတုိ...
104K 6.2K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
331K 16.8K 51
ကျွန်တော့်နှလုံးသားအခန်းငယ်ရဲ့နံရံပေါ်မှာ ကိုကို့၏နာမည်တွေကိုသာ ကျွန်တော် ရေးခြစ်ထားခဲ့သည်။ ကိုကိုဆိုသည့် လူသားဟာကျွန်တော့်နှလုံးသား၏ကမ္ဗည်းမှတ်တိုင်...