《Zawgyi》
အပိုင္း - ၁၀၉
[မသပ္မရပ္ ျဖစ္ေနသည့္ ခ်န္းစီႏ်န္ - ၃]
ခ်င္းစုယြဲ႕ဟာ ထမင္းစားခန္းမမွ ထြက္လာၿပီး ေလွကားေထာင့္ခ်ိဳးအား ခ်ိဳးေကြ႕လိုက္သည္။ သူမက ခ်န္းစီႏ်န္အား ဖုန္းေခၚေတာ့မည့္ဆဲဆဲမွာပင္ ဖုန္းေခၚဆိုလာသူ၏ အမည္အား ၾကည့္လိုက္သည္။ ဒါရိုက္တာႀကီးက ေခၚတာလား? အေရးႀကီးတဲ့ တစ္ခုခုမ်ား ျဖစ္လို႔လား?
ခ်င္းစုယြဲ႕ ဖုန္းကိုင္လိုက္ခ်ိန္မွာပဲ ဒါရိုက္တာႀကီးက ေမးလာခဲ့သည္။ "ခ်င္းမိန္းကေလး မင္း ေန႔လည္စာ မစားရေသးဘူးမလား? ငါတို႔ေတြ အျပင္ထြက္ၿပီး ေန႔လည္စာ စားၾကမလို႔ စီစဥ္ေနၾကတာ ... အဲဒါ သြားစားၾကစို႔"
ခ်င္းစုယြဲ႕မွာ စိတ္ရႈပ္မိသြားၿပီးေတာ့ သူတို႔ႏွင့္ ေန႔လည္စာစားဖို႔ သေဘာတူလိုက္ရသည္။ စားလို႔ ၿပီးစီးခါးနီး အခ်ိန္မွာပဲ ဒါရိုက္တာႀကီးက သူမအား ေျပာလာခဲ့၏။ "ေနာင္အနာဂတ္မွာ ငါတုိ႔က ဥကၠဌခ်န္းရဲ႕ အကူအညီကို လိုအပ္လာခဲ့ရင္ ဥကၠဌခ်န္းေရွ႕မွာ ငါတုိ႔အတြက္ စကားေကာင္းေကာင္း ေျပာေပးဖို႔ ခ်င္းမိန္းကေလးကိုပဲ ဒုကၡေပးရေတာ့မွာပဲ"
"ဒါရိုက္တာႀကီးက အရမ္း ယဥ္ေက်းလြန္းေနပါၿပီရွင္ ..." ခ်င္းစုယြဲ႕ဟာ ဒီေန႔လည္စာရဲ႕ ေနာက္ကြယ္က 'ဖံုးကြယ္ထားသည့္ အဓိပၸါယ္'အား ေနာက္ဆံုးမွာေတာ့ နားလည္သြားမိေလ၏။
ခ်င္းစုယြဲ႕မွာ ဒီေန႔ အျဖစ္အပ်က္ေတြ အေပၚ တကယ္ကို ေျပာစရာ စကားပင္ ေပ်ာက္ရွေနရသည္။ သူမကို ပိုၿပီးေတာ့ ေရွာ့ရေစတဲ့ အျဖစ္ကေတာ့ ခ်င္းစုယြဲ႕မွာ အိမ္ကို ေမာပန္းႏြမ္းနယ္စြာ ျပန္ေရာက္လာၿပီး သူမရဲ႕ ေဒါက္ဖိနပ္ကို ခၽြတ္ေနစဥ္မွာပဲ သူမ၏အိမ္၌ မီးေတြ လင္းေနသည္ကို ေတြ႕လိုက္ရသည့္ အျဖစ္က သူမအား ပိုလို႔ပင္ ေရွာ့ရသြားေစေလ၏။
ခ်င္းစုယြဲ႕တစ္ေယာက္ ထိတ္လန္႔အံ့ဩမိသြားၿပီး အတြင္းထဲကို ၾကည့္ရႈဖို႔အတြက္ ေနာက္ေက်ာကို ဆန္႔လိုက္၏။ ညဝတ္အက်ႌ အနက္ေရာင္ကို ဝတ္ဆင္ထားကာ ဧည့္ခန္းအလယ္မွာ မတ္တပ္ရပ္ေနသည့္ ခ်န္းစီႏ်န္အား ခ်င္းစုယြဲ႕ စိုက္ၾကည့္လိုက္သည္။ သူကေတာ့ ပံုမွန္အတိုင္းလို ေမးလိုက္သည္။ "အလုပ္က ျပန္ေရာက္ၿပီလား?"
ခ်င္းစုယြဲ႕မွာ ဆြံ႕အသြားေလေတာ့၏။
ခဏ!
သူမက ကမန္းကတန္း သူ႔ကို စစ္ေဆးေမးျမန္းလိုက္သည္။ "ရွင္ ဘာလို႔ ကၽြန္မအိမ္ထဲ ေရာက္ေနရတာလဲ?! ေနအုန္း မဟုတ္ေသးဘူး ကၽြန္မအိမ္ေသာ့ကို ရွင္ ဘယ္လိုရတာလဲ?"
ေန႔လည္က သူ သတင္းစာရွင္းလင္းပြဲ တက္ေရာက္ခဲ့သည္အား ခ်င္းစုယြဲ႕ အေသအခ်ာကို ေတြ႕ျမင္လိုက္ရသည္။ အဲဒါေၾကာင့္ သူ ငါ့အိမ္က ထြက္သြားခဲ့တယ္ဆိုတာ အေသအခ်ာပဲ ဒါေပမယ့္ သူ ဘယ္လို ျပန္ဝင္လာႏိုင္တာလဲ?
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕၏ ဖိနပ္ဗီရိုေလးအား ညႊန္ျပလိုက္ၿပီးေနာက္ သူ႔အမွားလို႔ မေတြးသည့္ပံုျဖင့္ ေျပာျပေလ၏။ "ဖိနပ္ဗီရိုရဲ႕ ဘယ္ဘက္အံဆြဲထဲ ေသာ့အပိုကို မင္းပဲ ထည့္ထားခဲ့တာေလ"
ခ်င္းစုယြဲ႕မွာ နဖူးေၾကာမ်ား ေထာင္လာသည္အထိကို ရွံုဳ႕မဲ့လိုက္ၿပီး ... "ခ်န္းစီႏ်န္ ရွင္ ဒီလိုလုပ္တာ ကၽြန္မရဲ႕အိမ္ကို ပိုင္နက္က်ဴးေက်ာ္တာပဲဆိုတာ သိရဲ႕လားဟင္?!"
"အဲဒါဆိုရင္ မင္း ကိုယ့္ကို ဘာလို႔ သြားၿပီး တရားမစြဲေသးတာလဲ? ဘယ္ရဲအရာရွိကမ်ား လက္ထပ္ထားတဲ့ စံုတြဲက မေက်မနပ္ ရန္ျဖစ္တာကို ဂရုစိုက္ေပးမလဲဆိုတာ ကိုယ္ ေတြ႕ခ်င္တယ္"
"ဘယ္သူက ရွင့္ကို လက္ထပ္ထားလို႔လဲ? ရွင့္ပါးစပ္ႀကီးကေန အလိမ္အညာေတြ ထြက္မလာနဲ႔ေနာ္!"
"ကိုယ္လုပ္သင့္တာေတြအကုန္ လုပ္ၿပီးသြားၿပီေလ .. ကိုယ္ မင္းေနာက္က တေကာက္ေကာက္ လိုက္ေနပါတယ္ဆိုတာကို သန္းေပါင္း ေျမာက္မ်ားစြာေသာ ပရိသတ္ေတြသိေအာင္ လုပ္ခဲ့ၿပီးတာကို ကိုယ္တို႔က ဘယ္လိုေတာင္ စံုတြဲမျဖစ္ရမွာလဲ? အခုမျဖစ္ေသးရင္လည္း ေနာင္က်ရင္ ကိုယ္တို႔က ျဖစ္မွာပဲေလ"
"အဟက္ .. ရွင္က အရမ္းႀကီး ယံုၾကည္မႈရွိလြန္းေနတာပဲ"
"မဟုတ္ပါဘူး .. ကိုယ္က ျဖစ္ေနတဲ့ ကိစၥကိုပဲ ေဆြးေႏြးျပတာပါ"
"ကၽြန္မ ဂရုမစိုက္ဘူး ... ေသာ့ျပန္ေပး"
"မင္းက ကိုယ့္အိပ္ကပ္ထဲက ေသာ့လိုခ်င္တာလား? အဲဒါဆိုလည္း ကိုယ္တိုင္ လာယူေလကြာ"
ခ်င္းစုယြဲ႕မွာ ထပ္မံၿပီးေတာ့ ေျပာစရာ စကားေတြ ေပ်ာက္ရွသြားရျပန္၏။ ေတာ္ေတာ္ေလးကို အရွက္မရွိတဲ့ ခ်န္းစီႏ်န္ကိုေတာ့ သူမ တကယ္ကို မႏိုင္ပါေခ်။ ခ်င္းစုယြဲ႕က သူ႔အား တဲ့တိုးပင္ တံခါးအျပင္ဘက္သို႔ ေမာင္းထုတ္လိုက္ေလသည္။
သူ႔စိတ္က စိတ္ဆိုးရာကေန နာက်င္ခံစားေနမိေလ၏။
ခ်န္းစီႏ်န္က တံခါးကို အခ်က္ေပါင္းမ်ားစြာ ေခါက္ေပမယ့္ ၾကည့္ရတာ ခ်င္းစုယြဲ႕က သူ႔ကို တံခါးဖြင့္ေပးမည့္ပံု မေပၚေခ်။ သူက ေသာ့အပိုကိုထုတ္ကာ တံခါးဖြင့္မလို႔ လုပ္လိုက္စဥ္မွာပဲ ကၽြမ္က်ဴးက သူ႔အား ဖုန္းေခၚလာ၏။
"အားႏ်န္ ... အျပင္ထြက္ၿပီး စားၾကရေအာင္! မရီးကိုပါ ေခၚခဲ့!"
ခ်န္းစီႏ်န္က စိတ္အေႏွာင့္အယွက္ျဖစ္စြာ ျပန္ေျဖလိုက္၏။ "ငါ့မွာ အခ်ိန္မရွိဘူး ေနာက္ၿပီးေတာ့ ငါအခု ရွန္က်င္းၿမိဳ႕မွာ မဟုတ္ဘူး"
"ငါသိတယ္ ငါသိတယ္ .. အဲဒါေၾကာင့္ ငါ Aၿမိဳ႕ကို လိုက္လာတာ .. ျမန္ျမန္လာကြာ .. ငါမင္းကို ေစာင့္ေနတာ ဟိတ္ေကာင္!"
ကၽြမ္က်ဴးက နာရီဝက္ေလာက္ ေကာင္းေကာင္းႀကီး ေစာင့္ေနရၿပီးေနာက္မွာ ခ်န္းစီႏ်န္အား ေတြ႕လိုက္ရသည္။ ဒါေပမယ့္ ခ်န္းစီႏ်န္ တစ္ေယာက္ထဲသာလၽွင္ ျဖစ္၏။
ကၽြမ္က်ဴးက စိတ္ရႈပ္သြား၏။ "မရီးေရာ ဘယ္မွာလဲ? ငါ ဘာလို႔ သူ႔ကို မျမင္မိတာလဲ?"
"သူက မင္း အလြယ္တကူ ေတြ႕လို႔ရႏုိင္မယ့္သူ မို႔လို႔လား?" ခ်န္းစီႏ်န္က သူ႔ကို ၾကည့္လိုက္သည္
ကၽြမ္က်ဴးက ခ်က္ခ်င္းပင္ ရြဲ႕ကာမဲ့ကာ ခ်ဲ႕ကားေျပာသည့္ ဟန္ျဖင့္ ... "အိုး! မင္း သူ႔ကို ဒီေလာက္ထိ တန္ဖိုးထားေနပံုအရ ..... မင္းက ငါသိတဲ့ ခ်န္းစီႏ်န္မွ ဟုတ္ေသးရဲ႕လား?"
"မင္း ပံုမွန္အတိုင္း မေျပာႏိုင္ဘူးဆိုရင္လည္း ထြက္သြားေတာ့!"
"ငါက ဟာသေလးေတာင္ လုပ္ခြင့္မရွိေတာ့ဘူးလား?" က်မ္က်ဴးက ဆက္ၿပီးေတာ့ ခ်န္းစီႏ်န္အား စေနာက္ေလွာင္ေျပာင္ေန၏။ "ငါ ရွန္က်င္းၿမိဳ႕ကေန လာခဲ့တာက တကယ္ေတာ့ေလ ငါတုိ႔ရဲ႕ ဥကၠဌခ်န္းကိုေတာင္ မီဒီယာေတြေရွ႕မွာ ဝန္ခံေအာင္ လုပ္ႏိုင္တဲ့ ငါတုိ႔ရဲ႕မရီးကို ေတြ႕ဖို႔ လာခဲ့တာကြ!"
"သြားေတာ့!" ဒီသတင္းစာ ရွင္းလင္းပြဲဟာ ကၽြမ္က်ဴးႏွင့္ သူတို႔အၾကားတြင္ေတာ့ ေနာက္ထပ္ အခ်ိန္ေတာ္ေတာ္ ၾကာသည္အထိ ရယ္စရာတစ္ခု ျဖစ္ေနလိမ့္မည္မွန္း ခ်န္းစီႏ်န္ သိေနခဲ့၏။
ကၽြမ္က်ဴးက ထိုကိစၥကို ေထြေထြထူးထူး ေျပာမေနေတာ့ပဲ ဆက္လက္၍ ... "ေကာင္းၿပီ .. မင္းက ရွန္မိန္းမကို စိတ္မဝင္စားဘူးေပါ့ ... ငါ ထင္တဲ့အတိုင္းပဲ ... သူက ေမာ့ေပႀကိဳက္တတ္တဲ့ ပံုစံမ်ိဳးပါကြာ ... မင္းတို႔ႏွစ္ေယာက္က အတြဲနဲ႔ေတာင္ မတူဘူး ... ဒါေပမယ့္ ငါနားမလည္တာက ေမာ့ေပ ပထမဆံုး ျပန္ေရာက္လာတဲ့ အခ်ိန္တုန္းက မင္းက အဲဒီရွန္မိန္းမက မင္းရဲ႕ခ်စ္သူဆိုတာကို ဘယ္လိုျဖစ္ၿပီး မျငင္းခဲ့တာလဲ? မရီး အထင္လြဲသြားမွာ မင္း မေၾကာက္ဘူးလား?"
ခ်န္းစီႏ်န္ အဲဒီတုန္းက ဘာလို႔ မရွင္းျပခဲ့ရတာလဲဆိုေတာ့ သူက ေမာ့ေပကို စိုးရိမ္ေၾကာင့္ၾကေအာင္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ခဲ့တာ ျဖစ္ေလ၏။ ေမာ့ေပက ရွန္ဝမ္းယန္႔အေပၚ ခံစားခ်က္ေတြ ရွိေနသည္မွန္း သူသိခဲ့သည္။ သူကေတာ့ အခုခ်ိန္၌ သူ႔မိန္းကေလးကို လိုက္တဲ့ေနရာမွာ အခက္အခဲေတြ အျပည့္ႏွင့္ ၾကံဳေနရခ်ိန္တြင္ သူခ်စ္ခဲ့ဖူးသည့္ မိန္းမအား ဘယ္လိုလုပ္ ေမာ့ေပကို အလြယ္တကူ လိုက္လို႔ ရခြင့္ျပဳႏိုင္ရပါမည္လဲ? ဟမ့္ ... သူ႔လို အေဖာ္တစ္ေယာက္ ရွိေသးတယ္ဆိုၿပီး ေျဖသာႏိုင္ေသးေတာ့ အေကာင္းဆံုးေပါ့
ကၽြမ္က်ဴးက သူ မတံု႔ျပန္သည္ကို ေတြ႕ေတာ့ ထပ္ေမးလိုက္သည္။ "မရီးက မင္းနဲ႔ ရွန္မိန္းမနဲ႔ ၾကားက ဆက္ဆံေရးကို အထင္လြဲသြားၿပီး မင္းကို မျငင္းပယ္ဘူးဆိုတာ မင္းက ဘာလို႔ ဒီေလာက္ထိ အရမ္းႀကီး ေသခ်ာေနရတာလဲ?"
"အဟက္ .. တိုတိုေျပာရရင္ေတာ့ ငါ သူ႔ကို ထြက္ေျပး လြတ္ေျမာက္ခြင့္ေပးေတာ့မွာ မဟုတ္လို႔ပဲ"
7.3.2020
**********************
《Unicode》
အပိုင်း - ၁၀၉
[မသပ်မရပ် ဖြစ်နေသည့် ချန်းစီနျန် - ၃]
ချင်းစုယွဲ့ဟာ ထမင်းစားခန်းမမှ ထွက်လာပြီး လှေကားထောင့်ချိုးအား ချိုးကွေ့လိုက်သည်။ သူမက ချန်းစီနျန်အား ဖုန်းခေါ်တော့မည့်ဆဲဆဲမှာပင် ဖုန်းခေါ်ဆိုလာသူ၏ အမည်အား ကြည့်လိုက်သည်။ ဒါရိုက်တာကြီးက ခေါ်တာလား? အရေးကြီးတဲ့ တစ်ခုခုများ ဖြစ်လို့လား?
ချင်းစုယွဲ့ ဖုန်းကိုင်လိုက်ချိန်မှာပဲ ဒါရိုက်တာကြီးက မေးလာခဲ့သည်။ "ချင်းမိန်းကလေး မင်း နေ့လည်စာ မစားရသေးဘူးမလား? ငါတို့တွေ အပြင်ထွက်ပြီး နေ့လည်စာ စားကြမလို့ စီစဉ်နေကြတာ ... အဲဒါ သွားစားကြစို့"
ချင်းစုယွဲ့မှာ စိတ်ရှုပ်မိသွားပြီးတော့ သူတို့နှင့် နေ့လည်စာစားဖို့ သဘောတူလိုက်ရသည်။ စားလို့ ပြီးစီးခါးနီး အချိန်မှာပဲ ဒါရိုက်တာကြီးက သူမအား ပြောလာခဲ့၏။ "နောင်အနာဂတ်မှာ ငါတို့က ဥက္ကဌချန်းရဲ့ အကူအညီကို လိုအပ်လာခဲ့ရင် ဥက္ကဌချန်းရှေ့မှာ ငါတို့အတွက် စကားကောင်းကောင်း ပြောပေးဖို့ ချင်းမိန်းကလေးကိုပဲ ဒုက္ခပေးရတော့မှာပဲ"
"ဒါရိုက်တာကြီးက အရမ်း ယဉ်ကျေးလွန်းနေပါပြီရှင် ..." ချင်းစုယွဲ့ဟာ ဒီနေ့လည်စာရဲ့ နောက်ကွယ်က 'ဖုံးကွယ်ထားသည့် အဓိပ္ပါယ်'အား နောက်ဆုံးမှာတော့ နားလည်သွားမိလေ၏။
ချင်းစုယွဲ့မှာ ဒီနေ့ အဖြစ်အပျက်တွေ အပေါ် တကယ်ကို ပြောစရာ စကားပင် ပျောက်ရှနေရသည်။ သူမကို ပိုပြီးတော့ ရှော့ရစေတဲ့ အဖြစ်ကတော့ ချင်းစုယွဲ့မှာ အိမ်ကို မောပန်းနွမ်းနယ်စွာ ပြန်ရောက်လာပြီး သူမရဲ့ ဒေါက်ဖိနပ်ကို ချွတ်နေစဉ်မှာပဲ သူမ၏အိမ်၌ မီးတွေ လင်းနေသည်ကို တွေ့လိုက်ရသည့် အဖြစ်က သူမအား ပိုလို့ပင် ရှော့ရသွားစေလေ၏။
ချင်းစုယွဲ့တစ်ယောက် ထိတ်လန့်အံ့ဩမိသွားပြီး အတွင်းထဲကို ကြည့်ရှုဖို့အတွက် နောက်ကျောကို ဆန့်လိုက်၏။ ညဝတ်အကျႌ အနက်ရောင်ကို ဝတ်ဆင်ထားကာ ဧည့်ခန်းအလယ်မှာ မတ်တပ်ရပ်နေသည့် ချန်းစီနျန်အား ချင်းစုယွဲ့ စိုက်ကြည့်လိုက်သည်။ သူကတော့ ပုံမှန်အတိုင်းလို မေးလိုက်သည်။ "အလုပ်က ပြန်ရောက်ပြီလား?"
ချင်းစုယွဲ့မှာ ဆွံ့အသွားလေတော့၏။
ခဏ!
သူမက ကမန်းကတန်း သူ့ကို စစ်ဆေးမေးမြန်းလိုက်သည်။ "ရှင် ဘာလို့ ကျွန်မအိမ်ထဲ ရောက်နေရတာလဲ?! နေအုန်း မဟုတ်သေးဘူး ကျွန်မအိမ်သော့ကို ရှင် ဘယ်လိုရတာလဲ?"
နေ့လည်က သူ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည်အား ချင်းစုယွဲ့ အသေအချာကို တွေ့မြင်လိုက်ရသည်။ အဲဒါကြောင့် သူ ငါ့အိမ်က ထွက်သွားခဲ့တယ်ဆိုတာ အသေအချာပဲ ဒါပေမယ့် သူ ဘယ်လို ပြန်ဝင်လာနိုင်တာလဲ?
ချန်းစီနျန်က ချင်းစုယွဲ့၏ ဖိနပ်ဗီရိုလေးအား ညွှန်ပြလိုက်ပြီးနောက် သူ့အမှားလို့ မတွေးသည့်ပုံဖြင့် ပြောပြလေ၏။ "ဖိနပ်ဗီရိုရဲ့ ဘယ်ဘက်အံဆွဲထဲ သော့အပိုကို မင်းပဲ ထည့်ထားခဲ့တာလေ"
ချင်းစုယွဲ့မှာ နဖူးကြောများ ထောင်လာသည်အထိကို ရှုံု့မဲ့လိုက်ပြီး ... "ချန်းစီနျန် ရှင် ဒီလိုလုပ်တာ ကျွန်မရဲ့အိမ်ကို ပိုင်နက်ကျူးကျော်တာပဲဆိုတာ သိရဲ့လားဟင်?!"
"အဲဒါဆိုရင် မင်း ကိုယ့်ကို ဘာလို့ သွားပြီး တရားမစွဲသေးတာလဲ? ဘယ်ရဲအရာရှိကများ လက်ထပ်ထားတဲ့ စုံတွဲက မကျေမနပ် ရန်ဖြစ်တာကို ဂရုစိုက်ပေးမလဲဆိုတာ ကိုယ် တွေ့ချင်တယ်"
"ဘယ်သူက ရှင့်ကို လက်ထပ်ထားလို့လဲ? ရှင့်ပါးစပ်ကြီးကနေ အလိမ်အညာတွေ ထွက်မလာနဲ့နော်!"
"ကိုယ်လုပ်သင့်တာတွေအကုန် လုပ်ပြီးသွားပြီလေ .. ကိုယ် မင်းနောက်က တကောက်ကောက် လိုက်နေပါတယ်ဆိုတာကို သန်းပေါင်း မြောက်များစွာသော ပရိသတ်တွေသိအောင် လုပ်ခဲ့ပြီးတာကို ကိုယ်တို့က ဘယ်လိုတောင် စုံတွဲမဖြစ်ရမှာလဲ? အခုမဖြစ်သေးရင်လည်း နောင်ကျရင် ကိုယ်တို့က ဖြစ်မှာပဲလေ"
"အဟက် .. ရှင်က အရမ်းကြီး ယုံကြည်မှုရှိလွန်းနေတာပဲ"
"မဟုတ်ပါဘူး .. ကိုယ်က ဖြစ်နေတဲ့ ကိစ္စကိုပဲ ဆွေးနွေးပြတာပါ"
"ကျွန်မ ဂရုမစိုက်ဘူး ... သော့ပြန်ပေး"
"မင်းက ကိုယ့်အိပ်ကပ်ထဲက သော့လိုချင်တာလား? အဲဒါဆိုလည်း ကိုယ်တိုင် လာယူလေကွာ"
ချင်းစုယွဲ့မှာ ထပ်မံပြီးတော့ ပြောစရာ စကားတွေ ပျောက်ရှသွားရပြန်၏။ တော်တော်လေးကို အရှက်မရှိတဲ့ ချန်းစီနျန်ကိုတော့ သူမ တကယ်ကို မနိုင်ပါချေ။ ချင်းစုယွဲ့က သူ့အား တဲ့တိုးပင် တံခါးအပြင်ဘက်သို့ မောင်းထုတ်လိုက်လေသည်။
သူ့စိတ်က စိတ်ဆိုးရာကနေ နာကျင်ခံစားနေမိလေ၏။
ချန်းစီနျန်က တံခါးကို အချက်ပေါင်းများစွာ ခေါက်ပေမယ့် ကြည့်ရတာ ချင်းစုယွဲ့က သူ့ကို တံခါးဖွင့်ပေးမည့်ပုံ မပေါ်ချေ။ သူက သော့အပိုကိုထုတ်ကာ တံခါးဖွင့်မလို့ လုပ်လိုက်စဉ်မှာပဲ ကျွမ်ကျူးက သူ့အား ဖုန်းခေါ်လာ၏။
"အားနျန် ... အပြင်ထွက်ပြီး စားကြရအောင်! မရီးကိုပါ ခေါ်ခဲ့!"
ချန်းစီနျန်က စိတ်အနှောင့်အယှက်ဖြစ်စွာ ပြန်ဖြေလိုက်၏။ "ငါ့မှာ အချိန်မရှိဘူး နောက်ပြီးတော့ ငါအခု ရှန်ကျင်းမြို့မှာ မဟုတ်ဘူး"
"ငါသိတယ် ငါသိတယ် .. အဲဒါကြောင့် ငါ Aမြို့ကို လိုက်လာတာ .. မြန်မြန်လာကွာ .. ငါမင်းကို စောင့်နေတာ ဟိတ်ကောင်!"
ကျွမ်ကျူးက နာရီဝက်လောက် ကောင်းကောင်းကြီး စောင့်နေရပြီးနောက်မှာ ချန်းစီနျန်အား တွေ့လိုက်ရသည်။ ဒါပေမယ့် ချန်းစီနျန် တစ်ယောက်ထဲသာလျှင် ဖြစ်၏။
ကျွမ်ကျူးက စိတ်ရှုပ်သွား၏။ "မရီးရော ဘယ်မှာလဲ? ငါ ဘာလို့ သူ့ကို မမြင်မိတာလဲ?"
"သူက မင်း အလွယ်တကူ တွေ့လို့ရနိုင်မယ့်သူ မို့လို့လား?" ချန်းစီနျန်က သူ့ကို ကြည့်လိုက်သည်
ကျွမ်ကျူးက ချက်ချင်းပင် ရွဲ့ကာမဲ့ကာ ချဲ့ကားပြောသည့် ဟန်ဖြင့် ... "အိုး! မင်း သူ့ကို ဒီလောက်ထိ တန်ဖိုးထားနေပုံအရ ..... မင်းက ငါသိတဲ့ ချန်းစီနျန်မှ ဟုတ်သေးရဲ့လား?"
"မင်း ပုံမှန်အတိုင်း မပြောနိုင်ဘူးဆိုရင်လည်း ထွက်သွားတော့!"
"ငါက ဟာသလေးတောင် လုပ်ခွင့်မရှိတော့ဘူးလား?" ကျမ်ကျူးက ဆက်ပြီးတော့ ချန်းစီနျန်အား စနောက်လှောင်ပြောင်နေ၏။ "ငါ ရှန်ကျင်းမြို့ကနေ လာခဲ့တာက တကယ်တော့လေ ငါတို့ရဲ့ ဥက္ကဌချန်းကိုတောင် မီဒီယာတွေရှေ့မှာ ဝန်ခံအောင် လုပ်နိုင်တဲ့ ငါတို့ရဲ့မရီးကို တွေ့ဖို့ လာခဲ့တာကွ!"
"သွားတော့!" ဒီသတင်းစာ ရှင်းလင်းပွဲဟာ ကျွမ်ကျူးနှင့် သူတို့အကြားတွင်တော့ နောက်ထပ် အချိန်တော်တော် ကြာသည်အထိ ရယ်စရာတစ်ခု ဖြစ်နေလိမ့်မည်မှန်း ချန်းစီနျန် သိနေခဲ့၏။
ကျွမ်ကျူးက ထိုကိစ္စကို ထွေထွေထူးထူး ပြောမနေတော့ပဲ ဆက်လက်၍ ... "ကောင်းပြီ .. မင်းက ရှန်မိန်းမကို စိတ်မဝင်စားဘူးပေါ့ ... ငါ ထင်တဲ့အတိုင်းပဲ ... သူက မော့ပေကြိုက်တတ်တဲ့ ပုံစံမျိုးပါကွာ ... မင်းတို့နှစ်ယောက်က အတွဲနဲ့တောင် မတူဘူး ... ဒါပေမယ့် ငါနားမလည်တာက မော့ပေ ပထမဆုံး ပြန်ရောက်လာတဲ့ အချိန်တုန်းက မင်းက အဲဒီရှန်မိန်းမက မင်းရဲ့ချစ်သူဆိုတာကို ဘယ်လိုဖြစ်ပြီး မငြင်းခဲ့တာလဲ? မရီး အထင်လွဲသွားမှာ မင်း မကြောက်ဘူးလား?"
ချန်းစီနျန် အဲဒီတုန်းက ဘာလို့ မရှင်းပြခဲ့ရတာလဲဆိုတော့ သူက မော့ပေကို စိုးရိမ်ကြောင့်ကြအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ဖြစ်လေ၏။ မော့ပေက ရှန်ဝမ်းယန့်အပေါ် ခံစားချက်တွေ ရှိနေသည်မှန်း သူသိခဲ့သည်။ သူကတော့ အခုချိန်၌ သူ့မိန်းကလေးကို လိုက်တဲ့နေရာမှာ အခက်အခဲတွေ အပြည့်နှင့် ကြုံနေရချိန်တွင် သူချစ်ခဲ့ဖူးသည့် မိန်းမအား ဘယ်လိုလုပ် မော့ပေကို အလွယ်တကူ လိုက်လို့ ရခွင့်ပြုနိုင်ရပါမည်လဲ? ဟမ့် ... သူ့လို အဖော်တစ်ယောက် ရှိသေးတယ်ဆိုပြီး ဖြေသာနိုင်သေးတော့ အကောင်းဆုံးပေါ့
ကျွမ်ကျူးက သူ မတုံ့ပြန်သည်ကို တွေ့တော့ ထပ်မေးလိုက်သည်။ "မရီးက မင်းနဲ့ ရှန်မိန်းမနဲ့ ကြားက ဆက်ဆံရေးကို အထင်လွဲသွားပြီး မင်းကို မငြင်းပယ်ဘူးဆိုတာ မင်းက ဘာလို့ ဒီလောက်ထိ အရမ်းကြီး သေချာနေရတာလဲ?"
"အဟက် .. တိုတိုပြောရရင်တော့ ငါ သူ့ကို ထွက်ပြေး လွတ်မြောက်ခွင့်ပေးတော့မှာ မဟုတ်လို့ပဲ"
7.3.2020
*********************