True Martial World Book 13-14

By MinNanDar

5.1K 695 8

သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ( ရီယွမ်) Translator - Min Nandar More

C-181
C-182
C-183
C-184
C-185
C-186
C-187
C-188
C-189
C-190
C-191
C-192
C-193
C-194
C-195
C-196
C-197
C-198
C-199
C-200
C-201
C-202
C-203
C-204
C-206
C-207
C-208
C-209
C-210

205

152 22 0
By MinNanDar

Zawgyi Code

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၀၅

ရီယွမ်က လီဟောင်ကို စားဖိုဆောင်ထဲ လူအများရှေ့တွင် အရှက်ခွဲလိုက်သည်ဟူသော သတင်းက တိုင်အီနတ်ဘုရားမြို့တော်အတွင်း လျှင်မြန်စွာ ပျံနှံ့သွားခဲ့သည် ။

ဟောင်ဒုန် အဖွဲ့အစည်းနှင့် ရီယွမ်တို့ကို လူအားလုံးက ဂရုတစိုက် စောင့်ကြည့်နေကြသည် ။ ဟောင်ဒုန်အဖွဲ့အစည်းက လူသစ်များကြားထဲတွင် နာမည်အကြီးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်သလို ရီယွမ်ကလဲ ရှေးဦးမူလဆေးပင်ကို ခူးနိုင်ခဲ့သည့်အတွက် လျှမ်းလျှမ်းတောက် ကျော်ကြားနေသည့် လူငယ်တစ်ယောက် …

ထိုနှစ်ဦးအကြား ပြသနာက ဒုတိယနှစ်သင်တန်းသားများပါ မကျန် စိတ်ဝင်တစား စောင့်ကြည့်နေကြသော ပြသနာတစ်ခု ဖြစ်သည် ။

ရီယွမ်၏ လုပ်ငန်းခွင် ရာသီပိတ်သည့်အချိန်တွင် ရီယွမ်တစ်ယောက် ဒုက္ခလှလှတွေ့မည်ကို သူတို့အားလုံး မြင်ချင်နေကြသည် ။

ဟောင်ဒုန် အဖွဲ့အစည်းကတော့ ပထမနှစ်ကျောင်းသားများထဲမှ အရည်အချင်းရှိသူများစွာကို သူတို့အဖွဲ့ထဲသို့ လျှင်မြန်စွာ သွတ်သွင်းနေကြသည် ။ ထို့ပြင် ထိုလူငယ်အများစုကလည်း ကျန့်ပြည်နယ်ရှိ ထိပ်သီးမိသားစုများမှ ဆင်းသက်လာခဲ့သူများ ဖြစ်ကြသည် ။

လီဟောင်သည်လည်းပဲ မြို့တော်ရှိ ထိပ်သီးမိသားစုကလန်ထဲမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည် ။ သို့ဖြစ်၍ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် အလွန်ကျယ်ပြောပြီး အဆက်အသွယ်ကောင်းများ အလွန်များပြား၏ ။ ထို့ကြောင့် သခင်လေး အများစုက သူ့ကို မျက်နှာသာပေးပြီး တော်ရုံတန်ရုံ ထိပ်တိုက်မတွေ့ဆုံလိုကြပေ ။

လူငယ်များစွာကို ဟောင်ဒုန်အဖွဲ့အစည်းထဲသို့ ဝင်ရောက်ခြင်းအတွက် ဟောင်ဒုန်က ထိုလူငယ်များကို အကျိုးရှိစေရမည်ဟု ကတိပေးထားခဲ့သည် ။

သို့သော် ယခုတွင် ရီယွမ်က လီဟောင်ကို အရှက်ခွဲလိုက်သည့်အတွက် ထိုကိစ္စကြောင့် ဟောင်ဒုန်အဖွဲ့အစည်းမှ လူငယ်များက ဆတ်ဆတ်ခါဖြစ်သွားကြသည် ။

ရီယွမ်ပြောလိုက်သည့် “ ကိုယ့်ဖျင် ကိုယ်ပြန်ရိုး” ဟူသောစကားက သူတို့၏ နားထဲတွင် ယခုထိတောင် ပြန်လည်ကြားယောင်နေမိဆဲပင် …

ထိုစကားက ရီယွမ်လို အဆုံးမဲ့ကန္တာရကြီးထဲရှိ ကလေးတစ်ယောက်၏ နူတ်ဖျားမှ ထွက်ပေါ်လာသော စကားများဟုပင် ထင်ရက်စရာမရှိပေ ။ ရီယွမ်၏ မိသားစုက ပြည်နယ်ခွဲလေးတစ်ခုမှ မဟုတ်သလို မည်သည့်ကျောထောက်နောက်ခံမှ မရှိပေ ။ အပြင်က ကလေကချေတစ်ယောက်ပင် ဖြစ်သည်။

“အဲဒီ မှင်စာလေးက အစ်ကို ဟောင်ကို သိက္ခာချရဲတယ်ပေါ့လား … ငါတို့အဖွဲ့အစည်းက လူများကို မထိခိုက်ပေမယ့် လူများက ငါတို့ကို လာစနေပြီး … ငြိမ်ခံနေရမှာလား …”

“ဟုတ်တယ် … နံပါတ်လေး အစ်ကိုပြောတာ မှန်တယ် ၊ အဲဒီကလေးက သေချင်နေတာဆိုတော့ ငါတို့က သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ … သိုင်းပြိုင်ပွဲကျရင် ငါတို့အားလုံး အဲဒီကောင်ကို ဒုက္ခိတဖြစ်သွားအောင် ကောင်းကောင်း ရိုက်ချိုးကြမယ်”

လီဟောင်၏ နောက်လိုက်များကတော့ တော်တော်လေး ဒေါပွနေကြသည် ။

လီဟောင်ကတော့ တည်ငြိမ်စွာပင် …  “မင်းတို့သူ့ကို အထင်မသေးကြနဲ့ သူ့မှာ အရည်အချင်းတစ်ခု ရှိရမယ်လို့ ငါထင်တယ် ၊ ရှေးဦးမူလ ဆေးပင်ကိုသူကံကောင်းပြီး ခူးနိုင်ခဲ့တယ်ဆိုပေမယ့် အဲဒီကိစ္စက ဒီလောက်မရိုးရှင်းဘူးလို့ ငါထင်တယ် ၊ ပြီးတော့ နဂါးအကြေးခွံတွေလဲ အများကြီးလဲထားသေးတယ်ဆိုတော့ ဒီကောင်က တော်တော်လေး ကြေးကောင်းမှာပဲ ” 

“ဟားဟား … နဂါးအကြေးခွံတဲ့လား …”

“ဟုတ်တယ် … အစ်ကိုဟောင် ပြောမှပဲ သတိရတော့တယ် … သိုင်းပြိုင်ပွဲမှာ လောင်းကြေးထပ်တာကို ခွင့်ပြုထားတာပဲ ၊ မြို့တော်ကို ရောက်ကတည်းက နဂါးအကြေးခွံတွေ လိုက်ရှာနေတာ ၊ အခုတော့ ခပ်ဝဝသိုးတစ်ကောင်က ကိုယ့်အိမ်တံခါးဝရှေ့ အဆင့်သင့် ရောက်လာတော့မှာပဲ ”

နဂါးအကြေးခွံများက သင်တန်းသားများအသစ် အလွန်ရှာဖွေရခက်သလို ၊ မြို့တော်ရှိ တခြား သခင်လေးများအတွက်လဲ ထို့အတူပင် ဖြစ်သည် ။

အစပိုင်းတွင် ဟောင်ဒုန်အဖွဲ့အစည်းတွင် ရန်ပုံငွေများစွာ ရှိထားသော်လည်း တဖြည်းဖြည်းနှင့် လူအင်အားတိုးများလာခြင်းကြောင့် ထိုရန်ပုံငွေများက မလုံလောက်တော့ပေ ။

ယခု သိုင်းပြိုင်ပွဲ၏ လောင်းကြေးအကြောင်း သူတို့သတိရသွားသည့်အခါတွင်တော့ နဂါးအကြေးခွံများစွာ ပိုင်ဆိုင်ထားသည့် ရီယွမ်ကို သူတို့ပစ်မှတ်ထားလိုက်ကြသည် ။ ကောင်းကင်ဘုံက သူတို့ကို အခွင့်အရေးတစ်ခု ချီးမြှင့်လိုက်ခြင်းပင် ဖြစ်၏ ။

ထိုအခွင့်အရေးကို အသုံးချမနိုင်ပါက သူတို့အသုံးမကျလို့ပဲ ဖြစ်မည် ။

“စိတ်ချ … အစ်ကိုဟောင် … လောင်းကြေးထပ်စရာ အောက်ခံဘောင်းဘီပါ မကျန်အောင် အဲဒီကောင်ကို ကျွန်တော်တို့ ကောင်းကောင်း ဆုံးမပေးမယ်”

“ငါတို့အားလုံး ဒီနေ့ကစပြီး နဂါးအကြေးခွံတွေ များများ စုထားဖို့လိုတယ် … မဟုတ်ရင် အဲဒီနေ့ကျရင် ဟိုကလေးကို အမြစ်ပြုတ်ဖြုတ်ဖို့ လောင်းကြေးထပ်စရာ ဘာမှ မရှိပဲနေမယ် ….”

မြို့တော်ရှိ သခင်လေးများကလည်း သဘောတူလိုက်ကြသည် ။

ဟောင်ဒုန်အဖွဲ့အစည်း၏ အသင်းခွဲမှူးတစ်ယောက်က … “မင်းတို့အားလုံး စိတ်မပူကြနဲ့ မင်းတို့နဂါးအကြေးခွံတွေမလောက်ရင် အဖွဲ့အစည်းက မင်းတို့ကို ကူညီပေးမယ် … အဲဒီ ကလေး အောက်ခံဘောင်းဘီပါမကျန်အောင် အကုန်ချွတ်ကြတာပေါ့”

“ဟုတ်တယ် … အဓိကက မင်းတို့အကောင်းဆုံးကြိုးစားထားကြ”  လီဟောင်က တုံ့ဆိုင်းခြင်းမရှိပဲ ပြန်ဖြေလိုက်သည် ။

ထိုအချိန်တွင် ဟောင်ဒုန်အဖွဲ့အစည်းက သူတို့၏ ရည်ရွယ်ချက်ကို ပြောင်ပြောင်တင်းတင်း ကြေငြာထားလိုက်သည် ။ ရီယွမ်ကို သိုင်းစင်မြင့်ထက်တွင် ခေါက်ဆွဲချောင်းတစ်ချောင်းကဲ့သို့ ပျော့ဖတ်သွားအောင် ရိုက်နှက်မည့်အပြင် လောင်းကြေးထပ်စရာ အောက်ခံဘောင်းဘီပါမကျန်အောင် အမြစ်ဖြုတ်မည်ဟူ၍ ဖြစ်သည် ။

ထိုသတင်းက ပထမနှစ် နှင့် ဒုတိယနှစ် သင်တန်းသားများအကြားတွင် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည် ။ သူတို့အားလုံး ရီယွမ်နှင့် မည်သို့မှ မပတ်သက်သည့်အတွက် ရီယွမ်အတွက် မည်သူမှ မစိုးရိမ်ကြချေ ။

ရီယွမ်၏ ကံကောင်းမှုကြီးက ကောင်းကင်အလိုကို ဆန့်ကျင်ပြီး လူအများကို မနာလိုဖြစ်စေသည် ။ နဂါးအကြေးခွံများစွာ ရရှိထားသော လူတစ်ယောက်က မြို့တော်တွင် အလွန်ထင်ပေါ်သလို ယခုအခါတွင် ထိုနဂါးအကြေးခွံများကို ပြန်လည် ဆုံးရှုံးရတော့မည်ဖြစ်ရာ လူအများစုကကြိတ်ပြီး ပျော်ရွှင်နေကြသည် ။

လူအများစုက နဂါးအကြေးခွံတစ်သောင်းကို ရီယွမ် ဘယ်နေရာတွင် အသုံးချမလဲ ဆိုခြင်းကို စိတ်ဝင်စားနေကြသည်။

ရီယွမ်အနေဖြင့် ယခုလိုအချိန်မျိုးတွင် နဂါးအကြေးခွံများကို စွမ်းအင်ထောက်ကူ အရင်းအမြစ်များနှင့် အလျှင်အမြန်လဲလှယ်ပြီး ပြိုင်ပွဲအတွက် ပြင်ဆင်ထားသင့်သည် ။

သို့သော် … နောက်တစ်နေ့ မနက်တွင် ရီယွမ်က ဆေးခြင်းတောင်းကို ကိုင်ပြီး ဆေးပင်တောင်ရှိရာသို့ ဘာမှ မဖြစ်ခဲ့သလိုသာ ထွက်ခွာသွားခဲ့သည် ။

ထိုမြင်ကွင်းကို ကြည့်ပြီး အကုန်လုံးက အံ့သြသင့်နေကြသည် ။

“ရီယွမ် … မင်းအခုထိ ဆေးပင်ခူးနေတုန်းလား” … လူအများစုက မယုံနိုင်ဟန်ဖြင့် မေးကြည့်လိုက်ကြသည် ။

ရီယွမ်က ထိုလူကို ထူးဆန်းသလို ပြန်ကြည့်လိုက်ပြီး … “ ဟုတ်တယ်လေ … ငါဆေးပင်ခူးရဦးမယ်လေ … တစ်လတောင် ကျန်သေးတာပဲ .. ငါက စံချိန်တင်ဖို့ လုပ်နေတာ” …

“စံချိန်ချိုးမယ် ဟုတ်လား …”

ထိုစကားကို ကြားရသူများ မှင်တက်ဆွံ့အံ့သွားကြကုန်သည် ။

လူအများစုအတွက်က စံချိန်ဟူသော စကားက အလွန်အလှမ်းဝေးနေဆဲပင် …. ဆေးပင်ခူးသော အလုပ်ကဲ့သို့ အရေးမပါသည့်အလုပ်တွင်ပင် စံချိန်တင်နိုင်ရန် လိုအပ်သည့် နဂါးအကြေးခွံပမာဏက ကြောက်ခမန်းလိလိပင် ….

ရီယွမ်က ပို့ဆောင်ရေး မှော်အစီအရင်ထဲသို့ ရွှပ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို လူအများစုက ငေးကြည့်နေရုံသာ တတ်နိုင်သည် ။

“အဲဒီကလေးက တကယ်စံချိန်ချိုးမလို့ လုပ်နေတာလား …”

“ရှေးဦးမူလဆေးပင်ကို ခူးနိုင်ခဲ့လို့ နဂါးအကြေးခွံ တစ်သောင်းရတယ်ဆိုပေမယ့် စံချိန်ချိုးဖို့ဆိုတာက အဲဒီလောက် မရိုးရှင်းဘူး …”

“သူက ရည်ရွယ်ချက်တော့ကြီးတာပဲ … နောက် တစ်လ ၊ နှစ်လလောက်ဆိုရင် လူတွေအကုန်လုံး သူ့ကို တစ်စစီဆွဲဖဲ့ဖို့ လုပ်နေတာတောင် သူက မကြောက်မလန့် ဆေးပင်ခူးသွားနိုင်သေးတယ် ၊ ဒါမှမဟုတ် သူ့ကိုယ်သူ နိုင်မယ်လို့များ ထင်နေတာလား … တိုင်အီနတ်ဘုရားမြို့တော်က လူတွေအကုန်လုံးက အရည်အချင်းကိုယ်စီ ရှိကြတဲ့လူတော်တွေပဲ .. အဲဒီကလေးက သူ့ရဲ့ကမ္ဘာငယ်လေးထဲမှာ သူ့ရဲ့ဝှက်ဖဲလေး တစ်ချပ်နှစ်ချပ်နဲ့ သာယာနေတယ် ၊ အပြင်ကမ္ဘာကြီးက ဘယ်လောက်ထိကျယ်ပြန့်သလဲ ၊ တခြားလူတွေ ဘယ်လောက်ထိ သန်မာသလဲဆိုတာ သူမသိသေးဘူးပဲ …”

လူအများစုက ရီယွမ်နှင့် ပတ်သက်ပြီး အမျိုးမျိုး ထင်ကြေးပေးနေကြသည် ။ ရီယွမ်ကတော့ ထိုအချိန်တွင် အမှတ် - ၆၀ ဆေးပင်တောင်သို့ ရောက်ရှိသွားပြီ ဖြစ်၏ ။

ဆေးပင်တောင်ရှိ ကောင်းကင်မြေကြီးယွမ်ချီများက အနည်းငယ် သိပ်သည်းနေပြီး စွမ်းအင်လေ့ကျင့်ရန်အတွက် နေရာကောင်းတစ်ခုပင် …

ရီယွမ်က တောအုပ်ထဲရှိ မြေကွက်လပ်လေးထဲတွင် မတ်တပ်ရပ်လိုက်၏ ။ ထို့နောက် လက်တစ်ဝါးစာခန့် ကျောက်စိမ်းစာရွက်လေးကို ထုတ်ယူလိုက်သည် ။ စာအုပ်၏ အရှေ့ခြမ်းကို ရွှေရောင် ဖောင်းကြွပန်းကနုတ်များ ဖော်ထားပြီး ကျောဘက်တွင်တော့ တိုင်အီ ဟူသော စာနှစ်လုံးကို ရှေးအက္ခရာများနှင့် ရေးသားထားသည် ။

ထိုကျောက်စိမ်းစာခွေက တိုင်အီ ဝိညာဉ်ကျင့်စဉ်၏ ပထမအဆင့်ပင် ဖြစ်၏ ။

တိုင်အီ နိုင်ငံက ထိုဝိညာဉ်ကျင့်စဉ်ကိုတော့ တင်းတင်းကြပ်ကြပ် တားမြစ်ထားသည် ။ လေ့ကျင့်သူများအနေဖြင့် အခြားသူများကို ပြသခြင်း လျှို့ဝှက်စွာ သင်ကြားပေးခြင်းများကို တွေ့ရှိပါက ပြင်းထန်စွာ အရေးယူခြင်းများကို ခံစားရပေလိမ့်မည် ။

ရီယွမ်၏ သူ၏ စိတ်စွမ်းအင်များကို ထိုကျောက်စိမ်းပြားပေါ်သို့ ဖြည်းဖြည်းချင်း စီးဆင်းစေလိုက်သည် ။ ရှေးကျအားကောင်းပြီး နက်ရှိုင်းသော အရှိန်အဝါတစ်ရပ်က သူ့ထံသို့ တိုးဝင်လာခဲ့သည် ။ လျှို့ဝှက်ဆန်းကြယ်သော မှော်တံခါးကြီးတစ်ချပ်အရှေ့သို့ သူရောက်တွင် တဖြည်းဖြည်းပွင့်လှစ်လာပြီး အဆုံးမဲ့လျှို့ဝှက်ဆန်းကြယ်မှုများကို ထင်ဟပ်နေစေ၏ ။

ထိုအရာက သိုင်းဈာန်များမှန်း ရီယွမ်က ကောင်းကောင်းသိသည် ။

တိုင်အီဝိညာဉ်ကျင့်စဉ်တွင်ပင် သိုင်းဈာန်ဓိဌာန်များ ပါဝင်နေခြင်းက မည်သို့ ပြောလို့ ပြောရမှန်းပင် သူမသိတော့ချေ ..

ရီယွမ် နဂါးနံရိုး ကျားအရိုးသိုင်းကို ရရှိခဲ့စဉ်က သူကောင်းစွာ ပုံတူကူးနိုင်ခဲ့သည် ။

သို့သော် သိုင်းဈာန်ဓိဌာန် အမှန်တရားများစွာ ပါဝင်နေသော တိုင်အီဝိညာဉ်ကျင့်စဉ်ကဲ့သို့ ကျင့်စဉ်တစ်ခုကို သူပုံတူကူးမနိုင်ချေ ။ ထိုကျောက်စိမ်းပြားပေါ်ရှိ သိုင်းဈာန်များကို လူတစ်ဦးနှင့်တစ်ဦး နားလည်သိမြင်ပုံချင်းလည်း မတူညီသောကြောင့် ထိုကဲ့သို့သော ကျင့်စဉ်များက တန်ဖိုးအသီးသီး ကွာဟနေကြခြင်း ဖြစ်သည် ။

တိုင်အီနိုင်ငံမှ ထုတ်ဝေထားသော တိုင်အီဝိညာဉ်ကျင့်စဉ်က အရည်အသွေး အလွန်ကောင်းမွန်သည့်အပြင် အလွန်တရာ တန်ဖိုးကြီးမားလှသည် ။ သင်တန်းသားများအတွက် ထိုကျင့်စဉ်ကို ခေတ္တငှားရမ်းထားခြင်းသာ ဖြစ်ပြီး အနာဂတ်တွင် ထိုကျင့်စဉ်ကို ပြန်လည်အပ်နှံရမည် ဖြစ်သည်။

အကယ်၍ ပျောက်ဆုံးသွားပါက မူလတန်ဖိုးအတိုင်း ပြန်လည်ပေးလျော်ရပေလိမ့်မည် ။

Continue Reading

You'll Also Like

272K 13.4K 61
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
1.6M 111K 26
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
78.7K 1.9K 44
ညီဖြစ်သူသေဆုံးသွားရတာက သူ့ညီကောင်မလေးရဲ့အစ်မကြောင့်ဆိုပြီးလက်စားချေခဲ့ရာမှ...
30.3K 1.2K 10
Oc female Jackson x Hermes x Apollo x Ares