True Martial World Book 13-14

By MinNanDar

5.1K 695 8

သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ( ရီယွမ်) Translator - Min Nandar More

C-181
C-182
C-183
C-184
C-185
C-186
C-187
C-188
C-189
C-190
C-191
C-192
C-193
C-194
C-195
C-196
C-197
C-198
C-199
C-200
C-201
C-202
C-203
205
C-206
C-207
C-208
C-209
C-210

C-204

153 24 0
By MinNanDar

Zawgyi code

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၀၄

“ သောက်ကလေး … မင်းသေချင်နေပြီလား ”

ဟောင်ဒုန် အဖွဲ့အစည်းမှ လူများအားလုံး ဒေါသခြောင်းခြောင်း ထွက်နေကြပြီ ဖြစ်၏ ။ ရီယွမ်က သူတို့၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည့်အပြင် သူတို့ကို လုံးဝ မျက်နှာသာမပေးချေ ။

“ ခရမ်းရောင်သွေး အလယ်ဆင့်သိုင်းသမားတစ်ယောက်က သူ့ကိုယ်သူ ဘာထင်နေလို့လဲ …”

လီဟောင်၏ မျက်နှာက သုန်မှုန်တင်းခံသွားသည် ။ သူအားနှင့်မာန်နှင့် ဆောင့်ချလိုက်သောအရှိန်ကြောင့် လက်ဖက်ရည်ခွက်က အပိုင်းပိုင်းအစစများအဖြစ် လွင့်စင်ထွက်သွားကြသည် ။

“မင်း ဘာပြောလိုက်တာ … ငါသိပ်မကြားရလို့ … နောက်တစ်ခေါက် ထပ်ပြောစမ်းပါဦး …”

လီဟောင်က ရီယွမ်ကို ပြုံးထေ့ထေ့နှင့် ကြည့်ကာ လှမ်းမေးလိုက်သည် ။ ထိုအပြုံး၏ နောက်ကွယ်တွင် သူအဘယ်မျှထိ ဒေါသထွက်နေမယ်မှန်း လူတိုင်းသိကြသည် ။

လီဟောင်က တိုင်အီမြို့တော်တွင် အတော်သြဇာညောင်းပြီး နှစ်ကြီးသမားများသည်ပင် သူ့ကို တော်ရုံတန်ရုံ မထိပါးဝံချေ ။

လီဟောင်နှင့် အတိုက်အခံလုပ်ခြင်းဖြင့် မကောင်းသော အကျိုးဆက်များသာ ရရှိနိုင်ပေလိမ့်မည် ။

“သြော် .. မင်းသေချာမကြားရဘူး … နောက်တစ်ခေါက်ပြန်ပြော … အဲလိုလား .. ရတယ် ၊ ကိစ္စမရှိဘူး .. ပြန်ပြောပေးမယ် .. ကိုယ့်ဖျင့် ကိုယ်ပြန်ရိုး လိုက်တဲ့ ” … ရီယွမ်က တစ်လုံးချင်း ရှင်းလင်းပီသစွာ ပြောချလိုက်သည် ။ သူ့ကိုလာကစားချင်နေသည့် လူတစ်ယောက်ကို ရီယွမ်က ဒီအတိုင်းတော့ ပြန်လွှတ်ပေးလိုက်မည် မဟုတ်ပေ ။ ဘာလဲ .. ဟောင်ဒုန်အဖွဲ့အစည်း ဆိုပြီး ထောင်လိုက်တာနဲ့သူတို့က အရမ်းကို ကြီးမြတ်နေကြတယ်လို့ ထင်နေကြတာလား ….

ဟောင်ဒုန် အဖွဲ့အစည်းက သူ့ကို လက်တုံ့ပြန်ခြင်းအတွက် ရီယွမ်က မစိုးရိမ်ပေ ။ ဟောင်ဒုန် အဖွဲ့အစည်းက လူသစ်အများစုနှင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်ပြီး … လူအများက အနာဂတ်နှစ်အနည်းငယ်တွင် ဟောင်ဒုန်အဖွဲ့ အင်အားကြီးလာမည်ကို တွေးကာ စိုးလန့်နေကြခြင်း ဖြစ်သည် ။ ရီယွမ်အတွက်တော့ အနာဂတ်ကို တွေးကြောက်နေရန် မလိုပေ ။

ထို့ပြင် တိုင်အီနတ်ဘုရားမြို့တော်ရှိ ကျင့်ကြံသူများအကြား တိုက်ပွဲများကို စည်းကမ်းကျကျ သတ်မှတ်ထားသည်။ ဒုတိယနှစ် ကျောင်းသားများနှင့် ပထမနှစ်ကျောင်းသားများအကြား ကန့်သတ်ချက်များစွာ ရှိပေသည်။ လူသစ်များ အချင်းချင်း စိန်ခေါ်တိုက်ခိုက်ရန်အတွက် သီးသန့်နေရာတစ်ခု ခွဲခြားထားသည် ။ အထူးသဖြင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် လုံးဝ တိုက်ခိုက်ခွင့်မပြုပေ … ဥပမာ … စားဖိုဆောင်နှင့် လူသွားလမ်းကဲ့သို့ နေရာများ …

“မင်းအခု ကြားပြီးလား ”  ရီယွမ်က မသေချာသည့်ဟန်ဖြင့် လှမ်းမေးလိုက်ပြီး အသားတုံးကို နောက်တစ်ဖဲ့ ကိုက်လိုက်ပြန်သည် ။

ရီယွမ်၏ စကားကို ကြားလိုက်ရသောအခါ လီဟောင်၏ အသားများပါ တဆတ်ဆတ် တုန်လာကြသည် ။

“ကောင်းတယ် … သိပ်ကောင်းတယ် … မင်းစိတ်ထင် မင်းကို ငါဘာမှ လုပ်မနိုင်ဘူး ထင်လို့လား …”
လွေခုန်းက သူ့လက်ထဲတွင် ကျန်ရှိနေသော သတ္တုခွက်ကွဲ အပိုင်းအစများကို တစ်စုတစ်ဝေးထဲဖြစ်အောင် လုံးချေလိုက်သည် ။

သို့သော် ရီယွမ်က မည်သို့မှ ကြောက်ရွံ့ဟန်မပြပေ ။ သူ့အနေနှင့် ဤအခြေအနေ တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်နေမှန်း သိသာသည် ။ စားပွဲပေါ်တွင် ထိုင်မြဲထိုင်နေကာ ဆက်လက်စားသောက်နေဆဲပင် ဖြစ်၏ ။

စားဖိုဆောင်ထဲတွင်တော့ လီဟောင်က မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ချေ ။ အကယ်၍ သူတို့သာ ဒီနေရာတွင် တိုက်ခိုက်ပါက စားပွဲများ ၊ ပန်းကန်ခက်ယောက်များအကုန်လုံး ကျိုးပဲ့ပျက်စီးကုန်လိမ့်မည် ဖြစ်၏ ။ ထို့ပြင် မြို့တော်မှလည်း သူ့ကို ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ ။

ထိုအခြင်းအရာကို စားဖိုဆောင်ထဲရှိလူတိုင်းက မျက်လုံးအပြူးသားနှင့် ကြည့်နေကြသည် ။ ရီယွမ်က လွှမ်းမိုးနိုင်လွန်းအားကြီးသည် ။ လီဟောင်ကို လုံးဝ ဂရုပင်မစိုက်ချေ …

လီဟောင်က ဒေါသ တထောင်းထောင်း ထွက်နေသော်လည်း သူမည်သို့မှ မတတ်နိုင်ပေ ။

လီဟောင်က အံကို စေ့နေအောင် ကြိတ်လိုက်ပြီး “ဟင်းဟင်း … သောက်ကလေး .. ငါမင်းကို ဘာမှ မလုပ်နိုင်ဘူးလို့မင်းထင်တာလား … မင်းမသိတာ ရှိတယ် .. နောက်ရက်အနည်းငယ်အတွင်း မင်းတို့တွေ အလုပ်ပိတ်တဲ့ အချိန်ကျရင် မင်းတို့အားလုံး သိုင်းပြိုင်ကွင်းမှာ ပြိုင်ရဖို့ရှိတယ်”

“ လူသစ်တန်း သိုင်းပြိုင်ပွဲရဲ့ စည်းကမ်းတွေကို မင်းသိလား … မြို့တော်က … မင်းတို့ အရင်ကရတဲ့ နဂါးအကြေးခွံပမာဏရယ် သိုင်းအဆင့်ရယ် .. အဲဒါတွေကို ချိန်ညှိပြီးတော့ အုပ်စုခွဲထားပေးတာ … မင်းလက်ရှိအခြေအနေနဲ့ဆိုရင် မြေပြင်သင်ပုန်းမှာ စာရင်းဝင်နိုင်လောက်နေပြီး … မင်းအောက်မှာ ရှိတဲ့လူတွေအားလုံး မင်းကို စိန်ခေါ်နိုင်တယ် … မင်းကအပေါ်ရောက်နေတော့ လူအများကြီးရဲ့ စိန်ခေါ်ခြင်းကို ခံရမှာပဲ … မင်းကိုနိုင်တဲ့လူက မင်းနေရာကို ယူသွားမှာပဲ .. ”

“ဟင်းဟင်း … နဂါးအကြေးခွံတွေ အများကြီးရထားတာဆိုတော့ မင်းအနေနဲ့ အဆင့်နိမ့်နိမ့်နေရာ ရဖို့ ခက်ခဲမှာပဲ … ဟင်းဟင်း … မင်းကို ကောင်းကောင်း အထူးဂရုစိုက်ပေးဖို့ ငါ့အဖွဲ့က လူသစ်တွေကို ငါပြောလိုက်ပါမယ် … ဟားဟား .. မင်းဘယ်လိုမှ စိန်ခေါ်မှုကို လက်မခံလို့မရတော့ဘူး ..”

လီဟောင်က ရီယွမ်ကို လှောင်ရယ်နေလေသည် ။ ထိုသိုင်းပြိုင်ပွဲများက ပြင်းထန်ကြမ်းတမ်းလွန်းလှသည် ။ အဆင့်သတ်မှတ်ရန်အတွက် လေ့ကျင့်ခြင်း ဖြစ်သော်လည်း တကယ့်တိုက်ပွဲများနှင့် သိပ်ပြီးမခြားနားချေ … ထိုနေရာမျိုးတွင် လူတစ်ယောက်ကို အလွယ်တကူ ဒဏ်ရာရသွားအောင် လုပ်ဆောင်နိုင်သည်။

ရီယွမ်သာ အကြိမ်ပေါင်းများစွာ စိန်ခေါ်ခံရပြီး တစ်ပွဲပြီးတစ်ပွဲ တိုက်ခိုက်ရပါက ခြေကျိုးလက်ကျိုးပြီး ဒုက္ခိတဖြစ်သွားရန် အလားအလာရှိသည် ။ နဂါးအကြေးခွံများကို သူ၏ ဒဏ်ရာကုသစရိတ်အတွက် အသုံးချရပေလိမ့်မည် ။ နဂါးအကြေးခွံများ အလုံအလောက်မရှိပါက ဘဏ်မှ ချေးငှားပေါင်နှံရသော ဘဝသို့ ရောက်ရှိသွားပေလိမ့်မည် ။ လပေါင်းများစွာ ခွက်လက်ဆွဲကာ သူတောင်းစားသာသာ အခြေအနေမျိုး ရောက်ရှိသွားပေလိမ့်မည် ။ ထိုအရာများက ယျေဘုယျ စဉ်းစားနိုင်သော အချက်အလက်များ ဖြစ်ကြသည် ။

သိုင်းပြိုင်ပွဲအဆင့် သတ်မှတ်ချက်တဲ့လား …

ရီယွမ်က မျက်ခုံးပင့်လိုက်မိသည် ။ တိုင်အီနတ်ဘုရားမြို့တော်တွင် အတော်ကြာ နေခဲ့သည့်အတွက် သိုင်းပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို သူလည်းပဲ ကောင်းစွာသိသည် ။

သိုင်းပြိုင်ပွဲ အဆင့်သတ်မှတ်ချက်က မြေပြင်သင်ပုန်းပေါ်ရှိ အဆင့်များ ဖြစ်ကြသည် ။ တိုင်အီနတ်ဘုရားမြို့တော်ရှိ သင်တန်းသားများ အားလုံး အဆင့်နိမ့်သည်ဖြစ်စေ အဆင့်မြင့်သည်ဖြစ်စေ မြေပြင်သင်ပုန်းတွင် အဆင့်တစ်နေရာစီတော့ ရထားကြသည် ။

မြေပြင်သင်ပုန်းတွင် စိန်ခေါ်မှုကို ငြင်းပယ်ရန် လုံးဝ ခွင့်မပြုထားပေ …

သို့သော် .. တစ်ယောက်နှင့် တစ်ယောက် မခံချင်အောင်ပြောပြီး စိန်ခေါ်ခြင်းမပြုလုပ်ရန်ကိုတော့ တင်းကျပ်စွာ တားဆီးထားသည် ။

ထိုအရာများထဲမှ အကောင်းဆုံးတစ်ခုကတော့ လောင်းကြေးထပ်ခြင်း ပင် ဖြစ်သည် ။

ချင်ထိပ်ပြောင်ကြီးက တိုင်အီနတ်ဘုရားမြို့တော်တွင် နဂါးအကြေးခွံများ ရရှိရန် အလျှင်မြန်ဆုံး နည်းလမ်းမှာ လောင်းကြေးထပ်ခြင်းဟု ပြောထားခဲဖူးသည် ။ သန်မာအားကောင်းသည့် လူတစ်ယောက်အဖို့ သိုင်းပြိုင်ပွဲတွင် နဂါးအကြေးခွံများ ရရှိရန် အလွန်လွယ်ကူပေသည် ။

သိုင်းစင်မြင့်ထက်တွင် စိန်ခေါ်သူနှင့် စိန်ခေါ်ခံရသူတို့နှစ်ဦးသား မိမိတို့၏ ပြိုင်ပွဲကို စိတ်ကြိုက်လောင်းကြေးထပ်နိုင်သည် ။

သူတို့၏ မြေပြင်သင်ပုန်းပေါ်ရှိ အဆင့်များပေါ်မူတည်၍ အနိမ့်ဆုံးလောင်းကြေးကို သတ်မှတ်ထားပေးသည် ။

အဆင့်ကောင်းလေ … လောင်းကြေးပိုများလာလေပင် ဖြစ်၏ ။ ကိုယ့်ထက် အဆင့်ကောင်းသော လူတစ်ယောက်ကို စိန်ခေါ်နိုင်ရန်အတွက် နဂါးအကြေးခွံများစွာ လောင်းကြေးထပ်ဖို့လိုသည်။

တကယ်တမ်း ပြိုင်ပွဲအတွင်းတွင်တော့ လောင်းကြေးက အနိမ့်ဆုံးကြေးထက် အဆပေါင်းများစွာပိုသည် ။ လောင်းကြေးပမာဏက နှစ်ဦးနှစ်ဖက်၏ သဘောတူညီမှုအပေါ်တွင် မူတည်သည် ။
နောက်ဆုံး တစ်ဦးနှင့်တစ်ဦး မခံချင်အောင် ပြောဆိုကြရင်း လောင်းကြေးက ကြောက်ခမန်းလိလိ ပမာဏတစ်ခုအထိ ထိုးတက်သွားသည်များလည်း ရှိ၏ ။

ထိုကဲ့သို့သော ပွဲကြီးပွဲကောင်းများက မြေပြင်သင်ပုန်းတွင် အဆင့်မြင့်နေရာ၌ ရှိသူများ ထိပ်တိုက်တွေ့ဆုံသည့်အခါတွင် မကြာခဏ ဖြစ်လေ့ရှိသည် ။ ပွဲကြည့်သူများအတွက် အလွန်စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ပွဲစဉ်တစ်ခုပင် …

ချင်ဟိုတိုင်ကဲ့သို့ မြေပြင်သင်ပုန်းတွင် အဆင့်ကောင်းရထားသူ၏ ပြိုင်ပွဲဆိုပါက လူအယောက်ထောင်ပေါင်းများစွာ တကူးတက လာရောက်ပြီး ကြည့်ရှုအားပေးကြသည် ။ သင်တန်းဆရာများနှင့် တရားအရေးပိုင်မင်းကြီးများသည်ပင် လာရောက်အကဲခတ်ကြသည် ။

“ဟင်းဟင်း … မင်းက ငါနဲ့ ပြိုင်ပွဲမှာ တိုက်ချင်နေလို့လား ” … ရီယွမ်က ခပ်သဲ့သဲ့လေး လှောင်ရယ်လိုက်သည် ။ အရိုးများကို တဂျွတ်ဂျွတ် ကိုက်ဝါးနေရင်းမှ လှမ်းမေးလိုက်ခြင်း ဖြစ်သည် ။ လက်သည်းခွံအရွယ်ခန့်ရှိသော အရိုးက ရီယွမ်ဗိုက်ထဲ ရောက်ရှိသွားသည် ။

တိုင်အီနတ်ဘုရားမြို့တော်သို့ သူရောက်ရှိခဲ့ချိန်မှစပြီး ယခုထိ ထိုကဲ့သို့သော တကယ့်သိုင်းပြိုင်ပွဲများကို တစ်ခါမှ မကြုံခဲ့ရဖူးပေ … သို့သော် အဆုံးမဲ့ကန္တာရကြီးထဲတွင် ပြင်းပြင်ထန်ထန် လေ့ကျင့်လာခဲ့ခြင်းကြောင့် သူ၏ စွမ်းအင်အဆင့်က မြင့်မားနေခဲ့ရသည် ။ ခရမ်းရောင်ကောင်းကင် ဂျင်စင်း၏ အဆီအနှစ်များကို စုပ်ယူခဲ့ခြင်းကြောင့် သူ၏ ကိုယ်ခန္ဓာက လျှင်မြန်စွာ ကြံခိုင်အားကောင်းလာခဲ့သည် ။

ထို့ပြင် ယခုအခါတွင် တိုင်အီဝိညာဉ်ကျင့်စဉ်ကိုလဲ သူရရှိထားသေးသည် ။ တိုင်အီဝိညာဉ်ကျင့်စဉ်က ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခုဖြစ်ကာ တိုက်ခိုက်ရေးပညာများနှင့် သိုင်းကွက်သိုင်းဟန်လှုပ်ရှားမှုများပါ ပါဝင်သည် ။

ဓါးတစ်လက်က မသုံးပဲဒီအတိုင်းထား ထားပါက သံချေးတက်သွားပေလိမ့်မည် ။

တိုက်ပွဲတွင် ထိပ်တန်းအဆင့် သိုင်းပညာများကို ထုတ်ဖော်အသုံးမချပါက ထိုသိုင်းပညာ၏ အကျိုးသက်ရောက်မှုက လျော့နည်းသွားပေလိမ့်မည် ။

ရီယွမ်က ထိုပြိုင်ပွဲရောက်ရှိလာမည့်နေ့ကို အမြဲတမ်းစောင့်ဆိုင်းနေသည့် လူတစ်ယောက်ပင် ။ ပိုက်ဆံပေးစရာမလိုပဲ လူအများကြီးက သူ၏ လက်ရည်စမ်းဖော် ဖြစ်လာမည်ကို သူစိတ်မလှုပ်ရှားပဲ မနေနိုင်ချေ .

ထိုကဲ့သို့ ကောင်းမွန်သည့် အခွင့်အရေးတစ်ရပ်ကို သူဘယ်လိုလုပ်ပြီး လွှင့်ပစ်ရက်မည်နည်း …

“လူတစ်အုပ်လုံးက ငါ့ကို စိန်ခေါ်မလို့လား … ရှက်စရာမဟုတ်ပါဘူး … ငါလန့်တောင် လန့်လာပြီး …” ရီယွမ်က ဘာမှမသိသလို လုပ်နေလိုက်သည် ။

“ဟားဟား …. အခုတော့ မင်းကြောက်ရကောင်းမှန်း သိသွားပြီပေါ့ … လီဟောင်နောက်မှ လူတစ်ယောက်က ခပ်ကြိတ်ကြိတ်လေးလှောင်လိုက်၏ ။ မင်းအခုမှာလာပြီး တောင်းပန်နေလဲ အပိုပဲ … မင်းအရိုးတွေကွဲကုန်တဲ့အထိ အရိုက်ခံရပြီး မင်းတစ်သက်လုံး ခုတင်ပေါ်က မဆင်းရအောင် လုပ်ပစ်မယ် …”

“ဟွန့် … ကံကောင်းပြီး ရှေးဦးမူလ ဆေးပင်လေးတစ်ပင်လောက် ခူးနိုင်တာနဲ့ မင်းကိုယ်မင်း ဟုတ်နေပြီလို့ ထင်နေတာလား … ဒီမြို့မှာ ခွန်အားက အဓိကပဲကွ …. ငါတို့အဖွဲ့အစည်းကို ကလန်ကဆန်လုပ်သွားတဲ့အတွက် နောက်ထပ်ခြောက်နှစ်အတွင်း မင်းဒီမှာ ကောင်းကောင်းနေရမယ် မထင်နဲ့ ” ..

“မင်းလိုတောသားကများ သိုင်းပြိုင်ပွဲမှာ ပြိုင်ချင်သေးတယ် … မြို့တော်က မိသားစုတွေ ဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာ မင်းမသိသေးဘူးနဲ့တူတယ် …. ”

ရီယွမ်ကို တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေကြသည်ကို တွေ့လိုက်ရသောအခါ လီဟောင်၏ လူငယ်များက  အမြိုင့်သားကျေနပ်နေပေသည် ။ ထိုလူအများစုက ကျန့်ပြည်နယ်ရှိ မိသားစုကလန်ကြီးများမှ ဆင်းသက်လာသည် ဖြစ်ရာ တော်ရုံတန်ရုံမည်သူ့ကို မှ အထင်မကြီးကြပေ ။

ရီယွမ်က လူပါးဝနေသည်ကို တွေ့နေရကတည်းက ရီယွမ်ကို ကောင်းကင်းလေး ဆုံးမပြီး ပုံစံပေးချင်နေကြသည် ။

သို့သော် လီဟောင်က မျက်မှောင်ကြုတ်လိုက်သည် ။ ရီယွမ်က အမှန်ကိုပြောနေခြင်း မဟုတ်ဟု သူခံစားနေရသည် ။ သူ့ကြည့်ရသည်မှာ လုံးဝ မကြောက်လန့်သည့်ပုံပင် …

“ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး … သောက်ကလေး .. မင်းစောင့်ကြည့်နေလိုက် ”

ထိုသို့ပြောပြီးသည်နှင့် လီဟောင်က သူ၏ နောက်လိုက်များကို ခေါ်ပြီး လှည့်ထွက်သွားလေတော့သည် ။

သို့သော် ကျိုးခိုင်က ထိုနေရာတွင် ငူငူငိုင်ငိုင်ကြီး ရပ်နေလေသည် ။ သူဘာပြောရမှန်းပင် မသိတော့ပေ …

အစတုန်းက လီဟောင်က ရီယွမ်ကို ဟောင်ဒုန်အဖွဲ့အစည်းထဲသို့ ခေါ်ထည့်မည်ဟု သူထင်ထားခဲ့သည် ။ သို့သော် ထိုကဲ့သို့ မထင်မှတ်ထားသည်များ ဖြစ်သွားလိမ့်မည်ဟု သူမတွေးထားခဲ့ပေ …

စားဖိုဆောင်ထဲရှိ အခြားသိုင်းသမားများသည်လည်း အံ့သြသင့်သွားကြသည် ။ ထိုသူအများစုက သင်တန်းသားသစ်များ ဖြစ်ကြသည့်အတွက် ဟောင်ဒုန်အဖွဲ့အစည်းလို အင်အားကြီး အဖွဲ့အစည်းတစ်ရပ်နှင့် အတိုက်အခံမလုပ်ဝံ့ကြပေ …

ရီယွမ်အနေနှင့် အနာဂတ်ကောင်းတော့မည် မဟုတ်ပေ ..

လူအများစုက ရီယွမ်ကို သနားစရာသတ္တဝါတစ်ယောက်လို ကြည့်နေကြသည် ။ လီဟောင်က ဒုတိယနှစ် သင်တန်းသားတစ်ယောက် ဖြစ်သည်။  သူက တိုင်အီနတ်ဘုရားမြို့တော်တွင် နောက်ထပ် ငါးနှစ်မျှ နေရဦးမည် ။

“ ရီ … ရီယွမ် … ငါ ..ဒီလို ဖြစ်မယ်လို့ လုံးဝမထင်ထားဘူး ” … ကျိုးခိုင်က ပါးစပ်အပြည့်တံတွေးတစ်လုပ် မျိုချလိုက်ပြီး အထစ်ထစ် အငေါ့ငေါ့ လေသံဖြင့် ပြောလိုက်သည် ။

ရီယွမ်နှင့် အမြဲလိုလို သူယှဉ်ပြိုင်လေ့ရှိသော်လည်း ထိုကဲ့သို့ တမင်ရည်ရွယ်လိုသော စိတ်ဓါတ်တော့မရှိပေ …

ထို့ပြင် ရီယွမ်က ယခုမှ အသက်ဆယ့်သုံးနှစ်အရွယ် ကလေးတစ်ယောက် ဖြစ်သည့်အတွက် သူဘယ်လိုမှ တမင်ချောက်တွန်းလိုစိတ် မရှိပေ ။

ကျိုးခိုင်က ရီယွမ်တစ်ယောက် သူ့ကြောင့် လီဟောင်၏ အငြိုးထားခြင်းကို ခံရသည်ဟု မှတ်ထင်နေပေသည် ။

ရီယွမ်က အတော်စိတ်ကောင်းရှိသည့် လူငယ်လေးတစ်ယောက်ပင် ။ ကျိုးခိုင်ကို အသာအယာပြုံးပြလိုက်ပြီး စားပွဲပေါ်မှ အသားကင်များကို ဆက်လက်စားသောက်နေလိုက်သည် ။  ထို့နောက် ပလုတ်ပလောင်း လေသံဖြင့် …

“ ပါးပါးလေးပါ .. စိတ်ထဲမထားပါနဲ့ … မင်းစားမလား … ဒီအသားက တော်တော်အရသာရှိတယ် …”

“ အာ…” ကျိုးခိုင်ပါးစပ်ပိတ်သွားသည် ။ ရီယွမ်ကတော့ ဒီအချိန်မှာပင် အေးအေးလူလူ စားသောက်နေနိုင်သေးသည်။

Continue Reading

You'll Also Like

92K 4.1K 37
"My Master"one of the worst game they have ever played,your role is a Butler and only a Butler taking care of one of the many masters in a big house...
18.2K 1K 25
''မွေ့အတိတ်ဘဝဆိုတာကိုယုံလား''
1M 46K 100
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was transmigrated in a novel that he has yet to finish. He is the ill secon...
22K 1.6K 33
"Say it. Say you hate me. Say you want to leave. But remember-no one will ever touch you like I do. No one will ever love you the way I do" "I hate y...