True Martial World Book 13-14

By MinNanDar

5.1K 695 8

သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ( ရီယွမ်) Translator - Min Nandar More

C-181
C-182
C-183
C-184
C-185
C-186
C-187
C-188
C-189
C-190
C-191
C-192
C-193
C-194
C-195
C-196
C-197
C-198
C-200
C-201
C-202
C-203
C-204
205
C-206
C-207
C-208
C-209
C-210

C-199

143 26 0
By MinNanDar

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ ( ရီယွမ် )

အခန်း ၁၉၉

“ ရီယွမ် သူက ရီယွမ်ကို လာရှာတာလား ….”

ဝတ်ရုံအနက်ကို ဝတ်ဆင်ထားသည့်လူကြီးက ရီယွမ်ကို ရှာနေမှန်း သိရသောအခါ လူငယ်များအားလုံး အံ့သြသင့်ကုန်ကြသည်။ ထိုကဲ့သို့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်က ရီယွမ်ကို ဘာလုပ်ဖို့ရှာနေရတာလဲ …

ရီယွမ်က အတော်ထူးချွန်သော လူသစ်တစ်ယောက်ဖြစ်သော်လည်း ထိုကဲ့သို့ ထိပ်သီးပုဂိံ္ဂုလ်များ၏ အာရုံစိုက်ခြင်းကို ခံစရာအကြောင်းမရှိပေ ။

“ကျွန်တော်ပါ” ရီယွမ်က အရှေ့သို့လျှောက်ထွက်လိုက်သည် ။ ရီယွမ်က တရားအရေးပိုင် မင်းကြီးကို အရိုအသေပေးလိုက်သည် ။

ခေါင်းမြီးခြုံထားသည့် လူကြီးကလဲ ရီယွမ်ကို သေသေချာချာ အကဲခတ်နေသည် ။ ဤလူငယ်လေးနှင့်ပတ်သက်ပြီး ဘာတွေများ ထူးခြားနေလို့လဲဆိုတာ သူလည်းပဲ သိချင်နေသည် ။

ထိုလူသစ်ကလေးက အသက် ၁၃ နှစ်အရွယ်နှင့် ခရမ်းရောင်သွေး အလယ်ဆင့်သို့ ရောက်ရှိနေခြင်းကတော့ အနည်းငယ် အံ့သြသင့်စေသည် ။

အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူကြီးက အသာအယာ ပြုံးလိုက်ပြီး “ငါတို့နောက်လိုက်ခဲ့ … အကြီးအကဲက မင်းကိုတွေ့ချင်နေတယ်”  ထိုသို့ပြောပြီးသည်နှင့် အနောက်သို့လှည့်ထွက်သွားလေတော့သည် ။

သူတို့အနောက်ရှိ ကျိုးခိုင်နှင့် အခြားသောလူငယ်များက ထိုအခြင်းအရာကို ကြားလိုက်ရသောအခါ အလွန်အံ့သြသင့်သွားကြသည် ။

“ဝတ်ရုံနက်နှင့်လူဘာပြောသွားတာလဲ …”

“အကြီးအကဲ …. ဟုတ်လား .. ဘာအကြီးအကဲလဲ …”

လူငယ်အားလုံး အံ့သြမှု အရှိန်မပြယ်သေးကြပေ … တိုင်အီနတ်ဘုရားမြို့တော်တွင် အကြီးအကဲဟု ညွှန်းဆိုနိုင်သူ လက်တစ်ဆုပ်စာခန့်သာ ရှိသည် မဟုတ်ပါလား … ထိုသူများအားလုံးက တိုင်အီနတ်ဘုရားမြို့တော်၏ ထောက်တိုင်များ ဖြစ်ကြပြီး ရှေးဦးမူလသားရဲကြီးများနှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိကြသည် ။

သူတို့အားလုံး ဆာဂီ ( ပညာရှင်) များ ဖြစ်ကြသည် ။

လူငယ်များအာလုံးကို မဆိုထားနှင့် ချင်ထိပ်ပြောင်ကြီးသည်ပင် ဝေခွဲမရ ဖြစ်သွားသည် ။

တိုင်အီနတ်ဘုရားမြို့တော်၏ အကြီးအကဲက ရီယွမ်ကို တွေ့ချင်သည်တဲ့လား…. မယုံနိုင်စရာ ဖြစ်ရပ်တစ်ခုပင် …

မြို့တော်မှတ်တမ်းများအရ အနှစ်ငါးရာတွင် ဆာဂီတစ်ယောက်ပေါ်ထွက်လာဖို့ ခက်ခဲသည်။

သို့သော် ရီယွမ်က ကနဦးမြားတံအနည်းငယ်ကို အဖြိုင်နက် သတ္တုနံရံထဲသို့ ထိုးစိုက်လိုက်ရုံနှင့် အကြီးအကဲက ခေါ်တွေ့ခြင်းနှင့် ဘာမှ မသက်ဆိုင်ဘူးဆိုတာတော့ ချင်ထိပ်ပြောင်ကြီးက ကောင်းစွာ သိသည် ။

ရီယွမ်၏ အရည်အချင်းက မဆိုးဘူးဟု ဆိုနိုင်သော်လည်း အကြီအကဲများ အာရုံစိုက်အောင် မလုပ်နိုင်သေးပေ ။

ချင်ဟိုတန်ကဲ့သို့သော လူများကို မဆိုထားနှင့် လူသစ်ထဲတွင်ရှိသော ချိုင်ယုသည်ပင် ရီယွမ်၏ အရည်အချင်းနှင့် ကောင်းစွာယှဉ်ပြိုင်လို့ရသည် ။

ထိုကဲ့သို့သော အရည်အချင်းများက လူသားသခင်များ၏ မျက်စိထဲတွင် စာဖွဲ့စရာမဟုတ်ပေ ။ ဒါဆိုရင် အကြီးအကဲက ရီယွမ်ကို ဘာဖြစ်လို့ တွေ့ချင်နေရတာလဲ …

“သင်တန်းဆရာချင် … ကျွန်တော်သွားရတော့မယ် … ဆုကတော့ ပြန်လာမှပဲ ယူတော့မယ်” .. ရီယွမ်က ချင်ထိပ်ပြောင်ကြီးကို နူတ်ဆက်ပြီး ဝတ်ရုံနက်နှင့်လူနောက်သို့ လိုက်သွားလိုက်လေသည် ။

ချင်ထိပ်ပြောင်ကြီးခမျာ အံ့သြလွန်း၍ အသံပင် မထွက်နိုင်တော့ချေ ။ သူ့အနောက်ရှိ ကျိုးခိုင် ၊ စုန့်ဇီဂျွန်နှင့် အခြားသော သင်တန်းသားသစ်များ အားလုံးသည်လည်း ငုတ်တုတ်မေ့နေကြသည် ။ ရီယွမ်က သူတို့မြင်ကွင်းမှ ကွယ်ပျောက်သွားချိန်အထိ သူတို့၏ ပါးစပ်များကို ပြန်ပိတ်ဖို့ မေ့လျော့နေကြသေးသည် ။

ကျိုးခိုင်က ရီယွမ်ကနဦးမြားကို မပစ်ခင်တုန်းက သူတစ်ယောက်ယောက်နှင့်တွေ့ဖို့ အလျင်လိုနေသည်ဟု ပြောခဲ့ခြင်းကို ပြန်အမှတ်ရသွားသည် ။ သို့သော် ယခု သူနှင့်တွေ့ရန် ချိန်းဆိုထားသည့်လူက တိုင်အီ မြို့တော်၏ အကြီးအကဲ တစ်ဦးတဲ့လား …

ကျိုးခိုင်ကတော့ သူ့ကိုယ်သူ ရူးသွားပြီလားဟုတောင် ထင်နေမိသည် ။
“သင်တန်းဆရာချင် … ဘာတွေဖြစ်နေလို့လဲ”  သင်တန်းသားတစ်ယောက်က ချင်ထိပ်ပြောင်ကြီးကို မေးလိုက်သည် ။

“မင်းတို့နဲ့မဆိုင်ဘူး” ချင်ထိပ်ပြောင်ကြီး လက်ဝှေ့ယမ်းပြပြီး ပိတ်ပြောလိုက်သည်။

ရီယွမ်ကို အကြီးအကဲက ခေါ်တွေ့ခြင်းက လူသစ်အုပ်စုများထဲတွင် ကြီးမားသော ကိစ္စတစ်ခုအဖြစ် အတော့်ကို ဂယက်ရိုက်သွားသည် ။ ချင်ထိပ်ပြောင်ကြီးသည်ပင် ဘာကိစ္စကြောင့်လဲဆိုတာ လုံးဝ မမှန်းဆနိုင်သေးပေ ။

ထို့ကြောင့် ဝမ်ကိုမေးရန်အတွက် သူပြင်ဆင်လိုက်သည်။

………………

ထိုအချိန်တွင် ရီယွမ်က တရားအရေးပိုင်မင်းကြီး၏ အနောက်မှ လိုက်ပါသွားပြီ ဖြစ်၏ ။ ကြီးကျယ်ခမ်းနားသော နတ်ဘုရားဗဟိုမျှော်စင်ကြီးကို အကြိမ်ပေါင်းများစွာ တွေ့နေရသော်လည်း ယင်း၏ ခမ်းငြားထည်ဝါမှုက ရီယွမ်ကို ယခုထိတိုင် အံ့သြသင့်နေစေသည် ။

နတ်ဘုရားတို့ ပျော်စံရာ တောင်ကြီးတစ်လုံးနှင့်ပင်တူနေသေးသည် ။ များစွာသော ဧရာမလေသဘောင်္များက နတ်ဘုရားမျှော်စင်ထက်မှ ဥဒဟို သွားလာနေခြင်းက အဝေးမှကြည့်ပါက ပိုးကောင်ငယ်လေးများ ပျားပန်းခတ်လှုပ်ရှားနေသည်ဟုပင် ထင်ရစေသည် ။

ခေါင်းစွပ်အနက်နှင့်လူကြီးက “တိုင်အီနတ်ဘုရားမြို့တော်မှာ အကြီးအကဲ ငါးယောက်ရှိတယ် ။ မင်းတွေ့ရမယ့် အကြီးအကဲက မီးမြေကြီးအဂ္ဂိရိတ်ခန်းက အကြီးအကဲ ဂျန်ဂီပဲ”

ဝတ်ရုံအနက်နှင့်လူက စကားပြောနေစဉ်မှာပင် ရီယွမ်ကို နတ်ဘုရားဗဟိုမျှော်စင်ထဲသို့ ခေါ်သွားလိုက်သည် ။ ခန်းမကြီး၏ စင်္ကြန်လမ်းက အထပ်ငါးထပ်စာမျှ မြင့်သော မျက်နှာကျက်ကြီးတစ်ခုရှိပြီး ဖြတ်သန်းသွားလာနေသောလူများကို အလွန်သေးငယ်သွားသယောင် ထင်ရစေသည် ။

ထို့ပြင် နံရံများ၏ တစ်လျှောက်လုံးတွင်  အုပ်ချပ်များပေါ်၌ ဆေးရေးပန်းချီကားများရှိပြီး ထိုဆေးရေးပန်းချီကားများက ထူးဆန်းလွန်းလှသည် ။

အဲဒီအုပ်ချပ်တွေ … ထိုအုပ်ချပ်များက မှန်တစ်လက်ပမာ နက်မှောင်ပြီး ပြောင်လက်နေလေ၏ ။ ရီယွမ်က ထိုမှန်ချပ်များအပေါ် ဖြတ်လျှောက်သွားောအခါ သူ၏ သွေးများပင် ဆူပွက်လာသလို ခံစားရလာသည် ။ ရီယွမ်က ရုတ်တရက် တိုင်အီနတ်ဘုရားမြို့တော်မှ တိုင်အီနတ်ဘုရားမျှော်စင်အကြောင်း အမှတ်ရမိသည် ။
ထိုအုပ်ချပ်များက စွန့်ပစ်သားရဲများ၏ အဆီအနှစ်များ နှင့်စိမ်ပြီး လုပ်ထားခြင်းကြောင့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်နေခြင်း ဖြစ်၏ ။

အနက်ရောင်ဝတ်စုံ ခေါင်းမြီးခြုံထားသော လူကြီးက လေးလံသော ကျောက်တုံးတံခါးကို တွန်းဖွင့်ပြီး ပြောလိုက်သည် ။ “င့ါနောက်လိုက်ခဲ့” ထိုသို့ပြောပြီးနောက်  …. ထိုလူကြီးက မြေအောက်ထပ်သို့ ဆင်းလျှောက်သွားလေ၏ ။

ဂျန်ဂီဟုခေါ်သော အကြီးအကဲက နတ်ဘုရားဗဟို မျှော်စင်ရိ ထိပ်ဆုံးအထပ်တွင်နေထိုင်သည်မဟုတ်ဘဲ မြေအောက်ထပ်တွင် နေထိုင်သည်က ရီယွမ်ကို စိတ်အနှောက်အယှက် ဖြစ်စေသည် ။

ရီယွမ်ကတော့ နတ်ဘုရားဗဟိုမျှော်စင်ရှိ အထပ်ကိုးထပ် တွင် အမြင့်ဆုံးအထပ်၌ ဘယ်လိုပုဂ္ဂိုလ်များက နေထိုင်ခြင်းကို အသည်းအသန် သိချင်နေမိသည် ။

သာမန်ကျင့်ကြံသူများ မဆိုထားနှင့် ခြောက်နှစ်တာကာလလုံး ကျင့်ကြံခဲသော ချင်ဟိုတိုင်သည်ပင် နတ်ဘုရားဗဟိုမျှော်စင်၏  အဆင့်မြင့်အထပ်များတွင် နေထိုင်ခွင့်မရချေ ။

နောက်ဆုံး… လှေကားထစ်များအဆုံး၌ သတ္တုများဖြင့်ကာရံထားသော နံရံတစ်ချပ်ဆီသို့ သူတို့ ရောက်ရှိခဲ့ကြသည် ။ ဝတ်ရုံနက်ဝတ်ဆင်ထားသည့်လူကြီးက ထိုနံရံရှေ့တွင် ဦးညွှတ်လိုက်ပြီး

“အကြီးအကဲ … ကျွန်တော် ရီယွမ်ကို ခေါ်လာခဲ့ပါပြီ ” ဟု ပြောလိုက်သည်။

“ကောင်းပြီ ….”

ထိုအသံက အားမာန်အပြည့်မပါဝင်သော်လည်း စူးရှရှဖြင့် ရီယွမ်၏ နားစည်ထဲတွင်သာမက စိတ်ထဲတွင်ပါ ပဲ့တင်ရိုက်ခတ်သွားလေ၏ ။

ရီယွမ်က အသက်အောင့်ထားမိသည် ။ အကြီးအကဲတစ်ယောက်နှင့်တွေ့ရန် သူအရမ်းစိတ်လှုပ်ရှားမိနေသည် မဟုတ်ပါလား ။

မည်သူမှ မဖွင့်ပါဘဲနှင့် တံခါးက သူ့အလိုလိုပွင့်သွားခဲ့သည်။

အခိုးအငွေ့စီးကြောင်းများက ပေါ်ထွက်လာကြသည် ။

“ ပူလိုက်တာ ….”

ရီယွမ်က ထိုကဲ့သို့ခံစားလိုက်ရမိသည် ။ သူ့ရှေ့တွင်ရှိသော အခမ်းအနားပရိဘောဂများ အကုန်လုံးက ကြေးဝါ သတ္တုဖြင့် ပြုလုပ်ထားကြသည်။ 

ထိုပရိဘောဂများ၏ အလယ်တည့်တည့်ရှိ အခန်းထဲတွင်တော့ အစိမ်းရောင်မီးတောက်ကလေးက တောက်ပလျက်ရှိသည် ။ ထိုမီးတောက်က မြေပြင်မီးတောက်ဟုခေါ်ဆိုရမလောက်ပင် လေထု၏ ဖြစ်တည်ခြင်းကိုလည်း အရေးမစိုက်သည့်နှယ် သူ့သဘာဝအတိုင်း တောက်လောင်နေလေ၏ ။

ထိုမီးတောက်များ၏ အရှေ့တွင်တော့ သာမာန်လူတစ်ဦးဟု ထင်ရသည့် စုတ်စုတ်ပြတ်ပြတ် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က ထိုင်နေလေ၏ ။ ထိုသူ၏ နောက်တွင်တော့ အမျိုးအစားခွဲရခက်သော ဓါးတစ်လက်ကို ကိုင်ဆောင်ထားပြီး  မည်သည့်ဓါးမှန်းခွဲခြားရန်ပင် ခက်ခဲလွန်းလှသည် ။

ထိုသူ၏ အသွင်အပြင်ကိုကြည့်ရုံဖြင့် မြေပြင်အဂ္ဂိရိတ်စခန်းတွင် နှစ်ရှည်လများစွာ နေထိုင် အလုပ်လုပ်ခဲ့ပုံက သိသာ ထင်ရှားလွန်းလှသည်  ။

“အကြီးအကဲ ဂျန်ဂီ …. ကျွန်တော် ရီယွမ်ကို ဒီထိခေါ်လာခဲ့ပြီးပါပြီ ” … ထိုသို့ပြောပြီးသည်နှင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက အရိုအသေပေးကာ တံခါးကိုပိတ်လိုက်လေ၏ ။

နောက်ဆုံး… ရီယွမ်နှင့် အစိမ်းရောင်ဝတ်စုံဝတ်ထားသော အကြီးအကဲသာ ထိုအဂ္ဂရိတ်ခန်းထဲတွင် ကျန်ခဲ့လေ၏ ။

ရီယွမ်က အသက်ကို အောင့်ထားမိသည် ။

သူ့ကိုယ်သူ တည်ငြိမ်အောင် ဘယ်လိုထိန်းထိန်း သူ၏ နုလုံးခုန်နှုန်းများကတော့ မြန်ဆန်ဆဲပင်….

စွန့်ပစ်သားရဲပေါင်းများစွာနှင့် ကြုံတွေ့ဖူးသော်လည်း သူလုံးဝမကြောက်လန့်ခဲ့ပေ ။ သို့သော် ထိုအကြီးအကဲ၏ ရှေ့မှောက်တွင်တော့ သူ့အသက်ကို သူမပိုင်သလိုပင် ခံစားနေရသည်။ ရီယွမ်က လှောင်အိမ်ထဲတွင် ကျားတစ်ကောင်နှင့်အတူ ထည့်လှောင်ပိတ်ခံရသလိုမျိုး ခံစားနေမိသည် ။

“ မင်းက ရီယွမ်လား” … အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် အကြီးအကဲက  သာသာလေးမေးလိုက်သည်  ။ သူ၏ မျက်လုံးများက တစ်ဝက်သာပွင့်ပြီး ကျန်သော မျက်သားအောက်မှ အဖြူရောင်မျက်အိမ်များဖြင့် စူးစိုက်ကာ မေးလိုက်ခြင်း ဖြစ်သည်။ 

မှန်ထဲတွင် ကိုယ့်ရုပ်ကို ကိုယ်ပြန်မြင်လိုက်ရ သလိုမျိုး ထိုလူကြီး၏ မျက်ဝန်းများထဲတွင် သူ့ကိုယ်သူ ပြန်မြင်လိုက်ရသလို သူခံစားလိုက်ရသည် ။

သူ၏ အသွေး အသားနှင့်တကွ …. သုံးရာ့ခြောက်ဆယ်သော ဒျာန်တန်ဆုံမှတ်များပါမကျန် အတွင်းအင်္ဂါ ဆယ့်နှစ်ရပ်လုံး ထိုလူကြီး၏ အကြည့်များအောက်တွင် အထင်းသားပေါ်လွင်နေသလိုလို…..

သူသိလိုက်ပါပြီ ။

ကောင်းကင်မျက်လုံး……….

သူနုလုံးအလွန်ခုန်မြန်နေသည်ကို သူရပ်တန့်ပစ်လိုက်ချင်သည် ။ မကြည့်နဲ့လေ…..အဲဒီလို..

ခရမ်းရောင်သလင်းကျောက်ကလည်း သူ၏ နုလုံးစည်းချက်နှင့်အညီ လိုက်ပါခုန်နေသလို …. ရီယွမ်၏ လက်ဖဝါးများလည်း တဖြည်းဖြည်း အေးစက်လာခဲ့သည် ။

သို့သော် အစိမ်းရောင်ဝတ်ရုံဝတ်လူကြီးက သူ၏ ခရမ်းရောင်သလင်းကျောက်ကို တော့ လုံးဝ မမြင်တွေ့နိုင်ခဲ့ပေ ။

နောက်ဆုံးတွင် ထိုအကြီးအကဲက ရီယွမ်ထံမှ အကြည့်လွှဲပြီး သုံးသပ်နေခြင်းကို ရပ်ဆိုင်းလိုက်၏ ။

ထိုစက္ကန့်ပိုင်းမျှ အချိန်ကလေးက ရီယွမ်အတွက်တော့ စစ်ပွဲကြီးတစ်ရပ်ဆင်နွှဲနေရသလိုပင် ။ ခရမ်းရောင် ကောင်းကင် ဂျင်စင်း ဆေးမြစ်ကို ဖမ်းခူးရသည်ထက် သူ အဆတစ်ရာမက မောပန်းနေပြီ ….

သို့သော် …. အစမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲက ရီယွမ်ကိုကြည့်ပြီး အံ့သြသင့်စွာ ရေရွတ်လိုက်သည် ။

“ မင်းက ကောင်းကင်မျက်လုံး ပုံစံတောင် အခြေတည်နိုင်နေပြီပါကောလား ..”

အကြီးအကဲတစ်ယောက်၏ စူးရှထက်မြသော မြင်နိုင်မှုအောက်တွင် ရီယွမ်၏ ဖြစ်တည်ကာစ ကောင်းကင်မျက်လုံးက မည်သို့မှ တိမ်းရှောင်၍ မရချ ။

Continue Reading

You'll Also Like

22.2K 1.6K 34
"Say it. Say you hate me. Say you want to leave. But remember-no one will ever touch you like I do. No one will ever love you the way I do" "I hate y...
125K 5.4K 28
Inspired by Arsenic Blues by 11QueenSupreme11 and Young Gods by phoenix1770, but with my own plot. This is a mix of reactions and story. What happens...
199K 5.9K 98
A villainess known by all as a wicked woman who has done all sorts of evil deeds-Ducal Lady Violet. She regained her memories of her previous life af...
175K 1.6K 175
作者:村里的小傲娇 Chen Xiaolin accidentally bleeds on the bracelet her grandmother left her, and she discovers a space inside. She then fills the space with...