True Martial World Book 13-14

By MinNanDar

5.1K 695 8

သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ( ရီယွမ်) Translator - Min Nandar More

C-181
C-182
C-183
C-184
C-185
C-186
C-187
C-188
C-189
C-190
C-192
C-193
C-194
C-195
C-196
C-197
C-198
C-199
C-200
C-201
C-202
C-203
C-204
205
C-206
C-207
C-208
C-209
C-210

C-191

146 20 0
By MinNanDar

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၉၁

ရီယွမ်က ခရမ်းရောင်ဂျင်စင်းရှိရာသို့ သူဟန်ဆောင်တိုးဝင်သွားခြင်းကို ရပ်တန့်လိုက်သည်။ ဒီထက်ပိုနီးကပ်သွားပါက ထိုဆေးမြစ်က သူ့ကို ပိုပြီးသံသယ ဝင်သွားပေလိမ့်မည် ။

ယခု သူနှင့် ခရမ်းရောင်ဂျင်စင်းတို့၏ အကွာအဝေးက ၂၄ မီတာခန့်သာ ရှိတော့သည် ဖြစ်ရာ ထိုအကွာအဝေးက ထိုဆေးပင် အလိုက်လျောနိုင်ဆုံး အကွာအဝေးဖြစ်မည်မှန်း သူသိသည်။

ရီယွမ်က တပ်မတစ်ထောင် ဓါးမော့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပုံရိပ်ယောင်များနှင့် တိုက်ခိုက်နေသည့်ဟန် ဆောင်လိုက်သည်။

ရီယွမ်သတ်ခဲ့သော စွန့်ပစ်သားရဲများ၏ သွေးစက်များက နေရာအနှံ့ပြန့်ကြဲစွန်းထင်လျက် ရှိသည်။ ပုံရိပ်ယောင် ကမ္ဘာကြီးထဲတွင်တော့ ရီယွမ်တစ်ကိုယ်လုံး သွေးများနှင့် ရွှဲနစ်လျက်ရှိနေသည်။

တဖြည်းဖြည်းနှင့် ရီယွမ်၏ မျက်ဝန်းများ အနီရောင်သမ်းလာပြီး သွေးဆာနေသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ မသိပါက ပုံရိပ်ယောင်များနှင့် အသေအကြေ စိတ်နှစ်ပြီး တိုက်ခန့်နေသည့်ဟန် ရှိ၏။

ခရမ်းရောင်ကောင်းကင်ဂျင်စင်းက လူတစ်ယောက်ကို ပုံရိပ်ယောင် ကမ္ဘာကြီးထဲတွင် အဆုံးမဲ့ ပိတ်လှောင်ထားနိုင်သည် ။ ထိုလူ၏ ယွမ်ချီများ တဖြည်းဖြည်း ကုန်ခမ်းသွားပြီး အမောဆို့သေသွားသည့်အထိ သူစွမ်းဆောင်နိုင်သည်။

ရီယွမ်က လုံးဝကို ရူးသွပ်နေသည့်ဟန်ဖြင့် တပ်မတစ်ထောင် ဓါးမော့ကို အဆက်မပြတ်လွှဲယမ်းလျှက်ရှိသည် ။ ချောက်ကမ်းပါးတစ်ခုလုံးလည်း သူ၏ ဓါးချက်များဖြင့် မွစာကြဲနေပြီ ဖြစ်၏။

ထိုအချိန်တွင် ရီယွမ်က သူ၏ တိုင်တန်လေးကို ဆွဲထုတ်လိုက်လေသည်။

ဝှစ် … ဝှစ် …. ဝှစ် …..

ရီယွမ်က စွန့်ပစ်သားရဲပုံရိပ်ယောင်များ ရှိရာဘက်သို့  မြှားသုံးစင်းကို တရစပ်ပစ်လွှတ်လိုက်၏ ။ ရီယွမ်၏ မြှားချက်များထိသွားသည့် သားရဲကောင်ကြီးများ ပေါက်ကွဲလွင့်စင်သွားကြကုန်၏။

ထိုအရာက ရီယွမ်၏ နောက်ဆုံးအကြိမ် ပြင်ဆင်ခြင်း ဖြစ်သည်။ တိုင်အီလေးကို ဆွဲထုတ်မှသာလျှင် ထိုဆေးမြစ်ကို အချိန်အနည်းငယ်အတွင်း သူလျှင်မြန်စွာ တိုက်ခိုက်နိုင်ပေလိမ့်မည် ။

ရီယွမ်က သူမြှားချက်၏ အမြန်နှုန်းကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြသထားခြင်း ဖြစ်သည်။ ထိုမြှားချက်များတွင် သူ၏ ခွန်အား သုံးပုံတစ်ပုံခန့်ကိုသာ  ထည့်သွင်းအသုံးပြုထားသည်။ ခရမ်းရောင် ကောင်းကင်ဂျင်စင်းအဖို့ ထို မြှားချက်များက ပန်းနှင့်ပေါက်သလောက်သာ ရှိသည်။

ခရမ်းရောင်ကောင်းကင်ဂျင်စင်းကလဲ ထိုအချိန်ကို စောင့်နေခြင်းဖြစ်သည် ။ ရီယွမ် ရူးပြီး အမောဖောက်သေသွားသည်က သူ့အတွက်ပျော်စရာကိစ္စတစ်ခုပင် မဟုတ်ပါလား …

ထိုဆူးညှောင့်ခလုတ်လေးကို ရှင်းပစ်ပြီးမှသာလျှင် ယန်သွေးပန်းပွင့်ကို ပိုမိုကြီးထွားလာသည့်အထိ သူစိတ်အေးလက်အေး ပြုစုပျိုးထောင်နိုင်လိမ့်မည် မဟုတ်ပါလား ….

နောက်ထပ်အနှစ်တစ်ထောင်ခန့် ကျင့်ကြံပြီး သူပိုအင်အားတောင့်တင်းအောင် လုပ်နိုင်သည့်အခါတွင်တော့ တိုင်အီ နတ်ဘုရားဆေးပင်တောင်ရှိ မှော်အစီအရင်ကို ဖောက်ထွက်နိုင်ပြီး အပြင်လောကသို့ သူခြေဆန့်ခွင့် ရပေလိမ့်မည် ။

တိုင်အီနတ်ဘုရား ဆေးပင်တောင်၏ မှော်အစီအရင်က မြို့တော်သခင်များကိုယ်တိုင် တပ်ဆင်ထားခြင်းဖြစ်ရာ ထိုဆေးမြစ်အဖို့ အပြင်ဘက်သို့ လုံးဝမထွက်နိုင်ပဲ အနှစ်ထောင်ပေါင်းများစွာ ပိတ်ဆို့ထားခြင်း ခံခဲ့ရသည်။

ထိုဆေးပင်တောင်က သူ့အတွက် အကျဉ်းထောင် တစ်ခုကဲ့သို့ပင် …..

သူ့အနေနှင့် အပြင်လောကသို့ထွက်ပြီး ယန်စွမ်းအင်များ ပေါကြွယ်ဝသည့် ဆေးပင်များကို လိုက်လံ ရှာဖွေလိုသေးသည်။

သို့သော် ဒီနေရာတွင်တော့ ကံဆိုးစွာဖြင့် ယန်သွေးပန်းပွင့် တစ်မျိုးထဲသာ ရှိသည်။

ထိုစဉ် ပတ်ဝန်းကျင်ရှိ ယန်စွမ်းအင်များ ရုတ်တရက် ပြောင်းလဲသွားကြသည်။

မှော်အစီအရင်နှစ်ခုမှ ဖျစ်ခနဲအသံကြားလိုက်ရပြီး မီးတောက်လေးတစ်ခု စတင်လောင်ကျွမ်းတက်သွားသည်။

ထိုအသံက ယင်စွမ်းအင်မှော်အစီအရင်၏ စနက်တံမှ  မီးတောက်များ လောင်ကျွမ်းတက်ရာမှ ထွက်ပေါ်လာသော အသံဖြစ်သည်။

ခရမ်းရောင် ကောင်းကင်ဂျင်စင်းက  ထိုကဲ့သို့မှော် အစီအရင်များ အဆောင်များနှင့် အကျွမ်းတဝင်မရှိသည့်အပြင် ထိုအသံနှင့် မီးတောက်က ဘာကိုဆိုလိုသည်မှန်း လုံး ဝမသိနေပေ ….

သို့သော် ကြိုတင်သတိထားသည့်အနေဖြင့် ထိုဆေးမြစ်က မှော်အစီအရင်အဝိုင်းပြားများ၏ ပိုင်ရှင်ဖြစ်သော ရီယွမ်ကို လှမ်းကြည့်လိုက်သည်။ ရီယွမ်ကတော့ သူ၏ တိုင်အီလေးဖြင့် မဲမဲမြင်ရာ လိုက်လံ ပစ်ခတ်နေဆဲပင် ဖြစ်၏ ။ သူ၏ မျက်ဝန်းများ ရဲရဲနီနေပြီး လှုပ်ရှားမှုများလည်း တဖြည်းဖြည်း နှေးကွေးလေးလံလာခဲ့သည်။

မသိလျှင် ထိုမှော်အစီအရင်နှစ်ခု ပြောင်းလဲလှုပ်ရှားသွားခြင်းက သူနှင့် လားလားမျှ မဆိုင်သကဲ့သို့ပင် …..

သို့သော် ….. အကြောင်းတရားတိုင်း အကျိုးတရား ရှိကြသည်ချည်းပင် ….

မှော်အစီအရင်၏ သခင်က စိတ်လွတ်သွားပြီ ဖြစ်ရာ မှော်အစီအရင်သည်လည်း ထိန်းချုပ်မှုလွတ်သွားသလို လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပြီး သူ၏ နဂိုမူလ စွမ်းအင်များကို ထုတ်လွှတ်နိုင်စွမ်း မရှိတော့ပေ …

ဟူး …. ဟူး ….. ဟူး ……

မှော်အစီအရင်အား အသက်သွင်းပေးသော အဆောင်လေးက စတင်လောင်ကျွမ်းနေပြီ ဖြစ်၏။

ထိုမှော်အစီအရင်က ဆယ်မိုင်ပတ်လည်ရှိ ယင်စွမ်းအင်များကို စုပ်ယူနေခြင်း ဖြစ်သည်။ အဆောင်အစီအရင်လေးက စတင်လောင်ကျွမ်းသွားသောအခါတွင်တော့ အနီးပတ်ဝန်းကျင်ရှိ ယင်ချီများ ကစဥ့်ကလျား လှုပ်ခတ်လာကြတော့သည်။

..ဝီ...ဝီ ….

ယင်ချီများ ရောစပ်ပါဝင်နေကြသော ဝဲကတော့ကြီးတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

ထိုဝဲကတော့ကြီး၏ အလယ်ဗဟိုတည့်တည့်တွင် အေးစက်သော ရေခဲငွေ့များကဲ့သို့ ယင်စွမ်းအင်များက လွင့်ပါ ဝဲလှည့်နေပြီး အပြင်ဘက်သို့ တွန်းကန်ထုတ်ပေးနေလေ၏  ။ အနီးပတ်ဝန်းကျင်ရှိ အရာအားလုံးကို တိုက်စားသွားပြီး တဖြည်းဖြည်း ပိုပိုပြီး အစွမ်းထက်လာသည်။

ထိုအချိန်က တစ်နှစ်တာအတွင်း …. ယင်စွမ်းအင်များ အားအကောင်းဆုံးအ ချိန်ပင် ဖြစ်သည်။ ယင်စွမ်းအင် မှော်အစီအရင်ကလဲ ထိုစွမ်းအင်များကို ပိုပြီး  ပြင်းထန်သထက် ပြင်းထန်လာစေရန် တွန်းအားပေးနေလေသည် ။

ထိုယင်ဝဲကတော့ကြီးက ယန်သွေးပန်းပွင့်နှင့် အတော်အလှမ်းဝေးသေးသော်လည်း ယင်စွမ်းအင်များ၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရဆဲပင် …. သစ်ခက်များအားလုံး မြေထဲသို့ ငုပ်လျှိုးတိုးဝင်သွားကြပြီး သာမန်သစ်သီးတစ်လုံးနှင့် ထူးမခြားနားကဲ့ ဖြစ်သွားသည်။

သို့သော် …. ရှေးဦးမူလဆေးပင်မျိုးစိတ်ဖြစ်သော ခရမ်းရောင်ကောင်းကင်ဂျင်စင်းအတွက် ထိုအခြေအနေက မူလောက်စရာ မဟုတ်ပေ …..

သို့သော် ထိုကဲ့သို့ ယင်ချီများ ကစဥ့်ကလျား ဖြစ်နေခြင်းက သူ့ကို အနည်းငယ် စိုးရိမ်စပြုစေသည်။

သူ့အနေနှင့် ယန်သွေးပန်းပွင့်ကို ချက်ချင်းပြန်လည်သိမ်းဆည်းလိုသော်လည်း ရီယွမ်ရူးသွပ်နေသည့်ဟန်ကို မြင်လိုက်ရသောကြောင့် ဒီအတိုင်းသာ ဆက်ထားလိုက်သည်။

နောက်ထပ် တစ်မိနစ်ခန့် သူဆက်လက်တောင့်ခံလိုက်ပါက ထိုအရှုပ်ထုပ်ကို ရှင်းနိုင်မည်ဖြစ်သောကြောင့် မှော်အစီအရင်ကို ထိုဆေးမြစ်က ခေါင်းထဲမထည့်တော့ပေ …..

ခရမ်းရောင် ကောင်းကင်ဂျင်စင်းက ထိုသို့ တွေးလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခု ဖြစ်ပွားသွားသည်။

ယင်စွမ်းအင် ဝဲကတော့ကြီးထဲမှ လူကြီးလက်မောင်းအရွယ်ရှိ မြှားတစ်စင်းက ဝှစ်ခနဲ တိုးထွက်လာခဲ့သည် ။

ယင်စွမ်းအင် မှော်အစီအရင်မှ ပိုလျှံထွက်လာသော စွမ်းအင်များကြောင့် ထိုမြှားက ပေါ်ထွက်လာသကဲ့သို့ပင် ….

ထိုဝဲကတော့ပုံ ယင်စွမ်းအင်မြှားက ခရမ်းရောင်ကောင်းကင် ဂျင်စင်းရှိရာသို့ တိုက်ရိုက်မိတိုးဝင်သွားခဲ့ပေ … အဘယ့်ကြောင့်ဆိုသော်ထိုဆေးမြစ်က လျှင်မြန်စွာ ရှောင်တိမ်းလိုက်မည်မှန်း ရီယွမ်က ကြိုသိထားသောကြောင့် ဖြစ်သည်။

ထိုမြှားက ဆေးမြစ်ကို မထိပဲ ယန်သွေးပန်းပွင့် ရှိရာသို့ ဦးတည်တိုးဝင်သွားခဲ့သည်။

ယန်သွေးပန်းပွင့်အနေဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ရာ ထိုမြှားချက်သာ ထိမှန်လိုက်ပါက တစ်စစီ ဆုတ်ပြတ်သတ်သွားလိမ့်မည်က အမှန်ပင် …..

ထိုအရာက ခရမ်းရောင်ကောင်းကင်ဆေးမြစ်အနေဖြင့် လုံးဝ အဖြစ်မခံနိုင်သော ကိစ္စကြီး တစ်ရပ်ပင် ဖြစ်၏။

ထိုပန်းပွင့်မှ ယန်စွမ်းအင်များကို စုပ်ယူပြီး တိုင်အီဆေးပင်တောင်မှ ထွက်ခွာနိုင်မည်ဖြစ်သည့်အတွက် ထိုပန်းပွင့်က သူ့အတွက် အလွန်အရေးကြီးသည်။

သို့မဟုတ်ပါက နောက်ထပ် အနှစ်နှစ်ထောင်ခန့် ဆေးပင်တောင်အတွင်း သူဆက်လက်ပိတ်မိနေဦးမည်ဖြစ်ရာ ထိုပန်းပွင့်က သူ့အတွက် အလွန့်အလွန် အရေးကြီးသည်။

ထိုဆေးမြစ်က ရီယွမ်ကို ညှို့ယူရန်အတွက် လုံးဝဂရုမစိုက်နိုင်တော့ပဲ ယန်သွေးပန်းပွင့်ရှိရာသို့ ကသုတ်ကရိုက် ပြေးထွက်သွားသည်။

ယင်စွမ်းအင် ဝဲကတော့ မြှားကြီးက ခရမ်းရောင်ကောင်းကင်ဂျင်စင်းအတွက်တော့ မူလောက်စရာမဟုတ်ပေ …

ထိုအချိန်တွင် ညို့ချက်မိပြီး တွေဝေ မိန်းမောနေသည်ဟု ထင်ရသော ရီယွမ်၏ မျက်ဝန်းများက ဖျတ်ခနဲ ပွင့်လာကြသည် ။ ယန်သွေးပန်းပွင့်ရှိရာသို့ ပြေးဝင်သွားသော ထိုဆေးမြစ်၏ လှုပ်ရှားမှုများ အကုန်လုံးကို သိမ်းငှက်တစ်ကောင်၏ မျက်ဝန်းကဲ့သို့ လျှင်မြန်စူးရှစွာ အကဲခတ်လိုက်သည် ။

အခြေအနေတိုင်းကို သူက အသေးစိတ် ချက်ကျလက်ကျ ပြင်ဆင်ထားခြင်းဖြစ်ရာ  တစ်စက္ကန့်၏ တစ်ရာပုံတစ်ပုံအတွင်း ဘာဆက်လုပ်ရမည်ကို သူကောင်းစွာ ဆုံးဖြတ်နိုင်သည်။

ထိုဆေးမြစ်က အလွန်လျှင်မြန်လှသည် ဖြစ်ရာ …. သူမြှားအစင်းပေါင်း မြောက်များစွာ ပစ်ခတ်ပါစေဦး  … သူ၏ မြှားချက်များကို အလုံးစုံ ရှောင်တိမ်းသွားပေလိမ့်မည် ။ အရေးအကြီးဆုံး ထိုဆေးမြစ်၏ နောက်ထပ်ရွှေ့လျားသွားမည့် နေရာကို မှန်းဆခြင်းပင် ဖြစ်၏။

ထိုအရာက ရီယွမ်အတွက် အခွင့်အရေးပဲ ဖြစ်သည်။

တဒင်္ဂသိမ်မွေ့နက်ရှိုင်းခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိချိန်ကတည်းက သူ၏ ကြိုတင်မှန်းဆမှုများက ထက်မြက်လာခဲ့သည် ဖြစ်ရာ ထိုဆေးမြစ်ရွှေ့လျားမှုများကို ကြိုတင်မှန်းဆနိုင်ဖို့က သူ့အတွက် အလွယ်လေးပင် ဖြစ်သည်။

တိုင်အီလေးကိုလည်း အဆင်သင့်ကြိုထုတ်ထားသည်ဖြစ်ရာ မဟူရာရောင်နက်မှောင်နေသော လေးကိုင်းမှ အလင်းပါးလေးတစ်ခု တိုးထွက်သွားသည်။

ရီယွမ်က သူ၏ စွမ်းအင်များ အကုန်လုံးကို ထည့်သွင်းထားသည်ဖြစ်ရာ လေးကြိုးမှ ထွက်ပေါ်လာသော အားများက လှိုင်းလုံးကြီးများလို တဝုန်းဝုန်း ရိုက်ခါသွားသည်။

ဖြောင်း….

လေထုထဲတွင် ကျယ်လောင်သော မိုးခြုန်းသံတစ်ရပ်ကို ကြားလိုက်ရသလိုပင် ….. လေးကြိုးတစ်ခုလုံး ဗြန်းခနဲ လှုပ်ခါသွားပြီး လေခွင်းမြှားတစ်စင်းက လျှပ်စီးတစ်စင်းပမာ  အရှေ့သို့ ထိုးထွက်သွားသည် ။

ယန်သွေးပန်းပွင့်ကို ကယ်တင်ရန်အတွက် စိတ်စောနေသော ခရမ်းရောင်ကောင်းကင်ဂျင်စင်းအား  ထိခတ်မိရန်အနည်းငယ်သာ လိုတော့သည်။

သူ့အနေနှင့် ရီယွမ်ကဲ့သို့ ဆယ့်နှစ်နှစ်အရွယ် သာမန်ကလေးလေးတစ်ယောက် … ခရမ်းရောင်သွေး အလယ်ဆင့်နှင့် သူ၏ ညှို့ချက်အောက်တွင် မိနေသော ထိုပျော့ညံ့ညံ့ စုတ်တီးစုတ်ချာ လူသားလေးတစ်ယောက်က ကျားတစ်ကောင်လိုမျိုး  ရုတ်တရက် ထောင်တက်လာပြီး ထိုမျှ အားကောင်းပြင်းထန်သော မြှားချက်ကို ပစ်ခွင်းနိုင်လိမ့်မည်ဟု ထင်မထားးခဲ့ချေ ….

ဝဲကတော့ပုံ ယင်စွမ်းအင်မြှားဖြင့် ယန်သွေးပန်းပွင့်ကို တိုက်ခိုက်စေလိုက်ခြင်းဖြင့် ထိုဆေးမြစ်လှုပ်ရှားမည့် လမ်းကြောင်းကို သူကြိုတင်ခန့်မှန်းနိုင်လိုက်သည်။

အရာအားလုံးက ပြီးပြည့်စုံလွန်းလှသည်။

Continue Reading

You'll Also Like

187K 4.5K 108
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...
21.1K 320 9
This story is based on village story with lots of smut...
59.7K 5.9K 117
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
1.6M 108K 25
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...