[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 356K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၉၇ ..

16.5K 1.8K 61
By busy_pisi

《Zawgyi》

အပိုင္း - ၉၇
[ရန္မစသင့္တဲ့ အလွေလး]

သီးသန္႔ခန္း အတြင္းတြင္ ရွိေနသည့္ လူတိုင္းရဲ႕ ရွန္႔ဝမ္းယန္႔အေပၚ ပထမဆံုး အျမင္ကေတာ့ "လွပတဲ့ မိန္းကေလးတစ္ေယာက္" ဟူ၍ ျဖစ္၏။ ေနာက္ ဒုတိယ ထင္ျမင္ခ်က္အေနႏွင့္ကေတာ့ "အရမ္းကို ယံုၾကည္မႈ အျပည့္ႏွင့္ အလွေလး" ဟူ၍ပဲ ျဖစ္ေပလိမ့္မည္။

သို႔ေသာ္လည္း ကၽြမ္က်ဴး၏ ရွန္ဝမ္းယန္႔အေပၚ ပထမဆံုး အျမင္ကေတာ့ "သူ ရန္မစသင့္သည့္ အလွေလး" ဟူ၍ ျဖစ္ေလ၏။

ထိုကိစၥေၾကာင့္ပင္ သူက ခ်န္းစီႏ်န္ကို ဖုန္းေခၚလိုက္ေသးသည္။

ထိုအခ်ိန္တြင္ ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕အား သူမ၏ တိုက္ခန္းဆီသို႔ ကားေမာင္းကာ လိုက္ပို႔ေပးေနခ်ိန္ ျဖစ္၏။ သူက ဖုန္းကိုင္လိုက္ၿပီးေတာ့ ဘာမွမေျပာလိုက္ေသးခင္မွာ ကၽြမ္က်ဴးက ဇြတ္ကို ခ်ဲ႕ကားေျပာေလေတာ့သည္။ "ေသလိုက္ပါေတာ့ကြာ! ခ်န္းစီႏ်န္ ငါမင္းကို ဆူပူႀကိမ္းေမာင္းဖို႔ ႀကိဳးစားေနတာေတာ့ မဟုတ္ေပမယ့္ မင္း ရွန္ဝမ္းယန္႔နဲ႔ ဘယ္အခ်ိန္တုန္းက ပက္သတ္ခဲ့တာလဲ? သူက အရမ္းကို ေၾကာက္ဖို႔ေကာင္းတယ္ကြ!"

"ရွန္ဝမ္းယန္႔?" ခ်န္းစီႏ်န္က သတိမထားမိပဲ သူၾကားလိုက္သည့္ နာမည္အား သံေယာင္လိုက္ကာ အျပင္သို႔ ထုတ္ေျပာမိလိုက္၏။ ထိုအခါ ခ်င္းစုယြဲ႕က ယင္းအသံကို ၾကားလိုက္ရေတာ့ ေခါင္းေမာ့လာၿပီး သူ႔ကို ၾကည့္လာသည္အား သူ ခံစားမိေလသည္။

ခ်န္းစီႏ်န္က အစကေတာ့ ထိုဖုန္းကိုကိုင္ဖို႔အတြက္ ကားထဲမွထြက္လိုက္ဖုိ႔ေပမယ့္ ခ်င္းစုယြဲ႕က သူႏွင့္ ရွန္ဝမ္းယန္႔တို႔ၾကားက ဆက္ဆံေရးအေပၚ အထင္လြဲေနခဲ့သည္အား သူ သတိရသြားသည္။ သူသာ ခ်င္းစုယြဲ႕ကို ေရွာင္ကာ တစ္ေနရာသို႔သြားကာ ဖုန္းကိုဆက္ေျဖခဲ့ပါလၽွင္ သူမမွာ ေသခ်ာေပါက္ကို အဓိပၸါယ္မရွိတာေတြ ေတြးေတာ့မွာပင္။ ထို႔ေၾကာင့္ပင္ ခ်န္းစီႏ်န္က သူမအား ႏွစ္သိမ့္သည့္ သက္ေတာင့္သက္သာ အၾကည့္တစ္ခ်က္ျဖင့္ ၾကည့္လိုက္သည္။

ခ်င္းစုယြဲ႕ကေတာ့ သူမ အရမ္းႀကီး အထိမခံသလို ျပဳေနသည္အား သတိထားမိသျဖင့္ ေခါင္းကို တစ္ဖက္သို႔လႊဲလိုက္သည္။ သူမက ထိုင္ခံုခါးပတ္ကို ျဖဳတ္ၿပီး ကားထဲကေန ထြက္ဖို႔ လုပ္လိုက္ေပမယ့္ 'ခ်ပ္'ဟူေသာ အသံႏွင့္အတူ တံခါးက ေလာ့က်သြားေလ၏။

ခ်င္းစုယြဲ႕မွာ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားၾကည့္ေပမယ့္ သူမ အႏွီတံခါးအား တကယ္ကို မဖြင့္ႏိုင္ဘူး ဟူသည္ႏွင့္သာ နိဂံုးခ်ဳပ္ရေလ၏။

ခ်င္းစုယြဲ႕က အသက္ကို တဝႀကီး ရွိုက္လိုက္ၿပီး ခ်န္းစီႏ်န္ဘက္သို႔ ျပန္လွည့္ကာ စိန္းစိန္းေတာက္ေတာက္ ၾကည့္လိုက္၏။ "ရွင္ ဘာလုပ္ေနတာလဲ?"

ခ်န္းစီႏ်န္က သူမကို ခဏေလာက္ေစာင့္ဖို႔ လက္အမူအယာ ျပလိုက္ၿပီးေတာ့ ကၽြမ္က်ဴးအား .... "မင္း ေျပာစရာရွိရင္ အခုေျပာ မဟုတ္ရင္ ငါ ဖုန္းခ်လိုက္ေတာ့မယ္"

ခ်င္းစုယြဲ႕ရဲ႕ အသံက တိုးညႇင္းလွေပမယ့္ တစ္ဖက္က ကၽြမ္က်ဴးကေတာ့ မိနး္ကေလးတစ္ေယာက္၏ အသံကို ၾကားလိုက္ရေလ၏။ ခ်န္းစီႏ်န္မွာ တကယ္ႀကီးကို ေကာင္မေလး ရွိတာဟ!

အိုး မိုင္ ေဂါ့ ေစာက္ဆန္းႀကီး

ကၽြမ္က်ဴးက ေနာက္ထပ္ ထူးဆန္းသည့္ တစ္စံုတစ္ခုကို သတိျပဳမိသြားၿပီး စိတ္လႈပ္ရွားစြာျဖင့္ ... "အားႏ်န္ မင္းက အခု အလွေလးတစ္ေယာက္နဲ႔ အတူ ရွိေနတာပဲကြ!"

"မင္း သိရင္လဲ ျမန္ျမန္ေျပာၿပီး ဖုန္းခ်လိုက္ေတာ့ကြာ"

"ဟင္း .. ငါ မင္းကို ဖုန္းေခၚတာက သတင္းတစ္ခုခု ေပးမလို႔ကို မင္းက ဖုန္းခ်ဖို႔ ေျပာေနတယ္ ... ငါ မင္းအတြက္ လုပ္ေပးထားတဲ့ ကိစၥေလးေတြကို မင္းက တကယ္ကို ေက်းဇူးမသိတတ္တာပဲ"

"အဓိပၸါယ္မရွိတာေတြ ေျပာေနတာကို ရပ္ေတာ့"

ကၽြမ္က်ဴးက ခ်န္းစီႏ်န္ စိတ္ဆိုးလာၿပီဆိုတာကို သိသိသာသာပင္ သိရွိသျဖင့္ ခ်န္းစီႏ်န္ ခ်က္ခ်င္း ဖုန္းခ်ပစ္မည္ကို စိုးရိမ္မိသြားကာ ကမန္းကတန္းပဲ ... "ဒီေန႔ ငါ ေပႀကီးနဲ႔ ေတြ႕ၿပီး စားေသာက္ေနတုန္း အဲဒီကို ရွန္ဝမ္းယန္႔ ေရာက္လာတယ္ကြ .. သူ႔ ၾကည့္ရတာ လြယ္လြယ္နဲ႔ ရန္စလို႔ရမယ့္သူနဲ႔ေတာ့ မတူဘူး ... ငါသူ႔ကို မင္းနဲ႔သူနဲ႔ၾကားက ဆက္ဆံေရးအေၾကာင္းကို ေမးၾကည့္ေတာ့ မင္း ခန္႔မွန္းၾကည့္စမ္း သူ ဘာေျပာတယ္လို႔ ထင္လဲ? မင္းတို႔ႏွစ္ေယာက္ၾကားမွာ ဟိုလိုလိုသည္လိုလို မျပတ္မသား ဆက္ဆံေရးမ်ိဳးရွိတယ္လို႔ သူက ေျပာခဲ့တာကြ ... အားႏ်န္ မင္းက သူ႔အတြက္ တစ္စံုတစ္ရာ ၿပီးဆံုးသြားတာမ်ိဳးေတာ့ မျဖစ္ႏိုင္ပါဘူး ဟုတ္တယ္မလား? သူက မင္းအေၾကာင္းကိုပဲ တစ္ခ်ိန္လံုး စဥ္းစားေနခဲ့တာတဲ့"

ခ်န္းစီႏ်န္ကေတာ့ သူႏွင့္ ဘာမွ မဆိုင္သလိုမ်ိဳးသာ ျပဳမူေနၿပီး ... "မင္းနဲ႔သူနဲ႔က ထမင္းအတူတူ စားၾကတဲ့အထိ ရင္းႏွီးၾကတယ္ဆိုရင္လည္း ေနာက္တခါ သူနဲ႔ေတြ႕ရင္ ေျပာလိုက္ ... ငါ ခ်န္းစီႏ်န္က သူနဲ႔ ဘယ္လို မျပတ္မသား ဆက္ဆံေရးမ်ိဳးမွ မရွိဘူးလို႔" ခ်န္းစီႏ်န္က ထိုသို႔ ေျပာလိုက္ၿပီးေတာ့ ကၽြမ္က်ဴးတစ္ေယာက္ သူ႔ကံဆိုးမိုးေမွာင္က်မႈအား ဆက္ၿပီး ဝမ္းသာအားရ ျဖစ္ေနမည္ကို ခ်န္းစီႏ်န္က မလိုခ်င္မိသျဖင့္ ဖုန္းခ်လိုက္ေတာ့သည္။

ခ်န္းစီႏ်န္က သူ႔ဖုန္းကို ခပ္ေဝးေဝးတြင္ထားလိုက္ၿပီး ခ်င္းစုယြဲ႕အား စိုက္ၾကည့္လိုက္သည္။ ခ်င္းစုယြဲ႕က သူ႔အား ေလးေလးနက္နက္ ေငးစိုက္ၾကည့္လို႔ေန၏။ သူ ေတြးၾကည့္ၿပီး ေျပာလိုက္သည္။ "ကိုယ္နဲ႔ ရွန္ဝမ္းယန္႔နဲ႔ၾကားမွာ တကယ္ကို ဘာမွ မျဖစ္ခဲ့ပါဘူး"

ခ်န္းစီႏ်န္ ဆက္မေျပာေသးခင္မွာပဲ ခ်င္းစုယြဲ႕က မ်က္ေမွာင္ကို ထိစပ္မတတ္ က်ံဳ႕ကာ ... "ရွင္ နမ္းခဲ့တဲ့ တစ္စံုတစ္ဦးနဲ႔ ရွင္နဲ႔ၾကားမွာ ဘာမွကို မျဖစ္ခဲ့ဘူးေပါ့? အဲဒါဆိုရင္ မစၥတာခ်န္း .. ကၽြန္မတို႔ ႏွစ္ေယာက္ၾကားမွာလည္း ဘာမွ မျဖစ္ခဲ့ဘူး"

ခ်န္းစီႏ်န္ဟာ သူမရဲ႕ စကားေတြကို ၾကားလိုက္ရသည့္အခါ သူ႔မ်က္ႏွာထက္၌ ေလးေလးနက္နက္ အမူအယာ ျဖစ္လာသည္။ သူမကေတာ့ လ်စ္လ်ဴရွဳကာ တံခါးလက္ကိုင္ကို လွည့္လိုက္ရင္း ခိုင္ခိုင္မာမာ ေျပာလိုက္သည္။ " တံခါးဖြင့္ေပး ... ကၽြန္မ အျပင္ထြက္ခ်င္တယ္"

"မင္းကိုယ္တိုင္ ရွင္းျပ" ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕၏လက္အား ဆုပ္ကိုင္လိုက္ၿပီး သူမကို သူ႔အနားသို႔ ဆြဲယူလိုက္ကာ ခ်င္းစုယြဲ႕ကို စိုက္ၾကည့္လ်က္ ... "ကိုယ္ သူ႔ကို နမ္းခဲ့တယ္လို႔ မင္းဘယ္လိုသိလဲ?"

"ရွင္ ဘယ္သူ႔ကိုမွ မသိေစခ်င္ရင္လည္း အဲ့လို မလုပ္ခဲ့နဲ႔ေပါ့"

"ခ်င္းစုယြဲ႕ ... မင္းက မွတ္ဥာဏ္ေတြ ဆံုးရွံုးခဲ့တာ လံုးဝ မဟုတ္ဘူးပဲ ... ဒါ့အျပင္ မင္းသိတယ္လို႔ ကိုယ္ေတြးထားတာထက္ေတာင္ မင္းက ပိုသိေနတယ္"

28.2.2020

**********************

《Unicode》

အပိုင်း - ၉၇
[ရန်မစသင့်တဲ့ အလှလေး]

သီးသန့်ခန်း အတွင်းတွင် ရှိနေသည့် လူတိုင်းရဲ့ ရှန့်ဝမ်းယန့်အပေါ် ပထမဆုံး အမြင်ကတော့ "လှပတဲ့ မိန်းကလေးတစ်ယောက်" ဟူ၍ ဖြစ်၏။ နောက် ဒုတိယ ထင်မြင်ချက်အနေနှင့်ကတော့ "အရမ်းကို ယုံကြည်မှု အပြည့်နှင့် အလှလေး" ဟူ၍ပဲ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ကျွမ်ကျူး၏ ရှန်ဝမ်းယန့်အပေါ် ပထမဆုံး အမြင်ကတော့ "သူ ရန်မစသင့်သည့် အလှလေး" ဟူ၍ ဖြစ်လေ၏။

ထိုကိစ္စကြောင့်ပင် သူက ချန်းစီနျန်ကို ဖုန်းခေါ်လိုက်သေးသည်။

ထိုအချိန်တွင် ချန်းစီနျန်က ချင်းစုယွဲ့အား သူမ၏ တိုက်ခန်းဆီသို့ ကားမောင်းကာ လိုက်ပို့ပေးနေချိန် ဖြစ်၏။ သူက ဖုန်းကိုင်လိုက်ပြီးတော့ ဘာမှမပြောလိုက်သေးခင်မှာ ကျွမ်ကျူးက ဇွတ်ကို ချဲ့ကားပြောလေတော့သည်။ "သေလိုက်ပါတော့ကွာ! ချန်းစီနျန် ငါမင်းကို ဆူပူကြိမ်းမောင်းဖို့ ကြိုးစားနေတာတော့ မဟုတ်ပေမယ့် မင်း ရှန်ဝမ်းယန့်နဲ့ ဘယ်အချိန်တုန်းက ပက်သတ်ခဲ့တာလဲ? သူက အရမ်းကို ကြောက်ဖို့ကောင်းတယ်ကွ!"

"ရှန်ဝမ်းယန့်?" ချန်းစီနျန်က သတိမထားမိပဲ သူကြားလိုက်သည့် နာမည်အား သံယောင်လိုက်ကာ အပြင်သို့ ထုတ်ပြောမိလိုက်၏။ ထိုအခါ ချင်းစုယွဲ့က ယင်းအသံကို ကြားလိုက်ရတော့ ခေါင်းမော့လာပြီး သူ့ကို ကြည့်လာသည်အား သူ ခံစားမိလေသည်။

ချန်းစီနျန်က အစကတော့ ထိုဖုန်းကိုကိုင်ဖို့အတွက် ကားထဲမှထွက်လိုက်ဖို့ပေမယ့် ချင်းစုယွဲ့က သူနှင့် ရှန်ဝမ်းယန့်တို့ကြားက ဆက်ဆံရေးအပေါ် အထင်လွဲနေခဲ့သည်အား သူ သတိရသွားသည်။ သူသာ ချင်းစုယွဲ့ကို ရှောင်ကာ တစ်နေရာသို့သွားကာ ဖုန်းကိုဆက်ဖြေခဲ့ပါလျှင် သူမမှာ သေချာပေါက်ကို အဓိပ္ပါယ်မရှိတာတွေ တွေးတော့မှာပင်။ ထို့ကြောင့်ပင် ချန်းစီနျန်က သူမအား နှစ်သိမ့်သည့် သက်တောင့်သက်သာ အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။

ချင်းစုယွဲ့ကတော့ သူမ အရမ်းကြီး အထိမခံသလို ပြုနေသည်အား သတိထားမိသဖြင့် ခေါင်းကို တစ်ဖက်သို့လွှဲလိုက်သည်။ သူမက ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး ကားထဲကနေ ထွက်ဖို့ လုပ်လိုက်ပေမယ့် 'ချပ်'ဟူသော အသံနှင့်အတူ တံခါးက လော့ကျသွားလေ၏။

ချင်းစုယွဲ့မှာ အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ပေမယ့် သူမ အနှီတံခါးအား တကယ်ကို မဖွင့်နိုင်ဘူး ဟူသည်နှင့်သာ နိဂုံးချုပ်ရလေ၏။

ချင်းစုယွဲ့က အသက်ကို တဝကြီး ရှိုက်လိုက်ပြီး ချန်းစီနျန်ဘက်သို့ ပြန်လှည့်ကာ စိန်းစိန်းတောက်တောက် ကြည့်လိုက်၏။ "ရှင် ဘာလုပ်နေတာလဲ?"

ချန်းစီနျန်က သူမကို ခဏလောက်စောင့်ဖို့ လက်အမူအယာ ပြလိုက်ပြီးတော့ ကျွမ်ကျူးအား .... "မင်း ပြောစရာရှိရင် အခုပြော မဟုတ်ရင် ငါ ဖုန်းချလိုက်တော့မယ်"

ချင်းစုယွဲ့ရဲ့ အသံက တိုးညှင်းလှပေမယ့် တစ်ဖက်က ကျွမ်ကျူးကတော့ မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရလေ၏။ ချန်းစီနျန်မှာ တကယ်ကြီးကို ကောင်မလေး ရှိတာဟ!

အိုး မိုင် ဂေါ့ စောက်ဆန်းကြီး

ကျွမ်ကျူးက နောက်ထပ် ထူးဆန်းသည့် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ... "အားနျန် မင်းက အခု အလှလေးတစ်ယောက်နဲ့ အတူ ရှိနေတာပဲကွ!"

"မင်း သိရင်လဲ မြန်မြန်ပြောပြီး ဖုန်းချလိုက်တော့ကွာ"

"ဟင်း .. ငါ မင်းကို ဖုန်းခေါ်တာက သတင်းတစ်ခုခု ပေးမလို့ကို မင်းက ဖုန်းချဖို့ ပြောနေတယ် ... ငါ မင်းအတွက် လုပ်ပေးထားတဲ့ ကိစ္စလေးတွေကို မင်းက တကယ်ကို ကျေးဇူးမသိတတ်တာပဲ"

"အဓိပ္ပါယ်မရှိတာတွေ ပြောနေတာကို ရပ်တော့"

ကျွမ်ကျူးက ချန်းစီနျန် စိတ်ဆိုးလာပြီဆိုတာကို သိသိသာသာပင် သိရှိသဖြင့် ချန်းစီနျန် ချက်ချင်း ဖုန်းချပစ်မည်ကို စိုးရိမ်မိသွားကာ ကမန်းကတန်းပဲ ... "ဒီနေ့ ငါ ပေကြီးနဲ့ တွေ့ပြီး စားသောက်နေတုန်း အဲဒီကို ရှန်ဝမ်းယန့် ရောက်လာတယ်ကွ .. သူ့ ကြည့်ရတာ လွယ်လွယ်နဲ့ ရန်စလို့ရမယ့်သူနဲ့တော့ မတူဘူး ... ငါသူ့ကို မင်းနဲ့သူနဲ့ကြားက ဆက်ဆံရေးအကြောင်းကို မေးကြည့်တော့ မင်း ခန့်မှန်းကြည့်စမ်း သူ ဘာပြောတယ်လို့ ထင်လဲ? မင်းတို့နှစ်ယောက်ကြားမှာ ဟိုလိုလိုသည်လိုလို မပြတ်မသား ဆက်ဆံရေးမျိုးရှိတယ်လို့ သူက ပြောခဲ့တာကွ ... အားနျန် မင်းက သူ့အတွက် တစ်စုံတစ်ရာ ပြီးဆုံးသွားတာမျိုးတော့ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား? သူက မင်းအကြောင်းကိုပဲ တစ်ချိန်လုံး စဉ်းစားနေခဲ့တာတဲ့"

ချန်းစီနျန်ကတော့ သူနှင့် ဘာမှ မဆိုင်သလိုမျိုးသာ ပြုမူနေပြီး ... "မင်းနဲ့သူနဲ့က ထမင်းအတူတူ စားကြတဲ့အထိ ရင်းနှီးကြတယ်ဆိုရင်လည်း နောက်တခါ သူနဲ့တွေ့ရင် ပြောလိုက် ... ငါ ချန်းစီနျန်က သူနဲ့ ဘယ်လို မပြတ်မသား ဆက်ဆံရေးမျိုးမှ မရှိဘူးလို့" ချန်းစီနျန်က ထိုသို့ ပြောလိုက်ပြီးတော့ ကျွမ်ကျူးတစ်ယောက် သူ့ကံဆိုးမိုးမှောင်ကျမှုအား ဆက်ပြီး ဝမ်းသာအားရ ဖြစ်နေမည်ကို ချန်းစီနျန်က မလိုချင်မိသဖြင့် ဖုန်းချလိုက်တော့သည်။

ချန်းစီနျန်က သူ့ဖုန်းကို ခပ်ဝေးဝေးတွင်ထားလိုက်ပြီး ချင်းစုယွဲ့အား စိုက်ကြည့်လိုက်သည်။ ချင်းစုယွဲ့က သူ့အား လေးလေးနက်နက် ငေးစိုက်ကြည့်လို့နေ၏။ သူ တွေးကြည့်ပြီး ပြောလိုက်သည်။ "ကိုယ်နဲ့ ရှန်ဝမ်းယန့်နဲ့ကြားမှာ တကယ်ကို ဘာမှ မဖြစ်ခဲ့ပါဘူး"

ချန်းစီနျန် ဆက်မပြောသေးခင်မှာပဲ ချင်းစုယွဲ့က မျက်မှောင်ကို ထိစပ်မတတ် ကျုံ့ကာ ... "ရှင် နမ်းခဲ့တဲ့ တစ်စုံတစ်ဦးနဲ့ ရှင်နဲ့ကြားမှာ ဘာမှကို မဖြစ်ခဲ့ဘူးပေါ့? အဲဒါဆိုရင် မစ္စတာချန်း .. ကျွန်မတို့ နှစ်ယောက်ကြားမှာလည်း ဘာမှ မဖြစ်ခဲ့ဘူး"

ချန်းစီနျန်ဟာ သူမရဲ့ စကားတွေကို ကြားလိုက်ရသည့်အခါ သူ့မျက်နှာထက်၌ လေးလေးနက်နက် အမူအယာ ဖြစ်လာသည်။ သူမကတော့ လျစ်လျူရှုကာ တံခါးလက်ကိုင်ကို လှည့်လိုက်ရင်း ခိုင်ခိုင်မာမာ ပြောလိုက်သည်။ " တံခါးဖွင့်ပေး ... ကျွန်မ အပြင်ထွက်ချင်တယ်"

"မင်းကိုယ်တိုင် ရှင်းပြ" ချန်းစီနျန်က ချင်းစုယွဲ့၏လက်အား ဆုပ်ကိုင်လိုက်ပြီး သူမကို သူ့အနားသို့ ဆွဲယူလိုက်ကာ ချင်းစုယွဲ့ကို စိုက်ကြည့်လျက် ... "ကိုယ် သူ့ကို နမ်းခဲ့တယ်လို့ မင်းဘယ်လိုသိလဲ?"

"ရှင် ဘယ်သူ့ကိုမှ မသိစေချင်ရင်လည်း အဲ့လို မလုပ်ခဲ့နဲ့ပေါ့"

"ချင်းစုယွဲ့ ... မင်းက မှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့တာ လုံးဝ မဟုတ်ဘူးပဲ ... ဒါ့အပြင် မင်းသိတယ်လို့ ကိုယ်တွေးထားတာထက်တောင် မင်းက ပိုသိနေတယ်"

28.2.2020

**********************

Continue Reading

You'll Also Like

404K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
3.4M 214K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
79.5K 8.1K 68
Normal System ပါ Male Lead က Host ဖြစ်ပြီး Female Lead ကတော့ System လေးပါ... Normal System ပါ Male Lead က Host ျဖစ္ၿပီး Female Lead ကေတာ့ System ေလးပ...
205K 5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်