[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ်လိုက်ကိုရှော...
By busy_pisi
3.3M 356K 13.1K
I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထ... More
နိဒါန်း [ နိဒါနျး ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..
.. ၉၁ ..
15.1K 1.3K 7
By busy_pisi
《Zawgyi》
အပိုင်း - ၉၁
မဆိုးဘူးပဲ
24.2.2020
****************
《Unicode》
အပိုင်း - ၉၁
[ရှန်ဝမ်းယန့် ပြန်လာပြီ - ၂]
ချင်းစုယွဲ့က သူမတို့အား နှုတ်ဆက်လိုက်ပြီးနောက် စည်းဝေးခန်းမကိုသာ တန်းတန်းမတ်မတ် သွားလိုက်လေသည်။ ချင်းစုယွဲ့မှာ ပွဲတစ်ခုလုံးရဲ့ အစီအစဉ် အသွားအလာအား တင်ဆက်သူများနှင့် ထပ်မံအတည်ပြုလိုက်ပြီးနောက် သူမက အဝတ်အစားလဲလှယ်ကာ မိတ်ကပ်လိမ်းခြယ်လိုက်သည်။
ညနေခင်း ပွဲတက်ဝတ်စုံအား ကျောင်းမှ ဆန်းသစ်ခေတ်မှီစွာ ပြင်ဆင်ပေးထား၏။
ချင်းစုယွဲ့မှာ နီလာပြာလဲ့လဲ့ ညနေခင်းပွဲတက်ဝတ်စုံအား မြင်တွေ့လိုက်ရချိန်မှာတော့ အတော်လေး ရှော့ရသွားတော့သည်။ ကျောင်းက ပွဲတက်ဝတ်စုံတွေက ဘယ်အချိန်စပြီး အရည်အသွေး အရမ်းကောင်းသွားရတာလဲဟ?"
နီလာပြာလဲ့လဲ့ အရောင်ရှိသည့် ဝတ်စုံမှာ မြေပြင်ထက်တွင် နူးညံ့ညက်ညောစွာ ပုံကျနေ၏။ ခါးအထက်တွင် ကပ်ကပ်ချပ်ချပ် ဖြစ်နေသည့် ဒီဇိုင်းက သူမအား ပိုလို့ပင် သွယ်သွယ်လျလျနှင့် အရပ်ပိုမိုရှည်သွယ်လာသည်ဟု ထင်ရစေသည်။ ချင်းစုယွဲ့တစ်ယောက်မှာ Vပုံစံ လည်ပင်းပေါက်တွင် ထည့်မြှုပ်ထားသည့် မျက်စိကျိန်းဖွယ် တလက်လက် တောက်ပလို့နေသည့် စိန်ပွင့်များအား တွေ့လို်က်ရချိန်မှာတော့ ဤသို့ တွေးမိသွားလေသည်။ : ကျောင်းက တော်တော်လေး အကုန်အကျခံပေးထားတာပဲ
ထင်ထားသည့်အတိုင်းပါပင် ထိုဝတ်စုံမှာ သူမ၏ခန္ဓာကိုယ်လေးထက်တွင် တော်တော်လေးကို ကြည့်ကောင်းလှ၏။
ချင်းစုယွဲ့ဟာ အဖျားချွန်သွယ်သွယ်လေးနှင့် အဖြူရောင် ဒေါက်ဖိနပ်အမြင့်အား စီးလိုက်ရင်းနှင့် ထိုဖိနပ်လေးမှာပါ စိန်ပွင့်လေးတွေ မြှုပ်နှံထားသည်ကို တွေ့လိုက်ရသည်။ သူမ၏ဝတ်စုံမှာ ထိုဒေါက်ဖိနပ်အမြင့်လေးနှင့် လိုက်ဖက်ကြည့်ကောင်းလှ၏။
မဆိုးဘူးပဲ
ချင်းစုယွဲ့၏ဝတ်စုံမှာ လူပေါင်းများစွာ၏ အသက်ရှူသံတွေကို မြန်ဆန်စေ၏။ ညနေခင်းပါတီ စတင်ချိန် အစီအစဉ်တင်ဆက်သူ လေးယောက် ပေါ်ထွက်လာချိန်မှာတော့ ပရိသတ်ထုကြီးက လုံးဝကို တိတ်ဆိတ်နေကြသည်။ မိနစ်အနည်းငယ် ကြာသည့်အခါမှာတော့ စီခနဲအော်သံတွေ ရွှင်မြူးတက်ကြွသည့် ရယ်မောသံတွေဟာ နေရာအနှံ့မှ ထွက်ပေါ်လာကြလေ၏။
ကျောင်းအုပ်ကြီး ဖိတ်ကြားထားသည့် သတင်းမီဒီယာသမားများ၏ ကင်မရာတို့မှာလည်း တစ်ချိန်လုံး ချင်းစုယွဲ့ထံတွင်သာ ရှိနေကြလျက် သူမ၏ အနီးကပ်ဓာတ်ပုံများအား ရိုက်ယူကြလေသည်။ ချင်းစုယွဲ့က သူမ၏ ချိုမြသည့် အပြုံးရေးရေးလေးအား တစ်ချိန်လုံး ချိတ်ဆွဲထားလေသည်။ ချင်းစုယွဲ့ဟာ စင်အောက်ရှိ ပထမဆုံးအတန်းရဲ့ ဘယ်ဘက်ဆုံးတွင် ထိုင်နေသည့် ချန်းစီနျန်ကိုတော့ အလိုလျောက်ပင် လျစ်လျူရှုထားလေ၏။ သူက အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး နှုတ်ဆိတ်နေကာ သူမကိုသာ တချိန်လုံး နက်နက်နဲနဲ စိုက်ကြည့်နေသည်။ [လျစ်လျူရှုထားလို့သာပဲ အမကလဲ :3]
အစီအစဉ်တွေအားလုံးအား အောင်အောင်မြင်မြင်နှင့် တစ်ဝက်လောက်ထိ ရောက်ရှိလာချိန်မှာ တင်ဆက်သူတွေက အစီအစဉ်နှစ်ခုအား ထပ်ပေါင်းထည့်ဖို့ တောင်းဆိုလာကြသည်။
ချင်းစုယွဲ့ဟာ တာဝန်ရှိကြီးကြပ်သူတစ်ယောက်က သူမလက်ထဲသို့ ထည့်ပေးလိုက်သည့် စာရွက်အား စိုက်ကြည့်လိုက်သည်။
အထူးဧည့်သည်တော် : ရှချောင်း
တက်ဆက်မှု : သီချင်းသီဆိုခြင်း
နောက်ထပ် အခြားသော ခမ်းနားကြီးကျယ်သည့် နောက်ဆုံးပိတ် ပဟေဠိဆန်ကာ လျို့ဝှက်ထားသည့် ဧည့်သည်တစ်ဦး ရှိသေးသည်။
ထိုအစီအစဉ်များအား ကြေငြာပေးဖို့ တာဝန်ကျသူမှာ အခန့်သင့်စွာပင် ချင်းစုယွဲ့ပဲ ဖြစ်လေ၏။ သူမက ရှချောင်းရဲ့ အစီအစဉ်ကိုကြေငြာချိန်တွင် ... "နောက်ထပ်ပြီး ရောက်ရှိလာမယ့် ဧည့်သည်တော်ကတော့ ကျွန်မအတွက် အရေးပါတဲ့သူတစ်ဦးပါ ... သူက ကျွန်မရဲ့ စီနီယာအကိုတစ်ယောက် ဖြစ်တဲ့အပြင် ကျွန်မကို ဒီလမ်းကြောင်းပေါ်မှာ အစီအစဉ် တင်ဆက်သူတစ်ယောက်အဖြစ် ညွှန်ကြားပြသပေးခဲ့သူလည်း ဖြစ်ပါတယ်ရှင် .... ကျွန်မတို့တွေက အခုချိန်ထိ အတူတူရပ်တည်ရင်း အခက်အခဲတွေကို ရဲရင့်စွာ တိုက်ခိုက်ပြီး ကျော်ဖြတ်နိုင်ခဲ့တယ်လို့တောင် ပြောလို့ရပါတယ် ... ကျွန်မက သူ့အတွက် ကျေးဇူးတင်ပေးချင်မိပြီး ကျွန်မရဲ့ မိခင်ကျောင်းတော်ကြီးဖြစ်တဲ့ ရှန်ကျင်းကောလိပ်ကို လာရောက် ချီးမြှင့်ပေးတဲ့အတွက်ကိုပါ ကျေးဇူးတင်ပါတယ်ရှင် ... အခု အားလုံးပဲ ရှချောင်းကို ကြိုဆိုပေးလိုက်ကြရအောင်!"
ရှချောင်းက ရိုးရိုး အနက်ရောင် ဘောင်းဘီရှည်နှင့် အဖြူရောင် တီရှပ်အား ဝတ်ဆင်ထားသည်။ တစ်ဖက်မှာလည်း သူ့ရဲ့ ချောမောခန့်ညားမှုက ပျောက်မသွားပေ။ သူက ပြုံးလိုက်ရင်း စင်အောက်ရှိ ပရိသတ်များအား လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။ "ရှန်ကျင်းကောလိပ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ နှစ်ပတ်လည်ပွဲတော်မှာ ရှိနေရတဲ့အတွက် ကျွန်တော် အရမ်းအရမ်းကို ပျော်ရွှင်မိပါတယ်ခင်ဗျာ ... ရှန်ကျင်းကောလိပ်ဆိုတာ လူတွေကို နွေးထွေးမှုနဲ့အတူတူ ကောင်းမွန်တဲ့ ခွန်အားတွေကို ပေးစွမ်းတဲ့ နေရာတစ်နေရာပါ ... ရှန်ကျင်းကောလိပ်ကြီး ပိုမိုလှပပြီး ကောင်းမွန်လာစေဖို့ ကျွန်တော်ဆန္ဒပြုပါတယ်! အခု ကျွန်တော် အကြိုက်ဆုံးသီချင်းကို အားလုံးကို ဆိုပြချင်ပါတယ် ... ဒီနေရာမှာ ထိုင်နေတဲ့ လူကြီးမင်းများ အားလုံးလည်း ပိုမိုတောက်ပပြီး ပိုမိုကြီးကျယ်ခမ်းနားတဲ့ အနာဂတ်တွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ မျှော်လင့်မိပါတယ်ခင်ဗျာ"
ရှချောင်း၏အသံက နားဝင်ပီယံရှိလှသည်။ သူက သီချင်းကို သီဆိုနေချိန်တွင် သူ့ရဲ့ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားသည်ကို သူ့ကိုယ်သူပင် မရပ်တန့်နိုင်ချေ။
ချင်းစုယွဲ့ဟာ စင်မြင့်၏ ဘေးတစ်ဖက်ထောင့်တွင် မတ်တပ်ရပ်နေကာ သူ့ထံတွင် အာရုံစိုက်ထားလျက် သီချင်းတစ်ပုဒ်လုံးအား နားထောင်လိုက်သည်။
ထိုတစ်ချိန်လုံးတွင် ရှချောင်းက စင်ပေါ်၌  သူ့ခန္ဓာကိုယ်အား လှည့်ကာ သူမကို ကြည့်ခဲ့သည်အား ချင်းစုယွဲ့ ခံစားမိသည်။ ချင်းစုယွဲ့က သူနှင့် မျက်လုံးချင်းဆုံတော့ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
ရှချောင်းကလဲ အပြုံးဖျော့ဖျော့နှင့် ပြန်တုံ့ပြန်၏။
တစ်ချိန်ထဲမှာပဲ ချန်းစီနျန်ကလည်း ဒါကို သတိပြုမိသွားပုံ ရလေသည်။ သူက သူ့ပတ်ဝန်းကျင်၌ အေးစက်စက် အရှိန်အဝါတွေ ထုတ်လွှတ်နေ၏။
သီချင်းသံ ပြီးဆုံခါနီးတော့ ရှချောင်းက ချန်းစီနျန်ရဲ့ မည်းမှောင်နေသည့် မျက်နှာအား အတားအဆီးမရှိ စိုက်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် သီချင်း၏ နောက်ဆုံးဂီတသံကို ရောက်ရှိလာ၏။ "အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ! နောက်ပြီးတော့ ကျောင်းအုပ်ကြီးနဲ့ စုယွဲ့ကိုရောပါပဲ"
ရှချောင်းရဲ့ သူမ၏နာမည်ကို ခေါ်လိုက်ပုံက သူတို့ တစ်ယောက်နှင့်တစ်ယောက် အရမ်း ရင်းနှီးကြသည်ဟူသော ခံစားချက်အား ခံစားရစေသည်။!
သီချင်းတွင် နစ်မြုပ်နေကြသည့်  လူတိုင်းကတော့ နာမည်ခေါ်လိုက်သည်အား တကယ်ကိုပင် သတိမထားမိခဲ့ကြပေ။ သို့ပေမယ့် တစ်စုံတစ်ယောက်ကတော့ နှလုံးထားထဲကနေကို တေးမှတ်ကာ ကြားခဲ့ရလေတော့သည်။
ညနေခင်း ဖျော်ဖြေပွဲက ပြီးဆုံးဖို့ နီးကပ်လာချေပြီ။ နောက်ဆုံးအစီအစဉ်ရဲ့ အရှေ့က အစီအစဉ်က ပြီးဆုံးဖို့ နှစ်မိနစ်ခန့်သာ လိုတော့သည်။ ချင်းစုယွဲ့ စင်နောက်ကို ပြန်ဝင်လာချိန်မှာတော့ သူမရဲ့ တွဲဖက်ပိန်သွယ်သွယ် အမျိုးသမီး တင်ဆက်သူလေးက အခြား အမျိုးသား အစီအစဉ်တင်ဆက်သူ နှစ်ယောက်အား မေးနေသည်ကို ကြားလိုက်ရ၏။ "ပဟေဠိလုပ်ထားတဲ့ ထူးဆန်းတဲ့ ဧည့်သည်တော်က ဘယ်သူလဲဆိုတာ နင်တို့ ဘာသံညာသံလေးများ သဲလွန်စ ကြားရကြသေးလား? ကျောင်းသားကောင်စီကို ရောက်လာတဲ့ ဘယ်လို ဩဇာအရှိန်အဝါရှိတဲ့ လူပုံစံကိုမှ ငါ မကြားခဲ့ရလို့ဟေး!"
24.2.2020
****************
Continue Reading
You'll Also Like
79.5K 8.1K 68
332K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
205K 5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်