[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 355K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၉၆ ..

18.4K 1.8K 138
By busy_pisi

《Zawgyi》

အပိုင္း - ၉၆
[မရွင္းမလင္း ဆက္ဆံေရး]

ခ်န္းအန္းက ႏြမ္းလ်လ် ပုံစံျဖစ္သြားသည့္ သူ႔သားျဖစ္သူ ခ်န္းစီႏ်န္အား ဖ်တ္ခနဲ ၾကည့္လိုက္၏။ ထို႔ေနာက္ သူက ခ်င္းစုယြဲ႕အား ... "မစိုးရိမ္ပါနဲ႔ သမီး" ဟု ေျပာလိုက္ၿပီး ခ်န္းစီႏ်န္အား တိုက္တြန္းလိုက္၏။ "ျမန္ျမန္ေမာင္းပါကြာ ...  ေန႔လည္စာစားၿပီးရင္ ငါက မင့္အန္ကယ္ဖုန္းဆီကို အလည္အပတ္ သြားမလို႔"

ခ်န္းစီႏ်န္က ကားစတီယာဘီးကို လွည့္လိုက္ရင္း စိတ္အလိုမက်စြာ ေျပာလိုက္သည္။ "Aၿမိဳ႕မွာ ပါး လုပ္စရာေတြ အမ်ားႀကီးရွိေနေသးရင္လည္း ဘာလို႔ ကၽြန္ေတာ့္ကို လာရွာေနေသးတာလဲ?"

"မင္းနဲ႔ ေဆြးေႏြးစရာ ကိစၥေလးေတြ ရွိေသးလို႔ လာတာေလ ဒါမွမဟုတ္ရင္ ငါ့က မင့္ကို ေတြ႕ခ်င္တယ္မ်ား ထင္ေနလား?"

"ကၽြန္ေတာ္ကလည္း ပါးကို မေတြ႕ခ်င္ပါဘူး"

"ဒီအ႐ူးေကာင္ကေတာ့!"

ထိုေနရာတြင္ ထိုင္ေနသည့္ ခ်င္းစုယြဲ႕မွာေတာ့ ဆြံ႕အသြားေတာ့သည္။

မွန္တယ္! ငါ လုံးဝကို ပါးစပ္မဟသင့္ဘူး

************

ရွန္က်င္းၿမိဳ႕မွာေတာ့ ခ်န္းစီႏ်န္၏ သူငယ္ခ်င္းျဖစ္သည့္ ကၽြမ္က်ဴးႏွင့္ အျခားသူမ်ားမွာ ယေန႔မွ ျပန္ေရာက္လာသည့္ ေမာ့ေပႏွင့္အတူ ေတြ႕ဆုံစုစည္းေနၾက၏။

သီးသန႔္ခန္း အတြင္းတြင္ ကၽြမ္က်ဴးက သူ႔ဝိုင္ခြက္အား ကိုင္ေျမႇာက္ရင္း ေမးလိုက္သည္။ "မင္း ျပန္လာၿပီးေတာ့ အခု ရွန္က်င္းၿမိဳ႕မွာပဲ ေတာ္ေတာ္ၾကာေအာင္ ေနေတာ့မယ္လို႔ စီစဥ္ေနတာလား?"

ေမာ့ေပက သူ႔ဝိုင္ခြက္ကို ေျမႇာက္လိုက္ကာ ကၽြမ္က်ဴး၏ခြက္ႏွင့္ တိုက္လိုက္ၿပီး ... "အင္း ငါ ဒီႏိုင္ငံထဲမွာပဲ ငါ့အလုပ္ကို ခ်ဲ႕ထြင္ၿပီး ေအာင္ျမင္ေအာင္ လုပ္ေတာ့မလို႔ စီစဥ္ေနတာ ... ငါ့အဖြားနဲ႔ အျခားသူေတြကလဲ ငါ့ကို ျပန္လာဖို႔ တိုက္တြန္းေနတာ မင္းသိတဲ့အတိုင္းပဲ"

ကၽြမ္က်ဴးက ခိုးခိုးခစ္ခစ္ ရယ္ေမာလိုက္ၿပီးေတာ့ ... "မင္း အ႐ူးလားကြာ? သူတို႔က မင္းကို ျပန္လာေစခ်င္တာနဲ႔ပဲ မင္းက တကယ့္ကို လိမ္လိမ္မာမာနဲ႔ သူတို႔စကားကို နာခံၿပီး ျပန္လာခဲ့တယ္ေပါ့? တျခား ကိစၥေဟာင္းေလး တခ်ိဳ႕ေၾကာင့္ မင္း ဒီကို ျပန္လာတာ မဟုတ္ဘူးလားကြ? ခ်မ္းသာတဲ့ အထက္တန္းလႊာ အိမ္ေတာ္ေတြရဲ့ မိန္းကေလးေတြ အားလုံးက သူတို႔ေတြထဲက ဘယ္သူ႔ကို မင္း ေရြးခ်ယ္မလဲဆိုတာကို ေတြ႕ရဖို႔ တန္းစီေစာင့္ဆိုင္းေနၾကတာကို!"

တစ္ဖက္က ေမာ့ေပကေတာ့ စိတ္လႈပ္ရွားသြားျခင္း မရွိပဲ ... "ငါ သူတို႔ကို ေရွာင္ႏိုင္ရင္ ေရွာင္မယ္ ... ဟန္ေဆာင္ဖို႔လိုရင္လဲ ဟန္ေဆာင္လိုက္မယ္ ... အဲဒါက ငါ့အတြက္ ျပႆနာႀကီးတစ္ခုမွ မဟုတ္ပဲ"

ေမာ့ေပက သူျပန္လာခဲ့ခ်ိန္တုန္းက ထိုအေၾကာင္းကို အမ်ားႀကီး ေတြးမေနခဲ့ေပ။ သူ ႐ုတ္တရက္ ျပန္လာခဲ့သည္က ရွန္ဝမ္းယန႔္ ႐ုတ္တရက္ ျပန္လာျခင္းေၾကာင့္သာ ျဖစ္၏။ ရွန္ဝမ္းယန႔္က ဒီႏိုင္ငံကို ျပန္လာဖို႔ ေသခ်ာသြားၿပီဆိုတာ သူသိေတာ့သိေပမယ့္ အရမ္း ျမန္ျမန္ႀကီး ျပန္သြားလိမ့္မည္ဟုေတာ့ သူ မထင္ထားခဲ့ေခ်။

ကၽြမ္က်ဴးက ျပဳံးလိုက္ရင္းႏွင့္ ... "အိုး မင္း ႏိုင္ငံျခားကို သြားၿပီးေတာ့ ႐ုပ္ရွင္ေလာကရဲ့ ဘုရင္တစ္ဆူ ျဖစ္လာမယ္လို႔ ငါမသိမိခဲ့ဘူး ... အနာဂတ္မွာ မင္း ေအာ္စကာဆုရဖို႔ အခြင့္အေရး ရွိတယ္လို႔မ်ား ဆိုလိုခ်င္တာလားကြာ?"

ေမာ့ေပက သူ႔မ်က္လုံးေတြကိုသာ အထက္သို႔ ပင့္လွန္ျပလိုက္ၿပီး ေမးလိုက္၏။ "ခ်န္းစီႏ်န္က ဘယ္မွာလဲ?"

"သူ! ငါၾကားတာေတာ့ သူက ဒီနိုင္ငံထဲက တစ္ေနရာရာကို ေရာက္ေနတယ္"

"စီးပြားေရးကိစၥ ခရီးပဲလား?"

"ျဖစ္လဲ ျဖစ္နိုင္တယ္ ... ျဖစ္လဲ မျဖစ္နိုင္ဘူး" ကၽြမ္က်ဴးက ထိုသို႔ ေျပာလိုက္ရင္း ရယ္ေမာလိုက္ကာ ... "အဲ့ေကာင္ႀကီး သိပ္မၾကာေသးခင္တုန္းက ေက်ာင္းကို အႀကိမ္ေပါင္းမ်ားစြာ သြားေနတယ္လို႔ ငါၾကားတာပဲ ... အရင္တုန္းက သူ ေက်ာင္းသြားရတာကို အဲ့ေလာက္ႀကီး သေဘာက်တယ္လို႔ ငါျဖင့္ မၾကားမိပါဘူး"

"အဲ့ေတာ့?"

ကၽြမ္က်ဴးက ေမာ့ေပအနားသို႔ ပိုကပ္သြားၿပီး မ်က္လုံးတစ္ဖက္ မွိတ္ျပကာ ... "ငါ ဟိုဟိုသည္သည္ စုံစမ္းၾကည့္လိုက္ေတာ့ ရွန္က်င္းေကာလိပ္ရဲ့ ႏွစ္ပတ္လည္ အခမ္းအနား မတိုင္မွီ ေရွ႕ရက္တုန္းက သူနဲ႔ မိန္းကေလး အစီအစဥ္တင္ဆက္သူတစ္ေယာက္နဲ႔ အေတာ္ေလး ရင္းႏွီးနီးစပ္ေနတယ္ဆိုတာ ငါရွာေဖြသိရွိသြားတယ္ကြာ ... အဲ့ေကာင္မေလးက ခ်င္းမိသားစုကတဲ့ ... မင္း သူ႔အေၾကာင္း ၾကားဖူးလား?"

ေမာ့ေပက အေလးအနက္ ေတြးဆၾကည့္လိုက္သည္။ သူမက ခ်င္းမိသားစုကလား? အင္း ငါ ခ်င္းကြမ္းခ်န္ကိုေတာ့ ၾကားဖူးတယ္

ေမာ့ေပက ဆက္ေမးျမန္းမလို႔ ျပင္ေနစဥ္မွာပဲ သူ႔ဖုန္းက ျမည္လာခဲ့သည္။ ေခၚဆိုသူကေတာ့ ရွန္ဝမ္းယန႔္ပင္။  ရွန္ဝမ္းယန႔္က ေမာ့ေပလည္း ဒီႏိုင္ငံကို ျပန္ေရာက္ၿပီဆိုတာ ၾကားသိလိုက္သျဖင့္ သူ႔အေၾကာင္းကိုေမးဖို႔ အထူးတလည္ ဖုန္းဆက္လိုက္တာ ျဖစ္၏။

ေမာ့ေပက သူ ျပန္ေရာက္သည္မွာ ဟုတ္မွန္ေၾကာင္း ျပန္ေျဖလိုက္ၿပီး တဆက္ထဲမွာပဲ သူ႔ရဲ့ ရင္းႏွီးလွတဲ့ ငယ္သူငယ္ခ်င္းေတြႏွင့္ ဘယ္လို ဆုံေတြ႕ေနသည္ကို အဆင္သင့္စြာ ေျပာျပလိုက္၏။ ရွန္ဝမ္းယန႔္က ဤသို႔ႏွယ္ ေမးလာလိမ့္မည္ဟုေတာ့ ဘယ္သူက ထင္ပါမည္လဲ? "အဆင္ေျပမယ္ဆိုရင္ ကၽြန္မ အဲဒီကို လာခဲ့လို႔ရမလား?"

ရွန္ဝမ္းယန႔္က သူ႔ကို ေတြ႕ခ်င္တယ္ ဆိုသည္မွာ ရွားပါးလြန္းလွသျဖင့္ ေမာ့ေပက ခ်က္ခ်င္းပဲ ျပန္ေျဖလိုက္သည္။ "ရတာေပါ့! ကိုယ္မင္းကို လာေခၚမယ္ေလ ... မင္း အခု ဘယ္မွာလဲ?"

"မလိုဘူး ရပါတယ္ ... ကၽြန္မက ရွင္ရွိတဲ့ေနရာနဲ႔ အရမ္းနီးတယ္ ... ကားေမာင္းၿပီးေတာ့ လာခဲ့လိုက္မယ္"

ဖုန္းခ်ၿပီးသြားသည့္ေနာက္ ေမာ့ေပက ကၽြမ္က်ဴးအား သီးသန႔္ခန္းအတြင္းရွိ လွပေသာ မိန္းကေလးမ်ားအား ဖယ္ထုတ္ေပးဖို႔ အျပင္းအထန္ တိုက္တြန္းလိုက္ကာ တဆက္ထဲ ဆက္ေျပာလိုက္သည္။ "ငါ့သူငယ္ခ်င္းက ခဏေနရင္ လာလိမ့္မယ္ ... မင္း စကားလုံးေတြကို သတိထားၿပီးေတာ့ မသင့္ေလ်ာ္တဲ့ ဘယ္အရာကိုမွ မေျပာမိေစနဲ႔"

ကၽြမ္က်ဴးက ေပ်ာ္ရႊင္သြား၏။ "မင္း သူငယ္ခ်င္းက အဲ့ေလာက္ထိ အဖိုးတန္တာလား? သူက မိန္းမလွေလးတစ္ေယာက္ ဟုတ္တယ္မလား?"

"သူက မိန္းမလွေလး တစ္ေယာက္ေတာ့ ဟုတ္ေပမယ့္ ငါတို႔က အခုခ်ိန္မွာ ခ်စ္သူလို ဆက္ဆံေရးမ်ိဳးထိေတာ့ မေရာက္ေသးပါဘူးကြာ"

ကၽြမ္က်ဴးကေတာ့ သူ႔ကို မယုံၾကည္ေပ။ ရွန္ဝမ္ယန႔္ ေရာက္ရွိလာခ်ိန္မွာ ေမာ့ေပက သူမကို မိတ္ဆက္ေပးလိုက္သည္။ "သူက ရွန္ဝမ္းယန႔္တဲ့" ကၽြမ္က်ဴးက ထို႔ေနာက္မွာ ခ်က္ခ်င္းပဲ ျပန္စဥ္းစား မွတ္မိသြားသည္။ သူ႔မ်ိဳးရိုးနာမည္က ရွန္လား? သူက ခ်န္းစီႏ်န္ရဲ့ ရည္းစားလို႔ ေကာလာဟလ ထြက္တဲ့သူလား?

"မင္း--" ကၽြမ္က်ဴးက သတိလက္လြတ္ လန႔္သြားမိေပမယ့္ တဲ့တိုးပဲ ေမးျမန္းလိုက္၏။ "မင္းနဲ႔ အားႏ်န္နဲ႔ၾကားက ဆက္ဆံေရးက ဘာလဲ?"

ရွန္ဝမ္းယန႔္က ဒီေနရာကို ခ်န္းစီႏ်န္အတြက္ပဲ လာခဲ့တာျဖစ္၏။ သီးသန႔္ခန္း တစ္ခုလုံးအား ေဝ့ဝဲၾကည့္ရႈၿပီးသည္အထိ သူမက ခ်န္းစီႏ်န္အား မေတြ႕ခဲ့ေပ။ ရွန္ဝမ္းယန႔္က ခပ္ေဖ်ာ့ေဖ်ာ့ ျပဳံးလိုက္ၿပီးေတာ့ ျပန္ေျဖလိုက္ေလ၏။ "မရွင္းမလင္း ဆက္ဆံေရးမ်ိဳးေပါ့"

ကၽြမ္က်ဴးခမ်ာ ဆြံ႕အသြားေတာ့၏။

27.2.2020

***********************

《Unicode》

အပိုင်း - ၉၆
[မရှင်းမလင်း ဆက်ဆံရေး]

ချန်းအန်းက နွမ်းလျလျ ပုံစံဖြစ်သွားသည့် သူ့သားဖြစ်သူ ချန်းစီနျန်အား ဖျတ်ခနဲ ကြည့်လိုက်၏။ ထို့နောက် သူက ချင်းစုယွဲ့အား ... "မစိုးရိမ်ပါနဲ့ သမီး" ဟု ပြောလိုက်ပြီး ချန်းစီနျန်အား တိုက်တွန်းလိုက်၏။ "မြန်မြန်မောင်းပါကွာ ...  နေ့လည်စာစားပြီးရင် ငါက မင့်အန်ကယ်ဖုန်းဆီကို အလည်အပတ် သွားမလို့"

ချန်းစီနျန်က ကားစတီယာဘီးကို လှည့်လိုက်ရင်း စိတ်အလိုမကျစွာ ပြောလိုက်သည်။ "Aမြို့မှာ ပါး လုပ်စရာတွေ အများကြီးရှိနေသေးရင်လည်း ဘာလို့ ကျွန်တော့်ကို လာရှာနေသေးတာလဲ?"

"မင်းနဲ့ ဆွေးနွေးစရာ ကိစ္စလေးတွေ ရှိသေးလို့ လာတာလေ ဒါမှမဟုတ်ရင် ငါ့က မင့်ကို တွေ့ချင်တယ်များ ထင်နေလား?"

"ကျွန်တော်ကလည်း ပါးကို မတွေ့ချင်ပါဘူး"

"ဒီအရူးကောင်ကတော့!"

ထိုနေရာတွင် ထိုင်နေသည့် ချင်းစုယွဲ့မှာတော့ ဆွံ့အသွားတော့သည်။

မှန်တယ်! ငါ လုံးဝကို ပါးစပ်မဟသင့်ဘူး

************

ရှန်ကျင်းမြို့မှာတော့ ချန်းစီနျန်၏ သူငယ်ချင်းဖြစ်သည့် ကျွမ်ကျူးနှင့် အခြားသူများမှာ ယနေ့မှ ပြန်ရောက်လာသည့် မော့ပေနှင့်အတူ တွေ့ဆုံစုစည်းနေကြ၏။

သီးသန့်ခန်း အတွင်းတွင် ကျွမ်ကျူးက သူ့ဝိုင်ခွက်အား ကိုင်မြှောက်ရင်း မေးလိုက်သည်။ "မင်း ပြန်လာပြီးတော့ အခု ရှန်ကျင်းမြို့မှာပဲ တော်တော်ကြာအောင် နေတော့မယ်လို့ စီစဉ်နေတာလား?"

မော့ပေက သူ့ဝိုင်ခွက်ကို မြှောက်လိုက်ကာ ကျွမ်ကျူး၏ခွက်နှင့် တိုက်လိုက်ပြီး ... "အင်း ငါ ဒီနိုင်ငံထဲမှာပဲ ငါ့အလုပ်ကို ချဲ့ထွင်ပြီး အောင်မြင်အောင် လုပ်တော့မလို့ စီစဉ်နေတာ ... ငါ့အဖွားနဲ့ အခြားသူတွေကလဲ ငါ့ကို ပြန်လာဖို့ တိုက်တွန်းနေတာ မင်းသိတဲ့အတိုင်းပဲ"

ကျွမ်ကျူးက ခိုးခိုးခစ်ခစ် ရယ်မောလိုက်ပြီးတော့ ... "မင်း အရူးလားကွာ? သူတို့က မင်းကို ပြန်လာစေချင်တာနဲ့ပဲ မင်းက တကယ့်ကို လိမ်လိမ်မာမာနဲ့ သူတို့စကားကို နာခံပြီး ပြန်လာခဲ့တယ်ပေါ့? တခြား ကိစ္စဟောင်းလေး တချို့ကြောင့် မင်း ဒီကို ပြန်လာတာ မဟုတ်ဘူးလားကွ? ချမ်းသာတဲ့ အထက်တန်းလွှာ အိမ်တော်တွေရဲ့ မိန်းကလေးတွေ အားလုံးက သူတို့တွေထဲက ဘယ်သူ့ကို မင်း ရွေးချယ်မလဲဆိုတာကို တွေ့ရဖို့ တန်းစီစောင့်ဆိုင်းနေကြတာကို!"

တစ်ဖက်က မော့ပေကတော့ စိတ်လှုပ်ရှားသွားခြင်း မရှိပဲ ... "ငါ သူတို့ကို ရှောင်နိုင်ရင် ရှောင်မယ် ... ဟန်ဆောင်ဖို့လိုရင်လဲ ဟန်ဆောင်လိုက်မယ် ... အဲဒါက ငါ့အတွက် ပြဿနာကြီးတစ်ခုမှ မဟုတ်ပဲ"

မော့ပေက သူပြန်လာခဲ့ချိန်တုန်းက ထိုအကြောင်းကို အများကြီး တွေးမနေခဲ့ပေ။ သူ ရုတ်တရက် ပြန်လာခဲ့သည်က ရှန်ဝမ်းယန့် ရုတ်တရက် ပြန်လာခြင်းကြောင့်သာ ဖြစ်၏။ ရှန်ဝမ်းယန့်က ဒီနိုင်ငံကို ပြန်လာဖို့ သေချာသွားပြီဆိုတာ သူသိတော့သိပေမယ့် အရမ်း မြန်မြန်ကြီး ပြန်သွားလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ချေ။

ကျွမ်ကျူးက ပြုံးလိုက်ရင်းနှင့် ... "အိုး မင်း နိုင်ငံခြားကို သွားပြီးတော့ ရုပ်ရှင်လောကရဲ့ ဘုရင်တစ်ဆူ ဖြစ်လာမယ်လို့ ငါမသိမိခဲ့ဘူး ... အနာဂတ်မှာ မင်း အော်စကာဆုရဖို့ အခွင့်အရေး ရှိတယ်လို့များ ဆိုလိုချင်တာလားကွာ?"

မော့ပေက သူ့မျက်လုံးတွေကိုသာ အထက်သို့ ပင့်လှန်ပြလိုက်ပြီး မေးလိုက်၏။ "ချန်းစီနျန်က ဘယ်မှာလဲ?"

"သူ! ငါကြားတာတော့ သူက ဒီနိုင်ငံထဲက တစ်နေရာရာကို ရောက်နေတယ်"

"စီးပွားရေးကိစ္စ ခရီးပဲလား?"

"ဖြစ်လဲ ဖြစ်နိုင်တယ် ... ဖြစ်လဲ မဖြစ်နိုင်ဘူး" ကျွမ်ကျူးက ထိုသို့ ပြောလိုက်ရင်း ရယ်မောလိုက်ကာ ... "အဲ့ကောင်ကြီး သိပ်မကြာသေးခင်တုန်းက ကျောင်းကို အကြိမ်ပေါင်းများစွာ သွားနေတယ်လို့ ငါကြားတာပဲ ... အရင်တုန်းက သူ ကျောင်းသွားရတာကို အဲ့လောက်ကြီး သဘောကျတယ်လို့ ငါဖြင့် မကြားမိပါဘူး"

"အဲ့တော့?"

ကျွမ်ကျူးက မော့ပေအနားသို့ ပိုကပ်သွားပြီး မျက်လုံးတစ်ဖက် မှိတ်ပြကာ ... "ငါ ဟိုဟိုသည်သည် စုံစမ်းကြည့်လိုက်တော့ ရှန်ကျင်းကောလိပ်ရဲ့ နှစ်ပတ်လည် အခမ်းအနား မတိုင်မှီ ရှေ့ရက်တုန်းက သူနဲ့ မိန်းကလေး အစီအစဉ်တင်ဆက်သူတစ်ယောက်နဲ့ အတော်လေး ရင်းနှီးနီးစပ်နေတယ်ဆိုတာ ငါရှာဖွေသိရှိသွားတယ်ကွာ ... အဲ့ကောင်မလေးက ချင်းမိသားစုကတဲ့ ... မင်း သူ့အကြောင်း ကြားဖူးလား?"

မော့ပေက အလေးအနက် တွေးဆကြည့်လိုက်သည်။ သူမက ချင်းမိသားစုကလား? အင်း ငါ ချင်းကွမ်းချန်ကိုတော့ ကြားဖူးတယ်

မော့ပေက ဆက်မေးမြန်းမလို့ ပြင်နေစဉ်မှာပဲ သူ့ဖုန်းက မြည်လာခဲ့သည်။ ခေါ်ဆိုသူကတော့ ရှန်ဝမ်းယန့်ပင်။  ရှန်ဝမ်းယန့်က မော့ပေလည်း ဒီနိုင်ငံကို ပြန်ရောက်ပြီဆိုတာ ကြားသိလိုက်သဖြင့် သူ့အကြောင်းကိုမေးဖို့ အထူးတလည် ဖုန်းဆက်လိုက်တာ ဖြစ်၏။

မော့ပေက သူ ပြန်ရောက်သည်မှာ ဟုတ်မှန်ကြောင်း ပြန်ဖြေလိုက်ပြီး တဆက်ထဲမှာပဲ သူ့ရဲ့ ရင်းနှီးလှတဲ့ ငယ်သူငယ်ချင်းတွေနှင့် ဘယ်လို ဆုံတွေ့နေသည်ကို အဆင်သင့်စွာ ပြောပြလိုက်၏။ ရှန်ဝမ်းယန့်က ဤသို့နှယ် မေးလာလိမ့်မည်ဟုတော့ ဘယ်သူက ထင်ပါမည်လဲ? "အဆင်ပြေမယ်ဆိုရင် ကျွန်မ အဲဒီကို လာခဲ့လို့ရမလား?"

ရှန်ဝမ်းယန့်က သူ့ကို တွေ့ချင်တယ် ဆိုသည်မှာ ရှားပါးလွန်းလှသဖြင့် မော့ပေက ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။ "ရတာပေါ့! ကိုယ်မင်းကို လာခေါ်မယ်လေ ... မင်း အခု ဘယ်မှာလဲ?"

"မလိုဘူး ရပါတယ် ... ကျွန်မက ရှင်ရှိတဲ့နေရာနဲ့ အရမ်းနီးတယ် ... ကားမောင်းပြီး လာခဲ့လို့ရပါတယ်"

ဖုန်းချပြီးသွားသည့်နောက် မော့ပေက ကျွမ်ကျူးအား သီးသန့်ခန်းအတွင်းရှိ လှပသော မိန်းကလေးများအား ဖယ်ထုတ်ပေးဖို့ အပြင်းအထန် တိုက်တွန်းလိုက်ကာ တဆက်ထဲ ဆက်ပြောလိုက်သည်။ "ငါ့သူငယ်ချင်းက ခဏနေရင် လာလိမ့်မယ် ... မင်း စကားလုံးတွေကို သတိထားပြီးတော့ မသင့်လျော်တဲ့ ဘယ်အရာကိုမှ မပြောမိစေနဲ့"

ကျွမ်ကျူးက ပျော်ရွှင်သွား၏။ "မင်း သူငယ်ချင်းက အဲ့လောက်ထိ အဖိုးတန်တာလား? သူက မိန်းမလှလေးတစ်ယောက် ဟုတ်တယ်မလား?"

"သူက မိန်းမလှလေး တစ်ယောက်တော့ ဟုတ်ပေမယ့် ငါတို့က အခုချိန်မှာ ချစ်သူလို ဆက်ဆံရေးမျိုးထိတော့ မရောက်သေးပါဘူးကွာ"

ကျွမ်ကျူးကတော့ သူ့ကို မယုံကြည်ပေ။ ရှန်ဝမ်ယန့် ရောက်ရှိလာချိန်မှာ မော့ပေက သူမကို မိတ်ဆက်ပေးလိုက်သည်။ "သူက ရှန်ဝမ်းယန့်တဲ့" ကျွမ်ကျူးက ထို့နောက်မှာ ချက်ချင်းပဲ ပြန်စဉ်းစား မှတ်မိသွားသည်။ သူ့မျိုးရိုးနာမည်က ရှန်လား? သူက ချန်းစီနျန်ရဲ့ ရည်းစားလို့ ကောလာဟလ ထွက်တဲ့သူလား?

"မင်း--" ကျွမ်ကျူးက သတိလက်လွတ် လန့်သွားမိပေမယ့် တဲ့တိုးပဲ မေးမြန်းလိုက်၏။ "မင်းနဲ့ အားနျန်နဲ့ကြားက ဆက်ဆံရေးက ဘာလဲ?"

ရှန်ဝမ်းယန့်က ဒီနေရာကို ချန်းစီနျန်အတွက်ပဲ လာခဲ့တာဖြစ်၏။ သီးသန့်ခန်း တစ်ခုလုံးအား ဝေ့ဝဲကြည့်ရှုပြီးသည်အထိ သူမက ချန်းစီနျန်အား မတွေ့ခဲ့ပေ။ ရှန်ဝမ်းယန့်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးတော့ ပြန်ဖြေလိုက်လေ၏။ "မရှင်းမလင်း ဆက်ဆံရေးမျိုးပေါ့"

ကျွမ်ကျူးခမျာ ဆွံ့အသွားတော့၏။

27.2.2020

**********************

Continue Reading

You'll Also Like

789K 87.9K 146
second part of No Doubt in Us ကျွန်တော့်accထဲကပထမပိုင်းရဲ့အဆက်ပါ second part of No Doubt in Us ကြၽန္ေတာ့္accထဲကပထမပိုင္းရဲ႕အဆက္ပါ
164K 14.7K 62
Own Credtion လို႔ အတိအက် မေဖာ္က်ဴးႏုိင္ေပမယ့္ ေက်ာရိုးမွလြဲ၍ ဇာတ္လမး္ ဇာတ္ကြက္နဲ႔ ဇာတ္ေကာင္ေတြ အားလံုးဟာ စြဲေမြးဖြားထားတဲ့ စြဲရဲ႕သားသမီးေတြ ျဖစ္ပါတယ္...
2.4K 115 12
#crd to original author
265K 11K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...