[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 355K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၉၃ ..

18.4K 2K 216
By busy_pisi

《Zawgyi》

အပိုင္း - ၉၃
[ဒီဇာတ္ေၾကာင္းက လံုးဝကို လြဲေနၿပီ!]

ခ်င္းစုယြဲ႕မွာ သူမ၏ လက္ေကာက္ဝတ္အား ရုတ္တရက္ ဆြဲကိုင္ခံလိုက္ရသျဖင့္ ထိတ္လန္႔တုန္လႈပ္သြားၿပီး ခႏၶာကိုယ္အား ေနာက္သို႔လွည့္ကာ ထိုလူအား လွမ္းကန္လိုက္၏။ သို႔ေသာ္လည္း သူမ၏ ရွည္သြယ္သြယ္ ေျခေထာက္ေလးမွာ ခ်န္းစီႏ်န္၏ ဟန္႔တားျခင္းကို ခံလိုက္ရသည္။

ခ်န္းစီႏ်န္က သူမ ထိုသို႔ လႈပ္ရွားလိမ့္မည္လို႔ မထင္မိခဲ့ေပ။ သူက မည္းေမွာင္ေနေသာ မ်က္ႏွာအမူအယာျဖင့္ ... "မင္းက တကယ္ကိုပဲ ဒီလိုလည္း လုပ္ႏိုင္ေသးတာလား?"

ခ်င္းစုယြဲ႕ကေတာ့ သူမ၏လက္အား ဆုပ္ကိုင္လိုက္သူမွာ ခ်န္းစီႏ်န္ ျဖစ္ေနသည္အား ေတြ႕လိုက္ရတဲ့အခါ သူ႔ရဲ႕ဆုပ္ကိုင္ထားမႈမွ အလ်င္အျမန္ပဲ ရုန္းထြက္လိုက္သည္။ ခ်န္းစီႏ်န္မွာ သူမ၏ ကိုယ္ခံပညာ တတ္ကၽြမ္းေနမႈအေပၚ အံ့အားသင့္ေနမိတုန္း ရွိေသးသျဖင့္ သတိလက္လြတ္ ျဖစ္ေနေပရာ ခ်င္းစုယြဲ႕တစ္ေယာက္ ေအာင္ေအာင္ျမင္ျမင္ႏွင့္ပင္ လြတ္ေျမာက္သြားႏိုင္ေလ၏။

ခ်င္းစုယြဲ႕က အေနာက္သို႔ ေျခတစ္လွမ္း ဆုတ္လိုက္ရင္း သတိထားကာ သူ႔ကို ေမးလို္က္သည္။ "ဘာလို႔ ရွင္ ျဖစ္ေနတာလဲ?!"

"ကိုယ္မဟုတ္ဘူးဆိုရင္ ဘယ္သူျဖစ္ႏိုင္တာမို႔လဲ? ရွေခ်ာင္းလား?" ခ်န္းစီႏ်န္မွာ ဒီတစ္ညလံုး သူ႔ကိုယ္သူ ခ်ဳပ္ထိန္းေနရသည္။ သူမက အခမ္းအနားတြင္ အစီအစဥ္ေတြအား တစ္ညလံုး တင္ဆက္ေနခ်ိန္မွာ သူကေတာ့ သူမအတြက္ေၾကာင့္ႏွင့္ ထိုေနရာတြင္ထိုင္ၿပီး ပ်င္းစရာေကာင္းလွေသာ အစီအစဥ္ေတြအား ၾကည့္ရႈေနရင္းႏွင့္ အခ်ိန္ျဖဳန္းေနရသည္။ ေနာက္ဆံုးအထိကို သူမကေတာ့ ဖ်တ္ခနဲ အၾကည့္ေလးတစ္ခ်က္ေတာင္ သူ႔အတြက္ ေရာက္မလာခဲ့ေပ။

သူ အေရွ႕ဆံုးအတန္း၌ ရွိေနသည္အား သူမ မသိခဲ့ဘူးလို႔ေတာ့ သူ မယံုၾကည္ေပ။ သူမ သိကို သိေပလိမ့္မည္။ ဒါ့အျပင္ အစီအစဥ္ တင္ဆက္သူေတြက တက္ေရာက္လာသည့္ ဧည့္သည္ေတြအား မိတ္ဆက္ေပးသည့္အခါမွာလည္း သူ႔နာမည္ ပါခဲ့သည္ပဲေလ။

ဒီအေၾကာင္းကို ဖယ္ထားလိုက္ရင္ေတာင္ သည္းမခံႏိုင္စရာ အေကာင္းဆံုး အျဖစ္ကေတာ့ သူမႏွင့္ ရွေခ်ာင္းပင္ ျဖစ္သည္။

အစီအစဥ္ေတြ အားလံုးနီးပါး ၿပီးဆံုးသြားသည့္အခါမွာ ခ်န္းစီႏ်န္က စင္ေနာက္သို႔သြားကာ ခ်င္းစုယြဲ႕အား ရင္ဆိုင္ေတြ႕လိုက္ခ်င္ေပမယ့္ သူ႔မွာ စီးပြားေရးနယ္ပယ္က အတန္းေဖာ္ေဟာင္း တစ္ဦး၏ တက်ီက်ီ နားဒုကၡေပးျခင္းကို ခံခဲ့ရေသးသည္။ သူ သူမအနားသို႔ အေျပးအလႊား ေရာက္ရွိသြားခ်ိန္မွာေတာ့ ခ်င္းစုယြဲ႕တစ္ေယာက္ က်ံဳခ်င္း ရွေခ်ာင္းတို႔ႏွင့္အတူ ထြက္သြားသည္ကိုသာ ၾကည့္ေနလိုက္ရ၏။

ခ်န္းစီႏ်န္မွာ ေဒါသျဖင့္ အံကိုတင္းတင္းႀကိတ္လိုက္မိၿပီး အစကေတာ့ သူ႔အိမ္ကိုသာ တန္းတန္း လွည့္ျပန္သြားခဲ့တာ ျဖစ္ေပမယ့္ လမ္းတစ္ဝက္တြင္ပင္ သူ႔ကားအား ဂငယ္ေကြ႕ ျပန္ေကြ႕ကာ သူမေနာက္သို႔ လိုက္လာခဲ့ျခင္း ျဖစ္သည္။

သူသာ ခ်င္းစုယြဲ႕အား Aၿမိဳ႕ေတာ္သို႔ ျပန္ခြင့္ျပဳလိုက္ပါလၽွင္ ေနာက္ထပ္ အေရးႀကီး ပြဲေတာ္ေတြသာ မရွိပါက ဒီႏွစ္ကုန္ဆံုးသည္အထိေတာင္ သူမက လံုးဝကို ျပန္လာေတာ့မွာ မဟုတ္ဘူးဆိုတာကို သူ သိေလ၏။

ခ်င္းစုယြဲ႕ကေတာ့ ခ်န္းစီႏ်န္၏ သူ႔ကိုယ္သူ အမွန္ဟုတ္လွၿပီထင္ေနသာ ေလသံအား နားေထာင္ရင္း ရယ္ေမာလိုက္သည္။ "ခ်န္းစီႏ်န္ ရွင္ အရမ္းၿငီးေငြ႕စရာေကာင္းေအာင္ လုပ္မေနလို႔ မရဘူးလား?"

"ကိုယ္က မင္းအတြက္ေတာ့ ၿငီးေငြ႕စရာ ေကာင္းေနေပမယ့္ ရွေခ်ာင္းနဲ႔ မင္းနဲ႔ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေကာင္းေကာင္း ေျပာခ်ိန္ရွိခဲ့တယ္ထင္တယ္"

"ရွင္က်ေတာ့ေရာ? ရွင္က ရွေခ်ာင္းထက္ ပိုစိတ္ဝင္စားစရာေကာင္းတယ္ ဆိုတာကို သက္ေသျပဖို႔အတြက္နဲ႔ ကၽြန္မကို မရပ္မနား အေႏွာင့္အယွက္ ေပးေနတာလား?"

"ကိုယ္--!" ခ်န္းစီႏ်န္ဟာ သူ႔စိတ္သူ တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္လ်က္ ေလးေလးနက္နက္ျဖင့္ ... "ကိုယ္ မင္းနဲ႔ ရန္မျဖစ္ခ်င္ဘူး"

"ဟြန္႔ ... ဘယ္သူကေရာ ရွင္နဲ႔ ရန္ျဖစ္ခ်င္ေနလို႔လဲ?" ခ်င္းစုယြဲ႕က ထိုသို႔ေျပာလိုက္ၿပီး ေနာက္သို႔ လ်င္ျမန္စြာ ဆတ္ခနဲ စူေအာင့္ေအာင့္ လွည့္ထြက္လာလိုက္သည္။

ခ်န္းစီႏ်န္ဟာ ခ်င္းစုယြဲ႕ သူ႔အနားကေန ထြက္သြားတိုင္း ထပ္တလဲလဲ ျမင္ေနရသည့္ သူမ၏ ေက်ာဘက္ ျမင္ကြင္းေလးအား စိုက္ၾကည့္ရင္း ေဒါသထြက္လာမိသည္။ သူက လမ္းမထက္သို႔သြားကာ သူမအား ဆြဲေခၚလာခဲ့ေတာ့၏။

"ကၽြန္မကို လႊတ္ေပး! ခ်န္းစီႏ်န္! ရွင္ ဘာလို႔ ကၽြန္မကို ဆြဲေခၚေနရတာတုန္း?! လႊတ္ေပး! ခ်န္းစီႏ်န္! ရွင္ ကၽြန္မ ေျပာတာကို ၾကားလား?! ကၽြန္မကို လႊတ္ေပးလို႔ ..."

ခ်န္းစီႏ်န္က သူမအား ပိုပိုေဝးေအာင္ ဆြဲေခၚလာသည္ကို ၾကည့္ရင္း ခ်င္းစုယြဲ႕မွာ ေျခဖ်ားအား အသာဖြဖြ ေထာက္ကာ လွမ္းကန္လိုက္ေတာ့မလို႔ ျပင္ေနသည့္ အခ်ိန္မွာပဲ ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ရဲ႕ ပုခံုးႏွစ္ဖက္အား ဆုပ္ကိုင္ကာ သူမအား နံရံႏွင့္ ျပင္းထန္စြာ ဖိကပ္ထားလိုက္၏။
[T/N အခု စာအုပ္ကာဗာထဲက ပံုလိုမ်ိဳး အေနအထားေလး]
ခ်င္းစုယြဲ႕မွာ လံုးဝကို မလႈပ္ရွားႏိုင္ေတာ့သျဖင့္ စိတ္တိုေဒါသထြက္ကာ သူ႔အား ဆူေတာ့သည္။ "ခ်န္းစီႏ်န္ ရွင္ လူယုတ္မာ!"

လူယုတ္မာလို႔ အေခၚခံလိုက္ရသည့္ ခ်န္းစီႏ်န္ကေတာ့ သူ႔ေခါင္းအား ငံု႔ကိုင္းလိုက္ၿပီး စိတ္တိုေနမႈေၾကာင့္ ကိုက္ခံထားရသည့္ သူမ၏ ပန္းေသြးေရာင္ ႏူးညံ့ညံ့ ႏႈတ္ခမ္းပါးတို႔အား စိုက္ၾကည့္လိုက္သည္။ သူ႔ခႏၶာကိုယ္အား ျဖည္းျဖည္းခ်င္း ငံု႔ကုိင္းလိုက္ရင္း ခ်င္းစုယြဲ႕၏ နားနားသို႔ကပ္ကာ ေျပာလိုက္၏။ "လူယုတ္မာ ဟုတ္လား? ကိုယ္က ပိုၿပီးေတာ့ေတာင္ ယုတ္မာလို႔ရေသးတယ္ေနာ္? မင္း ေတြ႕ခ်င္လား?"

သူ ထိုသို႔ေျပာပီးပီးခ်င္းမွာပဲ ခ်င္းစုယြဲ႕မွာ သူမ၏ ႏႈတ္ခမ္းပါးတစ္စံုထက္၌ ႏူးႏူးညံ့ညံ့ တစ္စံုတစ္ရာအား ခံစားလိုက္ရသည္။ သူမမွာ ထိတ္လန္႔အံ့ဩမႈေၾကာင့္ မ်က္ဝန္းေတြ ျပဴးက်ယ္သြားမိၿပီး ခ်န္းစီႏ်န္၏ တင္းတင္းက်ပ္က်ပ္ ေစ့မွိတ္ထားေသာ မ်က္ဝန္းေတြႏွင့္ ပိန္းေပါက္ေအာင္ မည္းနက္ေနေသာ အနည္းငယ္ တုန္ရီေနသည့္ သူ႔ရဲ႕ မ်က္ေတာင္ေမႊး ထူစိပ္စိပ္တို႔ကိုသာ ျမင္ေတြ႕ေနရေတာ့သည္။

ခ်င္းစုယြဲ႕မွာ အေတြးေတြထဲ ေၾကာင္အ နစ္ျမဳပ္ေနမိခ်ိန္မွာပဲ သူမ ႏႈတ္ခမ္းထက္၌ နာက်င္မႈအား ခံစားလိုက္ရသည္။ လူယုတ္မာ! သူ ငါ့ႏႈတ္ခမ္းကို ကိုက္ရဲတယ္

ခ်န္းစီႏ်န္က သူမရဲ႕ ႏႈတ္ခမ္းေတြထဲ ဝင္ေရာက္လာဖို႔ ရွာေနခ်ိန္၌ သူ႔အား ဆဲေရးမိလိုက္ေတာ့မလို႔ပင္။ ခ်န္းစီႏ်န္၏ သြက္လက္လ်င္ျမန္လွေသာ လၽွာက သူမရဲ႕ ခံတြင္းအတြင္းသို႔ ေရာက္ရွိႏိုင္ခဲ့ခ်ိန္မွာေတာ့ ခ်င္းစုယြဲ႕တစ္ေယာက္ သူမကိုယ္သူမ တဆတ္ဆတ္ တုန္ရီေနသည္ကိုသာ ခံစားေနမိေတာ့၏။

ခ်င္းစုယြဲ႕မွာ ဒီေနရာႏွင့္ သိပ္မေဝးသည့္ ေနရာမွ လမ္းမီးေရာင္ ဝါေဖ်ာ့ေဖ်ာ့ကိုသာ ေၾကာင္ေငးၾကည့္ေနမိသည္။ သူမမွာ ငိုခ်လိုက္ခ်င္ေပမယ့္ မ်က္ရည္က ထြက္မလာေခ်။ ဒါႀကီးက မျဖစ္သင့္ဘူးေလ! ခ်န္းစီႏ်န္က ဘယ္တုန္းက ငါ့ကို နမ္းခဲ့တာပါလိမ့္?! သူ နမ္းေနတဲ့သူက ရွန္ဝမ္းယန္႔ပဲ ျဖစ္သင့္တာေလ! ဒီဇာတ္ေၾကာင္းကေတာ့ လံုးဝကို လြဲေနၿပီေနာ္!

25.2.2020

************************

《Unicode》

အပိုင်း - ၉၃
[ဒီဇာတ်ကြောင်းက လုံးဝကို လွဲနေပြီ!]

ချင်းစုယွဲ့မှာ သူမ၏ လက်ကောက်ဝတ်အား ရုတ်တရက် ဆွဲကိုင်ခံလိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားပြီး ခန္ဓာကိုယ်အား နောက်သို့လှည့်ကာ ထိုလူအား လှမ်းကန်လိုက်၏။ သို့သော်လည်း သူမ၏ ရှည်သွယ်သွယ် ခြေထောက်လေးမှာ ချန်းစီနျန်၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။

ချန်းစီနျန်က သူမ ထိုသို့ လှုပ်ရှားလိမ့်မည်လို့ မထင်မိခဲ့ပေ။ သူက မည်းမှောင်နေသော မျက်နှာအမူအယာဖြင့် ... "မင်းက တကယ်ကိုပဲ ဒီလိုလည်း လုပ်နိုင်သေးတာလား?"

ချင်းစုယွဲ့ကတော့ သူမ၏လက်အား ဆုပ်ကိုင်လိုက်သူမှာ ချန်းစီနျန် ဖြစ်နေသည်အား တွေ့လိုက်ရတဲ့အခါ သူ့ရဲ့ဆုပ်ကိုင်ထားမှုမှ အလျင်အမြန်ပဲ ရုန်းထွက်လိုက်သည်။ ချန်းစီနျန်မှာ သူမ၏ ကိုယ်ခံပညာ တတ်ကျွမ်းနေမှုအပေါ် အံ့အားသင့်နေမိတုန်း ရှိသေးသဖြင့် သတိလက်လွတ် ဖြစ်နေပေရာ ချင်းစုယွဲ့တစ်ယောက် အောင်အောင်မြင်မြင်နှင့်ပင် လွတ်မြောက်သွားနိုင်လေ၏။

ချင်းစုယွဲ့က အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရင်း သတိထားကာ သူ့ကို မေးလို်က်သည်။ "ဘာလို့ ရှင် ဖြစ်နေတာလဲ?!"

"ကိုယ်မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်တာမို့လဲ? ရှချောင်းလား?" ချန်းစီနျန်မှာ ဒီတစ်ညလုံး သူ့ကိုယ်သူ ချုပ်ထိန်းနေရသည်။ သူမက အခမ်းအနားတွင် အစီအစဉ်တွေအား တစ်ညလုံး တင်ဆက်နေချိန်မှာ သူကတော့ သူမအတွက်ကြောင့်နှင့် ထိုနေရာတွင်ထိုင်ပြီး ပျင်းစရာကောင်းလှသော အစီအစဉ်တွေအား ကြည့်ရှုနေရင်းနှင့် အချိန်ဖြုန်းနေရသည်။ နောက်ဆုံးအထိကို သူမကတော့ ဖျတ်ခနဲ အကြည့်လေးတစ်ချက်တောင် သူ့အတွက် ရောက်မလာခဲ့ပေ။

သူ အရှေ့ဆုံးအတန်း၌ ရှိနေသည်အား သူမ မသိခဲ့ဘူးလို့တော့ သူ မယုံကြည်ပေ။ သူမ သိကို သိပေလိမ့်မည်။ ဒါ့အပြင် အစီအစဉ် တင်ဆက်သူတွေက တက်ရောက်လာသည့် ဧည့်သည်တွေအား မိတ်ဆက်ပေးသည့်အခါမှာလည်း သူ့နာမည် ပါခဲ့သည်ပဲလေ။

ဒီအကြောင်းကို ဖယ်ထားလိုက်ရင်တောင် သည်းမခံနိုင်စရာ အကောင်းဆုံး အဖြစ်ကတော့ သူမနှင့် ရှချောင်းပင် ဖြစ်သည်။

အစီအစဉ်တွေ အားလုံးနီးပါး ပြီးဆုံးသွားသည့်အခါမှာ ချန်းစီနျန်က စင်နောက်သို့သွားကာ ချင်းစုယွဲ့အား ရင်ဆိုင်တွေ့လိုက်ချင်ပေမယ့် သူ့မှာ စီးပွားရေးနယ်ပယ်က အတန်းဖော်ဟောင်း တစ်ဦး၏ တကျီကျီ နားဒုက္ခပေးခြင်းကို ခံခဲ့ရသေးသည်။ သူ သူမအနားသို့ အပြေးအလွှား ရောက်ရှိသွားချိန်မှာတော့ ချင်းစုယွဲ့တစ်ယောက် ကျုံချင်း ရှချောင်းတို့နှင့်အတူ ထွက်သွားသည်ကိုသာ ကြည့်နေလိုက်ရ၏။

ချန်းစီနျန်မှာ ဒေါသဖြင့် အံကိုတင်းတင်းကြိတ်လိုက်မိပြီး အစကတော့ သူ့အိမ်ကိုသာ တန်းတန်း လှည့်ပြန်သွားခဲ့တာ ဖြစ်ပေမယ့် လမ်းတစ်ဝက်တွင်ပင် သူ့ကားအား ဂငယ်ကွေ့ ပြန်ကွေ့ကာ သူမနောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

သူသာ ချင်းစုယွဲ့အား Aမြို့တော်သို့ ပြန်ခွင့်ပြုလိုက်ပါလျှင် နောက်ထပ် အရေးကြီး ပွဲတော်တွေသာ မရှိပါက ဒီနှစ်ကုန်ဆုံးသည်အထိတောင် သူမက လုံးဝကို ပြန်လာတော့မှာ မဟုတ်ဘူးဆိုတာကို သူ သိလေ၏။

ချင်းစုယွဲ့ကတော့ ချန်းစီနျန်၏ သူ့ကိုယ်သူ အမှန်ဟုတ်လှပြီထင်နေသာ လေသံအား နားထောင်ရင်း ရယ်မောလိုက်သည်။ "ချန်းစီနျန် ရှင် အရမ်းငြီးငွေ့စရာကောင်းအောင် လုပ်မနေလို့ မရဘူးလား?"

"ကိုယ်က မင်းအတွက်တော့ ငြီးငွေ့စရာ ကောင်းနေပေမယ့် ရှချောင်းနဲ့ မင်းနဲ့ကတော့ တစ်ယောက်နဲ့တစ်ယောက် စကားကောင်းကောင်း ပြောချိန်ရှိခဲ့တယ်ထင်တယ်"

"ရှင်ကျတော့ရော? ရှင်က ရှချောင်းထက် ပိုစိတ်ဝင်စားစရာကောင်းတယ် ဆိုတာကို သက်သေပြဖို့အတွက်နဲ့ ကျွန်မကို မရပ်မနား အနှောင့်အယှက် ပေးနေတာလား?"

"ကိုယ်--!" ချန်းစီနျန်ဟာ သူ့စိတ်သူ တည်ငြိမ်အောင် ထိန်းချုပ်လျက် လေးလေးနက်နက်ဖြင့် ... "ကိုယ် မင်းနဲ့ ရန်မဖြစ်ချင်ဘူး"

"ဟွန့် ... ဘယ်သူကရော ရှင်နဲ့ ရန်ဖြစ်ချင်နေလို့လဲ?" ချင်းစုယွဲ့က ထိုသို့ပြောလိုက်ပြီး နောက်သို့ လျင်မြန်စွာ ဆတ်ခနဲ စူအောင့်အောင့် လှည့်ထွက်လာလိုက်သည်။

ချန်းစီနျန်ဟာ ချင်းစုယွဲ့ သူ့အနားကနေ ထွက်သွားတိုင်း ထပ်တလဲလဲ မြင်နေရသည့် သူမ၏ ကျောဘက် မြင်ကွင်းလေးအား စိုက်ကြည့်ရင်း ဒေါသထွက်လာမိသည်။ သူက လမ်းမထက်သို့သွားကာ သူမအား ဆွဲခေါ်လာခဲ့တော့၏။

"ကျွန်မကို လွှတ်ပေး! ချန်းစီနျန်! ရှင် ဘာလို့ ကျွန်မကို ဆွဲခေါ်နေရတာတုန်း?! လွှတ်ပေး! ချန်းစီနျန်! ရှင် ကျွန်မ ပြောတာကို ကြားလား?! ကျွန်မကို လွှတ်ပေးလို့ ..."

ချန်းစီနျန်က သူမအား ပိုပိုဝေးအောင် ဆွဲခေါ်လာသည်ကို ကြည့်ရင်း ချင်းစုယွဲ့မှာ ခြေဖျားအား အသာဖွဖွ ထောက်ကာ လှမ်းကန်လိုက်တော့မလို့ ပြင်နေသည့် အချိန်မှာပဲ ချန်းစီနျန်က ချင်းစုယွဲ့ရဲ့ ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်ကာ သူမအား နံရံနှင့် ပြင်းထန်စွာ ဖိကပ်ထားလိုက်၏။
[T/N အခု စာအုပ်ကာဗာထဲက ပုံလိုမျိုး အနေအထားလေး]
ချင်းစုယွဲ့မှာ လုံးဝကို မလှုပ်ရှားနိုင်တော့သဖြင့် စိတ်တိုဒေါသထွက်ကာ သူ့အား ဆူတော့သည်။ "ချန်းစီနျန် ရှင် လူယုတ်မာ!"

လူယုတ်မာလို့ အခေါ်ခံလိုက်ရသည့် ချန်းစီနျန်ကတော့ သူ့ခေါင်းအား ငုံ့ကိုင်းလိုက်ပြီး စိတ်တိုနေမှုကြောင့် ကိုက်ခံထားရသည့် သူမ၏ ပန်းသွေးရောင် နူးညံ့ညံ့ နှုတ်ခမ်းပါးတို့အား စိုက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်အား ဖြည်းဖြည်းချင်း ငုံ့ကိုင်းလိုက်ရင်း ချင်းစုယွဲ့၏ နားနားသို့ကပ်ကာ ပြောလိုက်၏။ "လူယုတ်မာ ဟုတ်လား? ကိုယ်က ပိုပြီးတော့တောင် ယုတ်မာလို့ရသေးတယ်နော်? မင်း တွေ့ချင်လား?"

သူ ထိုသို့ပြောပီးပီးချင်းမှာပဲ ချင်းစုယွဲ့မှာ သူမ၏ နှုတ်ခမ်းပါးတစ်စုံထက်၌ နူးနူးညံ့ညံ့ တစ်စုံတစ်ရာအား ခံစားလိုက်ရသည်။ သူမမှာ ထိတ်လန့်အံ့ဩမှုကြောင့် မျက်ဝန်းတွေ ပြူးကျယ်သွားမိပြီး ချန်းစီနျန်၏ တင်းတင်းကျပ်ကျပ် စေ့မှိတ်ထားသော မျက်ဝန်းတွေနှင့် ပိန်းပေါက်အောင် မည်းနက်နေသော အနည်းငယ် တုန်ရီနေသည့် သူ့ရဲ့ မျက်တောင်မွှေး ထူစိပ်စိပ်တို့ကိုသာ မြင်တွေ့နေရတော့သည်။

ချင်းစုယွဲ့မှာ အတွေးတွေထဲ ကြောင်အ နစ်မြုပ်နေမိချိန်မှာပဲ သူမ နှုတ်ခမ်းထက်၌ နာကျင်မှုအား ခံစားလိုက်ရသည်။ လူယုတ်မာ! သူ ငါ့နှုတ်ခမ်းကို ကိုက်ရဲတယ်

ချန်းစီနျန်က သူမရဲ့ နှုတ်ခမ်းတွေထဲ ဝင်ရောက်လာဖို့ ရှာနေချိန်၌ သူ့အား ဆဲရေးမိလိုက်တော့မလို့ပင်။ ချန်းစီနျန်၏ သွက်လက်လျင်မြန်လှသော လျှာက သူမရဲ့ ခံတွင်းအတွင်းသို့ ရောက်ရှိနိုင်ခဲ့ချိန်မှာတော့ ချင်းစုယွဲ့တစ်ယောက် သူမကိုယ်သူမ တဆတ်ဆတ် တုန်ရီနေသည်ကိုသာ ခံစားနေမိတော့၏။

ချင်းစုယွဲ့မှာ ဒီနေရာနှင့် သိပ်မဝေးသည့် နေရာမှ လမ်းမီးရောင် ဝါဖျော့ဖျော့ကိုသာ ကြောင်ငေးကြည့်နေမိသည်။ သူမမှာ ငိုချလိုက်ချင်ပေမယ့် မျက်ရည်က ထွက်မလာချေ။ ဒါကြီးက မဖြစ်သင့်ဘူးလေ! ချန်းစီနျန်က ဘယ်တုန်းက ငါ့ကို နမ်းခဲ့တာပါလိမ့်?! သူ နမ်းနေတဲ့သူက ရှန်ဝမ်းယန့်ပဲ ဖြစ်သင့်တာလေ! ဒီဇာတ်ကြောင်းကတော့ လုံးဝကို လွဲနေပြီနော်!

25.2.2020

************************

Continue Reading

You'll Also Like

331K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
805K 51.6K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
6.6M 433K 94
Hanary Victor + Loon Tar Nay San
4M 415K 41
Myanmar BL