ဒီေန႔က ကြၽန္မကိုရီးယားျပန္ေရာက္တာ ရက္ေပါင္း ၅၀ျပည့္တဲ့ေန႔။
"မမေလး အားလံုးအဆင္သင့္ျဖစ္ေနပါၿပီ"
"လာခဲ့မယ္ ခဏေစာင့္"
မွန္တင္ခံုေပၚက သူ႔ပံုေလးကို ၾကည့္ၿပီး
ငါCEOႀကီးျဖစ္ေတာ့မယ္ အခ်စ္ေရ...
အခ်စ္ေရာ...ေနမွေကာင္းရဲ႕လား
အဆင္မွေျပပါ့မလားဟင္။
ငါ့နွလံုးသားကေတာ့ အဆင္မေျပဘူးအခ်စ္ရယ္..
အိမ္ေအာက္ထပ္မွာ ေစာင့္ေနတဲ့ ေဖေဖနဲ႔ ေမေမက
ကြၽန္မအတြက္ ဂုဏ္ယူမဆံုးျဖစ္ေနၾကသည္။
ရွင္းရွင္းလင္းလင္းေျပာရင္ ဒီေန႔က ကြၽန္မ CEOျဖစ္တဲ့ေန႔။
"aigooo Ruby Janeေလးေတာင္CEOျဖစ္ၿပီေပါ့"
"ဘြား သမီးက CEO ဆိုေပမဲ့ ကေလးပဲရွိေသးတာေနာ္"
"Aigoo ဟုတ္ပါၿပီေတာ္ ညက်ေစာေစာျပန္လာခဲ့
ဟုတ္လားေပါက္စေလး ေပါက္စေလးကိုဘြားကိုယ္တိုင္ခ်က္ေကြၽးမွာ "
"Nae.."
အဘိုး အဘြားနွင့္ အေမကိုနႈတ္ဆက္ၿပီး အေဖနွင့္အတူ ကုမၸဏီသို႔ ထြက္လာခဲ့လိုက္သည္။
အစည္းအေဝးခန္းမတြင္ အေဖက ကြၽန္မကို မိတ္ဆက္ေပးၿပီး လုပ္ငန္းမ်ားကို တရားဝင္ လႊဲေပးခဲ့သည္။
အတြင္းေရးမွဴးမင္နွင့္အတူ ကြၽန္မ ရံုးခန္းထဲသို႔ သြား
လိုက္သည္။
ဟူး.....မြန္းၾကပ္လိုက္တာ..
"ကြၽန္မလိုအပ္ရင္ေခၚလိုက္မွာမို႔ သြားလို႔ရၿပီ"
"Nae"
အခုမွ စားပြဲေပၚက ပန္းစည္းေလးကုိ သတိထားၾကည့့္မိသည္။
ဂုဏ္ျပဳစာကလြဲၿပီး ဘာမွေတာ့မပါေပ။
ေသခ်ာၾကည့္ေပမဲ့ ပန္းကေတာ့ ထူးျခားမႈမရွိ။
"အတြင္းေရးမွဴးမင္ ငါ့စားပြဲေပၚက ပန္းစည္းကဘယ္သူလာေပးသြားတာလဲ"
"အာ...ကြၽန္မရွိတုန္းကထိ ဘယ္သူမွမဝင္ပါဘူး ဥကၠ႒"
"ေၾသာ..ရၿပီ အလုပ္ျပန္လုပ္ေတာ့"
Tulipပန္းရဲရဲေလး ...
ဘာအဓိပၸါယ္မ်ားပါလိမ့္ေနာ.....
ဘယ္သူေပးတာမ်ားပါလိမ့္....
ပန္းကိုသိပ္အာရံုမထားမိေတာ့။
အလုပ္ေတြက ကြၽန္မထင္တာထက္ ပိုမ်ားလြန္းေနသည္။
ဒါေၾကာင့္မို႔ အေဖက ငယ္ငယ္ေလးနဲ႔ ဆံပင္ျဖဴတာျဖစ္မယ္။
ဟင္...ေလာေလာဆယ္ေတာ့ကြၽန္မဆံပင္မျဖဴခ်င္ေသးဘူးေလေနာ္။
ဒါေပမဲ့ ဆံပင္ေတြျဖဴတဲ့အထိသူနဲ႔ပဲရိုးေျမက်ခ်င္တာ။
ေခါင္းေတြကိုက္ၿပီး စိတ္အိုက္လာသျဖင့္ ဆိုဖာေပၚထိုင္ၿပီး ခဏအနားယူလိုက္သည္။
အခုမွ ကြၽန္မ အေဖကို ကုိယ္ခ်င္းစာမိသည္။
ေဖေဖေတာ္ေတာ္ပင္ပန္းခဲ့မွာပဲ။
စားပြဲေပၚမွာ တင္ထားေသာ CEO Jennie Kimဆိုတဲ့နာမည္ကိုလွမ္းၾကည့္ေနမိသည္။
CEOျဖစ္ေနတဲ့ ကြၽန္မက သူ႔အတြက္အခ်ိန္ရွိပါဦးမလားစိတ္ပူမိသည္။
ကြၽန္မ တစ္ခ်က္ေလာက္လြဲသြားတာနဲ႔ ရာနဲ႔ခ်ီတဲ့ဝန္ထမ္းေတြရဲ႕ အသက္အိုးအိမ္ စည္းစိမ္ေတြ ပ်က္စီးကုန္မွာ။
အို..ဘာပဲျဖစ္ျဖစ္ နွလံုးသားအတြက္လည္း အခ်ိန္မရရေအာင္ ေပးရမယ္။ ဒီနွလံုးသား ဘယ္ေလာက္ထိရင္းခဲ့ရလဲ ကြၽန္မကိုယ္တိုင္ပဲသိတယ္။
"ရံုးခန္းထဲ Mochaတစ္ခြက္လာပို႔ေပး"
ကြၽန္မေနရာမွာ ထိုင္ၿပီး လုပ္စရာရွိတာဆက္လုပ္ေနလိုက္သည္။
ညေန ၄နာရီ။
"ဥကၠ႒ မနက္ျဖန္အတြက္ အခ်ိန္ဇယားပါ"
ကြၽန္မ ဇယားကိုေသခ်ာစစ္ၾကည့္သည္။
၉နာရီမွာ Boardအစည္းအေဝး
၁၀နာရီမွာ အလုပ္သမားေခါင္းေဆာင္ေတြနဲ႔ေတြ႕ရမယ္။
၁၁နာရီမွာ ကင္ဆာေဖာင္ေဒးရွင္းကိုသြားရမယ္။
၁၂နာရီမွာ လီေဆာင္ဟြန္းနဲ႔ေတြ႕.....
"၁၁နာရီကေန ၁နာရီထိငါကင္ဆာေဖာင္ေဒးရွင္းမွာပဲေနမယ္"
"ေန႔လည္စာကေရာ ဥကၠ႒"
"အဲ့ဒီမွာပဲစားတာေပါ့"
"ဟို...ျဖစ္ပါ့မလား"
"ျဖစ္ပါတယ္ အဲ့ဒီေကာင္နဲ႔ထမင္းစားဖို႔မလား အဲ့အစားဟိုမွာပဲစားမယ္"
"ဟုတ္ကဲ့ အဲ့လိုပဲစီစဥ္ထားလိုက္ပါမယ္"
အင္း အတြင္းေရးမွဴးမင္ေတာ္တယ္။
အိမ္ျပန္ေရာက္ေတာ့ အဘိုးအဘြား အေဖအေမတို႔နွင့္အတူလက္စံုစားရသည္မွာ တကယ္ေပ်ာ္ဖို႔ေကာင္းပါသည္။ စိတ္ပင္ပန္းမႈေတြလည္း ေျပေပ်ာက္သြားသည္။
မနက္ျဖန္အတြက္ အားျဖည့္ရင္း .......
▪️▪️▪️▪️▪️▪️
ငွက္ေအာ္သံေလးေတြေၾကာင့္ ကြၽန္မနိုးလာသည္။
ေနြဦးေလျပည္ႏုႏုက ဖြင့္ထားတဲ့ ျပတင္းကတစ္ဆင့္
ညင္သာစြာ လႈပ္နွိုးေတာ့ ကြၽန္မ မထခ်င္လည္းထရၿပီ။
အပ်င္းေၾကာေတြ ဆန႔္ထုတ္ပစ္ရင္း.....
ေန႔သစ္တိုင္း ေန႔သစ္တိုင္းမွာ သူနဲ႔အတူနိုးထခ်င္တဲ့ ကြၽန္မစိတ္ကူးေတြ ဘယ္ေတာ့မ်ားမွ ျဖစ္လာမလဲ မသိ။
အိပ္ရာေဘးက ခံုေပၚမွာတင္ထားတဲ့ သူ႔ပံုေလးကို တယုတယ ကိုင္ကြယ္ၾကည့္ရင္း..
Morning အခ်စ္ေရ...
ၿပီးမွ ေအာက္ထပ္ဆင္းသြားလိုက္သည္။
"Morning Mom Dad"
"Morning little CEO"
"Wow Mocha!?"
"CEOေလး အားျပည့္ေအာင္လို႔ေလ"
"Nae"
ကြၽန္မ CEOျဖစ္တာ ေမေမက ေတာ္ေတာ္ေပ်ာ္ေနတာထင္ပါရဲ႕။
ဒါေပမဲ့....မိန္းကေလးCEOတစ္ေယာက္က မိန္းကေလးတစ္ေယာက္နဲ႔ႀကိဳက္တယ္လို႔မ်ား သတင္းထြက္ခဲ့ရင္...
ေမေမရင္က်ိဳးမွာလား......
အို..သာယာေနတဲ့ မနက္ခင္းေလးကိုမဖ်က္ခ်င္စမ္းနဲ႔ Jennie.
"သမီး စားေလ အလုပ္ေၾကာင္းစဥ္းစားေနတာလား Aigoo....ဝက္ဝံေလးလိုပဲ ဝလာတယ္ေနာ္သမီးက"
"ေမေမကလည္း...."
ေဖေဖေရာ ေမေမပါ သေဘာက်ေနၾကပါသည္။
ေရခ်ိဳးၿပီးမွန္ထဲ ကိုယ့္ကိုကိုယ္ ျပန္ၾကည့္မိသည္။
ေမေမက ဝ လာတယ္ဆိုပဲ။
မဟုတ္ပါဘူး ထြားလာတာပါ။
အရပ္ေလးမဆိုသေလာက္ေလး ရွည္လာတယ္။
ေသခ်ာတိုင္းၾကည့္ေတာ့ တစ္လက္မေက်ာ္ေက်ာ္တက္လာတာပဲ။
ေပါင္ပါခ်ိန္ၾကည့္ေတာ့ ၁၀ေပါင္တက္လာတာ။
Omg!!!
.....အခ်စ္ေရ...ကိုယ္ထြားလာၿပီ....
အတြင္းေရးမွဴးမင္လာသည္နွင့္ ကုမၸဏီကို တန္းသြားလိုက္သည္။
အခ်ိန္ဇယားအတိုင္း အလုပ္လုပ္ၿပီး ကင္ဆာေဖာင္ေဒးရွင္းသို႔သြားလိုက္သည္။
ဒီေန႔ မနက္စကတည္းကအားလံုးအဆင္ေျပေခ်ာေမြ့ေနပံုမ်ား.....ဒီေန႔လို ေန႔တိုင္းျဖစ္ေနရင္ သိပ္ေကာင္းမွာပဲ။
"မင္ ငါတို႔ကဘာလို႔ကင္ဆာေဖာင္ေဒးရွင္းကိုသြားရမွာလဲ ငါတို႔နဲ႔ဆိုင္လို႔လား"
"ဟုတ္ ဥကၠ႒ရဲ႕အေဖက အဲ့ဒီမွာ လွဴတန္းထားတာေတြအမ်ားႀကီးပါ အဲ့တာေၾကာင့္ပြဲတစ္ခုခုရွိတိုင္း ဥကၠ႒ႀကီးကိုဖိတ္ေနက်ေလ အခုလည္းပြဲဖိတ္ထားလို႔ပါ"
"ေၾသာ ငါကပြဲၿပီးရင္ျပန္ရမွာေပါ့ အဲ့ဒါဆို"
"စိတ္မပူပါနဲ႔ ဥကၠ႒အတြက္ေနရာစီစဥ္ၿပီးသားပါ
လီေဆာင္ဟြန္းနဲ႔ေတြ႕စရာအေၾကာင္းမရွိေတာ့ပါဘူး"
ကဲ မင္ ဘယ္ေလာက္ေတာ္လဲ။
ကင္ဆာေဖာင္ေဒးရွင္းထဲသို႔ ကားေကြ႕ဝင္လိုက္သည္။
ကြၽန္မ တစ္ခုခုခံစားေနရသည္။
ဘာခံစားခ်က္ႀကီးမွန္း မသိေပမဲ့......
စိတ္ထဲေလးလံသြားတာလိုလို ....
စိတ္ဗလာျဖစ္သြားတာလိုလို ......
ေဆးရံုအနံ႔ေတြေၾကာင့္ေနမွာပါေလ....
ေဆးရံုအုပ္နွင့္ စကားေျပာၿပီး ပြဲတြင္းေနရာခ်ေပးေသာ
ေနရာမွာ ဝင္ထိုင္လိုက္သည္။
ပြဲစေတာ့ လူေတြေတာ္ေတာ္စည္ေနၿပီ။
ကေလးေလးေတြရဲ႕ ေဖ်ာ္ေျဖမႈက တကယ္ကိုေကာင္းပါ
သည္။ ကြၽန္မမွာ ေပ်ာ္႐ႊင္မႈေရာ ဝမ္းနည္းမႈေရာပါ တစ္ၿပိဳင္နက္ထဲ ခံစားမိသည္။
သူတို႔ေလးေတြ.....တျခားကေလးေတြနဲ႔ တန္းတူမေနနိုင္တာကိုပဲစိတ္မေကာင္းျဖစ္မိသည္။
"မင္ ငါToiletခဏသြားဦးမယ္ေနာ္"
ကြၽန္မ အတြင္းေရးမွဴးကိုခဏထားခဲ့ၿပီး Toiletဘက္သို႔ ထြက္လာလိုက္သည္။
Toiletထဲကေန ျပန္ထြက္လာခ်ိန္ ဖုန္းျမည္လာသျဖင့္
လက္ကိုင္အိတ္ထဲက ဖုန္းကိုရွာေနခိုက္ ကေလးတစ္ေယာက္နွင့္ ဝင္တိုက္မိသည္။
"အယ္ သမီးေလး နာသြားေသးလား"
ကေလးေလးက ေခါင္းရမ္းျပၿပီး ထြက္ေျပးသြားသည္။
ဖုန္းက က်သြားသည္မို႔ ကြၽန္မျပန္ေခၚေနမိသည္။
"လာ ျမန္ျမန္ တီတီလီဆာ ေစာင့္ေနလိမ့္မယ္"
ကေလး၂ေယာက္က ကြၽန္မအနားကေျပးျဖတ္သြားရင္း..........ေျပာ သြား တာ...
လီ..ဆာ..
လီ....ဆာ...
တစ္ဖက္က ဖုန္းေျဖသံကို ကြၽန္မ မၾကားေတာ့။
ကြၽန္မ အသက္ရႈနႈန္းေတြ မမွန္ခ်င္ေတာ့။
ဖုန္းကိုကိုင္ထားတဲ့ လက္ေတြ ေအးခဲသြားသည္။
တစ္ကိုယ္လံုး ေတာင့္တင္းသြားသလိုမ်ိဳး ခံစားခ်က္က...
တျဖည္းျဖည္းနွင့္ ျမန္လာတဲ့ ရင္ခုန္သံေတြနွင့္ အတူ
ကြၽန္မေျခလွမ္းေတြက. . . သူ ရွိ ရာ...
ေက်းဇူးျပဳၿပီး ကြၽန္မရဲ႕ သူျဖစ္ပါေစ။
ထိုကေလးမ်ားေနာက္ကေန ကြၽန္မ ေျပးလိုက္သြားမိ
သည္။
ပန္းၿခံငယ္ေလး တစ္ခုအေရာက္မွာ.....
ဖုန္းကိုင္ထားတဲ့ ကြၽန္မ လက္ေတြ...ဖုန္းေရာ
လက္ကိုင္အိတ္ပါ လြတ္က်သြားတာ။
သူ မွ သူ အ စစ္...
လီဆာ..ကြၽန္မနွလံုးသား..
ကြၽန္မ...ကြၽန္မ....အခ်ိန္အၾကာႀကီးရွာေနရတဲ့
သူကေလ.... သူက ...ကြၽန္မေရွ႕မွာ....
ကြၽန္မသိပ္သေဘာက်ရတဲ့ သူ႔မ်က္ဝန္းေတြက အရင္ကလို ေတာက္ပၿမဲ။
ဒါေပမဲ့ ခနၶာကိုယ္ေလးက အရင္ကထက္ပိန္က်သြားတာ။
လက္ေခ်ာင္းသြြယ္သြယ္ေလးေတြကေရာပဲ....
သူက ကေလးေလးေတြကို ၾကည့္ရင္း တစ္ခ်က္ရယ္လိုက္ေတာ့....ကြၽန္မမွာ ....ကြၽန္မမွာေလ.....
ကြၽန္မ ၾကည့္ေနစဥ္မွာပဲ သူကြၽန္မဘက္လွည့္လာေတာ့
သူ႔နႈတ္ဖ်ားက Jennieလို႔ တီးတိုးေရ႐ြတ္လိုက္ပံုေလးဟာ.....
သူက ကြၽန္မကို ၿပံဳးျပေတာ့
ကြၽန္မကမၻာႀကီး...ၿငိမ္သက္သြားၿပီး...အခ်ိန္ေတြက
ရပ္တန႔္လို႔......
ကြၽန္မ အျမတ္နိုးဆံုးအၿပံဳးေတြ.....
နႈတ္ခမ္းေလးေထြးေထြးေလးက ေကြးတက္သြားတာေလးေတြ...
သြားျဖဴျဖဴေလးေပၚသြားတာေလးေတြ....
သူကအခုကြၽန္မ ေရွ႕မွာ....
ထပ္ၿပီးေတာ့လည္း ကြၽန္မ သူ႔ကို သြားခြင့္မေပးနိုင္ေတာ့ဘူး။
နင္အဲ့ဒီနားပဲေနပါ အခ်စ္။
ငါနင့္ဆီကို လွမ္းလာမွာမို႔.....
စည္းခ်က္မက်ေတာ့တဲ့ရင္ခုန္သံမ်ားနွင့္
သူ႔အလိုလိုက်လာတဲ့ မ်က္ရည္မ်ားက ေရာႁပြမ္းၿပီး.....
ကြၽန္မ ေသေလာက္ေအာင္ခ်စ္ခဲ့ရတဲ့ ရူးေလာက္ေအာင္လြမ္းခဲ့ရတဲ့ သူ႔...ဆီ...သို႔....
"လီဆာ"
"Jen"
ကြၽန္မ သူ႔အနားေလးထိုင္ခ်လိုက္ၿပီး သူ႔ရင္ခြင္ထဲ တိုးေဝွ႔ကာ ၾကားေလမေသြးရေအာင္အမိအရဖက္ထားလိုက္သည္။
အနွစ္အနွစ္အလလ လြမ္းခဲ့ရတဲ့ ဒီရင္ခြင္ႀကီး
အျမတ္တနိုး နဲ႔ တသသ ျဖစ္ခဲ့ရတဲ့ ဒီရင္ခြင္ႀကီး
ဘယ္ေတာ့မွ ပိုင္ဆိုင္ရမလဲလို႔ ေဆြးပူခဲ့ရတဲ့ ဒီရင္ခြင္ႀကီး
နွလံုးသားထဲက နက္နက္နဲနဲ တမ္းတခဲ့ရတဲ့ ကမၻာႀကီး
ကြၽန္မရဲ႕ ေမ်ွာ္လင့္ခ်က္ႀကီး
"Jen"
"..."
"ဘာလို႔ငိုတာလဲ မငိုပါနဲ႔Jenရယ္..."
"..."
"ငါ့ကို ထပ္မထားခဲ့ပါနဲ႔ေတာ့ေနာ္ ေနာ္ လီဆာ ငါနင့္ကိုအရမ္းခ်စ္တာ...ထပ္ၿပီး..ထပ္ၿပီး ထားခဲ့ရင္ ငါေသလိမ့္မယ္ ေနာ္ ထပ္ၿပီးမထားခဲ့ေတာ့ဘူးမလားဟင္ ...ဟင္"
"...."
"အမ်ားႀကီးခ်စ္တယ္ အဲ့ေလာက္..ထပ္ကို..အမ်ားႀကီး..ပိုတာမို႔...."
"Jenရယ္...."
အတန္ၾကာသည္အထိ ကြၽန္မ သူ႔ရင္ခြင္ထဲမွာ ငိုေနမိသည္။
"Jenထေတာ့ မငိုနဲ႔ေတာ့ေနာ္ ငါရွိတယ္"
သူက ကြၽန္မ မ်က္ရည္မ်ားကို သူ႔လက္သြယ္သြယ္ေလးမ်ားနွင့္ သုတ္ေပးသည္။
"နင္ငါ့ကိုခ်စ္တယ္မလားဟင္"
"Jen"
"ငါ နင့္ကိုအရမ္းခ်စ္တယ္ လီဆာ ဒီတစ္ခါ.."
"ရွဴး...ကေလးေတြၾကည့္ေနတယ္ေလ Jenရဲ႕"
ကေလးေတြၾကည့္တာ အေရးလား။
"နင္ဘာလို႔ဒီကိုလာတာလဲ Jen"
"ငါ..."
သူ႔မ်က္လံုးေတြက ကြၽန္မတစ္ကိုယ္လံုး ေပါက္ထြက္မတတ္ၾကည့္ေနသည္။
"ကဲ ထေတာ့ လာဒီခံုေပၚထိုင္"
သူယူေပးတဲ့ ခံုေပၚသို႔ ကြၽန္မထိုင္လိုက္သည္။
သူက ဒူးေထာက္ကာ ကြၽန္မလက္နွစ္ဖက္ကို ခပ္ဖြဖြေလးဆုပ္ကိုင္ၿပီး
"ငါနင့္အတြက္ အရမ္းဂုဏ္ယူတယ္Jen"
"...."
"နင္ကတကယ္ကိုေတာ္တာပဲ ၾကည့္ပါဦး ဒီSuiteႀကီးနဲ႔ ခန္႔ညားလိုက္တာ"
မဟုတ္ေသးဘူးေနာ္....
လီဆာ နင္ဘာေတြေျပာေနတာလဲ။
ဒါ၄နွစ္ၾကာမွ ျပန္ေတြ႕တဲ့ သူေတြေျပာရမယ့္ စကားမဟုတ္ဘူးေလ။
ၿပီးေတာ့...ၿပီးေတာ့ ...ဖြင့္္မေျပာေပမဲ့ ခ်စ္ခဲ့ၾကတဲ့သူေတြ ေျပာရမယ့္စကားေတြလည္း မဟုတ္ဘူး။
ျပာယာခတ္ေနတဲ့ ကြၽန္မနွလံုးသားကို ေသခ်ာထိန္းေနရသည္။ သူ႔ေရွ႕ဆို နွလံုးသားက အဲ့လိုမ်ိဳးခ်ည္းပဲ။
"နင္.."
"နင့္ကိုဒီလို က်န္းက်န္းမာမာနဲ႔ ျပန္ျမင္ရတာပဲ ငါဝမ္းသာပါတယ္"
"မဟုတ္.."
"ၾကည့္ပါဦး နင့္လက္ေလးေတြ..."
"လီဆာ!! ငါေျပာတာကို နားေထာင္ဦး"
"အမ္! အင္ အင္း"
သူ႔မ်က္လႊာေတြခ်သြားသည္။
သူ႔အၾကည့္ေတြက သူကိုင္ထားတဲ့ ကြၽန္မလက္ေပၚေရာက္သြားသည္။
"နင္ ဒီစကားေတြေျပာဖို႔အတြက္ပဲ ငါ့ကိုထားသြားလား ၄နွစ္လံုးလံုးေလ ငါ့မွာ....၄နွစ္ႀကီးေတာင္....နင့္ကိုဘယ္ေလာက္လြမ္းေနလဲဆိုတာ နင္မသိဘူးလား အခုေျပာေနတေတြက ၄နွစ္လံုးကြဲကြာၿပီး ျပန္ေတြ႕ေတာ့ေျပာရမယ့္စကားေတြလား "
"ငါ...ထပ္ၿပီးေတာင္းပန္ပါတယ္"
"မဟုတ္ဘူး နင္ေတာင္းပန္စရာမလိုဘူး နင္ဘာလို႔...နင္...နင္ငါ့ကိုခ်စ္လ်က္နဲ ဘာလို႔...နင္...နင္ဟာ"
"ငါတကယ္ေတာင္းပန္ပါတယ္Jen ငါ့မွာအဲ့စကားကလြဲ
ၿပီး"
"ေတာ္ေတာ့ လီဆာ နင္ဘာမွထပ္မေျပာနဲ႔ေတာ့ .."
သူဘာေတြ အရူးထေနတာလဲ။
သူဘာေတြ ေတြးေနတာလဲ။
ကြၽန္မေတာင္ ရူးခ်င္လာၿပီ။
အဟုတ္လည္း ရူးေနတာပဲ ေနမွာပါ။
နွစ္ေတြအၾကာႀကီးခြဲၿပီးမွ ျပန္ေတြ႕တာေတာင္ သူက
ကြၽန္မကို ေခ်တုန္းပဲ။ အရင္ကလည္း ကြၽန္မအေပၚခပ္ေအးေအးပဲ ဆက္ဆံတာ။ အခုလည္း.....
ကြၽန္မကိုက ဒဏ္ရာမရရင္ မေနတတ္ေတာ့တာမ်ားလား။
ဟုတ္မွာရယ္...သူကဒီလိုစရိုက္ဆိုတာ သိသိနဲ႔ ကြၽန္မကသာ....ခ်စ္မိတဲ့ ကြၽန္္မအျပစ္ေတြပါပဲ....
"ဟာ Jennie"
"ခ်ယ္ေယာင္း!!"
▪️▪️▪️▪️▪️▪️
"ငါသူ႔ကိုနားမလည္နိုင္ေတာ့ဘူး ခ်ယ္ေယာင္း သူရက္စက္တယ္လို႔ နင္မထင္ဘူးလား"
"ဘာကိုလဲ"
"က်စ္...၄နွစ္ေလာက္ခြဲသြားရတာေတာင္ သူ..."
"မရက္စက္ပါဘူး"
ကြၽန္မ ခ်ယ္ေယာင္းမ်က္လံုးေတြကို စုိက္ၾကည့္လိုက္
သည္။ ခ်ယ္ေယာင္းက အတိအက်သိေနသလိုမ်ိဳး
ပံုစံနဲ႔ ေျပာေနသည္။
"ဘာ! မရက္စက္ဘူး ဟုတ္လား...."
"သူနင့္ကိုခ်စ္လို႔ ဒီလိုေတြလုပ္ေနတာ"
"ငါနားမလည္ေတာ့ဘူး"
"သူနင့္ကို.........တကယ္ ခ်စ္တာပါ"
"ငါ့ေမ်ွာ္လင့္ခ်က္ေတြ ေဝဝါးေနၿပီခ်ယ္ေယာင္း ငါသူ႔အေပၚထားထားတဲ့ ေမ်ွာ္လင့္ခ်က္ေတြက....တစ္စ တစ္စနဲ႔ လႊင့္ပ်ံကုန္ၿပီ ငါအသက္ဆက္ရွင္ဖို႔လည္းပင္ပန္းေနၿပီတကယ္"
ေျပာရင္းနဲ႔ ထိန္းမရေသာ မ်က္ရည္တို႔က စည္းမဲ့ကမ္းမဲ့ က်ဆင္းလာျပန္သည္။
"အခုနင္ခံစားေနရတာေတြက သူခံစားရတာနဲ႔ယွဥ္ရင္ ဘာမွမဟုတ္ပါဘူးဟာ"
ခ်ယ္ေယာင္းက ေရေသာက္ရင္း အေဝးသို႔လွမ္းၾကည့္ေနသည္။
ကြၽန္မ မ်က္ဝန္းထဲမွာ နားမလည္နိုင္ျခင္း ေထာင္ေပါင္းမ်ားစြာရွိေနမည္ဟု က်ိန္းေသေျပာရဲသည္။
"Domestic Abuseနဲ႔ႀကီးျပင္းလာရတဲ့ကေလးေတြနင္ျမင္ဖူးလား အၿမဲအားငယ္ေနတာတို႔ ေဒါသထြက္တာတို႔ ေၾကာက္တာတို႔ေလ"
"နင္ ဘာေတြေျပာေနတာလဲ"
"လီဆာကအဲ့လိုကေလးမ်ိဳးပဲ နင္က ပိုက္ဆံအဆင္ေျပတဲ့ အသိုင္းဝို္င္းက လာတာဆိုေတာ့ ပိုက္ဆံမရွိတဲ့ ဒုကၡကို
နင္မသိဘူး လီဆာကေတာ့မဟုတ္ဘူး"
ခ်ယ္ေယာင္းေျပာေနတာေတြက......
"ပိုဆိုးတာက........လီဆာက...."
ခ်ယ္ေယာင္း အသံေတြ တိမ္ဝင္သြားသည္။
"အသက္၇နွစ္မွာ အဓမၼျပဳက်င့္ခံခဲ့ရတယ္"
ကြၽန္မ မိုက္ခနဲျဖစ္သြားသည္။
ဦးေနွာက္ထဲမွာ တဒိန္းဒိန္းနဲ႔ မိုးႀကိဳးေတြပစ္ခ်လိုက္သလိုမ်ိဳး။
ေျခဖ်ားလက္ဖ်ားေတြလည္း ေအးစက္ေတာင့္တင္းသြားသည္။
ျဖစ္ရေလ..အခ်စ္ရယ္.....
ျဖစ္ရပ္ဆိုးႀကီးအတြက္ က်ဖို႔ မ်က္ရည္ေတာင္လံုေလာက္မွာ မဟုတ္။
"သူ႔ကိုယ္သူ မသန္႔စင္ေတာ့ဘူးအထင္နဲ႔ နင္နဲ႔မတန္ဘူးလို႔ေတြးၿပီး...အာ ...ငါဆက္မေျပာနိုင္ေတာ့ဘူး Jennie
သူနင့္ကိုတကယ္ခ်စ္တာပါ..အဲ့တာေၾကာင့္၄နွစ္လံုးလံုး
နင့္ကိုပဲေစာင့္ေနခဲ့တာ နင္ေသခ်ာေပါက္ျပန္လာမယ္ဆိုတဲ့အသိနဲ႔"
"ငါ့ကိုေစာင့္ေနတာ? ဒါေပမဲ့ သူအခုငါ့ကိုျငင္းေနတာ"
"မခ်စ္ဘူးလို႔ေျပာလို႔လား"
"ဟင့္အင္း"
"ဒီအေၾကာင္းေတြကို သူနင့္ကိုမေျပာခိုင္းဘူး တကယ္ေတာ့ငါလည္း ဒီဟာေတြကို လြန္ခဲ့တဲ့နွစ္ကမွသိတာ ငါ့ကိုငါလည္းေနာင္တရတယ္ ငါ့သူငယ္ခ်င္း...ဘယ္ေလာက္ေတာင္ ေၾကာက္ေနခဲ့ရမလဲဆိုတာ.."
▪️▪️▪️▪️▪️▪️▪️▪️
အဆုတ္ကင္ဆာတဲ့ေလ...
စိတ္ဖိစီးမႈမ်ားလို႔ ေဆးလိပ္ေတြေသာက္ရင္းက
ျဖစ္သြားတာ။
ခ်ယ္ေယာင္းစကားမ်ားကို နားထဲျပန္ၾကားေယာင္ေနမိသည္။
ေဆးသြင္းေနတဲ့ သူ႔ကို အေဝးကေနလွမ္းၾကည့္ရင္း...
ကိုယ္ေတာင္းပန္ပါတယ္အခ်စ္ရယ္..
ကိုယ္သာေစာေစာက ႀကိဳသိခဲ့ရင္ေလ...ဘယ္မွသြားမွာ
မဟုတ္ဘူး...အခ်စ္နားပဲအၿမဲေနေပးမွာ။
အခုေတာ့ကြာ..
ကုိယ့္ကို ခြင့္မလႊတ္ပါနဲ႔ အခ်စ္။
ကိုယ့္ကိုခြင့္မလႊတ္ပါနဲ႔ ......
သူေဆးသြင္းၿပီးသြားေတာ့ အိပ္ေပ်ာ္ေနသည္။
သူ႔ေဘးနားမွာ ထိုင္ေနရင္း သူ႔ကိုေငးၾကည့္ေနမိသည္။
"နင္အဆင္ေျပရဲ႕လား Jen"
"ငါလား...အင္း မေျပလို႔မွမရပဲ"
"တကယ္ေတာ့ငါလညး္အဆင္မေျပပါဘူး Jenရယ္ ငါ့သူငယ္ခ်င္းအတြက္ေရာ ငါခ်စ္တဲ့နင့္အတြက္ေရာ.."
ခ်ယ္ေယာင္းစကားကို ကြၽန္မခပ္ယဲ့ယဲ့ေလးၿပံဳးရင္းသာ နားေထာင္နိုင္သည္။
ခဏေနေတာ့ သူနိုးလာသည္။
"လီဆာ"
"Jen...မျပန္ေသးဘူးလား"
"အင္း"
"ငါသြားၿပီေနာ္ လီဆာ Jen Bye!"
ခ်ယ္ေယာင္းထြက္သြားၿပီးေနာက္
"Jen.."
"ငါေတာင္းပန္ပါတယ္ လီဆာ"
"ဘာကိုလဲ နင္ဘာမွာမွ အမွားမလုပ္ပဲ"
"မဟုတ္ဘူး...ငါနင့္ကိုထားသြားမိလို႔ ၿပီးေတာ့ေစာေစာကေျပာမိခဲ့တာေတြေရာ"
"ငါစိတ္ထဲမထားတာမို႔ Jenကေတာင္းပန္စရာမလိုဘူးေလေနာ္ ငါကသာေတာင္းပန္ရမွာ နင့္ကိုနာက်င္ေစခဲ့သမ်ွ....."
"ဟင့္အင္း...နင္ဘာလို႔တစ္ေယာက္ထဲ ႀကိတ္ခံစားေနရတာလဲ.."
"ငါအဆင္ေျပပါတယ္ အခုနင္ငါ့အနားမွာရွိေနၿပီပဲ"
"ဒါေပမဲ့နင္..."
ကြၽန္မစကား မဆံုးခင္မွာပင္ သူ႔နႈတ္ခမ္းဖ်ားမ်ားက ကြၽန္မနႈတ္ခမ္းမ်ားကို ေထြးငံုထားေတာ့သည္။
သူ႔မ်က္ဝန္းညိဳေတြက ေမွးစင္းေနသည္။
ဒါ အိပ္မက္မဟုတ္ဘူး..တကယ္...
ခ်ယ္ရီပင္ေအာက္တုန္းက ခံစားခ်က္ထက္ပိုတာ..
ရင္ခုန္သံေတြက လတ္ဆတ္ေနတုန္း
အခုအနမ္းက.......... ပိုၿပီးနက္ရွိုင္းလ်က္
ပိုၿပီးေလးနက္လ်က္..
တိမ္ေတြေပၚမွာ စီးေမ်ာရသလိုမ်ိဳးခံစားခ်က္နဲ႔.....
ခ်စ္ျခင္းရဲ႕ အလြန္က........ ျမတ္နိုးျခင္းေတြ အျပည့္နဲ႔
အနမ္းက....ခ်ိဳၿမိန္စူးရွလ်က္...
သူက တျဖည္းျဖည္းခ်င္း အနမ္းမ်ားကို ရပ္စဲလိုက္သည္။
"ငါ့ကိုၿပံဳးျပပါဦးJenရဲ႕"
အခုမွပဲ ကြၽန္မနွလံုးသားထဲကေန ၿပံဳးနိုင္ေတာ့တယ္။
သူ႔မ်က္ဝန္းမ်ားကို စိုက္ၾကည့္ၿပီး ကြၽန္မ ၿပံဳးျပလိုက္သည္။
ကြၽန္မေျပာပါတယ္။ သူက ကြၽန္မရဲ႕ Happy Pillပါလို႔။
"ခ်စ္ဖို႔ေကာင္းလိုက္တာကြာ Jenေလးက"
သူက ကြၽန္မဆံပင္ေတြကို ဖြေနသည္။
ဒီစကားေတြထဲကေန ကြၽန္မ ရုန္းမထြက္နိုင္တာ အဆန္း
မဟုတ္ေတာ့ပါ။
အတိတ္ကိုျပန္ေရာက္သြားသလိုမ်ဳိး ခံစားခ်က္က..
သူကကြၽန္မကို စိုက္ၾကည့္ေနသည္။
ကြၽန္မ ေနရတာ ၾကာေတာ့ ရွက္လာသည္။
"ေခါင္းမငံု႔ပါနဲ႔ကြာ ငါလည္း Jenကိုလြမ္းေနခဲ့တာ ၾကည့္ပါရေစဦး ဒီမ်က္နွာေလးကို"
သူက ကြၽန္မ ေမးေစ့ကို ကိုင္ၿပီး ေခါင္းေမာ့ေစကာ
"ဒီပါးေလးေတြ ဒီနွာေခါင္းေလးေတြ ဒီနႈတ္ခမ္းေလးေတြ တစ္ရက္မွ ေမ့လို႔မရခဲ့ဘူး"
"ခ်စ္တယ္ Jenရယ္....အရမ္းခ်စ္တယ္"
ကြၽန္မ ခုခ်ိန္ေသရမယ္ဆိုလည္း အေသေျဖာင့္ၿပီ။
သူက...ခ်စ္တယ္လုိ႔ ထုတ္ေျပာခဲ့ၿပီ။
"ငါလည္း နင့္ကိုအရမ္းခ်စ္တယ္ လီဆာ ငါခ်စ္တာနင္သိတယ္မလားဟင္"
"သိပ္သိတာေပါ့"
"သိပ္ခ်စ္တယ္..."
သူ႔ရင္ခြင္ထဲသို႔ တိုးဝင္ရင္း.....
တစ္ရက္တည္းမွာပဲ ျဖစ္ပ်က္သြားတာေတြက
မယံုနိုင္စရာေကာင္းေလာက္ေအာင္ ျမန္လြန္းပါတယ္။
ကြၽန္မခ်စ္ရသူနဲ႔လည္း ျပန္ေတြ႕တယ္။
ကြၽန္မကိုခ်စ္ေနတဲ့သူနဲ႔လည္း ျပန္ေတြ႕တယ္။
အဲ့ဒီေန႔က သူနဲ႔ကြၽန္မ တရားဝင္ခ်စ္သူေတြျဖစ္ခဲ့ၾကတယ္။
💛💛💛🖤🖤🖤
29Feb2020 | 11:49 pm
ဒီအပိုင္းက ေပါ့ပ်က္ပ်က္ျဖစ္ေနတယ္မလားဟင္
အဲ့လိုျဖစ္သြားခဲ့ရင္ တကယ္ေတာင္းပန္ပါတယ္🙏
5218words
==============================
ဒီနေ့က ကျွန်မကိုရီးယားပြန်ရောက်တာ ရက်ပေါင်း ၅၀ပြည့်တဲ့နေ့။
"မမလေး အားလုံးအဆင်သင့်ဖြစ်နေပါပြီ"
"လာခဲ့မယ် ခဏစောင့်"
မှန်တင်ခုံပေါ်က သူ့ပုံလေးကို ကြည့်ပြီး
ငါCEOကြီးဖြစ်တော့မယ် အချစ်ရေ...
အချစ်ရော...နေမှကောင်းရဲ့လား
အဆင်မှပြေပါ့မလားဟင်။
ငါ့နှလုံးသားကတော့ အဆင်မပြေဘူးအချစ်ရယ်..
အိမ်အောက်ထပ်မှာ စောင့်နေတဲ့ ဖေဖေနဲ့ မေမေက
ကျွန်မအတွက် ဂုဏ်ယူမဆုံးဖြစ်နေကြသည်။
ရှင်းရှင်းလင်းလင်းပြောရင် ဒီနေ့က ကျွန်မ CEOဖြစ်တဲ့နေ့။
"aigooo Ruby Janeလေးတောင်CEOဖြစ်ပြီပေါ့"
"ဘွား သမီးက CEO ဆိုပေမဲ့ ကလေးပဲရှိသေးတာနော်"
"Aigoo ဟုတ်ပါပြီတော် ညကျစောစောပြန်လာခဲ့
ဟုတ်လားပေါက်စလေး ပေါက်စလေးကိုဘွားကိုယ်တိုင်ချက်ကျွေးမှာ "
"Nae.."
အဘိုး အဘွားနှင့် အမေကိုနှုတ်ဆက်ပြီး အဖေနှင့်အတူ ကုမ္ပဏီသို့ ထွက်လာခဲ့လိုက်သည်။
အစည်းအဝေးခန်းမတွင် အဖေက ကျွန်မကို မိတ်ဆက်ပေးပြီး လုပ်ငန်းများကို တရားဝင် လွှဲပေးခဲ့သည်။
အတွင်းရေးမှူးမင်နှင့်အတူ ကျွန်မ ရုံးခန်းထဲသို့ သွား
လိုက်သည်။
ဟူး.....မွန်းကြပ်လိုက်တာ..
"ကျွန်မလိုအပ်ရင်ခေါ်လိုက်မှာမို့ သွားလို့ရပြီ"
"Nae"
အခုမှ စားပွဲပေါ်က ပန်းစည်းလေးကို သတိထားကြည့့်မိသည်။
ဂုဏ်ပြုစာကလွဲပြီး ဘာမှတော့မပါပေ။
သေချာကြည့်ပေမဲ့ ပန်းကတော့ ထူးခြားမှုမရှိ။
"အတွင်းရေးမှူးမင် ငါ့စားပွဲပေါ်က ပန်းစည်းကဘယ်သူလာပေးသွားတာလဲ"
"အာ...ကျွန်မရှိတုန်းကထိ ဘယ်သူမှမဝင်ပါဘူး ဥက္ကဋ္ဌ"
"သြော..ရပြီ အလုပ်ပြန်လုပ်တော့"
Tulipပန်းရဲရဲလေး ...
ဘာအဓိပ္ပါယ်များပါလိမ့်နော.....
ဘယ်သူပေးတာများပါလိမ့်....
ပန်းကိုသိပ်အာရုံမထားမိတော့။
အလုပ်တွေက ကျွန်မထင်တာထက် ပိုများလွန်းနေသည်။
ဒါကြောင့်မို့ အဖေက ငယ်ငယ်လေးနဲ့ ဆံပင်ဖြူတာဖြစ်မယ်။
ဟင်...လောလောဆယ်တော့ကျွန်မဆံပင်မဖြူချင်သေးဘူးလေနော်။
ဒါပေမဲ့ ဆံပင်တွေဖြူတဲ့အထိသူနဲ့ပဲရိုးမြေကျချင်တာ။
ခေါင်းတွေကိုက်ပြီး စိတ်အိုက်လာသဖြင့် ဆိုဖာပေါ်ထိုင်ပြီး ခဏအနားယူလိုက်သည်။
အခုမှ ကျွန်မ အဖေကို ကိုယ်ချင်းစာမိသည်။
ဖေဖေတော်တော်ပင်ပန်းခဲ့မှာပဲ။
စားပွဲပေါ်မှာ တင်ထားသော CEO Jennie Kimဆိုတဲ့နာမည်ကိုလှမ်းကြည့်နေမိသည်။
CEOဖြစ်နေတဲ့ ကျွန်မက သူ့အတွက်အချိန်ရှိပါဦးမလားစိတ်ပူမိသည်။
ကျွန်မ တစ်ချက်လောက်လွဲသွားတာနဲ့ ရာနဲ့ချီတဲ့ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးကုန်မှာ။
အို..ဘာပဲဖြစ်ဖြစ် နှလုံးသားအတွက်လည်း အချိန်မရရအောင် ပေးရမယ်။ ဒီနှလုံးသား ဘယ်လောက်ထိရင်းခဲ့ရလဲ ကျွန်မကိုယ်တိုင်ပဲသိတယ်။
"ရုံးခန်းထဲ Mochaတစ်ခွက်လာပို့ပေး"
ကျွန်မနေရာမှာ ထိုင်ပြီး လုပ်စရာရှိတာဆက်လုပ်နေလိုက်သည်။
ညနေ ၄နာရီ။
"ဥက္ကဋ္ဌ မနက်ဖြန်အတွက် အချိန်ဇယားပါ"
ကျွန်မ ဇယားကိုသေချာစစ်ကြည့်သည်။
၉နာရီမှာ Boardအစည်းအဝေး
၁၀နာရီမှာ အလုပ်သမားခေါင်းဆောင်တွေနဲ့တွေ့ရမယ်။
၁၁နာရီမှာ ကင်ဆာဖောင်ဒေးရှင်းကိုသွားရမယ်။
၁၂နာရီမှာ လီဆောင်ဟွန်းနဲ့တွေ့.....
"၁၁နာရီကနေ ၁နာရီထိငါကင်ဆာဖောင်ဒေးရှင်းမှာပဲနေမယ်"
"နေ့လည်စာကရော ဥက္ကဋ္ဌ"
"အဲ့ဒီမှာပဲစားတာပေါ့"
"ဟို...ဖြစ်ပါ့မလား"
"ဖြစ်ပါတယ် အဲ့ဒီကောင်နဲ့ထမင်းစားဖို့မလား အဲ့အစားဟိုမှာပဲစားမယ်"
"ဟုတ်ကဲ့ အဲ့လိုပဲစီစဉ်ထားလိုက်ပါမယ်"
အင်း အတွင်းရေးမှူးမင်တော်တယ်။
အိမ်ပြန်ရောက်တော့ အဘိုးအဘွား အဖေအမေတို့နှင့်အတူလက်စုံစားရသည်မှာ တကယ်ပျော်ဖို့ကောင်းပါသည်။ စိတ်ပင်ပန်းမှုတွေလည်း ပြေပျောက်သွားသည်။
မနက်ဖြန်အတွက် အားဖြည့်ရင်း .......
▪️▪️▪️▪️▪️▪️
ငှက်အော်သံလေးတွေကြောင့် ကျွန်မနိုးလာသည်။
နွေဦးလေပြည်နုနုက ဖွင့်ထားတဲ့ ပြတင်းကတစ်ဆင့်
ညင်သာစွာ လှုပ်နှိုးတော့ ကျွန်မ မထချင်လည်းထရပြီ။
အပျင်းကြောတွေ ဆန့်ထုတ်ပစ်ရင်း.....
နေ့သစ်တိုင်း နေ့သစ်တိုင်းမှာ သူနဲ့အတူနိုးထချင်တဲ့ ကျွန်မစိတ်ကူးတွေ ဘယ်တော့များမှ ဖြစ်လာမလဲ မသိ။
အိပ်ရာဘေးက ခုံပေါ်မှာတင်ထားတဲ့ သူ့ပုံလေးကို တယုတယ ကိုင်ကွယ်ကြည့်ရင်း..
Morning အချစ်ရေ...
ပြီးမှ အောက်ထပ်ဆင်းသွားလိုက်သည်။
"Morning Mom Dad"
"Morning little CEO"
"Wow Mocha!?"
"CEOလေး အားပြည့်အောင်လို့လေ"
"Nae"
ကျွန်မ CEOဖြစ်တာ မေမေက တော်တော်ပျော်နေတာထင်ပါရဲ့။
ဒါပေမဲ့....မိန်းကလေးCEOတစ်ယောက်က မိန်းကလေးတစ်ယောက်နဲ့ကြိုက်တယ်လို့များ သတင်းထွက်ခဲ့ရင်...
မေမေရင်ကျိုးမှာလား......
အို..သာယာနေတဲ့ မနက်ခင်းလေးကိုမဖျက်ချင်စမ်းနဲ့ Jennie.
"သမီး စားလေ အလုပ်ကြောင်းစဉ်းစားနေတာလား Aigoo....ဝက်ဝံလေးလိုပဲ ဝလာတယ်နော်သမီးက"
"မေမေကလည်း...."
ဖေဖေရော မေမေပါ သဘောကျနေကြပါသည်။
ရေချိုးပြီးမှန်ထဲ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိသည်။
မေမေက ဝ လာတယ်ဆိုပဲ။
မဟုတ်ပါဘူး ထွားလာတာပါ။
အရပ်လေးမဆိုသလောက်လေး ရှည်လာတယ်။
သေချာတိုင်းကြည့်တော့ တစ်လက်မကျော်ကျော်တက်လာတာပဲ။
ပေါင်ပါချိန်ကြည့်တော့ ၁၀ပေါင်တက်လာတာ။
Omg!!!
.....အချစ်ရေ...ကိုယ်ထွားလာပြီ....
အတွင်းရေးမှူးမင်လာသည်နှင့် ကုမ္ပဏီကို တန်းသွားလိုက်သည်။
အချိန်ဇယားအတိုင်း အလုပ်လုပ်ပြီး ကင်ဆာဖောင်ဒေးရှင်းသို့သွားလိုက်သည်။
ဒီနေ့ မနက်စကတည်းကအားလုံးအဆင်ပြေချောမွေ့နေပုံများ.....ဒီနေ့လို နေ့တိုင်းဖြစ်နေရင် သိပ်ကောင်းမှာပဲ။
"မင် ငါတို့ကဘာလို့ကင်ဆာဖောင်ဒေးရှင်းကိုသွားရမှာလဲ ငါတို့နဲ့ဆိုင်လို့လား"
"ဟုတ် ဥက္ကဋ္ဌရဲ့အဖေက အဲ့ဒီမှာ လှူတန်းထားတာတွေအများကြီးပါ အဲ့တာကြောင့်ပွဲတစ်ခုခုရှိတိုင်း ဥက္ကဋ္ဌကြီးကိုဖိတ်နေကျလေ အခုလည်းပွဲဖိတ်ထားလို့ပါ"
"သြော ငါကပွဲပြီးရင်ပြန်ရမှာပေါ့ အဲ့ဒါဆို"
"စိတ်မပူပါနဲ့ ဥက္ကဋ္ဌအတွက်နေရာစီစဉ်ပြီးသားပါ
လီဆောင်ဟွန်းနဲ့တွေ့စရာအကြောင်းမရှိတော့ပါဘူး"
ကဲ မင် ဘယ်လောက်တော်လဲ။
ကင်ဆာဖောင်ဒေးရှင်းထဲသို့ ကားကွေ့ဝင်လိုက်သည်။
ကျွန်မ တစ်ခုခုခံစားနေရသည်။
ဘာခံစားချက်ကြီးမှန်း မသိပေမဲ့......
စိတ်ထဲလေးလံသွားတာလိုလို ....
စိတ်ဗလာဖြစ်သွားတာလိုလို ......
ဆေးရုံအနံ့တွေကြောင့်နေမှာပါလေ....
ဆေးရုံအုပ်နှင့် စကားပြောပြီး ပွဲတွင်းနေရာချပေးသော
နေရာမှာ ဝင်ထိုင်လိုက်သည်။
ပွဲစတော့ လူတွေတော်တော်စည်နေပြီ။
ကလေးလေးတွေရဲ့ ဖျော်ဖြေမှုက တကယ်ကိုကောင်းပါ
သည်။ ကျွန်မမှာ ပျော်ရွှင်မှုရော ဝမ်းနည်းမှုရောပါ တစ်ပြိုင်နက်ထဲ ခံစားမိသည်။
သူတို့လေးတွေ.....တခြားကလေးတွေနဲ့ တန်းတူမနေနိုင်တာကိုပဲစိတ်မကောင်းဖြစ်မိသည်။
"မင် ငါToiletခဏသွားဦးမယ်နော်"
ကျွန်မ အတွင်းရေးမှူးကိုခဏထားခဲ့ပြီး Toiletဘက်သို့ ထွက်လာလိုက်သည်။
Toiletထဲကနေ ပြန်ထွက်လာချိန် ဖုန်းမြည်လာသဖြင့်
လက်ကိုင်အိတ်ထဲက ဖုန်းကိုရှာနေခိုက် ကလေးတစ်ယောက်နှင့် ဝင်တိုက်မိသည်။
"အယ် သမီးလေး နာသွားသေးလား"
ကလေးလေးက ခေါင်းရမ်းပြပြီး ထွက်ပြေးသွားသည်။
ဖုန်းက ကျသွားသည်မို့ ကျွန်မပြန်ခေါ်နေမိသည်။
"လာ မြန်မြန် တီတီလီဆာ စောင့်နေလိမ့်မယ်"
ကလေး၂ယောက်က ကျွန်မအနားကပြေးဖြတ်သွားရင်း..........ပြော သွား တာ...
လီ..ဆာ..
လီ....ဆာ...
တစ်ဖက်က ဖုန်းဖြေသံကို ကျွန်မ မကြားတော့။
ကျွန်မ အသက်ရှုနှုန်းတွေ မမှန်ချင်တော့။
ဖုန်းကိုကိုင်ထားတဲ့ လက်တွေ အေးခဲသွားသည်။
တစ်ကိုယ်လုံး တောင့်တင်းသွားသလိုမျိုး ခံစားချက်က...
တဖြည်းဖြည်းနှင့် မြန်လာတဲ့ ရင်ခုန်သံတွေနှင့် အတူ
ကျွန်မခြေလှမ်းတွေက. . . သူ ရှိ ရာ...
ကျေးဇူးပြုပြီး ကျွန်မရဲ့ သူဖြစ်ပါစေ။
ထိုကလေးများနောက်ကနေ ကျွန်မ ပြေးလိုက်သွားမိ
သည်။
ပန်းခြံငယ်လေး တစ်ခုအရောက်မှာ.....
ဖုန်းကိုင်ထားတဲ့ ကျွန်မ လက်တွေ...ဖုန်းရော
လက်ကိုင်အိတ်ပါ လွတ်ကျသွားတာ။
သူ မှ သူ အ စစ်...
လီဆာ..ကျွန်မနှလုံးသား..
ကျွန်မ...ကျွန်မ....အချိန်အကြာကြီးရှာနေရတဲ့
သူကလေ.... သူက ...ကျွန်မရှေ့မှာ....
ကျွန်မသိပ်သဘောကျရတဲ့ သူ့မျက်ဝန်းတွေက အရင်ကလို တောက်ပမြဲ။
ဒါပေမဲ့ ခန္ဓာကိုယ်လေးက အရင်ကထက်ပိန်ကျသွားတာ။
လက်ချောင်းသွွယ်သွယ်လေးတွေကရောပဲ....
သူက ကလေးလေးတွေကို ကြည့်ရင်း တစ်ချက်ရယ်လိုက်တော့....ကျွန်မမှာ ....ကျွန်မမှာလေ.....
ကျွန်မ ကြည့်နေစဉ်မှာပဲ သူကျွန်မဘက်လှည့်လာတော့
သူ့နှုတ်ဖျားက Jennieလို့ တီးတိုးရေရွတ်လိုက်ပုံလေးဟာ.....
သူက ကျွန်မကို ပြုံးပြတော့
ကျွန်မကမ်ဘာကြီး...ငြိမ်သက်သွားပြီး...အချိန်တွေက
ရပ်တန့်လို့......
ကျွန်မ အမြတ်နိုးဆုံးအပြုံးတွေ.....
နှုတ်ခမ်းလေးထွေးထွေးလေးက ကွေးတက်သွားတာလေးတွေ...
သွားဖြူဖြူလေးပေါ်သွားတာလေးတွေ....
သူကအခုကျွန်မ ရှေ့မှာ....
ထပ်ပြီးတော့လည်း ကျွန်မ သူ့ကို သွားခွင့်မပေးနိုင်တော့ဘူး။
နင်အဲ့ဒီနားပဲနေပါ အချစ်။
ငါနင့်ဆီကို လှမ်းလာမှာမို့.....
စည်းချက်မကျတော့တဲ့ရင်ခုန်သံများနှင့်
သူ့အလိုလိုကျလာတဲ့ မျက်ရည်များက ရောပြွမ်းပြီး.....
ကျွန်မ သေလောက်အောင်ချစ်ခဲ့ရတဲ့ ရူးလောက်အောင်လွမ်းခဲ့ရတဲ့ သူ့...ဆီ...သို့....
"လီဆာ"
"Jen"
ကျွန်မ သူ့အနားလေးထိုင်ချလိုက်ပြီး သူ့ရင်ခွင်ထဲ တိုးဝှေ့ကာကြားလေမသွေးရအောင်ဖက်ထားလိုက်သည်။
အနှစ်အနှစ်အလလ လွမ်းခဲ့ရတဲ့ ဒီရင်ခွင်ကြီး
အမြတ်တနိုး နဲ့ တသသ ဖြစ်ခဲ့ရတဲ့ ဒီရင်ခွင်ကြီး
ဘယ်တော့မှ ပိုင်ဆိုင်ရမလဲလို့ ဆွေးပူခဲ့ရတဲ့ ဒီရင်ခွင်ကြီး
နှလုံးသားထဲက နက်နက်နဲနဲ တမ်းတခဲ့ရတဲ့ ကမ်ဘာကြီး
ကျွန်မရဲ့ မျှော်လင့်ချက်ကြီး
"Jen"
"..."
"ဘာလို့ငိုတာလဲ မငိုပါနဲ့Jenရယ်..."
"..."
"ငါ့ကို ထပ်မထားခဲ့ပါနဲ့တော့နော် နော် လီဆာ ငါနင့်ကိုအရမ်းချစ်တာ...ထပ်ပြီး..ထပ်ပြီး ထားခဲ့ရင် ငါသေလိမ့်မယ် နော် ထပ်ပြီးမထားခဲ့တော့ဘူးမလားဟင် ...ဟင်"
"...."
"အများကြီးချစ်တယ် အဲ့လောက်..ထပ်ကို..အများကြီး..ပိုတာမို့...."
"Jenရယ်...."
အတန်ကြာသည်အထိ ကျွန်မ သူ့ရင်ခွင်ထဲမှာ ငိုနေမိသည်။
"Jenထတော့ မငိုနဲ့တော့နော် ငါရှိတယ်"
သူက ကျွန်မ မျက်ရည်များကို သူ့လက်သွယ်သွယ်လေးများနှင့် သုတ်ပေးသည်။
"နင်ငါ့ကိုချစ်တယ်မလားဟင်"
"Jen"
"ငါ နင့်ကိုအရမ်းချစ်တယ် လီဆာ ဒီတစ်ခါ.."
"ရှူး...ကလေးတွေကြည့်နေတယ်လေ Jenရဲ့"
ကလေးတွေကြည့်တာ အရေးလား။
"နင်ဘာလို့ဒီကိုလာတာလဲ Jen"
"ငါ..."
သူ့မျက်လုံးတွေက ကျွန်မတစ်ကိုယ်လုံး ပေါက်ထွက်မတတ်ကြည့်နေသည်။
"ကဲ ထတော့ လာဒီခုံပေါ်ထိုင်"
သူယူပေးတဲ့ ခုံပေါ်သို့ ကျွန်မထိုင်လိုက်သည်။
သူက ဒူးထောက်ကာ ကျွန်မလက်နှစ်ဖက်ကို ခပ်ဖွဖွလေးဆုပ်ကိုင်ပြီး
"ငါနင့်အတွက် အရမ်းဂုဏ်ယူတယ်Jen"
"...."
"နင်ကတကယ်ကိုတော်တာပဲ ကြည့်ပါဦး ဒီSuiteကြီးနဲ့ ခန့်ညားလိုက်တာ"
မဟုတ်သေးဘူးနော်....
လီဆာ နင်ဘာတွေပြောနေတာလဲ။
ဒါ၄နှစ်ကြာမှ ပြန်တွေ့တဲ့ သူတွေပြောရမယ့် စကားမဟုတ်ဘူးလေ။
ပြီးတော့...ပြီးတော့ ...ဖွင့််မပြောပေမဲ့ ချစ်ခဲ့ကြတဲ့သူတွေ ပြောရမယ့်စကားတွေလည်း မဟုတ်ဘူး။
ပြာယာခတ်နေတဲ့ ကျွန်မနှလုံးသားကို သေချာထိန်းနေရသည်။ သူ့ရှေ့ဆို နှလုံးသားက အဲ့လိုမျိုးချည်းပဲ။
"နင်.."
"နင့်ကိုဒီလို ကျန်းကျန်းမာမာနဲ့ ပြန်မြင်ရတာပဲ ငါဝမ်းသာပါတယ်"
"မဟုတ်.."
"ကြည့်ပါဦး နင့်လက်လေးတွေ..."
"လီဆာ!! ငါပြောတာကို နားထောင်ဦး"
"အမ်! အင် အင်း"
သူ့မျက်လွှာတွေချသွားသည်။
သူ့အကြည့်တွေက သူကိုင်ထားတဲ့ ကျွန်မလက်ပေါ်ရောက်သွားသည်။
"နင် ဒီစကားတွေပြောဖို့အတွက်ပဲ ငါ့ကိုထားသွားလား ၄နှစ်လုံးလုံးလေ ငါ့မှာ....၄နှစ်ကြီးတောင်....နင့်ကိုဘယ်လောက်လွမ်းနေလဲဆိုတာ နင်မသိဘူးလား အခုပြောနေတတွေက ၄နှစ်လုံးကွဲကွာပြီး ပြန်တွေ့တော့ပြောရမယ့်စကားတွေလား "
"ငါ...ထပ်ပြီးတောင်းပန်ပါတယ်"
"မဟုတ်ဘူး နင်တောင်းပန်စရာမလိုဘူး နင်ဘာလို့...နင်...နင်ငါ့ကိုချစ်လျက်နဲ ဘာလို့...နင်...နင်ဟာ"
"ငါတကယ်တောင်းပန်ပါတယ်Jen ငါ့မှာအဲ့စကားကလွဲ
ပြီး"
"တော်တော့ လီဆာ နင်ဘာမှထပ်မပြောနဲ့တော့ .."
သူဘာတွေ အရူးထနေတာလဲ။
သူဘာတွေ တွေးနေတာလဲ။
ကျွန်မတောင် ရူးချင်လာပြီ။
အဟုတ်လည်း ရူးနေတာပဲ နေမှာပါ။
နှစ်တွေအကြာကြီးခွဲပြီးမှ ပြန်တွေ့တာတောင် သူက
ကျွန်မကို ချေတုန်းပဲ။ အရင်ကလည်း ကျွန်မအပေါ်ခပ်အေးအေးပဲ ဆက်ဆံတာ။ အခုလည်း.....
ကျွန်မကိုက ဒဏ်ရာမရရင် မနေတတ်တော့တာများလား။
ဟုတ်မှာရယ်...သူကဒီလိုစရိုက်ဆိုတာ သိသိနဲ့ ကျွန်မကသာ....ချစ်မိတဲ့ ကျွန််မအပြစ်တွေပါပဲ....
"ဟာ Jennie"
"ချယ်ယောင်း!!"
▪️▪️▪️▪️▪️▪️
"ငါသူ့ကိုနားမလည်နိုင်တော့ဘူး ချယ်ယောင်း သူရက်စက်တယ်လို့ နင်မထင်ဘူးလား"
"ဘာကိုလဲ"
"ကျစ်...၄နှစ်လောက်ခွဲသွားရတာတောင် သူ..."
"မရက်စက်ပါဘူး"
ကျွန်မ ချယ်ယောင်းမျက်လုံးတွေကို စိုက်ကြည့်လိုက်
သည်။ ချယ်ယောင်းက အတိအကျသိနေသလိုမျိုး
ပုံစံနဲ့ ပြောနေသည်။
"ဘာ! မရက်စက်ဘူး ဟုတ်လား...."
"သူနင့်ကိုချစ်လို့ ဒီလိုတွေလုပ်နေတာ"
"ငါနားမလည်တော့ဘူး"
"သူနင့်ကို.........တကယ် ချစ်တာပါ"
"ငါ့မျှော်လင့်ချက်တွေ ဝေဝါးနေပြီချယ်ယောင်း ငါသူ့အပေါ်ထားထားတဲ့ မျှော်လင့်ချက်တွေက....တစ်စ တစ်စနဲ့ လွှင့်ပျံကုန်ပြီ ငါအသက်ဆက်ရှင်ဖို့လည်းပင်ပန်းနေပြီတကယ်"
ပြောရင်းနဲ့ ထိန်းမရသော မျက်ရည်တို့က စည်းမဲ့ကမ်းမဲ့ ကျဆင်းလာပြန်သည်။
"အခုနင်ခံစားနေရတာတွေက သူခံစားရတာနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူးဟာ"
ချယ်ယောင်းက ရေသောက်ရင်း အဝေးသို့လှမ်းကြည့်နေသည်။
ကျွန်မ မျက်ဝန်းထဲမှာ နားမလည်နိုင်ခြင်း ထောင်ပေါင်းများစွာရှိနေမည်ဟု ကျိန်းသေပြောရဲသည်။
"Domestic Abuseနဲ့ကြီးပြင်းလာရတဲ့ကလေးတွေနင်မြင်ဖူးလား အမြဲအားငယ်နေတာတို့ ဒေါသထွက်တာတို့ ကြောက်တာတို့လေ"
"နင် ဘာတွေပြောနေတာလဲ"
"လီဆာကအဲ့လိုကလေးမျိုးပဲ နင်က ပိုက်ဆံအဆင်ပြေတဲ့ အသိုင်းဝို်င်းက လာတာဆိုတော့ ပိုက်ဆံမရှိတဲ့ ဒုက္ခကို
နင်မသိဘူး လီဆာကတော့မဟုတ်ဘူး"
ချယ်ယောင်းပြောနေတာတွေက......
"ပိုဆိုးတာက........လီဆာက...."
ချယ်ယောင်း အသံတွေ တိမ်ဝင်သွားသည်။
"အသက်၇နှစ်မှာ အဓမ္မပြုကျင့်ခံခဲ့ရတယ်"
ကျွန်မ မိုက်ခနဲဖြစ်သွားသည်။
ဦးနှောက်ထဲမှာ တဒိန်းဒိန်းနဲ့ မိုးကြိုးတွေပစ်ချလိုက်သလိုမျိုး။
ခြေဖျားလက်ဖျားတွေလည်း အေးစက်တောင့်တင်းသွားသည်။
ဖြစ်ရလေ..အချစ်ရယ်.....
ဖြစ်ရပ်ဆိုးကြီးအတွက် ကျဖို့ မျက်ရည်တောင်လုံလောက်မှာ မဟုတ်။
"သူ့ကိုယ်သူ မသန့်စင်တော့ဘူးအထင်နဲ့ နင်နဲ့မတန်ဘူးလို့တွေးပြီး...အာ ...ငါဆက်မပြောနိုင်တော့ဘူး Jennie
သူနင့်ကိုတကယ်ချစ်တာပါ..အဲ့တာကြောင့်၄နှစ်လုံးလုံး
နင့်ကိုပဲစောင့်နေခဲ့တာ နင်သေချာပေါက်ပြန်လာမယ်ဆိုတဲ့အသိနဲ့"
"ငါ့ကိုစောင့်နေတာ? ဒါပေမဲ့ သူအခုငါ့ကိုငြင်းနေတာ"
"မချစ်ဘူးလို့ပြောလို့လား"
"ဟင့်အင်း"
"ဒီအကြောင်းတွေကို သူနင့်ကိုမပြောခိုင်းဘူး တကယ်တော့ငါလည်း ဒီဟာတွေကို လွန်ခဲ့တဲ့နှစ်ကမှသိတာ ငါ့ကိုငါလည်းနောင်တရတယ် ငါ့သူငယ်ချင်း...ဘယ်လောက်တောင် ကြောက်နေခဲ့ရမလဲဆိုတာ.."
▪️▪️▪️▪️▪️▪️▪️▪️
အဆုတ်ရောဂါတဲ့လေ...
စိတ်ဖိစီးမှုများလို့ ဆေးလိပ်တွေသောက်ရင်းက
ဖြစ်သွားတာ။
ချယ်ယောင်းစကားများကို နားထဲပြန်ကြားယောင်နေမိသည်။
ဆေးသွင်းနေတဲ့ သူ့ကို အဝေးကနေလှမ်းကြည့်ရင်း...
ကိုယ်တောင်းပန်ပါတယ်အချစ်ရယ်..
ကိုယ်သာစောစောက ကြိုသိခဲ့ရင်လေ...ဘယ်မှသွားမှာ
မဟုတ်ဘူး...အချစ်နားပဲအမြဲနေပေးမှာ။
အခုတော့ကွာ..
ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ အချစ်။
ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့ ......
သူဆေးသွင်းပြီးသွားတော့ အိပ်ပျော်နေသည်။
သူ့ဘေးနားမှာ ထိုင်နေရင်း သူ့ကိုငေးကြည့်နေမိသည်။
"နင်အဆင်ပြေရဲ့လား Jen"
"ငါလား...အင်း မပြေလို့မှမရပဲ"
"တကယ်တော့ငါလညး်အဆင်မပြေပါဘူး Jenရယ် ငါ့သူငယ်ချင်းအတွက်ရော ငါချစ်တဲ့နင့်အတွက်ရော.."
ချယ်ယောင်းစကားကို ကျွန်မခပ်ယဲ့ယဲ့လေးပြုံးရင်းသာ နားထောင်နိုင်သည်။
ခဏနေတော့ သူနိုးလာသည်။
"လီဆာ"
"Jen...မပြန်သေးဘူးလား"
"အင်း"
"ငါသွားပြီနော် လီဆာ Jen Bye!"
ချယ်ယောင်းထွက်သွားပြီးနောက်
"Jen.."
"ငါတောင်းပန်ပါတယ် လီဆာ"
"ဘာကိုလဲ နင်ဘာမှာမှ အမှားမလုပ်ပဲ"
"မဟုတ်ဘူး...ငါနင့်ကိုထားသွားမိလို့ ပြီးတော့စောစောကပြောမိခဲ့တာတွေရော"
"ငါစိတ်ထဲမထားတာမို့ Jenကတောင်းပန်စရာမလိုဘူးလေနော် ငါကသာတောင်းပန်ရမှာ နင့်ကိုနာကျင်စေခဲ့သမျှ....."
"ဟင့်အင်း...နင်ဘာလို့တစ်ယောက်ထဲ ကြိတ်ခံစားနေရတာလဲ.."
"ငါအဆင်ပြေပါတယ် အခုနင်ငါ့အနားမှာရှိနေပြီပဲ"
"ဒါပေမဲ့နင်..."
ကျွန်မစကား မဆုံးခင်မှာပင် သူ့နှုတ်ခမ်းဖျားများက ကျွန်မနှုတ်ခမ်းများကို ထွေးငုံထားတော့သည်။
သူ့မျက်ဝန်းညိုတွေက မှေးစင်းနေသည်။
ဒါ အိပ်မက်မဟုတ်ဘူး..တကယ်...
ချယ်ရီပင်အောက်တုန်းက ခံစားချက်ထက်ပိုတာ..
ရင်ခုန်သံတွေက လတ်ဆတ်နေတုန်း
အခုအနမ်းက.......... ပိုပြီးနက်ရှိုင်းလျက်
ပိုပြီးလေးနက်လျက်..
တိမ်တွေပေါ်မှာ စီးမျောရသလိုမျိုးခံစားချက်နဲ့.....
ချစ်ခြင်းရဲ့ အလွန်က........ မြတ်နိုးခြင်းတွေ အပြည့်နဲ့
အနမ်းက....ချိုမြိန်စူးရှလျက်...
သူက တဖြည်းဖြည်းချင်း အနမ်းများကို ရပ်စဲလိုက်သည်။
"ငါ့ကိုပြုံးပြပါဦးJenရဲ့"
အခုမှပဲ ကျွန်မနှလုံးသားထဲကနေ ပြုံးနိုင်တော့တယ်။
သူ့မျက်ဝန်းများကို စိုက်ကြည့်ပြီး ကျွန်မ ပြုံးပြလိုက်သည်။
ကျွန်မပြောပါတယ်။ သူက ကျွန်မရဲ့ Happy Pillပါလို့။
"ချစ်ဖို့ကောင်းလိုက်တာကွာ Jenလေးက"
သူက ကျွန်မဆံပင်တွေကို ဖွနေသည်။
ဒီစကားတွေထဲကနေ ကျွန်မ ရုန်းမထွက်နိုင်တာ အဆန်း
မဟုတ်တော့ပါ။
အတိတ်ကိုပြန်ရောက်သွားသလိုမျိုး ခံစားချက်က..
သူကကျွန်မကို စိုက်ကြည့်နေသည်။
ကျွန်မ နေရတာ ကြာတော့ ရှက်လာသည်။
"ခေါင်းမငုံ့ပါနဲ့ကွာ ငါလည်း Jenကိုလွမ်းနေခဲ့တာ ကြည့်ပါရစေဦး ဒီမျက်နှာလေးကို"
သူက ကျွန်မ မေးစေ့ကို ကိုင်ပြီး ခေါင်းမော့စေကာ
"ဒီပါးလေးတွေ ဒီနှာခေါင်းလေးတွေ ဒီနှုတ်ခမ်းလေးတွေ တစ်ရက်မှ မေ့လို့မရခဲ့ဘူး"
"ချစ်တယ် Jenရယ်....အရမ်းချစ်တယ်"
ကျွန်မ ခုချိန်သေရမယ်ဆိုလည်း အသေဖြောင့်ပြီ။
သူက...ချစ်တယ်လို့ ထုတ်ပြောခဲ့ပြီ။
"ငါလည်း နင့်ကိုအရမ်းချစ်တယ် လီဆာ ငါချစ်တာနင်သိတယ်မလားဟင်"
"သိပ်သိတာပေါ့"
"သိပ်ချစ်တယ်..."
သူ့ရင်ခွင်ထဲသို့ တိုးဝင်ရင်း.....
တစ်ရက်တည်းမှာပဲ ဖြစ်ပျက်သွားတာတွေက
မယုံနိုင်စရာကောင်းလောက်အောင် မြန်လွန်းပါတယ်။
ကျွန်မချစ်ရသူနဲ့လည်း ပြန်တွေ့တယ်။
ကျွန်မကိုချစ်နေတဲ့သူနဲ့လည်း ပြန်တွေ့တယ်။
အဲ့ဒီနေ့က သူနဲ့ကျွန်မ တရားဝင်ချစ်သူတွေဖြစ်ခဲ့ကြတယ်။
💛💛💛🖤🖤🖤
29Feb2020 | 11:49 pm
ဒီအပိုင်းက ပေါ့ပျက်ပျက်ဖြစ်နေတယ်မလားဟင်
အဲ့လိုဖြစ်သွားခဲ့ရင် တကယ်တောင်းပန်ပါတယ်🙏
5218words