Wind Farm||Completed!||

By sh_ika_529

631K 70.5K 3.2K

When the wind blow... 🚨Wind Farm ရဲ့ ပထမဆုံးအပိုင်းမှာ ဝမ်ရိပေါ်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ sex scene ပါတဲ့အတွက... More

00
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24(Final)
💙
00(Unicode)
01(Unicode)
02(Unicode)
03(Unicode)
04(Unicode)
05(Unicode)
06(Unicode)
07(Unicode)
08(Unicode)
09(Unicode)
10(Unicode)
11(Unicode)
12(Unicode)
13(Unicode)
14(Unicode)
15(Unicode)
16(Unicode)
17(Unicode)
18(Unicode)
19(Unicode)
20(Unicode)
21(Unicode)
22(Unicode)
23(Unicode)

24(Unicode) (Final)

15.5K 1.1K 58
By sh_ika_529

ယောကျာ်းတစ်ယောက်ကို သိပ်ကိုချစ်မြတ်နိုးတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ရင်ထဲမှာ မိန်းကလေးတစ်ယောက်အတွက် ဘယ်လောက်အတိုင်းအတာအထိ နေရာရှိနိုင်မလဲ?

............

သူမ ဒီအဖြေကို စိတ်ကျေနပ်တဲ့အထိရှာခဲ့တယ်။ ရှယ်လီဟာ သူမပတ်ဝန်းကျင်မှာ ယောကျာ်းကောင်းတစ်ယောက်ကို ရထားတဲ့သူ။ စီးပွားရေးကို ရိပေါ်က နိုင်နိုင်နင်းနင်းပဲ ဦးဆောင်နိုင်ပြီး သူ တည်ထောင်ခဲ့တဲ့ ဂိမ်းကုမ္ပဏီကလည်း နှစ်တိုင်းအမြတ်ငွေရဲ့ ၁၂ % အထိ တိုးလာခဲ့တယ်။ ဗိသုကာပညာရှင်ဖြစ်လာတဲ့ ရှယ်လီက နယ်ပယ်တစ်ခုမှာ သူမနာမည်ကို အောင်အောင်မြင်မြင်ပဲ ထိုးဖောက်နိုင်ခဲ့တယ်။

အဲရစ်က project တစ်ခုမှာ တစ်ဖက်လုပ်ငန်းကနေ Join ခဲ့တဲ့လူ။ အပြာရောင်မျက်ဝန်းတွေနဲ့ အဲရစ်က ရှယ်လီ့ကို စစတွေ့ချင်းမှာပဲ စိတ်ဝင်စားခဲ့တယ်။ မိန်းကလေးပီပီသသပဲ ကိုယ့်အပေါ် ဂရုစိုက်တဲ့ ယောကျာ်းတစ်ယောက်အနေနဲ့ အဲရစ်အပေါ် ရှယ်လီသာယာမိပေမဲ့ ရိပေါ်ရဲ့ နေရာမှာ အစားထိုးဖို့တော့ တစ်ခါမှမစဉ်းစားမိဖူးဘူး။ သူမ ရိပေါ်ကို ချစ်တဲ့အချစ်ဟာ တစ်သက်လုံးတည်နေမှာပဲ လို့သူမကိုယ်သူမ ပိုင်နိုင်ခဲ့တယ်။

အိမ်ထောင်သက်တမ်း တစ်နှစ်ပြည့်လာခဲ့တဲ့အခါ ရိပေါ်ရဲ့ ပုံစံကလည်း သံပတ်ပေးထားတဲ့ စက်ရုပ်လိုဖြစ်လာခဲ့တယ်။ ဒါပေမဲ့ တစ်မနက်ခင်းမှာ သူရိုှက်ကြီးတငင်ငိုနေတာကို သူမတွေ့ခဲ့တယ်။ ကိုင်ထားတဲ့လက်ပတ်ငယ်ကလေးက ဆေးရုံကဆင်းတော့ ရှောင်းကျန့်ချန်သွားခဲ့တဲ့ လက်ပတ်ကလေး။ ရိပေါ်က အဲ့ဒါကိုဆေးရုံအထိသွားပြီးယူလာခဲ့တာ။

ရိပေါ်က သူမနဲ့ နေလို့မပျော်ခဲ့ဘူး။

...........

"ကျွန်မအတွက် မဟုတ်ပဲ ကျွန်မချစ်တဲ့လူအတွက် ရှင့်ကိုလက်ခံမှာဆို ရှင်ကျေနပ်မှာလား အဲရစ်"

အခြေအနေတစ်ခုအတွက် သူမ အဲရစ်ကို ပွင့်ပွင့်လင်းလင်းပဲမေးခဲ့တယ်။ အဲရစ်က တစ်ခွန်းပဲ စကားပြန်တယ်။

"Sure" တဲ့။

သူမနဲ့ အဲရစ်လက်တွဲခဲ့တယ်။ ရိပေါ်က အဲ့ဒီအတွက် သိပ်ပြီးခံစားချက်ရှိတဲ့ ပုံမပေါ်ဘူး။ ကွာရှင်းခွင့်ဖောင်ကို တရားရုံးမှာတင်ပြီးတာနဲ့ သူမတို့နှစ်ယောက် အိမ်ခွဲနေခဲ့ကြတယ်။ ရိပေါ်က ရှောင်းကျန့်မရှိတော့ကတည်းက ရှောင်းကျန့်နေခဲ့တဲ့ အိမ်သေးသေးလေးကို ပြန်ဝယ်ထားခဲ့တာ။ ပြီးတော့ အဲ့ဒီအိမ်ကလေးကိုဆင်းသွားခဲ့တယ်။

တရားရုံးမှာ သူမရိပေါ်ကိုနောက်ဆုံးတွေ့ခဲ့တာပဲ။ သူမမျှော်မှန်းထားသလို ရိပေါ်က ရှောင်းကျန့်နားကို ပြန်မသွားခဲ့ပဲ..အကုန်လုံးရဲ့ အနားကနေ...ဒီပတ်ဝန်းကျင်ရဲ့ အဝေးကို ပျောက်ကွယ်သွားခဲ့တယ်။

........

"ကျွန်မတို့ ကွာရှင်းခဲ့ကြပြီးပြီ။ ရိပေါ်က ရှင့်ကို ပြန်မဆက်သွယ်ခဲ့ဖူးထင်ပါရဲ့"

.........

ယွီလန်နဲ့ ကျန့်ခိုင်က ရိပေါ်ကို ကြိတ်ရှာနေကြတာ။ ဝမ်ကျားလော့က ရိပေါ်ကို အမွေဖြတ်စွန့်လွတ်လိုက်ပေမဲ့ အဲ့ဒါက ရိပေါ်အတွက် ဘာမှအရာထင်မှာမဟုတ်ဖူးဆိုတာ ရှောင်းကျန့်သိတယ်။ တစ်နည်းအားဖြင့် သားအဖြစ်ကနေစွန့်လွတ်တယ်ဆိုတာ ရိပေါ်ကို ဝမ်ကျားလော့က သူလုပ်ချင်ရာ လုပ်နိုင်ဖို့ ခွင့်ပြုပေးလိုက်တော့တဲ့ သဘောမျိုး။ ရိပေါ် ပျောက်သွားတာ...တစ်နှစ်ကျော်နေခဲ့ပြီ။
အကုန်လုံးကို စွန့်လွတ်ခဲ့ပြီး နောက်မှာ ရိပေါ်ကို ဘယ်သူကမှ ထပ်မတွေ့ရတော့ဘူး။

..........

ရှောင်းကျန့်က တောင်ကုန်းငယ်လေးတစ်ခုပေါ်မှာမတ်တပ်ရပ်နေတယ်။ ဒါက ရိပေါ်နဲ့ သူ နောက်ဆုံးအတူတူရှိခဲ့ဖူးတဲ့နေရာ။ အဖြူရောင်လေရဟတ်တွေက မပြောင်းမလဲရှိနေတုန်းပဲ။ လေပြည်လေးကရော..လေရဟတ်ကလေးဆီပြန်လာမှာလား။

ဘာပဲ ဖြစ်ဖြစ် သူကတော့ ရွေးချယ်ခဲ့ပြီးပြီ။

သူဟာလေရဟတ်ငယ်။ အရပ်မျက်နှာတစ်ခုတည်းကို ကြည့်ပြီးရှင်သန်တယ်။ သူ့တစ်သက်တာလုံး လေပြည်ငယ်ကို စောင့်မျှော်နေလိမ့်မယ်။

ပါလာတဲ့ ပန်းလေးတစ်ခက်ကို သူရပ်နေတဲ့ နေရာမှာ ချပြီး ရှောင်းကျန့် ပြန်သွားခဲ့တယ်။

........

မြက်ခင်းတွေဟာ လေတိုက်ခတ်ရာအတိုင်း ယိမ်းနွဲ့နေတယ်။ Astilbe ပန်းခက်ကလေးက ချန်ထားရစ်ခဲ့သူ ထားခဲ့တဲ့အတိုင်း ငြိမ်ငြိမ်သက်သက်။

ဂျင်းအပြာ ဘောင်းဘီရှည်ကို ဝတ်ထားတဲ့ ခြေထောက်တစ်စုံပေါ်လာတယ်။ ထူးခြားတာက ဖြဲရာပြဲရာလေးတွေက အပ်ချည်ဖာရာလေးတွေနဲ့။

ပန်းခက်ကလေးကိုသူက ကောက်ကိုင်လိုက်တယ်။

တောင်ကုန်းပေါ်က လေရဟတ်ကလေးက လေပြေကလေးကြောင့် စတင်လည်လာတယ်။

Astilbe ပန်းကလေးတွေရဲ့ Flower Language က..

"ငါမင်းကို စောင့်နေဆဲ"



..........

(ပြီးပါပြီ)

................

..

A.N
No extra...
No sequel
No season 2

Thank u ❤

Continue Reading

You'll Also Like

647K 32.5K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
4.2K 104 50
Jeogiyo noona hokshi namjachingu isseyeo? 1:05am ----------------------------------- A short little story where a random stranger dms Le...
100K 2.2K 29
Male! Kida x Milo's sister OC ...
304K 9.1K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...