05

11.4K 1.6K 62
                                    

"ဟာ သေချာလုပ်ပါဗျ"

နောက်ကအသံကြောင့်ရိပေါ်လှည့်ကြည့်လိုက်တယ်။ အမှန်ဆို သူသတိမထားမိပဲ ကျော်သွားတော့မလို့! မန်နေဂျာက ဆီထည့်တဲ့လူကိုအော်နေတာ။ ခါးကျိုးမတတ်တောင်းပန်နေတဲ့လူကိုကြည့်ပြီး ရိပေါ်ဆိုင်ကယ်ပေါ်က ခုန်ဆင်းမိတယ်!

"ဟေး.."

ရိပေါ်ကိုမြင်တော့ သုတ်ကနဲလှည့်ပြေးရော!

"ဟာ..ဟေး..ဘဲကြီး!"

နောက်မှာဘာတွေဘယ်လိုကျန်ထားခဲ့လဲ သူမသိတော့ဘူး။ သူ့မျက်လုံးထဲမှာ လိမ္မော်ရောင် ဆိုင်ဝန်ထမ်းဝတ်စုံကို ထက်အောက်ဝတ်ထားတဲ့ အရပ်ရှည်ရှည်လူကိုပဲ မြင်တော့တယ်!

ချီးပဲ!

"ပိတ်စမ်း ကျန့်ခိုင်!"

လူအင်အားသုံးလိုက်မှ မိသွားတယ်။ သူ့ကိုမျက်နှာချင်းမဆိုင်ဘူး မျက်လုံးချင်းမဆုံဘူး! ဟက်! သုံးစားမရတဲ့ သောက်မာနတွေနဲ့!

"ရိပေါ်..ငါကြည့်ထားမယ် မင်းသွားတော့"

လူတွေအများကြီးက ရှောင်းကျန့်ကိုဝိုင်းကြည့်နေတာ။ သူ့ပုံစံက သံတိုင်ကြားက သူခိုးတစ်ယောက်လိုပဲ! ဆိုင်ကယ်ကိုပစ်ချပြီးပါ ဝမ်သခင်လေးကိုယ်တိုင်လိုက်ဖမ်းခဲ့တဲ့ အဲ့ဒီလူက ဘယ်လိုအပြစ်ကြီးတွေများကျူးလွန်ထားလို့လဲလို့သူတို့သိချင်ကြတယ်။ အဖြစ်နိုင်ဆုံးက ရှယ်လီကို ကြောင်မိလို့လား!

နားရင်းပါးရင်းတွပူထူပြီး ရှောင်းကျန့်နေရာကနေတောင် ဖိချုပ်ဖမ်းထားလို့ မထနိုင်ဘူး။ လက်မှာချည်ပြီးတုပ်ပြီး ခိုင်ခိုင်ခဲထားတဲ့ ကြိုးနီနီနဲ့။ မရင်းနှီးတဲ့ အရပ်မှာ မရင်းနှီးတဲ့ ဓလေ့တွေနဲ့ ဒီနေရာမှာ သူ့ဘဝကဘယ်လိုပုံစံမဆိုဖြစ်သွားနိုင်တာမို့ ရှောင်းကျန့် ကြောက်စိတ်ဝင်တယ်။

အဆိုးဆုံးဖြစ်မယ့်အခြေအနေကိုပဲ မျှော်လင့်ထားရမလား!

......

သူရောက်သွားတော့ ကျန့်ခိုင်က လမ်းရှဲပေးတယ်။ ဆိုင်ကယ်စီးဦးထုပ်ကို ရိပေါ်ကဆွဲချွတ်တယ်။ ချွေးစတွေသီးနေတဲ့ ဆံနွယ်ရိုင်းတွေက ဖွာကနဲ မျက်နှာပေါ်နေရာယူတယ်။

"ရိပေါ်...."

ရှောင်းကျန့်မော့ကြည့်လိုက်တယ်။ ခေါ်လိုက်တဲ့ကောင်မလေးက ရိပေါ်ကိုလှမ်းနမ်းတယ်။ မျက်နှာကိုဘာလို့လွဲပစ်မိမှန်းရှောင်းကျန့်မသိဘူး။ သူဒီနေရာမှာ မနေချင်တော့ဘူး။

"ခဏလေး..ရှယ်လီ! ပြန်နှင့်တော့...ငါနောက်ကျမှာ!"

"နှင်ထုတ်တာတွေသိပ်မကြိုက်ဖူးနော်။ ဒါပေမဲ့ ကတိတည်ခဲ့လို့ ပြန်ပေးမယ်"

အဲ့ဒီကျောပြင်ဝေးသွားတော့ ရိပေါ်က ရှောင်းကျန့်ရှေ့ ဒူးတစ်ဖက်ထောက်ပြီးထိုင်ချတယ်။ ကြမ်းပြင်ပေါ်ငုတ်တုတ်ဖြစ်နေတဲ့ ရှောင်းကျန့်က သူ့ကို မော်မကြည့်ဘူး။ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်တုန်းကထက် ပိုပြီးဖြူလျော်၊ ပိုပြီးပိန်စုတ်စုတ်ဖြစ်နေတာကို ရိပေါ်သတိထားမိလိုက်တယ်။

"အရူးလိုပြေးနေရလား!"

ချည်တုတ်ထားတဲ့ ကြိုးကိုဖြေလိုက်တော့ ကြိုးရာတွေဆစ်ကျန်နေတဲ့ လက်ကောက်ဝတ်ငယ်!

"ဟေး"

စိတ်ကသိပ်မရှည်ဘူး။ မေးကိုနေဆတ်ကနဲဆွဲမော့ပစ်လိုက်တယ်။ အရည်လဲ့နေတဲ့ မျက်ဝန်းတွေနဲ့ဆုံတော့ ရိပေါ် ရင်ထဲ အုန်းကနဲပဲ!

"အင်း...စုတ်ပြတ်သတ်နေပြီမို့ ပျော်တယ်မဟုတ်လား! မင်းစိတ်ကျေနပ်သွားပြီဆိုရင် ငါသွားလို့ရပြီလား?"

ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ မျက်လုံးပေါင်းများစွာက ဒီနေရာမှာ။ ဒီလူကိုပဲ ကြည့်မိနေလို့ အဲ့ဒါတွေကိုသူသတိမထားမိလိုက်ဖူး။ လူတစ်ယောက်ကို ကြိုးတုပ်ပြီးလူပုံအလယ်မှာ ငုတ်တုတ်ဖြစ်နေတဲ့ မြင်ကွင်းမျိုးက....

နည်းနည်း......

ဘယ်ရောက်နေတာလဲ လို့မေးချင်တဲ့စကားလုံးတွေက လည်ချောင်းထဲမှာပဲ ပျောက်သွားတယ်။ ဘာကိုစိတ်ကျေနပ်လို့ကျေနပ်သွားမှန်းမသိတဲ့ အာရုံက ဒီလူကိုမြင်လိုက်တဲ့အချိန်မှာ သန္ဓေစတည်တယ်။

"လိုက်ခဲ့!"

လက်မောင်းတစ်ဖက်ကို ဆုတ်ညှပ်ပြီး ဆွဲမတော့ အလိုက်သင့်ပဲပါလာတယ်။ သူ့ကိုမငြင်းဆန်ဘူး။ မရုန်းဘူး။ ရိပေါ်ပြုံးလိုက်တယ်။

သုံးစားမရတဲ့ မာနတွေကိုတစ်လွှာချင်းပဲ ခွာချမယ်။

.........

Wind Farm||Completed!||Where stories live. Discover now