02(Unicode)

8.9K 1K 17
                                    

ရိပေါ်က ဘီယာကိုတစ်ကတ်လုံးကုန်တဲ့အထိ ပုံစံမပျက်ပဲ အိန္ဒြေရေ ရရ ထိုင်သောက်နိုင်တယ်။ ဟေးလားဝါးလားအသံတွေကြားမှာ.ရိပေါ်က ဘီယာတစ်ဘူးလုံးကိုပါးစပ်ဟပြီး လည်ချောင်းထဲလောင်းချပစ်လိုက်တယ်။ ကျန့်ခိုင်ကတော့မှောက်သွားပြီ! ရှယ်လီကတော့အမူးလွန်ပြီး ဝတ်စုံအနက်နဲ့လူတွေက ပြန်ဆွဲခေါ်သွားကြတယ်။ ကျန့်ခိုင်ဒီနေ့ကွဲနေတယ်။ ဒီနေ့မှမဟုတ်ဖူး နေ့တိုင်းကွဲနေတာပဲ။ကျန့်ခိုင်မနာလိုဆုံးဖြစ်နေတဲ့ ဟိုအမကြီးဘေးကလူကို ဘယ်လိုဆွဲဖြဲလိုက်ရမလဲ?

စိတ်ကမြန်တယ်။ ချက်ချင်းထရပ်လိုက်လို့ နည်းနည်းတောင်ယိုင်သွားတယ်။ ဒါပေမဲ့ သူက အမူးပါးပဲ!

"ကျန့်ခိုင်ကို အိမ်ပြန်ပို့လိုက်! ငါသွားစရာရှိတယ်"

ဟုတ်တယ်။ သွားစရာရှိတယ်။ ပါးပါးကလေးပုတ်ပြီး ဒုက္ခပေးဖို့ လူတစ်ယောက်တော့လိုနေပြီ!

.......

ဟင်း....ဆရာဝန်တစ်ယောက်ရဲ့အိမ်ကလည်း စုတ်ချာနေရောပဲ!

ကုန်းမြင့်ပေါ်က အိမ်အောက်နား မြေနံရံတွေမှာ ကျောမှီလိုက်တယ်။

ခဏပဲစောင့်လိုက်ရတယ်။ လူတစ်ယောက်က ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်လာတယ်။ သေချာပေါက် ရှောင်းကျန့်ဆိုတဲ့လူ။ ရိပေါ်စောင့်နေတဲ့လူ! စိတ်ထင်လို့လားမသိ! ခြေလှမ်းတွေက ယိုင်နေတာပဲ!! ဒါမှမဟုတ်သူပဲ မူးနေလို့လား!

သူ့ကိုမြင်တော့တုံ့ကနဲရပ်သွားတယ်။ ရှောင်မသွားဘူး တည့်တည့်ပဲ လျှောက်လာတယ်။

"ဘာကိစ္စလဲ"

ကြိုက်တယ်!

"ကျန့်ခိုင်ကွဲနေတယ်"

"ငါနဲ့ဘာဆိုင်လဲ"

"ဝေးဝေးနေလိုက်ပါလား။ ဒါမှမဟုတ်ဆေးရုံပြောင်းပေးမယ်။"

ဆေးရုံပြောင်းပေးမယ် ဆိုတာကြားပြီး အိပ်ချင်စိတ်တွေပါ ပျောက်သွားသလိုပဲ။ လက်တောက်လောက်ကလေးက ဆေးရုံကိုသူပြောင်းချင်သလိုပြောင်းလို့ရတယ်ထင်နေတာလား!!!

"ပြန်လိုက်တော့"

"ဟေး..ကျုပ်ကို အဲ့ဒီလိုအချိုးတွေချိုးမလာနဲ့"

လက်မောင်းကိုဆတ်ကနဲ ဆွဲပစ်ခံလိုက်ရတဲ့အဲ့ဒီလက်အားက ပြုတ်တူလိုပဲမို့ ရှောင်းကျန့်တအားနာသွားတယ်။

ထောင်းကနဲထွက်လာတဲ့ဒေါသကို အတင်းဖိနှိပ်ပြီးမျိုချရလို့ လည်ချောင်းတွေပါတောင့်လာတယ်။
ရှောင်းကျန့် လူငယ်တွေနဲ့ရန်ဖက်မဖြစ်ချင်ဘူး။ ပြီးတော့ သူက ဆရာဝန်တစ်ယောက်!လတ်လတ်ဆတ်ဆတ်ရနေတဲ့ ဘီယာနံ့ကြောင့် မသောက်နိုင်တဲ့ ရှောင်းကျန့်က အနံ့ရှူရင်းတောင် မူးလာသလိုလိုဖြစ်နေတယ်။ အရင်ဆုံး လက်တွေဖယ်ချဖို့ရာ အာရုံစိုက်လိုက်တယ်။ လက်သီးလက်မောင်းတန်းထားတဲ့ သူ့ရှေ့ကလူငယ်က ရုတ်တရက်ကြီးဘာလို့ငြိမ်ကျသွားရတာလဲ!

မရတော့ဘူး။ တအားမူးနေပြီ!

လက်မောင်းကလက်တွေကို အပြီးသတ်မဆွဲခွာနိုင်ခင်ပဲ ရှောင်းကျန့်အာရုံတစ်ခုလုံး မှောင်မိုက်သွားခဲ့ပါရော!

......

မနက်ခင်းက သာသာယာယာပဲ။ ငှက်သံလေးတွေတောင်ကြားရသေးတယ်။ ရှောင်းကျန့်အိပ်ရာက နိုးလာတယ်။ ဖုန်း....ဖုန်းဘယ်နားမှာ!

ဖုန်းကိုစမ်းနေတဲ့ သူ့ညာလက်က ချောချောမွေ့မွေ့တစ်ခုခုကိုသွားထိမိတယ်။ မှောက်ခုံဖြစ်နေတဲ့ ကိုယ်ကို ပက်လက်ဖြစ်အောင်လှန်လိုက်တယ်။ ခေါင်းအုံးမိထားတဲ့ ဟာက ဘာလို့နာနေရတာလဲ?

မျက်စိကိုဆွဲဖွင့်တော့ မျက်နှာကျက်ကိုမြင်ရတယ်။ ဇက်တွေနာနေတယ်။ အင်းနာနေမှာပေါ့ သူအုံးမိထားတာ ခေါင်းအုံးမှမဟုတ်ပဲ။ လက်ကြီး!

ဘာ!! လက်!!

What!??

"Mornee"

အလန့်တကြားနောက်ပြန်လှည့်လိုက်တယ်။ နှုတ်ခမ်းကိုတစ်ဖက်တည်းတွန့်ပြီး ပြုံးနေတဲ့လူ! သူကျောကပ်မိထားတာက ဟိုဂျစ်ကန်ကန်ကောင်လေး! မနေ့ညက သူဒီကိုရောက်လာတာ! အဲ့ဒါနဲ့ ဘာလို့သူ့အိပ်ရာ သူ့ကုတင်ပေါ် ရောက်နေရတာလဲ! ရှောင်းကျန့်က ဝင်ပါဦး လို့ခေါ်ခဲ့တာတော့ ဘယ်လိုမှမဟုတ်!

ဦးနှောက်သေးသေးထဲ မီးနီတွေကြား.ကားတွေဖြတ်မောင်းကုန်ပြီ!

ဒါက.ဘယ်လိုအခြေအနေကြီးလဲ!

သူကျောကပ်မိထားတာက ဘာမှမဝတ်ထားတဲ့ ရင်ဘတ်တစ်ခုနဲ့ ဝမ်ရိပေါ်!

ပြီးတော့ ရှောင်းကျန့်ကိုယ်ပေါ်မှာ ဘာအဝတ်အစားမှရှိမနေဘူး!!!!

......

Wind Farm||Completed!||Where stories live. Discover now