Wind Farm||Completed!||

By sh_ika_529

631K 70.5K 3.2K

When the wind blow... 🚨Wind Farm ရဲ့ ပထမဆုံးအပိုင်းမှာ ဝမ်ရိပေါ်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ sex scene ပါတဲ့အတွက... More

00
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24(Final)
💙
00(Unicode)
01(Unicode)
02(Unicode)
03(Unicode)
04(Unicode)
05(Unicode)
06(Unicode)
07(Unicode)
08(Unicode)
09(Unicode)
10(Unicode)
11(Unicode)
12(Unicode)
13(Unicode)
14(Unicode)
15(Unicode)
16(Unicode)
17(Unicode)
18(Unicode)
19(Unicode)
21(Unicode)
22(Unicode)
23(Unicode)
24(Unicode) (Final)

20(Unicode)

7.9K 838 14
By sh_ika_529

"Radiation therapy အတွက် Linac ကိုရွေးထားတယ်။"

ဖန်းစူးယိက သွေးကင်ဆာရောဂါကုဆရာဝန်။ သူ့အသက်လေးဆယ်အတွင်း သွေးကင်ဆာရောဂါအမျိုးမျိုးကိုသူကုခဲ့ဖူးတယ်။ အသက်ရှင်သွားတာတွေရှိသလို..ထွက်ခွာသွားကြရတာလည်းအများကြီး။ ထျန်းရှင်းမှာသူ့ကိုမာနကြီးတဲ့ဆရာဝန်လို့ခေါ်ကြတယ်။ သေဆုံးခြင်းပေါင်းများစွာကို လက်တွေ့ကြုံရတာများလာတဲ့အခါ သူဘာကိုမှမတုန်လှုပ်မိတော့ဘူး။ ဒီလိုနဲ့ပဲ သူဟာအလိုလို အေးစက်စက်လူတစ်ယောက်ဖြစ်သွားခဲ့တာပဲ။

ရှောင်းကျန့်က AML အမျိုးအစား သွေးကင်ဆာကိုခံစားနေရတာ။ Acute myeloid leukemia လို့ ဖန်းစူးယိတို့ခေါ်တဲ့ အဲ့ဒီရောဂါက ခပ်မြန်မြန်ပဲ ကိုယ်တွင်းသွေးနီဥတွေထုတ်လုပ်နိုင်မှုကို လျော့ချပစ်တဲ့ရောဂါမျိုး။ AML အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ Stem cell ကိုလုံးဝ လှယ်ပစ်လိုက်တာပဲ။ သုံးလအတွင်းကုသမှုမခံယူနိုင်ရင် စူးယိလည်း ဘာမှတတ်နိုင်မှာမဟုတ်ဖူး။ Chemotherapy ကြောင့် ရှောင်းကျန့်က ဘာမှမစားနိုင်ပဲ မူးလိုက်အန်လိုက် ဖြစ်နေပေမဲ့ အဲ့ဒီကင်ဆာဆေးရဲ့ side effect ကို လုံးဝကြံ့ကြံ့ခံနိုင်နေတယ်။ ဒါ့ကြောင့် ဓာတ်ကင်ဖို့ပါ သူရွေးချယ်လိုက်တယ်။ အဲ့ဒီမှာ ဝမ်ရိပေါ်နဲ့စတွေ့တာပဲ။

...........

"ထွက်သွား"

ဒီတစ်ပတ်လုံး သူ့ကိုမြင်ရင် ရှောင်းကျန့်ပြောတဲ့စကား။ လက်ကောက်ဝတ်မှာ အသေတပ်ထားတဲ့ ဆေးသွင်းပိုက်ကြောင့် ရှောင်းကျန့် လက်ဖျားလေးတွေယောင်နေတယ်။ ပါလာတဲ့ ချိုင့်တွေ ဟင်းဗူးတွေကိုအသာချပြီး စူးယိပြထားတဲ့ မောနီတာကိုဝင်ကြည့်လိုက်တယ်။ WBC amount ကျမသွားဘူး။  သွေးနီဥအရေအတွက်ကလည်း တိုးမလာသလို လျော့လည်းမသွားသေးတာကြောင့် ဝမ်ရိပေါ် စိတ်သက်သာရာရသွားတယ်။

"ကျွန်တော် ထမင်းကျွေးမယ်နော်"

"ဝမ်ရိပေါ်"

ရှောင်းကျန့်မျက်ဝန်းအိတ်လေးတွေ ကညိုနေတယ်။ မျက်နှာက ကင်ဆာဆေးရှိန်ကြောင့် တော်တော်ကြည့်ရဆိုးဆိုးပဲ အမ်းနေတယ်။  ရှေ့ကိုဆို တစ်ပတ်ကို ငါးရက် ဓာတ်ကင်ရတော့မှာမို့ ရှောင်းကျန့်က အားရှိနေမှဖြစ်မှာ။

"မင်းငါ့နားကိုစရောက်လာကတည်းက ငါသိတယ်။ မင်းက ငါ့အတွက်တကယ်ကို အရှုပ်ထုတ်ပဲ။"

အစိမ်းရောင် ပန်းမုန်လာလေးက ကင်ဆာရောဂါအတွက်ကောင်းတာမို့ ဒီနေ့ သူကိုယ်တိုင် ကြော်လာတာ။ ဒါလေးတစ်အိုးရဖို့ သူဘယ်လောက်ကြိုးစားခဲ့ရတယ် မှတ်လဲ!

"ကျန့်ကောက မုန်လာဥနီဖျော်ရည်လည်းသောက်ရမယ်"

"ချီးပဲ ဝမ်ရိပေါ်"

သူရယ်လိုက်တယ်။ အခြေအနေက ပျော်စရာမကောင်းပေမဲ့ သူဒီလိုနေရတာကို တအားစိတ်ချမ်းသာတယ်။ ဖြစ်နေသမျှပြဿ      နာတွေကို ဆေးရုံပေါက်ဝမှာတင်ပစ်ချထားခဲ့ပြီး ကျန့်ကောဘေးမှာ ဒီအတိုင်းလေးပဲနေချင်တယ်။

"ဖွင့်ပြောပြီးတာလည်းကြာပြီ။ မဟုတ်တာတွေလည်း တွေးမနေနဲ့တော့ ။ ဒီအသက်အရွယ်နဲ့ စော်ရမှာလည်း မဟုတ်တော့ဘူး။ ကျွန်တော့်ကိုပဲ ပြန်ကြိုက်လိုက်တော့"

ရှောင်းကျန့်က နှုတ်ခမ်းတွေကိုကိုက်ပြီးတစ်ဖက်လှည့်သွားတယ်။ နာကျင်မှုဆိုတာ ရှောင်းကျန့် မခံစားမိတော့အောင်အထိ...သူ့ချစ်ခြင်းတွေနဲ့ပဲ နွေးထွေးနေစေရမယ်။

......

"RT အတွက်.. "

"အစအဆုံး ကျွန်တော်တာဝန်ယူတယ်။"

ရှောင်းကျန့်အတွက်သပ်သပ်ဖယ်ထားတဲ့ ပြုံးရော်ရော် မျက်ဝန်းအကြည့်တွေက Limited နဲ့ မို့ စူးယိနဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ဝမ်ရိပေါ်ဟာ မာနတွေရင့်နေတဲ့ မျက်ဝန်းတွေနဲ့။ သူယှဉ်ပြိုင်ရမှာဟာ သေမင်းဆိုတာကို လုံးဝလျစ်လျူရှုထားတယ်။

"Oncologist, Radiation physicist, Dosimetric,Therapists နဲ့ Therapy nurse တွေက တစ်ပတ်ကို ငါးရက်လူစုံစေ့မယ်ထင်လို့လား"

"စိတ်မပူပါနဲ့။ Doctor မမျှော်မှန်းနိုင်တဲ့ အတိုင်းအတာအထိ ကျွန်တော် အမ်းနိုင်တယ်။"

စူးယိ ရယ်ချလိုက်တယ်။ စူးရှရှမျက်ဝန်းတွေက ရဲရင့်မှုတွေကိုသူကြိုက်တယ်။

"အရေးကြီးတာဘာလဲဆိုတာကို မင်းလည်းသိပါတယ်။ ဆရာတို့က လမ်းညွှန်ပေးရုံပဲ တတ်နိုင်တယ်။ အားလုံးကမင်းအပေါ်မှာမူတည်နေတယ်။ Stem cell အတွက်လည်း မင်း ဒီလို အမ်းနိုင်ပါစေလို့ ဆရာမျှော်လင့်ပါတယ်။"

ပြောခဲ့တဲ့စကားတွေက ရိပေါ် အာရုံထဲ ပြတ်ပြတ်ထင်ထင်ပဲ။ သူယွီလန်နဲ့ဆွေးနွေးပြီးပြီ။  stem cell ထုတ်ဖို့ရာ လုံးဝထပ်တူကျတဲ့ ရိုးတွင်းခြင်ဆီ ရှာဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရမယ့်အတိုင်းပဲ။ ဘာပဲ ဖြစ်ဖြစ်ခင်များက ကျွန်တော့်ဘေးမှာပဲ ရှိရမှာ။

ရှောင်းကျန့်က ဘဲရုပ်ဆိုးကိုဖက်ထားပြီး အိပ်နေတယ်။ ဘာလို့ ဒီဘဲရုပ်ဆိုးကို ပဲ အမြဲတမ်းဖက်အိပ်နေရလဲ ရိပေါ်မသိဘူး။ ဒါပေမဲ့ ဘဲရုပ်ဆိုးလေးနဲ့ရှောင်းကျန့်က တကယ်ချစ်ဖို့ကောင်းတယ်။

ဒီတစ်ပတ်အတွင်းမှာပဲ ခေါင်းအုံးပေါ်က ဆံပင်ကျွတ်အရေအတွက်က အရင်ကထက်ပိုများလာတယ်။ ရိပေါ် တစ်ခုခုလုပ်ဖို့စဉ်းစားပြီး ပြုံးလိုက်တယ်။ စောင်ကိုရင်ဘတ်နားအထိဆွဲခြုံပေးလိုက်ပြီး နှာတံထိပ်ကလေးကို လက်ညိုးလေးနဲ့ဖြတ်ကနဲတို့လိုက်တယ်။

ရိပေါ်ရင်ထဲ အေးကနဲပဲ!

....

အခန်းထဲက ပန်းအိုးလေးထဲမှာ ရိပေါ်အခုလေးတင်ထိုးထားတဲ့ပန်းလေးနှစ်ခက်ရှိတယ်။

ဒီနေ့အတွက် ပန်းက 'Lilac'

......အချစ်ဦး......

......

A.N

ရိုးတွင်းခြင်ဆီက Stem cell ကိုထုတ်ပေးပြီး
Stem cell က ပုံပါအတိုင်း သွေးနီဥနဲ့ သွေးဖြူဥကိုထုတ်ပေးပါတယ်။

ဆေးပညာအရ အားနည်းမှုတွေရှိလို့ တောင်းပန်ပါတယ်နော်။

ကိုယ်တိုင်ကလည်း ဆရာဝန်မဟုတ်တာမို့ တော်တော်ကြီး အားထုတ်ထားရတာပါ။

သူငယ်ချင်းကပါ ကူညီပေးလို့ တကယ်အဆင်ပြေသွားပါတယ်။ ❤

.....

Continue Reading

You'll Also Like

642K 32.3K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
40.2K 407 6
"am I your wallet"~💧 . . "yes"~🔶 . . . . Childe is top im sorry top Zhongli wanters (this is my fav ship in genshin btw) 爱 = love in chinese (ài)
292K 8.7K 95
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
17.4K 305 11
"How would you like to join your friend, Johnny?" The Soc on top slurred in my ear, smiling wickedly.The smell of whisky all too strong. It burns his...