《Zawgyi》
အပိုင္း - ၈၅
[မင္းရဲ႕ဆႏၵကို လိုက္ေလ်ာေပးခဲ့တာ - ၁]
ခ်င္းစုယြဲ႕ဟာ ကားျပတင္းေပါက္ အျပင္ဘက္မွ ရင္းႏွီးသလိုရွိေပမယ့္ သိပ္ရင္းႏွီးမေနသည့္ ရႈခင္းအား ၾကည့္ေနရင္း ယခုလက္ရွိ အေျခအေနဟာ တစ္ခုခုေတာ့ ထူးဆန္းေနသည္ဟု ခံစားေနရ၏။
ခ်န္းစီႏ်န္မွာ ကားေမာင္းျခင္းတြင္သာ လံုးလံုးလ်ားလ်ားကို အာရံုစူးစိုက္ထားလ်က္ သူမကေတာ့ အျပင္ဘက္ရႈခင္းမ်ားကို ေငးေမာၾကည့္ေနၿပီး ေက်ာင္းအုပ္ႀကီးႏွင့္ ရွေခ်ာင္းတို႔ ႏွစ္ဦးမွာေတာ့ ဟိုအေၾကာင္း သည္အေၾကာင္း ေရာက္တတ္ရာရာ စကားစျမည္ေျပာဆိုေနၾကသည္။
မေဖာ္ျပႏိုင္ေလာက္ေအာင္ ထူးဆန္းလွေသာ အေျခအေနႀကီးမွာ ညစာ စားၿပီးသြားသည္အထိ ျဖစ္ကာ ခ်င္းစုယြဲ႕တစ္ေယာက္ အရသာ ေပါ့ပ်က္ေနေသာ အစားအေသာက္အား စားၿပီးသြားေသာအခါ သူမ ေနာက္ဆံုးမွာေတာ့ ခ်န္းစီႏ်န္ထံမွ လြတ္ေျမာက္ေတာ့မည္ ျဖစ္သျဖင့္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ေနရသည္။ သို႔ေသာ္လည္း သူမတို႔တေတြ စားေသာက္ဆိုင္မွ အထြက္တြင္ မေမၽွာ္လင့္ပဲ ခ်န္းစီႏ်န္မွ ေျပာလိုက္သည္ "ကားထဲဝင္"
ခ်င္းစုယြဲ႕ ... "အမ္?"
ခ်န္းစီႏ်န္က ရွေခ်ာင္းအား ဖ်တ္ခနဲ ၾကည့္လ်က္ "အစီအစဥ္တင္ဆက္သူ ရွ က ရွန္က်င္းၿမိဳ႕ကို ပထမဆံုး ေရာက္ဖူးတာ မဟုတ္ဘူးလား? အဲဒါဆိုရင္ ကိုယ္တို႔က ဒီၿမိဳ႕ကို လိုက္ပတ္ျပတဲ့ အိမ္ရွင္ေတြအျဖစ္ ျပဳမူေပးသင့္တယ္ေလ"
ခ်န္းစီႏ်န္က "ကိုယ္တို႔" ဟု သံုးႏႈန္းလိုက္ခ်ိန္တြင္ သူ႔မ်က္ဝန္းေတြဟာေတာ့ ခ်င္းစုယြဲ႕ထံသို႔ တည့္တည့္ စိုက္ၾကည့္လို႔ေန၏။
ခ်င္းစုယြဲ႕ခမ်ာမွာေတာ့ သူ႔အၾကည့္ေၾကာင့္ သူမ၏ ဦးေရျပားေတြပင္ ထံုက်င္သြားသည္ကို ခံစားလိုက္ရသည္။ ဒီစကားမွာ 'ကိုယ္တို႔'ဆိုတာႀကီးက ပါမေနသင့္ဘူးေလေနာ္!
သူမက သူ႔ရဲ႕ၾကင္နာမႈကို မလိုအပ္ေပ! ယဥ္ယဥ္ေက်းေက်းနဲ႔ ျငင္းပယ္လိုက္ဖို႔ ျပင္လိုက္ခ်ိန္မွာပဲ ေက်ာင္းအုပ္ႀကီးက "ေကာင္းသားပဲ! ငါတို႔ ေရွာင္ရွကို ဘယ္ကို လိုက္ျပေပးရမလဲဆိုတာ ငါလည္း သိခ်င္ေနမိတယ္ ... ဒီလိုဆိုမွေတာ့ အားႏ်န္ကိုပဲ တာဝန္ေပးရေတာ့မွာပဲ"
ရွေခ်ာင္းက အျပံဳးယဲ့ယဲ့ျဖင့္ ... "ကၽြန္ေတာ္က ေက်ာင္းအုပ္ႀကီးနဲ႔ စီအီးအိုခ်န္းကို အေႏွာင့္အယွက္ မေပးဝံ့ပါဘူးဗ်ာ ... ကၽြန္ေတာ့္ဟာကၽြန္ေတာ္ပဲ ဟိုတယ္ကို ျပန္လိုက္ပါေတာ့မယ္"
"အရမ္း ယဥ္ေက်းစရာမလိုပါဘူး ေရွာင္ရွရဲ႕ ... မင္းကို သူ လိုက္ပို႔ေပးပါလိမ့္မယ္" ေက်ာင္းအုပ္ႀကီးက ရိုးရိုးသားသား ျပံဳးျပလိုက္၏။
ခ်င္းစုယြဲ႕ဟာ သူမရဲ႕ ဦးေရခြံကိုသာ ျပန္လည္၍ ျပင္းျပင္းထန္ထန္ ထိုးႏွက္လိုက္ခ်င္မိေတာ့သည္။ သူတို႔က ဘာေတြ စီစဥ္ေနတာတုန္းလို႔?
ခ်န္းစီႏ်န္က ေက်ာင္းအုပ္ႀကီးအား ေက်ာင္းသို႔ ျပန္လိုက္ပို႔ေပးၿပီးေနာက္ ရွေခ်ာင္းအား ဟိုတယ္သို႔ ပို႔ေပးၿပီး ခ်န္းစီႏ်န္သည္ ခ်င္းစုယြဲ႕ထံ လွည့္မၾကည့္ပဲႏွင့္ ေအးစက္စက္ ေျပာလိုက္သည္ "ကားထဲဝင္"
ခ်င္းစုယြဲ႕မွာ ကားေဘးတြင္ မတ္တပ္ရပ္ေနလ်က္ သူ႔ကို ၾကည့္ေနရင္းမွ ေခါင္းမာစြာ ေတြးေနမိသည္ 'ကၽြန္မ ရွင့္ကားထဲကို ဒုတိယအႀကိမ္ ျပန္ဝင္မွာ မဟုတ္ဘူး!'
အခုဆိုလၽွင္ ဘယ္သူမွ မက်န္ခဲ့ေတာ့ဘူး ျဖစ္ေလရာ သူ႔ရဲ႕ ေနရာထိုင္ရခက္ခဲေစသည့္ ဖိႏွိပ္တတ္ေသာ အရွိန္အဝါကို စသံုးလိုက္သည္။ ခ်င္းစုယြဲ႕ကေတာ့ အကယ္၍ သူမသာ သူ႔ကားထဲသို႔ ဝင္လိုက္လၽွင္ သူမမွာ ဘယ္လိုေတာင္ စဥ္းစားဥာဏ္မရွိ တံုးအသူ ျဖစ္သြားမည္ကို ေတြးေတာင္မၾကည့္ႏိုင္ေပ။
ခ်င္းစုယြဲ႕က သူ႔အားလ်စ္လ်ဴျပဳကာ လမ္းေလၽွာက္သြားလိုက္၏။ သူမရဲ႕ လက္ေမာင္းကို ဆန္႔တန္းကာ တက္စီတစ္စီးအား လွမ္းတားရန္ျပဳစဥ္မွာပဲ ခ်န္းစီႏ်န္မွာ သူမ၏ သြယ္လ်လွေသာ လင္ေကာက္ဝတ္ေလးအား ဆုပ္ကိုင္လ်က္ သူ႔ကားဆီသို႔ ဆြဲေခၚသြားေလ၏။
သူမမွာ ခ်န္းစီႏ်န္၏ ခိုင္ျမဲစြာ ဆုပ္ကိုင္ထားမႈမွ လြတ္ေျမာက္ရန္အတြက္ ရုန္းကန္ဖို႔ ႀကိဳးစားပါေသာ္လည္း ခ်န္းစီႏ်န္က သူ၏ ထက္ျမေနေသာ မ်က္ဝန္းတို႔ျဖင့္ သူမအား စူးရွရွ စိုက္ၾကည့္လ်က္ ... "မင္းက ပိုၿပီး ျပႆနာရွာခ်င္သပ ဆိုရင္လည္း ကိုယ္ကတိေပးတယ္ မနက္ျဖန္ သတင္းေခါင္းစဥ္က မင္းနဲ႔ ကိုယ့္ရဲ႕အေၾကာင္း ျဖစ္သြားလိမ့္မယ္"
ခ်င္းစုယြဲ႕မွာ အံကိုသာႀကိတ္ထားရရွာလ်က္ သူ႔အား ရန္လိုစြာ စိုက္ၾကည့္လိုက္၏။ ရွင့္မွာ ပိုက္ဆံေတြရွိေနတာနဲ႔ပဲ ရွင့္ကိုယ္ရွင္ အံ့အားသင့္စရာေကာင္းတယ္လို႔ ထင္ေနတာလား?
ခ်န္းစီႏ်န္က သူ႔မ်က္လံုးေတြအား ေအာက္သို႔စိုက္ၾကည့္လိုက္ရင္း သူမကို တိတ္တိတ္ေလး ခိုးၾကည့္လိုက္သည္။ သူမ၏ အစြယ္ေတြထုတ္ကာ လက္သည္းေျခသည္းေတြကို ေဝွ႕ယမ္းေနသကဲ့သို႔ ဟန္ပန္ေလးကို ျမင္လိုက္ရခ်ိန္မွာ သူ ေက်နပ္သြားမိသည္။ ခ်င္းစုယြဲ႕ကို ထိုင္ခံုတြင္ ထိုင္ခိုင္းေစၿပီးသည့္ေနာက္ သူမက ထိုေနရာတြင္ တိတ္တိတ္ေလး ထိုင္ေနသည္ကို ျမင္ရေတာ့မွ သူ ကားတံခါးကို ပိတ္ေပးလိုက္၏။
ခ်န္းစီႏ်န္လည္း ကားထဲသို႔ဝင္ကာ ထိုင္ခံုခါးပတ္ကို ပတ္လိုက္သည္။ သူက သူမကို လွမ္းၾကည့္လိုက္ေတာ့ ေဒါသထြက္ေနသျဖင့္ သူမ၏ မ်က္ႏွာမွာ အမူအယာကင္းမဲ့ေနသည္ကို သူ ေတြ႕လိုက္ရသည္။
"ခ်င္းမိန္းကေလးက ကိုယ့္ကိုမ်ား ထိုင္ခံုခါးပတ္ ပတ္ေပးေစခ်င္တာလား?"
ခ်င္းစုယြဲ႕က ဟြန္႔ခနဲ ႏွာေခါင္းကိုရွံဳ႕လ်က္ သူ႔ဘက္သို႔ အၾကည့္တစ္ခ်က္ေသာ္မၽွ ျဖတ္ခနဲ မစြန္႔ၾကဲပဲႏွင့္ သူမဟာသူမ ေဒါသတႀကီး စူေအာင့္စြာ ထိုင္ခံုခါးပတ္ ပတ္လိုက္သည္။ သူမက ယဥ္ေက်းမႈကင္းေသာ ေလသံျဖင့္ "စီအီးအိုခ်န္း ကၽြန္မ ဥာဏ္တိမ္မိတဲ့အတြက္ ခြင့္လႊတ္ပါ ... ရွင္ ဒါက ဘာကိုဆိုလိုတာလဲ?"
"ကိုယ္ဘာကို ဆိုလိုတာလဲ မင္းမသိဘူးေပါ့? ခ်င္းမိန္းကေလး ေသေသခ်ာခ်ာ ေတြးၾကည့္လိုက္ေလ မင္းမသိဘူးဆိုတာ ဘယ္လိုလုပ္ ျဖစ္ႏိုင္ပါ့မလဲ?"
ခ်င္းစုယြဲ႕က အသက္ကို ခပ္ျပင္းျပင္း ရွဴရွိဳက္လိုက္သည္။ သူမ သူႏွင့္ ကစားဖို႔အတြက္ စိတ္မပါေနေပ။
"ကၽြန္မ အိမ္ကိုျပန္ခ်င္တယ္" ခ်င္းစုယြဲ႕က ပြင့္ပြင့္လင္းလင္းပဲ ေျပလိုက္သည္။
ခ်န္းစီႏ်န္က ဒရိုင္ဘာလုပ္ေပးေနရတာ စြဲလမ္းေနတယ္လို႔ ထင္ရမွေတာ့ ခ်င္းစုယြဲ႕ကလဲ သူ႔ကို အခြင့္အေရးေလး ျပန္ေပးရေတာ့မွာေပါ့။
ခ်န္းစီႏ်န္မွာ ခ်င္းစုယြဲ႕အား ေအးစက္စက္ တစ္ခ်က္ၾကည့္လိုက္ေတာ့ သူမက သူ႔ကိုမၾကည့္ပဲ ဦးေခါင္းကို တစ္ဖက္သို႔ ေစာင္းထားသည္ကို ျမင္လိုက္သည့္အခါတြင္ ထိုျဖစ္ရပ္မွာ သူ႔အား မြန္းက်ပ္က်ပ္ ခံစားရေစသည္။
ကားကို စီးနင္းသည့္သူတို႔မွာ တိတ္ဆိတ္လို႔ေနၾကလ်က္ ခ်န္းစီႏ်န္က ခဏခဏဝင္လာေနသည့္ သူ႔ဖုန္းေခၚဆိုမႈေတြကို အႀကိမ္ေရ အနည္းငယ္ေလာက္ ျပန္ေျဖေန၏။
ခ်င္းစုယြဲ႕ကေတာ့ ျပတင္းေပါက္တြင္ ျဖတ္ေျပးေနေသာ ျမင္ကြင္းတို႔ကိုသာ ဆက္လက္ေငးၾကည့္ေန၏။ ခ်န္းစီႏ်န္၏ တည္ရွိေနမႈကို သူမ တတ္ႏိုင္သမၽွ ႀကိဳးစားေမ့ေဖ်ာက္ထားရင္းမွ ရုတ္တရက္ ... "ဒါ ကၽြန္မရဲ႕အိမ္ကိုသြားတဲ့ လမ္း မဟုတ္ဘူး"
ခ်န္းစီႏ်န္က သူမကို ဖ်တ္ခနဲၾကည့္လိုက္ရင္း မၾကားသေယာင္ ျပဳလိုက္သည္။
"စီအီးအိုခ်န္း ကၽြန္မက ရွင့္ကို အိမ္ျပန္ပို႔ခိုင္းၿပီး ဒုကၡေပးမိသလို ျဖစ္သြားတဲ့အတြက္ ေတာင္းပန္ပါတယ္" ခ်င္းစုယြဲ႕မွာ သူ႔အား ထၿပီး ကိုက္ပစ္ခ်င္သည့္ ျပင္းျပင္းထန္ထန္ဆႏၵအား မတားဆီး မထိန္းခ်ဳပ္ႏိုင္မွာ စိုးရြံ႕သျဖင့္ သူမကိုယ္သူမ တည္ၿငိမ္ေနေအာင္ အတတ္ႏိုင္ဆံုး ႀကိဳးစားထိန္းခ်ဳပ္ေနရ၏။ ငါေလးမွာ ဒီကို ျပန္လာလာခ်င္း သူ႔ကိုပဲ တစ္ေန႔လံုး ေတြ႕ျမင္ေနရတယ္! ဘာေတြ ျဖစ္ေနတာတုန္းဟဲ့?
18.2.2020
*********************
《Unicode》
အပိုင်း - ၈၅
[မင်းရဲ့ဆန္ဒကို လိုက်လျောပေးခဲ့တာ - ၁]
ချင်းစုယွဲ့ဟာ ကားပြတင်းပေါက် အပြင်ဘက်မှ ရင်းနှီးသလိုရှိပေမယ့် သိပ်ရင်းနှီးမနေသည့် ရှုခင်းအား ကြည့်နေရင်း ယခုလက်ရှိ အခြေအနေဟာ တစ်ခုခုတော့ ထူးဆန်းနေသည်ဟု ခံစားနေရ၏။
ချန်းစီနျန်မှာ ကားမောင်းခြင်းတွင်သာ လုံးလုံးလျားလျားကို အာရုံစူးစိုက်ထားလျက် သူမကတော့ အပြင်ဘက်ရှုခင်းများကို ငေးမောကြည့်နေပြီး ကျောင်းအုပ်ကြီးနှင့် ရှချောင်းတို့ နှစ်ဦးမှာတော့ ဟိုအကြောင်း သည်အကြောင်း ရောက်တတ်ရာရာ စကားစမြည်ပြောဆိုနေကြသည်။
မဖော်ပြနိုင်လောက်အောင် ထူးဆန်းလှသော အခြေအနေကြီးမှာ ညစာ စားပြီးသွားသည်အထိ ဖြစ်ကာ ချင်းစုယွဲ့တစ်ယောက် အရသာ ပေါ့ပျက်နေသော အစားအသောက်အား စားပြီးသွားသောအခါ သူမ နောက်ဆုံးမှာတော့ ချန်းစီနျန်ထံမှ လွတ်မြောက်တော့မည် ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရသည်။ သို့သော်လည်း သူမတို့တတွေ စားသောက်ဆိုင်မှ အထွက်တွင် မမျှော်လင့်ပဲ ချန်းစီနျန်မှ ပြောလိုက်သည် "ကားထဲဝင်"
ချင်းစုယွဲ့ ... "အမ်?"
ချန်းစီနျန်က ရှချောင်းအား ဖျတ်ခနဲ ကြည့်လျက် "အစီအစဉ်တင်ဆက်သူ ရှ က ရှန်ကျင်းမြို့ကို ပထမဆုံး ရောက်ဖူးတာ မဟုတ်ဘူးလား? အဲဒါဆိုရင် ကိုယ်တို့က ဒီမြို့ကို လိုက်ပတ်ပြတဲ့ အိမ်ရှင်တွေအဖြစ် ပြုမူပေးသင့်တယ်လေ"
ချန်းစီနျန်က "ကိုယ်တို့" ဟု သုံးနှုန်းလိုက်ချိန်တွင် သူ့မျက်ဝန်းတွေဟာတော့ ချင်းစုယွဲ့ထံသို့ တည့်တည့် စိုက်ကြည့်လို့နေ၏။
ချင်းစုယွဲ့ခမျာမှာတော့ သူ့အကြည့်ကြောင့် သူမ၏ ဦးရေပြားတွေပင် ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ ဒီစကားမှာ 'ကိုယ်တို့'ဆိုတာကြီးက ပါမနေသင့်ဘူးလေနော်!
သူမက သူ့ရဲ့ကြင်နာမှုကို မလိုအပ်ပေ! ယဉ်ယဉ်ကျေးကျေးနဲ့ ငြင်းပယ်လိုက်ဖို့ ပြင်လိုက်ချိန်မှာပဲ ကျောင်းအုပ်ကြီးက "ကောင်းသားပဲ! ငါတို့ ရှောင်ရှကို ဘယ်ကို လိုက်ပြပေးရမလဲဆိုတာ ငါလည်း သိချင်နေမိတယ် ... ဒီလိုဆိုမှတော့ အားနျန်ကိုပဲ တာဝန်ပေးရတော့မှာပဲ"
ရှချောင်းက အပြုံးယဲ့ယဲ့ဖြင့် ... "ကျွန်တော်က ကျောင်းအုပ်ကြီးနဲ့ စီအီးအိုချန်းကို အနှောင့်အယှက် မပေးဝံ့ပါဘူးဗျာ ... ကျွန်တော့်ဟာကျွန်တော်ပဲ ဟိုတယ်ကို ပြန်လိုက်ပါတော့မယ်"
"အရမ်း ယဉ်ကျေးစရာမလိုပါဘူး ရှောင်ရှရဲ့ ... မင်းကို သူ လိုက်ပို့ပေးပါလိမ့်မယ်" ကျောင်းအုပ်ကြီးက ရိုးရိုးသားသား ပြုံးပြလိုက်၏။
ချင်းစုယွဲ့ဟာ သူမရဲ့ ဦးရေခွံကိုသာ ပြန်လည်၍ ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ချင်မိတော့သည်။ သူတို့က ဘာတွေ စီစဉ်နေတာတုန်းလို့?
ချန်းစီနျန်က ကျောင်းအုပ်ကြီးအား ကျောင်းသို့ ပြန်လိုက်ပို့ပေးပြီးနောက် ရှချောင်းအား ဟိုတယ်သို့ ပို့ပေးပြီး ချန်းစီနျန်သည် ချင်းစုယွဲ့ထံ လှည့်မကြည့်ပဲနှင့် အေးစက်စက် ပြောလိုက်သည် "ကားထဲဝင်"
ချင်းစုယွဲ့မှာ ကားဘေးတွင် မတ်တပ်ရပ်နေလျက် သူ့ကို ကြည့်နေရင်းမှ ခေါင်းမာစွာ တွေးနေမိသည် 'ကျွန်မ ရှင့်ကားထဲကို ဒုတိယအကြိမ် ပြန်ဝင်မှာ မဟုတ်ဘူး!'
အခုဆိုလျှင် ဘယ်သူမှ မကျန်ခဲ့တော့ဘူး ဖြစ်လေရာ သူ့ရဲ့ နေရာထိုင်ရခက်ခဲစေသည့် ဖိနှိပ်တတ်သော အရှိန်အဝါကို စသုံးလိုက်သည်။ ချင်းစုယွဲ့ကတော့ အကယ်၍ သူမသာ သူ့ကားထဲသို့ ဝင်လိုက်လျှင် သူမမှာ ဘယ်လိုတောင် စဉ်းစားဉာဏ်မရှိ တုံးအသူ ဖြစ်သွားမည်ကို တွေးတောင်မကြည့်နိုင်ပေ။
ချင်းစုယွဲ့က သူ့အားလျစ်လျူပြုကာ လမ်းလျှောက်သွားလိုက်၏။ သူမရဲ့ လက်မောင်းကို ဆန့်တန်းကာ တက်စီတစ်စီးအား လှမ်းတားရန်ပြုစဉ်မှာပဲ ချန်းစီနျန်မှာ သူမ၏ သွယ်လျလှသော လင်ကောက်ဝတ်လေးအား ဆုပ်ကိုင်လျက် သူ့ကားဆီသို့ ဆွဲခေါ်သွားလေ၏။
သူမမှာ ချန်းစီနျန်၏ ခိုင်မြဲစွာ ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်ရန်အတွက် ရုန်းကန်ဖို့ ကြိုးစားပါသော်လည်း ချန်းစီနျန်က သူ၏ ထက်မြနေသော မျက်ဝန်းတို့ဖြင့် သူမအား စူးရှရှ စိုက်ကြည့်လျက် ... "မင်းက ပိုပြီး ပြဿနာရှာချင်သပ ဆိုရင်လည်း ကိုယ်ကတိပေးတယ် မနက်ဖြန် သတင်းခေါင်းစဉ်က မင်းနဲ့ ကိုယ့်ရဲ့အကြောင်း ဖြစ်သွားလိမ့်မယ်"
ချင်းစုယွဲ့မှာ အံကိုသာကြိတ်ထားရရှာလျက် သူ့အား ရန်လိုစွာ စိုက်ကြည့်လိုက်၏။ ရှင့်မှာ ပိုက်ဆံတွေရှိနေတာနဲ့ပဲ ရှင့်ကိုယ်ရှင် အံ့အားသင့်စရာကောင်းတယ်လို့ ထင်နေတာလား?
ချန်းစီနျန်က သူ့မျက်လုံးတွေအား အောက်သို့စိုက်ကြည့်လိုက်ရင်း သူမကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။ သူမ၏ အစွယ်တွေထုတ်ကာ လက်သည်းခြေသည်းတွေကို ဝှေ့ယမ်းနေသကဲ့သို့ ဟန်ပန်လေးကို မြင်လိုက်ရချိန်မှာ သူ ကျေနပ်သွားမိသည်။ ချင်းစုယွဲ့ကို ထိုင်ခုံတွင် ထိုင်ခိုင်းစေပြီးသည့်နောက် သူမက ထိုနေရာတွင် တိတ်တိတ်လေး ထိုင်နေသည်ကို မြင်ရတော့မှ သူ ကားတံခါးကို ပိတ်ပေးလိုက်၏။
ချန်းစီနျန်လည်း ကားထဲသို့ဝင်ကာ ထိုင်ခုံခါးပတ်ကို ပတ်လိုက်သည်။ သူက သူမကို လှမ်းကြည့်လိုက်တော့ ဒေါသထွက်နေသဖြင့် သူမ၏ မျက်နှာမှာ အမူအယာကင်းမဲ့နေသည်ကို သူ တွေ့လိုက်ရသည်။
"ချင်းမိန်းကလေးက ကိုယ့်ကိုများ ထိုင်ခုံခါးပတ် ပတ်ပေးစေချင်တာလား?"
ချင်းစုယွဲ့က ဟွန့်ခနဲ နှာခေါင်းကိုရှုံ့လျက် သူ့ဘက်သို့ အကြည့်တစ်ချက်သော်မျှ ဖြတ်ခနဲ မစွန့်ကြဲပဲနှင့် သူမဟာသူမ ဒေါသတကြီး စူအောင့်စွာ ထိုင်ခုံခါးပတ် ပတ်လိုက်သည်။ သူမက ယဉ်ကျေးမှုကင်းသော လေသံဖြင့် "စီအီးအိုချန်း ကျွန်မ ဉာဏ်တိမ်မိတဲ့အတွက် ခွင့်လွှတ်ပါ ... ရှင် ဒါက ဘာကိုဆိုလိုတာလဲ?"
"ကိုယ်ဘာကို ဆိုလိုတာလဲ မင်းမသိဘူးပေါ့? ချင်းမိန်းကလေး သေသေချာချာ တွေးကြည့်လိုက်လေ မင်းမသိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ?"
ချင်းစုယွဲ့က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ သူမ သူနှင့် ကစားဖို့အတွက် စိတ်မပါနေပေ။
"ကျွန်မ အိမ်ကိုပြန်ချင်တယ်" ချင်းစုယွဲ့က ပွင့်ပွင့်လင်းလင်းပဲ ပြေလိုက်သည်။
ချန်းစီနျန်က ဒရိုင်ဘာလုပ်ပေးနေရတာ စွဲလမ်းနေတယ်လို့ ထင်ရမှတော့ ချင်းစုယွဲ့ကလဲ သူ့ကို အခွင့်အရေးလေး ပြန်ပေးရတော့မှာပေါ့။
ချန်းစီနျန်မှာ ချင်းစုယွဲ့အား အေးစက်စက် တစ်ချက်ကြည့်လိုက်တော့ သူမက သူ့ကိုမကြည့်ပဲ ဦးခေါင်းကို တစ်ဖက်သို့ စောင်းထားသည်ကို မြင်လိုက်သည့်အခါတွင် ထိုဖြစ်ရပ်မှာ သူ့အား မွန်းကျပ်ကျပ် ခံစားရစေသည်။
ကားကို စီးနင်းသည့်သူတို့မှာ တိတ်ဆိတ်လို့နေကြလျက် ချန်းစီနျန်က ခဏခဏဝင်လာနေသည့် သူ့ဖုန်းခေါ်ဆိုမှုတွေကို အကြိမ်ရေ အနည်းငယ်လောက် ပြန်ဖြေနေ၏။
ချင်းစုယွဲ့ကတော့ ပြတင်းပေါက်တွင် ဖြတ်ပြေးနေသော မြင်ကွင်းတို့ကိုသာ ဆက်လက်ငေးကြည့်နေ၏။ ချန်းစီနျန်၏ တည်ရှိနေမှုကို သူမ တတ်နိုင်သမျှ ကြိုးစားမေ့ဖျောက်ထားရင်းမှ ရုတ်တရက် ... "ဒါ ကျွန်မရဲ့အိမ်ကိုသွားတဲ့ လမ်း မဟုတ်ဘူး"
ချန်းစီနျန်က သူမကို ဖျတ်ခနဲကြည့်လိုက်ရင်း မကြားသယောင် ပြုလိုက်သည်။
"စီအီးအိုချန်း ကျွန်မက ရှင့်ကို အိမ်ပြန်ပို့ခိုင်းပြီး ဒုက္ခပေးမိသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်" ချင်းစုယွဲ့မှာ သူ့အား ထပြီး ကိုက်ပစ်ချင်သည့် ပြင်းပြင်းထန်ထန်ဆန္ဒအား မတားဆီး မထိန်းချုပ်နိုင်မှာ စိုးရွံ့သဖြင့် သူမကိုယ်သူမ တည်ငြိမ်နေအောင် အတတ်နိုင်ဆုံး ကြိုးစားထိန်းချုပ်နေရ၏။ ငါလေးမှာ ဒီကို ပြန်လာလာချင်း သူ့ကိုပဲ တစ်နေ့လုံး တွေ့မြင်နေရတယ်! ဘာတွေ ဖြစ်နေတာတုန်းဟဲ့?
18.2.2020
**********************