《Zawgyi》
အပိုင္း -၈၄
[ငါ စိတ္အေႏွာင့္အယွက္ျဖစ္တယ္ - ၃]
"ေက်ာင္းအုပ္ႀကီးက ကၽြန္မကို အရမ္းေမၽွာ္လင့္ထားလြန္းေနပါၿပီ" ခ်င္းစုယြဲ႕က ျပံဳးလိုက္ကာ ေပါ့ေပါ့ပါးပါး ျပန္ေျပာလိုက္၏။
"Aၿမိဳ႕မွာ သမီးရဲ႕ ေအာင္ျမင္လူႀကိဳက္မ်ားမႈကို အန္ကယ္သိပါတယ္ ... အဲဒီ အစီအစဥ္ ေဖ်ာ္ေျဖမႈေတြကို အန္ကယ္ၾကည့္ၿပီးၿပီ အရမ္းကို ေကာင္းတယ္ ... အန္ကယ္က သမီးအေပၚမွာ မွန္မွန္ကန္ကန္ အကဲျဖတ္ႏိုင္ခဲ့တယ္လို႔ ယံုၾကည္တယ္" ေက်ာင္းအုပ္ႀကီးက ဆက္ေျပာလိုက္သည္ ... "ဟုတ္တယ္မလား အားႏ်န္?"
ခ်န္းစီႏ်န္ဟာ သူ႔ႏႈတ္ခမ္းေထာင့္ေလးအား အနည္းငယ္တြန္႔ေကြးလိုက္ၿပီး သူ ထိုအခ်က္အား လက္ခံေၾကာင္း ျပသလိုက္၏။
ခ်င္းစုယြဲ႕ဟာ သူမ လုပ္စရာရွိတာေတြ ၿပီးစီးသြားၿပီျဖစ္ေၾကာင္း သိရတဲ့အခါ စကားေျပာျခင္းကို ဆိုင္းငံ့သြားေစရန္အတြက္ "ေက်ာင္းအုပ္ႀကီး ... သမီး အခု ျပန္သြားလိုက္ပါအုန္းမယ္ ... ေန႔လည္က်မွ အႀကိဳေလ့က်င့္ဖို႔အတြက္ ျပန္လာခဲ့ပါမယ္ရွင့္"
သူမက ေန႔လည္စာ စားရအုန္းမည္ျဖစ္ၿပီး ရွေခ်ာင္းကိုလည္း ဟိုတယ္သို႔ ျပန္လိုက္ပို႔ေပးရအုန္းမည္ျဖစ္ကာ ထို႔ေနာက္မွာ မနက္ျဖန္ ႏွစ္ပတ္လည္ အခမ္းအနား ပါတီအတြက္ အစီအစဥ္ ဇာတ္ညႊန္း အေသးစိတ္ကိုလည္း ေရးရအုန္းမည္ျဖစ္၏။
ေက်ာင္းအုပ္ႀကီးကေတာ့ ဒီအခြင့္အေရးမွာ ၾကံဳေတာင့္ၾကံဳခဲ ရွားပါးလြန္းလွသျဖင့္ ခ်င္းစုယြဲ႕အား အလြယ္တကူႏွင့္ေတာ့ ျပန္မလႊတ္ခ်င္လွေပ။ "အစီအစဥ္တင္ဆက္သူ ရွ ေရာ စီႏ်န္ေရာ ဒီေနရာမွာ ရွိေနဖို႔က ရွားပါးလြန္းလွတဲ့ဟာ အန္ကယ္က မင္းတို႔ကို စားစရာတစ္ခုခု လိုက္ေကၽြးရင္ေရာ ဘယ္လိုလဲ? မင္းတို႔သာ အန္ကယ့္ကို မ်က္ႏွာသာေပးၾကမယ္ဆိုရင္ ေန႔လည္စာ အတူတူ သြားစားၾကစို႔"
"ေက်ာင္းအုပ္ႀကီး ...." အဲ့ေလာက္ထိ ယဥ္ေက်းေနဖို႔ မလိုဘူးမလားဟင္?
ခ်န္းစီႏ်န္ဟာ ခ်င္းစုယြဲ႕တစ္ေယာက္ စိတ္မပါသည္ကို ေတြ႕လို္က္ရသျဖင့္ ေအးစက္စက္ ေဝဖန္သံုးသပ္လိုက္သည္။ "အစီအစဥ္တင္ဆက္သူ ခ်င္း က ေက်ာင္းအုပ္ႀကီးကို အထင္အျမင္ေသးလြန္း ေနတာမ်ားလား?"
ခ်င္းစုယြဲ႕မွာ အတင္းလုပ္ယူထားရသည့္ အျပံဳးတစ္ခုႏွင့္ ခ်န္းစီႏ်န္အား တည့္တည့္စိုက္ၾကည့္လိုက္ၿပီး ေတြးမိ၏။ 'ခ်န္းစီႏ်န္ ... ဒီလူကေတာ့ ေနမေကာင္းရွာဘူးထင္တယ္!'
"စီအီးအိုခ်န္းကေတာ့ ဟာသလုပ္ေနျပန္ပါၿပီ ... ကၽြန္မက ေက်ာင္းအုပ္ႀကီးကို ဘယ္လိုမ်ား အထင္အျမင္ေသးရပါ့မလဲရွင္ ... ကၽြန္မတို႔က ေက်ာင္းအုပ္ႀကီး ဝယ္ေကၽြးတာကို သံုးေဆာင္ရရင္ မယဥ္ေက်းရာက်မယ္လို႔ ေတြးမိရံုပါ"
"အဲဒါဆို ေျဖရွင္းရလြယ္ပါတယ္ ... အစီအစဥ္ တင္ဆက္သူခ်င္းက ကိုယ္တို႔ကို ဝယ္ေကၽြးလိုက္ေပါ့" ခ်န္းစီႏ်န္ဟာ သူမရဲ႕ စကားလံုးေတြကို လုိက္ေျပာရင္းႏွင့္ ဤသည္မွာ ျဖစ္သင့္သည္ဆိုသလိုမ်ိဳး သူ႔ပံုသဏၭာန္ အမူအရာမွာ သဘာဝက်လို႔ပင္ေနေသး၏။
ခ်င္းစုယြဲ႕မွာ တိတ္တိတ္ေလးသာ အံႀကိတ္ေနရလ်က္ ေက်ာင္းအုပ္ႀကီး၏ ျပံဳးရယ္ေနေသာ မ်က္ႏွာအား ျပန္လည္ျပံဳးျပလိုက္ရသည္။ "ေကာင္းပါၿပီ! သြားစားၾကမယ့္ ေနရာကိုေတာ့ ေက်ာင္းအုပ္ႀကီးက ေရြးလိုက္ပါေနာ္ ... ကၽြန္မက ဒီနားက ေနရာေတြနဲ႔ သိပ္မရင္းႏွီးေတာ့လို႔ပါရွင့္"
"ကိစၥမရွိပါဘူး" ေက်ာင္းအုပ္ႀကီးဟာ သူေတာင္မၽွ ဘာမွ အားမထုတ္ မႀကိဳးစားခဲ့ရပါပဲႏွင့္ ဤသို႔ေသာ ရလဒ္ထြက္ေပၚလာျခင္းကို ေတြ႕ျမင္လိုက္ရသျဖင့္ ေပ်ာ္ရႊင္ေနေတာ့၏။
ခ်န္းစီႏ်န္က "ဟမ့္" ဟူေသာ အသံတစ္သံကိုသာ ျပဳလ်က္ ရံုးခန္းထဲမွ အရင္ဆံုး ထြက္သြားေလသည္။
ရွေခ်ာင္းက နေဘးတြင္ မတ္တပ္ရပ္ေန၏။ ထိုလူသံုးေယာက္ အၾကားတြင္ရွိသည့္ ေျပာင္းလဲမႈမ်ားအား အေသအခ်ာ ၾကည့္ရႈေနရင္းႏွင့္ သူ၏ လြန္ခဲ့ေသာ ႏွစ္ေတြထဲမွ မေရရာမႈသည္ လြင့္ပါးလာေလသည္။
ခ်င္းစုယြဲ႕ႏွင့္ ခ်န္းစီႏ်န္တို႔ႏွစ္ဦး ထံတြင္ သူ မသိခဲ့သည့္ အတိတ္တစ္ခု ေသခ်ာေပါက္ကို ရွိခဲ့ေပလိမ့္မည္။ ခ်င္းစုယြဲ႕က ဒီတစ္ေလၽွာက္လံုးမွာ သူ႔အေပၚတြင္ သူငယ္ခ်င္းလိုသာ ျမင္ေနခဲ့သည္ဆိုတာ ရွေခ်ာင္းအတြက္ေတာ့ သိသာလွေပမယ့္ ခ်င္းစုယြဲ႕အား သူ႔ခံစားခ်က္ေတြကို ဘယ္လိုမ်ိဳး တိုက္ရိုက္ ဝန္ခံလိုက္သင့္သည္ကို သူ ေတြးၾကည့္သင့္ပါသလား?
သူ ဝန္ခံသင့္လား? အကယ္၍ သူသာ ဝန္ခံတာ မေအာင္ျမင္ခဲ့ပါလၽွင္ သူႏွင့္ ခ်င္းစုယြဲ႕တို႔၏ လက္ရွိ သူငယ္ခ်င္းခင္မင္မႈဟာ ဆက္လက္ တည္ရွိေနႏိုင္ပါမည္လား?
ရွေခ်ာင္းတစ္ေယာက္ ခ်ီတံုခ်တံု ျဖစ္ေနသည္။
ေက်ာင္းအုပ္ႀကီးႏွင့္ ခ်င္းစုယြဲ႕တို႔ဟာ မည္သည့္ စားေသာက္ဆိုင္ကို သြားမည္မွန္း ဆံုးျဖတ္ၿပီးသြားၿပီျဖစ္သျဖင့္ ထိုေနရာကို သြားဖို႔အတြက္ သူတို႔ေလးေယာက္က ခ်န္းစီႏ်န္၏ကားျဖင့္သြားဖို႔ ေက်ာင္းအုပ္ႀကီးက အၾကံျပဳလာသည္။
ခ်င္းစုယြဲ႕မွာ သူမ၏ကား ပါမလာသျဖင့္ ခ်န္းစီႏ်န္႔ကားကို စီးမွသာ အဆင္ေျပေပလိမ့္မည္။ ဒါေပမယ့္ တခ်ိန္ထဲမွာပဲ သူမမွာ သူ႔ကားကိုစီးဖို႔ ဆႏၵမရွိလွသျဖင့္ ရွေခ်ာင္း၏အျမင္အား သိလိုလွ၏။
ရွေခ်ာင္းက ခဏေလာက္ တံု႔ဆိုင္းသြားၿပီးမွ အျပံဳးျဖင့္ "ကၽြန္ေတာ္ ဘာပဲလုပ္လုပ္ ကၽြန္ေတာ္ရဲ႕ ဧည့္လမ္းညႊန္မိန္းကေလးအတြက္ အဆင္ေျပမွာပါ"
ထို႔ေနာက္တြင္ ေက်ာင္းအုပ္ႀကီးဟာ ကားေနာက္ခန္းက ထိုင္ခံုတြင္ ဝင္ထိုင္လိုက္သည့္ အခ်ိန္မွာေတာ့ ရွေခ်ာင္းႏွင့္ ခ်င္းစုယြဲ႕တို႔မွာ ေတြေဝသတိလစ္သြားရေတာ့သည္။
ခ်င္းစုယြဲ႕မွာ ၾကံ့ၾကံ့ခံႏိုင္ဖို႔ အေတာ္ ႀကိဳးစားလိုက္ရသည္။ 'ေက်ာင္းအုပ္ႀကီးက ဘာလုပ္ဖို႔မ်ား စီစဥ္ေနတာလဲဟင္?'
ေက်ာင္းအုပ္ႀကီးဟာ သူတို႔ႏွစ္ဦးၾကားတြင္ရွိသည့္ ကိုးရိုးကားယားႏိုင္သည့္ အေျခအေနအား သတိျပဳမိသြားတဲ့အခါမွာ ရယ္ေမာလ်က္ "အန္ကယ္က အသက္ႀကီးၿပီေလ အဲ့ေတာ့ ထိုင္ခံုခါးပတ္ ပတ္ဖို႔က အန္ကယ့္အတြက္ အဆင္မေျပေတာ့ ေရွ႕ခံုကို မင္းတို႔ လူငယ္ေလးေတြအတြက္ ခ်န္ထားေပးတာ"
"အိုး" ခ်င္းစုယြဲ႕ဟာ သူမ၏ေခါင္းထဲတြင္ ေတြးမိလိုက္သည္: ဟုတ္ပါၿပီ အန္ကယ္က အသက္ႀကီးတယ္ေလ ... ကၽြန္မတို႔အားလံုးက ႀကီးသူကို ေလးစားၿပီး ငယ္သူကို ညႇာတာရမွာေပါ့
သူမဟာ ကားေမာင္သူေဘးရွိ ေရွ႕ခံုႏွင့္ ေနာက္ခန္းရွိခံု ႏွစ္ခုအၾကား ခ်ီတံုခ်တံုျဖစ္ေနစဥ္မွာပဲ ရွေခ်ာင္းဟာ အလ်င္အျမန္ပဲ ကားေမာင္သူ နံေဘးရွိ ေရွ႕ခံုတြင္ ဝင္ထိုင္လိုက္၏။ သူက ထိုင္ခံုခါးပတ္ ပတ္ေနရင္းမွ ခ်န္းစီႏ်န္အား အျပံဳးျဖင့္ ေမးလိုက္သည္ "စီအီးအိုခ်န္း ... ကၽြန္ေတာ္ ဒီေနရာမွာထိုင္တာ ခင္ဗ်ား စိတ္အေႏွာင့္အယွက္ မျဖစ္ဘူး ဟုတ္တယ္မလား?"
ခ်န္းစီႏ်န္က သူ႔မ်က္ဝန္းေတြကို ငဲ့ေစာင္းလိုက္ရင္း ရွေခ်ာင္းအား တစ္စကၠန္႔မၽွ ဖ်တ္ခနဲၾကည့္လိုက္ကာ သူ႔မ်က္ႏွာထက္တြင္ေတာ့ မည္သည့္ အမူအယာမွ ရွိမေနေခ်။
'အင္း ငါ စိတ္အေႏွာင့္အယွက္ျဖစ္တယ္'
17.2.2020
*********************
《Unicode》
အပိုင်း -၈၄
[ငါ စိတ်အနှောင့်အယှက်ဖြစ်တယ် - ၃]
"ကျောင်းအုပ်ကြီးက ကျွန်မကို အရမ်းမျှော်လင့်ထားလွန်းနေပါပြီ" ချင်းစုယွဲ့က ပြုံးလိုက်ကာ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။
"Aမြို့မှာ သမီးရဲ့ အောင်မြင်လူကြိုက်များမှုကို အန်ကယ်သိပါတယ် ... အဲဒီ အစီအစဉ် ဖျော်ဖြေမှုတွေကို အန်ကယ်ကြည့်ပြီးပြီ အရမ်းကို ကောင်းတယ် ... အန်ကယ်က သမီးအပေါ်မှာ မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ခဲ့တယ်လို့ ယုံကြည်တယ်" ကျောင်းအုပ်ကြီးက ဆက်ပြောလိုက်သည် ... "ဟုတ်တယ်မလား အားနျန်?"
ချန်းစီနျန်ဟာ သူ့နှုတ်ခမ်းထောင့်လေးအား အနည်းငယ်တွန့်ကွေးလိုက်ပြီး သူ ထိုအချက်အား လက်ခံကြောင်း ပြသလိုက်၏။
ချင်းစုယွဲ့ဟာ သူမ လုပ်စရာရှိတာတွေ ပြီးစီးသွားပြီဖြစ်ကြောင်း သိရတဲ့အခါ စကားပြောခြင်းကို ဆိုင်းငံ့သွားစေရန်အတွက် "ကျောင်းအုပ်ကြီး ... သမီး အခု ပြန်သွားလိုက်ပါအုန်းမယ် ... နေ့လည်ကျမှ အကြိုလေ့ကျင့်ဖို့အတွက် ပြန်လာခဲ့ပါမယ်ရှင့်"
သူမက နေ့လည်စာ စားရအုန်းမည်ဖြစ်ပြီး ရှချောင်းကိုလည်း ဟိုတယ်သို့ ပြန်လိုက်ပို့ပေးရအုန်းမည်ဖြစ်ကာ ထို့နောက်မှာ မနက်ဖြန် နှစ်ပတ်လည် အခမ်းအနား ပါတီအတွက် အစီအစဉ် ဇာတ်ညွှန်း အသေးစိတ်ကိုလည်း ရေးရအုန်းမည်ဖြစ်၏။
ကျောင်းအုပ်ကြီးကတော့ ဒီအခွင့်အရေးမှာ ကြုံတောင့်ကြုံခဲ ရှားပါးလွန်းလှသဖြင့် ချင်းစုယွဲ့အား အလွယ်တကူနှင့်တော့ ပြန်မလွှတ်ချင်လှပေ။ "အစီအစဉ်တင်ဆက်သူ ရှ ရော စီနျန်ရော ဒီနေရာမှာ ရှိနေဖို့က ရှားပါးလွန်းလှတဲ့ဟာ အန်ကယ်က မင်းတို့ကို စားစရာတစ်ခုခု လိုက်ကျွေးရင်ရော ဘယ်လိုလဲ? မင်းတို့သာ အန်ကယ့်ကို မျက်နှာသာပေးကြမယ်ဆိုရင် နေ့လည်စာ အတူတူ သွားစားကြစို့"
"ကျောင်းအုပ်ကြီး ...." အဲ့လောက်ထိ ယဉ်ကျေးနေဖို့ မလိုဘူးမလားဟင်?
ချန်းစီနျန်ဟာ ချင်းစုယွဲ့တစ်ယောက် စိတ်မပါသည်ကို တွေ့လို်က်ရသဖြင့် အေးစက်စက် ဝေဖန်သုံးသပ်လိုက်သည်။ "အစီအစဉ်တင်ဆက်သူ ချင်း က ကျောင်းအုပ်ကြီးကို အထင်အမြင်သေးလွန်း နေတာများလား?"
ချင်းစုယွဲ့မှာ အတင်းလုပ်ယူထားရသည့် အပြုံးတစ်ခုနှင့် ချန်းစီနျန်အား တည့်တည့်စိုက်ကြည့်လိုက်ပြီး တွေးမိ၏။ 'ချန်းစီနျန် ... ဒီလူကတော့ နေမကောင်းရှာဘူးထင်တယ်!'
"စီအီးအိုချန်းကတော့ ဟာသလုပ်နေပြန်ပါပြီ ... ကျွန်မက ကျောင်းအုပ်ကြီးကို ဘယ်လိုများ အထင်အမြင်သေးရပါ့မလဲရှင် ... ကျွန်မတို့က ကျောင်းအုပ်ကြီး ဝယ်ကျွေးတာကို သုံးဆောင်ရရင် မယဉ်ကျေးရာကျမယ်လို့ တွေးမိရုံပါ"
"အဲဒါဆို ဖြေရှင်းရလွယ်ပါတယ် ... အစီအစဉ် တင်ဆက်သူချင်းက ကိုယ်တို့ကို ဝယ်ကျွေးလိုက်ပေါ့" ချန်းစီနျန်ဟာ သူမရဲ့ စကားလုံးတွေကို လိုက်ပြောရင်းနှင့် ဤသည်မှာ ဖြစ်သင့်သည်ဆိုသလိုမျိုး သူ့ပုံသဏ္ဌာန် အမူအရာမှာ သဘာဝကျလို့ပင်နေသေး၏။
ချင်းစုယွဲ့မှာ တိတ်တိတ်လေးသာ အံကြိတ်နေရလျက် ကျောင်းအုပ်ကြီး၏ ပြုံးရယ်နေသော မျက်နှာအား ပြန်လည်ပြုံးပြလိုက်ရသည်။ "ကောင်းပါပြီ! သွားစားကြမယ့် နေရာကိုတော့ ကျောင်းအုပ်ကြီးက ရွေးလိုက်ပါနော် ... ကျွန်မက ဒီနားက နေရာတွေနဲ့ သိပ်မရင်းနှီးတော့လို့ပါရှင့်"
"ကိစ္စမရှိပါဘူး" ကျောင်းအုပ်ကြီးဟာ သူတောင်မျှ ဘာမှ အားမထုတ် မကြိုးစားခဲ့ရပါပဲနှင့် ဤသို့သော ရလဒ်ထွက်ပေါ်လာခြင်းကို တွေ့မြင်လိုက်ရသဖြင့် ပျော်ရွှင်နေတော့၏။
ချန်းစီနျန်က "ဟမ့်" ဟူသော အသံတစ်သံကိုသာ ပြုလျက် ရုံးခန်းထဲမှ အရင်ဆုံး ထွက်သွားလေသည်။
ရှချောင်းက နဘေးတွင် မတ်တပ်ရပ်နေ၏။ ထိုလူသုံးယောက် အကြားတွင်ရှိသည့် ပြောင်းလဲမှုများအား အသေအချာ ကြည့်ရှုနေရင်းနှင့် သူ၏ လွန်ခဲ့သော နှစ်တွေထဲမှ မရေရာမှုသည် လွင့်ပါးလာလေသည်။
ချင်းစုယွဲ့နှင့် ချန်းစီနျန်တို့နှစ်ဦး ထံတွင် သူ မသိခဲ့သည့် အတိတ်တစ်ခု သေချာပေါက်ကို ရှိခဲ့ပေလိမ့်မည်။ ချင်းစုယွဲ့က ဒီတစ်လျှောက်လုံးမှာ သူ့အပေါ်တွင် သူငယ်ချင်းလိုသာ မြင်နေခဲ့သည်ဆိုတာ ရှချောင်းအတွက်တော့ သိသာလှပေမယ့် ချင်းစုယွဲ့အား သူ့ခံစားချက်တွေကို ဘယ်လိုမျိုး တိုက်ရိုက် ဝန်ခံလိုက်သင့်သည်ကို သူ တွေးကြည့်သင့်ပါသလား?
သူ ဝန်ခံသင့်လား? အကယ်၍ သူသာ ဝန်ခံတာ မအောင်မြင်ခဲ့ပါလျှင် သူနှင့် ချင်းစုယွဲ့တို့၏ လက်ရှိ သူငယ်ချင်းခင်မင်မှုဟာ ဆက်လက် တည်ရှိနေနိုင်ပါမည်လား?
ရှချောင်းတစ်ယောက် ချီတုံချတုံ ဖြစ်နေသည်။
ကျောင်းအုပ်ကြီးနှင့် ချင်းစုယွဲ့တို့ဟာ မည်သည့် စားသောက်ဆိုင်ကို သွားမည်မှန်း ဆုံးဖြတ်ပြီးသွားပြီဖြစ်သဖြင့် ထိုနေရာကို သွားဖို့အတွက် သူတို့လေးယောက်က ချန်းစီနျန်၏ကားဖြင့်သွားဖို့ ကျောင်းအုပ်ကြီးက အကြံပြုလာသည်။
ချင်းစုယွဲ့မှာ သူမ၏ကား ပါမလာသဖြင့် ချန်းစီနျန့်ကားကို စီးမှသာ အဆင်ပြေပေလိမ့်မည်။ ဒါပေမယ့် တချိန်ထဲမှာပဲ သူမမှာ သူ့ကားကိုစီးဖို့ ဆန္ဒမရှိလှသဖြင့် ရှချောင်း၏အမြင်အား သိလိုလှ၏။
ရှချောင်းက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ အပြုံးဖြင့် "ကျွန်တော် ဘာပဲလုပ်လုပ် ကျွန်တော်ရဲ့ ဧည့်လမ်းညွှန်မိန်းကလေးအတွက် အဆင်ပြေမှာပါ"
ထို့နောက်တွင် ကျောင်းအုပ်ကြီးဟာ ကားနောက်ခန်းက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည့် အချိန်မှာတော့ ရှချောင်းနှင့် ချင်းစုယွဲ့တို့မှာ တွေဝေသတိလစ်သွားရတော့သည်။
ချင်းစုယွဲ့မှာ ကြံ့ကြံ့ခံနိုင်ဖို့ အတော် ကြိုးစားလိုက်ရသည်။ 'ကျောင်းအုပ်ကြီးက ဘာလုပ်ဖို့များ စီစဉ်နေတာလဲဟင်?'
ကျောင်းအုပ်ကြီးဟာ သူတို့နှစ်ဦးကြားတွင်ရှိသည့် ကိုးရိုးကားယားနိုင်သည့် အခြေအနေအား သတိပြုမိသွားတဲ့အခါမှာ ရယ်မောလျက် "အန်ကယ်က အသက်ကြီးပြီလေ အဲ့တော့ ထိုင်ခုံခါးပတ် ပတ်ဖို့က အန်ကယ့်အတွက် အဆင်မပြေတော့ ရှေ့ခုံကို မင်းတို့ လူငယ်လေးတွေအတွက် ချန်ထားပေးတာ"
"အိုး" ချင်းစုယွဲ့ဟာ သူမ၏ခေါင်းထဲတွင် တွေးမိလိုက်သည်: ဟုတ်ပါပြီ အန်ကယ်က အသက်ကြီးတယ်လေ ... ကျွန်မတို့အားလုံးက ကြီးသူကို လေးစားပြီး ငယ်သူကို ညှာတာရမှာပေါ့
သူမဟာ ကားမောင်သူဘေးရှိ ရှေ့ခုံနှင့် နောက်ခန်းရှိခုံ နှစ်ခုအကြား ချီတုံချတုံဖြစ်နေစဉ်မှာပဲ ရှချောင်းဟာ အလျင်အမြန်ပဲ ကားမောင်သူ နံဘေးရှိ ရှေ့ခုံတွင် ဝင်ထိုင်လိုက်၏။ သူက ထိုင်ခုံခါးပတ် ပတ်နေရင်းမှ ချန်းစီနျန်အား အပြုံးဖြင့် မေးလိုက်သည် "စီအီးအိုချန်း ... ကျွန်တော် ဒီနေရာမှာထိုင်တာ ခင်ဗျား စိတ်အနှောင့်အယှက် မဖြစ်ဘူး ဟုတ်တယ်မလား?"
ချန်းစီနျန်က သူ့မျက်ဝန်းတွေကို ငဲ့စောင်းလိုက်ရင်း ရှချောင်းအား တစ်စက္ကန့်မျှ ဖျတ်ခနဲကြည့်လိုက်ကာ သူ့မျက်နှာထက်တွင်တော့ မည်သည့် အမူအယာမှ ရှိမနေချေ။
'အင်း ငါ စိတ်အနှောင့်အယှက်ဖြစ်တယ်'
17.2.2020
*********************