[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 355K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၈၃ ..

17.5K 1.8K 43
By busy_pisi

《Zawgyi》

အပိုင္း - ၈၃
[ ငါ စိတ္အေႏွာင့္အယွက္ျဖစ္တယ္ - ၂]

ခ်င္းစုယြဲ႕ဟာ အေျခအေနေတြအား သြက္သြက္လက္လက္နဲ႔ ဘယ္လိုေတာင္ ကိုင္တြယ္ေဆာင္ရြက္သြားသည္ကို ၾကည့္ေနရင္း ရွေခ်ာင္းတစ္ေယာက္ မတတ္သာပဲ ျပံဳးမိသြား၏။

A ၿမိဳ႕တြင္ လြန္ခဲ့ေသာေႏြရာသီ၌ စတင္ထုတ္လႊင္ခဲ့သည့္ အျပင္စိန္ေခၚမႈ အစီအစဥ္သစ္သည္ ထူးထူးကဲကဲကိုပင္ ႀကိဳက္ႏွစ္သက္ခံရၿပီး ၾကည့္ရႈႏႈန္းေတြ ျမင့္တက္ခဲ့ေလသည္။ ထိုအစီအစဥ္၏ အစီအစဥ္တင္ဆက္သူသံုးေယာက္ ျဖစ္သည့္ အေတြ႕အၾကံဳ ငါးႏွစ္မွေျခာက္ႏွစ္ၾကားတြင္ ရွိသည့္ စီနီယာတစ္ဦး၊ မ်က္ႏွာသစ္ အစီအစဥ္တင္ဆက္သူျဖစ္သည့္ ခ်င္းစုယြဲ႕ႏွင့္ ရွေခ်ာင္းတို႔ သံုးေယာက္လံုးမွာ သူတုိ႔၏ ေဖ်ာ္ေျဖတင္ဆက္မႈေတြေၾကာင့္ ပရိသတ္ထုႀကီးထံမွ ခ်ီးက်ဴးမႈမ်ားအား အမ်ားအျပား လက္ခံခဲ့ရ၏။

ခ်င္းစုယြဲ႕၏ အစီအစဥ္တင္ဆက္သည့္ပံုစံမွာ  ဂုဏ္သေရရွိ သေဘာထားႀကီးျမတ္လွၿပီး သဘာဝက်လွေပရာ လူေတြအမ်ားႀကီး၏ ခ်ီးမြမ္းႏွစ္သက္ျခင္းခံရေစသည္။ သူမ Weibo အေကာင့္ ဖြင့္ၿပီးၿပီးခ်င္း လဝက္ေလးအတြင္းမွာပင္ သူမအေကာင့္တြင္ ဖန္အေရအတြက္ေပါင္း တစ္သိန္းထိကို ေရာက္ရွိခဲ့၏။

Aၿမိဳ႕ရွိ ရုပ္သံလႊင့္ရံုမွလည္း သူမ၏ အစီအစဥ္ တင္ဆက္သည့္ ပါရမီအား ႏွစ္သက္သေဘာက်သျဖင့္ သူတို႔ရုပ္သံလႊင့္ရံုတြင္ပဲ သူမအား ဆက္ထားဖို႔ရန္အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည္။

ခ်င္းစုယြဲ႕သည္ ေကာလိပ္တြင္ စီနီယာတစ္ဦးျဖစ္ေနစဥ္မွာပဲ ရုပ္သံလႊင့္ဌာနတြင္လည္း အျခားေသာ ေဖ်ာ္ေျဖမႈ အစီအစဥ္ အနည္းငယ္တို႔တြင္လည္း ပါဝင္တင္ဆက္ခဲ့ၿပီး သူမ၏ ေဖ်ာ္ေျဖတင္ဆက္မႈအားလံုးမွာ ထူးျခားေျပာင္ေျမာက္ခဲ့ေခ်၏။

တစ္ႏွစ္တာအတြင္းမွာပင္ ခ်င္းစုယြဲ႕သည္ အစီအစဥ္တင္ဆက္သူ ေလာကအတြင္း၌ မ်က္ႏွာသစ္ အေတြ႕အၾကံဳနည္းသူတစ္ေယာက္ အျဖစ္မွ အေတာ္အသင့္ လူသိမ်ားေက်ာ္ၾကားလာသည့္ အစီအစဥ္တင္ဆက္သူတစ္ေယာက္ အျဖစ္သို႔ ေျပာင္းလဲသြားခဲ့ၿပီ ျဖစ္သည္။

သူမမွာ အလုပ္တာဝန္ေတြ ပိုပိုပိလာသည္ႏွင့္အမၽွ ပိုပိုၿပီး အလုပ္ရႈပ္လာရသျဖင့္ ရွန္က်င္းၿမိဳ႕သို႔ လက္တစ္ဆုပ္စာ အႀကိမ္အေရအတြက္ အနည္းငယ္မၽွသာ ျပန္သြားႏိုင္ခဲ့၏။ ယခုတစ္ေခါက္ သူမ ျပန္လာသည့္ တစ္ခုထဲေသာ အေၾကာင္းအရင္းမွာလည္း အျခားေၾကာင့္မဟုတ္ မိခင္ေက်ာင္းေတာ္ႀကီး၏ ႏွစ္တစ္ရာျပည့္ အခမ္းအနားတြင္ အစီအစဥ္တင္ဆက္သူေနရာ အခက္အခဲအတြက္ သူမကို ျပန္လာ၍ ကူညီေပးဖို႔ ေမၽွာ္လင့္ပါေၾကာင္း ရွန္က်င္းေကာလိပ္၏ ေက်ာင္းအုပ္ျဖစ္သူ အန္ကယ္ေက်ာင္းမွ သူမအား ထပ္ခါထပ္ခါ ေမးျမန္းေတာင္းဆိုခဲ့ျခင္းေၾကာင့္ပင္ ျဖစ္သည္။ ခ်င္းစုယြဲ႕လည္း မျငင္းပယ္ႏိုင္သျဖင့္ ထိုဖိတ္ၾကားခ်က္အား လက္ခံခဲ့ေလ၏။

ခ်င္းစုယြဲ႕တစ္ေယာက္ မိခင္ေက်ာင္းေတာ္ႀကီးသို႔ ေရာက္ရွိသြားသည့္အခါ သူမက ေက်ာင္းအုပ္ႀကီး၏ ရံုးခန္းသို႔သာ တန္းတန္းမတ္မတ္ သြားလိုက္သည္။ ထို႔ေနာက္ တံခါးကို တြန္းဖြင့္လိုက္ခ်င္းမွာပင္ ေက်ာင္းအုပ္ႀကီး အန္ကယ္ေက်ာင္း၏ ေရွ႕မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနသည့္ အနက္ေရာင္ အေနာက္တိုင္းဝတ္စံုႏွင့္ လူမွားစရာမရွိသည့္သူတစ္ဦးအား ေတြ႕ျမင္လိုက္ရခ်ိန္တြင္ေတာ့ သူမမ်က္ႏွာထက္ရွိ အျပံဳးေရးေရးေလးမွာ ေတာင့္ခဲသြားရရွာေတာ့သည္။

'ခ်န္းစီႏ်န္လား?'

ခ်င္းစုယြဲ႕၏ လက္ေတြမွာေတာ့ တံခါးလက္ကိုင္ေပၚတြင္ ရွိေနဆဲႏွင့္ သူမမွာ ေနရာတြင္ပင္ ေအးခဲသြားေလသည္။ ခ်န္းစီႏ်န္က ဘာလို႔ ဒီတစ္ေခါက္ ဒီေနရာမွာ ရွိေနရတာတုန္း? ဘယ္သူမ်ား ငါ့ကိုေျပာျပေပးႏိုင္မလဲဟင္? အခုခ်ိန္ ျပန္ထြက္သြားဖို႔က ငါေလးအတြက္ တအားမ်ား ေနာက္က်သြားၿပီလား?

သိသိသာသာပါပဲ .. သူမအတြက္ေတာ့ သတိမထားမိပဲ ျပန္ထြက္သြားဖို႔ရာ အခ်ိန္မလံုေလာက္ခဲ့ေပ။

တံခါးပြင့္သြားသည့္ တခဏမွာပင္ ေက်ာင္းအုပ္ႀကီး အန္ကယ္ေက်ာင္းက သူမရွိေနသည့္ ေနရာသို႔ လွမ္း၍ေမာ့ၾကည့္လိုက္သည္။ ခ်င္းစုယြဲ႕ကို ျမင္လိုက္ရသည့္ အခ်ိန္မွာ ေက်ာင္းအုပ္ႀကီးက ဝမ္းပန္းတသာျဖင့္ ေခါင္းညိတ္ျပလိုက္ၿပီးေနာက္ သူႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ရွိေနသည့္ ပုဂၢိဳလ္ေလး၏ မ်က္ႏွာအမူအယာအား တိတ္တခိုးလွမ္း၍ အကဲခတ္လိုက္ေသး၏။ သူက စကားလွမ္းေျပာမလို႔ ျပင္လိုက္စဥ္မွာပဲ တံခါးအျပင္ဘက္မွ အျခားေသာ အသံတစ္သံ ထြက္ေပၚလာသည္။

"စုယြဲ႕ ... ဘာျဖစ္လို႔လဲ? ဘာလို႔ အထဲမဝင္ေသးတာလဲ?"

'ေယာက္်ားေလးတစ္ေယာက္ အသံလား?'

ေက်ာင္းအုပ္ႀကီးက အရမ္း အံ့အားသင့္သြား၏။ "ခ်င္းေလး .. အျပင္က ဘယ္သူလဲ?"

'ဘယ္သူလဲ?' ခ်န္းစီႏ်န္အတြက္ေတာ့ သူ႔အေတြးထဲတြင္ -- ထိုသူမွာ အစီအစဥ္တင္ဆက္သူ အမ်ိဳးသားတစ္ေယာက္ျဖစ္သည့္ ရွေခ်ာင္းဟူသည့္ အေျဖက ရွိႏွင့္ေနၿပီးသားပင္ ျဖစ္၏။

ေက်ာင္းအုပ္ႀကီး၏ ေမးခြန္းအား ၾကားလိုက္ရသည့္အခါ ခ်င္းစုယြဲ႕က သူမမွာ မသင့္ေတာ္မေလ်ာ္ပတ္စြာ ျပဳမူေနမိသည္မွန္း ရုတ္တရက္ နားလည္သတိျပဳသြားသည္။ သူမ ခ်က္ခ်င္းပဲ တံခါးကို တြန္းဖြင့္ကာ အတြင္းသို႔ ေျခလွမ္းအနည္းငယ္ေလာက္ ေလၽွာက္လွမ္းဝင္လာရင္းႏွင့္ ရွေခ်ာင္းအား မိတ္ဆက္ေပးလိုက္သည္။ "ေက်ာင္းအုပ္ႀကီး ... ဒါက ကၽြန္မရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ရွေခ်ာင္းပါ"

ရွေခ်ာင္းႏွင့္ ေက်ာင္းအုပ္ႀကီးတို႔ႏွစ္ဦး အျပန္အလွန္ ႏႈတ္ဆက္ၾကသည့္အခါ သူ႔ေနာက္ဘက္တြင္ရွိသည့္ အမ်ိဳးသားေလးက ရုတ္တရက္ မတ္တပ္ထရပ္လိုက္ကာ သူတို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

ခ်န္းစီႏ်န္မွာ အေနာက္သို႔လွည့္လိုက္ရင္း သူ႔မ်က္ဝန္းေတြသည္ ခ်င္းစုယြဲ႕အေပၚ ခပ္သဲ့သဲ့ ရွပ္တိုက္ျဖတ္ေျပးသြားၿပီး ရွေခ်ာင္းထံ၌ ရပ္တန္႔သြား၏။

ရွေခ်ာင္းဟာ ခ်န္းစီႏ်န္ မတ္တပ္ထရပ္လိုက္သည့္အခ်ိန္တြင္ သူ႔အနားရွိ ေလထုအတြင္း၌ ေျပာင္းလဲသြားမႈကို ခံစားလိုက္ရသည္။ ေနရထိုင္ရခက္ခဲေသာ ဖိႏွိပ္ေနသည့္ အရွိန္အဝါတစ္ခုဟာ ရွေခ်ာင္းအား ရစ္ပတ္ေနလ်က္ သူ႔အား သေဘာမက် ျဖစ္ေစသည္။

ခ်န္းစီႏ်န္က သူ႔ႏႈတ္ခမ္းေထာင့္အား အနည္းငယ္ တြန္႔ေကြးကာ ဟက္ဟက္ပက္ပက္ မရွိလွေသာဟန္ျဖင့္ "အစီအစဥ္တင္ဆက္သူ ရွ ... ကၽြန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႕ရတာေတာင္ အေတာ္ၾကာၿပီေနာ္"

ရွေခ်ာင္းက ယဥ္ေက်းစြာျဖင့္ "စီအီးအိုခ်န္း မေတြ႕ရတာၾကာၿပီေနာ္ ...ကၽြန္ေတာ္တို႔ Aေကာလိပ္မွာ ေနာက္ဆံုးဆံုခဲ့ၾကၿပီး ေနာက္ေတာ့ မေတြ႕ရတာ ႏွစ္ႏွစ္ထက္ေတာင္ ၾကာၿပီထင္တယ္"

"ဟား ဟား" ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ထံသို႔ သူ႔အၾကည့္အား လႊဲလ်က္ .. "တစ္ကယ္ေတာ့ ႏွစ္ႏွစ္ထက္ ပိုၾကာပါတယ္"

ခ်င္းစုယြဲ႕ဟာ သူ႔စကားလံုးေတြ၏ ေနာက္ကြယ္တြင္ ငုပ္လၽွိုးေနေသာ အဓိပၸါယ္တစ္ခု ရွိလိမ့္မည္မွန္း ခံစားေနမိေပမယ့္ သူမဟာ သူ၏ စူးနစ္ေငးစိုက္ေနေသာ အၾကည့္ကို လ်စ္လ်ဴရႈလိုက္သည္။ သူမက ေက်ာင္းအုပ္ႀကီးအား ႏွစ္ပတ္လည္ အခမ္းအနားအတြက္ ေရးဆြဲထားသည့္ အစီအစဥ္အား ေမးျမန္းလိုက္ၿပီးေနာက္ "အစီအစဥ္ေတြရဲ႕ အထားအသို ေနရာအစဥ္လိုက္ကို အတည္ျပဳၿပီးၿပီလားရွင့္?"

"သူတုိ႔ေတြ ေန႔ခင္းပိုင္းက်ရင္ အစမ္းေလ့က်င့္ၾကလိမ့္မယ္ အဲဒီအခါက်ရင္ သမီးက ဒီညမွာ အခမ္းအနားအတြက္ အစီအစဥ္ အစဥ္လိုက္ကို သူတို႔နဲ႔ ညႇိလိုက္လို႔ရတယ္"

ခ်င္းစုယြဲ႕ဟာ ေက်ာင္းအုပ္ႀကီးက သူမအား အခမ္းအနား အစီအစဥ္ကို ထိန္းခ်ဳပ္ကြပ္ကဲဖို႔အတြက္ အခြင့္အာဏာ ေပးလိုက္ျခင္းမွန္း သိရွိလိုက္သျဖင့္ ... "ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ေက်ာင္းအုပ္ႀကီး ... တျခား အစီအစဥ္တင္ဆက္သူေတြကေရာ ဘယ္ေနရာမွာမ်ားလဲရွင့္?"

"အျခား အစီအစဥ္တင္ဆက္မယ့္သူေတြက သံုးေယာက္ရွိတယ္ သူတို႔နာမည္ေတြက စာရင္းထဲမွာ ... သမီးတို႔ေတြက အစမ္းေလ့က်င္ေနရင္းနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးခင္မင္ေအာင္ အတူတူတြဲလုပ္လို႔ရတယ္"

ခ်င္းစုယြဲ႕ဟာ သူမ၏လက္ထဲရွိ စာရြက္မ်ားအား ငံု႔ၾကည္လိုက္ၿပီးေနာက္ စာရြက္ေတြကို လွန္ေလ်ာၾကည့္ရႈလိုက္ၿပီး ေတြေဝတံု႔ဆိုင္းျခင္း အလ်ဥ္းမရွိပဲ "ေကာင္းပါၿပီ"ဟု ျပန္ေျဖလိုက္၏။

ေက်ာင္းအုပ္ႀကီးဟာ သူ႔ရဲ႕ေတာင္းဆိုခ်က္အား ခ်င္းစုယြဲ႕က ေတြေဝတံု႔ဆိုင္းျခင္း အလ်ဥ္းမရွိပဲ လက္ခံလိုက္သည္ကို ေတြ႕ျမင္လိုက္ရေတာ့ ဝမ္းေျမာက္ဝမ္းသာျဖင့္ ... "ေက်ာင္းသူေက်ာင္းသားေတြနဲ႔ မီဒီယာေတြသာ သမီး မနက္ျဖန္ အစီအစဥ္ တင္ဆက္မယ္ဆိုတာကိုသာသိရင္ သူတို႔ ေတာ္ေတာ္ေလးကို စိတ္လႈပ္ရွားသြားၾကမွာ"

16.2.2020

*********************

《Unicode》

အပိုင်း - ၈၃
[ ငါ စိတ်အနှောင့်အယှက်ဖြစ်တယ် - ၂]

ချင်းစုယွဲ့ဟာ အခြေအနေတွေအား သွက်သွက်လက်လက်နဲ့ ဘယ်လိုတောင် ကိုင်တွယ်ဆောင်ရွက်သွားသည်ကို ကြည့်နေရင်း ရှချောင်းတစ်ယောက် မတတ်သာပဲ ပြုံးမိသွား၏။

A မြို့တွင် လွန်ခဲ့သောနွေရာသီ၌ စတင်ထုတ်လွှင်ခဲ့သည့် အပြင်စိန်ခေါ်မှု အစီအစဉ်သစ်သည် ထူးထူးကဲကဲကိုပင် ကြိုက်နှစ်သက်ခံရပြီး ကြည့်ရှုနှုန်းတွေ မြင့်တက်ခဲ့လေသည်။ ထိုအစီအစဉ်၏ အစီအစဉ်တင်ဆက်သူသုံးယောက် ဖြစ်သည့် အတွေ့အကြုံ ငါးနှစ်မှခြောက်နှစ်ကြားတွင် ရှိသည့် စီနီယာတစ်ဦး၊ မျက်နှာသစ် အစီအစဉ်တင်ဆက်သူဖြစ်သည့် ချင်းစုယွဲ့နှင့် ရှချောင်းတို့ သုံးယောက်လုံးမှာ သူတို့၏ ဖျော်ဖြေတင်ဆက်မှုတွေကြောင့် ပရိသတ်ထုကြီးထံမှ ချီးကျူးမှုများအား အများအပြား လက်ခံခဲ့ရ၏။

ချင်းစုယွဲ့၏ အစီအစဉ်တင်ဆက်သည့်ပုံစံမှာ  ဂုဏ်သရေရှိ သဘောထားကြီးမြတ်လှပြီး သဘာဝကျလှပေရာ လူတွေအများကြီး၏ ချီးမွမ်းနှစ်သက်ခြင်းခံရစေသည်။ သူမ Weibo အကောင့် ဖွင့်ပြီးပြီးချင်း လဝက်လေးအတွင်းမှာပင် သူမအကောင့်တွင် ဖန်အရေအတွက်ပေါင်း တစ်သိန်းထိကို ရောက်ရှိခဲ့၏။

Aမြို့ရှိ ရုပ်သံလွှင့်ရုံမှလည်း သူမ၏ အစီအစဉ် တင်ဆက်သည့် ပါရမီအား နှစ်သက်သဘောကျသဖြင့် သူတို့ရုပ်သံလွှင့်ရုံတွင်ပဲ သူမအား ဆက်ထားဖို့ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့သည်။

ချင်းစုယွဲ့သည် ကောလိပ်တွင် စီနီယာတစ်ဦးဖြစ်နေစဉ်မှာပဲ ရုပ်သံလွှင့်ဌာနတွင်လည်း အခြားသော ဖျော်ဖြေမှု အစီအစဉ် အနည်းငယ်တို့တွင်လည်း ပါဝင်တင်ဆက်ခဲ့ပြီး သူမ၏ ဖျော်ဖြေတင်ဆက်မှုအားလုံးမှာ ထူးခြားပြောင်မြောက်ခဲ့ချေ၏။

တစ်နှစ်တာအတွင်းမှာပင် ချင်းစုယွဲ့သည် အစီအစဉ်တင်ဆက်သူ လောကအတွင်း၌ မျက်နှာသစ် အတွေ့အကြုံနည်းသူတစ်ယောက် အဖြစ်မှ အတော်အသင့် လူသိများကျော်ကြားလာသည့် အစီအစဉ်တင်ဆက်သူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူမမှာ အလုပ်တာဝန်တွေ ပိုပိုပိလာသည်နှင့်အမျှ ပိုပိုပြီး အလုပ်ရှုပ်လာရသဖြင့် ရှန်ကျင်းမြို့သို့ လက်တစ်ဆုပ်စာ အကြိမ်အရေအတွက် အနည်းငယ်မျှသာ ပြန်သွားနိုင်ခဲ့၏။ ယခုတစ်ခေါက် သူမ ပြန်လာသည့် တစ်ခုထဲသော အကြောင်းအရင်းမှာလည်း အခြားကြောင့်မဟုတ် မိခင်ကျောင်းတော်ကြီး၏ နှစ်တစ်ရာပြည့် အခမ်းအနားတွင် အစီအစဉ်တင်ဆက်သူနေရာ အခက်အခဲအတွက် သူမကို ပြန်လာ၍ ကူညီပေးဖို့ မျှော်လင့်ပါကြောင်း ရှန်ကျင်းကောလိပ်၏ ကျောင်းအုပ်ဖြစ်သူ အန်ကယ်ကျောင်းမှ သူမအား ထပ်ခါထပ်ခါ မေးမြန်းတောင်းဆိုခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ချင်းစုယွဲ့လည်း မငြင်းပယ်နိုင်သဖြင့် ထိုဖိတ်ကြားချက်အား လက်ခံခဲ့လေ၏။

ချင်းစုယွဲ့တစ်ယောက် မိခင်ကျောင်းတော်ကြီးသို့ ရောက်ရှိသွားသည့်အခါ သူမက ကျောင်းအုပ်ကြီး၏ ရုံးခန်းသို့သာ တန်းတန်းမတ်မတ် သွားလိုက်သည်။ ထို့နောက် တံခါးကို တွန်းဖွင့်လိုက်ချင်းမှာပင် ကျောင်းအုပ်ကြီး အန်ကယ်ကျောင်း၏ ရှေ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် လူမှားစရာမရှိသည့်သူတစ်ဦးအား တွေ့မြင်လိုက်ရချိန်တွင်တော့ သူမမျက်နှာထက်ရှိ အပြုံးရေးရေးလေးမှာ တောင့်ခဲသွားရရှာတော့သည်။

'ချန်းစီနျန်လား?'

ချင်းစုယွဲ့၏ လက်တွေမှာတော့ တံခါးလက်ကိုင်ပေါ်တွင် ရှိနေဆဲနှင့် သူမမှာ နေရာတွင်ပင် အေးခဲသွားလေသည်။ ချန်းစီနျန်က ဘာလို့ ဒီတစ်ခေါက် ဒီနေရာမှာ ရှိနေရတာတုန်း? ဘယ်သူများ ငါ့ကိုပြောပြပေးနိုင်မလဲဟင်? အခုချိန် ပြန်ထွက်သွားဖို့က ငါလေးအတွက် တအားများ နောက်ကျသွားပြီလား?

သိသိသာသာပါပဲ .. သူမအတွက်တော့ သတိမထားမိပဲ ပြန်ထွက်သွားဖို့ရာ အချိန်မလုံလောက်ခဲ့ပေ။

တံခါးပွင့်သွားသည့် တခဏမှာပင် ကျောင်းအုပ်ကြီး အန်ကယ်ကျောင်းက သူမရှိနေသည့် နေရာသို့ လှမ်း၍မော့ကြည့်လိုက်သည်။ ချင်းစုယွဲ့ကို မြင်လိုက်ရသည့် အချိန်မှာ ကျောင်းအုပ်ကြီးက ဝမ်းပန်းတသာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် ပုဂ္ဂိုလ်လေး၏ မျက်နှာအမူအယာအား တိတ်တခိုးလှမ်း၍ အကဲခတ်လိုက်သေး၏။ သူက စကားလှမ်းပြောမလို့ ပြင်လိုက်စဉ်မှာပဲ တံခါးအပြင်ဘက်မှ အခြားသော အသံတစ်သံ ထွက်ပေါ်လာသည်။

"စုယွဲ့ ... ဘာဖြစ်လို့လဲ? ဘာလို့ အထဲမဝင်သေးတာလဲ?"

'ယောက်ျားလေးတစ်ယောက် အသံလား?'

ကျောင်းအုပ်ကြီးက အရမ်း အံ့အားသင့်သွား၏။ "ချင်းလေး .. အပြင်က ဘယ်သူလဲ?"

'ဘယ်သူလဲ?' ချန်းစီနျန်အတွက်တော့ သူ့အတွေးထဲတွင် -- ထိုသူမှာ အစီအစဉ်တင်ဆက်သူ အမျိုးသားတစ်ယောက်ဖြစ်သည့် ရှချောင်းဟူသည့် အဖြေက ရှိနှင့်နေပြီးသားပင် ဖြစ်၏။

ကျောင်းအုပ်ကြီး၏ မေးခွန်းအား ကြားလိုက်ရသည့်အခါ ချင်းစုယွဲ့က သူမမှာ မသင့်တော်မလျော်ပတ်စွာ ပြုမူနေမိသည်မှန်း ရုတ်တရက် နားလည်သတိပြုသွားသည်။ သူမ ချက်ချင်းပဲ တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ခြေလှမ်းအနည်းငယ်လောက် လျှောက်လှမ်းဝင်လာရင်းနှင့် ရှချောင်းအား မိတ်ဆက်ပေးလိုက်သည်။ "ကျောင်းအုပ်ကြီး ... ဒါက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် ရှချောင်းပါ"

ရှချောင်းနှင့် ကျောင်းအုပ်ကြီးတို့နှစ်ဦး အပြန်အလှန် နှုတ်ဆက်ကြသည့်အခါ သူ့နောက်ဘက်တွင်ရှိသည့် အမျိုးသားလေးက ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ သူတို့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ချန်းစီနျန်မှာ အနောက်သို့လှည့်လိုက်ရင်း သူ့မျက်ဝန်းတွေသည် ချင်းစုယွဲ့အပေါ် ခပ်သဲ့သဲ့ ရှပ်တိုက်ဖြတ်ပြေးသွားပြီး ရှချောင်းထံ၌ ရပ်တန့်သွား၏။

ရှချောင်းဟာ ချန်းစီနျန် မတ်တပ်ထရပ်လိုက်သည့်အချိန်တွင် သူ့အနားရှိ လေထုအတွင်း၌ ပြောင်းလဲသွားမှုကို ခံစားလိုက်ရသည်။ နေရထိုင်ရခက်ခဲသော ဖိနှိပ်နေသည့် အရှိန်အဝါတစ်ခုဟာ ရှချောင်းအား ရစ်ပတ်နေလျက် သူ့အား သဘောမကျ ဖြစ်စေသည်။

ချန်းစီနျန်က သူ့နှုတ်ခမ်းထောင့်အား အနည်းငယ် တွန့်ကွေးကာ ဟက်ဟက်ပက်ပက် မရှိလှသောဟန်ဖြင့် "အစီအစဉ်တင်ဆက်သူ ရှ ... ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာတောင် အတော်ကြာပြီနော်"

ရှချောင်းက ယဉ်ကျေးစွာဖြင့် "စီအီးအိုချန်း မတွေ့ရတာကြာပြီနော် ...ကျွန်တော်တို့ Aကောလိပ်မှာ နောက်ဆုံးဆုံခဲ့ကြပြီး နောက်တော့ မတွေ့ရတာ နှစ်နှစ်ထက်တောင် ကြာပြီထင်တယ်"

"ဟား ဟား" ချန်းစီနျန်က ချင်းစုယွဲ့ထံသို့ သူ့အကြည့်အား လွှဲလျက် .. "တစ်ကယ်တော့ နှစ်နှစ်ထက် ပိုကြာပါတယ်"

ချင်းစုယွဲ့ဟာ သူ့စကားလုံးတွေ၏ နောက်ကွယ်တွင် ငုပ်လျှိုးနေသော အဓိပ္ပါယ်တစ်ခု ရှိလိမ့်မည်မှန်း ခံစားနေမိပေမယ့် သူမဟာ သူ၏ စူးနစ်ငေးစိုက်နေသော အကြည့်ကို လျစ်လျူရှုလိုက်သည်။ သူမက ကျောင်းအုပ်ကြီးအား နှစ်ပတ်လည် အခမ်းအနားအတွက် ရေးဆွဲထားသည့် အစီအစဉ်အား မေးမြန်းလိုက်ပြီးနောက် "အစီအစဉ်တွေရဲ့ အထားအသို နေရာအစဉ်လိုက်ကို အတည်ပြုပြီးပြီလားရှင့်?"

"သူတို့တွေ နေ့ခင်းပိုင်းကျရင် အစမ်းလေ့ကျင့်ကြလိမ့်မယ် အဲဒီအခါကျရင် သမီးက ဒီညမှာ အခမ်းအနားအတွက် အစီအစဉ် အစဉ်လိုက်ကို သူတို့နဲ့ ညှိလိုက်လို့ရတယ်"

ချင်းစုယွဲ့ဟာ ကျောင်းအုပ်ကြီးက သူမအား အခမ်းအနား အစီအစဉ်ကို ထိန်းချုပ်ကွပ်ကဲဖို့အတွက် အခွင့်အာဏာ ပေးလိုက်ခြင်းမှန်း သိရှိလိုက်သဖြင့် ... "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး ... တခြား အစီအစဉ်တင်ဆက်သူတွေကရော ဘယ်နေရာမှာများလဲရှင့်?"

"အခြား အစီအစဉ်တင်ဆက်မယ့်သူတွေက သုံးယောက်ရှိတယ် သူတို့နာမည်တွေက စာရင်းထဲမှာ ... သမီးတို့တွေက အစမ်းလေ့ကျင်နေရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးခင်မင်အောင် အတူတူတွဲလုပ်လို့ရတယ်"

ချင်းစုယွဲ့ဟာ သူမ၏လက်ထဲရှိ စာရွက်များအား ငုံ့ကြည်လိုက်ပြီးနောက် စာရွက်တွေကို လှန်လျောကြည့်ရှုလိုက်ပြီး တွေဝေတုံ့ဆိုင်းခြင်း အလျဉ်းမရှိပဲ "ကောင်းပါပြီ"ဟု ပြန်ဖြေလိုက်၏။

ကျောင်းအုပ်ကြီးဟာ သူ့ရဲ့တောင်းဆိုချက်အား ချင်းစုယွဲ့က တွေဝေတုံ့ဆိုင်းခြင်း အလျဉ်းမရှိပဲ လက်ခံလိုက်သည်ကို တွေ့မြင်လိုက်ရတော့ ဝမ်းမြောက်ဝမ်းသာဖြင့် ... "ကျောင်းသူကျောင်းသားတွေနဲ့ မီဒီယာတွေသာ သမီး မနက်ဖြန် အစီအစဉ် တင်ဆက်မယ်ဆိုတာကိုသာသိရင် သူတို့ တော်တော်လေးကို စိတ်လှုပ်ရှားသွားကြမှာ"

16.2.2020

*******************

Continue Reading

You'll Also Like

663K 7K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
2.4K 117 12
#crd to original author
11.4K 1.1K 70
အတိတ္က ဆံုးရံွဳးခဲ့ရသည့္လွပလြန္းတဲ့ သူမမိခင္ရဲ႕အျဖစ္ဆိုးေၾကာင့္ ဘဝအမွန္ကိုဖံုးကြယ္ ႐ွင္သန္ေနထိုင္လာရတဲ့ ယြန္းေလာ့ဟြန္း(ဟန္ဟြန္းယြန္း)...။ ဖခင္ျဖစ္သူန...