"ကုကုရဲ့မွေးနေ့ပွဲ?"
ရှောင်းကျန့်မေးလိုက်တော့ သူ့ဘေးနားကပ်ရပ်တိုးထိုင်နေတဲ့ ဝမ်ရိပေါ်က ခေါင်းကိုဆတ်ကနဲ ညိမ့်ပြတယ်။ ကုကု ဆိုတာ ဘယ်သူမှန်းမသိပေမဲ့ ဝမ်ရိပေါ်ကိုယ်တိုင်ကရွစိထိုးအောင်သွားချင်နေပုံထောက်ရင် တော်တော်ခင်တဲ့ သူငယ်ချင်းပဲ ဖြစ်မှာ။
"ခင်များရောလိုက်ရမယ်"
ကိုင်ထားတဲ့ ဘောပင်မှင်နီကို ဒေါက်ကနဲ တမင်ကိုအသံမြည်အောင်ပစ်ချလိုက်တယ်။
"ငါမအားဘူး"
"အားတဲ့အချိန်က ခင်များအသက်ထွက်မှာလား"
ရိပေါ်က စကားလုံးလှလှတွေမပြောတတ်ဖူး။ အန်ချင်လို့! စိတ်ရှိတိုင်းထွက်သွားရင် ရိုက်ပေါက်တွေချည်းပဲ။ ရှောင်းကျန့်က သုံးရက်ဆက်တိုက် operation ခန်းဝင်တယ်။ ထွက်လာတော့ အခန်းအပြင်မှာတင် ပိုးလို့ပက်လက်အိပ်ပျော်သွားရော။ ဒီရက်ပိုင်းအတွင်းမှာ မျက်နှာကတအားချောင်လာတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ရိပေါ်နေလို့ထိုင်လို့သိပ်မကောင်းချင်ဘူး။
"ငါသေရင်မယ်ဆိုရင်တောင် ရှေ့ဆက်တိုးမှာ! ဒါ ငါ့ဘဝတစ်ခုလုံးမြှပ်နှံထားတဲ့နေရာ"
"တစ်သက်လုံးမြှပ်နှံလေ ဘယ်သူကရော မမြှပ်နှံပါနဲ့လို့ပြောလို့လဲ? မွေးနေ့လေး နှစ်နာရီလောက်အတူတူသွားဖို့ ခေါ်တာကိုများ။ တကယ်လက်ပေါက်ကပ်လိုက်တာ"
ရှောင်းကျန့် နာမည်ထိုးထားတဲ့ ဖန်အကြည်တုံးလေးက စားပွဲရှေ့မှာ။ စာအုပ်တွေတစ်ထပ်ကြီးနဲ့ ညစာကြည့်မီးတိုင်ပေါက်စကလေးနဲ့ ရှောင်းကျန့်က မျက်မှန်လေးကို လက်ညှိုးနဲ့ထိုးတင်တယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်စားပွဲရှေ့တောင်မဟုတ်ပဲ ဘေးနားမှာ ကပ်ရပ်ထိုင်ပြီး ကြောင်ဆိုးလုပ်နေတာ။
"Didi.."
"ကျွန်တော့်အကြောင်းသိတယ်မဟုတ်လား"
လေသံပျော့ကလေးနဲ့ ချောဆွဲဖို့အကြံက ဆပ်ပြာပူဖောင်းလိုပဲ ဖွတ်ကနဲ ပျောက်သွား!!
"စောင်ကလေး!"
ဝမ်ရိပေါ်အကြီးကြီးပြုံးပစ်လိုက်ချင်ပေမဲ့ အတင်းထိန်းပစ်လိုက်တယ်။ ဒါလိုကမှ ရှောင်းကျန့်ရဲ့ ပုံစံအစစ်ပဲ။ သိပ်မချိုသာဘူး။ ရိပေါ်ကိုဆို တစ်ခါတလေ စိမ်းစိမ်းကားကားနဲ့။ ဒါပေမဲ့လည်း ချစ်ဖို့ကောင်းနေတုန်းပဲ။
....
လှည့်မကြည့်ပေမဲ့ ကြည့်နေမှာသိနေလို့ ရှောင်းကျန့် ခေါင်းလွှဲနေရင်းကနေ ရိပေါ်ဖက်ကိုမကြည့်ဘူး။
အဲ့ဒီကလေးက တအားအကြည့်ရဲတာ!
......
"ပူပေမဲ့ အနွေးထည်တော့ထပ်ဝတ်လေ! လေတိုးမှာ!"
ရှောင်းကျန့်က ကုတ်အဖြူပဲ ရှိတာ။ ဘာအနွေးထည်မှ သိပ်ဝတ်တာမဟုတ်ဖူး။ ပူတဲ့ရာသီဆိုတော့ ပိုဆိုးသေးတယ်။ အဲ့ဒါကို အနွေးထည်ပဲ တစာစာအော်နေတော့ ဘယ်သွားရှာရမှာလဲ!
ဆိုင်ကယ်ပေါ်မတက်ချင်လို့ ချီတုံချတုံဖြစ်နေရတဲ့ အထဲ ရှောင်းကျန့်အထဲတောင်ပြန်ဝင်ချင်စိတ်ပေါက်သွားတယ်။
အဲ့ဒီမှာပဲ လက်တစ်ဖက်ကနေစွပ်ရွတ်ဆွဲလျှိုလာတဲ့ အပြာစင်း ရှပ်လက်ရှည်တစ်ထည်။
"တက်တော့!"
တယ်!
အံကြိတ်ပြီး တက်ခွလိုက်တယ်။ ဘုရားမလို့ ခါးမဖက်ပါရစေနဲ့!
......
ပထမဆုံး ဆိုင်ကယ်စီးဖူးခြင်းမှာ ဖင်တွေတုန်ပြီးဖင်ပူလာလို့ ရှောင်းကျန့် တခြားဟာတွေကိုတောင်သတိမရတော့ဘူး။
လေတွေကတအားတိုးတာပဲ။ ဖြည်းဖြည်းမောင်းဟ! ဆိုပြီးအော်တာတောင် မသံဝင်မတတ်ပဲ။ ကားကြိုကားကြားထဲက ဖြတ်တဲ့အခါ ရှောင်းကျန့်အသံကြီးက အဖျားတက်နေတဲ့လူလိုပဲ။ သူအော်တဲ့ပုံစံက ရိပေါ်မကြားမှာစိုးလို့ ရှေ့တိုးပြီးအော်တာ။ တစ်ခါတစ်ခါ ရိပေါ် ပါးနဲ့ ကပ်တော့မတတ်ပဲ။ တမင်သောက်ကျင့်ယုတ်ပြီး ရှောင်းကျန့်ကို ဆိုင်ကယ်စီးဦးထုပ်ဆောင်း မပေးထားတော့ ဆံနွယ်ရိုင်းတွေဖွာလန်ကြဲလို့ရယ်။ ရင်တုန်နေရတာနဲ့ ရှေ့ကရိပေါ်ခါးကို ကြပ်ကြပ်သပ်သပ် ဖက်ပစ်ထားမိတာကိုလည်း သူသတိမထားမိတော့ဘူး။ ပြီးတော့ တစ်လမ်းလုံးလည်း ရိပေါ်ကို မိုးမွှန်အောင် ဆဲလို့မဆုံးတော့ဘူး။
........
ကိတ်မုန့်ဘူးလေးကိုင်ပြီး ရှောင်းကျန့်ကမတ်တပ်ကလေး! သူ့ဘဝနှစ်သက်စာလောက်အသက်ကြီးသွားသလိုပဲ။ လေတိုးထားတဲ့ မျက်ခွက်ကြီးက အမ်းလို့ရယ်။ ပြီးတော့ ဆိုင်ကယ်ပေါ်ကဆင်းလိုက်တာနဲ့ ချက်ချင်းပူလာတာ! တော်သေးတယ် ဒူးတွေခိုင်သေးလို့! ကိတ်မုန့်ဘူးကိုဆေးရုံဘေးကဆိုင်ကနေ အရင်ဝယ်လာတာ မှန်လိုက်တာ ဆိုပြီးတွေးလိုက်မိတယ်။ မဟုတ်ရင် ဘာမှတောင်ပါလာနိုင်တော့မှာမဟုတ်ဖူး။
"Hey"
လက်မောင်းတစ်ဖက်က တင်းတင်းဆုပ်တဲ့အထိအတွေ! ကိုင်ပြန်ပြီ အဲ့ဒီလက်မောင်းကို! နာတယ်ဟ!
"ဖယ်"
လက်ကိုပြန်ဆွဲပြီးလွတ်တဲ့လက်ကနေ ဝမ်ရိပေါ် ကိုဘတ်ကနဲ ရိုက်ပစ်လိုက်တယ်။ ဆိုင်ကယ်စီးရတာ မောရတဲ့အထဲ!
"ကုကုရဲ့မွေးနေ့ပွဲက မင်းအိမ်မှာလား"
အတူတူတွဲပြီးဝင်လာတော့ တစ်ယောက်စနှစ်ယောက်စတွေ့တဲ့ maid ဝတ်စုံ ဆင်တူနဲ့ လူငယ်လေးတွေ မိန်းကလေးတွေက အရိုအသေပြုကြတယ်။ ရှောင်းကျန့် မုန့်ဘူးကိုင်ပြီး ခါးတညွတ်ညွတ်နဲ့ တစ်လမ်းလုံး!
"အင်း"
ရှောင်းကျန့် မျက်စောင်းထိုးမိမတတ်ပဲ။ အပြင်မှာ တရော်ပျစ်နေတဲ့ မျက်ခွက်က အခုကျတော့ ချစ်တီးရုပ်နဲ့! ထိပ်ခေါက်ချင်လိုက်တာ!!!!
ဆံပင်တွေကိုဆွဲဆွဲပြီး!!!
လင်းထိန်နေတဲ့ အခန်းကျယ်ကြီးထဲမှာ ဘာပါတီ ဘာပွဲမှရှိမနေဘူး။ ပထမတစ်ကြိမ်သူရောက်ဖူးတဲ့ အခန်းထဲကို ရိပေါ်က တစ်ခါတည်းဆွဲခါ်ချလာတယ်။ အပြင်ကကြည့်ရင်တောင် နန်းတော်လိုဖြစ်နေတဲ့ နေရာမှာ အခန်းတွေ ဘယ်လောက်များ ရှိမလဲ ရှောင်းကျန့် မတွေးတတ်ဖူး။ အသေးဆုံးအခန်းကတောင် ရှောင်းကျန့် ဝင်ခွေရတဲ့ အိမ်ကလေးထက် ကျယ်မှာ! အပင်ပုပုစိမ်းစိမ်းစိုစိုလေးတွေမြင်နေရတဲ့ အခန်းဖြူဖြူကလေး။ ရိပေါ်တို့ ခြံဝင်းကြီးကအကျယ်ကြီးရယ်။ ပြီးတော့ ပန်းခြံအသေးစားလေးထဲမှာ အိမ်ဆောက်ထားသလိုပဲ။ ရေတံခွန်အတုသေးသေးလေးတွေတောင်ရှိတယ်။ ရိပေါ်ရဲ့ အသိုင်းအဝိုင်းက တကယ်ကြီးလို့ တစ်ယောက်ယောက်နဲ့ မျက်နှာချင်းဆိုင်များတွေခဲ့ရင် ဘာလုပ်ရမလဲ ဆိုတဲ့စိတ်နဲ့ လေထုက ဖိစီးနေတာ!
"ဒါ ကျွန်တော့်အခန်း! အရင်က မာမား နေတာ။ မာမားဆုံးကတည်းက ကျွန်တော်က ဒီအခန်းမှာ ပြောင်းနေတယ်။ ပြီးတော့ ဒါက မာမားဆီက ကျွန်တော်အမွေရထားတဲ့ အိမ်! ပါပါးကြီးနဲ့ ဘာမှမဆိုင်တဲ့နေရာမို့ ခင်များ ကြိုက်သလို သက်တောင့်သက်သာနေလို့ရတယ်။"
ရှောင်းကျန့်ကိုတစ်ချက်ကြည့်လိုက်တာနဲ့ ဘာဖြစ်နေသလဲ ရိပေါ်က ဖတ်တတ်တယ်။ အခွေလိုက်ကလေးဖြစ်နေတဲ့ ခေါင်းပေါ်က ငှက်သိုက်ဆံပင်ကို အသည်းတယားယား။ လက်ကမသိစိတ်မှာ ရုတ်ကနဲ ကြွတက်လာလို့ ပြန်ကပ်ထားရတယ်။ အသက်ထက် တုံးတဲ့သက်တမ်းပိုရင့်နေတဲ့ ရှောင်းကျန့်က သူများတွေလို ရင်တုန်တာ ဖင်တုန်တာတွေဖြစ်မနေပဲ ရိပေါ်ကို ပက်ကနဲ ပြန်လုပ်မှာ!
"ဘယ်မှာလဲ ကုကုရဲ့မွေးနေ့ပွဲ"
"အာ...."
ရှောင်းကျန့်ကို အခန်းထဲရှိနေတဲ့ ဆိုဖာဖြူဖြူကြွားကြွားပေါ် ပုခုံးကနေဖိချထိုင်ခိုင်းတယ်။ ကိတ်မုန့်ဘူးကိုစားပွဲပေါ်တင်လိုက်ပြီး ရှောင်းကျန့်မွေးနေ့ရှင်ကိုစောင့်နေတယ်။ ရိပေါ်ချပေးထားတဲ့ အချိုရည်ဘူးကို ဖွင့်သောက်ရင်း! အဲ့မှာပဲ ရိပေါ်လက်ထဲပါလာတဲ့ ဖြူဖြူလုံးလုံးကလေး။ ရိပေါ်ကအဲ့ဒါကို ထောင့်နားမှာရှိတဲ့ အိမ်သေးသေးလေးထဲကနေဆွဲထုတ်လာတာ!
"ကုကု"
ပွေ့ချီရင်း ထွက်လာတဲ့ ရိပေါ်ဆီကအသံ!
ဘုရားစူး! ကုကု ကခွေးလား!!!!!
တီးတောင် တီးတောင်သံတွေ နားထဲ ဖြတ်ပြေးသွားသလိုပဲ။ အခုသူက ခွေးမွေးနေ့ပွဲလာတာလား!
"ဝမ်ရိပေါ်!!!!!"
တရားလွန်သွားပြီ!
"ချီးပဲ ဝမ်ရိပေါ်!"
ဆဲလို့မဆုံးသေးခင် ရှောင်းကျန့် ဆိုဖာပေါ်ပစ်လဲသွားတယ်။ ကုကုကိုပွေ့ထားရင်း ဝမ်ရိပေါ်က ငြိမ်ငြိမ်ကလေး ရပ်နေတယ်။ ရှောင်းကျန့်မလှုပ်တော့တာသေချာမှ ကုကုကိုချပြီး အနားတိုးလိုက်တယ်။ ရင်ဘတ်ကလေးနိမ့်ချည်မြင့်ချည်နဲ့ ရှောင်းကျန့်တကယ်အိပ်ပျော်သွားပြီ။ အရမ်းကိုင်ချင်နေတဲ့ ဆံနွယ်ခွေတွေကို ထိပွတ်လိုက်တယ်။ တောင့်တောင့်ကလေး! ဝမ်ရိပေါ် နှုတ်ခမ်းတွေလွင့်ကနဲ!
ရပြီ။အခု နားလိုက်တော့!
......