[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 356K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၈၁ ..

18.5K 2K 126
By busy_pisi

《Zawgyi》

အပိုင္း - ၈၁
[သူမ၏ အိပ္မက္ေနာက္သို႔ လိုက္ေနျခင္း - ၃]

ေမာ္ရႊီယြမ္ဟာ က်ီယီ့ရဲ႕ စကားေတြကို ျပန္ေတြးၾကည့္လို္ရင္း ခ်န္းစီႏ်န္၏ အမူအယာကို အကဲခတ္လိုက္ကာ ေလးေလးနက္နက္ျဖင့္ ... "က်ီယီက ခ်င္းစုယြဲ႕ကို ေစ်းဝယ္တဲ့ေနရာမွာ ျမင္ခဲ့တယ္လို႔ ေျပာတယ္"

"ဟုတ္လား?"

"က်ီယီက သူ႔ကို ေက်ာင္းသားေတြ႕ဆံုပြဲကို လာခဲ့ဖို႔ ေခၚေပမယ့္ ျငင္းခဲ့တယ္တဲ့"

"အင္း"

"ငါ ရုတ္တရက္ႀကီး သိခ်င္လာတယ္ကြ .. မင္းသာအဲဒီကို သြားမယ္ဆိုရင္ ခ်င္းစုယြဲ႕လည္း လာဖို႔ သေဘာတူလိုက္မွာပဲလား မသိဘူး?"

ခ်န္းစီႏ်န္ဟာ သူ႔မ်က္ဝန္းေတြကို အထက္သို႔ ျဖည္းျဖည္းခ်င္းပင့္ကာ ေမာ္ရႊီယြမ္အား ဖ်တ္ခနဲၾကည့္လိုက္သည္။ "မင္းက အေတာ္ေလး အလုပ္မရွိပဲ အားေနတယ္လို႔ ငါထင္တာပဲ ... ပေရာဂ်က္အတြက္ အၾကံေပး အဆိုျပဳခ်က္ေတြကို ၿပီးေအာင္လုပ္ဖို႔ အခ်ိန္နည္းနည္းေလာက္ သံုးလိုက္ရင္ေရာ ဘယ္လိုလဲ?"

"ႏိုး ႏိုး ႏိုး! ငါ ဒီအေၾကာင္းကို ထပ္ၿပီးေတာ့ မေျပာဝံ့ေတာ့ပါဘူးကြာ ... စီအီးအိုခ်န္း ကၽြန္ေတာ္မ်ိဳးကို သြားခြင့္ျပဳပါခင္ဗ်"

"ဟမ့္" ခ်န္းစီႏ်န္ဟာ သူ အိမ္သို႔ျပန္ေနစဥ္ လမ္းမွာ ထိုအေၾကာင္းကို ေသေသခ်ာခ်ာ စဥ္းစားခ်င့္ခ်ိန္မိလိုက္ေပမယ့္ သူ႔ရဲ႕ အရင္အိမ္ေတာ္သို႔သာ ကားကို ေမာင္းသြားလိုက္ေလသည္။

သူမက သူ႔ကို မေတြ႕ျမင္ခ်င္မွေတာ့ သူက သူမကိုေတြ႕ဖို႔အတြက္ ဘာလို႔ သြားရမွာလဲ?

****************

က်ီယီႏွင့္ မေမၽွာ္လင့္ပဲ ေတြ႕ဆံုရၿပီးသည့္ေနာက္တြင္ ခ်င္းစုယြဲ႕မွာ ပိုလို႔ပင္ သတိႀကီးစြာျဖင့္ ကာကြယ္ေရွာင္တိမ္းရွာေလေတာ့သည္။ အခုဆိုလၽွင္ ႏွစ္သစ္ကူးရက္ေတြမွာ သူမမွာ အိမ္ထဲက အိမ္ျပင္သို႔ေတာင္မွ မထြက္ေတာ့ေပ။ ႏွစ္သစ္ကူး အႀကိဳညတြင္ တရုတ္ႏွစ္သစ္ကူး အထူးအစီအစဥ္ မရွိဘူးဆိုတာကိုပါ သူမက နားလည္သေဘာေပါက္မိသြားေလေတာ့သည္! ဘယ္လိုေတာင္ ဆိုးဝါးရတာလဲဟယ္!
[တရုတ္ႏွစ္သစ္ကူး အထူးအစီအစဥ္:
ပါဝင္သူေတြမွ အဆိုအကေတြႏွင့္ တရုတ္ႏွစ္သစ္ကူးကို ဆင္ႏႊဲေနၾကတဲ့ ႏွစ္စဥ္ျပသသည့္ တီဗြီကေန ထုတ္လႊင့္သည့္ လွပေသာ ေဖ်ာ္ေျဖေရး အစီအစဥ္တစ္ခု ျဖစ္ပါတယ္ ... ၾကည့္ရတာ မမခ်င္းတစ္ေယာက္ အိမ္တြင္းေအာင္းၿပီး တီဗြီေလးၾကည့္မလိုလုပ္ခါမွ အဲဒီအစီအစဥ္ကမလာေတာ့ ေဒါသထြက္သြားရွာပံုရ]

သူမက ခ်င္းကြမ္းခ်န္အား "ကိုကိုေရာ တရုတ္ႏွစ္သစ္ကူး အထူးအစီအစဥ္ မၾကည့္ဘူးလား?"

"ဘာ တရုတ္ႏွစ္သစ္ကူး အထူးအစီအစဥ္လဲ?" ခ်င္းကြမ္းခ်န္က ဇေဝဇဝါျဖင့္ ျပန္ေမးလိုက္သည္။

ေနာက္ထပ္တစ္စကၠန္႔အတြင္းမွာပင္ သူမမွာ မိုက္မဲတံုးအသူ ျဖစ္သြားရွာေလေပၿပီ။

ခ်င္းစုယြဲ႕မွာ ဆြံ႕အသြားေလ၏။ ဒီစာအုပ္ရဲ႕ စာေရးဆရာက တရုတ္ႏွစ္သစ္ကူး အထူးအစီအစဥ္ အေၾကာင္းကို ထည့္မေရးပဲ ဘယ္လိုေတာင္ ေနႏိုင္ရတာတုန္း? သူမ အိမ္တြင္းေအာင္းေနရတာ အရမ္းေတြ ပ်င္းေနၿပီေလ! သူမရဲ႕မိဘေတြမွာ သူမကို ေဆြမ်ိဳးေတြႏွင့္ သူငယ္ခ်င္းေတြထံသြားကာ ႏွစ္သစ္ကူးဆုေတာင္းေပးဖို႔ ေျပာေပမယ့္ သူမက ျငင္းဆိုခဲ့သည္။

သူမ လံုးဝကို အိမ္အျပင္သို႔ မထြက္ခ်င္ေပ။ မာမားပိုင္နဥ္းကေတာင္ ေနာက္ဆံုးတေခါက္တုန္းက ဝမ္ယဥ္းလင္က သူမအား ဖိတ္ေခၚခဲ့သျဖင့္ ခ်န္းမိသားစုထံ အလည္အပတ္ သြားေရာက္သင့္ေၾကာင္း တိုက္တြန္းေပမယ့္ ထိုအၾကံအား သူမက ျငင္းပယ္ခဲ့ေလ၏။ မာမားပိုင္နဥ္းက ထိုအေၾကာင္းႏွင့္ ပက္သတ္၍ အခုထိ စိတ္စႏိုးစေနာင့္ ျဖစ္ေနတုန္းပင္ ရွိေသးလ်က္ ခ်န္းမိသားစုမွ ခ်င္းစုယြဲ႕အား ယဥ္ေက်းမႈမရွိသည္ဟု ေတြးထင္မွာကို မာမားပိုင္နဥ္းက ေၾကာက္ရြံမိေလသည္။

ခ်န္းစီႏ်န္ႏွင့္ ႏွိုင္းယွဥ္ၾကည့္ရပါလၽွင္ တျခား ဘယ္အရာကမွ အေရးမပါလွဟု ခ်င္းစုယြဲ႕ကေတာ့ ထင္မိေလသည္။ 'ယဥ္ေက်းမႈလား? အေရးမႀကီးပါဘူး!' ဘာကိစၥပင္ ျဖစ္လာပါေစ သူမ သြားမွာမဟုတ္ေပ .. သူမ မသြားႏိုင္ေပ .. အေသအခ်ာကို သူမ သြားလိမ့္မည္ မဟုတ္ေပ!'

ထို႔ေၾကာင့္ပင္ ခ်န္းစီႏ်န္မွာ ခ်င္းမိဘႏွစ္ပါးအား ႀကိဳဆိုႏႈတ္ဆက္ေနရခ်ိန္မွာ အလြန္႔အလြန္ကို စိတ္ဆိုးမိေလသည္-- 'ခ်င္းစုယြဲ႕! မင္းက အၾကင္နာကင္းမဲ့လိုက္တာ'

ခ်င္းစုယြဲ႕ဟာ သူမရဲ႕ မိသားစုႏွင့္အတူ ရက္အနည္းငယ္ေလာက္ ထပ္ေနၿပီးေနာက္ Aၿမိဳ႕သို႔ အေျပးအလႊား ျပန္သြားေလ၏။ ေႏြရာသီအားလပ္ရက္ ကုန္ဆံုးခါနီး ေရာက္သည္အထိကိုပင္ သူမမွာ ရွန္က်င္းၿမိဳ႕သို႔ ေနာက္တစ္ႀကိမ္ ထပ္ၿပီး ျပန္မသြားေတာ့ေပ။

**************

ရွေခ်ာင္းဟာ သူ႔ရဲ႕ ဘြဲ႕ႀကိဳကာလ လက္ေတြ႕ ျပန္လည္အသံုးခ်ရသည့္ အခ်ိန္ကာလအတြင္းတြင္ Aေကာလိပ္အတြင္းရွိ ရုပ္သံလႊင့္ဌာန၌ ေက်ာင္းရဲ႕ ေထာက္ခံေပးမႈကို ရရွိခဲ့ေလသည္။ သူက ခ်င္းစုယြဲ႕အား ရုပ္သံလႊင့္ဌာနမွ စိန္ေခၚမႈ အစီအစဥ္သစ္တစ္ခုကို စီစဥ္ေနသျဖင့္ သူတို႔ႏွစ္ေယာက္အား လက္ရွိတြင္ အစီအစဥ္ တင္ဆက္သူေတြအျဖစ္ ပါဝင္ရဖို႔ ေခၚထားေၾကာင္း ေျပာလိုက္သည္။ ဒါက သူမ၏ အစီအစဥ္တင္ဆက္သည့္ စြမ္းရည္ေတြကို သိသိသာသာပဲ တိုးျမႇင့္ေပးလိမ့္မည့္အျပင္ ဒီလိုအခြင့္အေရးမ်ိဳးကလည္း ရရွိဖို႔ ခက္ခဲလွေခ်၏။ အကယ္၍ သူမသာ စိတ္ဝင္စားပါက လူေရြးပြဲအတြက္ ႀကိဳတင္ျပင္ဆင္ထားရန္ႏွင့္ ပါဝင္ဖို႔ရန္အတြက္ ရွေခ်ာင္းက သူမအား ေျပာလိုက္ေလသည္။

ခ်င္းစုယြဲ႕က အံ့အားသင့္သြားေလေတာ့သည္။ "ကၽြန္မလည္း သြားလို႔ရႏိုင္တယ္ေပါ့?"

ရွေခ်ာင္းက ျပံဳးလ်က္ ရွင္းျပလိုက္၏။ "အင္း ... ရုပ္သံလႊင့္ဌာနက ပါရမီစြမ္းရည္ကို အေလးထားတယ္ ၿပီးေတာ့ မင္းကလည္း သူတို႔ လိုအပ္ေနတာေတြနဲ႔ ကိုက္ညီေနတယ္ေလ"

"အိုးးး" ခ်င္းစုယြဲ႕ဟာ သူ႔ရဲ႕ရွည္လ်ားသည့္ မ်က္ေတာင္ေတြအား ၾကည့္ကာ ေမးလိုက္သည္ "ရွင္က ဘာလို႔ ဒါကို ကၽြန္မကို လာေျပာျပရတာလဲ?"

ရွေခ်ာင္းက ျပံဳးစိစိျဖင့္ "ကိုယ္က မင္းအေပၚ ယံုၾကည္ေနတာေၾကာင့္မို႔ ျဖစ္ႏိုင္ပါတယ္ ၿပီးေတာ့ တျခားလူေတြက ကိုယ္တို႔မွာ ေကာင္းမြန္တဲ့ အသင္းအဖြဲ႕စိတ္ဓာတ္ ရွိတယ္လို႔ ေျပာေနၾကတယ္ မဟုတ္ဘူးလား? ကိုယ္လည္း ကိုယ္တို႔ အလုပ္အတူတူ တြဲလုပ္ၾကတာ ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ ထင္တယ္ေလ အဲ့ေတာ့? မင္း စာရင္းသြားေပးလိုက္ေတာ့မလား?"

ခ်င္းစုယြဲ႕ဟာ သူမရဲ႕ပါးေလးေတြကို ေလျဖင့္ ေဖာင္းေဖာင္းေလး ျဖစ္ေနေအာင္ လုပ္လိုက္ရင္း ထိုအေၾကာင္းအား ေတြးေတာၾကည့္လိုက္ေတာ့ အေျဖက သိသိသာသာကိုပဲ _____  ရက္စ္ ေပါ့!

သူမမွာ အလုပ္မ်ားလွသည့္ ဗိုလ္လုပြဲေတြအတြက္ ျပင္ဆင္ေနရင္းျဖင့္ ရုပ္သံလႊင့္ဌာနရဲ႕ စစ္ေဆးျခင္းေတြ အင္တာဗ်ဴးေတြႏွင့္ အျခားေသာ ကိစၥရပ္မ်ား အတြက္ကိုလည္း ျပင္ဆင္ရေလ၏။ ထို႔ေနာက္တြင္ေတာ့ ဗိုလ္လုပြဲေတြ ၿပီးဆံုးသြားသည့္အခါမွာ သူမအား လက္ခံလိုက္ၿပီဟု ေျပာရင္းျဖင့္ ရုပ္သံလႊင့္ဌာနကလည္း သူမအား ဆက္သြယ္လာေလသည္။

က်ံဳခ်င္းက ဖုန္းေခၚကာ သူမရဲ႕ ေႏြရာသီအစီအစဥ္ေတြကို ေမးျမန္းခ်ိန္မွာေတာ့ ခ်င္းစုယြဲ႕တစ္ေယာက္ သူမရဲ႕ကၽြမ္းက်င္မႈ စြမ္းရည္ေတြကို တိုးျမႇင့္ဖို႔ရန္အတြက္ Aၿမိဳ႕မွာပဲ ဆက္ေနမည္ဆိုသည္ကို ၾကားလိုက္သည့္အခါတြင္ က်ံဳခ်င္းမွာ ေရွာ့ရသြားရွာေတာ့သည္။ "နင္ အခုကေနစၿပီးေတာ့ Aၿမိဳ႕မွာပဲ ဆက္ေနေတာ့မလို႔ စီစဥ္ေနတာလား?"

"အဲဒါမွ ဘယ္လိုျဖစ္မလဲဆိုတာကို ငါျမင္ႏိုင္မွာဟ" ခ်င္းစုယြဲ႕ဟာ ရွေခ်ာင္းကဲ့သို႔ ဘြဲ႕ရၿပီးၿပီးခ်င္းမွာပဲ ရုပ္သံလႊင့္ဌာနမွာ ေနႏိုင္သည္အထိ သူမလည္း ေအာင္ျမင္ႏိုင္မည္လားဆိုသည္ကိုေတာ့ အာမမခံႏိုင္ေပ။

က်ံဳခ်င္းက ေဝဖန္ပိုင္းျခားျပေလသည္။ "ငါထင္တာေတာ့ နင့္မွာ အေတာ္ေလး ေကာင္းမြန္တဲ့ အခြင့္အေရးတစ္ခုရလိုက္တာပဲ ... တစ္ကယ္ေတာ့ ဒါက နင့္အတြက္ ႀကီးမားတဲ့ အခြင့္အေရးႀကီးတစ္ခုကို ရလိုက္တာပဲေနာ္ဟဲ့"

သို႔ေပမယ့္ ခ်င္းစုယြဲ႕က ပို၍လက္ေတြ႕က်လွသည္။ သူမသည္ အစီအစဥ္သစ္တစ္ခုအား တင္ဆက္ရလိမ့္မည္ျဖစ္ၿပီး ထိုအစီအစဥ္၏ ရလဒ္မွာလည္း မသိရွိႏိုင္ေသးေသာ အေၾကာင္းအရင္းတစ္ရပ္သာ ျဖစ္၏။ ဒါေပမယ့္ ဒီအစီအစဥ္မွာ သူမ၏ အနာဂတ္အတြက္ အလြန္အေရးပါလွသည္ကိုလည္း သူမ နားလည္ေလသည္။

သူမ တတ္စြမ္းသမၽွ အားထုတ္ႀကိဳးစားကာ ေအာင္ေအာင္ျမင္ျမင္ျဖင့္ စတင္ရမည္ျဖစ္သည္။

14.2.2020


*******************

《Unicode》

အပိုင်း - ၈၁
[သူမ၏ အိပ်မက်နောက်သို့ လိုက်နေခြင်း - ၃]

မော်ရွှီယွမ်ဟာ ကျီယီ့ရဲ့ စကားတွေကို ပြန်တွေးကြည့်လို်ရင်း ချန်းစီနျန်၏ အမူအယာကို အကဲခတ်လိုက်ကာ လေးလေးနက်နက်ဖြင့် ... "ကျီယီက ချင်းစုယွဲ့ကို စျေးဝယ်တဲ့နေရာမှာ မြင်ခဲ့တယ်လို့ ပြောတယ်"

"ဟုတ်လား?"

"ကျီယီက သူ့ကို ကျောင်းသားတွေ့ဆုံပွဲကို လာခဲ့ဖို့ ခေါ်ပေမယ့် ငြင်းခဲ့တယ်တဲ့"

"အင်း"

"ငါ ရုတ်တရက်ကြီး သိချင်လာတယ်ကွ .. မင်းသာအဲဒီကို သွားမယ်ဆိုရင် ချင်းစုယွဲ့လည်း လာဖို့ သဘောတူလိုက်မှာပဲလား မသိဘူး?"

ချန်းစီနျန်ဟာ သူ့မျက်ဝန်းတွေကို အထက်သို့ ဖြည်းဖြည်းချင်းပင့်ကာ မော်ရွှီယွမ်အား ဖျတ်ခနဲကြည့်လိုက်သည်။ "မင်းက အတော်လေး အလုပ်မရှိပဲ အားနေတယ်လို့ ငါထင်တာပဲ ... ပရောဂျက်အတွက် အကြံပေး အဆိုပြုချက်တွေကို ပြီးအောင်လုပ်ဖို့ အချိန်နည်းနည်းလောက် သုံးလိုက်ရင်ရော ဘယ်လိုလဲ?"

"နိုး နိုး နိုး! ငါ ဒီအကြောင်းကို ထပ်ပြီးတော့ မပြောဝံ့တော့ပါဘူးကွာ ... စီအီးအိုချန်း ကျွန်တော်မျိုးကို သွားခွင့်ပြုပါခင်ဗျ"

"ဟမ့်" ချန်းစီနျန်ဟာ သူ အိမ်သို့ပြန်နေစဉ် လမ်းမှာ ထိုအကြောင်းကို သေသေချာချာ စဉ်းစားချင့်ချိန်မိလိုက်ပေမယ့် သူ့ရဲ့ အရင်အိမ်တော်သို့သာ ကားကို မောင်းသွားလိုက်လေသည်။

သူမက သူ့ကို မတွေ့မြင်ချင်မှတော့ သူက သူမကိုတွေ့ဖို့အတွက် ဘာလို့ သွားရမှာလဲ?

****************

ကျီယီနှင့် မမျှော်လင့်ပဲ တွေ့ဆုံရပြီးသည့်နောက်တွင် ချင်းစုယွဲ့မှာ ပိုလို့ပင် သတိကြီးစွာဖြင့် ကာကွယ်ရှောင်တိမ်းရှာလေတော့သည်။ အခုဆိုလျှင် နှစ်သစ်ကူးရက်တွေမှာ သူမမှာ အိမ်ထဲက အိမ်ပြင်သို့တောင်မှ မထွက်တော့ပေ။ နှစ်သစ်ကူး အကြိုညတွင် တရုတ်နှစ်သစ်ကူး အထူးအစီအစဉ် မရှိဘူးဆိုတာကိုပါ သူမက နားလည်သဘောပေါက်မိသွားလေတော့သည်! ဘယ်လိုတောင် ဆိုးဝါးရတာလဲဟယ်!
[တရုတ်နှစ်သစ်ကူး အထူးအစီအစဉ်:
ပါဝင်သူတွေမှ အဆိုအကတွေနှင့် တရုတ်နှစ်သစ်ကူးကို ဆင်နွှဲနေကြတဲ့ နှစ်စဉ်ပြသသည့် တီဗွီကနေ ထုတ်လွှင့်သည့် လှပသော ဖျော်ဖြေရေး အစီအစဉ်တစ်ခု ဖြစ်ပါတယ် ... ကြည့်ရတာ မမချင်းတစ်ယောက် အိမ်တွင်းအောင်းပြီး တီဗွီလေးကြည့်မလိုလုပ်ခါမှ အဲဒီအစီအစဉ်ကမလာတော့ ဒေါသထွက်သွားရှာပုံရ]

သူမက ချင်းကွမ်းချန်အား "ကိုကိုရော တရုတ်နှစ်သစ်ကူး အထူးအစီအစဉ် မကြည့်ဘူးလား?"

"ဘာ တရုတ်နှစ်သစ်ကူး အထူးအစီအစဉ်လဲ?" ချင်းကွမ်းချန်က ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။

နောက်ထပ်တစ်စက္ကန့်အတွင်းမှာပင် သူမမှာ မိုက်မဲတုံးအသူ ဖြစ်သွားရှာလေပေပြီ။

ချင်းစုယွဲ့မှာ ဆွံ့အသွားလေ၏။ ဒီစာအုပ်ရဲ့ စာရေးဆရာက တရုတ်နှစ်သစ်ကူး အထူးအစီအစဉ် အကြောင်းကို ထည့်မရေးပဲ ဘယ်လိုတောင် နေနိုင်ရတာတုန်း? သူမ အိမ်တွင်းအောင်းနေရတာ အရမ်းတွေ ပျင်းနေပြီလေ! သူမရဲ့မိဘတွေမှာ သူမကို ဆွေမျိုးတွေနှင့် သူငယ်ချင်းတွေထံသွားကာ နှစ်သစ်ကူးဆုတောင်းပေးဖို့ ပြောပေမယ့် သူမက ငြင်းဆိုခဲ့သည်။

သူမ လုံးဝကို အိမ်အပြင်သို့ မထွက်ချင်ပေ။ မာမားပိုင်နဉ်းကတောင် နောက်ဆုံးတခေါက်တုန်းက ဝမ်ယဉ်းလင်က သူမအား ဖိတ်ခေါ်ခဲ့သဖြင့် ချန်းမိသားစုထံ အလည်အပတ် သွားရောက်သင့်ကြောင်း တိုက်တွန်းပေမယ့် ထိုအကြံအား သူမက ငြင်းပယ်ခဲ့လေ၏။ မာမားပိုင်နဉ်းက ထိုအကြောင်းနှင့် ပက်သတ်၍ အခုထိ စိတ်စနိုးစနောင့် ဖြစ်နေတုန်းပင် ရှိသေးလျက် ချန်းမိသားစုမှ ချင်းစုယွဲ့အား ယဉ်ကျေးမှုမရှိသည်ဟု တွေးထင်မှာကို မာမားပိုင်နဉ်းက ကြောက်ရွံမိလေသည်။

ချန်းစီနျန်နှင့် နှိုင်းယှဉ်ကြည့်ရပါလျှင် တခြား ဘယ်အရာကမှ အရေးမပါလှဟု ချင်းစုယွဲ့ကတော့ ထင်မိလေသည်။ 'ယဉ်ကျေးမှုလား? အရေးမကြီးပါဘူး!' ဘာကိစ္စပင် ဖြစ်လာပါစေ သူမ သွားမှာမဟုတ်ပေ .. သူမ မသွားနိုင်ပေ .. အသေအချာကို သူမ သွားလိမ့်မည် မဟုတ်ပေ!'

ထို့ကြောင့်ပင် ချန်းစီနျန်မှာ ချင်းမိဘနှစ်ပါးအား ကြိုဆိုနှုတ်ဆက်နေရချိန်မှာ အလွန့်အလွန်ကို စိတ်ဆိုးမိလေသည်-- 'ချင်းစုယွဲ့! မင်းက အကြင်နာကင်းမဲ့လိုက်တာ'

ချင်းစုယွဲ့ဟာ သူမရဲ့ မိသားစုနှင့်အတူ ရက်အနည်းငယ်လောက် ထပ်နေပြီးနောက် Aမြို့သို့ အပြေးအလွှား ပြန်သွားလေ၏။ နွေရာသီအားလပ်ရက် ကုန်ဆုံးခါနီး ရောက်သည်အထိကိုပင် သူမမှာ ရှန်ကျင်းမြို့သို့ နောက်တစ်ကြိမ် ထပ်ပြီး ပြန်မသွားတော့ပေ။

**************

ရှချောင်းဟာ သူ့ရဲ့ ဘွဲ့ကြိုကာလ လက်တွေ့ ပြန်လည်အသုံးချရသည့် အချိန်ကာလအတွင်းတွင် Aကောလိပ်အတွင်းရှိ ရုပ်သံလွှင့်ဌာန၌ ကျောင်းရဲ့ ထောက်ခံပေးမှုကို ရရှိခဲ့လေသည်။ သူက ချင်းစုယွဲ့အား ရုပ်သံလွှင့်ဌာနမှ စိန်ခေါ်မှု အစီအစဉ်သစ်တစ်ခုကို စီစဉ်နေသဖြင့် သူတို့နှစ်ယောက်အား လက်ရှိတွင် အစီအစဉ် တင်ဆက်သူတွေအဖြစ် ပါဝင်ရဖို့ ခေါ်ထားကြောင်း ပြောလိုက်သည်။ ဒါက သူမ၏ အစီအစဉ်တင်ဆက်သည့် စွမ်းရည်တွေကို သိသိသာသာပဲ တိုးမြှင့်ပေးလိမ့်မည့်အပြင် ဒီလိုအခွင့်အရေးမျိုးကလည်း ရရှိဖို့ ခက်ခဲလှချေ၏။ အကယ်၍ သူမသာ စိတ်ဝင်စားပါက လူရွေးပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် ပါဝင်ဖို့ရန်အတွက် ရှချောင်းက သူမအား ပြောလိုက်လေသည်။

ချင်းစုယွဲ့က အံ့အားသင့်သွားလေတော့သည်။ "ကျွန်မလည်း သွားလို့ရနိုင်တယ်ပေါ့?"

ရှချောင်းက ပြုံးလျက် ရှင်းပြလိုက်၏။ "အင်း ... ရုပ်သံလွှင့်ဌာနက ပါရမီစွမ်းရည်ကို အလေးထားတယ် ပြီးတော့ မင်းကလည်း သူတို့ လိုအပ်နေတာတွေနဲ့ ကိုက်ညီနေတယ်လေ"

"အိုးးး" ချင်းစုယွဲ့ဟာ သူ့ရဲ့ရှည်လျားသည့် မျက်တောင်တွေအား ကြည့်ကာ မေးလိုက်သည် "ရှင်က ဘာလို့ ဒါကို ကျွန်မကို လာပြောပြရတာလဲ?"

ရှချောင်းက ပြုံးစိစိဖြင့် "ကိုယ်က မင်းအပေါ် ယုံကြည်နေတာကြောင့်မို့ ဖြစ်နိုင်ပါတယ် ပြီးတော့ တခြားလူတွေက ကိုယ်တို့မှာ ကောင်းမွန်တဲ့ အသင်းအဖွဲ့စိတ်ဓာတ် ရှိတယ်လို့ ပြောနေကြတယ် မဟုတ်ဘူးလား? ကိုယ်လည်း ကိုယ်တို့ အလုပ်အတူတူ တွဲလုပ်ကြတာ တော်တော်လေး ကောင်းတယ်လို့ ထင်တယ်လေ အဲ့တော့? မင်း စာရင်းသွားပေးလိုက်တော့မလား?"

ချင်းစုယွဲ့ဟာ သူမရဲ့ပါးလေးတွေကို လေဖြင့် ဖောင်းဖောင်းလေး ဖြစ်နေအောင် လုပ်လိုက်ရင်း ထိုအကြောင်းအား တွေးတောကြည့်လိုက်တော့ အဖြေက သိသိသာသာကိုပဲ _____  ရက်စ် ပေါ့!

သူမမှာ အလုပ်များလှသည့် ဗိုလ်လုပွဲတွေအတွက် ပြင်ဆင်နေရင်းဖြင့် ရုပ်သံလွှင့်ဌာနရဲ့ စစ်ဆေးခြင်းတွေ အင်တာဗျူးတွေနှင့် အခြားသော ကိစ္စရပ်များ အတွက်ကိုလည်း ပြင်ဆင်ရလေ၏။ ထို့နောက်တွင်တော့ ဗိုလ်လုပွဲတွေ ပြီးဆုံးသွားသည့်အခါမှာ သူမအား လက်ခံလိုက်ပြီဟု ပြောရင်းဖြင့် ရုပ်သံလွှင့်ဌာနကလည်း သူမအား ဆက်သွယ်လာလေသည်။

ကျုံချင်းက ဖုန်းခေါ်ကာ သူမရဲ့ နွေရာသီအစီအစဉ်တွေကို မေးမြန်းချိန်မှာတော့ ချင်းစုယွဲ့တစ်ယောက် သူမရဲ့ကျွမ်းကျင်မှု စွမ်းရည်တွေကို တိုးမြှင့်ဖို့ရန်အတွက် Aမြို့မှာပဲ ဆက်နေမည်ဆိုသည်ကို ကြားလိုက်သည့်အခါတွင် ကျုံချင်းမှာ ရှော့ရသွားရှာတော့သည်။ "နင် အခုကနေစပြီးတော့ Aမြို့မှာပဲ ဆက်နေတော့မလို့ စီစဉ်နေတာလား?"

"အဲဒါမှ ဘယ်လိုဖြစ်မလဲဆိုတာကို ငါမြင်နိုင်မှာဟ" ချင်းစုယွဲ့ဟာ ရှချောင်းကဲ့သို့ ဘွဲ့ရပြီးပြီးချင်းမှာပဲ ရုပ်သံလွှင့်ဌာနမှာ နေနိုင်သည်အထိ သူမလည်း အောင်မြင်နိုင်မည်လားဆိုသည်ကိုတော့ အာမမခံနိုင်ပေ။

ကျုံချင်းက ဝေဖန်ပိုင်းခြားပြလေသည်။ "ငါထင်တာတော့ နင့်မှာ အတော်လေး ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုရလိုက်တာပဲ ... တစ်ကယ်တော့ ဒါက နင့်အတွက် ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခုကို ရလိုက်တာပဲနော်ဟဲ့"

သို့ပေမယ့် ချင်းစုယွဲ့က ပို၍လက်တွေ့ကျလှသည်။ သူမသည် အစီအစဉ်သစ်တစ်ခုအား တင်ဆက်ရလိမ့်မည်ဖြစ်ပြီး ထိုအစီအစဉ်၏ ရလဒ်မှာလည်း မသိရှိနိုင်သေးသော အကြောင်းအရင်းတစ်ရပ်သာ ဖြစ်၏။ ဒါပေမယ့် ဒီအစီအစဉ်မှာ သူမ၏ အနာဂတ်အတွက် အလွန်အရေးပါလှသည်ကိုလည်း သူမ နားလည်လေသည်။

သူမ တတ်စွမ်းသမျှ အားထုတ်ကြိုးစားကာ အောင်အောင်မြင်မြင်ဖြင့် စတင်ရမည်ဖြစ်သည်။

14.2.2020

******************

Continue Reading

You'll Also Like

79.5K 8.1K 68
Normal System ပါ Male Lead က Host ဖြစ်ပြီး Female Lead ကတော့ System လေးပါ... Normal System ပါ Male Lead က Host ျဖစ္ၿပီး Female Lead ကေတာ့ System ေလးပ...
1.2M 49.9K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
191K 18.9K 34
ရယ်စရာ ကောင်းတဲ့ ဂျိုဝီ နဲ့ တုံဏှိဘာဝေ နေတတ်တဲ့ သူ့ရဲ့ ချစ်လှစွာသော ခင်ပွန်း မစ္စတာ အက်ဖ် တို့ ရဲ့ အကြောင်းလေးပါ။ မူရင္း ေရးသူက - Qiao Yi Alternati...
23.8K 6 1
အမုန်းတွေ ပွေ့ပိုက်ပြီး ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ရန်လိုခြင်းတွေနဲ့ ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ချစ်ခြင်းတရားတွေကို မဆုပ်ကိုင်နိုင်တော့တဲ့ အ...