"ဖယ်...ဖယ်ဦးဟ"
ခါးကလက်ကိုဆွဲခွာလို့မရ။ အာခြောက်နေတာသေတော့မယ်။ ဘယ်လိုဖြစ်နေရတာတုန်း!!!
လက်ကဘေးကစားပွဲအပုလေးပေါ်မှီသွားပြီး ရေဘူးကိုလှမ်းယူလိုက်တယ်။ အားရပါးရရေသောက်ဖို့ ပင်ပင်ပန်းပန်းကိုကြိုးစားလိုက်ရတယ်။ ဆွဲဖက်ထားတာက တင်းကြပ်နေတာမို့ အိပ်ပျော်နေတာလား အိပ်မပျော်နေတာလား မသိတဲ့အခြေအနေမှာ ရှောင်းကျန့် ကြိုးတုပ်ခံထားရတဲ လူလိုဖြစ်သွားတယ်။
"ဟင်း.."
မောလိုက်တာ ~
ပက်လက်လှန်လဲလိုက်တော့လဲ ဒီလက်တွေက ပြေမသွားဘူး။ ကုတင်က ကျဉ်းလို့ ပူးကပ်နေတာပဲ။ ကျောအာက်က လက်ကိုဖိမိမှာစိုးလို့ အသက်အောင့်ပြီး ကိုယ်ကိုဖျောလိုက်ပေမဲ့ အကြာကြီး သူဘယ်လိုလုပ်တောင့်ခံနိုင်မှာတုန်း။
.....
လှုပ်စိလှုပ်စိဖြစ်နေတယ်။ ရိပေါ်က အိပ်မှမပျော်တော့တာ။ သူရှောင်းကျန့်ရေဘူးလှမ်းဆွဲကတည်းက နိုးနေတာ။ သူဖိဆွဲထားတဲ့အတိုင်း လှုပ်စိလှုပ်စိနဲ့ ပိုးတုံးလုံးကောင်လေးလိုပဲ။ ရှောင်းကျန့်နားသယ်စပ်တွေကို နီးနီးကပ်ကပ်ပဲ မြင်နေရတယ်။ နမ်းပစ်ချင်လိုက်တာ။ တို့ကြည့်ရင်ကောင်းမလား။
မဖြစ်ဖူး ဆိုတဲ့ စိတ်ကလည်း ရှိနေတယ်။ ဘာဖြစ်ဖြစ်ကွာ ဆိုတဲ့ စိတ်ရိုင်းကလည်း အားကောင်းမောင်းသန်!
မသိချင်ယောင်ဆောင်ပြီး မျက်လုံးတွေကိုမှိတ်ချလိုက်တယ်။ ခေါင်းကိုနည်းနည်းကလေးရွေ့လိုက်တာနဲ့ မွေးညှင်းရှိန်းရှိန်းတွေ ဖြာနေတဲ့ ပါးရိုးနဲ့ နားသယ်စပ်နားကို သူ့မျက်နှာတစ်ခုလုံးအပ်သွားခဲ့တယ်။
....
အာ...~
လက်နှစ်ဖက်နဲ့ အလုပ်ရှုပ်နေတဲ့ ရှောင်းကျန့် တုံ့ကနဲပဲ ရပ်သွားတယ်။
လုပ်ပြန်ပြီ!
ကပ်နေတဲ့မျက်နှာကို နည်းနည်းကလေးစောင်းလိုက်တော့ ဝမ်ရိပေါ်မျက်ခွက်ကြီးက ကော်နဲ့ ကပ်သလို ကပ်ပါလာတယ်။
ချီးပဲ!
"ထစမ်း!"
ဖြန်း!
ကျောပြောင်ပြောင်ပေါ် ရှောင်းကျန့် ဖြန်းကနဲ ရိုက်ချပစ်လိုက်တယ်။ ဒါပေမဲ့ အဲ့လက်ဖဝါးကရိပေါ်လက်တစ်ဖက်ကနေ ချုပ်ပစ်တာခံလိုက်ရရော!
"ဘာလဲ..ဘာဖြစ်တာလဲ"
_ီးကိုဘာဖြစ်! အရိုင်းတုံး!
"မင်းဘာလုပ်တာလဲ"
"ဘာလုပ်နေလို့လဲ"
"မင်း..!"
ငုတ်တုတ်ထထိုင်ပြီး သူ့နားရွက်စပ်ကလေးသူ ပြန်ပွတ်ရင်းက ရိပေါ်ကို လက်ညှိုးတထိုးထိုးနဲ့! မျက်မှန်မတပ်ထားတာမို့ မျက်ဝန်းလှလှ မျက်အိမ်ကျယ်ကျယ် ခပ်သွယ်သွယ်ကလေးကို ရှင်းရှင်းလင်းလင်းပဲ မြင်နေရတယ်။ အရမ်းလှတာပဲ။ ရိပေါ်ငေးနေတာကိုကြည့်ပြီး ရှောင်းကျန့် အူကြောင်ကြောင်ဖြစ်သွားတယ်။
"ဟေး..."
မျက်စိရှေ့ ဖြတ်ကနဲ ကာလိုက်တဲ့ လက်ဖဝါးကို ဆုပ်ကိုင်လိုက်တယ်။ ဒီလုပ်ရပ်အတွက် ဘာဖြေရှင်းချက်ပေးရမလဲ?
.......
ယိုင်ကျလာတဲ့ ရိပေါ်ရဲ့ နှုတ်ခမ်းဖျားက ရှောင်းကျန့် မျက်နှာအနားပူးကပ်လာတော့ ယောင်ယောင်ကမ်းကမ်းနဲ့
ရှောင်းကျန့်က မျက်လုံးတွေကိုမှိတ်ချလိုက်တယ်။ ညာဘက်မျက်ခွံကလေးပေါ် ဖွဖွနမ်းတယ်။ ရိပေါ်ရင်ထဲအေး ကျသွားရောပဲ။
.........
ရှောင်းကျန့်က ရိပေါ်ကိုမထိုးခဲ့ပါဘူး။ ဒါပေမဲ့ မနက်အစောကြီး ရိပေါ် အိမ်ပေါ်ကနှင်ချခံလိုက်ရတယ်။ တံခါးနောက်ဖက်ကနေ လွှားကနဲထွက်လာတဲ့ သူ့အင်္ကျီအပြာရောင်ကို ကတိုက်ကရိုက်ဖမ်းယူပြီး ရိပေါ် ရယ်မိပြန်ရော။ အခုသူတို့အဖြစ်ကဘာနဲ့တူနေသလဲ။ သူဒီနေရာမှာ ဒီပုံစံအတိုင်း ရပ်နေဖို့ရာ သူ့လောဘကခွင့်မပြုတော့ဘူး။ အဲ့ဒီယောကျာ်းက မာနသိပ်ကြီးတယ်။ ပြီးတော့လစ်လျူရှုတတ်သေးတယ်။ ရိပေါ် အဲ့ဒါကိုတစ်သက်မမေ့ဘူး။ နွေးနွေးထွေးထွေးအခြေအနေလေးကိုရဖို့ သူဘယ်လောက် စိတ်ကိုလျော့ထားခဲ့ရသလဲဆိုတာ သူပဲသိတယ်။ ဘဝမှာမလုပ်ဖူးတာတွေကိုလည်း ပထမဆုံးလုပ်မိတာပါပဲ။ အိမ်တံခါးကိုဖွဖွခေါက်ပြီး ရူးလောက်အောင် အပိုင်လိုချင်နေတဲ့အကြောင်းတွေကိုတွေကို ပြောပြချင်နေခဲ့တယ်။
မာနတွေကိုတစ်လွှာချင်းခွာမယ်။ အဆုံးမှာ ကျွန်တော်တို့ကချစ်သူတွေပဲ။
.......
"နဂျီကောင်ဟေး......."
ယွီလန်ရဲ့အော်သံအဆုံး ရှောင်းကျန့် တော်ပါတော့ ဆိုပြီး အော်ဟစ်ပစ်ချင်သွားတယ်။ အရေးပေါ်ဌာနရဲ့ ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ဟာ အခုတော့ ပြုံးစိစိအရောင်တွေနဲ့။ သူနာပြုကလေးတွေက ခိုးရယ်ကြတယ်။ နောက်ဆုံးတော့ သူတို့ရဲ့ ဆရာဝန်ကြီးဟာ နောက်ပိုး ပိုးခံနေရပြီပဲ!
အစုလိုက်အပြုံလိုက်ရောက်ချလာတဲ့ အဖွဲ့ကြီးက တစ်ပြုံလုံး ဒဏ်ရာတွေနဲ့။ သူ့ မမကို မြင်တော့ ကျန်ခိုင်က ဟဲ ကနဲ သွားဖြဲပြတယ်။ ဘေးမှာတော့ နဖူးစည်းနဲ့ ဆံပင်တွေကိုလှန်တင်ထားတဲ့ ဝမ်ရိပေါ်!
"Hi..နောက်ထပ်တွေ့ပြန်ပြီနော်"
ကျန့်ခိုင်တွဲထားလို့ ယိုင်နေတဲ့ ခြေလှမ်းတွေကြားကနေ လက်တစ်ဖက်နဲ့ Hello လုပ်ပြတယ်။ နှုတ်ခမ်းကိုတစ်ဖက်ကလေးတွန့်ပြီး ပြုံးပြဖို့လဲမမေ့ဘူး။ အကုန်လုံးမျောကုန်ရော!
အဲ့နေ့ပြီးကတည်းက ဝမ်ရိပေါ်ကို လမ်းကြောင်းမှန်သမျှကနေ block ထားခဲ့ပေမဲ့ စောက်ကြောတင်းတဲ့ကောင်က ပတ်ရန်ဖြစ်ပြီး ဆေးရုံကိုနေ့တိုင်းရောက်လာတယ်။
ဘုရားစူး အချေကောင်! ဘာချေသလဲ! တွေ့တိုင်း ဖြီးနေတဲ့သောက်ခွက်နဲ့! ဘာကြွေ! _ီးကိုကြွေ!
ရှောင်းကျန့်မျက်နှာက ရှစ်ခေါက်ချိုးဖြစ်နေပြီ။ ရှောင်းကျန့်မဟုတ်ရင် ပြဿ နာ ရှာတတ်လွန်းလို့ ဝမ်ရိပေါ်ကိုဆေးရုံတစ်ခုလုံး ဘယ်သူမှမထိရဲဘူး။ ဒူးနားက လက်တစ်ဖဝါးစာလောက်ရှိတဲ့ ဖြဲရာကြီးက သွေးတွေနဲ့! အရက်ပြန်ကိုဘူးလိုက်လောင်းချပစ်လိုက်တယ်!
စောက်မြင်ကတ်လိုက်တာ!!!!!
ဝမ်ရိပေါ်ကတော့ တအားအားအော်ပြီး ရှောင်းကျန့်လက်တွေကို ဆုပ်ကိုင်ပစ်လိုက်တာပဲ!
သူနာနေတာကိုး!
...............
"ဘဲကြီး"
ရောက်လာတဲ့ message ကို ဖွင့်ဖတ်ပြီး ရှောင်းကျန့်စာမပြန်ဘူး။ အခုလေးတင်ပဲ ပြန်သွားတယ်။ အခုတင်ပဲ ဖုန်းနဲ့ message ပို့လာပြန်ပြီ။ ဘယ်အချိန်က ဖုန်းကိုနှိုက်ပြီး Block ဖြေသွားတယ်မသိဘူး။ စောင်သူခိုးကောင်!
Message received ဆိုတာမြင်တာနဲ့ ဝမ်ရိပေါ်ဖုန်းကောက်ဆက်ပစ်လိုက်တယ်။ နှစ်ခါတိတိ ကျပြီး သုံးခါမြောက်မှာ သူ့အညိုဆင်လေးရဲ့ အသံကိုကြားရတယ်။ ခပ်အေးအေးလေး။
"သောက်ခွေး!"
"ဟာဗျာ..."
"မအားဘူး အိပ်ချိန်ရောက်နေပြီအိပ်တော့! "
"တီ!"
အင်!
မည်းသွားတဲ့ screen ကို ကြည့်ပြီး ကြောင်အမ်းအမ်းဖြစ်သွားတယ်။ ဟား..... အသည်းအေးတဲ့ ဆရာဝန်လေးတော့မဟုတ်ဖူး။ ရှောင်းကျန့်က သူ့ကိုယ်သူ ဒူးရင်းသီးဆူးတွေနဲ့ ကာကွယ်ထားတာ။ ကိစ္စတော့မရှိပါဘူး။ ဝမ်ရိပေါ်က ဒူးရင်းသီးကြိုက်တယ်!
ပွင့်ပွင့်လင်းလင်း ဝန်ခံဖို့အဖြစ်ဟာ ဒီလောက်ပျော်စရာကောင်းမယ်မှန်းသိရင် စတွေ့ကတည်းက 'ခင်များကိုကြိုက်လို့ အကုန်လုံးနဲ့ ဝေးဝေးနေလိုက်'ဆိုပြီး ပြောပစ်ခဲ့တယ်။
......