"ခင်များမလာရင် အကုန်ရိုက်ခွဲမှာနော်"
ဝင်လာတဲ့ message ကိုကြည့်ပြီး ရှောင်းကျန့်ခေါင်းတွေကိုက်ကုန်တယ်။ ဘယ်လိုဟာလဲ! တစ်ဖက်လူက ဒီလောက်တောင် မလိုလားကြောင်းပြနေတာကို ဘယ်လိုတောင် မျက်နှာပြောင်တိုက်နေတာလဲ?
"သွားလိုက်! မနေ့တုန်းကလိုဖြစ်နေမယ်"
ယွီလန်က သူ့လက်ထဲက ဖုန်းကိုစောင်းကြည့်ပြီး ဆိုတယ်။ မနေ့တုန်းက..အင်း..မနေ့တုန်းကလည်း ဒီလိုပဲ! မနေ့ရဲ့ တစ်နေ့တုန်းကလဲ ဒီလိုပဲ။ ဝမ်ရိပေါ်ဆိုတဲ့ ကောင်က ရှောင်းကျန့်ကိုဘာဖြစ်စေချင်နေတာလဲ?
စိတ်ပျက်လက်ပျက်နဲ့အောက်ထပ်ကိုဆင်းလာတယ်။ reception ကောင်တာမှာ ရှောင်းကျန့်ရဲ့ ကျက်သရေတုံးက ခြေနှစ်ဖက်တွဲလောင်းချပြီးတက်ထိုင်နေတယ်။ ပါးစောင်က ပီကေက ထုံးစံအတိုင်း တဖောက်ဖောက်နဲ့။ နပ်စ်မလေးတွေကို ငဲ့ကြည့်ပြီး.အထာကပေးနေသေး။ အဲ့ဒါတွေကို စိတ်ပျက်တာပဲ! စည်းမရှိ ကမ်းမရှိ အရှက်မရှိ သောက်ကျင့်တစ်စက်မှမကောင်း!
"Ho...~ လာပြီပဲ"
"...."
"သွားစရာရှိတယ်။ ခင်များကိုခေါ်ဖို့စိတ်ကူးပေါက်လာလို့"
"မအားဘူး"
"အားတယ်တဲ့! ဆေးရုံအုပ်ကပြောတယ်"
သောက်အဖိုးကြီး!!!
"ကျန့်ကျန့်!"
ရုတ်တရက်ပဲ သူ့ဂျူတီကုတ်ကို လက်သေးသေးလေးတစ်ဖက်ကလာဆွဲတယ်။
"အယ်...မေလင်းလေး"
လက်ကနဲ ဖြစ်သွားတဲ့အပြုံးတွေနောက် ဝမ်ရိပေါ် ငေးကနဲပါသွားတယ်။
ရှောင်းကျန့် ဒူးထောက်ထိုင်ချလိုက်တော့ ကလေးမလေးနဲ့ အရပ်ညီသွားတယ်။ ရှောင်းကျန့်ပါးလေးတွေကို.ကိုင်ပြီး ကလေးမလေးကပြုံးတယ်။
"ကျန့်ကျန့်ကိုမျှော်နေတာ"
"ညနေမှလာမလို့! ပေါင်မုန့်စားမယ်မလား!ဝယ်ခဲ့မယ်နော်"
"အွန်း! နှစ်ခုနော်"
"ဆယ်ခုလည်းရတယ်။ စားပိုးနင့်အောင်စားဖို့ ဒီက အစ်ကိုချောက ကိုယ်တိုင်ဝယ်ပေးလိုက်မယ်။ အခုတော့ မင်းဆရာဝန်ကို ငါခဏ ငှါးမယ်"
ရိပေါ်က ရှောင်းကျန့်ကို ဆွဲမတိုင်းလက်မောင်းကနေချည်းပဲ။ ပြီးတော့ ဘယ်တော့မှ အားကိုမလျော့ဘူး။
ရှောင်းကျန့်ရိပေါ်ကိုမကြိုက်တာ အဲ့တာတွေပဲ။ ဘယ်နေရာမှာမဆို ပိုင်စိုးပိုင်နင်း သိပ်ဆန်လွန်းတယ်။
......
ကလေးမပေါက်စဆီကနေ သူ့ကိုလှည့်ကြည့်လာတဲ့မျက်ဝန်းတွေက ထုံးစံအတိုင်းပဲ ကျေနပ်မှုရှိမနေမှန်းသိသာတယ်။
Sorry ပဲ! စိတ်ထဲက မပါတာတွေကို ပတ်ချွဲနှပ်ချွဲလုပ်ပြတတ်တာ ဝမ်ရိပေါ်ပုံစံမဟုတ်ဖူး။
.......
သူ ဒီကိုမလာချင်ဘူး။ ခြေချလိုက်တာနဲ့ စိုးရွံမှုက ကျောရိုးထဲအထိစိမ့်လာတယ်။ ဘဝမှာ ပထမဆုံး မျက်လုံးတွေအောက် နင်းချေခံခဲ့ရတဲ့နေရာ။ ဘာမှမတုံ့ပြန်နိုင်ခဲ့တဲ့နေရာ။ မိဘမဲ့တစ်ယောက်ဖြစ်ခဲ့တဲ့ရှောင်းကျန့်က ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ ကိုယ့်ဘဝကိုယ် ကောင်းကောင်းမွန်မွန်ပဲ ကျောင်းနိုင်ခဲ့တယ်။ ရှောင်းကျန့်ရဲ့ ပုံစံနဲ့ လုပ်ပုံကိုင်ပုံတွေ၊ အကျင့်စာရိတ္တရယ်ကြောင့် ရှောင်းကျန့် ကျင်လည်ခဲ့ရတဲ့ ဘယ်နေရာမျိုးမှာမှ ရှောင်းကျန့်ကို အထင်မသေးခဲ့ကြဘူး။ မချီးကျူးကြတောင် မနှိမ်ချခဲ့ကြဘူး။ ပြီးတော့..အစော်ကားမခံခဲ့ရဖူးဘူး။ အဲ့ဒီညတုန်းကလို!
.......
ဆိုင်ကယ်သံတွေညံနေတဲ့ ပြိုင်ကွင်း။
တကယ်ပဲ ဝမ်ရိပေါ်ကဘာဖြစ်ချင်တာလဲ?
........
"တစ်ယောက်တည်းပျင်းလို့! ဦးထုပ်ဆောင်းပေးဖို့ လူလိုတယ်လေ"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ဆိုင်ကယ်ဦးထုပ်လှမ်းပေးတယ်။
"မင်းရဲ့ ရှယ်လီကရော?"
"သူမအားဘူး"
အော်..အေးအေး..အဲ့တော့ တအား အားယားနေတဲ့ငါ့ကို မင်းဆိုင်ကယ်ဦးထုပ်ကလေး ဆောင်းပေးဖို့ရာ ဒီအထိခေါ်လာတယ်ပေါ့!
"ငါနောက်တစ်ခေါက် ဒီကိုမလာချင်ဘူး။ "
"အဲ့ဒါက ကျုပ်ဆန္ဒ"
"သွားတော့"
ရိပေါ်ကိုမျက်နှာလွဲသွားပြန်ပြီ။ ရီလိုက်မိပေမဲ့ နာတယ်။
......
"ဒါလေးက ဝမ်ရိပေါ်ရဲ့ အသစ်ကလေးပေါ့"
တဟီးဟီးတဟားဟားစောင်းမြောင်းသံတွေကို လျစ်လျူရှုနိုင်သမျှရှုနေပေမဲ့ ရှောင်းကျန့်စိတ်ထဲမှာစိုးတထိတ်ထိတ်နဲ့!
"အဲ့ဒီညက ဘာဖြစ်သွားလဲ! ကြိုးတွေနဲ့တောင်ချည်ပြီးတုပ်ပြီးဆိုတော့!"
အနားကပ်လာတဲ့သူတွေကို မလာနဲ့! လို့အော်ပစ်ချင်ပေမဲ့ အသံကလည်ချောင်းထဲမှာတင်ပျောက်နေတယ်။ အချင်းချင်းဆုပ်ထားတဲ့ လက်ဖဝါးတွေက ချွေးစေးတွေနဲ့။
"ဝမ်ရိပေါ်နဲ့ အိပ်ဖူးတဲ့ မိန်းကလေးတိုင်းကပြောတယ်။ ဒီကောင်ဆရာကြီးပဲတဲ့! ဟားဟား....ကျုပ်တို့ကလည်း ရိပေါ်လောက်တော့ မကောင်းပေမဲ့ ခင်များကို အဆင်ပြေအောင်လုပ်ပေးနိုင်ပါတယ်။ ဘယ်လိုလဲ..လိုက်မလား?"
ပုခုံးပေါ်လက်ဖျားနဲ့တို့တော့ ရှောင်းကျန့် မတ်တပ်ရပ်ပြီး ထရှောင်လိုက်တယ်။ ဘယ်လိုဟာတွေလဲ!
"Yo....မပြေးပါနဲ့...တကယ်ကောင်းတာလေးပေးမယ်လေ"
လေးယောက်လောက်က တစ်ယောက်တစ်ပေါက်နဲ့ ရှောင်းကျန့်နားမှာ စက်ဝိုင်းလိုဝိုင်းလာတာ။ ရှောင်ဖို့ပြင်ပေမဲ့ သူ့ရှေ့ကနေပိတ်ရပ်တယ်။
"ငါက အဲ့ဒီလိုလူမဟုတ်ဖူး"
"ဟား
ဒါဆို ဘယ်လိုလူလဲ..ကြိုက်တဲ့ဈေးသာ ပြောစမ်းပါ!"
ချီးပဲဝမ်ရိပေါ်!
ဘေးကလူတွေကလည်းပြုံးစစနဲ့ဝိုင်းကြည့်ကြတယ်။ ပြိုင်ကွင်းထဲက ကျက်သရေတုံးကတော့ ရှောင်းကျန့် အဖြစ်ကိုမြင်မှာမဟုတ်ဖူး။ ရီရတယ်။ ဒီအခြေအနေမှာ သူကဘာကိုမျှော်လင့်နေတာလဲ။
........
ပွဲကြည့်စင်ပေါ်က ရုတ်ရုတ်သဲသဲအခြေအနေတွေကို သူလှမ်းမြင်လိုက်ရတယ်။ တစ်ပတ်ပတ်တိုင်းမျက်လုံးက အဲ့ဒီနေရာကို ကြည့်မိနေတာမို့ တစ်ချက်တည်းနဲ့ တန်းကနဲပဲ။ ဘာဖြစ်နေတာလဲ? နောက်တစ်ခါအဖြတ်မှာ ရှောင်းကျန့်လက်ကို လှမ်းဆွဲတဲ့ လူ!
........
နှာခေါင်းတစ်ဝိုက်မှာ ရစ်သိုင်းလာတဲ့ ရှောင်းကျန့်ရင်းနှီးတဲ့အနံ့! အဲ့ဒါကမေ့ဆေးတွေပဲ။ ပြင်းလိုက်တာ! အမြင်ပါရုံတွေက ချက်ချင်းပဲ ဝါးကျသွားတယ်။ ရုတ်တရက်ပဲ သူ့လက်ဖျံထဲကို ဝင်လာတဲ့ အေးစက်စက် အရည်တွေကိုသတိထားမိတယ်။ ဆေးထိုးအပ်နဲ့ ထိုးသွင်းလိုက်တာ...။ မျက်လုံးတွေမပိတ်ခင် မှုန်ဝါးဝါးလူတစ်ယောက်က ရှောင်းကျန့်ဘေးက လူတွေနဲ့ ရုန်းရင်းဆံခတ်ဖြစ်နေတယ်။ဘာတွေလဲဆိုတာမစဉ်းစားနိုင်ခင်မှာပဲ ရှောင်းကျန့် သတိလစ်သွားခဲ့ပြီ။
.........
"မလုပ်နဲ့"
ခါးပတ်ခေါင်းကိုဆွဲချွတ်နေတဲ့ လက်တွေကို ရှောင်းကျပုတ်ချလိုက်တယ်။ သတိရရချင်းမှာပဲ ချက်ချင်း ပူလောင်ကြွတက်လာတဲ့ စိတ်တွေ! ဝမ်ရိပေါ်က သူ့အပေါ်မှာ သူ့အဝတ်တွေကိုဆွဲချွတ်နေတာ။ အခန်းကမှောင်နေပေမဲ့ ရိပေါ်မျက်နှာက အညိုအမဲတွေကိုတော့မြင်နေရသေးတယ်။
"မလုပ်လို့မရဘူး..သေသွားလိမ့်မယ်"
"ငါဖြေရှင်းမယ်။ ငါတတ်နိုင်တယ်။ မင်းကိုမလိုဘူး"
ရင်ဘတ်ကိုတွန်းလိုက်တဲ့ လက်တွေက အားလုံးဝမရှိတော့ပေမဲ့ ရှောင်းကျန့်လက်မလျော့နိုင်သေးဘူး။
သူ့ရင်ခွင်အောက်မှာ လူးလှိမ့်နေတဲ့ ရှောင်းကျန့်ကို ကြည့်ပြီးရိပေါ်ရူးတော့မလိုပဲ။ အတင်းကုန်းရုံးထပြီး သူ့ကိုတွန်းတယ်။ လက်တစ်ဖက်က ကုတင်ဘေး စားပွဲပေါ်က ရေတကောင်းကရားလေးဆီရောက်ပြီး ရှောင်းကျန့်က အဲ့ဒါကိုရိုက်ခွဲပစ်တယ်။
"ခင်ဗျား!"
လက်ဖျံက သွေးတွေက ဖြဲရာအတိုင်းတစ်စက်စက်စီးကျလာတာတောင် ရှောင်းကျန့်က အသားထဲနစ်ဝင်နေတဲ့ ရေတကောင်းကွဲစကိုဆွဲမထုတ်ဖူး။ သူလုတော့ အတင်းရုန်းကန်ပြီး 'ထွက်သွား' လို့အော်တယ်။
"ကျေနပ်ပြီလား......"
မဟုတ်ဖူးလို့ငြင်းပစ်ချင်ပေမဲ့ ရှောင်းကျန့်ရဲ့ ခပ်အက်အက်ရီသံတွေက သူ့ကိုလှောင်တယ်။
"ငါမလိုက်ချင်ပါဘူးလို့..ငြင်းခဲ့တာတောင်..."
သတိလစ်ပြီးပျော့ခွေသွားတဲ့ ရှောင်းကျန့်ကို ရိပေါ် အသာမလိုက်တယ်။ သွေးထွက်လွန်နေတဲ့ လက်ကောက်ဝတ်ကို သွေးရူးသွေးတန်းဖိဆုပ်ရင်း!
...............
ကုတင်အခင်းဟာခရမ်းရောင်မို့ ရှောင်းကျန့်ရဲ့တစ်ကိုယ်လုံးဟာ ချစ်စဖွယ်ဖြစ်နေတယ်။ စောင်ကိုရင်ဘတ်အထိဆွဲခြုံပေးပြီး လောလောလတ်လတ်စည်းပေးသွားတဲ့ ပတ်တီးကို ဖွဖွကလေးထိကြည့်မိတယ်။
ဘာ့ကြောင့်မလိုက်ချင်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကိုသူမမေးခဲ့မိဘူး။ မေးလည်းမမေးချင်ခဲ့ဘူး။ ဘာလို့ဆို ရှောင်းကျန့်ကိုသူအပြည့်အဝ ကာကွယ်နိုင်မယ်လို့ ယုံကြည်ခဲ့တာကြောင့်။ မာနတွေကိုတလွှာချင်းခွာမယ်လို့ကြွေးကြော်ခဲ့တယ်။ ရှောင်းကျန့်က အေးချမ်းနေတုန်းပဲ။ ရိပေါ်ကို ဘယ်တုန်းကမှစိတ်ထဲမထည့်ခဲ့တဲ့ ရှောင်းကျန့်က ရိပေါ်ပေးသမျှ စိတ်ပျက်စရာတွေကို သာသာကလေးပဲ ကျော်ဖြတ်ခဲ့တယ်။
နောက်ဆုံးအချိန်အထိတောင် ရှောင်းကျန့်က သူ့ကို လစ်လျုရှုခဲ့ပြီးသား။
........
A.N
စိတ်ဖိစီးမှု နည်းနည်းကလေးများနေလို့ပါ။