"အိပ်ချင်လိုက်တာ........"
ခေါက်ဆွဲဘူးကို ရေနွေးမရှိလို့ အခြောက်အတိုင်း နှိုက်စားနေတဲ့ ရှောင်းကျန့်ရှေ့ ယွီလန်က ခေါင်းချအိပ်ပြီး ညီးနေတယ်။ အခြေအနေတွေအားလုံး ထိန်းသိမ်းပြီးတော့ ရှစ်နာရီခွဲနေပြီ။ ယွီလန်ခေါင်းထောင်ပြီး ရှောင်းကျန့်ကို မော့ကြည့်လိုက်တယ်။
မျက်မှန်ခပ်ပါးပါးအောက် မျက်ဝန်းတွေက အိပ်ချင်မူးတူးပုံစံဖြစ်နေပေမဲ့ ခပ်စူးစူးပဲ။ အကြင်နာရိပ်တွေက သမ်းနေသေးတယ်။ ဘယ်လိုနေနေ ကြည့်လိုက်တိုင်း အေးချမ်းနေရောပဲ။
"ဟို.....စီ..စီနီယာ...ကျွန်တော်က ပေထျန်း ပါ။ မနေ့တုန်းကစပြီး အလုပ်သင်စဝင်ပါတယ်"
ပူပူနွေးနွေးခေါက်ဆွဲဗူးက အငွေ့တစ်ထောင်းထောင်းနဲ့။ သူမကိုကမ်းတာမဟုတ်တာလေးတစ်ခုပဲ။ အဲ့ဒါက ရှောင်းကျန့်ရှေ့ကိုထိုးပေးနေတာ။ အနံ့ကမွှေးလွန်းလို့ သူမဆွဲယူမလို့ ပြင်တုန်း ရှောင်းကျန့်က အဲ့ဒီဗူးကို ကောင်လေးဘက်ပြန်ထိုးပေးတယ်။
"ပင်ပန်းနေမှာပဲ။ အစာကိုဝအောင်စားပြီး အားမွေးထား"
မှိုရတဲ့မျက်နှာနဲ့ ထိုကလေးက ပြန်သွားတယ်။ အဲ့ဒါပဲ မနက်ခင်းရဲ့ နေရောင်ခြည်လေး ရှောင်းရှောင်းကျန့်! ပြုံးပြလိုက်ရင်တောက်ပလွန်းလို့နှင်းခဲတွေတောင် အရည်ပျော်သွားမလားမှတ်ရ! အလုပ်သင်ကလေးတွေက ရှောင်းကျန့်ကို သိပ်ခင်တွယ်ကြတယ်။ အမှန်တော့သူတိူ့ချည်းပဲမဟုတ်ပါဘူး။ ရှောင်းကျန့်နဲ့ ဆက်ဆံဖူးလိုက်တဲ့လူတိုင်းဟာ ရှောင်းကျန့် ကိုခင်တွယ်သွားကြတာချည်းပဲ။ သံလိုက်ဓာတ်ရှိနေတဲ့ ယောကျာ်းကလေး!
"အားယိုး...စိတ်ထားကောင်းလိုက်တဲ့ဆရာဝန်ကြီး!"
ခေါက်ဆွဲခြောက်တွေကို တဂျွမ်းဂျွမ်းဝါးနေရင်း ရှောင်းကျန့်က ရယ်တယ်။ အဲ့ဒီနေ့ရက်တွေတုန်းက ရှောင်းကျန့်ကိုယ်တိုင်လည်း တအားပင်ပန်းခဲ့တယ်။ စိတ်ရောလူပါ မသက်သာခဲ့တဲ့ အလုပ်သင်ကာလ! ဒါကြောင့် သူ့အလှည့်မှာ တတ်နိုင်သမျှကလေးတွေကို ဖိဖော့ပြီးဆက်ဆံပေးတယ်။ သူ့ကိုရှိန်ကြသလို ချစ်လည်းချစ်ကြတာ သိပေမဲ့ ဘယ်သူ့ကိုမှတော့ အရောတဝင်မနေမိဘူး။
ယွီလန်က ရှောင်းကျန့်ရဲ့အတွေးတွေကိုသိတယ်။ မိဘမဲ့ ဘဝကနေ နှစ်ယောက်သား အတူတူရုန်းကန်ခဲ့ရတာချင်းတူလို့ တစ်ယောက် ဘဝကိုတစ်ယောက်နားလည်တယ်။ ရှောင်းကျန့်ဟာ ယွီလန်အတွက်တော့ ချစ်စရာခင်စရာ မောင်ငယ်လေးတစ်ယောက်လိုပဲ။
အင်း..ဒီလိုပေါ့! လပိုင်းကလေးပဲ ကြီးပေမဲ့ ယွီလန်က သိပ်အကြီးဖြစ်ချင်တာကိုး!
.....
"Ho....~...အချိန်မှန်တဲ့လေနှင်တံကြီးရောက်လာပြန်ပြီ"
သူမတို့ထိုင်နေတာက အောက်ဆုံးထပ်အရေးပေါ်ဌာနမို့ မှန်တွေချည်းကာထားတဲ့ အပြင်ဘက်ကိုလှမ်းမြင်နေတယ်။ နာစ်မလေးက နောက်တယ်။ ယွီလန် စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်လာရော!
အရှေ့က လူက ဆိုင်ကယ်တစ်စီးနဲ့။ သူမကကြည့်နေတာမြင်တော့ ရယ်ပြပြီးလက်လှမ်းပြတယ်။
ဘယ်နေရာကကြည့်ကြည့် ယဉ်ကျေးမှုရှိမနေတဲ့ပုံစံက အဲ့ဒီတစ်အုပ်စုလုံးပဲ။ အနက်ရောင် ကို ရည်းစားရူးသလိုရူးနေတဲ့ အဖွဲ့လားပဲ။ မြင်လိုက်ရင် ဆိုင်ကယ်ရောလူပါအမည်းတောကမထွက်တဲ့ အဖွဲ့!
ပြီးခဲ့တဲ့ တစ်ပတ်မှာ အဲ့ဒီကောင်လေးက ဒဏ်ရာတွေပရဗွနဲ့ ဆေးရုံကိုရောက်လာတာ။ ပုံမှန်ဆို ရှောင်းကျန့်က ယောကျာ်းလေးလူနာတွေကိုကြည့်ပေးပေမဲ့ အဲ့ဒီနေ့က ရှောင်းကျန့်ခွင့်ယူသွားတာ။ သူနေခဲ့တဲ့မိဘမဲ့ဂေဟာမှာ ရှောင်းကျန့်က တစ်ပတ်တိတိ နှစ်တိုင်း လုပ်အားပေးတယ်။ ဆေးရုံကလဲ ဒါကိုခွင့်ပြုထားတာမို့ အဲ့ဒီတုန်းက ဒီကောင်လေးကို သူမတာဝန်ယူခဲ့ရတာ။ ရိုင်းစိုင်းဆိုးသွမ်းနေတဲ့ ကောင်လေးတွေကို သူမတကယ်သဘောမကျဘူး။
အတူပါလာတဲ့ သူ့အဖော်ကောင်လေးဆိုပိုဆိုးတယ်။ မျက်ခုံးကွဲနေတာကို ကိုယ့်ဘာသာဆေးထည့်ဆေးစည်းပြီး မျက်ထောင့်နီနဲ့က ကြည့်နေသေးတယ်။ အလဲလဲအကွဲကွဲ ဖြစ်နေတာကို ဆေးရုံအထိ သူ့သူငယ်ချင်းကို ပုခုံးပေါ်ထမ်းလာတဲ့ အဲ့ဒီဂျစ်တူးတူး ကောင်လေးနာမည်က ဝမ်ရိပေါ်! ဘီလုံးငှက် လေရစ်သလိုရစ်နေတဲ့ သွားဖြဲနဲ့ သူမကိုကြောင်နေတဲ့ ကောင်က ကျန့်ခိုင်!
မျက်နှာပိုးကတစ်ချက်မှမကျိုး။ စတွေ့ကတည်းက 'အစ်မကသိပ်လှတယ်' ဆိုတာအရင်ထွက်ခဲ့တာ။ ပြီးလည်းပြီးရော အဲ့နေ့ကစလို့ အချိန်မှန် ဆေးရုံရှေ့ ငုတ်တုတ်လာထိုင်တော့တာပဲ!
ဆေးရုံရှေ့မှာ မဖွယ်မရာတွေမြင်နေရတယ်။ ကျန့်ခိုင်ဘေးကအဲ့ဒီအရိုင်းအစိုင်းလေးက နိုင်ငံခြားသူလို့ထင်ရတဲ့ ကောင်မလေးကို ပွတ်သပ်နေတာ! ခေါင်းထဲမီးတွေပွင့်သွားသလိုပဲ! ခြေလှမ်းပြင်နေတုန်းမှာပဲ သူမကို ကျော်တက်သွားတဲ့ လူ။
အီးယား....ရှောင်းရှောင်းကျန့်!"
......
ရိပေါ်သူ့ရှေ့ကလူကိုပေစောင်းစောင်းကြည့်လိုက်တယ်။ ဝါးလက်စပီကေက တဖောက်ဖောက်! ရုတ်တရက်ပဲထပြုံးလိုက်တဲ့ လူကို ရိပေါ်သိပ်နားမလည်ဘူး။
"ဒီနေရာကဘာလဲသိလား"
"ဆေးရုံလေ"
ကျန့်ခိုင်ကထဖြေတယ်။
"အင်း..ဟိုတယ်နဲ့ မှားနေတယ်ထင်လို့။ ဦးလေး လုံပေါ်"
ဆေးရုံရဲ့ security ခေါင်းဆောင်က ရှောင်းကျန့်ဘေးနာကိုရောက်လာတယ်။
"သူတို့က ဟိုတယ်သွားတဲ့လမ်းကိုမသိဘူးထင်တယ်။ ဦးလေး လုံပေါ်က လမ်းပြလိုက်!"
နိုင်ငံခြားသူလေးရဲ့ဗိုက်သားပေါ်ကလက်တွေကိုခပ်စိုက်စိုက်ကြည့်ပြီး ရှောင်းကျန့်ကဆိုတယ်။
ရိပေါ်ရယ်ချပစ်လိုက်တယ်။
"ဟား...
..ဟေး..ဘဲကြီး!"
ပါးစောင်တစ်ဖက်တလှုပ်လှုပ်နဲ့ အသက်တောင်ပြည့်သေးပုံမပေါ်တဲ့ ကလေးသာသာကောင်လေး!
"ရိုင်းစိုင်းတယ်!"
"ဟက်...စကားကြီးစကားကျယ်တွေ!.ခင်းများခဏဖယ်! ...ဟေး..ဟိုအစ်မ..ကျုပ်သူငယ်ချင်းက ခင်များကိုကြိုက်နေတာ။ ဒီလူကိုကြိုက်တာမဟုတ်ဖူး။ အဲ့အပေါက်ဝမှာရပ်မနေပဲ ခဏလောက်အပြင်ထွက်ခဲ့စမ်းပါ"
"မင်း!"
ရှောင်းကျန့်ခြေထောက်တွေရှေ့တိုးတော့ သူကိုင်တာခံနေတဲ့ကောင်မလေးကရှေ့က ကာရပ်တယ်။
"ရှင်က..ရိပေါ်ကိုထိစရာမလိုဘူးနော်"
"ရှောင်းကျန့်! "
ယွီလန် ရှောင်းကျန့်လက်ကို ကိုင်ပြီးနောက်ပြန်ဆွဲတော့ နတ်ဆိုးကလေးက ကြည့်ပြီး ခပ်ဆဆမဲ့ရယ်တယ်။ မပီမပြင်အဲ့ဒီရယ်သံကြီးက နားကလောလိုက်တာ!
"မင်းပြန်လိုက်တော့"
"Yes Sir!..မနက်ဖြန်မှပြန်လာမယ်နော်!"
ကျန့်ခိုင်ကတက်တက်ကြွကြွပဲဆိုပြီး ဆိုင်ကယ်ကိုတက်ခွတယ်။
လီဗာကိုခပ်ပြင်းပြင်းပုတ်တယ်။ ကောင်မလေးက ရိပေါ်ဆိုတဲ့ ကောင်လေးရဲ့ဆိုင်ကယ်နောက်မှာ ကြွားကြွားရွားရွားကလေးတက်ထိုင်တယ်!
"..ဘဲကြီး.."
နောက်ပြန်လည်လာတဲ့မျက်နှာ!
".အဲ့အမက ကျုပ်သူငယ်ချင်းဟာ..နည်းနည်းလောက်ခွာရပ်ပေး!"
ဝါးနေတဲ့ပီကေကို ဖြတ်ကနဲထွေးချပြီး ဟက်ကနဲတစ်ချက်ရယ်ကာ ခပ်ကျယ်ကျယ်ဆိုင်ကယ်သံနဲ့ မောင်းထွက်သွားတယ်!
ရှောင်းကျန့်ဘဝမှာ ပထမဆုံး မခံမရပ်နိုင်အောင် ဒေါသထွက်ခဲ့ရတဲ့နေ့ပဲ!
....