"Jungkook!"
အိပ်ခန်းဆီကအော်သံကြောင့် လှီးလက်စသစ်သီးနဲ့ဓားကိုပစ်ချလိုက်ပြီး ဘာများဖြစ်သလဲဆိုသည့်အတွေးဖြင့် တက်သုတ်ရိုက်ပြေးသွားလိုက်သည်။
"ဘာလို့လဲ ဘာဖြစ်လို့လဲ"
အခန်းထဲဝင်ဝင်ချင်းမှာပဲ ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာရပ်နေတဲ့လုံးလုံးလေးကို ဘေးမသီရန်မခဘဲ တွေ့လိုက်မှ စိတ်ကအေးသွားရသည်။
"ဘာဖြစ်လို့လဲ"
"အီးဟီးဟီး"
ရုတ်တရက်ကြီးငိုချလိုက်တာမို့ Jungkookပြူးပြူးပြာပြာ ဖြစ်သွားရသည်။ ချက်ချင်းဆိုသလို ထိုomegaလုံးလေးနားရောက်သွားကာ ဘာလုပ်လို့ဘာကိုင်ရမလဲမသိတော့။
"ဘာဖြစ်တာလဲပြောလေ ဗိုက်နာလို့လား တခုခုနဲ့ခိုက်မိထားလို့လား"
"မဟုတ်ဘူး အီးဟီးဟီး"
မျောက်မီးခဲဖင်ခုထိုင်ထားရသလို ဆိုတဲ့စကားပုံက ယခုအချိန်သူနှင့်အလိုက်ဖက်ဆုံးပင်။
"ပြောလေ ပြောမှသိမှာပေါ့ နေမကောင်းလို့လား ဗိုက်ဆာလို့လား ရှူးပေါက်မလား အပြင်ထွက်ချင်လို့လား "
"မဟုတ်ဘူး ဟိုမှာကြည့်ဦး"
မှန်ကိုလက်ညှိုးနဲ့ထိုးပြနေတာမို့ Jungkookခမျာယောင်နနနဲ့လိုက်ကြည့်မိသည်။ ဘာလဲ မှန်မှာ အကောင်တစ်ကောင်ကောင်များ ကပ်နေလို့လား။ ဘာမှလဲမရှိပါဘူး။
"ဘာဖြစ်လို့လဲ"
"သေချာကြည့်လေ"
"အင်းလေ ကြည့်နေတာပဲ"
Jungkook ဖင်ပြန်ခေါင်းပြန် မှန်ကိုကြည့်ပေမဲ့ သူ့မျက်လုံးထဲသူတို့ပုံကလွဲပြီး ဘာမှရှိမနေ။ သရဲခြောက်လို့များလား မဖြစ်နိုင်တာတွေ။
"ဒီမှာ ဒီမှာကြည့် ငါ ပိုဝနေပြီလို့"
မှန်ကိုတတောက်တောက်ခေါက်ပြီး ပြောပြနေတဲ့ ထိုမက်မွန်လုံးလေးရဲ့ စကားအဆုံးမှာတော့ Jungkookနံဘေးမှ ကျီးကန်းတွေတအအနဲ့ ဖြတ်ပျံသွားလေသည်။
"PARK JIMIN!!"
"ဘာလဲ"
တကယ်ကိုဆွဲဆောင့်ချင်စရာလေးပင်။ သူ့မှာတော့ စိုးရိမ်လိုက်ရတာ စိတ်ပူလိုက်ရတာ။ ထိုကောင်လေးကတော့ မြင်တဲ့အတိုင်း ပေါက်တိပေါက်ရှာအကြောင်းပြချက်တွေနဲ့ လူကိုအရူးလုပ်နေသည်။
"ကိုယ်ဝန်ဆောင်ရင် ဒီလိုဖြစ်မှာပဲလေ"
"ဒါပေမဲ့ Jungkookက ငါဝလာလို့ဂရုမစိုက်တော့ရင် ဘယ်လိုလုပ်မလဲ"
ဆက်ပြီးဆူငေါက်ရန်ပြင်နေတဲ့ Jungkookအတွေးတွေအကုန်လုံး နှုတ်ခမ်းဖျားမှာပင် ပျောက်ဆုံးသွားသည်။ အာ သေတော့မှာပဲ ဒီလုံးလုံးလေးနဲ့တော့ ငါအရင်သေမှာပဲ။
"ဟင် လို့"
ကြာတော့ Jungkook မျက်ဖြူစိုက်ချင်လာပြီ။ ဒီလိုပဲ ကိုယ်ဝန်ဆောင်တဲ့သူမှန်သမျှက အကြောင်းအရာပိစိလေးတွေနဲ့လည်း ငိုတတ်ကြတာပဲလား။ အကုန်လုံးက နေ့ရက်တိုင်း သူ့ကိုအနားမရအောင်လုပ်တတ်တဲ့ Park Jiminလိုမျိုး ဆိုးကြတာပဲလား။
"မဝပါဘူး ပိုတောင်ကြည့်ကောင်းသေးတယ်"
"တကယ်လား"
"တကယ်"
အောင်မလေး ရုပ်ကချက်ချင်းကိုပြောင်းသွားတာပါလား။ ပြချင်လိုက်တာနော် ပြချင်လိုက်တာ။ စောစောက ငိုယိုနေတာ သူမဟုတ်တဲ့အတိုင်းပဲ ပြုံးလို့ပျော်လို့။
"ဒါတွေကရော ဘာတွေလဲ"
ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့အဝတ်အစားတွေ။ Jungkook တစ်ထည်ချင်းလိုက်ကောက်ရင်းက အသက်တိုရပြန်သည်။
"ငါ့အင်္ကျီတွေကမတော်ချင်တော့ဘူး Jungkookဟာပဲဝတ်မယ်နော်"
ခွင့်တောင်းတာကနောက်မှ လောလောဆယ် သူကောက်စွပ်ထားတာကိုက Jungkookရဲ့ခပ်ကြီးကြီးအင်္ကျီကြီးနဲ့ဘောင်းဘီကြီး။ ထိုမက်မွန်လုံးပါလာတဲ့အဝတ်တွေက ပြောသလောက် အရမ်းသေးနေတာလည်းမဟုတ်ပါဘဲ သူ့ရဲ့မတော်တရော်ကြီးတွေ ကောက်ကောက်ဝတ်နေတာ ဘယ်လိုမှတားမရပြုမရ။
ခုတော့ ဖွထားသမျှအဝတ်တွေအကုန် သူကပဲလိုက်ကောက်နေရပြီမလား။ ဒီတစ်ယောက်နဲ့ကျမှ သူ့အစွယ်တွေလည်းကျိုး မလုပ်ဖူးတာတွေလည်းလုပ်နေရသည်။ အကျိုးမပေးတဲ့ အဆိုးအသွမ်းလေး။
အဝတ်တွေကောက်သွားပြီးလို့ အပြင်ပြန်ထွက်ရန်ပြင်တုန်းရှိသေးသည်။ ဘယ်ချိန်ကယူထားမှန်းမသိတဲ့ ကားသော့ကို သူ့လက်ထဲလာထည့်ပြန်သည်။
"ဘာဖြစ်ချင်ပြန်ပြီလဲ"
"မုန့်သွားစားမယ်လေ"
"ဟင် စောနကပဲ ပန်းသီးစားချင်တယ်ဆိုလို့ လှီးထား..."
"မစားချင်တော့ဘူး"
Jungkookစကားပင် ဆုံးအောင်မပြောလိုက်ရ။ မြင်တယ်နော် ခင်ဗျားလေးတို့ရဲ့မက်မွန်လုံးက ဘယ်လောက်တောင် ဆိုးလဲဆိုတာကို။
"ဖြစ်သွားပြန်ပြီလား"
"အင်း ကိတ်မုန့်စားချင်တာ"
"အိမ်မှာလည်းရှိတယ်လေ"
"ဆိုင်မှာပဲစားချင်တာလို့"
လိုချင်တာလုပ်ချင်တာရှိလာရင် နှာခေါင်းလေးကိုရှုံ့ပြီးပြောတတ်တာမို့ ထိုအပြုအမူလေးကိုလည်း ကိုယ်တိုင်ကသဘောကျချင်ချင်မို့ Jungkook မငြင်းမိတော့။
"သဘော ဒါပေမဲ့ နေဦး"
"ဘာလို့လဲ"
"ဒီပုံစံနဲ့လမ်းလျှောက်ရင် မှောက်လဲကုန်မှာပေါ့"
ထိုကောင်လေးယူဝတ်ထားသည့် ကြမ်းပြင်ပေါ်ပုံကျနေတဲ့ ဘောင်းဘီစကို ခေါက်တင်ပေးဖို့ Jungkookထိုင်ချလိုက်သည်။ တကယ်ပဲ ကကြီးကနေအ အထိ သူပဲအကုန်လုပ်ပေးနေရမှာလား။
"ကျေးဇူး ဟီး"
ပြုံစိစိနဲ့ထိုမျက်နှာလေးကို အမြင်ကတ်သည့်အနေဖြင့်နဖူးကိုခပ်ဖွဖွတောက်လိုက်သည်။ ထို့အတူ နောက်ဆက်တွဲအနေနဲ့ အနမ်းတစ်ပွင့် ပေးလိုက်တာကိုတော့ တခြားလူတွေမသိစေချင်လိုပါ။
OGCC
"စားတာလည်းမဟုတ်ဘဲနဲ့"
"စားမှာပါဆို"
ရေခဲသေတ္တာပင် မဆံ့လောက်အောင် စားစရာတွေပြည့်နေပြီးသားကို ခုလည်းMallထဲကတွေ့သမျှ စားစရာတွေအကုန် ထိုးထည့်နေပြန်ပါပြီ။ တားမရလည်း ကြိုက်သလိုသာလုပ်။
"ဘာလို့လဲ"
အနားကပ်လာတဲ့ omegaကြောင့် ခပ်လန့်လန့်ပင်။
"ဘာလို့ လိုက်ကြည့်နေတာလဲ"
"ဘယ်ဟာလဲ ဘာကိုလဲ"
အနီးကပ်လေဆာတွေလွှတ်နေတဲ့ Jiminကြောင့် Jungkook ကြောင်အအဖြစ်သွားရသည်။
"ကောင်မလေးတွေကို လိုက်ငေးနေတာလေ"
ဘုရားစူး ဒီမက်မွန်လုံးဘာတွေပြောနေမှန်း Jungkookမသိ။ ဘယ်မှာလဲ ဘယ်တုန်းက သူကြည့်မိလိုက်တာလဲ။ နောက်ပြီး ဘယ်ကကောင်မလေးလဲ။
"ဘာတွေပြောနေတာလဲ ဘယ်ကကောင်မလေးလဲ"
သူထိုသို့မေးလိုက်တော့ Jiminက လက်မထောင်လိုက်ပြီး သူတို့ရဲ့အနောက်ဘက်ကို ထိုလက်မနဲ့ညွှန်ပြလေသည်။ ထိုအခါမှ Jungkook ယောင်နနနဲ့ လှည့်ကြည့်လိုက်မိသည်။
သူသူငါငါနည်းတူ စျေးဝယ်နေတဲ့အမျိုးသမီးနှစ်ယောက်က သူတို့ချင်းတွတ်ထိုးကာ ရယ်မောရင်း စျေးဝယ်နေကြပုံပင်။ Jungkook မျက်မှောင်ကြုတ်ကာ ဘယ်တုန်းကကြည့်မိလဲဆိုတာ တွေးနေမိသည်။
"ဘုန်း"
"အ! ဘာလဲ ဘာဖြစ်ပြန်တာလဲ"
"ဘာကိစ္စကြည့်နေပြန်တာလဲ"
"မင်းပြလို့ကြည့်တာလေ"
"ပြတိုင်း ကြည့်စရာလား"
ကြိတ်ကြိတ်ကြိတ်ကြိတ်နဲ့ စကားများနေကြတဲ့သူတို့နှစ်ဦးကို စောနကအမျိုးသမီးနှစ်ဦးက ထူးဆန်းသလိုကြည့်ကာ လှည့်ထွက်သွားကြသည်။ ခုမှပဲ အသက်ရှူချောင်တော့တယ်။
"ကြည့်နေပြန်ပြီလား!"
"ငါ့မှာ နောက်မျက်စိပါတယ်များထင်နေလား မင်းပြမှသိတဲ့ငါက ဘယ်ကဘယ်လိုသွားကြည့်ရမှာလဲ"
"ဟင်းဟင်းဟင်း"
ကွေကာထုပ်ကြီးက မျက်နှာနားတဝဲဝဲနဲ့မို့ Jungkookငြိမ်လိုက်ရသည်။ အခန့်မသင့်လို့ ရှိသမျှဆွဲပြီး ကောက်ထုနေရင် သူပဲနာမှာ။ ကိုယ်ကသာမလုပ်ရက်တာ ထိုomegaကတော့ သူ့ကိုဆို တစ်ခုမဟုတ်တစ်ခုအပြစ်ရှာပြီး တဖုန်းဖုန်းရိုက် နှိပ်စက်လိုက်ရမှ။ အဲ့လို အဲ့လို သနားစရာ သူ့ဘဝပါ။
"Jungkook"
"ဟာ Hyung ထပ်တွေ့ပြန်ပြီ"
"စျေးဝယ်ထွက်လာတာလား"
"ဟုတ်တယ် Hyungရောပဲလား"
လူမှုရေးအရ ထိုHyungဆိုသည့်လူအား Jiminပြုံးပြလိုက်သည်။ ကြည့်ရတာ ထိုလူနဲ့Jungkookက အတော်လေးရင်းနှီးကြပုံ။
"အိမ်လာပါဦးကွ"
"မအားသေးလို့ပါဗျာ နှုတ်ဆက်တယ်လို့ပြောပေးဦး"
"မေမေက ဒီရက်ပိုင်း မင်းကိုမေးနေတာ အဆင်ပြေကြောင်းပြောလိုက်ဦး"
"ဒီတစ်ပတ်ထဲ လာခဲ့လိုက်ပါမယ်"
ရင်းနှီးသူက Jungkookကလွဲပြီးမရှိတာမို့ ထိုစကားဝိုင်းက Jiminအတွက် ပျင်းရိစရာကောင်းလှသည်။ Jungkookက စောင့်ရတာကြာနေမလားဆိုတဲ့အကြည့်နဲ့ ခဏခဏစောင်းငဲ့ကြည့်နေတာမို့ သူ့ကိုအားနာနေတာမျိုး မဖြစ်ချင်။
ထို့ကြောင့် Jiminကပဲ ဦးအောင်ခွင့်တောင်းကာ တခြားစျေးတန်းတွေဘက်ကို ထွက်ခဲ့လိုက်သည်။ Jungkookကြည့်ရတာ သူ့ကိုသိပ်လွှတ်ချင်ပုံမပေါ်။ သို့ပေမဲ့ တဖက်ကလည်းအရင်းနှီးဆုံးဟုပင် ဆိုလောက်သည့်သူမျိုးမို့ အလောတကြီးစကားစဖြတ်ဖို့ကလည်း မဖြစ်သေးပြန်။
ခပ်ဖြေးဖြေးလျှောက်လာရင်းက သကြားလုံးလေးတွေကိုမြင်တော့ ခြေလှမ်းတွေကိုရပ်လိုက်မိသည်။ အတိတ်တုန်းက Jungkookဆိုတဲ့ မကောင်းဆိုးဝါးငယ်လေး အကြိုက်ဆုံးအရာများ။ ထိုသကြားလုံးများ။
မဲညစ်ညစ်သွားလေးများနဲ့ သူ့ကိုပြုံးပြခဲ့ဖူးတဲ့ Jungအသေးလေးကို မြင်ယောင်လိုက်မိသည်။ ဘာထူးလို့လဲ ဟိုးအရင်ကညစ်ပတ်အိုးလေးက ခုထိညစ်ပတ်တုန်းပါပဲ။
သကြားလုံးတစ်ထုပ်ကို တွန်းလှည်းထဲကောက်ထည့်လိုက်ပြီး နောက်ပြန်လှည့်ဖို့ပြင်လိုက်သည်။ လှည့်လှည့်ချင်း မျက်နှာချင်းဆိုင်တွေ့လိုက်ရတာက Chamin Hyungဆိုသူ။ သို့သော် Jungkookကပါမလာ။
"Jungkookကရော"
"Jungkookက ဖုန်းလာလို့သွားပြောနေတာ သူကမင်းကိုစိတ်မချလို့ ကြည့်ပေးပါဦးဆိုလို့"
"ရပါတယ် မလိုတာပဲ"
"Jungkookက ကိုယ်တို့နဲ့မိသားစုလိုနေတာလေ အားနာစရာမလိုပါဘူး Jungkookမိတ်ဆွေကလည်း ကိုယ့်မိတ်ဆွေပေါ့"
Jungkookရဲ့မိတ်ဆွေမဟုတ်ဘူး။ သူက Jungkookလုပ်ထားတဲ့အပူနဲ့ သူ့ယောကျာ်းလို့သာ ပြောပစ်လိုက်ချင်ပေမဲ့ လည်ချောင်းဝမှာပဲ ပြန်မြိုချလိုက်သည်။
"ဒါနဲ့ Jungkookနဲ့အတူနေတာကြာပြီလား"
ဒါက ဘယ်လိုမေးခွန်းကြီးလဲ။
"တမျိုးမထင်ပါနဲ့ ကိုယ်ဆိုလိုတာက အဲ့ကောင်လေးက ပျော်တတ်တဲ့ခြေရှုပ်လေးလေ ခုလိုဗြုန်းစားကြီးဖြစ်သွားတော့ သိချင်မိရုံပါ"
"ရပါတယ် နည်းနည်းတော့ ကြာပါပြီ"
ဆိုတော့ အခုကဒီလူက သူနဲ့အလ္လာပ သလ္လာပပြောဖို့စဥ်းစားနေတာလား။ စိတ်ကျဥ်းကျပ်လိုက်တာ။ အရေးအကြောင်းဆို Jungkookကလည်း ပေါ်ကိုမလာနိုင်ဘူး။
"ကိုယ်ယူပေးမယ်"
"ကျေးဇူး"
လက်လှမ်းမမှီတဲ့တန်းဖြစ်နေတာမို့ ထိုလူကဝင်ကူပေးသည်။ သို့ပေမဲ့ Jiminပိုပိုပြီး အနေရကျပ်လာသည်။ စိတ်ထဲမှ Jungkookမြန်မြန်ပြန်ရောက်လာဖို့သာ ဆုတောင်းနေမိတော့သည်။
"ဆောရီး Hyung နည်းနည်းကြာသွားတယ်"
"Jungkook"
Jungkookက သူရှိပြီဆိုသည့်သဘောနဲ့ ခေါင်းငြိမ့်ပြကာ သူ့ဘေးလာရပ်သည်။ ချက်ချင်းဆိုသလို Jiminရဲ့စိတ်ရောလူပါ လုံခြုံသွားလိုက်တာ။ ကျေးဇူးပါ Jungkook။
"သွားကြစို့"
"အင်း"
Hyungဆိုသည့်လူကို နှုတ်ဆက်ခဲ့လိုက်ပြီး နှစ်ယောက်သားMallထဲက ထွက်ခဲ့လိုက်သည်။ တစ်လမ်းလုံး Jiminကတိတ်ဆိတ်နေတာမို့ Jungkook စိတ်ပူရပြန်သည်။
"နေမကောင်းလို့လား ဘာဖြစ်လို့လဲ"
"မဟုတ်ပါဘူး ဒီတိုင်း"
သူအဆင်ပြေကြောင်း သေချာမှဘာမှဆက်မမေးတောတဲ့ Jungkook။ ဒါတောင် တစ်လမ်းလုံးသူ့ကို ငဲ့ကြည့်ငဲ့ကြည့်နဲ့ပင်။ ဂရုစိုက်ခံရလွန်းတဲ့ကလေးက ဆိုးသွမ်းတတ်တယ်တဲ့။ အခုလည်း Jungkookကြောင့် သူကအပေအတေလေးဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီ။
ညဘက်တွေ အချိန်မတော် သူစားချင်သမျှရအောင် ထွက်ဝယ်ပေးတတ်သူ။ သူ့ထက်ပင် ဆရာဝန်ပြောသမျှအကုန် နားထောင်ပြီး လိုက်လုပ်ပေးတတ်သူ။ တကယ်ကို ငါ့ရဲ့Alphaက အကောင်းဆုံးပဲ။
"Jungkook"
"ဘာလို့လဲ ဘာဖြစ်ပြန်တာလဲ ဘယ်နားကနာလို့လဲ"
ဝယ်လာသမျှအထုပ်အကုန်လုံးကို စင်ပေါ်ဖြစ်သလိုတင်လိုက်ပြီး အနားကိုကပျာကယာရောက်လာသူကြောင့် Jiminငိုချလိုက်မိသည်။
"အဲ့ဒါ Jungkookကြောင့် အီးဟီးဟီး"
အကုန်လုံး Jungkookကြောင့်။ Jungkookမရှိရင် မလုံခြုံတော့သလို။ Jungkookမရှိရင် တစ်ခုခုလစ်ဟာနေသလို။ Jungkookမရှိရင် သူဘာကိုမှ မရင်ဆိုင်ရဲသလို။
"ဆောရီးပါ ကိုယ်တောင်းပန်ပါတယ် မင်းကိုအဲ့လောက်ထိ ပစ်မထားသင့်ဘူး"
Jungkookကတော့ Mallမှာ သူပစ်ထားခဲ့သလိုဖြစ်သွားတာကြောင့် ငိုတာလို့ထင်ကာချော့နေသည်။ တကယ်တမ်း Jiminကတော့ သူ့ကိုအလိုလိုက် အကြိုက်လိုက်လျောလွန်းတတ်ကြောင့်ငိုနေခြင်းသာ။ ခုဆို Jungkookကချော့လေ Jiminကငိုလေပင်။
"မငိုနဲ့တော့ ပင်ပန်းတယ် ကလေးလေးလည်း မင်းငိုတာသိရင် ဝမ်းနည်းနေလိမ့်မယ်"
ငိုယိုကာမောပြီး အိပ်မောကျသွားတဲ့ကောင်လေးကို စောင်အသာလွှမ်းပေးလိုက်ပြီး Jungkook သက်ပြင်းချလိုက်သည်။ ဒီလိုစိတ်နုနေပုံမျိုးနဲ့ သူဘယ်လိုလုပ် ခရီးထွက်နိုင်မှာလဲ။
တချက်လန့်သွားကာ သူ့အင်္ကျီစကိုဆွဲကိုင်လာတဲ့ ကောင်လေးရဲ့လက်ကို ပြန်လည်ဖိညှစ်လိုက်ရင်း မနက်ဖြန်တွေကို Jungkook မည်သို့မည်ပုံစီစဥ်ရန် တွေးတောနေမိတော့သည်။
OGCC
"နောက်ဆုံးတော့ ရှာတွေ့ပြီ"
ဖုန်းထဲကဓာတ်ပုံအချို့ကို ရွေးယူလိုက်ပြီး ဖခင်ထံသို့ Hueningပို့လိုက်သည်။ သိပ်မကြာလိုက် တောင်ခနဲ အသံနဲ့အတူ မက်ဆေ့ချ်ဝင်လာသည်။
"သူ့ကို အမြန်ဆုံး ဒီကိုပြန်ခေါ်လာခဲ့"
OGCC
Thanks for reading
အားဆေးလေးတွေပေးဖို့မမေ့နဲ့ဦးနော်။
Zawgyi Version
"Jungkook!"
"ဘာဖြစ်လို့လဲ"
"အီးဟီးဟီး"
"မဟုတ်ဘူး အီးဟီးဟီး"
"ဘာဖြစ်လို့လဲ"
"သေချာကြည့်လေ"
"အင်းလေ ကြည့်နေတာပဲ"
"PARK JIMIN!!"
"ဘာလဲ"
"ဟင် လို့"
"တကယ်လား"
"တကယ်"
"ဒါတွေကရော ဘာတွေလဲ"
"ဘာဖြစ်ချင်ပြန်ပြီလဲ"
"မုန့်သွားစားမယ်လေ"
"မစားချင်တော့ဘူး"
"ဖြစ်သွားပြန်ပြီလား"
"အိမ်မှာလည်းရှိတယ်လေ"
"သဘော ဒါပေမဲ့ နေဦး"
"ဘာလို့လဲ"
"ကျေးဇူး ဟီး"
OGCC
"စားတာလည်းမဟုတ်ဘဲနဲ့"
"စားမှာပါဆို"
"ဘာလို့လဲ"
"ဘယ်ဟာလဲ ဘာကိုလဲ"
"ဘုန်း"
"အ! ဘာလဲ ဘာဖြစ်ပြန်တာလဲ"
"မင်းပြလို့ကြည့်တာလေ"
"ပြတိုင်း ကြည့်စရာလား"
"ကြည့်နေပြန်ပြီလား!"
"ဟင်းဟင်းဟင်း"
"Jungkook"
"ဈေးဝယ်ထွက်လာတာလား"
"အိမ်လာပါဦးကွ"
"Jungkookကရော"
"ရပါတယ် မလိုတာပဲ"
"ကိုယ်ယူပေးမယ်"
"ကျေးဇူး"
"Jungkook"
"သွားကြစို့"
"အင်း"
"မဟုတ်ပါဘူး ဒီတိုင်း"
"Jungkook"
OGCC
OGCC
Thanks for reading