Mo Dao Zu Shi extra chapters...

Autorstwa jeonvrose

103K 5.6K 325

I'll translate extra parts and extensions of some chapters from novel and audio drama in mm language. I hope... Więcej

Intro
ယြင္မုန္႔ၿမိဳ႕ (အပိုင္း ၁ - ၾကက္ေတာင္)
ယြင္မုန္႔ၿမိဳ႕ (အပိုင္း ၂ - စားေသာက္ဆိုင္)
ယြင္မုန္႔ၿမိဳ႕ (အပိုင္း - ၃ ကြင္းပစ္ကစားနည္း)
ယြင္မုန္႔ၿမိဳ႕ - အပိုင္း (၄ - ေလွ)
Taiwan extra part-1 (ထိုင္ဝမ္အခ်ပ္ပို အပိုင္း၁)
Taiwan extra part-2 (ထိုင္ဝမ္အခ်ပ္ပိုအပိုင္း - ၂)
Accompanying you to sleep - Wei Wu Xian
Note (8.2.2021)

Notice

7.3K 402 46
Autorstwa jeonvrose

🌟 ဝတၳဳ update မဟုတ္ပါဘူး ေၾကျငာခ်က္ေလးပါ။

ေက်းဇူးျပဳ၍ ဖတ္ေပးေစခ်င္ပါတယ္။ အားလံုးကိုေက်းဇူးတင္ပါတယ္။  Author ရဲ႕ရင္တြင္းျဖစ္ေလးကိုနည္းနည္းသိေစခ်င္လို႔ပါေနာ္။

ဒီ mdzs ဝတၳဳထဲက အခ်ပ္ပိုေလးေတြကိုဘာသာျပန္ေပးျခင္းက ကိုယ္အရမ္းႀကိဳက္ႏွစ္သက္ရပါေသာ ဝတၳဳေလးျဖစ္တာက တစ္ေၾကာင္း၊ The untamed ၿပီးသြားေတာ့ အခ်ပ္ပို အခန္းဆက္ေလးေတြဖတ္ခ်င္ေပမဲ့ ဘယ္နားမွာဘယ္လိုရွာဖတ္ရမလဲ မသိသူေတြ ရွာမေတြ႕သူေတြရွိတာက တစ္ေၾကာင္းမို႔ ဘာသာျပန္ေပးရျခင္းျဖစ္ပါတယ္။ ဒီအတိုင္းေစတနာအရင္းခံၿပီး စ ေရးျဖစ္တဲ့ဘာသာျပန္ေလးေပါ့ေနာ္။ အက်ိဳးစီးပြား တစ္စံုတစ္ရာမွလည္း ခံစားလိုစိတ္အလ်င္းမရွိပါဘူး။

အဲဒီလိုနဲ႔ ကိုယ္အႀကိဳက္ဆံုး အခ်ပ္ပိုေလးတစ္ခ်ိဳ႕ျဖစ္တဲ့ ယြင္မုန္႔ၿမိဳ႕ အခန္းဆက္ေလးေတြ ေရးၿပီး တင္ၿပီးမွ တစ္ခုေသာအဖြဲ႕အစည္းကေန ဘာသာျပန္မူပိုင္ခြင့္ ဝယ္ယူၿပီး စာအုပ္ထုတ္ေဝမည့္အေၾကာင္းကို သိလိုက္ရပါတယ္။ ဒီလိုမ်ိဳးတေလးတစားနဲ႔ မူပိုင္ခြင့္ဝယ္ယူၿပီးစာအုပ္ထုတ္ေဝေပးတဲ့ အဖြဲ႕အစည္းကို တကယ္လည္းေလးစားခ်ီးက်ဴးမိပါတယ္။ ဒီဝတၳဳဟာ မူရင္းစာေရးသူ Mxtx ရဲ႕ အေတြးအျမင္ အေသြးအသက္ျဖစ္တဲ့အတြက္ အခုလိုမူပိုင္ခြင့္နဲ႔ တရားဝင္ဘာသာျပန္ျခင္းဟာတကယ္ေလးစားခ်ီးက်ဴးထိုက္ပါတယ္။ အဲဒီ သတင္းကိုၾကားၿပီးၿပီးျခင္း ဒီ ဘာသာျပန္ေလးကို ဖ်က္ျပစ္ဖို႔ အႀကိမ္ႀကိမ္စဥ္းစားခဲ့ပါတယ္။ ေတာ္ေတာ္ၾကာၾကာအထိ update လုပ္ဖို႔ကိုတြန္႔ဆုတ္ခဲ့ရပါတယ္။ အခုထိလည္း တြန္႔ဆုတ္ေနဆဲပါ။ ဒါေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တရားဝင္ဘာသာျပန္စာအုပ္ကို ဝယ္ဖတ္၍အဆင္မေျပေသာ စာဖတ္သူမ်ားေၾကာင့္တစ္ေၾကာင္း ကိုယ့္ကို comment တြင္ အားေပးၾကသူမ်ားေၾကာင့္သာ ျဖည္းျဖည္းျခင္းဆက္ေရးေပးေနတာပါ။

အခုက ဒီဘာသာျပန္ကိုဖတ္သူ 10k (၁၀၀၀၀) ေက်ာ္သြားၿပီျဖစ္တာေၾကာင့္ ဒီပမာဏကိုမ်ားသည္ဟု ယူဆမိ၍ ယခုေၾကျငာစာကိုေရးရျခင္းျဖစ္ပါတယ္။
သူမ်ားစီးပြားေရးကို တုတ္ထိုးအိုးေပါက္ လုပ္လိုေသာ ဆႏၵအလ်င္းမရွိပါ။ ေစတနာ မွ ေဝဒနာလည္းအျဖစ္မခံလို၍ ရွင္းလင္းခ်က္ထုတ္ျပန္ရျခင္းျဖစ္ပါတယ္။ ဒီဘာသာျပန္ကို ဖ်က္ခိုင္းပါကလည္း ဖ်က္ဖို႔ရာဝန္မေလးပါ။

ဒီဘာသာျပန္ေလးကို ဖတ္တဲ့သူမ်ားကို တစ္ခုေတာင္းဆိုခ်င္တာက ဒီ ဘာသာျပန္ link ေလးကို facebook ေပ့ခ်္ ေတြ ဂ႐ု ေတြမွာ share ျခင္းမျပဳၾကဖို႔ေတာင္းဆိုခ်င္ပါတယ္။ ဒီအတိုင္း ကိုယ့္တစ္ေယာက္ တည္းဖတ္ၿပီးရင္ထဲမွာသိမ္းထားျခင္းျဖင့္ ကူညီရာေရာက္ပါတယ္။ လူေတြအမ်ားႀကီးကိုဖတ္ေစခ်င္ေသာ္လည္း မလိုလားအပ္ေသာျပႆနာမ်ား ႀကီးထြားလာမွာစိုးရိမ္လို႔ပါ။
ဒီဝတၳဳမူရင္းကိုႀကိဳက္ႏွစ္သက္ေသာသူမ်ား၊ ဇာတ္ေကာင္မ်ားကိုခ်စ္ျမတ္ႏိုးေသာသူမ်ားအေနျဖင့္ အဆင္ေျပပါက တရားဝင္ မူပိုင္ခြင့္ရ ျမန္မာဘာသာျပန္ဝတၳဳစာအုပ္ေလးကို အားေပးၾကဖို႔လည္းဒီေနရာကေန တိုက္တြန္းလိုက္ရပါတယ္။

စာေရးသူအေနနဲ႔ကေတာ့ အလုပ္တစ္ဖက္ႏွင့္ update လုပ္ရသည္ကတစ္ေၾကာင္း၊ update လုပ္ရန္ဗ်ာမ်ားေနရသည္ကတစ္ဖံု၊ ပထမဆံုးအႀကိမ္ ျမန္မာဘာသာျပန္ဝတၳဳေရးျခင္းျဖစ္ေသာေၾကာင့္ ေစ့စပ္ေသခ်ာျခင္သည္ကတစ္မ်ိဳး အထူးသျဖင့္ အသံဇာတ္လမ္းတြဲ အခ်ပ္ပိုမ်ားအတြက္ဆိုလ်င္ အသံဇာတ္လမ္းအားတစ္ခါနားေထာင္ ၿပီးရင္ အေကာင္းဆံုး script ေတြ text ေတြရွာၾကည့္ရပါတယ္။
ၿပီးခဲ့တဲ့ Accompanying you to sleep ေဝ့ဝူရွန္႔ မွာဆိုရင္ လန္ဝမ့္က်ီးဘက္ကေျပာစကား (POV) က အသံဇာတ္လမ္းတြဲထဲမွာမပါ ပါဘူး ဒါေပမဲ့ တရားဝင္ အသံဇာတ္လမ္းတြဲ စာတမ္းထိုး (script) ထဲမွာေတာ့ပါပါတယ္။ အဲဒီလို script text ေတြရွာရတာနည္းနည္းေတာ့တိုင္ပတ္ပါတယ္။ အခု လန္ဝမ့္က်ီး version ကို script text အခုထိရွာမရေသးပါဘူး။ အဲဒါေတြေၾကာင့္ update ၾကာေနတာမို႔လို႔ သည္းခံေစာင့္ဆိုင္းေပးပါလို႔ေျပာခ်င္ပါတယ္။

အႏွစ္ခ်ဳပ္အေနနဲ႔ သိေစခ်င္တာက စာဖတ္သူအားလံုးကို ေလးစားၿပီးခ်စ္ခင္ပါတယ္။ ဝတၳဳအခ်ပ္ပိုေလးေတြကို ကိုယ္ဖတ္ဖူးသလို သိသလို အားလံုးရဲ႕ရင္ထဲကိုေရာက္ေစခ်င္တာပါ။ ဒါေပမယ့္စာဖတ္သူဦးေရ မ်ားလာတာေၾကာင့္ မလိုလားအပ္တဲ့ ျပႆနာေတြ မျဖစ္ေစခ်င္လို႔ပါ။ တရားဥပေဒ တစ္စံုတရာ ၿငိစြန္းသည္ဟုထင္ျမင္၍ ဖ်က္လာခိုင္းပါက အခ်ိန္မေရြးဖ်က္ေပးပါမယ္။ ဒီဘာသာျပန္ကေန အက်ိဳးအျမတ္တစ္စံုတစ္ရာမွမရသလို ရလည္းမရလိုပါ။ ေစတနာေလးကိုသိျမင္တယ္ဆိုလ်င္ပဲ ဘာသာျပန္ရက်ိဳးနပ္ပါၿပီ။ ပထမဆံုးျမန္မာဘာသာျပန္ျဖစ္တဲ့ အတြက္လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိေနတာကိုလည္းသိပါတယ္။ စာေရးသူက ဒါ wattpad မွာပထမဆံုး ျမန္မာလိုေရးျခင္းပါ။ အရင္ကေတာ့ Aff နဲ႔ Ao3 မွာ English လို fanfic ေရးတဲ့ Author တစ္ေယာက္ျဖစ္ပါတယ္။ လိုအပ္ခ်က္ေတြကိုလည္း နားလည္ေပးမယ္လို႔ ေမ်ာ္လင့္မိပါတယ္။ ဒီ ဘာသာျပန္ေလးကို ေရွ႕ဆက္သင့္ မဆက္သင့္ အေတြးအျမင္ေလးေတြကိုလည္း comment မွာမွ်ေဝေပးသြားပါဦးလို႔။

ေၾကျငာခ်က္ေလးကို ဆံုးေအာင္ဖတ္ေပးလို႔ေက်းဇူးတင္ပါတယ္။  xoxo

___________________>^<____________________

🌟 ဝတ္ထု update မဟုတ်ပါဘူး ကြေငြာချက်လေးပါ။

ကျေးဇူးပြု၍ ဖတ်ပေးစေချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။  Author ရဲ့ရင်တွင်းဖြစ်လေးကိုနည်းနည်းသိစေချင်လို့ပါနော်။

ဒီ mdzs ဝတ္ထုထဲက အချပ်ပိုလေးတွေကိုဘာသာပြန်ပေးခြင်းက ကိုယ်အရမ်းကြိုက်နှစ်သက်ရပါသော ဝတ္ထုလေးဖြစ်တာက တစ်ကြောင်း၊ The untamed ပြီးသွားတော့ အချပ်ပို အခန်းဆက်လေးတွေဖတ်ချင်ပေမဲ့ ဘယ်နားမှာဘယ်လိုရှာဖတ်ရမလဲ မသိသူတွေ ရှာမတွေ့သူတွေရှိတာက တစ်ကြောင်းမို့ ဘာသာပြန်ပေးရခြင်းဖြစ်ပါတယ်။ ဒီအတိုင်းစေတနာအရင်းခံပြီး စ ရေးဖြစ်တဲ့ဘာသာပြန်လေးပေါ့နော်။ အကျိုးစီးပွား တစ်စုံတစ်ရာမှလည်း ခံစားလိုစိတ်အလျင်းမရှိပါဘူး။

အဲဒီလိုနဲ့ ကိုယ်အကြိုက်ဆုံး အချပ်ပိုလေးတစ်ချို့ဖြစ်တဲ့ ယွင်မုန့်မြို့ အခန်းဆက်လေးတွေ ရေးပြီး တင်ပြီးမှ တစ်ခုသောအဖွဲ့အစည်းကနေ ဘာသာပြန်မူပိုင်ခွင့် ဝယ်ယူပြီး စာအုပ်ထုတ်ဝေမည့်အကြောင်းကို သိလိုက်ရပါတယ်။ ဒီလိုမျိုးတလေးတစားနဲ့ မူပိုင်ခွင့်ဝယ်ယူပြီးစာအုပ်ထုတ်ဝေပေးတဲ့ အဖွဲ့အစည်းကို တကယ်လည်းလေးစားချီးကျူးမိပါတယ်။ ဒီဝတ္ထုဟာ မူရင်းစာရေးသူ Mxtx ရဲ့ အတွေးအမြင် အသွေးအသက်ဖြစ်တဲ့အတွက် အခုလိုမူပိုင်ခွင့်နဲ့ တရားဝင်ဘာသာပြန်ခြင်းဟာတကယ်လေးစားချီးကျူးထိုက်ပါတယ်။ အဲဒီ သတင်းကိုကြားပြီးပြီးခြင်း ဒီ ဘာသာပြန်လေးကို ဖျက်ပြစ်ဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ပါတယ်။ တော်တော်ကြာကြာအထိ update လုပ်ဖို့ကိုတွန့်ဆုတ်ခဲ့ရပါတယ်။ အခုထိလည်း တွန့်ဆုတ်နေဆဲပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တရားဝင်ဘာသာပြန်စာအုပ်ကို ဝယ်ဖတ်၍အဆင်မပြေသော စာဖတ်သူများကြောင့်တစ်ကြောင်း ကိုယ့်ကို comment တွင် အားပေးကြသူများကြောင့်သာ ဖြည်းဖြည်းခြင်းဆက်ရေးပေးနေတာပါ။

အခုက ဒီဘာသာပြန်ကိုဖတ်သူ 10k (၁၀၀၀၀) ကျော်သွားပြီဖြစ်တာကြောင့် ဒီပမာဏကိုများသည်ဟု ယူဆမိ၍ ယခုကြေငြာစာကိုရေးရခြင်းဖြစ်ပါတယ်။
သူများစီးပွားရေးကို တုတ်ထိုးအိုးပေါက် လုပ်လိုသော ဆန္ဒအလျင်းမရှိပါ။ စေတနာ မှ ဝေဒနာလည်းအဖြစ်မခံလို၍ ရှင်းလင်းချက်ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ဒီဘာသာပြန်ကို ဖျက်ခိုင်းပါကလည်း ဖျက်ဖို့ရာဝန်မလေးပါ။

ဒီဘာသာပြန်လေးကို ဖတ်တဲ့သူများကို တစ်ခုတောင်းဆိုချင်တာက ဒီ ဘာသာပြန် link လေးကို facebook ပေ့ချ် တွေ ဂရု တွေမှာ share ခြင်းမပြုကြဖို့တောင်းဆိုချင်ပါတယ်။ ဒီအတိုင်း ကိုယ့်တစ်ယောက် တည်းဖတ်ပြီးရင်ထဲမှာသိမ်းထားခြင်းဖြင့် ကူညီရာရောက်ပါတယ်။ လူတွေအများကြီးကိုဖတ်စေချင်သော်လည်း မလိုလားအပ်သောပြဿနာများ ကြီးထွားလာမှာစိုးရိမ်လို့ပါ။
ဒီဝတ္ထုမူရင်းကိုကြိုက်နှစ်သက်သောသူများ၊ ဇာတ်ကောင်များကိုချစ်မြတ်နိုးသောသူများအနေဖြင့် အဆင်ပြေပါက တရားဝင် မူပိုင်ခွင့်ရ မြန်မာဘာသာပြန်ဝတ္ထုစာအုပ်လေးကို အားပေးကြဖို့လည်းဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ်။

စာရေးသူအနေနဲ့ကတော့ အလုပ်တစ်ဖက်နှင့် update လုပ်ရသည်ကတစ်ကြောင်း၊ update လုပ်ရန်ဗျာများနေရသည်ကတစ်ဖုံ၊ ပထမဆုံးအကြိမ် မြန်မာဘာသာပြန်ဝတ္ထုရေးခြင်းဖြစ်သောကြောင့် စေ့စပ်သေချာခြင်သည်ကတစ်မျိုး အထူးသဖြင့် အသံဇာတ်လမ်းတွဲ အချပ်ပိုများအတွက်ဆိုလျင် အသံဇာတ်လမ်းအားတစ်ခါနားထောင် ပြီးရင် အကောင်းဆုံး script တွေ text တွေရှာကြည့်ရပါတယ်။
ပြီးခဲ့တဲ့ Accompanying you to sleep ဝေ့ဝူရှန့် မှာဆိုရင် လန်ဝမ့်ကျီးဘက်ကပြောစကား (POV) က အသံဇာတ်လမ်းတွဲထဲမှာမပါ ပါဘူး ဒါပေမဲ့ တရားဝင် အသံဇာတ်လမ်းတွဲ စာတမ်းထိုး (script) ထဲမှာတော့ပါပါတယ်။ အဲဒီလို script text တွေရှာရတာနည်းနည်းတော့တိုင်ပတ်ပါတယ်။ အခု လန်ဝမ့်ကျီး version ကို script text အခုထိရှာမရသေးပါဘူး။ အဲဒါတွေကြောင့် update ကြာနေတာမို့လို့ သည်းခံစောင့်ဆိုင်းပေးပါလို့ပြောချင်ပါတယ်။

အနှစ်ချုပ်အနေနဲ့ သိစေချင်တာက စာဖတ်သူအားလုံးကို လေးစားပြီးချစ်ခင်ပါတယ်။ ဝတ္ထုအချပ်ပိုလေးတွေကို ကိုယ်ဖတ်ဖူးသလို သိသလို အားလုံးရဲ့ရင်ထဲကိုရောက်စေချင်တာပါ။ ဒါပေမယ့်စာဖတ်သူဦးရေ များလာတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေချင်လို့ပါ။ တရားဥပဒေ တစ်စုံတရာ ငြိစွန်းသည်ဟုထင်မြင်၍ ဖျက်လာခိုင်းပါက အချိန်မရွေးဖျက်ပေးပါမယ်။ ဒီဘာသာပြန်ကနေ အကျိုးအမြတ်တစ်စုံတစ်ရာမှမရသလို ရလည်းမရလိုပါ။ စေတနာလေးကိုသိမြင်တယ်ဆိုလျင်ပဲ ဘာသာပြန်ရကျိုးနပ်ပါပြီ။ ပထမဆုံးမြန်မာဘာသာပြန်ဖြစ်တဲ့ အတွက်လိုအပ်ချက်တွေ အများကြီးရှိနေတာကိုလည်းသိပါတယ်။ စာရေးသူက ဒါ wattpad မှာပထမဆုံး မြန်မာလိုရေးခြင်းပါ။ အရင်ကတော့ Aff နဲ့ Ao3 မှာ English လို fanfic ရေးတဲ့ Author တစ်ယောက်ဖြစ်ပါတယ်။ လိုအပ်ချက်တွေကိုလည်း နားလည်ပေးမယ်လို့ မျော်လင့်မိပါတယ်။ ဒီ ဘာသာပြန်လေးကို ရှေ့ဆက်သင့် မဆက်သင့် အတွေးအမြင်လေးတွေကိုလည်း comment မှာမျှဝေပေးသွားပါဦးလို့။

ကြေငြာချက်လေးကို ဆုံးအောင်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။  xoxo

___________________>^<____________________

Czytaj Dalej

To Też Polubisz

1.5M 225K 163
Both Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Comple...
135K 12.9K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
753K 82.9K 158
system ficလေးပါ အနေအေးတဲ့ မိဘမဲ့ဂေဟာမှူးလေး ဝတ္ထုကမ္ဘာထဲ ရောက်သွားသောအခါ (own creation) system ficေလးပါ အေနေအးတဲ့ မိဘမဲ့ေဂဟာမႉးေလး ဝတၳဳကမၻာထဲ ေရာက္သ...
4.4M 501K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...