Accompanying you to sleep - Wei Wu Xian

9.1K 503 26
                                    

Zawgyi version

စကားချပ်

ဒီအခန်းလေးက Mdzs audio drama (Mdzs အသံဇာတ်လမ်းတွဲ) ရဲ့ အခန်းပိုလေးပါ။ ထိုင်ဝမ်အချပ်ပိုလေးရဲ့အခန်းဆက်ပုံစံလေးပါ။ မူရင်း ဝထ္ထုထဲမှာ မပါပေမဲ့ Mdzs adaptations တွေထဲက တစ်ခုဖြစ်တဲ့ အသံဇာတ်လမ်းတွဲလေးမှာတော့ စိတ်ကူးယဉ်ဆန်ဆန် ပါဝင်လာတဲ့ ဇာတ်အိမ်လေးပေါ့နော်။ သူ့မှာက နှစ်ပိုင်းပါပါတယ်။ လန်ဝမ့်ကျီးက ဝေ့ဝူရှန့်ကို ချော့သိပ်တဲ့အခန်း နဲ့ ဝေ့ဝူရှန့်က ငမူးလေး လန်ဝမ့်ကျီးကို ချော့သိပ်တဲ့အခန်း ဆိုပြီးနှစ်ခန်းပါပါတယ်။ အခုက ဝေ့ဝူရှန့်က လန်ဝမ့်ကျီးကို ချော့သိပ်တဲ့ အခန်းလေးကို ဘာသာပြန်ပေးမှာပါ။ လန်ဝမ့်ကျီးဘက်က အပိုင်းလေးကိုလည်းဘာသာပြန်ပေးသွားမှာပါ။  ဝေ့ဝူရှန့်ဘက်က အခန်းလေးဆိုတော့ ဝေ့ဝူရှန့်ရဲ့ dialogue တွေများပါတယ်။ လန်ဝမ့်ကျီးရဲ့ dialogue လေးတွေကိုတော့ bold တင်ပေးထားပါတယ်။ အသံဇာတ်လမ်းတွဲလေးကို နားထောင်ချင်သူများအတွက် ဒီအခန်းလေး အဆုံးမှာ Link ပေးထားပါတယ်။

____________________*3*___________________

ဝေ့ဝူရှန့်း လန်ကျန့်၊ ဟန်ကွမ်းကျွင်း~ ဒုတိယလန်သခင်လေး ~
ဟမ်, မင်းမူးနေပြီလား?

လန်ဝမ့်ကျီး... မမူး.. ဘူး

ဪ အင်း ဟုတ်ပြီ ဟုတ်ပြီ မင်းမမူးသေးဘူး။ ဒါလက်ဘယ်နှစ်ချောင်းထောင်ထားတာလဲ?

........

(ရယ်မောသံ) [ချစ်စရာကောင်းစွာ]

မင်းခေါင်းကိုက်နေပြီလား? မင်းကအရက်ဆိုနည်းနည်းလေးသောက်ရုံနဲ့ မူးတော့တာပဲ။ ရေငတ်နေပြီလား? ရော့ အမူးပြေသွားအောင် ရေနွေးကြမ်းလေး နည်းနည်းသောက်လိုက်

[ရေနွေးငှဲ့သံ]

လာခဲ့ လာ

ဖြည်းဖြည်း.. ဖြည်းဖြည်းသောက်~

အာာ! မင်းအပူလောင်သွားတာလား? ငါ့ကိုပြပါဦး
တော်သေးတာပေါ့ အပူမလောင်သွားလို့
လာခဲ့ ငါမပူအောင် မှုတ်ပေးမယ်~

Mo Dao Zu Shi extra chapters and extension parts Where stories live. Discover now