ယွင်မုန့်မြို့ - အပိုင်း (၄ - လှေ)

8.2K 595 30
                                    

Zawgyi version

ယခင်က ဝေ့ဝူရှန့်ဟာ လန်ဝမ့်ကျီးကို ယွင်မုန်မြို့ရဲ့ ကောင်းကင်ပြာပြာ အောက်မှာ ကြာပန်းတွေနဲ့ ပနာသင့်နေတဲ့ ကျောက်စိမ်းရောင်ရေကန်ကြီးရဲ့ အလှတရားကို ရှုစားရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ ပေမယ့် မအောင်မြင်ခဲ့ချေ။ ဝေ့ဝူရှန့် အဖို့ လန်ဝမ့်ကျီးကို ရေကန်တစ်ပတ် အလည်အပတ်လိုက်ပြချင်သည် မှာ မဆန်းကြယ်လှပေ။
အစမှာတော့ ဇိမ်ခံလှေ တစ်စီးကိုလိုချင်ခဲ့သော်လည်း အတန်ကြာရှာဖွေပြီးနောက် ဆိပ်ကမ်းတွင်ကပ်ထားသော သစ်သားလှေအသေးစားလေး တစ်စီးကိုသာ ရှာတွေ့လေသည်။ လှေကလေးမှာ ခြေထောက်တစ်ဖက်တင်ရုံမျှနှင့်ပင် မိုးမခပင်အကိုင်းလေး လေယူရာသိမ်းယိမ်းနွဲ့သကဲ့သို့ ရေထဲသို့နစ်မြုပ်သွားမည့်ဟန်ရှိနေသည်။
ထိုလှေငယ်လေးထဲတွင် လူလတ်ပိုင်းအရွယ်အမျိုးသားနှစ်ယောက်ထိုင်စီးဖို့ရာ ခဲယဉ်းသော်လည်း အခြားရွေးခြယ်စရာမရှိပေ။

ဝေ့ဝူရှန့်ကဆိုသည် "မင်းဒီဘက် အစွန်မှာထိုင် ငါဟိုဘက်အစွန်မှာထိုင်မယ်။ ငါတို့နှစ်ယောက်ထိုင်ပြီးရင်တော့ ယိမ်းမထိုးလောက်တော့ဘူး။ သတိမထားရင်တော့ လှေမှောက်သွားနိုင်တယ်။"

လန်ဝမ်းကျီးက ပြောသည် "ကိစ္စမရှိဘူး။ မင်းပြုတ်ကျရင် ငါကယ်မယ်။"

ဝေ့ဝူရှန့် "မင်းကအဲ့လို ပြောတော့ မသိရင် ငါကရေမကူးတတ်သလိုလိုနဲ့"

လှေကလေးဟာ ကန်ရေပြင်မှ ကြီးမားလှပသော ပန်းရောင်ကြာပွင့်ကြီးကိုပွတ်တိုက်ရင်း ရွက်လွှင့်နေသည်။
ဝေ့ဝူရှန့်ဟာ လှေကိုကျောမှီကာ လက်မောင်းကိုခေါင်းအုံးထားလေသည်။ လှေကလေးမှာသေးငယ်လှသောကြောင့် သူ့ခြေထောက်မှာ လန်ဝမ့်ကျီး၏ပေါင်ပေါ်သို့ ရောက်နေ၏။ ဝေ့ဝူရှန့် ထိုကဲ့သို့ မဆီလျော်သော အပြုအမူကိုပြုနေသော်လည်း လန်ဝမ့်ကျီးမှာ ဆိတ်ဆိတ်သာနေလေသည်။

ကန်ရေပြင်ပေါ်တွင် လေတဖြူးဖြူးတိုက်ခတ်ကာ ရေတငြိမ့်ငြိမ့်စီးဆင်း နေလေသည်။ ဝေ့ဝူရှန့်ဆိုသည် "ဒီအချိန်ကကြာပန်းပွင့်ချိန်။ ကြာစေ့ တွေတော့ မ မှည့်သေးဘူး။ မဟုတ်ရင် မင်းနဲ့အတူတူ ကြာစေ့တွေ သွားခူးချင်တာ"

Mo Dao Zu Shi extra chapters and extension parts Where stories live. Discover now