အပိုင္း-(၁၉)
မ်က္လံုးျဖတ္ခနဲပြင့္လာမိသည္ႏွင့္ ခ်က္ခ်င္းသတိရလုိက္သည္က Kong. ေဘးကုိလက္စမ္းႀကည့္ေတာ့ မည္သူမွမရွိ။Arthit ခ်က္ခ်င္းအိပ္ေနရာက ထကာ အခန္းထဲက ထြက္လာခဲ့လုိက္သည္။အေဆာင္ေဆာင္အခန္းခန္းႏွင့္ အိမ္က Arthit တုိ႕စံအိမ္ေတာ္နီးပါး ခမ္းနားေနသည္။ တန္ဖိုးႀကီးပန္းခ်ီကားေတြ ရုပ္တုေတြကုိလည္း ႀကည့္မေနအား.။ေအာက္ထပ္ကုိသာ တစ္ရွိန္ထိုးဆင္းလာခဲ့လိုက္သည္။
“Kong-”
ေလွကားေအာက္ေျခနားက သူ႕ကိုေတြ႕မွစိတ္ေအးရ ရင္း အျမန္ဆင္းလိုက္ေတာ့ ေလွကားထစ္ေက်ာ္ကာ ျပဳတ္က်မလိုေတာင္ျဖစ္၏။ ဒါေပမယ္လည္း Kong က ဆီးကာဖမ္းထားေပးပါသည္။
“ကြ်န္ေတာ္ စိတ္မပူခ်င္ဘူး။ဘယ္လိုျဖစ္လို႕ ဒီလိုျဖစ္ေနတာလဲ”
မ်က္ေမွာင္တြန္႕ကာ ေျပာေနေသာ Kongpob ကုိသူျပံဳးျပလိုက္ရင္း လက္ႏွစ္ဖက္က Kongpob လည္ပင္းကိုသြယ္ယွက္ကာ ႏႈတ္ခမ္းေလးတြန္႕လ်က္ျပံဳးသည္။မနက္ခင္းခ်ိန္ခါေပမယ့္ Arthit ၏ရီေဝေသာအျပံဳးက Kongpob ကုိမေသာက္ဘဲ မူးေစပါသည္။မရည္ရြယ္ပါဘဲ လက္ကလည္း Arthit ခါးကိုျပန္လည္သိုင္းဖက္ထားမိသည္။
“ငါ့ကုိမထားခဲ့ေတာ့ဘူးမလား။စိတ္ဆိုးေျပျပီလား”
“ကြ်န္ေတာ္က ခင္ဗ်ားကုိ စိတ္ဆုိးေနတာမွမဟုတ္တာ”
“ဘယ္သူ႕ကိုစိ္တ္ဆုိးဆုိး ငါ့ကုိခ်စ္ရင္ ေျပလုိက္ပါေတာ့။မင္း မေက်နပ္သမွ် ငါ့အေပၚပုံခ်လိုက္ပါ။ ငါ့ကို မင္းအနားမွာထားျပီး မင္းကို ဘယ္ေတာ့မွမခြဲႏိုင္ေအာင္ ခ်ည္ေႏွာင္ထားေပါ့.။ဘယ္သူမွားမွား ငါကပဲ မင္းကို ျဖည့္ဆည္းေပးပါ့မယ္”
“ခင္ဗ်ား က အရူးေလးပဲ .”
Kongpob မ်က္ႏွာ အနည္းငယ္ေပ်ာ့ေျပာင္းေနတာေတြ႕ေတာ့ Arthit အားတက္သြားသည္။Kongpob ကိုပိုတုိးလုိ႕ ဖက္ လုိက္ရင္း ကိုယ္ခ်င္းထပ္မံနီးကပ္ေစလိုက္သည္မွာ ေလေတာင္တုိးလုိ႕မဝင္ႏိုင္ေလာက္ေအာင္။ သူတုိ႕ ႏွစ္ေယာက္က အခု ေလွကားေအာက္ေျခရင္းနားတြင္ျဖစ္၏။
“ကုိကုိလုိ႕မေခၚေတာ့ဘူးလား.”
“မေခၚခ်င္ဘူး။”
ျပံဳးယဲ့ယဲ့ျဖင့္ Kongpob မ်က္ႏွာက Arthit ထံတုိးကပ္လာေတာ့ မ်က္လံုးေလးေတြမွိတ္လိုက္သည္။ အနမ္းဖြဖြေလးက ျဖစ္တည္၏။ Arthit မ်က္ရည္က်မိေတာ့မတတ္ႀကည္ႏူးပါသည္။ဟုတ္ပါတယ္။သူထင္တာမမွားပါဘူး။ Kongpob က သူ႕ကိုခ်စ္ပါတယ္။
“အဟြန္း--ဟို မနက္စာ စားရေအာင္လို႕”
ေခ်ာင္းဟန္႕သံေႀကာင့္ ႏွစ္ေယာက္သားအလ်င္စလို လူခ်င္းခြါလုိ္က္ရ၏။ Nanyi က ျပံဳးစစေလးျဖင့္ ေမာင္ျဖစ္သူကိုႀကည့္ေတာ့ Kongpob မ်က္ႏွာႀကီးနီရဲကာ ေရွ႕ကေနအရင္ထြက္သြား၏။တုိးတုိးေလးရယ္လ်က္ေနာက္ကလုိက္ရန္ျပင္ေနသည့္ Nanyi ကို Arthit လွမ္းတားလိုက္မိသည္။
“ကုိႀကီး ကို တကယ္ေမ့ပစ္လိုက္ႏိုင္ျပီလား မမ.”
ျဖတ္ခနဲေစာင္းငဲ့ႀကည့္လာေသာ မ်က္ဝန္းတုိ႕သည္ ေငြ႕ရည္ရစ္သိုင္း၏။ သူမ အားလံုးကုိမွတ္မိေနသည္ဆုိတာ ပိုလုိ႕ေတာင္ေသခ်ာပါသည္။ မေန႕က Chakrii ၏ အသက္မ့ဲသလုိ လႈပ္၇ွားေနမႈအားလံုး ၏အရင္းခံသည္ Nanyi ျဖစ္မည္မွန္း သူ ရိပ္မိေနသည္။
“မမ အသက္ရွင္ေနေသးတာ သူ မသိခဲ့ဘူး။ မမကုိဒီလိုျဖစ္ေစခဲ့တဲ့အတြက္ သူ႕ကိုငယ္ကတည္းက ေကြ်းေမြးေစာင့္ေရွာက္လာခဲ့တဲ့ မယ္မယ့္ကိုေတာင္ လ်စ္လ်ဴရႈခဲ့တဲ့သူပါ။ သားေကာင္းတစ္ေယာက္မျဖစ္ခဲ့ဘူးလို႕ ေရရြတ္တတ္တဲ့ကုိႀကီးက သူ ေသျပီလုိ႕ထင္တဲ့ မမအတြက္ေတာ့ ခ်စ္သူေကာင္း ပီသခ်င္ခဲ့တယ္။သူက အားလံုးထက္ပုိျပီး မမကို အသက္ရွင္ေစခ်င္တဲ့သူပါ။ ေသြးသံရဲရဲႏွင့္ မမကိုျမင္ရံုတင္ျမင္ျပီး မေပြ႕ပိုက္ႏိုင္ခဲ့တဲ့ ကုိႀကီးဘက္ကို နည္းနည္းေလာက္ ေတြးႀကည့္ေပးဖူးလား။ မမက အရွက္သိကၡာနာက်င္မႈကို ပိုျပီးခံစားခဲ့ရတာဆုိရင္ ႏွလံုးသားတစ္ခုလံုး ေသဆံုးခဲ့ရတာ ကုိႀကီးပါ။ အျဖစ္အပ်က္တစ္ခုလုံးမွာ ကိုႀကီးက အျပစ္လံုးဝမရွိဘူးဆိုတာ မမသိမယ္ထင္ပါတယ္။ ”
Nanyi က Arthit ကုိမ်က္ႏွာခ်င္းမဆိုင္ေပမယ့္ မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်လာသည္။ Arthit ပင့္သက္တစ္ခ်က္ရိႈက္ရင္း Nanyi ၏ လက္တစ္ဖက္ကုိဆြဲယူဆုပ္ကိုင္လိုက္သည္။
“မမကို နာက်င္ေစဖုိ႕ေတာ့ မရည္ရြယ္ပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ္တုိ႕ညီအကုိႏွစ္ေယာက္လံုးမွာတူညီတဲ့ အက်င့္တစ္ခ်က္ရွိတယ္။ခ်စ္ရသူက ကိုယ့္ကို မလိုေတာ့ဘူးဆုိတာ ေသခ်ာသြားခဲ့ျပီဆုိရင္ သူ စိတ္ရႈပ္ေအာင္လို႕ ဘယ္ေတာ့မွ တြယ္မကပ္ေတာ့ဘူး။အားလံုးကုိလႊတ္ခ်ပစ္လိုက္တာ.။ခု ကုိႀကီး အဲ့လိုပဲ မမ။ တစ္ခ်ိန္မွာ မမကုိ သူ ေမ့ေကာင္းေမ့ႏိုင္ျပီးခ်စ္တဲ့သူအသစ္ေတြ႕ရင္ေတြ႕ႏိုင္ေပမယ့္ အဲ့ခ်ိန္ထိေတာ့ သူ တစ္ခ်ိန္လံုးခံစားခ်က္မရွိတဲ့လူလို လႈပ္ရွားေနထိုင္သြားလိမ့္မယ္။ဒါမွမဟုတ္ ဘယ္သူ႕ကိုမွထပ္မခ်စ္ေတာ့ဘဲ စိတ္ကိုပိ္တ္ထားပစ္လုိက္လိမ့္မယ္။မမ သူ႕ကို အဲ့လိုျဖစ္ေစခ်င္လား.”
“ဟင့္အင္း ဟင့္အင္း--ေတာင္းပန္ပါတယ္။ မမ ေတာင္းပန္ပါတယ္။ သူ ခု ဘယ္မွာရွိေနႏိုင္မလဲဟင္”
“ခဏေနရံုးကုိေရာက္ေတာ့မွာေသခ်ာပါတယ္။မမ အဲ့ကုိသြားရင္ သူေသခ်ာေပါက္ ေပ်ာ္သြားမွာ”
Nanyi က ေခါင္းတဆတ္ဆတ္ညိတ္လ်က္ ခပ္ျမန္ျမန္ေျပးထြက္သြားသည္။ Arthit ဝဲတက္လာသည့္မ်က္ရည္စ ေတြကို မ်က္ေတာင္ခတ္လ်က္သိမ္းဆည္းလို္က္ကာ Kongpob ဝင္သြားသည့္ ထမင္းစားခန္းထဲလုိုက္ဝင္လာလုိက္သည္။
“ဘာလုိ႕ႀကာေနတာလဲ.။မမ ေရာ”
“ဟုိ--ဖုန္း--ဖုန္းလာလုိ႕ အျပင္ထြက္သြားတယ္.။စားႏွင့္ႀကတဲ့”
Kongpob က တစ္ခ်က္ေတာ့ ေတြေဝသြားေပမယ့္ ဘာမွမေျပာ.။ထိုင္ေနရာမွထကာ Arthit ထို္င္ဖုိ႕ခံုဆြဲေပးသည္။ ကရားထဲက အသင့္ေဖ်ာ္ထားျပီးသားေကာ္ဖီေႏြးေႏြးေလးကို ဖန္ခြက္ထဲ ထည့္ေပးသည္။ဝက္သားလံုးေလးေတြႏွင့္စားခ်င္စဖြယ္ေခါက္ဆြဲ ပန္းကန္ေလးက လည္းတူတပ္ျပီးသားႏွင့္ Arthit ေရွ႕ကိုအသင့္။
“ဒါ ကုိကို႕အတြက္လား.”
ခုထိမထိုင္ရေသးသည့္ Kongpob က အံ့အားတသင့္မ်က္လံုးပင့္လ်က္ႀကည့္မိသည္။ Arthit က ေတာ့ တူကိုင္လ်က္ ေခါက္ဆြဲပန္းကန္ကုိစိ္တ္ဝင္စားေနျပီျဖစ္သည္။ Kongpob လွစ္ခနဲျပံဳးမိရာကေန ထိုအျပံဳးေတြကုိ မသိမ္းဆည္းႏီုင္ေတာ့.။
ကိုကိုတဲ့လား.။ တစ္ခ်ိန္လံုး ငါ ဟုသံုးႏႈန္းကာရင့္က်က္ျခင္းကုိ ေဆာင္ေနခဲ့သည့္ သူ႕ထံမွ ႏူးည့ံညင္သာသည့္စကားတစ္စံု တစ္ရာကိုႀကားရသည့္အခါ တကယ္ပဲ ရင္ကိုထိ၏။
“တရုတ္မွာတုန္းက လုပ္စားေနက်.။ကြ်န္ေတာ္ကိုယ္တိုင္လုပ္ထားတာ။”
“အင္း စားလို႕အရမ္းေကာင္းတယ္ ႀကိဳက္တယ္.”
“ျဖည္းျဖည္းစား.”
တစ္သ်ွဴးဘူးေလးကုိပါ Arthit ေဘးနားအသာခ်ေပးလုိက္ရင္းသူပါ ေဘးကေနဝင္ထိုင္လိုက္သည္။ Arthit မ်က္ႏွာႏုႏုက ႀကည္စင္ေနသည္။ျဖဴျဖဴဥဥမ်က္ႏွာကိုႀကည့္ကာ Kongpob သေဘာေတြ႕ေနရ ရင္းက-
“မေန႕က ေသာက္ထားတာ ေခါင္းေတြမကိုက္ဘူးလား”
“နည္းနည္းေတာ့ကိုက္တယ္။ဒါေပမယ့္ ႏုိးႏုိးခ်င္းမင္းကို မေတြ႕ေတာ့ ေခါင္းကိုက္ရတာကပိုေရာ-”
“စိတ္မနာဘူးလား. ကြ်န္ေတာ္ လက္ထပ္ပြဲဖ်က္ျပီး အရွက္ခြဲခဲ့တာကို.”
ႏႈတ္ခမ္းနားေရာက္ကာနီး တူေလးက ခဏမွ်ရပ္တန္႕သြားသည္။ ျပီးေတာ့မွ အရင္စားလုိက္ျပီး ဘာမွမျဖစ္သလို ျပံဳးျပ သည္။ တကယ္ေတာ့ အဲ့ဒီအေႀကာင္းေတြက Arthit ဘယ္ေတာ့မွျပန္မေတြးခ်င္သည့္ အေႀကာင္းတရားေတြ.။ လူပံုအလယ္အရွက္ကြဲ ရသည္ဆုိတာထက္ Kongpob ၏ေအးစက္စက္အျပဳအမူေတြ စကားေတြက သူ႕ကို နာက်င္ေစခဲ့တာခ်ည္းျဖစ္သည္။
“ေဆာရီး မေျဖနဲ႕ေတာ့ေနာ္ ”
ႀကည့္လာသည့္မ်က္ဝန္းေတြထဲ နာက်င္ရိပ္ကုိဖမ္းမိတာမုိ႕ kongpob အလ်င္အျမန္ျပန္တားလိုက္၏။
“ငါ မင္းကို စိတ္နာလို႕မရဘူး Kong. မင္း ဘယ္လိုလုပ္မွ ငါစိတ္နာမလဲ မသိေပမယ့္ မင္းကို စိတ္နာဖို႕အေႀကာင္းရင္း ငါ့မွာဘယ္ေတာ့မွ ရွိလာမွမဟုတ္ဘူး။ ငါက ခ်စ္ဖုိ႕ခဲယဥ္းတဲ့လူမ်ိဴး.ခ်စ္ျပီးသြားရင္ အဲ့လူကိုပဲ အဆံုးထိႀကည့္မယ္။ငါ မင္းကိုပဲႀကည့္မယ္ Kong.”
Kongpob သက္ျပင္းရွည္ႀကီးခ်လ်က္ ထို္င္ေနရာကထကာ Arthit ကုိ ေနာက္နားကေန သိုင္းေပြ႕ထားလိုက္သည္။
“ေတာင္းပန္ပါတယ္။ ေက်းဇူးလည္းတင္ပါတယ္ ကုိကုိ.”
Arthit က သူဖက္ထားသည့္လက္ဖ်ံကို ျပန္လည္ဆုပ္ကိုင္ထားရင္း ေခါင္းခါသည္။
“မင္း ရွိေနရင္ အဲ့ဒါေတြမလိုဘူး။”
Arthit မ်က္ႏွာေလးျပံဳးေနခဲ့သည္။သူ႕ဆံစေတြကို ေမႊးႀကဴေနသည့္ Kongpob ကုိလည္းခံစားမိသည္။ Kongpob ဖက္ထားတာကိုလည္းႏွစ္ျခိဳက္ေနမိသည္။အားလံုးက ေပ်ာ္ရႊင္စရာအတိေတြပဲျဖစ္၏။
Kongက သူ႕ကို ကိုကိုလုိ႕ျပန္ေခၚခဲ့ျပီပဲ.
*********************
#With Heart
Just A Dreamer
unicode
အပိုင်း-(၁၉)
မျက်လုံးဖြတ်ခနဲပွင့်လာမိသည်နှင့် ချက်ချင်းသတိရလိုက်သည်က Kong. ဘေးကိုလက်စမ်းကြည့်တော့ မည်သူမှမရှိ။Arthit ချက်ချင်းအိပ်နေရာက ထကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်။အဆောင်ဆောင်အခန်းခန်းနှင့် အိမ်က Arthit တို့စံအိမ်တော်နီးပါး ခမ်းနားနေသည်။ တန်ဖိုးကြီးပန်းချီကားတွေ ရုပ်တုတွေကိုလည်း ကြည့်မနေအား.။အောက်ထပ်ကိုသာ တစ်ရှိန်ထိုးဆင်းလာခဲ့လိုက်သည်။
“Kong-”
လှေကားအောက်ခြေနားက သူ့ကိုတွေ့မှစိတ်အေးရ ရင်း အမြန်ဆင်းလိုက်တော့ လှေကားထစ်ကျော်ကာ ပြုတ်ကျမလိုတောင်ဖြစ်၏။ ဒါပေမယ်လည်း Kong က ဆီးကာဖမ်းထားပေးပါသည်။
“ကျွန်တော် စိတ်မပူချင်ဘူး။ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်နေတာလဲ”
မျက်မှောင်တွန့်ကာ ပြောနေသော Kongpob ကိုသူပြုံးပြလိုက်ရင်း လက်နှစ်ဖက်က Kongpob လည်ပင်းကိုသွယ်ယှက်ကာ နှုတ်ခမ်းလေးတွန့်လျက်ပြုံးသည်။မနက်ခင်းချိန်ခါပေမယ့် Arthit ၏ရီဝေသောအပြုံးက Kongpob ကိုမသောက်ဘဲ မူးစေပါသည်။မရည်ရွယ်ပါဘဲ လက်ကလည်း Arthit ခါးကိုပြန်လည်သိုင်းဖက်ထားမိသည်။
“ငါ့ကိုမထားခဲ့တော့ဘူးမလား။စိတ်ဆိုးပြေပြီလား”
“ကျွန်တော်က ခင်ဗျားကို စိတ်ဆိုးနေတာမှမဟုတ်တာ”
“ဘယ်သူ့ကိုစိ်တ်ဆိုးဆိုး ငါ့ကိုချစ်ရင် ပြေလိုက်ပါတော့။မင်း မကျေနပ်သမျှ ငါ့အပေါ်ပုံချလိုက်ပါ။ ငါ့ကို မင်းအနားမှာထားပြီး မင်းကို ဘယ်တော့မှမခွဲနိုင်အောင် ချည်နှောင်ထားပေါ့.။ဘယ်သူမှားမှား ငါကပဲ မင်းကို ဖြည့်ဆည်းပေးပါ့မယ်”
“ခင်ဗျား က အရူးလေးပဲ .”
Kongpob မျက်နှာ အနည်းငယ်ပျော့ပြောင်းနေတာတွေ့တော့ Arthit အားတက်သွားသည်။Kongpob ကိုပိုတိုးလို့ ဖက် လိုက်ရင်း ကိုယ်ချင်းထပ်မံနီးကပ်စေလိုက်သည်မှာ လေတောင်တိုးလို့မဝင်နိုင်လောက်အောင်။ သူတို့ နှစ်ယောက်က အခု လှေကားအောက်ခြေရင်းနားတွင်ဖြစ်၏။
“ကိုကိုလို့မခေါ်တော့ဘူးလား.”
“မခေါ်ချင်ဘူး။”
ပြုံးယဲ့ယဲ့ဖြင့် Kongpob မျက်နှာက Arthit ထံတိုးကပ်လာတော့ မျက်လုံးလေးတွေမှိတ်လိုက်သည်။ အနမ်းဖွဖွလေးက ဖြစ်တည်၏။ Arthit မျက်ရည်ကျမိတော့မတတ်ကြည်နူးပါသည်။ဟုတ်ပါတယ်။သူထင်တာမမှားပါဘူး။ Kongpob က သူ့ကိုချစ်ပါတယ်။
“အဟွန်း--ဟို မနက်စာ စားရအောင်လို့”
ချောင်းဟန့်သံကြောင့် နှစ်ယောက်သားအလျင်စလို လူချင်းခွါလို်က်ရ၏။ Nanyi က ပြုံးစစလေးဖြင့် မောင်ဖြစ်သူကိုကြည့်တော့ Kongpob မျက်နှာကြီးနီရဲကာ ရှေ့ကနေအရင်ထွက်သွား၏။တိုးတိုးလေးရယ်လျက်နောက်ကလိုက်ရန်ပြင်နေသည့် Nanyi ကို Arthit လှမ်းတားလိုက်မိသည်။
“ကိုကြီး ကို တကယ်မေ့ပစ်လိုက်နိုင်ပြီလား မမ.”
ဖြတ်ခနဲစောင်းငဲ့ကြည့်လာသော မျက်ဝန်းတို့သည် ငွေ့ရည်ရစ်သိုင်း၏။ သူမ အားလုံးကိုမှတ်မိနေသည်ဆိုတာ ပိုလို့တောင်သေချာပါသည်။ မနေ့က Chakrii ၏ အသက်မ့ဲသလို လှုပ်၇ှားနေမှုအားလုံး ၏အရင်းခံသည် Nanyi ဖြစ်မည်မှန်း သူ ရိပ်မိနေသည်။
“မမ အသက်ရှင်နေသေးတာ သူ မသိခဲ့ဘူး။ မမကိုဒီလိုဖြစ်စေခဲ့တဲ့အတွက် သူ့ကိုငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ မယ်မယ့်ကိုတောင် လျစ်လျူရှုခဲ့တဲ့သူပါ။ သားကောင်းတစ်ယောက်မဖြစ်ခဲ့ဘူးလို့ ရေရွတ်တတ်တဲ့ကိုကြီးက သူ သေပြီလို့ထင်တဲ့ မမအတွက်တော့ ချစ်သူကောင်း ပီသချင်ခဲ့တယ်။သူက အားလုံးထက်ပိုပြီး မမကို အသက်ရှင်စေချင်တဲ့သူပါ။ သွေးသံရဲရဲနှင့် မမကိုမြင်ရုံတင်မြင်ပြီး မပွေ့ပိုက်နိုင်ခဲ့တဲ့ ကိုကြီးဘက်ကို နည်းနည်းလောက် တွေးကြည့်ပေးဖူးလား။ မမက အရှက်သိက္ခာနာကျင်မှုကို ပိုပြီးခံစားခဲ့ရတာဆိုရင် နှလုံးသားတစ်ခုလုံး သေဆုံးခဲ့ရတာ ကိုကြီးပါ။ အဖြစ်အပျက်တစ်ခုလုံးမှာ ကိုကြီးက အပြစ်လုံးဝမရှိဘူးဆိုတာ မမသိမယ်ထင်ပါတယ်။ ”
Nanyi က Arthit ကိုမျက်နှာချင်းမဆိုင်ပေမယ့် မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာသည်။ Arthit ပင့်သက်တစ်ချက်ရှိုက်ရင်း Nanyi ၏ လက်တစ်ဖက်ကိုဆွဲယူဆုပ်ကိုင်လိုက်သည်။
“မမကို နာကျင်စေဖို့တော့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ညီအကိုနှစ်ယောက်လုံးမှာတူညီတဲ့ အကျင့်တစ်ချက်ရှိတယ်။ချစ်ရသူက ကိုယ့်ကို မလိုတော့ဘူးဆိုတာ သေချာသွားခဲ့ပြီဆိုရင် သူ စိတ်ရှုပ်အောင်လို့ ဘယ်တော့မှ တွယ်မကပ်တော့ဘူး။အားလုံးကိုလွှတ်ချပစ်လိုက်တာ.။ခု ကိုကြီး အဲ့လိုပဲ မမ။ တစ်ချိန်မှာ မမကို သူ မေ့ကောင်းမေ့နိုင်ပြီးချစ်တဲ့သူအသစ်တွေ့ရင်တွေ့နိုင်ပေမယ့် အဲ့ချိန်ထိတော့ သူ တစ်ချိန်လုံးခံစားချက်မရှိတဲ့လူလို လှုပ်ရှားနေထိုင်သွားလိမ့်မယ်။ဒါမှမဟုတ် ဘယ်သူ့ကိုမှထပ်မချစ်တော့ဘဲ စိတ်ကိုပိ်တ်ထားပစ်လိုက်လိမ့်မယ်။မမ သူ့ကို အဲ့လိုဖြစ်စေချင်လား.”
“ဟင့်အင်း ဟင့်အင်း--တောင်းပန်ပါတယ်။ မမ တောင်းပန်ပါတယ်။ သူ ခု ဘယ်မှာရှိနေနိုင်မလဲဟင်”
“ခဏနေရုံးကိုရောက်တော့မှာသေချာပါတယ်။မမ အဲ့ကိုသွားရင် သူသေချာပေါက် ပျော်သွားမှာ”
Nanyi က ခေါင်းတဆတ်ဆတ်ညိတ်လျက် ခပ်မြန်မြန်ပြေးထွက်သွားသည်။ Arthit ဝဲတက်လာသည့်မျက်ရည်စ တွေကို မျက်တောင်ခတ်လျက်သိမ်းဆည်းလို်က်ကာ Kongpob ဝင်သွားသည့် ထမင်းစားခန်းထဲလိုက်ဝင်လာလိုက်သည်။
“ဘာလို့ကြာနေတာလဲ.။မမ ရော”
“ဟို--ဖုန်း--ဖုန်းလာလို့ အပြင်ထွက်သွားတယ်.။စားနှင့်ကြတဲ့”
Kongpob က တစ်ချက်တော့ တွေဝေသွားပေမယ့် ဘာမှမပြော.။ထိုင်နေရာမှထကာ Arthit ထို်င်ဖို့ခုံဆွဲပေးသည်။ ကရားထဲက အသင့်ဖျော်ထားပြီးသားကော်ဖီနွေးနွေးလေးကို ဖန်ခွက်ထဲ ထည့်ပေးသည်။ဝက်သားလုံးလေးတွေနှင့်စားချင်စဖွယ်ခေါက်ဆွဲ ပန်းကန်လေးက လည်းတူတပ်ပြီးသားနှင့် Arthit ရှေ့ကိုအသင့်။
“ဒါ ကိုကို့အတွက်လား.”
ခုထိမထိုင်ရသေးသည့် Kongpob က အံ့အားတသင့်မျက်လုံးပင့်လျက်ကြည့်မိသည်။ Arthit က တော့ တူကိုင်လျက် ခေါက်ဆွဲပန်းကန်ကိုစိ်တ်ဝင်စားနေပြီဖြစ်သည်။ Kongpob လှစ်ခနဲပြုံးမိရာကနေ ထိုအပြုံးတွေကို မသိမ်းဆည်းနီုင်တော့.။
ကိုကိုတဲ့လား.။ တစ်ချိန်လုံး ငါ ဟုသုံးနှုန်းကာရင့်ကျက်ခြင်းကို ဆောင်နေခဲ့သည့် သူ့ထံမှ နူးည့ံညင်သာသည့်စကားတစ်စုံ တစ်ရာကိုကြားရသည့်အခါ တကယ်ပဲ ရင်ကိုထိ၏။
“တရုတ်မှာတုန်းက လုပ်စားနေကျ.။ကျွန်တော်ကိုယ်တိုင်လုပ်ထားတာ။”
“အင်း စားလို့အရမ်းကောင်းတယ် ကြိုက်တယ်.”
“ဖြည်းဖြည်းစား.”
တစ်သျှူးဘူးလေးကိုပါ Arthit ဘေးနားအသာချပေးလိုက်ရင်းသူပါ ဘေးကနေဝင်ထိုင်လိုက်သည်။ Arthit မျက်နှာနုနုက ကြည်စင်နေသည်။ဖြူဖြူဥဥမျက်နှာကိုကြည့်ကာ Kongpob သဘောတွေ့နေရ ရင်းက-
“မနေ့က သောက်ထားတာ ခေါင်းတွေမကိုက်ဘူးလား”
“နည်းနည်းတော့ကိုက်တယ်။ဒါပေမယ့် နိုးနိုးချင်းမင်းကို မတွေ့တော့ ခေါင်းကိုက်ရတာကပိုရော-”
“စိတ်မနာဘူးလား. ကျွန်တော် လက်ထပ်ပွဲဖျက်ပြီး အရှက်ခွဲခဲ့တာကို.”
နှုတ်ခမ်းနားရောက်ကာနီး တူလေးက ခဏမျှရပ်တန့်သွားသည်။ ပြီးတော့မှ အရင်စားလိုက်ပြီး ဘာမှမဖြစ်သလို ပြုံးပြ သည်။ တကယ်တော့ အဲ့ဒီအကြောင်းတွေက Arthit ဘယ်တော့မှပြန်မတွေးချင်သည့် အကြောင်းတရားတွေ.။ လူပုံအလယ်အရှက်ကွဲ ရသည်ဆိုတာထက် Kongpob ၏အေးစက်စက်အပြုအမူတွေ စကားတွေက သူ့ကို နာကျင်စေခဲ့တာချည်းဖြစ်သည်။
“ဆောရီး မဖြေနဲ့တော့နော် ”
ကြည့်လာသည့်မျက်ဝန်းတွေထဲ နာကျင်ရိပ်ကိုဖမ်းမိတာမို့ kongpob အလျင်အမြန်ပြန်တားလိုက်၏။
“ငါ မင်းကို စိတ်နာလို့မရဘူး Kong. မင်း ဘယ်လိုလုပ်မှ ငါစိတ်နာမလဲ မသိပေမယ့် မင်းကို စိတ်နာဖို့အကြောင်းရင်း ငါ့မှာဘယ်တော့မှ ရှိလာမှမဟုတ်ဘူး။ ငါက ချစ်ဖို့ခဲယဉ်းတဲ့လူမျိူး.ချစ်ပြီးသွားရင် အဲ့လူကိုပဲ အဆုံးထိကြည့်မယ်။ငါ မင်းကိုပဲကြည့်မယ် Kong.”
Kongpob သက်ပြင်းရှည်ကြီးချလျက် ထို်င်နေရာကထကာ Arthit ကို နောက်နားကနေ သိုင်းပွေ့ထားလိုက်သည်။
“တောင်းပန်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ် ကိုကို.”
Arthit က သူဖက်ထားသည့်လက်ဖျံကို ပြန်လည်ဆုပ်ကိုင်ထားရင်း ခေါင်းခါသည်။
“မင်း ရှိနေရင် အဲ့ဒါတွေမလိုဘူး။”
Arthit မျက်နှာလေးပြုံးနေခဲ့သည်။သူ့ဆံစတွေကို မွှေးကြူနေသည့် Kongpob ကိုလည်းခံစားမိသည်။ Kongpob ဖက်ထားတာကိုလည်းနှစ်ခြိုက်နေမိသည်။အားလုံးက ပျော်ရွှင်စရာအတိတွေပဲဖြစ်၏။
Kongက သူ့ကို ကိုကိုလို့ပြန်ခေါ်ခဲ့ပြီပဲ.
*********************
#With Heart
Just A Dreamer