му ℓιттℓє ωσℓƒ (Completed)
By Aries_M
114K 10.9K 564
KIMTAEHYUNG X JEONJUNGKOOK • completed More
1
2
3
4
5
6
7
8
9
10
11
13
14 [ FINAL]
12
6.5K 639 29
By Aries_M
• UNICODE •
"Tae ရော့ စား .."
မနက်ထမင်းစားဝိုင်းတွင် JungKook ရဲ့ အကဲပိုလွန်းနေသော အမူအရာကြောင့် TaeHyung မျက်မှောင်ကြုံ့ကြည့်လိုက်သည်။ သူ့ပန်းကန်ထဲတွင်လည်း ဟင်းတွေဖြင့်ပြည့်လျှံနေပြီဖြစ်သည်။
" JungKook မင်း ဘာဖြစ်နေတာလဲ ကိုယ့်ဘာသာ စားစမ်းပါ "
" အေးလေကွာ TaeHyung မှာလည်းလက်ပါ ပါတယ်"
"Hyung ကလည်း Tae နဲ့ ကျွန်တော် အခုမှ အဆင်ပြေခါစရှိတာကို "
" မင်း ကိုက ပိုလွန်းနေတာ အမြင်ကပ်အောင်လာမလုပ်နဲ့ "
Yoongi Hyung ကပါပြောတော့ သူ့ဆံပင်တွေကိုထိုးဖွလိုက်ရင်း TaeHyung ဆီကိုသာ အကြည့်တွေဆက်ပို့ထားလိုက်သည်။
" Jeon JungKook  စားလေ ငါ့ကိုထိုင်ကြည့်မနေနဲ့ အမြင်ကပ်လာပြီနော် "
TaeHyung ပြောတော့ JungKook က စပ်ဖြီးဖြီးလုပ်ရင်း ထမင်းငုံ့စားတော့သည်။
TaeHyung ရေချိုးပြီးတော့ အခန်းထဲတွင်ပဲစာဖတ်ရင်းအချိန်ဖြုန်းနေမိသည်။ မနက်စာစားပြီးသွားကြတော့ Hoseok Hyung နဲ့ Yoongi Hyung တို့သားအဖ  အတူတူမြို့ထဲထွက်သွားကြသည်။ JungKook ကတော့ အခုရက်ပိုင်း သူ့အခန်းထဲတွင်သာ အချိန်ဖြုန်းနေတတ်၍ သူအခုလို အေးဆေးစာဖတ်နေရခြင်းဖြစ်သည်။ မဟုတ်လျှင် သူ့ကို ' ချစ်တယ်' ဆိုတဲ့ စကားခြင်းသာ လာပြောလွန်းလို့ သူ့မှာမျက်နှာပူရသည်။ သူတွေးနေရင်း JungKook ရဲ့ခြေသံတွေကိုသူကြားနေရသည်။ အိကျသွားတဲ့ မွေ့ရာနဲ့အတူ JungKook ကသူ့ဘေးတွင်ရောက်နေပြီဖြစ်သည်။
" ဘာလာလုပ်ပြန်တာလဲ "
သူ့အကြည့်တွေကို စာအုပ်က မခွာဘဲမေးတော့ ပြန်မဖြေ ။ သူ့လက်ထဲက စာအုပ်ကို ဆွဲယူလိုက်ပြီး စားပွဲပေါ် ပစ်တင်လိုက်သည်။ သူ့လက်တွေကို ဆွဲယူရင်း JungKook က နှုတ်ခမ်းနဲ့ခပ်ဖွဖွထိတွေ့နေသည်။ 
" JungKook မင်း တော်တော်ရဲတင်းနေပါလား "
သူ့လက်တွေကိုရုန်းလိုက်တော့ ပိုပြီးတော့ သူ့အနားတို့လာပြီး လက်ချောင်းရှည်တွေပေါ် သူ့နှုတ်ခမ်းနဲ့ထိထားပြန်သည်။ JungKook ရဲ့အပြုအမူကြောင့် သူ့ရင်တွေအဆက်မပြတ်ခုန်နေတာ သတိထားမိတယ် ။ ထပ်ပြီး မရုန်းမိတော့ပဲ သူ့လက်နောက်တဖက်နဲ့ JungKook ဆံပင်တွေကိုထိုးဖွလိုက်တယ်။ အံ့သြတဲ့ မျက်လုံးတွေနဲ့ JungKook က မော့ကြည့်ချိန်မှာတော့ သူ့အပြုံးတွေက JungKook ကြောင့်ဖြစ်တည်ကုန်သည်။
( တကယ်ဆို ငါလည်း မင်းကို သဘောကျနေပြီထင်တယ်  JungKook )
" ကျွန်တော့်ကို ချစ်တယ် လို့ပြောပါလား "
" ငါ .. ငါ လည်း မင်းကို ချစ်နေပြီ ထင်တာပဲ "
" ဟာ ဘယ်လိုကြီးလည်း Tae ကလဲ ချစ်တယ်ဆိုချစ်တယ်ပေါ့ကွာ ဘာလို့ ထင်တာတွေ ဘာတွေ ပြောနေတာလဲ "
" မင်း ဘာဖြစ်နေလဲ "
TaeHyung ရဲ့မျက်နှာရဲရဲ ကြောင့် JungKook ကျေကျေနပ်နပ်ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းနဲ့ TaeHyung နဖူးကိုထပ်မံဖိကပ်လိုက်သည်။ 
" ဒါဆို ကျွန်တော်တို့ကချစ်သူတွေဖြစ်သွားပြီပေါ့နော် "
TaeHyung ကပြန်မဖြေပဲ ပြုံးနေသည်။ TaeHyung ရှက်နေမှန်းသိလို့  JungKook ထပ်မပြောတော့ပဲ TaeHyung ကိုယ်လုံးလေးကိုသူ့ရင်ခွင်ကျယ်ထဲမြှုပ်နေအောင်ဖက်ထားလိုက်တော့သည်။ သူအခုချိန်အရမ်းကိုပျော်နေမိသည်။ သို့ပေမယ့် ဘာကြောင့်မှန်းမသိ သူ့ရင်ထဲတစ်ခုခုကိုစိုးရိမ်နေမိသည်။
ပုစွန်ဆီရောင်ညနေခင်းသည် အမှောင်ထဲတဖြေးဖြေးတိုးဝင်ပျောက်ကွယ်သွားကာ လရောင် ကြယ်ရောင်တို့ဖြင့် ညသို့တဖန်ပြန်ရောက်သည်။ ထိုနေ့ ညစာကတော့ သူနဲ့ TaeHyung နှစ်ယောက်တည်းစားဖြစ်ကြပြီး Hoseok Hyung တို့ကပြန်မလာသေးပေ ။ သူတို့နှစ်ယောက်လုံး ဝရံတာတွင်ရပ်လျက် ညအလှကိုခံစားနေမိသည်။
" Tae  ကျွန်တော်ခေါင်းဆောင်ဖြစ်ပြီးသွားရင် လက်ထပ်ကြရအောင်နော် "
မျက်နှာချင်းဆိုင်လျက် သူ့လက်တွေကို TaeHyung ပခုံးပေါ်ဖိကိုင်ရင်းပြောလိုက်သည်။ TaeHyung ကပြန်မဖြေပဲ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
"  Tae .. ကျွန်တော်ပြောတာလက်ခံတယ်မလား "
"  ဒီအတိုင်းလည်း ငါတို့အဆင်ပြေနေတာပဲလေ "
" ကျွန်တော်က Tae ကိုအပိုင်လိုချင်တာ ပိုင်ဆိုင်ချင်တာ "
JungKook က TaeHyung ရဲ့နားကိုခပ်ဖွဖွကိုက်ရင်းပြောလိုက်တော့ TaeHyung ကိုယ်လေးတုန်တက်သွားသည်။
" မင်း..မင်း ဘာလုပ်ပြန်တာလဲ "
လရောင်ဖျော့ဖျော့အောက်မှာ TaeHyung မျက်နှာလေးရဲနေတာကို သူအသည်းယားစွာတွေ့ရသည်။ အနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်သွားတဲ့ TaeHyung ကြောင့် သူ့လက်တွေနဲ့ TaeHyung ခါးကိုလှမ်းဆွဲလိုက်သည်။ နှာခေါင်းခြင်းထိလုမတတ်အနေထားမှာ TaeHyung ရဲ့မျက်လုံးလှလှလေးတွေကိုသူစိုက်ကြည့်လိုက်တယ် ။ သူ့မျက်လုံးတွေကိုလှုပ်ရှားလျက် TaeHyung ရဲ့မျက်နှာပေါ်ကအစိတ်အပိုင်းတစ်ခုချင်းစီကို သူ့မျက်လုံးတွေအခြေချတယ် ..
" မင်း အရမ်းလှတယ် "
JungKook ရဲ့ခပ်တိုးတိုးပြောသံကြောင့် TaeHyung မျက်နှာတွေပူလာသည်။ နားရွက်ဖျားတွေရဲတက်လာကာ JungKook ရဲ့မျက်လုံးတွေကြားက သူရှောင်ဖယ်ရန်ကြိုးစားမိသည်။
" မင်း  အိပ်တော့လေ မိုးချုပ်နေပြီ "
TaeHyung ရဲ့လက်ချောင်းတွေက သူ့ရင်ဘက်ကိုတွန်းထုတ်ရင်းဆိုသည်။
" အိပ်မှာပါ  အခုစောသေးတယ် ကျွန်တော်တို့တစ်ခုခုလုပ်ရအောင် "
" ဘာ !!! မင်း ဒါဘာစကားပြောတာလဲ "
" ဟော .. ဘာဖြစ်လို့ ထအော်ရတာလဲ Tae ရယ် ကျွန်တော်ပြောတဲ့စကားမှာ ဘာအော်စရာပါလို့လဲ "
" မင်း .."
"ကျွန်တော်ပြောတဲ့ တစ်ခုခုက ဒါလေ .."
သူ့လက်ချောင်းတွေနဲ့ TaeHyung မျက်နှာကိုဆွဲမော့ရင်းနှုတ်ခမ်းခြင်းထိကပ်လိုက်သည်။ ဝိုင်းစက်သွားတဲ့ TaeHyung ရဲ့ မျက်လုံးတွေအပေါ်  သူ့လက်တွေနဲ့အုပ်ချလိုက်ရင်း မှိတ်စေသည်။ သု့မျက်လုံးတွေကိုလည်း မှိတ်ထားလိုက်ရင်းလက်တွေနဲ့ TaeHyung ခါးကိုဆွဲဖက်ရင်း သူနဲ့နီးသထက်နီးစေသည်။
ပိုမိုထိကပ်လာတဲ့ နှုတ်ခမ်းလွှာလေးကိုသူ့နှုတ်ခမ်းတွေနဲ့ဖိကပ်နမ်းရှုတ်ရင်း လျှာဖျားဖြင့်ပါခံတွင်းသို့တိုးဝင်လိုက်သည်။ TaeHyung ရဲ့လက်တွေကသူ့ဆံပင်ထဲတိုးဝင်ကာ သူ့အနမ်းကိုပြန်လည်တုန့်ပြန်သည်။ သူ့အနမ်းတွေကတဖြေးဖြေးကြမ်းလာပြီး TaeHyung ရဲ့နှုတ်ခမ်းတွေကိုပါ သွေးထွက်သည်အထိဖိကိုက်မိတယ်။ နှုတ်ခမ်းတွေလည်းထူပူနေလောက်ပြီဖြစ်တဲ့ TaeHyung ကသူ့ရဲ့မရောင့်ရဲနိုင်မှု့တွေကြောင့် ခြေထောက်တွေခွေကျချင်သလိုဖြစ်လာသည်။  နမ်းနေရင်း သူ့ရင်ဘက်ကိုတွန်းထုတ်လာတဲ့  TaeHyung ရဲ့လက်တွေကိုသူဂရုမစိုက်ဘဲ ကိုယ်လုံးလေးကိုပင့်ချီလိုက်တော့ TaeHyung ခြေထောက်တွေက အလန့်တကြားနဲ့သူ့ခါးတွင်လျော့တိလျော့ရဲတွဲခိုသည်။ သူ့ရဲ့သန်မာတဲ့ လက်တစ်ဖက်နဲ့ TaeHyung ကိုယ်ကိုထပ်မံမချီလိုက်ရင်း အခန်းထဲဝင်လာခဲ့သည်။
သူကုတင်ပေါ်တွင်ထိုင်ချလိုက်တော့ TaeHyung ကသူ့အပေါ်တွင်ထိုင်လျက်ပင် ။ ပြတ်လုစဲစဲအနမ်းတွေကို သူလက်လွှတ်မခံပဲ TaeHyung တစ်ကိုယ်လုံးကိုတင်းနေအောင်ပွေ့ဖက်လျက် နှုတ်ခမ်းတွေကိုပိုမိုစုပ်ရှုမိပြန်တယ် ။ အနည်းငယ်ရုန်းနေပြီဖြစ်တဲ့ TaeHyung ကြောင့် သူ့နှုတ်ခမ်းတွေကို တဖြေးဖြေးလည်တိုင်ဆီသို့ပွတ်ဆွဲလိုက်သည်။ TaeHyung ပခုံးလေးအနည်းငယ်တွန့်သွားတာ သူသတိထားမိတော့နမ်းနေရင်းပြုံးမိပြန်တယ် ။
" အ! ..J..Jung Kook  တော်တော့လေ "
TaeHyung ကပြောရင်းသူ့အပေါ်ကဆင်းမည်လုပ်တော့ သူ့လက်တွေနဲ့ပိုတိုးဖက်ထားလိုက်သည်။ TaeHyung ကရုန်းလျက်
" JungKook မင်းပြောတော့နမ်းပဲနမ်းမှာဆို ..အ !"
TaeHyung ရဲ့ ကိုယ်လုံးကိုကုတင်ပေါ်လှဲစေပြီး အပေါ်ကနေအုပ်မိုးလိုက်သည်။
" မပြောမိပါဘူး နမ်းပဲနမ်းမယ်လို့ ..တစ်ခုခုလုပ်ရအောင်လို့ပဲ ပြောတာ"
JungKook က TaeHyung အနားတိုးကပ်ရင်းပြောလိုက်တော့
" မင်း လူကြီးအပေါ်မယုတ်မာနဲ့နော် .."
" ကျွန်တော်အရွယ်ရောက်နေပြီလေ ယုတ်မာလို့ရတယ်မဟုတ်လား "
" မင်း ဘာတွေပြောနေတာလဲ ဖယ် !"
သူ့အပေါ်က JungKook ကိုယ်လုံးကြီးကိုတွန်းဖယ်လိုက်ရင်း ထထိုင်လိုက်သည်။ ဖရိုဖရဲဖြစ်နေတဲ့သူ့ဆံပင်တွေကို  သပ်တင်လိုက်ရင်း
" မင်းသွားလိုက်တော့ "
" ဟာ Tae ကလည်း အစောကြီးရှိသေးတယ်လေကွာ "
JungKook လက်တွေက TaeHyung ခါးပေါ်တဖန်ပြန်ရောက်လာသည်။ JungKook မျက်နှာကို TaeHyung ပခုံးပေါ်တင်မှောက်ရင်းပြောလိုက်သည်။
" မစောတော့ဘူး မိုးချုပ်နေပြီ မင်းကိုယ့်အခန်းကိုယ်ပြန်စမ်းပါကွာ မင်းနဲ့နေရတာငါ့ကိုယ်ငါစိတ်မချဘူး "
" ကျွန်တော် ဘာလုပ်လို့လဲ ဟင် "
" ဘာလုပ်လို့လဲ ဟုတ်လား ငါပြောလိုက်ရင်မကောင်းဘူး "
" အင်း ပြောကြည့်လေ "
JungKook ကရွှတ်နောက်နောက်ပြောရင်း TaeHyung ပါးကိုနမ်းလိုက်သည်။
" မင်းနောက်မနေနဲ့  သွားတော့ ငါအိပ်တော့မယ် Hoseok Hyung တို့ပြန်လာရင် ငါတို့ကိုတွေ့သွားရင်မကောင်းဘူး ဟိုတစ်ခါမြင်ပြီးကတည်းက.. ကဲ ပြန်တော့ကွာ ငါရှက်တယ် "
" မပြန်ဘူးဗျာ ကျွန်တော်မေးတာဖြေဦးလေ "
" ဘာလဲ "
" ကျွန်တော်တို့ လက်ထပ်ကြမယ်မလားဟင် "
" ငါ ..ငါမစဥ်းစားရသေးဘူး "
" ဘာစဥ်းစားစရာလိုလို့လဲ ကျွန်တော် Tae ကိုအပိုင်လိုချင်နေပြီ "
" မင်းကတော့လေ "
" ကျွန်တော် ဒီနေ့ ဒီမှာအိပ်မယ်နော် "
JungKook ကပြောရင်း  TaeHyung အိပ်ယာပေါ်လှဲချလိုက်သည်။ သူ့လက်မောင်းကိုဆန့်ထားလိုက်ပြီး
" လာ Tae ကိုယ်တို့ဖက်အိပ်ရအောင် "
TaeHyung ဆက်မပြောချင်တော့၍ JungKook ဘေးတွင်ဝင်လှဲလိုက်သည်။
"  မင်း ငါ့အခန်းမှာနေ့တိုင်းလိုလို လာအိပ်နေတာပါ .." ဒီနေ့  " တွေ ဘာတွေလုပ်နေသေးတယ် လူလည်ကောင် "
" အဟား ..ဟား.. မလည်ပါဘူးဗျာ "
" အပိုတွေ "
" Tae တစ်ယောက်တည်းအတွက်ပဲ "
TaeHyung ပြုံးနေလိုက်တော့သည်။ JungKook ရဲ့ရင်ခွင်က တကယ်ကိုနွေးထွေးနေတာ သူကောင်းကောင်းကြီးသတိထားမိတယ် ။ 
" ငါမင်းကို ချစ်တယ် JungKook "
" ကိုယ်လည်း ချစ်တယ် Tae "
သူတို့မျက်လုံးတွေကိုမျက်လုံးတွေကိုမှိတ်ထားလိုက်ရင်း တစ်ယောက်နဲ့တစ်ယောက်ပိုတိုးဖက်ထားလိုက်သည်။ ထိုညက သူတို့နှစ်ယောက်လုံးအတွက် အလှပဆုံးဖြစ်ခဲ့ပါသည်။
• My Little Wolf •
" အဟင်း .."
JungKook သူ့လက်ဖဝါးတွေထဲကနေ အပြင်ကိုဖြာထွက်နေတဲ့ အပြာရောင်အလင်းတန်းကြောင့်ကျေနပ်စွာပြုံးလိုက်သည်။ ထိုစွမ်းအားမျိုးက သူတို့မျိုးနွယ်စုတွင်ရရန်ခက်ခဲသည်။ အရင် ဝံပုလွေမျိုးနွယ်စုခေါင်းဆောင်တွေရေးထားချက်တွေထဲမှာ ဒီလို အပြာရောင်မျိုးကတော်တော်ပြင်းထန်တယ်လို့သိရတယ် ။ သူလည်းခေါင်းဆောင်တစ်ယောက်ဖြစ်တော့မည်ဖြစ်၍ သူ့အရည်အသွေးကို သူကိုယ်တိုင်စမ်းသပ်လေ့ရှိသည်။ သူလေ့လာထားသလောက်ဆိုရင် သူ့ရဲ့ခွန်အား စွမ်းအားလောက်ဆို ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်တာထက် ကျော်လွန်နေလောက်ပြီ ။ ဒါပေမယ့် သူစိုးရိမ်တာက Dark ရဲ့စွမ်းအားကိုမကျော်လွန်နိုင်မှာကိုပင် ။ ကျန်တာတွေထက်သူအစိုးရိမ်ဆုံးကတော့ TaeHyung ..
KNOCK !! KNOCK !!
တံခါးခေါက်သံကြောင့် JungKook အတွေးတွေရပ်တန့်လိုက်ပြီး ဝင်လာရန်ပြောလိုက်သည်။
" Tae .."
သူအံ့သြစွာ TaeHyung ကိုကြည့်မိသည်။ အမြဲတမ်းသူကသာ TaeHyung အခန်းကိုဝင်ထွက်သွားလာနေတာ TaeHyung ကတော့သူ့အခန်းထဲလာတတ်တဲ့သူမဟုတ် ။ အခု TaeHyung ကသူ့အခန်းထဲဝင်လာတော့ သူအံ့သြရုံတင်မက ရင်တွေပါခုန်လာတယ် ။
" မင်း မျက်နှာကဘာဖြစ်နေတာလဲ "
" ထူးထူးဆန်းဆန်း Tae ကျွန်တော့်အခန်းထဲလာတယ် "
" အင်း  မင်းထမင်းစားပြီးကတည်းက ထွက်မလာလို့ ဘာတွေလုပ်နေတာလဲ "
" ဘာမှမလုပ်ပါဘူး  အခုလုပ်ရင်ကောင်းမလားလို့ "
JungKook ရဲ့နှုတ်ခမ်းစွန်းတွေကော့တတ်သွားပြီး သူ့ကိုစိုက်ကြည့်တာကြောင့် TaeHyung နောင်တရချင်သွားသည်။
" ဘာမှမလုပ်ဘူးဆိုလည်းပြီးတာပဲ ငါသွားပြီ "
လှည့်ထွက်သွားတဲ့ TaeHyung ရဲ့ကျောပြင်ကိုကြည့်ပြီး JungKook ညစ်ကျယ်ကျယ်ထပ်ပြုံးမိသည်။ TaeHyung တံခါးနားမရောက်ခင် သူ့ရဲ့ကိုယ်လုံးနဲ့အခန်းတံခါးရှေ့ပိတ်ရပ်လိုက်သည်။
" နေပါဦး ပိုင်ရှင်ခွင့်ပြုမှထွက်သွားခွင့်ရမယ် "
" JungKook မင်း ဘယ်လိုသေချင်လဲ ပြော!"
" Tae သတ်ရင်သေရဲတာပေါ့ "
" လူလည်ကောင် !! ခွေးကောင် "
" ဟာ! ဆဲတယ်ပေါ့ "
" မင်း နောက်မနေနဲ့ ဖယ်စမ်းပါ!! "
TaeHyung တွန်းထုတ်လိုက်ပေမယ့်အရာမဝင် ။ JungKook ရဲ့လက်တွေနဲ့ သူ့တစ်ကိုယ်လုံးကိုမချီလိုက်ရင်း ကုတင်ပေါ်ပစ်တင်လိုက်သည်။ TaeHyung မှာ ကုတင်ပေါ်ပက်လက်အနေထားနဲ့ ပြုတ်ကျသွားသည်။ ပြန်ထပေမယ့် သူ့အပေါ်တက်ဖိကာ အုပ်မိုးထားတဲ့ JungKook ရဲ့ကိုယ်လုံးကြီးကြောင့် အင်အားမမျှခဲ့ ..
" မင်း ဘာလုပ်မလို့လဲ "
" မနေ့ညကထက် ပိုတာလေး "
" မင်းတော်တော်အရှက်မရှိတာပဲ "
" အင်း မရှိဘူး အဲ့ဒါကြောင့် ..."
JungKook က သူ့နားကိုလျှာနဲ့ရပ်လိုက်ရင်းတိုးတိုးဆိုသည်။
" ပိုင်ဆိုင်ခွင့်ပေးမလား "
TaeHyung မျက်နှာတွေ ရဲတက်လာပြီး JungKook ရဲ့အကြည့်စူးစူးတွေအောက်မှာ ရုန်းထွက်ရန်ခက်ခဲလွန်းလှသည်။ JungKook ရဲ့လက်ချောင်းတွေက TaeHyung ရဲ့တင်ပါးကိုဖိချေရင်း သူ့လည်တိုင်ကိုနှုတ်ခမ်းတွေနဲ့ပွတ်ဆွဲသည်။
" အ..JungKook!! ငါ ..ငါ အွတ်!! "
သူ့နှုတ်ခမ်းတွေကိုအတင်းနမ်းရှုတ်လာတဲ့ JungKook ကြောင့် သူ့လက်ချောင်းတွေနဲ့ JungKook ကျောပြင်ကျယ်ကိုဖက်တွယ်လိုက်သည်။
"အု..အင်း..J .Jung Kook  !! "
နှုတ်ခမ်းတွေပေါ်ကအနမ်းတွေက သူ့လည်တိုင်တွေဆီဖိနှိပ်လာပြန်တော့ TaeHyung ထပ်မဲညည်းမိပြန်သည်။
" တော်တော့!!..."
TaeHyung ထပ်အော်လိုက်ပေမယ့်အရာမဝင်  ။ JungKook လက်တွေကလျင်လျင်မြန်မြန်ပင် သူ့ခန္ဓာကိုယ်အနှံ့တွင် လှုပ်ရှားစဲ ။
" ချစ်လိုက်တာကွာ "
" ရူးနေလားကွာ မင်းဘာဖြစ်နေတာလဲ ရပ်တော့လို့ "
သူ့ခန္ဓာကိုယ်ကို ပွတ်သတ်နမ်းရှိုက်နေသည့် JungKook ကြောင့် TaeHyung လည်းစိတ်တွေမခိုင်တော့ ..
( မင်း သေပြီမှတ် )
* ဝုန်း! *
အသံနဲ့အတူ JungKook ကိုယ်လုံးကကုတင်ခြေရင်းသို့ ပြုတ်ကျသွားသည်။
ခရမ်းရောင်အလင်းတန်း တစွန်းတစထွက်လာချိန် JungKook သတိထားမိလိုက်သည်။ သူ ဒီလိုမျိုး TaeHyung ဆီကနေတိုက်ခိုက်ခံရတာ နှစ်ကြိမ်ရှိပြီဖြစ်သည်။ TaeHyung ကတံခါးအပြင်ဘက်ကနေ ခေါင်းပဲဖော်ရင်းဖြင့်
" ငါက အခုလက်ရှိ Alpha မျိုးနွယ်စုရဲ့ခေါင်းဆောင်ဆိုတာမေ့သွားတာလား မင်းအကြံအစည်မအောင်မြင်လို့စိတ်မကောင်းပါဘူးကွာ ..အဟား ...သွားပြီ ခွေးကောင် !!"
TaeHyung ရဲ့ ကလေးဆန်တဲ့အမူအရာကြောင့် JungKook ရယ်မိသည်။ နာသွားတဲ့တင်ပါးကိုလက်နဲ့ဖိကိုင်ရင်း JungKook နှုတ်ခမ်းထက် Evil smile ကထပ်မံပေါ်လာသည်။
" အလျော့ပေးထားတာကို Tae ကပျော်နေတယ်ပေါ့ အဟင်းဟင်း .. နောက်တခေါက်ဆိုမင်းကိုယ့်လက်ကနေဘယ်လိုပြေးမလဲ စောင့်ကြည့်မယ် "
•• My Little Wolf ••
" အဲ့ဒါဆို ခေါင်းဆောင်ဆီမှာအမြုတေနှစ်ခုပေါင်းထားတယ်ဆိုတာ ဘယ်သူမှမသိဘူးပေါ့ "
" အဟင်း .. သူတို့က ငါ့လက်ခုပ်ထဲကရေလောက်ပါပဲ "
"ဒါဆိုကျွန်တော်တို့ လုပ်ငန်းက ဟိုကလေးရဲ့ ခေါင်းဆောင်တင်မြှောက်ပွဲမှာပေါ့ "
"ဟုတ်တယ် မင်းလက်အောက်က ဝံပုလွေတွေကိုသေချာစီမံထား ငါတို့ကိစ္စလွဲချော်လို့မဖြစ်ဘူး "
" ဟုတ်ကဲ့ ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ် "
Dark ရဲ့အကြည့်တွေက သားရဲတစ်ကောင်လိုစူးရှနေခဲ့သည်။ ယုံကြည်မှု့ပြင်းထန်ပြီး သူ့ရဲ့ရည်မှန်းချက်အောင်မြင်တော့မည်ဟု တထစ်ချယုံကြည်နေလေသည်။ ညအမှောင်တွင် Dark ရဲ့မျက်လုံးရဲရဲတွေသည် မကြာမီဖြစ်လာတော့မည့် အခြေအနေတွေကိုပုံဖော်နေတော့သည်။ ။
#####
HELLO😊
Come back with new ep!!
Sorry for Late😁
Thank U💙
• ZAWGYI •
"Tae ရော့ စား .."
" ဘာလာလုပ်ပြန်တာလဲ "
" မင်း ဘာဖြစ်နေလဲ "
" မင်း အရမ်းလှတယ် "
" မင်း .."
" မင်းသွားလိုက်တော့ "
" အင်း ပြောကြည့်လေ "
" ဘာလဲ "
" ငါ ..ငါမစဉ်းစားရသေးဘူး "
" မင်းကတော့လေ "
" အဟား ..ဟား.. မလည်ပါဘူးဗျာ "
" အပိုတွေ "
" ကိုယ်လည်း ချစ်တယ် Tae "
• My Little Wolf •
" အဟင်း .."
KNOCK !! KNOCK !!
" Tae .."
" Tae သတ်ရင်သေရဲတာပေါ့ "
" လူလည်ကောင် !! ခွေးကောင် "
" ဟာ! ဆဲတယ်ပေါ့ "
" မင်း ဘာလုပ်မလို့လဲ "
" မနေ့ညကထက် ပိုတာလေး "
" အ..JungKook!! ငါ ..ငါ အွတ်!! "
"အု..အင်း..J .Jung Kook  !! "
" တော်တော့!!..."
" ချစ်လိုက်တာကွာ "
( မင်း သေပြီမှတ် )
* ဝုန်း! *
•• My Little Wolf ••
#####
HELLO😊
Come back with new ep!!
Sorry for Late😁
Thank U💙
Continue Reading
You'll Also Like
1.5K 126 5
story between ACP and a teacher 💖 When a man who never afraid of his life , who only love for his country meet his moon light ❣️ Then value his lif...
259K 21.2K 33
Kim Taehyung Jeon Jungkook Park Jimin Min Yoongi Kim RM Jung Hoseok Kim Namjoon Kim Seokjin Rewrite Start date...[22-11-2022] Rewrite End date...[15...
12.3M 8.4K 2
"And then he breaks. An outburst of broken sobs, as my mate let out the saddest cries I've ever heard. He shook and trembled, clinging onto me for d...
223K 7.4K 40
Alexi is your average high school junior. He gets good enough grades, he has an amazing best friend, and his family is super caring. But, there is a...